Tuesday, 2 December 2014

CHRISTMAS အဓိပ္ပါယ်နှင့် “မွေးနေရှင်၏ တောင်းဆိုချက်”


၂၀၁၀- ခုနှစ်၊ နှစ်စမှစ၍၊
ယနေ့ဒီဇင် ဘာလ တိုင်းအောင် စောင့်ထိန်းတော်
မူသော ဘုရား သခင် 
၏ နာမတော်သည်၊ ဘုန်းကြီးစေတည်း။(အာမင်)
 ကျွနု်ပ်တို့ ခရစ်ယာန်
အများစုသည်၊ ဒီဇင်ဘာလ ရောက်ပြီဆိုလျှင်
လူတိုင်း၏စိတ် ထဲမွာ ခံစားမှုကိုယ်စီရှိကြသည်။ သို့ဖြစ်၍နှစ်၏ နောက် ဆုံးလဒီဇင်ဘာ (၁) ရက် ရောက်ပြီဆိုလျှင် Sweet ဒီဇင်ဘာ၊ ချို မြိန်သောဒီဇင်ဘာလဟူ၍ ပင်ခေါ်စမှတ်ပြုကြလေပြီ။ မယုံကြည်သူများကလည်း ဒီဇင်ဘာလကို စီးပွားရေးအတွက် အမြတ်ထုတ်ပြီး၊ Christmas (decoration) အလှပြုပြင်ပြီး၊ စတိုးဆိုင်များမှာ၊ ပစ္စည်းအရောင်း
တွင်အောင်ကြော်ငြာ အမျိုးမျိုးပြုလုပ်လျက်ရှိသည်။ Christmas တေးအမျိုးမျိုးလွှင့်ပြီး၊ စီးပွားရှာလျက်ရှိကြသည်။ ကျွန်ုပ်တို့ခရစ်ယာန်တချို ့သည်လည်း ဒီဇင်ဘာ၊ (Christmas) အချိန်မှာ၊ နည်းမျိုးစုံဖြင့် ငွေရရှိရေးကြိုးပမ်းလျက်ရှိကြသည်။
အဘယ်ကြောင့်ဆိုသော်၊ ဒီဇင်ဘာလသည်၊ ခရစ်တော်၏မွေးနေ့လဖြစ်သည်ဟု ယုံကြည်ခံယူထားသောကြောင့်ဖြစ်ပါသည်။ ကမ္ဘာလူသားအားလုံး ဒီဇင်ဘာလသည်၊ ခရစ်တော်မွေးသည့် လဖြစ်သည်ဟုထင်မှတ်ကြသည်။ သို့သော်ကျမ်းစာ၌မရှိပါ၊ ဒီဇင်ဘာလ (၂၅) ရက်သည် ခရစ်တော်မွေးသောနေ့ရက်ဖြစ်သည်ဟုယုံကြည်ဖြင်းကြောင့်သာ၊ ဤလကို Sweet ဒီဇင်ဘာ၊ ချို မြိန်သောလဟုခေါ်ဆိုလျက် အမြတ်တနိူးထားနေ ကြခြင်းဖြစ်ပါသည်။
    နေ့ရက်နှင့် ပတ်သက်၍ တမန်တော်ပေါလုက၊နေ့ရက်တရက်ထက်တရက်သာ၍မြတ်သည် ဟု လူ အချို ့ထင်တတ်၏။ လူအချို ့မထင်။ လူတိုင်းမိမိစိတ်သဘောကျပါစေ။ (ရောမ ၁၄း၅)။ သို့ဖြစ်၍၊ နေ့ရက်ကို စောင့်သောသူသည်၊ သခင်ဘုရားကို ထောက်၍စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍မစောင့်ဘဲနေ၏။ သို့ဖြစ်၍၊ အရေးကြီးသည်မှာ၊ ဘုရားသခင်၏ ဘုန်းတော်အတွက်စောင့်ဘို့သာ အဓိကဖြစ်လေသည်။
          ကျွနု်ပ်တို့ခရစ်ယာန် အမ်ားစုမွာ (Christmas) ရောက်ပြီဆိုလျှင် အသင်းတော် ၌ အလုပ်များရှုပ်ရှက် ခတ်လျက် ရှိသည်ကို တွေ့ရမည်။ ဘုရားကျောင်း (Decoration) အလှဆင်ခြင်းအတွက်၎င်း၊ စားရေးသောက်ရေး အတွက်၎င်း၊ ငွေကြေးရှာဖွေရေး (ဘဏ္႑ရှာဖွေ) ၌ စိတ်ပူပန်လျက်ရှိကြသည်။ တချို ့ကဈေးရောင်းပွဲ အားဖြင့်၎င်း၊ တချို့က (Carol) တေးသီချင်းများကို တညလုံး၊ မိုးလင်းပေါက် သီဆိုလျက် Happy Christmas to You သီချင်းကိုကျူးဧရင်း၊ တံခါးထု၊ ပိုက္ဆံယူ ခဲ့ကြသည်ကို မြန်မာပြည်အရပ်ရပ်မှာ တွေ့နိုင်ပါသည်။ ထို ရရှိသော ငွေကြေး မ်ားကို အဘယ်အတွက်သုံးစွဲပါသနည်း။ ကျွန်ုပ်မြင်တွေ့ခဲ့သည်မှာ၊ ပျောက်ဆုံးဝိညာဉ်ကယ်တင်ခြင်းရရှိရေးအတွက် အသုံးပြုကြသည်ကို မတွေ့ရပါ။ Christmas ပျော်ပွဲ၊ရွှင်ပွဲ၊ စားသောက်ရေးအတွက်သာ အကုန်ခံနေကြသည်ကိို တွေ့ရှိရလေသည်။
ချစ်သောဓမ္မမိတ်ဆွေ။ ယခုနှစ်၊ Christmas ရာသီမွာ၊ ဘုရားသခင်က ကျွန်ုပ်စိတ်နှလုံးထဲမှာ ဖေါ်ပြသော၊ အကြောင်းများကို ေ၀ငှလိုပါသည်။ အသီး အနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့မရောက်ကြ (ယေရမိ ၈း၂၀)။
ကျွန်ုပ်တို့ခရစ်ယာန်များ ဒီဇင်ဘာ (Christmas) မွာ၊ မွေးနေ့ကျင်းပပြီး၊ ဧပြီလရောက်ပြီဆိိုလျှင်၊ ခရစ်တော် အသေခံသောနေ့ ကိုကျင်းပကြပါသည်။ သုံးရက်မြောက်သောနေ့မှာ (Easther) Sunday ရှင်ပြန်ထမြောက်ခြင်းပွဲ တော်ကို ကျင်းပကြပြန်သည်။ ကောင်းကင်တက်ပြီး (၁၀) ရက်ကြာသော အခါပင်တေကုတေ္တပွဲ့နေ့ကို ကျင်းပပြန်သည်။ ဒီလိုနှင့်၊ မိုးမွ၊ နွေ၊ နွေမှဆောင်းရာသီအလီလီ ကူးပြောင်းခဲ့သော်လည်း၊ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ကယ်တင်ခြင်းစိတ်ချ မှုမရှိဘဲ၊ ခရစ်တော်၏ Birthday ကို၊ အကြိမ်ပေါင်းများစွာကျင်းပလာခဲ့ကြပါသည်။
          ချစ်သော ဓမ္မမိတ်ဆွေများ၊ ယခုနှစ်မှာလည်း၊ အရင်နှစ်များကဲ့သို့ အဓိပ္ပါယ် မရွိ၊ အကျိုးမဲ့ ကျင်းပကြဦးမည်လော။ အကယ်စင်စစ် Christmas ဟူသော အင်္ဂလိပ်စကားလုံး ၉ လုံး သည် တခုစီ အဓိပ္ပါယ် ရှိကြောင်း တွေ့ရပါသည်။
C = Christ = ခရစ်တော်
H = Herod = ဟေရုဒ်မင်း
R = Redeemer = ကယ်တင်ရှင်
I = Israel = ဣသေရလ
S = Sheepherd = သိုးထိန်းများ
T = Three wise men = ပညာရှိသုံးပါး
M = Manger = နွားစားခွက်
A = Angel = ကောင်းကင်တမန်များ
S = Star = ကြယ်မင်းကြီး
                             ဤစကားလုံး တလုံးစီသည် ကျွန်ုပ်တို့အား တရားဟော ပြောလျက်ရှိလေသည်။ ဂါလိလဲပြည်၌ ဟေရုဒ်မင်း သည်စော်ဘွားအရာ၌ အုပ်စိုးစဉ်၊ ကယ်တင်ရှင်ခရစ်တော်သည်၊ ဣသေရလ အမျိုးမှ ပေါ်ထွန်းလျက်၊ နှိမ့်ချစွာ ဗက်လင်မြို ့နွားစားခွက်၌၊ သိပ္ထား ခြင်းခံရလေ၏။ ထိုအချိန်၌ ကောင်းကင် တမန်ကလည်း ကြောက်ရွံ ့ ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည်၊ အလွန်၀မ်းမြောက်၊၀မ်းသာစရာသတင်းကို ငါသည် သင်တို့အားကြားပြောရ၏၊ ယနေ့တွင်ဒါ၀ိဒ်မြို ့၌သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောရှင်သည်၊ သင်တို့အဘို့ အလ့ိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီဟူ၍ သိုးထိန်းတို့အားပေါ်ထွန်းသည်ကို တွေ့ရ၏။
ထိုအချိန်မှာ၊ အေရွ ့ပြည်မှ ပညာရှိတို့သည် ယေရုစလင်မြို ့သို့ရောက်လာကြလျှင်၊ အေရွ ့ပြည်၌သူ၏ ကြယ်ကို ငါတို့မြင်ရသည် ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှါ၊ ရောက်လာပြီဟု မေး မြန်း ပြောဆိုကြ၏။ ဤသည်မှာ (Christmas) ဟူသောစကားလုံး (၉) လုံး၏ ဆိုရင်း အဓိပ္ပါယ်ဖြစ်လေသည်။
အသိနှင့် အရွိ။
          ဤေနရာ၌ အေသအခ်ာ လေ့လာလျှင်၊ ဟေရုဒ်မင်း သည်၊ နှုတ်အားဖြင့် ခရစ်တော်ကို ဖူးတွေ့ ပူဇော်မည်ဟုဆိုသော်လည်း၊ မာဂုပညာရှိများလှည့်ဖြားသည်ကို သိလျှင်ပြင်းစွာအ မျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌၊ စေ့စေ့မေးမြန်းပြီးသော ကြယ် ၏ အချိန်ကာလ ကို ထောက်၍ဗက်လင်မြို ့ မွ စေသာ၊ ကြေးလက်ရှိသမျှတို့ ၌၊ နှစ်နှစ်အရွယ် မွစ၍၊ ထို အရွယ်အောက်ယုတ်သောသူငယ်ယောကျ်ားအပေါင်းတို့ကိုသတ်စေ၏ (မဿဲ ၂း၇-၁၆)။ ဟေရုဒ်မင်းသည် ခရစ်တော် ကယ်တင်ရှင်မွေးဖွားလာမည်ကို ဦးနှောက်ဖြင့် သိသော် လည်း အသက္တာ၊ စိတ်နှလုံးထဲ၌ ဖူးတွေ့လိုသော ဆန္ဒမရှိပါ။ ထို့အတူယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြု ဆရာရှိသမျှတို့ သည်လည်း ခရစ်တော်ဖွားမြင်မည့် နေရာကို အတိအက် သိကြသော်လည်း ခရစ်တော်နှင့် ဖူးမြင်ခြင်းမရှိ ကြပါ။
          ချစ်သောဓမ္မမိတ်ဆွေ။ သင်သည်လည်း ခရစ်တော် အကြောင်းကို ခေါင်းဖြင့် သိသော်လည်း၊ စိတ်၀ိညာဉ်ထဲမှာ သိကျွမ်းခြင်းမရှိလျှင်၊ Christmas ပြဲ တော် ကျင်းပနေခြင်း သည်အဓိပ္ပါယ် မဲ့ အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်ပေလိမ့်မည်။ မွေးနေ့ရှင်ခရစ်တော် ယေရှုမပါဘဲ၊ မွေးနေ့ကျင်းပနေခြင်းသည်၊ မွေးနေ့ရှင်အတွက်ကျေနပ်အားရ၊စေနိုင်မည်မဟုတ်ပေ။
 ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်ကို အမှန်တကယ်သိကျွမ်း ပြီးမှသာလျှင်မွေးနေ့ Christmas ကိုကျင်းပသင့်ပါသည်။ တမန်တော်ပေါလုက ဤသို့ကျမ်းစာ၌ ရေးသားခဲ့လေသည်။ ငါတို့သည်လောကီ၀ိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူ သောအရာတို့ကို သိခြင်းအလိုငှါ၊ ဘုရားသခင်ထံတော်မှာကြွလာသော ၀ိညာဉ်ကို ခံရကြ ပြီ။ (၁ ကော ၂း၁၂)။ ထိုနည်းတူစွာသင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗ အဘဟုခေါ်တတ် သောသားတော်၏ ၀ိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏ (ဂလာတိ ၄း၆)။
          ချစ်သောဓမ္မမိတ်ဆွေများ ခရစ်တော်၏ ၀ိညာဉ်ကိုမရလျှင်၊ ခရစ်တော်နှင့် မဆိုင် ဟူသော အခ်က္ကို သိစေလိုသည်။ ခရစ်ကေးသို့ ရောက်လိုသောသူတ0ည်သည်ကား ခရစ်တော်နှင့် မဆိုင် (ရောမ ၈း ၉)။
          မဿဲခရစ်၀င် ကျမ်း၌ အရှင်ယေရှုကရှင်းလင်းစွာ ဤသို့ဖေါ်ပြခဲ့လေသည်။ သခင် သခင်ဟုငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့၀င်၇လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်၏ အလိုကိုဆောင်သောသူသာလျှင်၀င်၇လိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကို နှင်ထုတ်ပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် မ်ားစြာ သောတန်းခိုးတို့ကိုပြပါပြီမဟုတ်လောဟု များသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမွ ဖယ်ကြဟု ထိုသူတို့အားအတည့်အလည်းငါပြောမည် (မဿဲ ၇း၂၁-၂၃)။
     သို့ဖြစ်၍ သခင်၊ သခင်ဟုနှုတ်ဖြင့်သာ ပြောဆိုရုံနှင့် ကောင်းကင်နိုင်ငံသို့ ၀င်၇မည်မဟုတ်။ စိတ်၀ိညာဉ်ထဲမှာ အမှန်တကယ်သိကျွမ်းခြင်းမရှိလျှင်ကောင်းကင်နိုင်ငံ၀င်၇မည်မဟုတ်ကြောင်းထပ်မံသတိပေးလိုပါသည်။
          ထို့နည်း တူစွာရှင်လုကာ ခရစ်၀င်ကျမ်းတွင်လည်း အောက်ပါတိုင်းဖေါ်ပြထားလေသည်။ အိမ်ရှင်သည် ထ၍တံခါးကိုပိတ်ပြီးမှ၊ သခင် ၊သခင် အကျွန်ုပ်တို့အား၊ တံခါးဖွင့်ပေးပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြော လိမ့်မည်။ တိုအခါသင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသောမြို ့ရွာ ၌ ကိုယ်တော်သည်ဆုံးမဩဝါဒ ပေးတော်မူပြီဟုဆိုသော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ။ ငါ့ထံမွ ဖယ်သွားကြဟုပြောလိမ့်မည်။ (လု ၁၃း၂၅-၂၇)။
          ဤေနရာ၌ ကျွနု်ပ်တို့သတိပြုရမည့် အချက်မှာ၊ အရှင်ယေရှု ပြန်လည်ဖြေကြားချက်ဖြစ်ပါသည်။ သင်တို့သည် အဘယ်အရပ်ကလာသည်ကို မသိ ဟူသော အခ်က္ကို ဆင်ခြင် သင့်ပါသည်။ ခရစ်တော်က ကျွန်ုပ်တို့တယောက်စီကို ဤ သို့ဖြေဆိုပါက မည်သို့တုန့် ပြန်ကြမည်နည်း။ တချို ့ကဤသို့ ဖြေဆိုလိမ့်မည်။ ကိုယ်တော်ဘာကြောင့် ကျွန်တော့် ကို မသိသလဲ။ ကိုယ်တော်မွေးနေ့ (Christmas) ပွဲဖြစ်မြောက်ေ၇းကော်မီတီမှာ ကျနော် ဟာ ဥက္ကဌ လုပ်ခဲ့တာလေ။ တချို ့ ကကိုယ်တော်ဘာဖြစ်လို့ ကျနော့်ကို မသိတာလဲ? ကျွန်တော်က (Christmas) ပွဲတော်အတွက် ဘဏ္႑ရှာဖွေေ၇းတာ၀န်ခံလေ။ ကိုယ်တော်ကျွန်တော့်ကို မသိတာလြန္တယ္ကြ။ ကျွန်တော်က ထိုမွေးနေ့ပွဲတော်မှာ တရားဒေသနာကောင်းကောင်းဟောပြေခဲ့တယ်လေ ဟူ၍ တချို ့ တရားဟောဆရာများဖြေဆိုကြလိမ့်မည်။ တချို ့လူငယ်များ က ကိုယ်တော်ကျွန်တော့်ကို တော့သိဘို့ကောင်းတာပေါ့။ ကျွန်တော်က ခရစ္စမတ်ပွဲရောက်တိုင်း carol singing ဦးဆောင်ပြီး၊ နေ့မအား၊ညမနား တအိမ်တက်တအိမ် ဆင်း သီချင်းဆိုရင်း အလှူငွေရှာခဲ့တာလေ။
          တချို ့ အသင်းတော်လူကြီး မ်ားက ဤသို့ပြောပေလိမ့်မည်။ ကိုယ်တော်အခြားလူတွေ ကို မသိရင်နေ။ ကျွန်တော့်ကို တော့သိသင့်တယ်။ ဘာဖြစ်လိုလဲဆိုတော့ကိုယ်တော့်မွေးနေ့တိုင်း အစားအသောက်၊ ချက်ပြုတ်တာ၀န်ယူခဲ့တာ လေ။ စသည် စသည်ဖြင့် အသီးသီးကိုယ်တော်ကို ဆင်ခြေပေးကြပေလိမ့်မည်။ သို့သော် ခရစ်တော်၏ ၀ိညာဉ် မရလျှင်၊ သင်တို့ကို ငါမသိ၊ ငါ့ထံမွ ဖယ်သွားကြဟု ပြောလိမ့်မည်။ ထိုအချိန်မှပြန်လည်နောင်တရလဲ အခွင့်အရေး မရှိတော့သည့်ကြီးမားသော ဆုံးရှုံးခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤအခြေအနေမိျုး မရောက်မှီ၊ မိမိအသက္တာကို ပြန်လည် သုံးသပ်ပြီး ခရစ်တော်ကိုမရသေးလျှင်အပူတပြင်း (Christmas) ကာလမွာ မရရအောင် ကယ်တင်ခြင်းကို လေ့လာကြပါစို့။
အေရွ ့ပြည် မွ မာဂုပညာရွိမ်ား။
          အေရွ ့ပြည်မှလာသော ပညာရှိတို့သည် အဘယ်ကြောင့်ခရစ်တော်ကို ဖူးမြင်နိုင်သနည်း။ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အေရွ ့ ပြည်၌၊ သူ၏ ကြယ်ကို မြင်ရသည် ဖြစ်၍၊ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏ (မဿဲ ၂း၂)။
          ဤမာဂုပညာရှိတို့သည် ကြယ်ကို အမှီပြုပြီး၊ ကြယ်နောက်ကိုလိုက်ပြီး အရှင်ယေရှုကို ဖူးတွေ့နိုင်ခြင်းဖြစ်သည်။ ထိုပညာရှိတို့သည်၊ အေရွ ့ပြည်၌ မြင်ရသော ကြယ်သည် သူတို့ရှေ ့ က သွားသဖြင့် သူငယ်တော် ရှိရာအရပ်၌ အပေါ်သို့ ရောက်၍ တည်လျက်နေ၏။ ထိုကြယ်ကို မြင်ပြန်သောအခါ၊ အလွန်၀မ်း မြောက်၀မ်းသာခြင်းရှိ၍၊ အိမ်သို့၀င်လေသော်၊ မယ်တော် မာရိ နှင့် တကြ၊ သူငယ်တော်ကိုတွေ့ မြင်လျှင်၊ ပြပ်၀ပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္႑ဥစ္စာတို့ကို ဖွင့်ပြီးမှ၊ လောဗန်နှင့် မုရန်တည်းဟု သော၊ နံံ့သာမျိုးကို ၎၊ ရွှေကို၎င်းဆက်ကပ်ပူဇော်ကြ၏ (မဿဲ ၂း၉-၁၂)။
          လမ်းပြကြယ်ကို ကြည့်ခြင်းဖြင့်၊ ဘုရားသခင်ဖန်ဆင်းထားသော မြေကြီး နှင့်မိုးကောင်း ကင်၊ ရေမြေ၊ တောတောင် သဘာ၀မ်ားကို ထောက်ရှုသဖြင့် ဖန်ဆင်းရှင်ဘုရား ကို သိနိုင်ကြောင်းသင်္ခန်းစာရယူနိုင်သည်။ဆာလံဆရာ ဒါ၀ိဒ်မင်းကြီးက၊ ဤသို့ သီချင်းစပ်ဆိုခဲ့လေသည်။ မိုးကောင်းကင်သည်၊ ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည်လည်း၊လက်တော် နှင့် လုပ်သော အရာမ်ားကို ပြသ၏။ တနေ့ကို တနေ့မြွက် ဆို၍၊ တညကို တညသွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏ အသံသည် ပြေတပြင်လုံး၌န့ှံပြား၍ ၊ သူတို့၏စကားသည်၊ မြေကြီး စွန်းတိုင်အောင်ရောက်လေ ၏။ (ဆာလံ ၁၉း၁-၄)။
            ဘုရားသခင်သည် လူမျက်စိဖြင့်အဘယ်သူမျှမမြင်နိုင်သော်လည်း၊ သူဖန်ဆင်းသော အရာများကိုထောက်ရှုခြင်းဖြင့်သိနိုင်သည်။ မိုးကောင်းကင်၌ရှိသော၊ နေ၊ လ၊ ကြယ်တို့သည်၊ စကားပြောခြင်းမရှိ၊ အသံမကြားရသော်လည်း၊ လင်းလက်နေသော အရာမ်ားကို မြင်တေ့ွခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို မြင်နိုင်သည်။ ထိုနည်းတူ တမန်တော်ပေါလုက ရောမဩဝါဒစာ၌ ဤသို့ဖေါ်ပြထားပါသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရာသခင်၏ အကြောင်းရာတို့သည်၊ သူတို့တွင်ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။ အဘယ်သို့နည်း ဟူမူကား ဖန်ဆင်းတော်မူသော အရာတို့ကို ထောက်ရှုသဖြင့် ထာ၀ရတန်ခိုးတော်နှင့် ထာ၀ရ အဖြစ်တော်တည်း ဟူသော မျက်မြင်မရသောဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်ကာလ မွစ၍ ထင်ရှားလျက်ရှိ၏။ (ရောမ ၁း၁၉-၂၀)။ သူတို့၏ အသံသည်၊ မြေတပြင်လုံး၌နှံ့ ပြား၍၊ သူတို့၏ စကားသည် ပြေကြီး စွန်းတိုင်အောင်ရောက်လေပြီဟု ငါဆို၏ (ရောမ ၁၀း၁၈)။
          ထို့အတူရှင်ပေါလုက ကျမ်းစာ၌ ဖေါ်ပြထားသည်မှာ၊ အိမ်မည်သည်ကား တစုံတယောက်သောသူဆောက်ကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည် ဆောက်သော သူကား၊ ဘုရားသခင်ပေတည်း။ (ဟေဗြဲ ၃း၄)။ ထို့ကြောင့်မယုံကြည်သေးသောသူ များအနေဖြင့်ဖန်ဆင်း ထားသော အရာမ်ားကို ထောက်ရှုသဖြင့် ဘုရားသခင်ကိုတွေ့ နိုင်ကြောင်း အေရွ ့ ပညာရွိမ်ား၊ ကြယ်ကို ထောက်ရှုပြီး၊ ယေရှုကိုဖူးမြင်နိုင်ခြင်းက သက်သေထူလျက်ရှိပေသည်။
ကျမ်းစာအားဖြင့်၊ ဘုရားသခင်ကိုသိနိုင်။
        ယဇ်ပရောဟိတ်များနှင့်၊ ကျမ်းတတ်ပုဂ္ဂိုလ်တို့ သည် ခရစ်တော်အဘယ်မှဖွားမြင် လိမ့်မည်ကိုကျမ်းစာအားဖြင့် သိကြခြင်း ဖြစ်သည်။ ပရောဖက် မိက္ခာက အိုဗက်လင် ဧဖရတ်မြို ့အ စိုးရသောယုဒမြို ့တို့တွင်၊ သင်သည် မြို ့ယုတ်ဖြစ်သော်လည်း၊ ဣသေရလ အမျိုး ကို အုပ္စိုး သော၊ သခင်သည် ငါ့ အဘို့သင်၏ အထဲမှာပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေး ကပ်ကမ္ဘာမှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏ (မိက္ခာ ၅း၂)။ ဤကျမ်းချက်ကို ကျမ်းတတ်တို့သည် အကြိမ်ကြိမ် ဖတ်ရှုသော်လည်း၊ ထာ၀ရသက္ကို မရကြ။ အရှင်ယေရှု ကဤသို့ မိ်န့်ဆိုခဲ့သည်။ ကျမ်းစာ အားဖြင့် ထာ၀ရ အသက္ကို ၇မည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏ သက်သေဖြစ်၏။ သင်တို့သည် အသက္ကို ရအောင်ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ (ယော ၅း၃၉-၄၀)။ ကျမ်းတတ်ရုံနှင့် ထာ၀ရအသက်မရနိုင်။ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိူင်။ အဘယ်ကြောင့်ဆိုသော်၊ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း (ဂလာတိ ၃း၂၄)။ ပညတ်တရားသည် ခရစ်တော်မပါဘဲ၊ ငါတို့ကို စုံလင်ခြင်းမပေးနိုင်။ အရှင်ယေရှုမိန့်တော်မူသည် မွာ၊ မောရှေ သည် သင်တို့အား၊ ပညတ်တရားကိုပေးတော်မူသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင်တစုံတယောက်မျှမကျင့် ငါ့ကို သတ်အံ့သောငှါ၊ အဘယ်ကြောင့်ရှာကြံကြသနည်း (ယော ၇း၁၉)။
          ထို့ကြောင့် အဘယ္သူမွ် ပညတ်တရားတော်ကို တခုမကျန်ကျင့်နိုင်သူမရှိ။ ပညတ်တရားအလုံးစုံကို ရှောက်စောင့်သည် တွင်တစုံတခု၌ မှားမိလျှင်၊ ပညတ္တရားအ လုံးစုံကိုလွန်ကျူး သောအပြစ်ရှိ၏ (ယာကုပ် ၂း၁၀)။ ထို့ကြောင့်ဘုရားသခင်ရှေ ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ (ဂလာတိ ၃း၁၃)။
          ထို့ကြောင့်စုံလင်ခြင်းသို့ ရောက်လိုသောသူတိုင်း၊ ကယ်တင်ရှင်ယေရှုခရစ်တော် တပါးကိုသာ ယုံကြည်ရပေမည်။ ယုံကြည်သောသူအပေါင်းတို့သည်၊ ဖြောင့်မတ်ရာသို့ရောက်မည် အကြောင်း ၊ ပညတ်တရားသည် ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏ (ရောမ ၁၀း၁၄)။ ကျမ်းစာတချက်၌ ထိုသခင်ကိုယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည် ကို၎၊ သိမှတ်ကြလော့ (တ ၁၃း၃၉)။ သို့ဖြစ်၍ သင်သည်သခင်ယေရှုကို နှုတ်ဖြင့်၀န်ခံ၍၊ ဘုရားသခင်သည်သူ့ကို သေခြင်ူမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် (ရောမ ၁၀း၉)။
သိုးထိန်းများနှင့် ကောင်းကင်တမန်
          ဤ ခေတ်ဤလောက၌ သိုးကျောင်းသားဘ၀သည်၊ ခက်ခဲကြမ်းတမ်းသော အလုပ်၊ အဆင့်နိမ့်ကျသော အလုပ်၊ ဆင်းရဲ သားမ်ား အလုပ်သာ ဖြစ်လေသည်။ သို့သော် အဆင့် အတန်းမခွဲ ခြား၊လောကီသား အပေါင်းတို့ကို အညီအမျှချစ်တော်မူသော ဘုရားသခင်သည် သူ့ကောင်းကင်တမန်ကို၊ သိုးထိန်းများထံအေ၇ာက်စေလွှတ်ခဲ့လေသည်။ ထာ၀ရဘုရားသ ခင်၏ ကောင်းကင်တမန်သည်သူတို့အနားမှာ ပေါ်လာ၍၊ လူအပေါင်းတို့သည် အလွန်၀မ်းမြောက်၀မ်းသာ စရာသတင်းကို၊ သင်တို့အားကြားပြောရ၏။
       ယနေ့တွင်ဒါ၀ိဒ်၏ မြို့၌သခင်ခရစ်တော်တည်းဟူသော၊ ကယ်တင်သောအရှင်သည်၊ သင်တို့အဘို့အလိုငှါ၊ ဖွားမြင်ခြင်း ကိုခံတော်မူပြီ။ သူငယ်တော်သည် အ၀တ်နှင့်ပတ်ရစ်၍ နွားစားခွက်၌သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်။ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ပြန်ကြပြီးမှ သိုးထိန်းတို့သည် အလျင်အမြန်သွား၍ မာရိနှင့် ယောသပ်ကို ၎၊ နွားစာခွက်၌ သိပ်ထားလျက်ရှိသော၊ သူငယ်ကို၎င်းတွေ့ကြ၏။ တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြား ပြောကြ၏။ သိုးထိန်းတို့ပြောသောစကားကို ကြားသောသူရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏ (လုကာ ၂း၁၀-၁၈)။
          ချစ်စွာသောဓမ္မ မိတ်ဆွေ၊ ယခုခေတ်ကာလမှာ၊ ရှေးခေတ်အခါကကဲ့သို့ကယ်တင်ရှင်ယေရှု အကြောင်းကို၊ သင့်အားဟောပြောဘို့၊ ဘုရားသခင်သည်၊ ကောင်းကင် တမန္မ်ားအား စေလွှတ်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော်ဧဝံဂေလိ တရားတည်းဟူသော ကယ်တင်ခြင်းသတင်းကောင်းဟောပြောရန်အတွက်၊ ကောင်းကင်တမန်တို့သည် အသွေးတော် နှင့်ရွေး၀ယ်ခြင်းခံရသောသူများမဟုတ်ပါ။ ကောင်းကင်တမန်တို့မူကား၊ ယုံကြည်သူများ အတွက်အစေခံများသာဖြစ်လေသည် (ဟေဗြဲ ၁း၁၄)။ ထို့ကြောင့် ယနေ့နောက်ဆုံးသောကာလမှာ၊ ကယ်တင်ခြင်းသတင်းကောင်းဟောပြောရန်အတွက်၊ ခရစ်တော်က ယုံကြည်သူတပည့်တော်တို့အား သာ တာ၀န်ပေးထားကြောင်းကျမ်းစာ၌ တွေ့ရပါသည်။ သင်တို့သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍ ေ၀နေယျသတ္တဝါ အပေါင်းတို့အားဧဝံဂေလိတရားကိုဟောပြောကြလော့။မာကု ၁၆း-
          ထို့ကြောင့်မိတ်ဆွေကယ်တင်ခြင်းရောက်ဘို့ကောင်းကင်တမန်များကို စောင့်နေ၍ မျပီး။ သင်းအုပ်ဆရာများ၊ ဧဝံဂေလိဆရာများ၊ ယုံကြည်သူ (Born again) ထံမှာချဉ်းကပ်ပြီးကယ်တင်ခြင်း တရားကို လေ့လာခံယူကြပါစို့။
          ချစ်သော ဓမ္မမိတ်ဆွေဤေနရာ၌ ကယ်တင်ခြင်းကိုယနေ့တိုင်မရှင်းလင်းသေးသော သူများအတွက်၊ အတိုချုံးပြီးဖေါ်ပြပါရစေ။ လူသည်အပြစ်ကြောင့်ဘုရားသခင်နှင့် ကင်းကွာခဲ့ပြီးရန်သူဖြစ်ခဲ့ပြီ။ အပြစ်သားအားလုံးသည်၊ အာဒံ၏ နားမထောင်ခြင်းအပြစ်တခု ကြောင့်အိုနာသေသောအခါ၊ ထာ၀ရငရဲသို့လားရပေတော့မည်။
အပြစ်တရား၏အခကားသေခြင်းပေတည်း (ရောမ ၆း၂၃)။ မွေးကတည်းက အပြစ်ပါလာသောကမ္ဘာသူ ကမ္ဘာသား အားလုံး၊ ငရဲသွားရမည့်ကိန်းကိုဘုရားသခင်သိမြင် သောကြောင့် တပါးတည်းသော သားတော်ယေရှုခရစ်ကို စေလွှတ်ခဲ့သည်။ ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာတရားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်း ဖြစ်၏ (၁ တိ ၁း၁၅)။
          သို့သော်၊ ယေရှုခရစ် မကြွလာမှီ ဤေလာက၌ ဘာသာတရား များရှိနှင့် ပြီဖြစ်သော ကြောင့်လူတို့သည်၊ မိမိဘာသာတရားအားဖြင့် ကောင်းရာသို့ရောက်ရာရောက်ကြောင်းကြိုးစား ကျင့်ကြံ လျက်ရှိကြောင်းတွေ့၇၏။ အျပစ္သားလူ၏ အကျင့်၊ သီလ၊ ကောင်းမှုကုသိုလ် မ်ားကို ဘုရားရှင်လက်မခံပါ။ ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလ (ခရစ်တော်မကြွလာမှီကလ) ကိုအမှုမထားဘူးသော်လည်း ယခုမွာ၊ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ ဟုခပ်သိမ်းသော အ၇ပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏ (တ ၁၇း၃၀)။ ဘယ်အပြစ်ကို နောင်တရ၊ ရမည်နည်း။ မိမိလုပ်နေသော အပြစ်ဒုစရိုက်ကို မဆိုလိုပါ။ ကယ်တင်ရှင်ယေရှုခရစ်ကို ယုံကြည်အားကိုးမည့် အစားမိမိ၊ ရိုးရာ၊ ဘာသာ၊ အယူဝါဒကို၊ ယုံကြည်ကိုးစားခြင်းမှ နောင်တရ၍၊ အရှင်ယေရှုခရစ်ကို၊ မိမိကယ်တင်ရှင်အဖြစ် ဖြင့်လက်ခံယုံကြည်ရပါမည်။ အဘယ်ကြောင့်ဆိုသော်၊ ယေရှုခရစ်သည် မိတ်ဆွေ၏ အပြစ် အခအတွက် အေသခံခဲ့ျပီး၊ ဒုစရိုက်ရှိသမျှ အား၊ မိမိအသွေးတော်ဖြင့် ဆေးကြောပေးခဲ့လေသည်။၁ယော၁း၇။ တကြိမ်တည်းဖြင့်မိတ်ဆွေ၌ရှိသမျှ အျပစ္မ်ားကို ပယ်ရှင်းခဲ့လေပြီ။ဟေဗြဲ၁၀း၁၀။ အေသခံ၍ သဂြိုဟ်ပြီးသုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။၁ကော၁၅း၃-၄။ အရှင်ယေရှုသည် မနေ့၊ ယနေ့ ၊ နောင်ကာလ မပြောင်းမလဲ အသက်ရှင်တော်မူ၏။ဟေဗြဲ၁၃း၈။
         ချစ်သောဓမ္မမိတ်ဆွေ၊ ထိုသခင်ယေရှု ကိုမိမိကယ်တင် ရှင် အဖြစ် နှုတ်ဖြင့် ၀န်ခံ၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော် မူပြီဟု စိတ်နှလုံး ထဲမွာ ယုံကြည်လျှင်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
         ကယ်တင်ခြင်းရောက်သည့် အခိျန်မှာ ဘု၇ားသား ဖြစ်ကြ၏။ယော၁း၁၂။ အဘယ်ကြောင့်နည်း ဟုမူကား၊ သင်တို့အပေါင်းသည်၊ ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏ (ဂလာတိ ၃း၂၆)။
          ချစ်သောဓမ္မ မိတ်ဆွေ၊ တချို ့က၊ ကယ်တင်ခြင်းသို့ရောက်ပြီးမှ ဒုစရိုက်ပြန်လည်ပြုမိလျှင်ငရဲ သို့ပြန်ရောက်မည်ဟု၊ ခံယူ ယုံကြည်လျက်သွန်သင်နေကြောင်းတွေ့ရ၏။ (ဥပမာ) တခုပေးပါရစေ။ လိပ်ပြာ၏ ဘ၀ကို ကြည့်ပါ။ လောက်လန်းဘ၀မှ၊ ပိုးတုံးလုံးဘ၀၊ ပိုးတုံးလုံး ဘ၀မွ သည် လိပ်ပြာသို့ကူးမြောက်သွားပြီးသော အခါ၊ လောက်လန်းဘ၀သို့ ပြန်မရောက်နိုင်ပါ။ ထို့အတူ အျပစ္သား (ဝါ) စာတန္သားမွ၊ ဘုရားသားသို့ပြောင်းလဲနိုင်ပြီး၊ ဘုရားသားမွ မာရ်နတ်သားပြန်မဖြစ်နိုင်ပါ။
          အဘယ်ကြောင့်ဆိုသော် ဘုရားသားအထဲ၌ သားတော်၏ ၀ိညာဉ်ကို ရွေးနှုတ်ခြင်းနေ့ ရက်တိုင်အောင် တည်နေဘို့တံဆိတ်ခတ်ထားသော ကြောင့်ဖြစ်သည်။ဧဖက်၁း၁၃-၁၄။ ထို့ကြောင့်ဘုရားသားသည် ဒုစရိုက်ပြုမိပါက၊ ၀ိညာဉ်တော်စိတ်နာစေပြီး၊ ထပ်ခါတလဲပြုပါက ဘုရားသခင်၏ ဆုံးမခြင်းခံ၇မှာဖြစ်ပါသည်။ အကယ်၍ နောင်တနရပါက၊ ခန္ဓာသေသည် အထိဆုံးမဒဏ်ခတ်ခြင်းခံပြီးမှ ၀ိညာဉ်သည်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။၁ကော၅း၅။
ကယ်တင်ခြင်းမရှုံးနိုင်သော်လည်း ဆုံးရှုံးမှုများ စွာရှိသည်။ ၀မ်းမြောက်ခြင်း၊ လောက၊ ကောင်းကြီး မင်္ဂလာ၊ ၀ိညာဉ်ဆုကျေးဇူးများ၊ ကောင်းကင်၌ ရရှိမည့် ဆုလဒ်များဆုံးရှုံး နိုင်သည်။
          ထို့ကြောင့် ကယ်တင်ခြင်းသည်၊ ကျေးဇူးတော်သက်သက်ဖြစ်ပြီး၊ ယုံကြည်ခြင်းဖြင့်သာရရှိလျက်၊ ထာ၀ရကာလအတွက်ဖြစ်ကြောင်း အတိုချုံးပြီးတင်ပြအပ်ပါသည်။ဧဖက်၂း၈-၉။ ခရစ်ယာန်အသက်ရှင်ခြင်းမူကား၊ ခရစ်တော်ကိုယ်တိုင်၊ ယုံကြည်သူအထဲ၌ အသက်ရှင်လျက် ဘုရားသခင်၏ အလိုတော် အတိုင်း နေ့စဉ်၀န်ခံခြင်းဖြစ်သည်။
မွေးနေ့ရှင်၏ တောင်းဆိုချက်။
          ၁။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားသိရန်.. (၁ တိ ၂း၄)။
          ၂။ ရေဆာနေသော အရှင်ယေရှုကို ရေတိုက်ရန် (ယော ၁၉း၂၈)။ ဆိုလိုသည်မှာ ပျောက်ဆုံး၀ိညာဉ်များ ဖမ်းပြီး၊ ခရစ်တော်၏ ဆာလောင်မှုကို ဖြည့်ပေးရန်။
          ၃။ ဗိုက်ဆာနေသော အရှင်ယေရှုကို အစာကျေွးရန်။ တပည့်တော်တို့သည်၊ အရှင်ဘုရားအစာကို သုံးဆောင်တော်မူပါဟုတောင်းပန်လျှင် သင်တို့ မသိသောစားစရာသည် ငါ၌ရှိတော်မူ၏ ဟုမိန့်တော်မူ၏။ တဖန်ယေရှုကငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။ (ယော ၄း၃၂-၃၄)။
          ၄။ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့်၊ ယစ်မူးခြင်းကို ရှောင်၍၊ ၀ိညာဉ်တော်နှင့် ပြည့်စုံရန်။ အရက်၊ဆေးလိပ်၊ကွမ်းယာ၊ ခိုင်နီး မ်ားကို ရှောင်ရန်။ ၀ိညာဉ်တော်နှင့် ပြည့်စုံရန် (ဧဖက် ၅း၁၈)။
          ၅။ မတရားသောမေထုန်မှီ၀ဲခြင်း၊ အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း၊ အမှုတို့ကို သန့်ရှင်းသူတို့သည့် ရှောင်သင့်သည့် အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့် (ဧဖက် ၅း၃)။
          ၆။ ထို့ကြောင့် မုသာစကားကို ပယ်ရှား၍၊ မှန်သော စကားကိုသာ အချင်းချင်း တယောက်ပြောကြလော့။
          ၇။ ထာ၀ရဘု၇ားသည်၊ သိုးထီးတထောင်၊ ဆီမီးတသောင်း ကိုအားရနှစ်သက်သည်ထက်၊မိမိလွန်ကျူးခြင်းအပြစ်အတွက်၊သားဦးကို၎င်း၊ စိတ်၀ိညာဉ်၏ အပြစ်အတွက်ငါ၏ ရင်သွေးကို၎င်း ပူဇော်တာထက်၊ တရားသဖြင့် ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ ဘုရားသခင်ရှေ ့ တော်၌၊ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်း၊ မှတပါးအဘယ်ပူဇော်သက္ကာ ကိုထာ၀ရဘုရားတောင်းတော်မူသနည်း(မိက္ခာ ၆း၆-၇)။
          ၈။ ဘုရားသခင်နှစ်သက်တော်မူသော ယဇ္မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။
          ၉။ ခမည်းတော် ဘုရားသခင်ရှေ ့၌ စင်ကြယ်သန့်ရှင်းသော သီလမူကား၊ မိဘမရှိသောသူငယ်တို့နှင့်၊ မုတ်ဆိုးမတို့သည် ဆင်းရဲခံ၇ သောအခါ၊ သူတို့ကို ကြည့်ရှု၊ပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သော ငှါစောင့် ရှောက်ခြင်းပေတည်း (ယာကုပ် ၁း၂၇)။
          ၁၀။ ဆယ်ဘို့တဘို့ရှိသမျှတို့ကို ဘဏ္႑ာတိုက်ထဲသို့ထည့်ရန် (မာလခိ ၃း၁၀-၁၂)။
          ချစ်သောဓမ္မ မိတ်ဆွေ၊ သင်သည် (Christmas) ၏အဓိပ္ပါယ်ကို သိသည် သာမက၊ မွေးနေ့ရှင် အရှင်ယေရှုခရစ်၏ တောင်းဆိုချက်အတိုင်း၊ တာ၀န်ကျေပြွန်၌ပါစေ။ Christmas အခါသမယမွာ၊ သခင်ယေရှုခရစ်သည် သင်၏ စိတ်၀ိညာဉ်နှင့် အတူရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော်ရှိစေသတည်း။(အာမင်)။
Rev. Dr. Paul Khay Kyaing .


