Tuesday, 29 October 2013

အသင်းတော်နှင့်ရှုမြင်သုံးသပ်ခြင်းများ

 သခင် ဘုရားပြန်ကြွ မလာမွီ နှိုးထမူ တစ္ခုရွိ မည်ဟု သင် ထင်ပါသလား။             
သခင် ဘုရားကြွလာတော် မမူမွီ နှိုးထမူရှိမည်ကို ကျွန်ုပ် မသိပါ။ သခင်ဘုရားကြွ လာရန် အချိန် နာရီကြာ ဦးမည် ဆိုပါက ကျွန်ုပ် တို့၌ နိုးထမူလို အပ်မည်။ ထို့ကြောင့် ဘုရားသခင်၏ လူမ်ား အကြားတွင် ကြီးမားသောနိုး ထမူဖြစ်ရန် ဆက်လက် ဆုတောင်းကြပါစို့။ ဤခေတ် ကာလသည် ဆိုးယုတ်ပြီး လမ်းလွဲသောခေတ် ကာလဖြစ် သည်ဟု သမ္မာကျမ်းက ဖော်ပြပါသည်။ နေရာဒေသအလိုက် နိုးထမူရှိသော် လည်းတစ်ကမ္ဘာလုံး 
 နိုးထမူဖြင့် ဤခေတ် ကာလကြီး အဆုံးသတ် မည်ဟု ကျွန်ုပ်မယုံကြည်ပါ။

  ခရစ်ယာန်တစ်ယောက်အနေနှင့် ဘုရားကျောင်းတက်ရန် လိုအပ်ပါသလား။ ခရစ်ယာန်များသည် ဖြူစင်သောစိတ်နှင့် သခင်ဘုရား၏နေ့ရက် တွင်သမ္မာကျမ်းသွန်သင်သော သူများနှင့်တွေ့စုံပြီးဘုရား သခင်