Monday, 27 October 2014

ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)

       ခရစ်တော်ယေရှုနှင့် တပည့်တော်တို့ကို ကြည့် လျှင် သူတို့၌ ထူးခြားစွာ တက် ကြွ လျက်ရှိကြောင်း တွေ့ရမည်။ သူတို့ဟောပြောချက်များသည်လည်း ရိုးသားပွင့် လင်းစွာဟောပြောကြသည်။ ဆင်းရဲဒုက္ခနှင့်ပတ်သက်၍စကားတန်ဆာဆင်၍လှည့် ပတ်ရှောင် ရှားလျက် ဟောပြောခြင်းမရှိ၊ ဧဝံဂေလိတရားကို အတည့်အလင်းဟော ပြောကြသည်။ ဒုက္ခဆင်းရဲခြင်း မရွိဟု မျက်စိမှိတ်၍ ရှောင်ရှားခြင်းမပြု၊ ကျွနု်ပ်တို့ သည် ဘုရားသခင်နှင့် သဘာဝတစ်ခုတည်းဖြစ်ကြောင့် ဆင်းရဲဒုက္ခရောဂါဝေဒနာမ ရှိနိုင်ဟူသော အယူဝါဒကဲ့သို့ ဝါကြွားမောက်မော်ခြင်းမရှိ၊ ဖြစ်သမျှသည် ဘုရားအ လိုတော်ဖြစ်၍ခေါင်းငုံ့၍သာခံမည်ဟူ၍လည်းမသွန်သင်။ ငါ မဟုတ်ဟူသော အနတ္တ သက်သက်အယူအဆကြောင့်ဘဝကို ပယ်ဖြတ်ရမည်ဟု မေဟာ။ ဉာဏစက္ခုကြည် လင်စွာဖြင့်ဘဝကိုရဲရဲကြီး မျက်နှာမူလျက်ဘဝ၏ဆင်းရဲဒုက္ခကိုပင် ဆုတ်ကိုင် လျက်

အောင်မြင်ခြင်းရောက်သည်တိုင်အောင် အသုံး ချရမည်ဟု သင်ကြားလေသည်။
       ဤနေရာ၌အောင်မြင်သောအသက်တာ၊ အောင်မြင် သော ခွန်အားနှင့် မထင် ရှားသောဘာသာ ဝါဒဟူသမွ်မွာ ပျောက်ကွယ်သွားကြလိမ့်မည်။ အကြောင်းမူကား အ သိမ်ဖျင်းဆုံး၊ အယုတ်ညံ့ဆုံး၊ အသေးငယ်ဆုံးသောပိုးမွှား တိရစၦာန်မှစ၍အမြင့်မြတ်ဆုံးသောသူတော်စင် ပုဂ္ဂိုလ်များ အထိ သက်ရှိ သတ္တဝါအပေါင်းတို့မှာသာ၍ ပြည့်စုံြွကယ်ဝ သောအသက် ချမ်းသာကိုကြိုးပမ်း ရှာဖွေလျက်ရှိသော ကြောင့် တည်း။
       ဤသို့ တစ်နေ့တစ်ခြားမြင့်ရာသို့ တိုးတက်ခြင်း တရားကိုယ်ပယ်၍ ဆိုး ယုတ် ပျက်စီးခြင်းကို၄င်း၊ ဘေး ရန္ကို ရင်မဆိုင်၊ မတိုက်ဘဲ၊ ဘဝ၏ဆင်းရဲကို ရှောင်ခွာ ခြင်းကို၄င်း၊ အစရှိသည့် အယူဝါဒဟူသမွ်မွာ ပျက်စီးပပျောက်ရန်သာ ရှိလေ သည်။ မပပျောက်သေး လျှင် တိမ်ကောမည်ဆဲဆဲ မေ့ဆေးသဖွယ် ခေတ္တခဏ သက္သာ စေသော ဆေးသာဖြစ်လေသည်။သို့ရာတွင် သခင်ယေရှုပေးတော်မူသော ဩဝါ ဒကို ဘာသာတရား၌ ထား၍မရ။ အဘယ့်ကြောင့် ဆိုသော ခရစ်တော်၏ တရား သည် တရားသက်သက် မဟုတ် တရားထဲ၌အသက်ပါသတည်း။ ထို့ကြောင့် ခရစ် တော်၏တရားသည်ချုပ်ခြင်း၊ကင်းငြိမ်းခြင်းသဘောနှင့်ကွာခြားလှ၏။ ဘဝ၏ စွဲလန်း သောဆန္ဒကိုပယ် ဖျောက်ရန်ကိုယ်တော်မိန့်တော်မူသည်မဟုတ်။ ကိုယ်တော် ၏ အလိုတော်ကား ဘဝ၏အမြင့်မြတ်ဆုံး သောအခြေ၌ အသက်ရှင်ကြ ရန်ဖြစ်သည်။ ဘဝကို ရွံ့ရှာစပ်ဆုပ်သည့် ဘာသာတရားမျိုးကားမည်သည်နှင့်တူသည်ကိုဥပမာ ကြည့်ကြကုန်အံ့။ တစ်ခါကအလုပ်သမားတစ်ယောက်သည် အကြွေး တင် နေသော ကြောင့်စိတ်ညစ်ရ၏။ စိတ်ညစ်ပြေ အောင် အရက်ကိုသောက်၏။ သို့သော် အမူး ပြေသော အခါ အြွေကးမကြေ။ သာ၍ အြွေကးတင်ဘို့သာရှိ၏။ ဤနည်းအား ဖြင့် ဒုက္ခပြဿနာကိုဖြေရှင်းခြင်းသည် အိပ်မွေ့ချဆေးနှင့်တူလေ၏။ ထိုသို့သော ဘာ သာတရားများရှိနေသောကြောင့်ဘာသာတရားဆိုသည်မှာ တိုင်းသူပြည် သားတို့၏ အိပ်မွေ့ချဆေးဖြစ်သည်ဟု ရုရှားပြည်သားများဆိုလေ့ရှိ၏။
        ခရစ်ယာန်ဘာသာကို သည်းခံခြင်းစာရင်း၌မသွတ်သွင်းနိုင်။ အဘယ့်ကြောင့် ဆိုသော်ခရစ်တော်၏တရားသည် ဘဝကိုအသစ်တဖန်ပြုပြင်ပြောင်းလဲစေနိုင် သော တန်ခိုးရှိလေ၏။ထို့ကြောင့် ခရစ်ယာန်ဘာသာကိုအောင်မြင်သောအသက် ဟူသော အမည်မှတစ်ပါးအခြားခေါ်ဝေါ်နိုင်ဘွယ်မရှိ။ ဤခရစ်တော်၏တရားအားဖြင့် မည်သူ 
မဆို အဆိုး၊ အ ကောင်း၊ တရားနှင့် မတရား၊ ဒုက္ခ၊ သုခရှိသမျှတို့ ကို ယူ၍
ရောပြွမ်း ချေဖျက်ပြီးလျှင် အသက်၏ အဟာရ ဖြစ်အောင်သုံးစွဲနိုင်လေသည်။ လူ၊ တိရစၦာန်၊ သစ်ပင် တို့သည် တူညီသော ဓါတ္သဘာဝမွအဟာရကို ရယူ နိုင်ကြ သည်။သို့ရာတွင် ခရစ်ယာန်များမှာမူ ထိုသို့သဘာဝချင်းတူညီခြင်း သာမက၊ သဘာ ဝကွဲလွဲသည့် အဆီး အတား၊ အနွံအတာ၊ အဖိအစီးအစရှိသော ကား တိုင်မှလည်း အဟာရထုတ်နှုတ်၍သန်စွမ်းကြီးပွားနိုင်သည်။ခရစ်ယာန်တို့၏အသက် သည်အခြား သော အသက်မျိုးနှင့်မတူ။ မည်သည့်လောကဓံနှင့်နှိမ်နင်း ဖ်က္ဆီး၍မ ရေသာ အသက်မျိုးဖြစ်၏။ နူးညံ့ပျော့ခွေ သော စိတ်မျိုးမဟုတ်။ရှင်ယာကုပ်မိန့်ဆို သည်အ တိုင်း တည်ကြည်၊ ခိုင်ခံ့သော စိတ်မျိုးဖြစ်သည်။
     ဘဝကို ကားတိုင်၌တင် ၍ ဒုက္ခကိုမျက်နှာမူတတ်သော လူမျိုးဖြစ်သည်ဟုဆိုရ သော်လည်း ကားတိုင်ကို ရှင်ပြန်ထမြောက်ခြင်း၌ တင်၍ ကြည့်တတ်သောကြောင့်
သုခချမ်းသာကို မျက်နှာမူ လျက်ရွှင်လန်းသော လူမျိုးဖြစ်လေသည်။ အမှန်မှာခရစ် ယာန်ဆိုသည်မှာ ကြုံတွေ့သမျှသော ကားတိုင်တို့ကို ထမြောက်ပွဲ ချည်းဖြစ် စေ သည်။ဤသို့ အောင်မြင်သော အသက်တာမျိုးကို လူ မျိုးမရွေး၊ ဒေသမရွေး၊ ကာလ မရွေး၊လိုက်နာနိုင်သည့် ပမာဏအလျှောက် နေရာအနှံ့တွေ့မြင်နိုင်လေ သည်။
      ဤေနရာ၌ တရုတ်ပြည်၌ ဒုက္ခိတ ကေလးမ တစ်ယောက်အကြောင်း တင်ပြ လိုက်ပါသည်။ ထိုဒုက္ခိတအမျိုးသမီးသည် ငယ်စဉ်အခါ ကေလးဘဝက ချီပိုး သူမ်ား ဂရုမစိုက်၍လက်ပေါ်မှကျသဖြင့် ခါးရိုးကျိုး သွားသူဖြစ်ကြောင်းသိရ၏။ နှစ်ပေါင်းမျာ
စိတ္တို၊ စိတ်ကောက် ၊နှုတ်ကြမ်း၊ ဗွေဆိုး ဖြစ်ခဲ့၏။သူတစ်ပါး အပြစ်ကြောင့်မိမိမှာ တစ်သက်လုံး လူစဉ်မမှီ ရုပ်ဆင်း ပျက်စီးရသဖြင့် စိတ်တိုလျှင်လည်း အပြစ်တင် ဘွယ်မရှိ။ သို့သော် တစ်နေ့သ၌ မိမိခက်ထန်သောနှလုံးထဲသို့ ခရစ်တော် ကိန်း အောင်းလာသော အခါမူကား အရာ ခပ်သိမ်းပြောင်းလဲ၍ ဘဝသစ်ဖြစ်လာရလေ သည်။ ထိုအချိန်မှစ၍ ရွာတစ်ရွာ၌ သာသနာပြုဆရာမဖြစ်လာရလေသည်။ ဘုရား သခင်သည် ထိုခြေမစွမ်းသော ဒုက္ခိတကလေးကို ခေါ်ယူတော်မူ၍ အောင်မြင်သော တန်ခိုးတော်၏ လက်နက်သဖွယ် အသုံးပြုချေပြီ။ သူမ၏နောက်ဆုံးအခြေအနေမှာ ဝါးနှင့် လုပ်သောခွေးခြေကလေးကို တွန်းကာ တွန်းကာနှင့် သြားလာရ၏။ ထိုခွေး ခြေကလေးသည် သူ့ထိုင်ခုံ၊ သူတောင်ဝှေးလည်းဖြစ်၏။ တစ်နေပြီးတစ်နေ့ ခရစ် တော်၏ အသက္သရဖူကို ဆောင်းလျက်၊ တပါးကို ရစ်တော်၏မေတ္တာအား ဝေငှ ရာပလ္လင်လည်းဖြစ်၏။
         ချစ်သောမိတ်ဆွေဤသို့သောဒုက္ခိတဘဝ တွင် အောင်မြင်နေသူများ၊ နိုင်ငံ တကာ၌ရှိသကဲ့သို့ လူမျိုး တကာထဲမှာလည်း ရှိကြ၏။ ယနေ့မြန်မာ ပြည်ရှိအမှုတော်ဆောင်များတွင်လည်း အောင်မြင် လျှက်ရှိသော မျက်မမြင်ဆရာဦးသိန်းလွင်၊ ဘုရား ရှင်အမှုတော်ဆောင်နေစဉ်တွင် လက်တဖက်ပူဇော် ရေသာ ဆရာနောဧတို့ကိုကြည့် လိုက်ပါ။ မျက်စိမြင် သော သူများထက်၄င်း၊ ကိုယ်လက်အင်္ဂါစုံလင်သောသူများ ထက်၄င်း၊ သာ၍ ဝမ်း မြောက်ရွှင်လန်းနိုင်ခြင်း၊အောင် မြင်နေခြင်းများကို ကြည့်လျှင် သူတို့အထဲ၌ရှိသော ခရစ်တော်၏တန်ခိုးတော်ကို တွေ့မြင်နိုင်လေသည်။ ဤသို့ဖြစ်ရခြင်းသည် သူတို့၏
ကြိုးစားခြင်းအားဖြင့် မဟုတ်။ ခရစ်တော်ဘုရားကို ကိုးစားခြင်းအားဖြင့်ဖြစ် ၏။ ထို့ ကြောင့်ခရစ်ယာန်တို့၏အောင်မြင်ခြင်းလျှို့ဝှက်ချက်မှာသူတို့အထဲ၌ကိန်းဝပ်လျက်ရှိ သော ခရစ်တော်ပေတည်း။ တစ်ချိန်က တရုတ်ပြည်၌ နိုင်ငံခြားသားများကို နှိပ်ကွပ် သည့်အချိန်တွင်သာသနာပြုဆရာတစ်ဦး၏ အိမ်ထောင်တစ်ခုတွင် မိခင်၊ ဖခင်နှင့် သားသမီးသုံးယောက်ကို သတ်ဖြတ်လိုက်ကြလေသည်။ သားလေးယောက်တို့မှာ မိမိတို့မျက် မှောက် ၌အမိ၊ အဖ၊ ညီ အစ္ကို တစ္စု အသတ်ခံရသည်ကို မြင်ကြ၍ ကိုယ် လွတ် ရုန်းထွက်ပြေးသောကြောင့် အသက်ချမ်း သာရာ ရကြလေသည်။
  ထို့နောက် ညီအစ်ကိုလေးယောက် ဆုံစည်း သောအခါ မိမိတို့နစ်နာမှုများအတွက်
မည်သို့တုံ့ပြန် ချေပရမည်နည်းဟု ညီညြတ္စြာ ဆုံးဖြတ်ကြလေသည်။ ထိုသူလေးဦး တို့သည် အမေရိကန်ပြည်သို့ပြန်၍ ပညာ တတ်အောင် သင်ကြားပြီးလျှင်မိမိတို့မိ သားစုကို သတ် ဖြတ်ခဲ့သော တရုတ်လူမျိုးများအတွက် သေသည့်တိုင် အောင် အမှု ဆောင်ရန်ပြဋ္ဌာန်းကြလေသည်။ စိတ်ပြဋ္ဌာန်းသည့်အတိုင်းပညာများစုံလင်စွာ ဆည်း ပူးပြီး သောအခါ လေးဦးစလုံး တရုတ်ပြည်သို့ ပြန်လာ၍ နှစ်ပေါင်းများစွာ အနွံအ တာခံလျက် အမှုတော်ကို ဆောင်ရွက်ကြလေသည်။ ထိုလေးယောက်အနက် တစ် ယောက်သောသူအားဖြင့်တရုတ်လူမျိုးသည်ခရစ်တော်၏တပြည့် စစ်ဖြစ်လာ လေ သည်။ ထို ဒေါက်တာဂျိမ်း(စ်)ရင် ၏ လံုံ့လဖြင့် တရုတ်ပြည်ကြီး၌ ပြည်လုံးကျွတ်ပ ညာသင်ကြားရေးကို ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့်သန်း ပေါင်း များစွာသော လူတို့သည် စာတတ်ခဲ့ကြလေပြီ။
       အထက်ပါ ညီအစ်ကိုလေးဦးသည် မိမိတို့၏ ဒုက္ခကို သုခဖြစ်အောင် အသုံးချ လျက်၊နစ်နာခြင်းမှ အောင်မြင်လျက် အမြတ်ထုတ်ကြလေသည်။ ဤနည်း သည် ခရစ်တော်၏အောင်မြင်သော နည်းလမ်းဖြစ် လေသည်။ အထက်ပါဖော်ပြသည့် အ သတ္ခံရေသာ သားအဖငါးယောက်တို့၏ အုတ်ဂူနှင့်ဆက်စပ်လျက် အုတ်ဂူနှစ်ခု ရှိသေး၏။ ၄င်းတို့မှာ ထိုသူငါးဦးတို့နှင့် တစ်ပါတည်း အသတ္ခံရေသာ သာသနာပြု ဆရာမကြီးနှစ်ဦး၏ အုတ်ဂူဖြစ်၏။ သူတို့၏ မိခင်ကား ဩစတြေးလျတိုက်၌ နေ ထိုင်သော မုဆိုးမဖြစ်လေသည်။
       ထိုမုဆိုးမသည် သမီး နှစ်ယောက် အ သတ္ခံရေသာ သတင်းကိုကြားရသော အခါ သာသနာပြုဆရာအဖြစ် စေလွှတ်ချင်သော ဆန္ဒရှိသော်လည်းနောက်ထပ်စေ လွှတ်စရာ အျခားသားသမီးမ်ားမရွိ။ ထို့ကြောင့် တရုတ် ပြည်သို့ကိုယ်တိုင်သွား၍ အမှုတော်ဆောင်ရန်သာရှိသည်ဟု ဆိုကာဥစ္စာရှိသမျှ ရောင်းချလျက်သမီးတို့အသတ်ခံရာဒေသသို့ထွက်သွားလေ၏။ ထိုဒေသ၌ ကျောင်း တစ် ကျောင်းဖွင့်၍ကလေးတို့ကိုပညာသင်ပေးလေ၏။ တရုတ်ပြည်သို့ သွားသော အခါ အသက်(၆၂) နှစ်ရှိချေပြီ။ အနှစ် နှစ်ဆယ်တိုင်တိုင် အမှုတော်ဆောင်၍ အ သက်(၈၂) နှစ်တွင်ကွယ်လွန် သွားရှာလေသည်။
     ဤအထက်ပါ ကျန်ရစ်သူ ငါးဦးတို့သည် မိမိတို့ ခံရေသာ နစ်နာမှု၊ ရက်စက်မှု၊
ကြမ်းကြုတ်မှုများ အတွက် အံကြိတ်ပြီး တတွေးတွေး၊ တဆွေးဆွေး မေန ကြ။
ဆင်းရဲခြင်းကို လက္နက္သ ဖွယ်ဆုပ်ကိုင်အ သုံးပြုလျက်အကျိုးဆောင်အ ရာ ရောက်အောင် အသုံးပြုကြလေပြီ။ သက်ရောက်လာသည့်အဖြစ်အပျက်၊ အခြေ အေန၊ စက်ရထားကြီး၏ ဆွဲငင်ရာသို့ မလိုက် မ သြားဘဲ၊ ၄င်းရထားပေါ်သို့ တက် ပြီးလျှင် လိုရာစခန်း သို့ရောက်အောင် မောင်းနှင်ကြကုန်၏။ လိုရာစခန်း သို့ ရောက် လာသောအခါ အဘယ်မျှလောက် ဘုန်း က်က္သေရ ရရှိပေမည်နည်း။
    ချစ်သောမိတ်ဆွေ သင်၌ မမျှော်လင့်ဘဲ ဆင်း ရဲဒုက္ခကျရောက်လာပါက မည်သို့
တုန့်ပြန်မည်နည်း။ အကျိုးမဲ့၊ အကြောင်းမဲ့ဒုက္ခပြဿနာမိမိအပေါ် (ဝါ) မိမိခ်စ္သူ များအပေါ် (ဝါ) မိမိဥစ္စာအပေါ် ကျရောက် သောအခါ ကျွနု်ပ်တို့သည်ဝမ်းနည်း ကြေကွဲ တတ်ကြ ၏။
     အခါတပါး၌ မျက်နှာဖြူဆရာဝန်တစ်ဦးသည် နှစ်ပေါင်းများစွာ ဒုက္ခခံ၍ ဆေးရုံ တစ်ခုကိုတည်ထောင်လေ၏။ တရုတ်ပြည်ရှိ ကွန်မြူနစ်ဂိုဏ်းသား မ်ား ချီတက်လာ ရာလမ်း၌ ထိုဆေးရုံကို တွေ့သဖြင့် ဖျက်ဆီးကြရာ နောက်ဆုံးတွင် နံရံသာကျန်ခဲ့ လေ သည်။ ဤသို့သောနစ်နာမှုအတွက် စိတ်ကြေအေးငြိမ်း ချမ်းရန် ခဲယဉ်းပေ လိမ့်မည်။ သို့ဖြစ်လျက်နှင့် ထိုခရစ် ယာန်ဆရာဝန်ကြီးသည် စိတ်ဓါတ်မကျ။ သူ့ဆေးရုံကို ဖျက်ဆီးသော တပ်နောက်သို့ လိုက္သြား၍ ဖ်ားနာ သော စစ္သားမ်ား၊ ဒဏ်ရာရသော စစ်သည်များကို ကုသပေးလေ၏။
    ဤအချင်းအရာကို စစ်ဗိုလ်ချုပ်ကြီး ချန်ကေ ရှိတ် မြင်သော် မိမိမယားအား
ဤလူမျိုးခြား ဆရာဝန် ဟာ သူ့ဆေးရုံကို ဖျက်ဆီးတဲ့လူတွေကို ကြည့်ရှုပြုစု နေ သည်မှာ ဘယ်လိုသဘောမျိုးလဲဟူ၍ ဤသို့မေး၏။ မိမိဇနီးသည်ကခရစ်ယာန်သ ဘောပေါ့ဟု ပြန်ပြော လျှင် စစ်ဗိုလ်ကြီးက ဒီလိုဆိုလျှင် ငါလည်း ခရစ်ယာန် ဖြစ်ရ လိမ့်မည်ဟု ဆိုလေ၏။ တရုတ်ပြည်ကြီး အနှံ့အ ပြား ခရစ်ယာန်များကို မုန်းတီး လျက် နှိပ်ကွပ်လျက် နေသည့် ခေတ်ကြီးတွင် တရုတ်ပြည်၏ သမ္မတမင်းဖြစ် သော စစ်ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ခရစ်ယာန် ဖြစ်လာရ ခြင်းသည် ဆရာဝန်ကြီးအထဲမှ ဖြတ်စီးလာသော ခရစ် တော်၏မေတ္တာတန်ခိုးကြောင့်ပင် မဟုတ်ပါလော။
      ကြမ်းကြုတ်ရက်စက်သော စစ်သားတစ်စုတို့ သည် ဆရာဝန်၏ လုပ်ငန်းတစ်ခု လုံးကိုအခြေအမြစ် ဖြစ်လေ သည်။ အဓမ္မဖျက်ဆီးပစ်ကြသော ကာလ၌ ထိုဆရာဝန် သည်ဘုရားကိုလည်း အပြစ်မတင်၊ လူကို လည်း အျပစ္မ တင်၊ ဆင်းရဲဒုက္ခကိုခေါင်းငုံ့ခံ၍ မေန ထိုဒုက္ခဆင်းရဲကို လက် နက်သဖွယ် အသုံးချတတ်သော ကြောင့်ကမ်ဘာတွင် တစ်ခါ မျှမပေါ်စဖူး ထူးခြားလှသည် ဧဝံဂေလိတရားဟောခွင့် တံခါးကြီးကို တရုတ်ပြည် ၌ လမ်းဖွင့်နိုင်ခဲ့လေပြီ။ ယခုအခါ ထိုဆေးရုံကို အသစ်ပြုပြင်လျှက် ဆရာဝန်ကြီးလည်း မိမိလုပ်ငန်းကို မအား မလပ်ဆောင်ရွက်လျက်ရှိလေပြီ။
       သို့သော်အကျိုးဖြစ်ထွန်းနှုန်းကိုတွက်ဆသော် တသက်ပတ်လုံး အေးအေးချမ်း ချမ်း ဆောင်ရွက်ခြင်းအကျိုးထက်၊ဆင်းရဲဒုက္ခကြုံတွေ့ပြီးမှဖြစ်ပေါ်လာသော အကျိုး ကား အဆပေါင်းများစွာ ကြီးမားလေသည်။ ငြိမ်းငြိမ်းချမ်းချမ်း အမှုတော်ဆောင် နေ ခြင်း ထက် ခေတ္တခဏဆင်းရဲဒုက္ခပြဿနာ ကြုံပြီးမှ စီးထွက် လာသော ဝိညာဉ်အ ရှိန်တန်ခိုးသည်သာ၍ အကျိုးဖြစ်ထွန်းကားပေသည်။
        ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ မိတ်ဆွေအသက်တာ၌မည်သို့သော အခက်ခဲ မျိုးနှင့် ရင်ဆိုင် နေရပါသနည်း။ ရောဂါဝေဒနာလား။ ငွေရေးကြေးရေးလား။ ခ်စ္သူ ဆွေမျိုးများသေခြင်းလား၊ သို့မဟုတ် ဥစ္စာ ဆုံးရံှုးခြင်းလား၊ အပေါင်းအသင်းများ၏ စွန့်ပစ်ခြင်း လား၊ ထိုဒုက္ခပြဿနာအလုံးစုံကို အခွင့်ကောင်းသဖွယ် အသုံးချလျက် ဘုရားသခင်မေတ္တာဖြင့် တုန့်ပြန်ပါက မိတ်ဆွေသည် ဤေလာကကို အောင်မြင်သူ ဖြစ်ပေ လိမ့်မည်။ လောကကိုအောင်နိုင်ကြပါစေ။
                                                                        နာမတော်မြတ်၌ (ဇေန)
                                          


ယခုဘ၀နောင်ဘ၀ အာမခံချက်

           သင်တို့သည် ယုံကြည်ခြင််း၌ တည်သလော၊ မတည်သလောဟု ကိိုယ်ကို ကိိိုယ် စစ်ကြောကြလော့။ ....ယေရှုခရစ်သည်သင်တို့ တည်တော်မူသည်ဟု ကိုယ် အကြောင်းကို ကိုယ်မသိကြသလော။ (၂ကော ၁၃း၅)

      မြန်မာလူမျိုးသည် ငယ်ရွယ်စဉ်ကပင်အဖေ၊ အေမ၊ လူကြီးသူမတို့၏ ဆုံးမသွန် သင်မှုကိုခံကြရ သည်ဖြစ်၍တရားဓမ္မနှင့် ပတ်သက်၍ရင်းနှီးပြီးသား၊ နားလည်သ ဘော ပေါက်ပြီးသားဖြစ်ကြသည်။ သို့သော်အချို့ကဘုရားသခင်သည် ရွိပါ၏ လော ဟု သံသယဖြစ်ကြသည်။ ထို့ကြောင့်ဘုရားသခင်ကကျွနု်ပ်တို့သည် ယုံကြည် ခြင်း၌ တည်သည် မတည်သည်ကို စစ်ဆေးဖို့ သတိပေးထားပါသည်။

     ကျွနု်ပ်တို့သည်မည်သူကိုယုံကြည်သည်။ မည်သို့ယုံကြည်သည်စသည်ဖြင့် စစ် ဆေးမှသာမိမိ တို့အခြေအနေမှန်ကို သိပြီး အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်သည်။ သို့မှ သာ ရှေ့တော်သို့ရောက်သည့်အခါမျက်နှာရပြီး ချီးမွမ်းခြင်းကို ခံရမည်ဖြစ်သည်။

        ဘုရားရှိကြောင်းသက်သေ 
       ဘုရားရှိကြောင်း ကျွနု်ပ်တို့ မည်သို့ သိနိုင်သနည်း။ ဘု ရားဟူ သော ဝေါဟာရရှိ နေသောကြောင့် ဘုရားရှိကြောင်း ကို ကျွနု်ပ်တို့ သိနိုင် ပါသည်။ ဘုရားမရွိဘဲ ဘုရား ဟူသော ဝေါဟာရ မပေါ်လာပါ။ ယနေ့လောက၌ ရှိနေသောအရာ ဝတၴု၊ တိရစၦာန် များသည် သူ့ဝေါဟာရနှင့် သူရှိနေ ကြသည်။ မရှိသောအရာ ဝတၴု၊ တိရစၦာန်အ တွက် ဝေါဟာရ မရွိ ပါ။
တဖန်လူများကဘုရားကိုတကြသည်။ (ဆာ၊၄၂)တွင် သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ ကျွနု်ပ်တို့ ဝိညာဉ်သည် အသက်ရှင်သောဘုရားကို တောင့်တကြောင်းဖော်ပြထားပါသည်။
     ဘုရားမရှိဘဲကျွနု်ပ်တို့ တ စရာအ ကြောင်းမရှိပါ။ ဘုရားရှိသောကြောင့် လူသား မ်ားက ဘုရားကို တနေကြခြင်းဖြစ်ပါသည်။ (ဆာ၊၁၉) ဤေလာ ကကြီးထဲတွင်ရှိ သော ဘုရားသခင် ဖန်ဆင်းထားသော အရာများအားဖြင့် ဘုရားရှင်သည် မိမိရွိ ကြောင်းကို ဖော်ပြနေပါသည်။ ကျွနု်ပ်တို့ပတ်ဝန်း ကျင်ရှိ ရုပ်ဝတၴုပစ္စည်းများကို ကြည့်ပါက ပြုလုပ်ထားသူများရှိကြောင်း ကို ကျွနု်ပ်တို့ သိနိုင်ကြသည်။ 
 
       ဘုရားသခင် ဖန်ဆင်းထားသော နေ၊ လကြယ်နက္ခတာရာများကို ကြည့်ခြင်း အားဖြင့်ဘုရားရှိကြောင်းသိနိုင်သလို၊ ထိုအရာများသည်ငြိမ်သက်မနေပဲ လှုပ်ရှားနေ ကြသော်လည်း၊ တစ်ခုနှင့် တစ်ခုမတိုက်မိကြကြောင်းကို ကြည့်ခြင်းအားဖြင့် ထိန်း ချုပ်ထားသောဖန် ဆင်းရှင် ရှိကြောင်းသိနိုင်ကြပါသည်။
       ဘုရားသခင်ဖန်ဆင်းခြင်းခံရသည့် အရာများစွာရှိသည့်အထဲတွင် လူသည် အ ဘယ်ကြောင့်ဘုရားကိုတမ်းတရုံမျှမက၊ ဘုရားကို ဆာငတ်သောသဘောရှိရပါသ နည်း။ (က၊၁း၂၆) တွင် ဘုရားသခင်သည် လူကို မိမိ၏သဏ္႑ာန်တော်နှင့်အ ညီ ဖန်ဆင်း ထားကြောင်း ဖော်ပြထားပါသည်။ လူ၌ ရုပ်ခန္ဓာ၊ အသက်၊ ဝိညာဉ်ဟူ၍
သုံးပိုင်းတွေ့နိုင်သည်။ တိရစၦာန်များ ၌ ရုပ်ခန္ဓာနှင့် အသက်ရှိသော်လည်း၊ ဝိညာဉ်မ ရွိပါ။ လူနှင့် တိရစၦာန်သည်တူညီခြင်းမရှိ ခြားနားစွာ ဘုရားရှင် က ဖန်ဆင်း ထားပါ သည်။ ထိုကြောင့် လူသည် ဘုရားကို ဆာငတ်တမ်းတရုံ မွ်မက ယုံကြည်ရခြင်း ဖြစ်သည်။

      ယုံကြည်ခြင်းရှိပါ
     (ဟေဗြဲ၊ ၁၁း၆) ဘုရားကို ယုံကြည်သူတိုင်းသည် အကျိုးရှိပါ သည်။ ဘုရားကို ယုံကြည်ခြင်းကြောင့် ဦးစြာ အတွင်းနှလုံးသား နာမ်ဝိညာဉ်၌ တမလွန်စိတ်ချမှုနှင့် ငြိမ်သက်ခြင်း အကျိုးကို ရရှိပါသည်။ (ယော၊ ၁း၁၈)
      ဘုရားသခင်ကို အဘယ်သူမျှမမြင် ဘူးပါ။ သို့သော် ကျွနု်ပ်တို့သည် လြဲ မွားစြာ မယုံကြည်မိဘို့ရန် ယုံကြည်ခြင်း တိကျခိုင်မာဖို့ရန် ဘုရားသခင် သည် မိမိရင်ခွင်၌ ရှိသော တစ်ပါး တည်း သော သားတော်ကို လောကသို့ စေလွှတ်ခြင်းအားဖြင့် မြင် နိုင် သောရုပ်ဝါဒ၌ သက်သေ တွေ့စေပါ သည်။ ကျွနု်ပ်တို့သည် သားတော်ကို ယုံခြင်းအားဖြင့် စိတ်နှလုံး၌ ကြည်၍ အကျိုးကို ခံစားစေဖို့ ဖြစ်ပါသည်။
 
      သားတော်ယေရှုခရစ်သည် ကျွနု်ပ်တို့၏ကံ ကြွေးဝဋ်ကြွေးရှိသမျှအ တွက် ကား တိုင်၌ အသေခံခြင်းအားဖြင့် ဆပ်ပေးခဲ့ပါ သည်။ ဝဋ်ကြွေးသည် ကျွနု်ပ်တို့၌ မွေးက တည်းက ပါ လာသောအပြစ်ဖြစ်ပြီး ဝဋ်ကြွေး၏ အခကအပါယ်ငရဲဖြစ်ပါသည်။ ထို မွေးရာပါဝဋ်ကြွေးကြောင့်အသက်တာ၌ ပြုမိသော မကောင်းမှု၊ ဒုစရိုက်ကျူး လွန် ခြင်းတည်းဟူသော ကံကြွေးလည်း ရှိနေပါသည်။ ထိုကံကြွေး၏ အခက စိုက်သည့် အတိုင်း ရိတ်ရကြမည်ဖြစ်သည်။ 
         (က၊ ၃၁)တွင် ယာကုပ်သည် ဖခင်အား မိမိသည် သားကြီး ဖြစ်ပါသည်ဟု တစ်ကြိမ်သာ လိမ် ခဲ့သော်လည်း သူ ဦးလေးလာဗန်ထံ၌ ဆယ်ကြိမ်တိုင် ပြန်၍ အ လိမ်ခံရပါသည်။ ကျွနု်ပ်တို့သည် မွေးသည့်အ ချိန်ကစပြီး မည်သည့်ဒုစရိုက်ကိုမျှ မပြုခဲ့ဟုဆိုပါကကံကြွေးမဆပ်ရသော်လည်းဝဋ်ကြွေးကံကြွေးရှိနေပါသည်။ ဝဋ်ကြွေး ကိုမျဖစ္မေန ဆပ္ကို ဆပ်ရမည်ဖြစ်သည်။ ထိုသို့လူသည် ဝဋ်ကေကြွေး ရွိ၍ ဆပ်ရ မည်ဖြစ် ကြောင်း သိရုံမျှဖြင့်မပြီးပါ။         
 
       ထိုအရာများအတွက် သခင်ခရစ်တော်သည် ကားတိုင်၌ အေသခံ၍ ပြစ်ကြွေး ရွိသမွ်ကို ဆပ်ပေးပြီးဖြစ်ကြောင်း ယုံကြည်ဖို့ လိုပါသည်။ စစ်မှန်သောယုံ ကြည်ခြင်း ဟူသည်ယုံမှားသံသယ စိတ်မရှိ၊ ဒွိဟသံသယကင်းရမည်ဖြစ်သည်။ သို့မှသာ ယုံ ကြည် ခြင်းမည် ပါသည်။ကျွနု်ပ်တို့သည် ဘုရားသခင် ၏ဂတိတော်အပေါ် စွဲမြဲစွာ ရပ်တည်ဖို့လိုပါသည်။ ထိုဂတိတော်ကား (ယော၊၁၁း၂၄-၂၅)တွင်တွေ့ရသည်။ ဂတိ တော်အချက်ဟူမူကား ငါ့ကို ယုံ ကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့် မည်ဟူ၍ ဖြစ်သည်။

သေခြင်းကိုအစိုးရသောအရှင်
      ဘုရားသခင်၏ ဂတိစကားအပေါ်တွင် ကျွနု်ပ်တို့ယုံ ကြည်နိုင်ဖို့ ရန်သက်သေ ရွိပါသလား။ ယုံလောက် သောသက်သေများစွာ ရှိပါသည်။ ယာဣရုအမည်ရှိသော တရားဇရပ် မှူး၏သမီးသည် သေလွန်သွားပြီဖြစ်သော်လည်း သခင်ယေရှုက မိန်း မငယ် ထလော့ဟုမိန့်တော်မူလျှင်သူသည်ထ၍လှမ်းသွားပါသည်။ ထိုသို့ပြုခြင်း မွာ ကျွနု်ပ်တို့ ယုံကြည်နိုင်ဖို့ ရန် ကိုယ်တော် သက်သေထူခြင်းဖြစ် ပါသည်။
 
      ထို့ပြင် မုဆိုးမ၏တစ်ဦး တည်းသောသားသေ၍ သင်္ဂြိုလ်ဖို့ရန် သယ်ယူလာစဉ် တလားကိုလက်နှင့်တို့တော်မူ၍ အချင်းလုလင် ထေလာ့၊ သင့်အား ငါအမိန့်ရှိ သည် ဟု မိန့်တော်မူလျှင် သေသောသူသည် ထိုင်၍ စကားပြောပါသည်။ (ယော၊၁၁)တွင် လည်း လာဇရုသည် သေပြီး နောက် လေးရက်ရှိချိန်တွင် ထိုအရပ် သို့ကိုယ်တော် ရောက်ရှိသွားပါသည်။
     ထို့နောက်လာဇရုအား သေခြင်းမှ ထမြောက် စေခြင်းအားဖြင့် မိမိသည် သေခြင်းကို အစိုးရ သော အရှင်ဖြစ် ကြောင်းသက်သေထူခဲ့ပါသည်။ ကိုယ်တော်ကလာဇရုအား သေခြင်းမှ ထမြောက် စေခြင်းမပြုမှီ သင်၏မောင်သည် ထမြောက်လိမ့် မည်ဟုမိန့်တော်မူလျှင်မာသကနောက်ဆုံး သော နေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့် မည်ကို ကျွနု်ပ်သိပါသည်ဟု ဆိုပါသည်။ 
 
      ယခုချက်ခြင်း ထမြောက်မည်ဟု မယုံကြည်ပါ။ ကျွနု်ပ်တို့ယုံကြည် သူများသည် လည်း ကိုယ်တော်ကိုမည်သို့ ယုံကြည်ပါသနည်း။ ကိုယ်တော်သည် ယခုပင် အံ့ဩ ဘွယ်အမှု ကိုပြုနိုင်ကြောင်း ယုံကြည်ပါသလား။ကိုယ်တော်သည် သေလွန်ပြီးသော သူမ်ားကို သေခြင်းမှ ရှင်ပြန်ထ မြောက်စေရုံမျှသာမက ကျွနု်ပ်တို့၏ ကံကြွေး၊ ဝဋ် ကြွေးများအတွက် ကား တိုင်၌ အေသခံ၍ ဆပ်ပေးခဲ့ပြီး နောက် သုံးရက် မြောက် သောနေ့တွင် သေခြင်းကို အောင်မြင်၍ ရှင် ပြန်ထမြောက်ခဲ့ပါသည်။ 
 
       ကိုယ်တော်ရှင်ပြန်ထမြောက်ကြောင်း သက်သေကို တပည့်တော်များစွာ မျက် ဝါးထင်ထင် တွေ့မြင်ခဲ့ပါသည်။ ထိုသို့ ထမြောက်ခဲ့သောအရှင်က ငါ့ကို ယုံကြည် သောသူသည်သေလွန်သော်လည်း ရှင်လိမ့်မည်ဟုမိန့်တော်မူခဲ့ပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည်ထိုအရှင်ကို ယုံကြည်လျှင်ကျွနု်ပ်တို့၏မြင်နိုင်သောရုပ်ဝါဒပင်လျှင် မ ပုပ် မပျက်နိုင်သော ခန္ဓာကိုယ်အဖြစ်ပြောင်းလဲပြီး ရှင်ပြန်ထမြောက်၍ဝိညာဏ ခန္ဓာ ကိုယ်အဖြစ်တည်ရှိနေ ရမည်ဖြစ်သည်။ ထိုကြောင့်(တ၊ ၄း၁၂)တွင် သခင်ခရစ် တော်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင် သောနာမတစ်စုံတစ်ခုမျှ ကောင်း ကင်အောက် လူတို့တွင် မပေါ်မရှိဟုြွမက်ဆိုပါသည်။
ယခုဘဝ၊နောင်ဘဝ အာမခံချက်
         ယနေ့ ကျွနု်ပ်တို့အသက် တာ၌ ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင် သော အာမခံ ချက်စိတ် ကျေနပ် လောက်အောင် မရွိပါက ခရစ်တော်၌ ထိုအဖြေရှိကြောင်းပြော လိုပါသည်။ ကျွနု်ပ်တို့သည် ခရစ်တော်ကို ယုံကြည်ပြီးနောက် ဆက်လက်အ သက် ရှင်င်နေကြသေးသည်။ ထိုအရာသည်လည်း အသက်ရှင်သန်မှုတစ်မျိုးဖြစ်ပါ သည်။ ခရစ်တော်ကို ယုံကြည်ပြီးနောက် သေသွားလျှင်လည်းအိပ်ပျော်သည်ဟု ဆိုပါ သည်။ ထိုအခြေသည်လည်း ရှင်သန်မှုတစ်မျိုးဖြစ်ပါသည်။ အကြောင်းမှာ သေလွန် ပြီးသော်လည်း အဆုံးမဟုတ် အိပ် ပျော်သည်ဟု ဆိုသောကြောင့် ထ မြောက်ခြင်း ရှိဦးမည် ဖြစ်ပါသည်။
 
        ယုံကြည်သူအတွက် အာမခံခ်က္ကို ကိုယ်တော်က ပြင်ဆင်ပေးခဲ့ပြီးဖြစ် ပါ သည်။ ယနေ့ ထိုအာမခံချက်ကိုသင်ခံစားရပြီလား။ ကိုယ်တော်ပြင် ဆင်ပေးခဲ့သော အာမခံခ်က္ကို သင်အမှန်ပင် ယုံကြည်ခြင်းရှိပြီလား။ မိမိကိုယ္မိမိ သေချာစွာ စစ် ဆေးဖို့ လိုပါသည်။ မေသခ်ာဘဲ ဟန်ဆောင်၍ကျေနပ်မနေကြဘို့ သတိပေးလို ပါသည်။ ကိုယ်တော်ပြင်ဆင်ပေးသော သက်သေကို မခံစားရသေးသောသူ၌ အ တွင်းသက်သေမရှိသေးပါ။ အာမခံခ်က္ကို ခံစားပြီးသူတိုင်း၌ အတွင်းသက်သေရှိ ပါသည်။ ထိုသက်သေကား တမလွန်နှင့် ပတ်သက်၍ စိတ်မပူခြင်း၊ ငြိမ်သက်မှုကို ခံစားရခြင်းပင် ဖြစ်ပါသည်။ 
 
        ယနေ့ ကျွနု်ပ်တို့သည် အဘယ္သူကို ယုံကြည်ကြပါသနည်း။ အဘယ်သို့ ယုံ ကြည်ပါနည်း။ ယုံကြည်ခြင်းကြောင့် မည်သည့်အရာကို ခံစားရပါသလဲ။ မည်သည့် အရာကိုမွ် မခံစားရသေးပါကယခုပင် အသက္တာကို စစ်ဆေးပြီး အဓိပ္ပါယ်ရှိ သော အနှစ်သာရရှိသောအသက်တာသစ်ကို ခံစားဖို့ရန်အားပေးလိုပါသည်။ အျခား သော သူ၏ပြောစကားအပေါ်၌သာ ကျေနပ်နေဖို့ မဟုတ်ပါ။ ကျွနု်ပ်တို့ ကိုယ်တိုင် သ ခင်ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ယခုဘဝ၊ နောင်ဘဝ၊ အာမခံချက် တည်း ဟူသော တမလွန်အရေးစိတ်အေးငြိမ်သက်မှုအသက်တာကိုကိုယ်တိုင် ခံစား ခြင်း အားဖြင့် အနှစ်သာရနှင် ့ပြည့်ဝသော အသက် တာကို ရရှိပိုင်ဆိုင်ခံ စားကြဖို့ရန်
မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။
                                                နာမတော်မြတ်၌ ညီအစ်ကိုဦးကပ်ခန့်ခုပ်

Wednesday, 17 September 2014

ကားတိုင်ဝေဒနာ

         ထိုအခါယေရှုက ငါသည်သေ လောက် အောင် စိတ်နှလုံး အလွန် ညှိုးငယ်ခြင်း ရှိ၏။ ဤ အရပ်၌ငါနှင့် အတူ စောင့်နေကြလော့ဟု တ ပည့်တော် သုံးယောက် တို့အား မိန့်တော်မူ၍ ...အကျွနု်ပ်အဘ၊ ဤ ခွက် သည် အကြ်နု္ပ္ကို လွန်သွားနိုင် လျှင် လြန္သြား ပါစေသော်၊ သို့သော် လည်း အကျွနု်ပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ်ပါစေသော်ဟု ဆုတောင်းတော်မူ၏။ (မဿဲ ၂၆း၃၇-၃၉)
        လက်ဝါး ကပ်တိုင်ပေါ်တွင်် အသွေးတော် သွန်းလောင်းခြင်း အတွက် ကိုယ် တော် ၏ ခံစားရေသာ ဝေဒနာကို တစ်ဖန်ပြန် လည်ဆင် ခြင်ရမည် ဆိုလျှင် အလွန် ပြင်း ထန်သောနာ ကျင် မှုဝေဒနာဖြစ် ပါသည်။ ''ငါသည်
သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏'' ဟူ သောကိုယ်တော်၏ မိန့်တော်မူချက်ကို ကြည့်ပါက သိ သာထင်ရှားသည်။

 အခိျု့က ဘုရားသခင်ပဲ ခံနိုင်တာပေါ့ဟု ပြောကောင်းပြောကြ မည်။ သို့သော် ကိုယ်တော် လူဇာတိခံယူထားသည်ကို မမေ့အပ်ပေ။ ကိုယ်တော် သည် ဘုရားစင်စစ်၊ လူစင်စစ်ဖြစ်သည်။ လူကဲ့သို့ဝေဒနာ ခံစားနေခြင်းဖြစ်သည်။ ကျွန်တော်တို့သည် လက်မှာဆူးကလေးစူးလျှင် တောင် နာကျင်တတ်ကြသည်။ ကားတိုင် ဝေဒနာမိျုးကို ကျွန်တော် တို့ခံစားရမည်ဆိုလျှင် အဘယ်မျှနာကျင်မည် နည်း... ခံစားကြည့်နိုင်သည်။

       ဆရာတော်တစ်ပါးက ''ကားတိုင်ဝေဒနာ ကိုပေါ့ပေါ့တန်တန် သေဘာထား နေကြသည်'' ဟုဆိုသည်။ တကယ်တော့မေရှိယသခင်၏ လူ့ဇာတိခံသည့်ဘဝ သည် ကြေကွဲဝမ်းနည်း စရာ ဖြစ်သည်။ လူသဘောစရိုက်အရ အယုတ္ညံ့ ဆုံး၊ အ နိမ့်ကျဆုံးနေရာယူခဲ့သည်။ လူမ်ားက မထီမဲ့ မြင်နှင်ထုတ်ကြသည်။ ဣသေရလလူ များကလည်း ဆေးဖေါ်ကြောဖက် မလုပ်ကြ ချေ။ (ဟေရှာယ ၅၃း၃)
        ကိုယ်တော်၏ ကားတိုင်ဝေဒနာသည် ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါးစလုံး နာ ကျင်မှုကို ခံစား ရပါသည်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာ (Physically) သည် အထူးပြောရန်လိုမည် မထင်။ အကြောင်းမှာ အလြန္သိသာ၊ မြင်သာပါသည်။ သခင်ခရစ်တော်သည် လူသားများအပြစ်ကြောင့် ဒဏ်ရာဒဏ်ချက်ပေါင်း မ်ားစြာ ခံစားရသည်။ 
        ဆေးပညာအရ ဒဏ်ရာဒဏ်ချက်(၅)မို်း ခွဲခြားထားသည်။
- တုံးသောလက်နက်ဖြင့် ထုရိုက်ခြင်း(တုတ် ဒဏ်ရာ)။
- ဆုတ်ပြဲသည့်ဒဏ်ရာ (အသားအေရ ပြဲခြင်း)။
- နက်ဝင်သည့်ဒဏ်ရာ (ဆူးခေါင်းရစ် အတင်း စွပ်ခြင်း)။
- ထိုးဖေါက်သည့်ဒဏ်ရာ (သံမှိုနှက်ခြင်း)        
- ခုတ်ရှသည့် ဒဏ်ရာ (လံှဖြင့်ထိုးခြင်း)

        စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာ (Men - tally) မွာ ပါးပုတ်ခံရခြင်း၊ တံတွေး ထွေးခံရခြင်း၊ ရောမအကြီးအကဲ၊ ရောမစစ်သားများ၊ ယဇ်ပုရောဟိတ်များ၊ ကျမ်း တတ္ဆရာမ်ား၊ ဓါးပြ တစ်ယောက်နှင့် အခိျု့သောလူ ပရိသတ်တို့၏ လှောင်ပြောင် သရော်သံများ၊ မထိတထိ မကြားတကြား ရယ်နေသံ မ်ားကို ကိုယ်တော်ကြား နေရသည်။ ကိုယ်တော်အားစိတ်နာကျင်မှုကို ပေးနေ ကြသည်။
        ဝိညာဉ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာ (Spiritually) မွာ ခမည်းတော် ဘုရား သည် သား တော် ဘုရားကို စွန့်ပစ်လေရော့သလားဟူ၍ ခံစား ရသည်အထိ ဖြစ်သည်။ ''အကြ်နု္ပ္ဘုရား၊ အကြ်နု္ပ္ဘုရား အဘယ်ကြောင့်ကျွနု်ပ်ကိုစွန့်ပစ် တော်မူ သနည်း'' ဟူ၍ တွေ့ရပါသည်။ (ဆာလံ ၂၂း၁၊ မဿဲ ၂၇း၄၆)

      ကျေးဇူးရှင်မိဘများ၏ကျေးဇူးကို သား သမီးမ်ားက တစ်သက်လုံးဆပ်တာ တောင်မှ မိခင် နို့တစ်ဖက်ဖိုး မကြေဘူးဟူ၍ မြန်မာမှုတွင်ဆိုထားပါသည်။ ဒဏ် ချက်တော်(ကိုယ်ခန္ဓာ)အားဖြင့် အနာရောဂါငြိမ်းခြင်း၊ ကျန်းမာခြင်းဆုကိုပေး သည်။ အသွေးတော်အားဖြင့် အပြစ်လွှတ်၍ကယ်တင် ခြင်းဆုကို ပေးသည်သာမက ဤ ဘဝမှာပင် ကြွယ်ဝသောအသက်တာ (Abundant Life) ကိုပေးသည့် ခရစ်တော်၏ ကျေးဇူးတရားကို အဘယ်နည်းနှင့်ဆပ်၍ကုန်နိုင်မည်နည်း.. ဆပ်၍မကုန် နိုင်ပါ။ ဆရာကြီး (Studd) က ''ခရစ်တော်ဘုရားက ကျွနု်ပ်အတွက်အသေခံပြီးဖြစ်၍ ခရစ် တော် အတွက် အသက်တာပြန်လည် ဆက်ကပ် ခြင်း သည် ဘယ်နည်းနှင့်မျှ မမ်ား လွန်းနိုင်''ဟုဆိုသည်။

        ခရစ်တော်လက်ဝါးကားတိုင်မှာ အေသခံ ခြင်းသည် အစီအစဉ်မရှိ၊ မတော် တဆ (Accidently) ဖြစ်လာခြင်း မဟုတ်ပါ။ ဘုရားသခင်၏ အကြံအစည်တော်အ တိုင်း ဖြစ်လာခြင်းဖြစ်သည်။ (ဟေရှာ ၅၃း၄-၆၊ ဆာလံ ၂၂း၁၊ မိ၅း၁) တို့တွင် ပေရာ ဖက်ပြုထားသည်အတိုင်း ပြည့်စုံလာရသည်။ ယနေ့ခေတ်ကာလတွင်ပရောဖက် ပြုချက်များ တစ်ခုပြီးတစ်ခု ပြည့်စုံလာသည် ကို ကျွနု်ပ်တို့ ငြင်း၍မရပါ။ 
 
       သခင်ခရစ်တော်လက်ဝါးကပ် တိုင်မှာအသေခံ တော်မူသည့်နေ့တွင်ပင်လျှင် ပရောဖက်ပြုချက် (၃၃) ခု ပြည့်စုံကြောင်းသိရ သည်။ (ဟေရှာ ၅၃း၃) ပေရာ ဖက်ပြု ခ်က္ကို အခြေခံ၍ စပ်ဆိုထားသည့် ကဗ်ာ တစ် ပုဒ်နှင့်ဤ ဆောင်းပါးကို နိဂုံးချုပ် ပါသည်။ 
 
ကြေကွဲခြင်း လူသားအမည်တွင်ရ... ဘုရားသခင်၏သားတော် ရင်နာစရာ ..
ပျက်စီးသော အျပစ္သားမ်ား ကယ်ဖို့ကြွလာ.. ဟာလေလုယာ၊ ကယ်တင်ရှင်သခင်။
ကြိမ်းမောင်းဆဲဆိုခြင်းနှင့် အရွက္တရား... ငါ့ကိုယ်စားဝင်ရောက်အစားထိုးရှာ ...
အသွေးတော်ဖြင့်တံဆိပ်ခတ်... အပြစ်များကင်းလွတ်.....
ဟာလေလုယာ၊ ငါ့ကယ်တင်ရှင် ...။
                                                                  နာမတော်ဖြင့် - အမ္လာဂ်ာ

Friday, 29 August 2014

နာမည်မသိထင်ရှားခဲ့သူများ

၁။ ကျမ်းစာထဲတွင် နာမည်ပင်မသိရဘဲ၊ သူတို့၏ လုပ်ဆောင်ချက်ကိုသာ သိရေသာသူ အချို့ကို ရှာဖွေတွေ့ရှိရသည်။ သူတို့၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် မှတ်တမ်း၀င်ခဲ့သလို၊ ယနေ့ယုံကြည်သူ မိတ်ဆွေများအတွက်ပါ စံထားရလောက်သော သာဓကများအဖြစ် အသက်ရှင်ခဲ့ကြသည်။ ဘုရားဘုန်းတော်အတွက် နာမည် ပင်မသိလိုက်ရပါ။ ဒါပေမဲ့ ထူးခြားသော အပြုအမူများအတွက် နမူနာယူစရာ ဖြစ်ခဲ့ရသည်။

ဗိုလ်ချုပ်နေမန်အိမ်မှ ကျွန်မိန်းခလေး
    စစ်တိုက်ရာမှ ဖမ်းဆီးခေါ်ဆောင်လာသော ဣသေရလ အမျိုးသမီးငယ်လေး
ပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး၏ နေအိမ်တွင် အိမ်မှုကိစ္စများကို လုပ်ဆောင်ပေးရ သောထိုခောတ် ထိုအချိန်အခါက ကျွန်မိန်းခလေးပင် ဖြစ်သည်။ အိမ်ရှင် ဗိုလ်ချုပ်ကြီးအတွက် နူနာပျောက်ဖို့ရန် လမ်းညွှန်ပေးသည်။ သူ၏လမ်းညွှန်မှုက သူ့အမျိုးအ တြက္သာမက၊ ဣသရေလပြည်တွင်ရှိသော ဘုရားလူ (ပရောဖက်) ရှိကြောင်းကို သိစေသည်။ တိုင်းတပါးသား၊ လူမျိုးခြားဖြစ်သော ဗိုလ်ချုပ်ကြီးပင်လျှင် ထာ၀ရဘု ရားကို သိလာရသည်။ ဘုရားဘုန်း ထင်ရှားရပေသည်။ အိမ်တွင်အစေခံ ကျွန်ဖြစ်ပေမဲ့ သူ့သခင်အတွက် စိတ်ထားမှန်ကန်စွာနှင့် (စေတနာ) လုပ်ဆောင်ခဲ့ပြီး ကူညီ လမ်းပြခဲ့သော ထိုကျွန်မိန်းခလေးကား နာမည်ပင်မသိလိုက်ရပါ။ သူ၏လုပ်ဆောင်ချက်က ဗိုလ်ချုပ်ကြီးနေမန် နူနာရောဂါ ပျောက်ကင်းသွားခြင်းပင် ဖြစ်၏။

    ယေန့ မိတ်ဆွေနှင့် ကျွနု်ပ်လည်း နာမည်ကောင်းရဖို့နှင့် ဘုရားဘုန်းတော်ထင်ရှားဖို့ ဘယ်အရာက အရေးကြီးပါသလဲ၊ သင်ကကျွနု်ပ်အား ဆင်ခြေ ပေးကောင်း ပေးမည်။ " ဘုရားဘုန်းတော်ထင်ရှားရင် ကျွနု်ပ်လည်း နာမည်ရမှာပေါ့ " လို့သင်ပြောလိမ့်မည်။ ဒီအချက်ကိုလည်း ကျွနု်ပ်သင့်အားမငြင်းဆိုပါ။ သို့သော် ဘုရားဘုန်း တော်အတွက် တချို့လူတွေမှာ မြောင်းထဲခဏ၊ ချောင်ထဲထိုးထားခံရသော သူများရှိသည်။ ထိုသူများအတွက် အားမငယ်မိရန် ဤဆောင်းပါးက ရည်ရွယ်ပါသည်။
၂။ ယနေ့ခောတ်အချိန်အခါမှာ သူများတိုင်းတပါး သားမ်ားထံ သွားရောက်အလုပ် လုပ်ရသည်က ကျွနု်ပ်တို့မြန်မာပြည်က လူများစွာပါသည်။ ထိုအထဲမွာမွ ယုံ ကြည်သူများစွာလည်း (ဣသေရလ) ကျွန်မိန်းခလေးအား နမူနာယူသင့်သည်။ ဘယ်လိုစိတ်ထားနှင့် သင်လုပ်ဆောင်နေသလဲ။ ငွေရဖို့၊ လကုန်လျှင်လစာရဖို့၊ (OT) မ်ားမ်ားရဖို့ ဒါတွေဘဲ သင်စဉ်းစားနေသလား။ သင်၏အိမ်ရှင် အလုပ်ရှင်အား သင်ဆုတောင်းပေးဘူး ပါသလား။ သူ ကိုယ်တော်နဲ့တွေ့ဖို့ သင်စဉ်းစားဘူးပါသလား။ ဗိုလ်ချုပ်နေမန်အိမ်က ကျွန်မလေးကတော့ လိုအပ်လာလျှင် ဘုရားနှင့်မိတ်ဆက် ပေးခဲ့သည်။ သင်ရောစဉ်းစားပြီးပြီလား။
 
ဇိဒုန်ပြည်ဇရတ္တမြို့မှမုဆိုးမ( ၃ရာ ၁၇ း ၁-၂၄ )
    ထိုခောတ်ထိုအချိန်က ဇိဒုန်ပြည်မှာ မုဆိုးမအများရှိကြမည်။ သို့သော်လည်း ဇရတ္တမြို့မှ ထိုမုဆိုးမတစ်ဦးတည်းသာလျှင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးမှ (၃နှစ်ခွဲ) လွတ်မြောက်ခဲ့သည်။ နာမည်ကားမသိရ၊ သူ၏လုပ်ဆောင်ချက်က မုန့်ညက်လက်တဆုပ်စာနှင့် ဆီအနည်းငယ်ကို ဧလိယအား အကုန်ပေးခဲ့သည်။ သူ၏ယုံ ကြည်ခြင်းကား အားကြီးလှပေသည်။ ဒီနေရာမှာ သင်နှင့်ကျွနု်ပ်ဆိုလျှင် ဘယ်လိုဖြေရှင်းမလဲ မိတ်ဆွေ။ ကျွနု်ပ်သဘောအား အမှန်အတိုင်း၀န်ခံရပါလျှင် ကျွနု်ပ်မပေး နိုင်ပါ။ တစ်ပြည်လုံး အစာအဟာရ ခေါင်းပါးနေသည့် ကာလဖြစ်နေသည်။ ဘယ္သူ့ဆီမွာမွ် စားစရာအပိုမရှိပါ။ ချေးယူ၍လည်းမရ။ အစာခေါင်းပါးခြင်း ကာလကလည်း (၃)နှစ်(၆)လ ဆိုတော့ ကျွနု်ပ်ဘယ်လိုမျှ ပေးနိုင်လိမ့်မည် မဟုတ်ပါ။
 
    ဒါပေမဲ့ ကျမ်းစာကတော့ ရှင်းလင်းစွာ ပြောထားပါတယ်။ " မစိုးရိမ်နှင့်။ ငါ့အဘို့မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ " (၃ရာ ၁၇း၁၃)။ ဦးစားပေး လုပ်ရမှာက ဘုရားအတွက် အရင်လုပ်ရမယ်။ ယနေ့ကျွနု်ပ်တို့လည်း ဦးစားပေးမမှားဖို့ သင်ခန်းစာရလိုက်ပါတယ်။
၃။ ဤမုဆိုးမ၏ ယုံကြည်ခြင်း၊ ဦးစားပေးမှန်ကန်ခြင်းက ယနေ့အမှုတော်မြတ်တွင် ပါ၀င်နေသော ယုံကြည်သူတိုင်းအတွက် နမူနာယူစရာပင်ဖြစ်သည်။ နာမည် ကားမသိလိုက်ရပါ။ လုပ်ဆောင်ချက်ကား ယနေ့တိုင် ထင်ကျန်နေဆဲဖြစ်သည်။ ယေန့ ယုံကြည်သူများပင်လျှင် မုဆိုးမ၏ယုံကြည်ခြင်းကို မမှီနိုင်ပါ။ ဘုရားဘုန်းတော် ထင်ရှားဖို့သာ အဓိကကျန်ရစ်ခဲ့သည်။ နာမည်ရလိုခြင်း၊ နေရာရလိုခြင်းက အရေးမကြီးပါမိတ်ဆွေ။ လုပ်ဆောင်ချက်များက ရွှေငွေ၊ ကျောက်ကောင်းအဖြစ်၊ ဘုရားရှေ့ မှာထင်ကျန်ရစ်ဖို့ အရေးကြီးလှသည်။
 
ဆင်းရဲသောမုဆိုးမ ( ဗိမာန်တော်ထဲမှ ) ( လုကာ ၂၁ း ၁-၄ )
    ဆင်းရဲသောမုဆိုးမ၏ ဒင်္ဂါးနှစ်ပြားကား၊ အလှူရှင်အားလုံးထဲတွင် သာ၍သွန်းချကြောင်း ယေရှုပြောခဲ့ပါသည်။ " အခြားသောသူအများထက် သာ၍သွန်းချပြီး " ဟု မှတ်ချက်စကားပြောခဲ့ပါသည်။ ထိုမုဆိုးမကားနာမည် မသိရပါ။ သူများထက် " သာ " တယ်ဆိုတာတော့ ယေရှုပြောခဲ့ပါတယ်။ ယေန့ သင်နှင့်ကျွနု်ပ်လည်း ယုံ ကြည်သူဖြစ်ပြီး ကိုယ္လိုသူလို လူဘဲဖြစ်နေသလား။ သူမ်ားထက္သာတဲ့ နေရာရောက်ပြီလား။ စဉ်းစားစရာပါ။ သူမ်ားထက္သာမွ ယေရှုက မှတ်ချက်ပြုမှာ မိတ်ဆွေ။ သူများနဲ့တန်းတူဆိုရင် သင်ဟာ ( ၀ိညာဉ်ရေးမှာ ) နောက်ကျနေသူဘဲမှတ်ပါ မိတ်ဆွေ။
 
    ဒီနေ့ ယုံကြည်သူတွေအားလုံးထဲမှာမှ သင့်ကို " သာ " တဲ့နေရာကို ယေရှုရောက်စေချင်တယ်။ အားလုံးထက် ထူးခြားစေချင်တယ်။ ဘုရားရှေ့မှာ၊ ဘုရားရဲ့မျက် မှောက်တော်ရှေ့မှာ ဖြစ်တယ်။ အုတ်ရောရော ကျောက်ရောရော ဘ၀ကို ဘုရားကသင့်ကို မလိုချင်ဘူး။ ပူရင်ပူ၊ အေးရင်အေး၊ နွေးနွေးလေးတော့ မဖြစ်စေချင်ပါဘူး။ အဲဒါကဘုရားရဲ့ သေဘာပါဘဲ။
ယနေ့ကျွန်တော်တို့က သူများတွေထက်လည်း မထူးခြား။ ထူးထူးခြားခြား ဖြစ်စေချင်တယ်ဆိုတာ သိရပါမယ်။ ၀ိညာဉ်ရေးရာပိုင်းမှာရော လောကစည်းစိမ် ကြွယ်၀မှုအ ပိုင်းမှာရော သိသိသာသာ ထင်ရှားစေချင်တယ်။ ဒါမွ ဘုရားသားသမီးရဲ့ဘုန်းတော် ထင်ရှားတာကို လူတွေအားလုံးမြင်ဖို့ဖြစ်တယ်။ တစ်နှစ်လာလည်းဒီအတိုင်း၊ နောက်တစ်နှစ်လာလည်း ဒီအတိုင်းတော့ ဘုရား မဖြစ်စေချင်ပါ။
၄။ မုဆိုးမကေတာ့ အားလုံးထက်သာတဲ့ သင်ခန်းစာကို ပေးသွားခဲ့တယ်။ နာမည်မကျန်ခဲ့ပါ။ လုပ်ဆောင်ချက်ကတော့ မမေ့နိုင်စရာပါ မိတ်ဆွေ။

မြည်းရှင် ( ဗက်ဖာဂေရွာ၊ သံလွင်တောင်ခြေအနီး ) (မဿဲ ၂၁း၁-၃ )
    အမည်အရင်းမသိရသော သံလွင်တောင်ခြေရွာကလေး (ဗက်ဖာဂေ) ရွာရှိသူတစ်ယောက်ဖြစ်သည်။ " သခင်အလို " ရှိသည့်ဟူ၍ တပည့်တော်နှစ်ယောက်က ပြောလိုက်သည်နှင့် ချက်ခြင်းပေးလိုက်သည်။ သူကားဘယ်သူမှန်းမသိ။ သခင်ကို နေ့၊ ရက်၊ လ များစွာစောင့်စားနေသူပါပေ။ နေ့စဉ်၊ နာရီတိုင်း သခင်အတွက် ဘာပေးရမလဲဆိုတာ စဉ်းစားနေတဲ့သူဖြစ်တယ်။ ငါ့သခင်အတွက် ငါဘာမှမလုပ်ဆောင် ပေးရသေးပါလား။ တစ်ခုခုတော့ သခင်တောင်းဆိုလာလျှင် ငါလုပ်ပေးချင် လိုက္တာဟု စဉ်းစားနေသောသူမှသာ သခင်တောင်းဆိုလာချိန်တွင် " ချက်ခြင်း " ပေးလိုက်နိုင်မည်သာ ဖြစ်သည်။ ထိုသို့ သခင်အတွက် မစဉ်းစားဘဲ မေ့လျော့နေ လျှင် " ချက်ခြင်း " ပေးလိုက်နိုင်မှာ မဟုတ်ပါ။ သူကိုးကွယ်တဲ့သခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သူသိတယ်။ ဒါကြောင့်နေ့စဉ်ရက်ဆက် မျှော်လင့်နေတယ်။ တစ်ခုခုသခင်အတွက် လုပ်ဆောင်ဖို့ဖြစ်ဖြစ်၊ နောက်တော်လိုက်ဖို့ဘဲဖြစ်ဖြစ် သူပြင်ဆင်ထားပြီးသား ဖြစ်တယ်။ ဒါကြောင့်သခင်အလိုရှိတယ်လို့ ပြောလိုက်တာနဲ့ " ချက်ခြင်း " ထပြီးလုပ်ဆောင်တော့တာဘဲ။
    ကျွနု်ပ်တို့ရော သခင်အတွက် မေ့လျော့နေလား၊ ဘာတစ္ခုခု လုပ်ဆောင်ခဲ့ပြီးပြီလဲ။ လုပ်ဆောင်ဖို့ရန် အသင့်အနေအထား ရှိပြီလား။
 
၅။ သခင်တောင်းဆိုလာလျှင် " ချက်ခြင်း " ထပြီးလုပ်ဆောင်နိုင်မလား။ ဒီအရာတွေက ကျွနု်ပ်တို့အတွက် အရေးကြီးတယ် မိတ်ဆွေ။ လောကမှာသင့်ကို ဘုရား က တစ်ခုဘဲခိုင်းချင်ရင် ခိုင်းမယ်။ သင့်ဘက်က လုပ်ဆောင်ဖို့အတွက် အသင့်ပြင်ထားဖို့က အရေးကြီးတယ် မိတ်ဆွေ။ ကိုယ်တော်ခေါ်ပြီဆို " ချက်ခြင်း " လုပ်ဆောင် နိုင်ဖို့က အရေးကြီးတယ်။ အဲဒီအတွက် အချိန်တိုင်း၊ နာရီတိုင်း၊ စက္ကန့်တိုင်း ကိုယ်တော်အတွက် စဉ်းစားနေဖို့လိုတယ်။ ကိုယ်တော်အတွက် အချိန်ပေးထားဖို့လိုတယ်။ ပြင်ဆင်ထားဖို့လိုတယ်။
 
    မြည်းရှင်က နာမည်မသိလိုက်ရပေမဲ့ လုပ်ဆောင်ချက်က ထင်ရှားလှပေတယ်။ ယေန့ ယုံကြည်သူမိတ်ဆွေများအနေနဲ့ လူတွေကသင့်ကို သိချင်မှသိမယ်။ သင် မြောင်းထဲရောက်နေရင် ရောက်နေမယ်။ ခဏတာဘဲ သင်ရောက်နေပါမယ်။ သင့်ကိုဘုရားက နောက်ချေးပုံထဲကနေ ချီးမြှောက်ပါလိမ့်မယ်။ သင့်ရဲ့လုပ်ဆောင်ချက်သာ ဘုရားရှေ့မှာ ထင်ရှားပါစေ၊ သင့်ကိုဘုရားကတစ်နေ့ ချီးမြှောက်ပါလိမ့်မယ်။ နာမည်ရလိုခြင်း၊ နေရာရလိုခြင်း၊ ထင်ပေါ်ကျော်ကြားလိုခြင်း၊ မျက်နှာရလိုခြင်း အားလုံး ဟာလူတွေ ကြိုက်နှစ်သက်ကြပါတယ်။ ဒါတွေဟာ ဘုရားသဘောမဟုတ်ပါဘူး။ ဒီလောက်ဆိုလျှင် ကျွနု်ပ်ပြောလိုသည့်အချက်ကို မိတ်ဆွေသိနေလောက်ပါပြီး။ 

ထွန်းဇော်

Wednesday, 27 August 2014

ကောင်းကင်ဘုံနှင့် နိဗာန်ဘုံ၏ ခြားနားချက်များ

၁။ ။ ကောင်းကင်ဘုံနှင့် နိဗာန်ဘုံမတူကြပေ။
၂။ ။ နိဗာန်ဘုံသည် တပ်မက်မှုအားလုံး ချုပ်ငြိမ်းရာ နေရာဖြစ်သည်ဟု ဆိုသည်။ မည်သည့် အရာမွ် မရှိတော့သည့် နေရာဖြစ်သည်ဟု လည်ဆိုသည်။ ကောင်းကင်ဘုံသည် မည်သည့်အရာမျှ မရှိတော့သည် နေရာ မဟုတ်ဘဲ ဘုရားသခင်စံမြန်တော်မူရာ၊ မြတ်စွာသော ဘုရားနှင့် အတုူနေရမည့် ထာ၀ဘုံဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ မုန်းတီးခြင်း၊ ဆင်းရဲပင်ပန်းခြင်း၊ မျက်ရည်ကျခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခြင်း မရှိတော့ရုံသာမက လိုလေသေးမရှိ ပြည့်စုံစွာ ရရှိခံစားသော နေရာဖြစ်သည်။ (ဗျာဒိတ် ၂၁း၁-၅)

ယောဟန် ၁၄း၁-၃
          တဖန်တုံး ယေရှုက၊ သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်လော့။ ငါ့ကိုလည်း ယုံကြည်လော့။ ငါ့အဘ အိမ်တော်၌ နေစရာအခန်အများရှိ၏။ 
သို့မဟုတ်လျှင် မဟုတ်ကြောင်း ငါမပြောဘဲမနေ၊ သင်တို့ နေစရာ အရပ်ကိုပြင်ဆင်ခြင်းငှါ ငါသြားရ၏။ ငါသည် သြား၍ သင်တို့နေစရာ အရပ္ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည် ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

၂ကော၅း၁-၃
          ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်းဆင်းတော်မူူသော နိစ္စအိမ်ရှိကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်။ ညည်းတွားမြည်တမ်း လျှက် နေကြ၏။ ထိုသို့၀င်စာလျှင် နေရာမဲ့ဖြစ်မည်မဟုတ် ဟု လာသတည်။

၃။ ။ နိဗာန်ဘုံသို့ ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှ လွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှုအနေဖြင့် ထိုဘုံသို့ ရောက်ရသည်ဟု ဆိုသည်။ ကောင်းကင်ဘုံသိို့ရောက်ရန်မှာ လူ့ဘ၀တွင် ယေရှုဘုရားကို ယုံကြည်လက်ခံ၍ ကိုးကွယ်ပါက သေလျှင်သေချင်း ပါရဒိသုဘုံသို့ ၀င်းစားရသည်။ 
(လုကာ၁၆း၁၉-၃၄)
          သက်သေသာဓကဖြင့်ပြရသော် လက်ဝါးကပ်တိုင်တွင် ယေရှုဘုရားနှင့်အတူ အသေခံခဲ့သော သူခိုးဓါးမြ တစ်ယောက်သည် လက်ဝါးကပ်တိုင်၌ ယေရှုဘုရားကို ယုံကြည်လက်ခံခဲ့ရာ ယေရှုဘုရားက ယနေ့တွင် ငါနှင့်အတူ ပါရဒိသုဘုံ(ကောင်ကင်နိုင်ငံ)၌ ဆုံဆည်းကြမည်ဟု ဂတိပေးလိုက်ပါသည်။

၄။ ။ နိဗာန်ဘုံသို့ရောက်ရန် လူကကြိုးစားကျင့်ကြံအားထုတ် ဖန်တီး၍ရသည်ဟု ဆိုသည်။ ကောင်းကင် နိုင်ငံတော်သို့ ရောက်ရန် လူကကြိုးစား၊ ကျင့်ကြံအားထုတ်၍ မရေပ။ အဘယ့်ကြောင့်ဆိုသော် ကုသိုလ္က တစ်ပဲ၊ ငရဲက တစ်ပိဿာ ဖြစ်နေပါသည်။


ဟေရှာယ၆၄း၆
          ပြုဘူးသမျှသော ကောင်းမှုကုသိုလ်သည် ညစ်သောအ၀တ်နှင့်တူကြပါ၏။ အကျွနု်ပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညိုးနွမ်းလျက်ရှိ၍ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွနု်ပ်တို့ကို တိုက်သွားပါပြီ။

ဆာလံ၆၂း၉
          အကယ်စင်စစ် ယုတ်ည့ံသောသူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ (အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏) ချိန်ခွင်နှင့် ချိန်စစ်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏ ဟု သမ္မာကျမ်းစာလာသတည်း။ သို့ဖြစ်၍ ကောင်းကင်ဘုံသို့ ရောက်ရန်မှာ- 

ယောဟန်၁၄း၆၏
          ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ္သူမွ် ခမည်းတော်ထံသို့ မရောက်ရ ဟု အတိအလင်းဖော်ပြထားပါသည်။(၂ကော ၅း၁-၄၊ ယောဟန် ၁၄း၁-၃)

၅။ ။ နိဗာန်ဘုံသည်ဖြစ်ပေါ်တည်ရှိခြင်းမှ မည်သည့်အရာမျှမရှိခြင်းသို့ သွားရသည်ဟု ဆိုသည်။ ကောင်းကင်သည်ဖြစ်ပေါ်တည်ရှိသော ယာယီလောကမှ ထာ၀ရတည်မြဲသော ကောင်းကင်နိုင်ငံတော်သို့သွား ရသည်။ 

ဗျာဒိိတ် ၂၂း၅
          ထိုမြို့၌ ညမရွိရ။ ဆီမီးကိုအလိုမရွိ။ နေ၏အရောင်ကိုလည်းအလိုမရှိ။ အကြောင်းမူကား ထာ၀ရအရှင်ဘုရားသခင်သည် သူတို့၌ နေရောင်ခြည်ကိုလွတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံကြလတံံ့ ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

၆။ ။ နိဗာန်သို့ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှလွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှု အနေဖြင့် ထိုဘုံသို့ရောက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ထိုဘုံသို့ရောက်ရန် အလွန်တရားကြာ ညောင်းဘွယ်ရာရှိပါသည်။ သို့သော် ကောင်းကင်ဘုံသို့ရောက်ရန်မှာ ယနေ့လည်းဖြစ်နိုင်သည်၊ မနက်ဖြန်လည်း ဖြစ်နိုင်သည်။ ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက် မေကြးမွီ ပင်ရောက်နိုင်ပါသည်။ ခရစ်တော်ကို ကိုးကွယ်ယုံကြည်သောသူများအဖို့ အသက်ထွက်လျင်ထွက်ချင်း ရောက်နိုင်ကြောင်း သမ္မာကျမ်းစာတွင် အတိအလင်းဖော်ပြထားပါသည်။

၂ကော၆း၂
          ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန်၌သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သော အချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏ ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။

၇။ ။ နိဗာန်ဘုံသို့ရောက်ရန်မှာ အလှူဒါနအနည်းနှင့်အများ ပါ၀င်ခြင်းအားဖြင့်ရောက်နိုင်သည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို့ရောက်ရန်မှာ အလှူဒါန ကျပ်ငွေ သိန်း၊ သန်း၊ ကဋေချီ၍ ပေးကမ်းသော်လည်း မရောက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နို်င်ငံတော်သည် တန္ဖိုး အလွန်ကြီးမားလွန်းလှပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ၀ယ်၍မရဘဲ ယေရှုဘုရား၏ အသွေးတော်မြတ် တစ်ပါးတည်းသာ ၀ယ်ပေး၍ရကြောင်း သမ္မာကျမ်းစာတော်မြတ်တွင် အတိအလင်းဖော်ပြထားပါသည်။ (မာကု၈း၃၆-၃၇)

ဟေဗြဲ၉း၂၂
          (ခရစ်တော်၏) အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

ဧဖက် ၂း၈-၉
          ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်၏ သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူ ခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ္သူမွ် ဝါကြွားစရာအခွင့်မရှိ သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
          မိတ်ဆွေစဉ်းစားရမည်မှာ လောက၌ ဒွန်တွဲလျှက်ဆန့်ကျင်ဘက် သေဘာတရားမ်ား ဧကန်အမှန်ရှိပါ သည်။ ဥပမာ - အဖြူလိုလျှင် အမဲရှိသည်။ အဆိုးလိုလျှင် အကောင်းရှိသည်။ အမှောင်ရှိလျှင် အလင်းရှိသည်။ သေခြင်းရှိလျှင် ရှင်ပြန်ထမြောက်ခြင်းရှိသည်။ သင်္ခါရလောကရှိလျင် ထာ၀ရကောင်းကင်နိုင်ငံရှိသည်။ ထာ၀ရငရဲမီးအိုင်ရှိလျှင် ထာ၀ရ သုခချမ်းသာရှိသည်။ အစစ်ရှိလျှင် အတုရှိသည်။ ဤအဖြစ်အမှန်များကို ဆန့်ကျင်ကျောခိုင်း၍ မရေပ။

ယောဟန်၆း၄၇
          ယေရှုဘုရားက ငါအမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာ၀ရအသက္ကိုရ၏ ဟု ဆိုသတည်း။

ယောဟန် ၁၁း၂၅
           ယေရှုက ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်ပြန်ထမြောက်ရမည် ဟု မိန့်တော်မူ၏။

ဗျာဒိတ်၂၀း၁၀
          မာရ္နတ္ကို၊ သားရဲ(၀ိညာဉ်ဆိုး)နှင့် မိစာၧပရောဖက်ရှိရာ ကန့်နှင့်ရောနေသော မီးအိုင်ထဲသို့ ချပစ်လျှင် ထိုသူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် (ကမ္ဘာအဆက်ဆက်)ပြင်းစွာသော ေ၀ဒနာကို ခံရကြလတံ့ ဟု သမ္မာကျမ်းစာတွင်ဖော်ပြထားပါသည်။ ထာ၀ရသုခချမ်းသာခြင်းရှိသကဲ့သို့ ထာ၀ရညှင်းဆဲနှိပ်စက်ခြင်း လည်းရှိကြောင်း သမ္မာကျမ်းစာတွင် သတိပေး ဖော်ပြထားပါသည်။ 

ယောဟန်၈း၁၂
          တဖန်တုံး ယေရှုက ငါသည်ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသြားအလာ။ အသက်၏ အလင်းကို ရလိမ့်မည် ဟု မိန့်ဆိုထားပါသည်။
(by Dr.Alvin A.low)

Monday, 25 August 2014

ဂျူးလူမျိုး အစ္စရေးနိုင်ငံ သမိုင်းအကျဉ်း။

ဂျူးလူမျိုးများ၏ ဖခင် အာဗြဟံသည် ဘီစီ ၁၈၀၀ တွင် အစ္စရေးနိုင်ငံတွင် မြေ၀ယ် ယူခဲ့သည်။ (ယခုအချိန်တွေင် ပါလက်စတိုင်းများ သိမ်းပိုက် ထားသော ဒေသဖြစ်သည်)
ဘီစီ ၁၇၀၀ - အာဗြဟံ၏ သားငယ် ယာကုပ်သည် အစ္စရေး ဟု ဂျူးဘုရားမှ ပြောင်းလဲခေါ်ကာ ထိုမှစရျ် မျိုးဆက် အားလုံး အစ္စရေးလူမျိုး ဟု စတင်ခေါ်ေဝါ်လာကြသည်။ ဂျူးလူမျိုးဖြစ်ပေါ်လာသည်မှာ အစ္စရေး၏ စတ္တုထသား နာမည်သည် ဂျူးဒ ဖြစ်သည်။ ထိုမှ စရျ် ဂျူးဟု ခေါ်ဆိုလာကြသည်။

ဂျူးလူမျိုးများသည် အကြိမ်ပေါင်းများစွာ ကျွန်အဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ အီဂျစ်နိုင်ငံတွင် နှစ်ပေါင်း ၄၃၀ ကျွန်ခံပြီးနောက်...
ဘီစီ ၁၄၀၀ တွင် မောရှေဦးဆောင်ရျ် ဂျူးလူမျိူးများသည် အစ္စရေးနိုင်ငံသို့ ပြန်လာသည်။
ဒေးဗစ်ရှင်ဘုရင်သည် ဘီစီ ၁၀၀၀ တွင် ဂျေရိုဆလင်မြို့ တောင်ကုန်းကို Jebusites လူမျိုး Ornan (အောရ်နန်) ဆိုသူမှ လက်ဆောင်အဖြစ် ပေးသော်လည်း အခမဲ့ မယူချင်ဘဲ၊ ၀ယ်ယူခဲ့သည်။

ဘီစီ ၉၅၀ တွင် ဒေးဗစ်ရှင်ဘုရင်၏သားတော် ဆောလုမွန်မှ ဂျေရုဆလင် တောင်ကုန်းပေါ်တွင် ဂျူးဗိမာန်တော် တည်ဆောက်သည်။ (ထိုနေရာတွင် ယခု မူဆလင် မော့စ် ရှိသည်)

ဘီစီ ၅၈၆ တွင် ဘာဘေလွန်ဘုရင် (ယခု အီရတ်နိုင်ငံ) နေဘုခနေဇာမှ ဗိမာန်တော်ကို ဖျက်စီးသည်။

၇၀ နှစ်အကြာအတွင် ဂျူးများမှ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်သည်။

အေဒီ ၇၀ တွင် ရောမအင်ပါယာမှ ဂျူးလူမျိုးများကို သိမ်းပိုက်သည်။ ဗိမာန်တော်ကို ဖျက်စီးသည်။

အေဒီ ၁၃၅ ရောမအင်ပါယာမှ အစ္စရေးနိုင်ငံကို ပါလက်စတိုင်းဟု အမည်ပြောင်းသည်။

အစ္စလမ်ဘာသာ စတင်သည့်ခေတ် အေဒီ ၆၃၈ တွင် အာရပ္မ်ားမွ အစ္စရေးနိုင်ငံကို သိမ်းပိုက်ကာ ဂျူးဗိမာန်တော်နေရာတွင် မူဆလင် မော့်စ်ကို အစားထိုးဆောက်သည်။

၁၉၄၁ မွ ၁၉၄၅ ခုနှစ်ကြားတွင် ဂျူးလူမျိုး ၁၁ သန်းခန့်အား နာဇီခေါင်းဆောင် ဟစ္တလာမွ အဆိပ်သင့် သတ်သည်။

ဂျူးလူမျိုးများသည် နိုင်ငံအန့ှံတွင် နှိပ်စက်ခံရသော်လည်း အစ္စရေးနိုင်ငံတွင် မြေများကို လာရောက် ၀ယ်ယူလေ့ရှိပြီး တဖြည်းဖြည်း ပြန်လာကြသည်။

၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ လွတ်လပ်ေ၇း ရရှိသည်။ (မြန်မာနိုင်ငံနဲ့ လွတ်လပ်ရေး ရသောနှစ် တူညီသည်။)
အစ္စရေးနိုင်ငံလွတ်လပ်ေ၇းရရှိရန် မြန်မာနိုင်ငံမှ ထောက်ခံပေးခဲ့သည်။

အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်ရာတွင် သဲကန္ဒာရကို မျက်ခင်းလွင်ပြင် ဖြစ်အောင် အားကြိုးမာန်တက် တည်ဆောက်ကြသည်။

၁၉၆၇ ဇြန္လ ၅ ရက်မှ ၁၀ ရက်နေ့များတွင် အီဂျစ်၊ စီးရီးယား၊ ဂျော်ဒန်တို့နဲ့ ၆ ရက်ကြာ စစ်ပွဲဖြစ်ပွါးခဲ့ရာ မြန်မာနိုင်ငံသား ကမ်ဘာကုလသမ္မဂ အထွေထွေအတွင်းရေးမှုး ဦးသန့်မှ ကူညီဖြေရှင်းပေးခဲ့သည်။

အစ္စရေးနိုင်ငံ၏ လက်ရှိ အလံသည် ဘီစီ ၁၀၀၀ အတွင်း အုပ်ချုပ်ခဲ့သော ဂျူးရှင်ဘုရင် ဒေးဗစ်၏ တံဆိပ်တော် ဖြစ်သည်။

KWYM (ကျော်ဝေယံမင်း)

အကြံအဖန်

တစ်လောက အကြံအဖန် ဟူသောစကားကို နားမဆံ့အောင် ကြားခဲ့ရသည်။ ခုတော့ မကြားရတာ ကြာခဲ့ပြီ။ အဘယ်ကြောင့် ဆိုသော အကြံအဖန်ဟူသော စ ကားအစား လက်ဖက်ရည်ဖိုး ဟူ၍ လိမ္မာ ပါးနပ် စြာ ပြောင်းလဲသုံးနှုန်း လာခြင်း ကြောင့် ဖြစ်သည်။ အစပထမတွင် အသစ်အ ဆန်းထွင်ထားသော စကားလုံးဖြစ်၍ စိတ်ဝင်တစား ရှိသော် လည်း နေ့စဉ် လိုလို ကြားရဖန် များလာသော အခါ သမာ ရိုးက် သုံးနှုန်း သောဝေါဟာရတစ်ခုအဖြစ်သာ သဘောထားလာသည်။ ကြာတော့ လည်း ရိုးသြား သည်။ သို့သော် ထူးဆန်း သည်မှာ လုပ်ရင်းရိုး မသွားခြင်းပင် ဖြစ်ပါသည်။ အကြံအ ဖန်(ဝါ) လက်ဖက်ရည်ဖိုးဆိုသည်မှာရသင့်ရထိုက်သောနည်းလမ်း အားဖြင့်မ ဟုတ် ဘဲ၊ မိမိကိုယ်ကိျုးစီးပွား အတွက် မတရားသောနည်းလမ်း အားဖြင့် ရယူခြင်း ကို ဆိုလိုသည်ကို အမ်ားနား လည်သ ဘောပေါက်ပြီး ဖြစ်ပါသည်။
          ဤအ လုပ်မိျုး ကို မယုံကြည်သူများထဲတွင်တွေ့ရသကဲ့သို့ယုံကြည်သူခရစ်ယာန် အသိုင်းအဝိုင်း ထဲ တွင်လည်း တွေ့နေ ရပေသည်။ ဝမ်းနည်းစရာကောင်း လေစွ။ 
ဤသို့သောအကြံအဖန်လုပ် ရပ္တစ္ခုကို ကျမ်းစာထဲတွင် တွေ့ နိုင်ပါသည်။ ယင်းလုပ်ရပ်မှာ အျခား မဟုတ်။ အာဗြံဟံသည် ဘုရားသခင် ပေးမည့်သားကို ဘု ရားသခင်နည်း လမ်းဘောင်ထဲမှာ မရယူဘဲ သူ့နည်း သူ့ဟန်၊လူ့အကြံ အစည်ဖြင့် ရယူ လိုက်သောလုပ်ရပ်ပင် ဖြစ်ပါသည်။ ဘုရားသခင်က အာဗြံဟံ အား သင့်ကိုယ် ထဲက ထွက်သော သားကို ပေးမည်။ တဖန် ဘုရားခင် နှုတ်ကပတ်တော် ရောက် လာသည်ကား ဤသူသည် သင်၏အမွေ ခံမဖြစ်ရ၊ သင်၏ကိုယ်ထဲက ထွက် သော သားသည် သင်၏ အေမြခံ ဖြစ် လိမ့်မည်ဟု မိန့်တော်မူ၏ (ကမ်ဘာ၊၁၅း၄)။ ဤကတိ တော်များသည် ဘုရား သခင် သတ်မှတ်ချက်ဘောင် ဖြစ်ပါ သည်။ ထို့ကြောင့် အာ ဗြံဟံသည် ရ သင့်ရ ထိုက်သော အခွင့်အရေးမှန်သ မွ်ကို ဘုရားသခင်၏ကန့်သတ် ချက် ဘောင်အတွင်းမှသာ ရယူရမည်ဖြစ် ပါသည်။ 
          သို့သော် အာဗြံဟံသည်ဘုရားသခင်၏ဂတိတော်ကိုမစောင့် နိုင်။ နှစ်ပေါင်းကြာ လာသောအခါ ဘုရားစကားကို နားထောင်မည့်အ စား မယားစကားကို နားထောင် ခဲ့လေ သည်။ ထို့ကြောင့် ( အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တု ပြည်သူ ဟာဂရအမည်ရှိ သောကျွန်မတ ယောက် ရှိသည်ဖြစ်၍၊ စာရဲက၊ အကျွနု်ပ် အားသားဘွားရသောအခွင့်ကို ထာဝရဘု ရားပေး တော်မမူ။ အကျွနု်ပ်၏ကျွန်မထံ သို့ ဝင်ပါလော့။ သူ့အား ဖြင့်အကျွနု်ပ် သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါ လိမ့် မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကိုနားထောင် လေ၏။ ) က ၁၆း၁-၂ ဤသို့ ဖြင့်အာဗြံဟံသည် ဘုရားသခင်၏ဂတိတော်ကို မစောင့်ဘဲအကြံအ ဖန် သားကိုရခိျန်မှာ အသက်(၈၆)နှစ်ရှိလေပြီ။ ထိုသား၏ အမည်မှာ ဣရှမေလဖြစ် သ တည်း(က ၁၆း၁၅-၁၆)။ တနည်းအားဖြင့်အာဗြံဟံသည်ဘုရားသခင်၏အလို တော် အ တိုင်းမဟုတ်။ လူ့နည်းလူ့ဟန်ဖြင့်လုပ် ယူသော သား ဖြစ်သောကြောင့် အကြံအ ဖန္သားဟု ခေါ်ရခြင်း ဖြစ် လေသည်။ 

        ချစ်သောမိတ်ဆွေသင်သည်လည်း၊ ဘုရားသခင်အလိုတော်အ တိုင်း မဟုတ်။ မိမိအလိုဆန္ဒကို ဦး စားပေးပြီး မိမိဉာဏ်နှင့် လုပ်ယူသောအရာဟူ သမျှသည်၊ အ ကြံအဖန်လုပ် ရပ်သာ ဖြစ်လေသည်။ ဌာနတစ္ခုမွာ အလုပ်ရ ရှိရေး၊ ရာထူးရရှိရေး၊ နေရာထိုင်ခင်းရရှိရေးအတွက်ဆိုပြီး၊ ရိုးသားဖြောင့် မတ်ခြင်းမရှိ။ အစိုးရ သတ်မှတ် ချက်၊ စည်းမျဉ်း စည်းကမ်း အတိုင်းမဟုတ်။ လာဘ်ပေးပြီး ရယူ ခြင်း၊ အထက် အ ရာရှိကြီးများနှင့်ခန္ဒာ အပ်နှင်းပြီး မရရ အောင် လုပ်ယူခြင်း များသည် အကြံအဖန် သာ ဖြစ်လေ သည်။ ဤသို့သောလုပ်ရပ်များသည် ယနေ့ဆိုရင် ဘာသာရေးလောကထဲအထိစိမ့် ဝင် လာလေပြီ။ တခိျု့နိုင်ငံခြား ထောက်ပံ့ကြေး ရရှိရေး အတွက် သူ များအဖွဲ့အစည်း ဓါတ်ပုံ မ်ားကို ရိုက်ပြီး ထိုဓါတ်ပုံများ ကို Website ၌တင်ပြီးလုပ်စားနေ သောအမှု တော်ဆောင်များလည်းရှိပေသည်။      
        တစ္ခိ်န္က ကျွနု်ပ်ခင်မင်ရင်း နှီးခဲ့သော အမှုတော် ဆောင်တချို့ သည် အံ့သြဘွယ်ရာ ပြောင်းလဲသွား ကြ၏။ တစ္ခိ်န္က သမ္မာကျမ်းစာသြ ဝါဒအ တိုင်း ခံယူခဲ့သော်လည်း ကျမ်းစာနှင့် ဆန့်ကျင်ဘက်မှားသော သြ ဝါဒဘက် ကို လုံးလုံးပါသွားခဲ့သည်မှာ မယုံနိုင်စရာဖြစ်ပါ၏။ သို့သော် အမှန် တကယ် ပါသွားခဲ့လေပြီ။ အကြောင်းမှာယခုခံယူသောဝါဒသည်မှားယွင်းသော်လည်း ငွေကြေး အင်အား ကောင်းသောကြောင့်ပါသွားခြင်း ဖြစ် ကြောင်း သိရေလ သည်။ ထိုအခါ တမန်တော်ပေါလု၏ သြဝါဒကို သတိရမိသည်။       
        ''ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏အမှုကို မဆောင်ရွက် ဘဲလျက်မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍လောကဝတ်စကားနှင့် ချော မော့သော စကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ် ကြ ၏။'' (ရော၊ ၁၆း၁၈ )။ ဤအကြံအဖန် လုပ်နေသော အမှုတော်ဆောင် မ်ား သည် ဝမ်းရေးအတွက် အဓိက ထားကြသောကြောင့်ဖြစ်ပါသည်။ အကြံ အဖန်၏ဆိုးကိျုးကို အာဗြံမိသားစု၌ ကောင်းမွန်စွာတွေ့နိုင်သည်။ ဘုရားသ ခင်နှင့်အာဗြံ မိတ်သဟာယပြတ် ရခြင်းကိုတွေ့ရလေသည်။ အကြံအဖန် လုပ် သည့်နေ့မှ စ၍ (၁၃) နှစ်ကြာသည်အထိ ဘုရား သခင်သည် အာဗြံကို စ ကားမပြော တော့ပါ။ ယနေ့ လက်ရှိအမှုတော် ဆောင်ဘုရားသားများတွင် ဘယ်နှစ်ယောက်များ ဘုရားသခင်နှင့် မိတ္သ ဟာယပြတ်လျက် အမှု တော် ဆောင် နေပါသနည်း။ မိတ်သဟာယပြတ်ခဲ့သည်မှာ ဘယ်နှစ်ရက်၊ ဘယ် နွစ္လ၊ ဘယ်နှစ်နှစ် ကြာညောင်းခဲ့ပါသနည်း။ အာဗြံနှင့်မိသားစုသည်ဘုရား သခင်နှင့် မိတ္သ ဟာယပျက်ပြီး စိတ်ဆင်းရဲခဲ့လေသည်။   
       "အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိိသနေ္ဒစွဲလေ၏။ ဟာဂ ရ သည် မိမိတွင်ပဋိိသနေ္ဒနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မ ထီမဲ့ မြင်ပြု လေ၏။'' (ကမ်ဘာ၊၁၆း၄)။
        ဤဖြစ်ရပ် ကြောင့် စာရာသည် ကြ်န္မကို ညှင်းဆဲ၍ ကြ်န္မ သည် သခင်မထံမှ ထွက် ပြေးလေ၏။ မိမိ ခင်ပွန်း၏အုပ်စိုးမှုကို ဝန်ခံတတ် သော စာရာသည် ယခုအ ခါ ကြမ်း တမ်းစွာ ပြုမူသည်ကို တွေ့ရ၏။ ကျမ်းစာ၌ အမွှန်းတင် ထားသော စာရာ သည် အကြံအဖန် လုပ္မိ သော ကြောင့် ကျွန်မနှင့် အကြံအဖန် သားဣရွေမလ အားဖြင့် စိတ်ဆင်းရဲခဲ့ ရလေသည်။
          ချစ်သောမိတ်ဆွေ၊ အကြံ အဖန်၏ရလဒ်သည် စိတ်ဆင်းရဲရ မည်။ ရျပီး သော ငွေကြေးဖြစ်စေ၊ ရာ ထူးဖြစ်စေ၊ ဆုလဒ်ဖြစ်စေ၊ ပြန်ဆုံးရံှုး ရမည်မှာဧ ကန်မုချဖြစ် ပေ၏။ 
     ကမ်ဘာ့အားကစား အပြေး သမားမ်ား ဆေးဝါးမှီဝဲသဖြင့် ရွှေတံဆိပ်၊ ငွေ တံ ဆိပ္မ်ား ရရှိခဲ့ကြလေသည်။ အကြံအဖန်လုပ်၍ ရမှန်းသိ သော အခါ ရ ရှိပြီးသော ဆုလဒ္မ်ား ပြန်လည်အသိမ်းခံ ခဲ့ကြလေသည်။ နာမည် လည်း ပျက်၊ ဆုလဒ်လည်း ဆုံး ဖြစ်ရလေသည်။ 
        သို့သော် ဘုရားသခင် သည် အာဗြံအား ပြန်၍ အဆက် အသွယ် လုပ် ကြောင်း တွေ့ရပါသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် အာ ဗြံအား တဖက်သက်မေတ္တာဖြင့် ချစ်နေခြင်းကြောင့် ဖြစ်ပါသည်။ ထို့နောက် အာဗြံသည် (၉၉)နှစ် ရှိသောအခါ ''ထာဝရဘုရားသည် အာဗြံအား ထင်ရှား တော်မူ၍ ငါသည် အနန္တ တန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ ငါ့ရှေ့မှာသွားလာ ၍ စုံလင်ခြင်း ရှိလော့ဟု မိန့်တော် မူ၏'' (ကမ်ဘာ၊ ၁၇း၁ )။ ဆိုလိုသည်မှာ အ ရာခပ်သိမ်းကို တတ်နိုင် သောတန်ခိုးရှင် ငါသည်သင်သားရအောင် ငါတတ် နိုင်သည်။ အဘယ်ကြောင့် ဂတိတော် ကိုမစောင့်ဘဲ အ ကြံအဖန် လုပ်ရ သ နည်း။ နောက်တစ်ကြိမ်ဤသို့မပြုနှင့်။ စုံလင်သောအသက်တာနှင့် ငါ့ရှေ့မှာ ကျင့်ကြံပြုမူ ပါဟု ဖြစ်သတည်း။ တနည်းအားဖြင့် ဘုရား သခင်သည် အာဗြံ အားဂတိတော် အပေါ်အကြွင်းမဲ့ယုံကြည်စိတ်ချစေလိုခြင်းပင် ဖြစ်သည်။ ထို့နောက် အခိျန်တန်သော အခါ ဘုရား သခင် သည် အာဗြံအား သားကိုပေး လေ၏။ အာဗြံသည်လည်း စာရာ၌ ရေသာသားကို ဣဇက်အ မည်ဖြင့် မှည့်လေ၏ (ကမ်ဘာ၊၂၁း၁-၃ )။ ယခုအခါ အကြံ အဖန်နှင့်ရ သောသား၊ ဂတိတော်အတိုင်း ရ သောသား နှစ်ယောက် အတူတူ နေ၍ မရလောက်အောင် အကြီးက အငယ္ကို ညှင်းဆဲလေ၏။ ဤအဖြစ် ဆိုးကို မြင်ရသော မိဘများစိတ်ဆင်းရဲရ၏။ နောက်ဆုံး တွင်ကျွန်မနှင့်သား ဣရှမေလကိုမောင်းထုတ်လိုက်ရလေသည်(ကမ်ဘာ၊၂၁း၉-၁၃)။ ချစ်သော မိတ်ဆွေ၊ မိတ်ဆွေ အ တွက် ဘုရားပေးထားသော ဂတိ တော်၊ ကောင်းခီျးများရောက်လာသောအခါ အကြံအဖန်နှင့် ရထား သော ရွှေငွေဥစ္စာ၊ ရာ ထူး၊ စည်းစိမ် မ်ားမွာ ပိုင်ရှင်စာတန်၏နှုတ်ယူခြင်းကို ခံရပေမည်။ သို့ဖြစ်၍ အာဗြံ ၏ အကြံအဖန်လုပ်ရပ်တစ်ခုလုံး ခြုံပြီး ပြန်လည်သုံးသပ်ကြည့်လျှင် စိတ်ဆင်းရဲရ ခြင်း၊ ဘုရား သခင်နှင့် မိတ် သဟာယပျက်ခြင်း၊ အကြံအဖန်ရ သောသားနှင့် ကျွန် မပါ ရံှုးရသည်ကိုတွေ့ရ မည်ဖြစ်ပါသည်။
       ထို့ကြောင့်ယုံကြည်သူ ဘုရား သားမှန်လျှင် အကြံအဖန် လုပ်ခြင်း အားဖြင့် ရရှိမည့်ဆိုးကိျုးကို ကြို တွက်ပြီး ရှောင်ရှားဖို့ သတိပေးဝေငှ ပါသည်။ ထို့ကြောင့် အကြံအဖန်အား ဖြင့် ဆုံးရံှုးမည့်အရေးကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ဘု ရားသခင်၏ ဂတိတော် အပေါ်မှာ ရပ်တည် ပြီး သစ္စာနှင့် သည်းခံတတ်ဖို့ အထူး လိုအပ်ပါသည်။ 
      တစ်နည်းအားဖြင့် ဘုရားသခင် အလိုတော်ဘောင်အ တွင်း၌သာ ရပ်တည်၍ အသက်ရှင် ကြရန် အထူး အရေးကြီးလှပေသည်။ ''ဘုရားသခင်၏အလိုတော် ကို ဆောင်ပြီးမှ ဂတိတော် အတိုင်း အကို်း ရမည့် အကြောင်းကို သည်းခံစိတ်ရှိ ရ ပေမည်။''                                                       
                                                         (ဒေါက်တာ ပေါလ်ခေကိုျင်း)






Saturday, 14 June 2014

ဖခင်များနေ့

ကျွန်ုပ်တို့ ယုံကြည်သူများသည် ဘုရားသခင်ရဲ့ သားသမီးများဖြစ်ကြသလို ဘုရားသခင်သည်လည်း ကျွန်ုပ်တို့ ရဲ့ အဖဖြစ်ပါသည်။ ဆရာကြီးတစ်ပါးက တိရစၧာန်များကို သတ္တဝါဟုမခေါ်သင့်ဟုဆိုပါသည်။ အကြောင်းမှာ တိရစၧာန်တို့ တွင်သတ္တတည်းဟူသော သိခြင်းခုနှစ်ဖြာရှိသည်မဟုတ်။ လူသာလျှင် သိခြင်းခုနှစ်ဖြာရှိကာ လူသတ္တဝါဟု ခေါ်သင့်သည်ဟု ၄င်းကဆိုပါသည်။ လူတွင်ရှိသော သိခြင်းခုနှစ်ဖြာတွင် ထာ၀ရနှင့်ပတ်သက်သော အသိတရားက လေးဖြာရှိပြီး လောကနှင့်ပတ်သက်သောအသိတရားက သုံးဖြာဖြစ်သည်။ ထိုသိခြင်းများတွင် အထူးအဆန်းဆုံးအရာက လူတွင်ရှိသော သြတ္တပ္ပစိတ်ဖြစ်သည်။ (က၊၂)တွင် ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူပြီး ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူပါသည်။ လူအား ဧဒင်ဥယျာဉ်ကိုမစိုက်ပျိုးခိုင်းပါ။ ဘုရားသခင်သည် လူကိုဖန်ဆင်းပြီးနောက် နေ့ စဉ်လာကာ လူနှင့်မိတ်သဟာယ
ဖွဲ့ တော်မူပါသည်။ ပညတ်နှင့်တွဲကာ သတိပေးစကားကိုလည်း မိန့် တော်မူပါသည်။ ပညတ္က ကောင်းမကောင်းသိကျွမ်းရာ အပင်ရဲ့ အသီးကိုမစားနှင့် စားလျှင်သေမည်ဟုဖြစ်သည်။ (က၊ ၂း၁၆-၁၇)

ဗီဇသုံးဖြာနှင့် တြဲဖက္ကာ မင်္ဂလာဖြစ်ဖို့        
ထို့နောက်၊ ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့် ဖြင့် လူကိုဖန်ဆင်းကာ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကိုမှုတ်တော်မူလျှင်။ လူသည်အသက်ရှင်သောသတ္တဝါဖြစ်၏။ (က၊ ၂း၇) ဘုရားသခင်သည် လူကိုဖန်ဆင်းရာတွင် ဖြစ်စေဟု နှုတ်ထွက်အားဖြင့်ဖန်ဆင်းသည်မဟုတ်ပါ။ ဦးစြာ မြေမှုန့် ကိုယူ၍ ပုံသွင်းဖန်ဆင်းပါသည်။ သို့ သော် အသက်မရှိသေးပါ။ ထို့ နောက် ဘုရားသခင်သည် မိမိနှင့်သဏ္႑န်တူ ဇီ၀အသက္ကို မှုတ်တော်မူလျှင် လူသည်အသက်ရှင်သောသတ္တဝါဖြစ်လာပါသည်။ ဘုရားသခင်သည် လူကိုအသေးစိတ်ပုံသွင်းဖန်ဆင်းထားခြင်းဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းသောလူသားတွင် သြတ္တပ္ပစိတ်ရှိသည်။ သြတ္တပ္ပသည် အလိုအလျှောက်သိသော အသိပညာဖြစ်သည်။ 

ကာယနှင့်ပတ်သက်၍သိရာတွင် အနီး၌ပုပ်နေသော အရာတစ္ခုရွိပါက မမြင်သော်လည်း အနံ့ အာရုံကသိနေသည်။ ထိုသို့ သိဖို့ ရန် ကျောင်းတက်ဖို့ မလို၊ သင်ပေးဖို့ မလိုပါ။ ထို့ အတူ သာယာသောအသံနှင့် ဆူညံသောအသံကိုလည်း ခွဲခြား၍သိပါသည်။ (က၊၄)တွင် ညီအစ်ကိုနှစ်ယောက်ကိုတွေ့ ရသည်။ လူအာဒံသည် မယားဧ၀နှင့် ဆက်ဆံသဖြင့် ပဋိသနေ္ဒဆွဲယူ၍ ကာဣနကိုဘွားမြင်လျှင် ထာ၀ရဘုရား၏လူကို ငါရပြီဟုဆိုလေ၏ (က၊ ၄း၁)။ ဘုရားသခင်သည် လူအား ဗိဇသုံးဖြာနှင့်တွဲဖက် မင်္ဂလာရှိဘို့ ဖန်ဆင်းတော်မူပါသည်။ မင်္ဂလာရှိစွာတုန့် ပြန်၍ရှင်သန်ပါက မင်္ဂလာအကျိုးကို အမှန်ပင်ခံစားရမည်ဖြစ်ပါသည်။ အရွေးမှား၍မင်္ဂလာပျောက်သွားရသည်မှာ လူဘက်ကချွတ်ယွင်းမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူကိုပွားများစေဘို့ ဗီဇသဘာ၀နှင့်ဖန်ဆင်းသော်လည်း ဘုရားသခင်၏အကြံအစည်တော်ကို ပြည့်စုံစေဖို့ ဆင်ခြင်သည့် အတွင်းအာရုံပျောက်နေကြသည်။ ဘုရားသခင်က ပွားစေလိုသော်လည်း မွေးလာမည့်ကလေးကို ကြည့်ရှုပြုစုရမည့်တာ၀န်ကို စဉ်းစားပြီး ကလေးမယူသေး။ ငါလိုချင်မှငါယူမည်ဟုဆိုကြသည်။ ထိုသို့ ပြုကြရင်းနှင့် အလေးလိုချင်သည့် အချိန်တွင်မရနိုင်ကြတော့။ 

ထိုအထဲတွင် ယနေ့ အမှုတော်ဆောင်များပင် ပါနေကြသည်။ မွေးလာမည့်ကလေးတစ်ယောက်ကို အဆင့်မြင့်မြင့်ကျောင်းတွင် မထားနိုင်လျှင် ဒုက္ခဟု သူတို့ ကတွေးကြသည်။ အချို့ က သားသမီးမ်ား ပညာရေးကိုငွေကြေးနှင့်တည်ဆောက်ပေးဘို့ စဉ်းစားကြရင်း သိန်းနှစ်ဆယ်သုံးဆယ်ကုန်ပြီးမှ ဆယ်တန်းမအောင်ကြသူများရှိသလို ရိုးရိုးကျူရှင်ကလေးထားပြီး အောင်သွားကြသူများလည်း ရှိကြပါသည်။ ယခင်က အိမ်ထောင် ကျပြီးသူများအား အလေးမရသေးဘူးလားဟုမေးကြသည်။ ယနေ့ တွင်မူ ကလေးမယူသေးဘူးလားဟုမေးကြသည်။ ေဝါဟာရစကားကပြောင်းသွားသည်။ ပြောကြ၊ မေးကြသောစကား၌ ဇာတိသံပါလာသည်။ အချို့ မိဘမ်ားက မဟာ၀ိဇ္ဖာမပြီးသေး၍ ကလေးမယူသေးဟုပြောကြသည်။ ထိုသို့ ပညာနောက်လိုက်ရင်းနှင့် အချိန်လွန်သွားပြီး ကလေးမရကြတော့ ဘုရားသခင်က မိနှင့်ဖဖြစ်ဘို့ ပြင်ဆင်ပေးပါလျှက် မိခင်၊ဖခင်ဖြစ်ခွင့်မရကြတော့၊ ဘုရားသခင်က မင်္ဂလာနှင့် သားသမီးရတနာဖြစ်ဘို့ ပြင်ဆင်ပေးပါလျှက် မိမိဇာတိအလိုဆန္ဒနောက်လိုက်မိသဖြင့် မရကြခြင်းမှာ လူ့ လက်ကချွတ်ယွင်းချက်ဖြစ်သည်။

၀ိဉာဏဗီဇသဘာ၀ကိုရ၍   
ဘုရားသခင်ဆုချပေးတော်မူသော သားသမီး၊ ရတနာတို့ ၌ မိဖတို့ ထံမွ ဗီဇသုံးဖြာပါလာကြပါသည်။ ထိုဗီဇသုံးဖြာကို သိသူရွိသလို မသိသူလည်းရှိသည်။ အချို့ ကသိပါလျှက် မယုံကြည်သူရှိသလို၊ သိပြီးယုံကြသူလည်းရှိပါသည်။ ပထမဗီဇက ၀ိဉာဏဗီဇဖြစ်သည်။ ထိုဗီဇက ကောင်းကင်ဘုံရှင်အဖဘုရားထံမှလာပါသည်။ (က၊၂)တွင် အာဒံမှဆင်းလာသည့် ညီအစ်ကိုနှစ်ဦးကိုတွေ့ ရသည်။ အစ်ကိုကြီး ကာဣနဖြစ်ပြီး ညီက အာဗြေလဖြစ်သည်။ သူတို့ သည် အရွယ်ရောက်လာသောအခါ အလုပ်လုပ်ကြသည်။ အစ်ကိုကြီးကလယ်လုပ်ပြီး ညီကသိုးထိန်းဖြစ်သည် ဘုရားသခင်၏အလိုတော်က အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြဖို့ ဖြစ်သည်။ မိမိကိုယ်တိုင်က အလုပ်မလုပ်ဘဲ ရေသာခို၍အခြားသူများ၏ ကြွယ်၀မှုကိုမှီခိုဘို့ ဘုရားသခင်အလိုတော်မရှိပါ။ အချို့ ယောက်ျားလေးများက လုံလ၀ီရိယပြု၍အလုပ်မလုပ်ချင်ကြ၊ ချမ်းသာကြွယ်၀သောမိန်းကလေးတစ်ဦးကို အိမ်ထောင်ဖက်၍ ဖြတ်လမ်းနည်းဖြင့် ကြွယ်၀လာဖို့ ဉာဏ်နှင့်တွေး၍အားထုတ်ကြသည်။ လောကီကဏ္႑ကြွယ်၀သလိုရှိသော်လည်း မိန်းမထမီအနားခိုစားသူဟု အပြောခံရသည်။ သိက္ခာမရှိသောလုပ်ရပ်ဖြစ်သည်။ ထိုသို့ ပြုသင့်မပြုသင့် သြတ္တပ္ပစိတ်က အသိပေးသော်လည်း အလေးမထားကြ၊ ကာဣနနှင့် အာဗြေလတို့ သည် အချိိန်တန်သောအခါ ပူဇော်သက္ကာကို ဘုရားသခင်ထံယူဆောင်လာကြသည်။ 

ကာဣနက လယ်ထွက်အသီးအနှံကိုယူဆောင်လာပြီး အာဗေလက သိုးစုမွ အဦးဖွားသောသိုးနှင့် ဆီဥကိုဆောင်ခဲ့ပါသည်။ ဘုရားသခင်သည် အာဗေလ၏ပူဇော်သက္ကာကိုလက်ခံသော်လည်း ကာဣန၏ပူဇော်သက္ကာကိုလက်မခံပါ။ ဘုရားသခင်သည် မည်သည့်အရာကို နှစ်သက်သည်ကို သြတ္တပ္ပက သင်ပေးသော်လည်း ကာဣနက အေလးမထားပါ။ လူ၌လုပ်သင့်သည့်အရာ မလုပ်သင့်သည့်အရာကို အသိပေးဖော်ပြသော သြတ္တပ္ပစိတ် ဗီဇထဲ၌ပါလာပါသည်။ ဘုရားသခင်၏ ၀ိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသောသူ တို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ (ရော၊ ၈း၁၄) တမန်တော်ကြီးက ဘုရားသခင်၏သားဖြစ်သူတိုင်းသည် ဘုရားသခင်ဆုံးမပဲ့ပြင်တော်မူကြောင်းကို သိသော၀ိညာဉ်သဘာ၀အလင်းရှိကြောင်း ဖော်ပြထားသည်။ ဘုရားသခင် သည်လောက၌ရှိသော မိမိသားသမီးများအားဖြင့် လောကီသားများရှေ့ ၌ ဘုန်းထင်ရှားစေဖို့ အလိုတော်ရှိပါသည်။

စိတ်ဓါတ်ရေးရာဗီဇ     
သားသမီးတို့တွင်ပါလာသော မိဘတို့ထံမှနောက်ထပ်ဗီဇတစ်ခုမှာ စိတ်ဓါတ်ရေးရာဗီဇဖြစ်သည်။ ထိုဗီဇကဉာဏ်ထက်သည်။ ပါးနပ်သည်။ ပညာဆည်းပူးရာတွင်လွယ်ကူသည်။ ဖခင်ကထက်မြက်လျှင် ထက်မြက်သလို သားသမီး၌ပါလာသည်။ လောက၌အသက်ရှင်စဉ် မိမိအတွက်အကျိုးရှိမည့်အရာကို ရွေးချယ်၍အသက်ရှင်တတ်သည်။ ယာကုပ်၏ဘုရားသခင်ကိုယုံကြည်သောဗီဇ၊ ကြောက်ရွံ့သောဗီဇ မည်သည့်သားသမီး၌ရသနည်း။ အခြားသောသားများ၌မရ။ ယောသပ်၌ရသည်။ ဘုရားသခင်သည် ယောသပ်အား အိပ်မက်ရူပါရုံဖြင့်စကားပြောပါသည်။ ယောသပ်အား ဘုရားသခင်က သင်သည် ဖခင်နှင့်အစ်ကိုများအားကိုး ရေသာသူ၊ အမှီပြုရသောသူဖြစ်မည်ဟု မိန့်တော်မူပါသည်။ သို့သော် ထိုသို့မိန့်တော်မူသောသူကကျွန်ဖြစ်သွားပါသည်။ လူ့အမြင်၌ကြည့်မြင်ပါက ဘုရားသခင် မှားပြီလားဟု ဆိုဘွယ်ရှိသော်လည်း ဘုရားသခင်မမှားပါ။ အစ်ကိုတို့က ယောသပ်အား ကျွန်ဖြစ်ဖို့ရောင်းသော်လည်း သခင်ဖြစ်သူ ပေါတိဖာအိပ်၌ ယုံကြည်၍ တစ်အိမ်လုံးအပ်နှံခြင်းခံရသည်အထိ ဘုရားရှင်ကယောသပ်အား ချီးမြောက်ပါသည်။ ယောသပ်ဘက်၌ဘုရားရှင်ပါရှိပါသည်။ 

ထိုအချိန်၌စုံစမ်းနှောက်ယှက်ခြင်းက သခင်မယားကယောသပ်အား နှစ်သက်၍သူနှင့်အတူ အိပ်ဖို့သွေးဆောင်ပါသည်။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်းဟု သခင်မယားကိုငြင်း၍ ပြန်ဆို၏ (က၊ ၃၉း၉)။ ယောသပ်သည် ဘုရားသခင်ကိုကြောက်ရွံ့၍ မပြုသင့်သောအမှုကို ရှောင်ပါသည်။ ယနေ့ကျွန်ုပ်တို့၌မပြုသင့်သည်အရာကို မပြုမိဖို့ရန် ဘုရားသခင်က အသိဉာဏ်ဗီဇထည့်ပေးထားသည်ကို သတိပြုကြပါ။ ယောသပ်သည် ဘုရားသခင်၏စကားကြောင့် မမှားယွင်း အပြစ်ကိုရှောင်သော်လည်း သခင်မ၏လှည့်စားတိုင်တန်းမှုကြောင့် ထောင်ကျသွားပါသည်။ အချို့သောအချိန်များတွင် အမှန်ကိုပြုပါလျှက် လူ့ဥပဒေအရ အပြစ်ကိုဖော်ရာ၌ လူရှေ့တွင် အမှန်မပေါ်တတ်ပါ။ အမွားက အမှန်ကဲ့သို့ဖော်တတ်သည်။ သို့သော် ဘုရားရှေ့တွင် အစဉ်သဖြင့် အမှန်ကပေါ်နေပါသည်။ ယောသပ်သည် ထောင်ထဲရောက်မှ ဖာရောဘုရင်ထံနားပေါက်ပြီး အဆုံး၌ အိပ်မက်ရူပါရုံအတိုင်း ချီးမြောက်ခြင်းခံခဲ့ရပါသည်။

ကာယဗီဇလည်းအမွေရသည် ဖခင်ထံမှကာယနှင့်ပတ်သက်သော ဗီဇသဘာ၀လည်း သားသမီး၍ပါလာတတ်ပါသည်။ ဖခင်ကအရပ်ရှည်ပြီး မိခင်ကလေးပေ မပြည့်ပါက သားသမီးတို့၍ အချို့က ဖခင်ဘက်လိုက်ပြီး အရပ်ကမိုးထိုးသည်အထိမြင့်တတ်သလို၊ အချို့က မိခင်ဘက်လိုက်ပြီး ပုတတ်သည်။ ထိုသက်သေက မိဘနှစ်ပါးမှပါလာသော ကာယဗီဇသဘာ၀ဖြစ်သည်။ ဖခင်ကကြံံ့ခိုင်သန်စွမ်းလျှင် သားသမီးကလည်းကြံ့ခိုင်သန်စွမ်းတတ်သည်။ ဖခင်ကအသားညိုလျှင် သားသမီးလည်းအသားညိုသည်။ ထို့အတူ ဖခင်၊ မိခင် အနုပညာဘက်အားသန်ပါက သားသမီး၌လည်း ထိုဗီဇသဘာ၀ပါလာပြီး အနုပညာဘက်၌ ထူးချွန်ထက်မြက် တတ်သည်။ ဖခင်များကလည်း သားသမီးမ်ား၌ မိမိတို့ကာယဗီဇစွမ်းရည်များပါလာကြသည်ကို တွေ့ရသည့်အခါ ၀မ်းသာကျေနပ်၍ ပီတိဖြစ်ကြရသည်။ အချို့ သားသမီးမ်ားက ဖခင်နှင့်တူရှိသလို၊ မိခင်နှင့်တူကြသည်များလည်းရှိသည်။ သားသမီးမ်ားက မိဖထံမှကောင်းသော အမွေဗီဇရကြသည်ရှိသလို မကောင်းသောအမွေ ဗီဇရကြသည်များလည်း ရှိကြသည်။ အေဖတူသား၊ အေမတူသားဟု ပတ်၀န်းကျင်ကပြောကြပါက မိဘမ်ား ၀မ်းသာကြည်နူးကြရသည်။ 

အဖေလည်းလူဆိုးဖြစ်မှ သားလည်းဆိုးပြီပေါ့ဟု အပြောခံရပါက မိမိအတွက်လည်းမကောင်းသလို ပတ်၀န်းကျင်အတွက်လည်း မကောင်းပါ။ သို့ဖြစ်၍ ဖခင်များအနေနှင့် အထက်ဖော်ပြ ခဲ့သောဗီဇသုံးဖြာကို မိမိတို့သားသမီးများ၌ လက်ဆင့်ကမ်းအမွေပေးနေကြသူများဖြစ်၍ အခွင့်ထူးသလို၊ တာ၀န်လည်းကြီးပါသည်။ ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏ (ယော၊ ၁း၁၂)။ ယုံကြည်သူတိုင်းအား ဘုရားသခင်ကပေးသောအမွေဖြစ်သည်။ ထိုဗီဇအေမြကို အလေးထားအသက်ရှင်သောသူတိုင်း လောကကိုအောင်မြင်ကြသူများဖြစ်ကြသည်။ ယနေ့ လောကကို အောင်မြင်သော ဖခင်များကို အသင်းတော်၊ အိမ်ထောင်၊ တိုင်းပြည်၊ ပတ်၀န်းကျင်တို့၌ လိုအပ်နေပါသည်။ ဖခင်များအနေနှင့်လည်း ဘုရားသခင်ရှေ့တော်၌ မည်သည့်ဗီဇသဘာ၀က အားသန္သလို၊ မည်သည့်ဗီဇသဘာ၀က အားနည်းသည်ကိုသိပြီး ပြင်ဆင်ကြလျှက် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ပြုထိုက်သောဖခင်ဖြစ်ဖို့ အလေးဂရုပြုသင့်ပါသည်။ 

သားသမီးများဆိုး၍ဆုံးမရခက်နေလျှင် စိတ်မပျက်ပါနှင့်၊ အားမလျော့ပါနှင့်၊ ဘုရားသခင်မစတတ်နိုင်ပါသည်။ ဘုရားသခင်ဘက်လှည့်၍ ကိုယ်တော်ကို ကိုးစားပါက နောက်ကျသည်မရှိပါ။ ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လော (ယေရမိ ၃၂း၂၇)။ ဘုရားသခင်အားဖြင့် သားသမီးမ်ား အသက်တာပြောင်းလဲလာနိုင်ပါသည်။ သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။ (ဆာ၊ ၁၀၃း၁၈)။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလေးဂရုပြုနှလုံးသွင်း၍ အသက်ရှင်သောဖခင်တို့၏ ကောင်းသောဗီဇသဘာ၀အမွေသည် သားစဉ်မြေးဆက်တိုင် ဘုရားသခင်သက်ရောက်စေသည်ဖြစ်၍ မိမိတို့သားမြေးများ၌ မင်္ဂလာရှိသောဗီဇအမွေသုံးဖြာကို လက်ဆင့်ကမ်းပေးနိုင်သော ဖခင်များဖြစ်ဖို့ရန် အာရုံပြုအသက်ရှင်ကြဖို့ရန် ဖခင်များအား မေတ္တာနှင့် အားပေးတိုက်တွန်းလိုက်ပါသည်။
 ဒေသနာေ၀ငှချက် (ဦးတင်မောင်ထွန်း)

Sunday, 11 May 2014

အမေများနေ့

အမေများနေ့ မွေးသမိခင်တွေရဲ့ ကျေးဇူးကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျင်းပကြတဲ့ အထိမ်းအမှတ်ပွဲ နေ့ထူးတစ်နေ့ ဖြစ်ပါတယ်။ ကမ်ဘာ့တစ်၀ှမ်းမှာတော့ နေ့တွေကို ကွဲပြားစွာ ကျင်းပ ဂုဏ်ပြုနေကြတာပါ။ များသောအားဖြင့်တော့ ဧပြီနဲ့ မေလကြားမှာ ကျင်းပကြပါတယ်။ ၂၀ရာစုနှစ်အစောပိုင်း ကတည်းက အေမရိကမွာ စတင်ကျင်းပခဲ့ ဖြစ်ပြီး ပထမဆုံးအမေရိကန် ခေတ်သစ် အမေများနေ့ ပိတ်ရက်ကို ၁၉၀၈ မွာ ကျင်းပခဲ့ပါတယ်။ အဆိုပါနေ့မှာ ကျတော်တို့ဟာ ကျတော်တို့အမေကိုချစ်တဲ့ အချစ်များနဲ့ ကျေးဇူးများကို နည်းလမ်းပေါင်းများစွာနဲ့ ပြသကြပါတယ်။ လက်ဆောင်၊ ကဗ်ာ၊ ပို့စကတ် ၊ ရုပ်ပုံလေးတွေနဲ့ ပေါ့၊ အေ၀းတစ်နေ့ရာကို ရောက်နေတယ်ဆိုရင်တော့ ဖုန်း မက်ဆေ့တွေနဲ့ ဖြစ်ဖြစ် ပို့နိင်ပါတယ်။ အမေတို့ရဲ့ အနှိုင်းမဲ့ မေတ္တာကို ဖော်ကျူးတဲ့ စာတိုကြောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- အေမဆိုတာ သူမအပါအ၀င် လူငါးယောက်စာအတွက် မုန့် (၄)ခုကိုသာ မြင်တဲ့လူမျိုးပါပဲ။ ဘယ်တော့မှ သူမအတွက်မကြည့်ပါပဲ။ သားသမီးတွေအတွက်သာ ဂရုစိုက္တတ္တာ အေမပါပဲ။ Tenneva Jordan

- အမေရဲ့အချစ်ဆိုတာလောင်စာမီးလိုပါပဲ။ ပုံမှန်လူတစ်ယောက်လုပ်ဖို့ မဖြစ်နိင်တာကို ဖြစ်စေပါတယ်။ ( အေမဟာ ကိုယ္သားသမီးကို အမြဲကောင်းစေချင် အမြဲ ထိပ်ဆုံးမှာ ရှိနေစေချင်တဲ့ တစ်ဦးတည်းသော မာတာမိခင်ပါ ) Marion C. Garretty

- အေမဆိုတာ ကလေးတွေ ( ကျတော်တို့တစ်တွေ) ရဲ့ အသည်းနှလုံးထဲမှာ ရှိပြီး နှုတ်ခမ်းဖျားက အမြဲတမ်း ခေါ်နေရတဲ့ အားထားရာပါ။ William Makepeace Thackeray

M-O-T-H-E-R အမေဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (၁)
M is for the million things she gave me, အရာပေါင်းများစွာ၊ ပေးဆပ်မူပေါင်းများစွာ ကျတော်တို့ကိုပေးဆပ်တဲ့အတွက် M ( Million )

O means only that shes growing old, " အို "(old ) ရဲ့ အဓိပ္ပာယ်အတွက် သူမကိုယ္သူမ အိုမင်းခံပြီး ကျတော်တို့အတွက် ဖြစ်စေခဲ့တယ်။

T is for the tears she shed to save me, " တီ " (tears) သည် ကျတော်တို့အတွက် စီးဆင်းသွားသော ငိုခဲ့သော မျက်ရည်များအတွက်ပါ။

H is for her heart of purest gold; " အိတ်ချ် " (heart) ဆိုတာက သူမရဲ့ နှလုံးသားထဲမှာ ရှိတဲ့ အသန့်စင်ဆုံး ရွှေ ( မေတ္တာ) အတွက်ပါ။

E is for her eyes, with love-light shining, " အီး " (eyes) ဆိုတာက မေတ္တာအလင်းတန်းတွေနဲ့တောက်ပနေတဲ့ သူမရဲ့ မျက်လုံးများအတွက်ပါ။

 R means right, and right shell always be,
" အာ " (right ) ဆိုတာက ကျတော်တို့ကို အမှန်တွေကို အမြဲတမ်းလမ်းည့ွှန်းပြသနေတဲ့အတွက် ပါ ဒါတွေကို အတူတကြ ပေါင်းစပ်လိုက်မယ်ဆိုရင် Mother လို့ခေါ်တဲ့ အေမကို ဖြစ်စေပါတယ်။
By Aung Hein Oo

Friday, 9 May 2014

မိခင်များနေ့


နှစ်စဉ်နှစ်တိုင်း မေလ(၁၀)ရက်နေ့နှင့် အနီးစပ်ဆုံး တနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ် ထားပါ သည်။ ၎င်းနေ့တွင် မိခင်များကို ဂုဏ်ပြုခြင်း၊ ခွန်အားပေးခြင်း၊ ဆုတောင်းပေးခြင်းများ ပြုလုပ်ပေး ရပါသည်။ ဂုဏ်ပြုခြင်း အစီအစဉ်တွင် မိခင်တိုင်းကို တန်ဖိုး နည်းသည် များသည် မဆိုဘဲ လက်ဆောင်တစ်ခုစီ ချီးမြှင့်ပေး သင့်ပါသည်။ မိခင်များကို ဖခင်များ (အမျိုးသား မိသဟယအဖွဲ့) ကတာဝန်ယူ ဂုဏ်ပြု သင့်ပါသည်။ အသက်ကြီး ဆုံးသောမိခင်များ၊ ကလေးအများဆုံးမွေးသော မိခင်များ၊ ဓမ္မ အမူတော်  ဆောင်များ ကိုမွေး ထုတ်ပေးသော မိခင်များစသည်ဖြင့် အထူးလက်ဆောင် များဖြင့်လည်း ဂုဏ်ပြုသင့်ပေသည်။
      ကမ္ဘာ့ခေါင်းဆောင်ကြီးများ စာရေးဆရာများ၊ အတတ်ပညာရှင်များ၊ သင်းအုပ် ဆရာတော်ကြီးများက၊ မိခင်များကို ဂုဏ်ပြု ပြောဆို ထားကြသော စကားများ၊ ကဗျာလင်္ကါများကို မိခင်များနေ့ အတွက် ဂုဏ်ပြု စကား အဖြစ်သော်၎င်း၊ မိခင်များ၊ ခွန်အားပြန်လည် ရရှိစေနိုင်ရန် အတွက်သော်၎င်း၊ စုဆောင်းဖော်ပြ အပ်ပါသည်။
၁။ “ အမေ” ဟူသောစကားသည် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော ချစ်ခြင်းမေတ္တာ စကားအလုံးစုံတို့၏ အချုပ်အချာ စကား ဖြစ်သည်။ အမေ…. ဟူသောခေါ်သံ သည်ကြား ရသော သူတိုင်း၏နှ လုံး သားကို  ပျော်ရွှင်မူငြိမ်သက်မှု ကိုအပေးနိုင်ဆုံး သောစကားဖြစ်စေသည် (စကော့လူမျိုး စာရေးဆရာ Robert Polat )။
၂။ မိခင်မေတ္တာ ဟူသောအကြောင်းအရာကို မည်ကဲ့သို့သော စာရေးဆရာမျှ ပင်လျှင် ပြည့်စုံအောင် မရေးသားနိုင်ပါ။ ( Rev Edwanel Mateel)
၃။ မေတ္တာ၊ ဂရုဏာကိုမြင်ရသောနေရာကား မိခင်များ၏နှလုံးသား မှာသာဖြစ်၏။ (Miss F Lateka Hirmims)
၄။ ဘုရားသခင် သည်နေရာတိုင်းမှာ ဘုရားသခင်၏ မေတ္တာတော်ကို ဖော်ပြပေးနိုင်ရန်အတွက် မိခင်များကို
  ခန့်ထားပေးသည်။ (ယုဒလင်္ကါ)
၅။ မိခင်များနေ့တွင် “မိခင်ကျေးဇူး”ကို သက်သေခံသော သူတိုင်း မျက်ရည်မကျဘဲ အဆုံးသတ်ပြောနိုင် သူများ မရှိသလောက်ပါ။ (စာရေးသူ)
၆။ သားသမီးများ ၏ကောင်းမွန်ခြင်း ၊အောင်မြင်ခြင်းများ ကိုတွေ့ရ၍ ဝမ်းမြောက်နေသော မိခင်၏ ဝမ်းမြောက်ခြင်းသည် ဤကမ္ဘာပေါ်တွင် အကြီးမားဆုံး ဝမ်းမြောက်သော သူဖြစ်ပါလိမ့်မည်။ (ဂျာမန် သမိုင်းဆရာ Jinpaul Richal)
၇။ ကျွနု်ပ်နှင့် ကျွနု်ပ်၏ အောင်မြင်ခြင်း အရာခပ်သိမ်း တို့သည် မိခင်၏ကျေးဇူးကြောင့် သာဖြစ်သည်။
(Abratham Lincoon)
၈။ အမေသည် ကျွနု်ပ်ကို ခွန်အားပေးသည်။ လမ်းပြသည်။ ကျွနု်ပ်သည် အမေအတွက် အသက်ရှင်သည်။ အမေအတွက် အသက်ရှင်နေသော ကျွနု်ပ်အတွက် အမေသည်အစဉ် အမြဲခွန်အားပေးသည်။ လမ်းညွှန်ပေးသည် (Thomas Adison)
၉။ လူတကာတို့သည် ကျွနု်ပ်ကို မည်ကဲ့သို့ပင် ပုတ်ခတ်ပြော ဆိုနေကြသော်လည်း အမေတစ်ဦးတည်းသာ ကျွနု်ပ် ကိုအစဉ် အမြဲခွန်အားပေး လျက်ရှိနေသောကြောင့် ယခုအထက် အာကာကိုပျံ တက်နိုင် ပါပြီ။ (လေယာဉ်ပျံကို တီထွသ်သူ-Glin LMartin)
၁၀။ အမေ့ကို မချစ်ပေးသော မရိုသေပေးသော ချွေးမကို ယူမိမှာကို အလွန်စိုး ရိမ်မိပါသဖြင့်  ယနေ့အထိ
      မိန်းမကို မယူနိုင်ပါ။ ကမ္ဘာ့သူဌေးကြီး (Andrew Canegie)
မှတ်ချက်။  ။အသက်ငါးဆယ်ကျော်မှ မိန်းမယူဖြစ်သည်။
၁၁။ ဖန်ဆင်းရှင် ဘုရားသခင်ဆိုတာ မရှိနိုင်ဘူးဟူ၍ ကြိမ်ဖန်များစွာ စဉ်းစားခဲ့မိပါသည်။ သို့သော် အမေ၏ ယုံကြည်ခြင်း ကြီးမားမူကြောင့်၊ ယခု ငါသင်းအုပ်ဆရာဖြစ်နေပါပြီ (Rev Richard Wale)
၁၂။ ကမ္ဘာတစ်ခု လုံးမှာရှိသော မကောင်းသော အကျင့်ဆိုးများ ကိုပြုပြင်ပြောင်း လဲလိုပါက မိခင်များမှအစပြုပါ။  (Rev Chals simson)
၁၃။ ပြင်သစ်နိုင်ငံအတွက် ပညာနှင့်ပြည့်စုံသော လူငယ်များစွာပေါ် ထွန်းလာနိုင်ရန် အတွက်မိခင်ကောင်း များစွာလိုအပ်သည်။ (စစ်သူကြီး Nepoleon)
၁၄။ အနာဂတက်မ္ဘာသစ်သည်မိခင်များ၏လက်မှာရှိသည်။ (ပြင်သစ်စာရေးဆရာ Luis Diphufus)
၁၅။ ကျွနု်ပ်ကို သမ္မတအိမ်တော်အထိ ပို့ဆောင်ပေးသောသူသည် ကျွနု်ပ်၏မိခင်ဖြစ်သည် (အမေရိကန် သမ္မတ John Adam)  
၁၆။ မိခင်ကိုစိတ်ချမ်းသာစေသောသူနှင့်သာ မိတ်ဆွေဖွဲ့လိုသည် (ပြင်သစ်စကားပုံ)
Fwd mail မှပြန်လည်ဖေါ်ပြပါသည်..။

Thursday, 17 April 2014

Happy Easter to you All!

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Ruth Dillow ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ပင်တဂွန်စစ်ဌါနချုပ် မွ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲကြားလိုက်ရတယ်။ သတင်းကတော့ သူရဲ့ချစ်လှစွာသောသား Clayton Carpenter ဟာ ကူ၀ိတ် နိုင်ငံရဲ့ စစ်မြေပြင်မှာ မြေမြှပ်မိုင်း နင်းမိပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းပါဘဲ။ Ruth Dillow ဟာ ကြားလိုက်ရတဲ့ သတင်းဆိုးကြောင့် သုံးရက်တိတိ ငိုကြွေးခဲ့ရပါတယ်၊ သုံးရက်တိတိ မိတ်ဆွေ၊ ဆွေမျိုး များရဲ့ နှစ်သိမ့်ခြင်း အားပေးခြင်းတို့ကို ခံယူရရှိခဲ့ရပါတယ်။ ဒါပေမယ့် သုံးရက်မြောက်နေ့မှာ တယ်လီဖုန်းမြည်လာပြီး သူ၏သားဖြစ်သူက အေမ ကျွန်တော်မသေဘူး၊ ကျွန်တော်အမေ့သား Clayton ပါ၊ အမေကြားရတဲ့သတင်းထဲက သေသွားတဲ့သူက သားမဟုတ္ဘူး၊ အခြားတစ်ယောက်ပါ ဟု ဖုန်းထဲမှ သားဖြစ်သူ၏ နှုတ်ဆက်သံကို ကြားလိုက်ရသောအခါ၊ သူမသည် ချက်ချင်း သူ့နားကိုပင် မယုံကြည်နိုင်ခဲ့ပါ၊ သို့သော် သားဖြစ်သူ၏အသံကို သူမဘယ္လိုမွ မမှားနိုင်ပါ။
စက္ကန့်ပိုင်းအတွင်းပင် သားဖြစ်သူ မသေသေးကြောင်း အခိုင်အမာသိရှိနားလည်သွားချိန်တွင် သူမ၏ပျော်ရွှင်မှုကြောင့် ကခုန်၊ ရယ်မောလျက် သူမ၏သုံးရက်တာ ၀မ်းနည်းပူဆွေးမှုမှသည် ဘ၀တစ်လျှောက်လုံးအတွက် အပျော်ဆုံးနေ့ တစ်နေ့ဖြစ်သွားခဲ့သည်။ ထိုနေ့တွင် သူမဘယ်လောက်ပျော်ရွင်ခဲ့ရသည်ကို ဘယ်သူမှနားလည်၊ ခံစားပေးနိုင်မှာ မဟုတ်ပါဘူး ဟု သူ၏ပျော်ရွှင်မှုကို ပြန်လည်ဖွင့်ဟခဲ့သည်။


ဓမ္မသစ်ကျမ်းကို ဖတ်ရှုနားလည်ပြီး ခရစ်တော်ကို ချစ်တဲ့ ယုံကြည်သူတိုင်းအတွက် Ruth Dillow ရဲ့ပျော်ရွှင်မှုမျိုးကို ခံစားဘူးကြသူများဖြစ်ပါတယ်။ ခရစ်တော်ရဲ့ လက်တော်နဲ့ ဖဝါးတော် မ်ားကို ကားတိုင်ပေါ်မှာ ရက်ရက်စက်စက် သံမှိုနဲ့ ရိုက်ပြီး နံရိုးတော်ကို လှံတံနဲ့ ထိုးလိုက်တဲ့ အချိန်မှာ ခရစ်တော်ရဲ့ မိခင်၊ သူ့ကိုချစ်တဲ့ နောက်လိုက်တပည့်တွေ ဘယ်လောက်ထိအောင် ပူဆွေးသောက၊ ၀မ်းနည်းနာကျင်မှုကို ခံစားရမလဲဆိုတာပြောမပြလည်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် သုံးရက်မြောက်သောနေ့မှာ ခရစ်တော်ကို ဂူသွင်းမြှပ်နှံတဲ့ နေရာကို မယ်တော်နှင့် အမျိုးသမီးအချို့သွားရောက်တဲ့အခါ၊ ဂူကိုပိတ်တဲ့ ကျောက်တုံးကြီး မရှိတော့တဲ့အပြင် အထဲကို၀င်ကြည့်တော့ ခရစ်တော်ရဲ့ အလောင်းလည်းမရှိတော့ပါဘူး၊ တစ်ချိန်တည်းမှာဘဲ ကောင်းကင်တမန်များ ပေါ်လာပြီး ခရစ်တော် ထမြောက်ပြီဖြစ်ကြောင်း မယ်တော်နှင့် အမျိုးသမီးများကို ပြောပါတယ်။ မိတ်ဆွေ ခရစ်တော်ဟာ သေခြင်းကို အောင်မြင်ပြီး သင်္ချိုင်းတွင်းမှ ပြန်လည်ထမြောက်ခဲ့တဲ့ အရှင်ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့အတွက် ဘယ်လိုပြောင်းလဲမှု ဖြစ်စေပါသလဲ?

၁ကော ၁၅း၂ တွင် အထက္က ငါဟောပြော သည်အကြောင်းများကို သင်တို့ သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလန်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ ဟုဖော်ပြသည်။ တဖန်
၁ကော ၁၅း၃-၇ တွင် ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တကျိပ်နှစ်ပါးသောသူတို့သည် မြင်ရကြ၏။
ထိုနောက် ညီအစ္ကိုငါးရာမက၊ တပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
ထိုနောက် ယာကုပ်မြင်ရ၏ ဟုရေးသားထားသည်။
တဖန် ၁ကော ၁၅း၅၁-၅၂ တွင် နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ဟုတွေ့ရသည်။ 

တမန်တော်ရှင်ပေါလု ဖော်ပြသကဲ့သို့ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကြောင့် အရာခပ်သိမ်းတို့သည် အရင်ကနှင့်မတူ ပြောင်းလဲကုန်ကြလေပြီ။ ယုတ်ရွအဆုံး ကားတိုင်နှင့်သင်္ချိုင်းဂူ တို့အပေါ်လူသားတို့၏အမြင်များပင်လျှင် သခင်ယေရှု၏ ထမြောက်ခြင်းနောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့သည်။

ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း မဖြစ်ခင် လက်ဝါးကားတိုင် ဟူသည် အမင်္ဂလာ၊ သေခြင်း၏အမှတ် လက္ခဏာဖြစ်ရုံမက အဆိုးဆုံးသော သေခြင်း၊ ကွပ်မျက်ခြင်းခံရသောနေရာဖြစ်သည်။ ထို့ကြောင့် ရောမအင်ပါယာအတွင်းတွင် ရောမနိုင်ငံသားတစ်ဦးကို လက်ဝါးကားတိုင်ပေါ်တွင် ကွပ်မျက်ခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ လက်ဝါးကားတိုင်သည် အနိမ့်ဆုံးသောသူ၊ ကျွန်၊ ရောမအင်ပါယာ၏ ရန်သူများအတွက် ကွပ်မျက်ရာအဖြစ် သတ်မှတ်ထားသည်။ သို့သော် အမင်္ဂလာဖြစ်ပါသည် ဆိုသော ထို လက်ဝါးကားတိုင် သည်ယနေ့ စိတ်ချမ်းမြေ့မှုကို ပေးနိုင်စွမ်းသော လက္ခဏာ အဖြစ် ယုံကြည်သူရော မယုံကြည်သူများပါ နားကပ်၊ ဆွဲကြိုး မွအစ ပုံစံအမျိုးမျိုးဖြင့် အမြတ်တနိုးထားသော၊ မျှော်လင့်ခြင်းကိုပေးသော၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုအမှတ်ရစေသော အမှတ်အသားတစ်ခု ဖြစ်နေသည်။

ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းအမှုမဖြစ်ပွါးခင်တွင် ဂူသင်္ချိုင်း ဟူသည် လူ့ဘ၀၏ လမ်းဆုံး၊ နိဂုံးပြုရာ နေရာဖြစ်ခဲ့သည်။ သို့သော် ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ယနေ့ထို ဂူသင်္ချိုင်းသည် သေခြင်း၏အခြားသော တဖက်ခြမ်း၌ရှိသည့် ပိုမိုအဓိပ္ပါယ်ရှိသော၊ စစ်မှန်သော၊ ထာ၀ရဖြစ်သော ဘ၀၏ အစ၊ ထာ၀ရပျော်ရွှင်ခြင်းတည်းဟူသော နိဗ္ဗန် ၏ နိဒန်းအဖြစ် ယုံကြည်သူခရစ်ယာန်တိုင်းက ခံယူကြပေသည်။ ထာ၀ရ ပျော်ရွှင်မှုရှိရာ မရောက်မချင်း လောဘ၊ ဒေါသ၊ မောဟ တွေရဲ့စေစားရာနောက် မမောမပန်း လိုက်လျှောက်နေကြရတယ်မဟုတ်လား။ Dale Even ဆိုသူက ဟိုး..အေ၀းမှာမြင်ရတဲ့ တဲ့တန့် ရောင်ခြည်ရဲ့ ခြေရင်းမှာရှိတဲ့ ရွှေအိုးကိုရှာဖွေဖို့ ကျွန်တော့် ဘ၀ရဲ့ အချိန်တော်တော်များများကို အသုံးပြုခဲ့မိတယ်၊ နောက်ဆုံး အဲဒီရွှေအိုးကို တဲ့တန့်ရောင်ခြည်ရဲ့ ခြေရင်းမှာ မတွေ့ဘဲ၊ ကားတိုင်ရဲ့ ခြေရင်းမှာတွေ့ခဲ့ရတယ် ဟု ဆိုခဲ့သည်။

ကျွန်တော်တို့ဟာ လောကကြီးမှာ ရှင်သန်ခဲ့တဲ့ကာလတစ်လျှောက်လုံး ကျွန်တော်တို့အတွက် အရေးကြီးတယ် လို့ ယူဆ ခံယူထားတဲ့ အရာ၀ထၳုတွေရဲ့နောက်ကို တကောက်ကောက်လုံးပမ်းရှာဖွေကြတယ်။ ဒါပေမယ့် သေခြင်းဆိုတဲ့တရား၊ သေခြင်းရဲ့အခြားတဖက်မှာ လျှောက်လှမ်းတွေ့ကြုံရမယ့် တရားတွေနဲ့ အပေးအယူလုပ် ရတော့မယ်ဆိုရင် ကျွန်တော်တို့ဘ၀အတွက် အင်မတန်အရေးကြီးပါတယ်လို့ ခံယူသတ်မှတ်ထားတဲ့၊ လုံးပမ်းရှာဖွေထားတဲ့ လောကအရာ၀ထၳုတွေဟာ ဘာမှအရေးပါတဲ့အရာတွေ မဟုတ်တော့ပါဘူး။ မိတ်ဆွေစီးတဲ့ကားကောင်း၊ မိတ်ဆွေနေတဲ့ အိမ်ကြီးတွေက ထာ၀ရလျှောက်လှမ်းရမယ့် အခြားသောတဖက်ကို ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးကိုမှ မဖန်တီးပေးနိုင်ပါဘူး။

Henry Garrity ဆိုသူရေးသားသော Portraits of Perseverance ဆိုသော စာအုပ်တွင် တစ်ခါက Carl ဆိုသူတစ်ယောက်သည် အလွန်ချမ်းသာသော သူဌေးတစ်ယောက်ဖြစ်ရာ၊ အလွန်ကြီးသော အိမ်နှင့် မြေကွက်များကို ပိုင်ဆိုင်သည်ဟုဆိုသည်။ သူ၏အနှစ်သက်ဆုံး အချိန်ဖြုံးနည်း တစ္ခုမွာ မြင်းစီးရင်း သူပိုင်ဆိုင်သည့် မြေကွက် မ်ားကို လျှောက်ကြည့်ကာ၊ သူ၏ပိုင်ဆိုင်မှုများအပေါ် ကြည်နူးပီတိဖြစ်ခြင်းဖြစ်သည်။

တစ်နေ့ Carl သည် မြင်းစီးရင်း သူ၏မြေကွက် တစ်နေရာရှိ တဲကလေးတစ်ခုတွင် ငှားရမ်းနေထိုင်သော Han ဟုအမည်ရသည့် လယ်သမားတစ်ယောက် ကိုတွေ့သည်။ နေ့လယ်စာ စားချိန်ဖြစ်ပြီး Han သည် သစ်ပင်တစ်အောက် အရိပ်တွင် စားပွဲသေးသေး တစ်လုံးနှင့် နေ့လယ်စာစားရန်အတွက် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းနေသည်။ Carl က Han ၏နေ့လည်စာကို ကြည့်လိုက်ရာ ပေါင်မုန့်ကြမ်းများနှင့် ချီစ် အနည်းငယ်ကိုသာ တွေ့သဖြင့်၊ အဲဒီ အစားအစာ ကလေးအတွက်နဲ့များ ကျေးဇူးတော်ချီးမွမ်းနေရသေးတယ် ဟု နာခေါင်းရှုံ့ ကာ ကဲ့ရဲ့ပြောဆိုလိုက်သည်။ Han က ဒီအစားအစာ ဟာ ကျွန်တော့်အတွက် လုံလောက်တယ်၊ ဘုရားသခင်ပေးထားတဲ့ အစားအစာ ဖြစ်တယ်ဟုပြန်ပြောသည်။

Han ၏ ပြန်လည်ချေပပြောဆိုမှု မည်သို့မျှ နားလည်နိုင်စွမ်း ရှိပုံမရသော Carl သည် ရုတ်တရက် လည့်ပြန်မည် ပြုစဉ် Han က နေပါအုန်း. . . ကျွန်တော်ညက မက်တဲ့ အိမ်မက်ကလေးပြောချင်သေးတယ်၊ ညကကျွန်တော့် အိမ်မက်ထဲမှာ အလွန်လှပတဲ့ နေရာတစ်ကိုရောက်သွားပြီး ဒီည မင်းနေထိုင်တဲ့လွင်ပြင် တစ်ခုလုံးမှာ အချမ်းသာ ဆုံးသူ သေမယ် လို့ ကျွန်တော့်ကိုပြောသွားတယ် ဟု ပြောပြသည်။

Carl က အိမ္မက္ဆိုတာ မက်ချင်တိုင်းမက်တာပါ ဟုမကျေမချမ်းပြောလိုက်သည်။ သို့သော် အပြန်လမ်း တစ်လျှောက်လုံး Han ၏စကားက သူ၏အတွေးအာရုံအားလုံးကို စိုးမိုးတွယ်ညှိလာသည်။ အိမ်ရောက်သော အခါ လက်သုံးတော်ဆရာ၀န် အားအမြန်ဆုံးခေါ်ပြီး Han ပြောပြသော အိမ်မက်များကို ပြန်ပြောပြပြီး သူ၏အတွေးအာရုံတစ်ခုလုံးကို ဖမ်းဆွဲချုပ်ကိုင်နေသော စိုးရိမ်ပူပန်မှုကို ပြောကာ တစ်ကိုယ်လုံး ကျန်းမာရေးစစ်ဆေးခိုင်းသည်။ ကျွန်တော် ဒီည တကယ်သေမယ်လို့ ထင်ပါသလား ဟု အကြိမ်ကြိမ်မေးမြန်းသည်။ စစ်ဆေးမှု ပြီးသောအခါ ဆရာ၀န္က ကျန်းမာရေးအခြေအနေကောင်းကြောင်း ဘာမွ်စိတ္ပူစရာ မရှိကြောင်း ပြောပြသည်။

နောက်တစ်ရက်မနက် အိပ်ယာမှ ထသောအချိန်တွင် အိမ်တံခါးခေါက်သံကြားရသဖြင့် သွားဖွင့်ရာ၊ ဆင်းရဲသား လယ်သမားလေး Han တစ်ယောက် ညကဆုံးသွားကြောင်း တစ်စုံတစ်ယောက်က သတင်းပို့လာသည်။ ဟုတ်ပါတယ်. . . Han တစ်ယောက် အိမ်မက်ထဲမှာ ကောင်းကင်သားပြောသွားတဲ့ အချမ်းသာဆုံးသူဌေးဆိုဒါ သူကိုယ်တိုင်ဖြစ်မှန်းမသိ ဖြစ်နေပါတယ်။ လောကမှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်များနေပါစေ၊ အဖဘုရားသခင်အတွက်တော့ အချမ်းသာဆုံးသူဖြစ်ချင်မှဖြစ်မှာပါ။ ဘုရားပေးတဲ့ အရာတွေနဲ့ ကျေနပ် နှစ်သိမ့်နိုင်သောသူသာလျှင် ဘုရားသခင်အတွက် အချမ်းသာဆုံးသောသူပါ။

ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်က လောကအရာများသည် အရေးကြီခဲ့ပါတယ်.. ဒါပေမယ့် အခုတော့ ဘာမျှမဟုတ်တော့ပါ။

ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်က သေခြင်းတရားဟာ လူ့ဘ၀ကြီးရဲ့ အဆုံး၊ နိဂုံးဖြစ်ခဲ့ပါတယ် ဒါပေမယ့် အခုတော့ ထာ၀ရရှင်သန်ခြင်းရဲ့ နိဒါန်းပါ။

ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်က လူ့လောကကြီးဟာ ဆင်းရဲခြင်း၊ ဒုက္ခ၊ သုက္ခ များနဲ့ ပြည့်နဲ့နေတဲ့ ကမ္ဘာဖြစ်ခဲ့ပါတယ် ဒါပေမယ့် အခုတော့ လောကအရာ တွင်ဘာမျှမပိုင်ဆိုင်သောသူပင်လျှင် မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း များနဲ့ပြည့်၀တဲ့ ဘ၀ကို ပိုင်ဆိုင်သောသူများဖြစ်လေကြပြီ . . .။

စာဖတ်သူအပေါင်း သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပျော်ရွှင်၀မ်းမြောက်စွာဖြင့် ရရှိခံစားရပြီး သခင်ယေရှုနှင့်အတူ ပြန်လည် ရှင်ပြန်ထမြောက်သောသူ အသီးသီးဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း.

Happy Easter to you All.
သောင်းနိုး

Melvin Newland ၏ Easter what a difference! ကို ကိုးကားထားပါသည်။
Calvary Burmese Church မှကူးယူပါသည်..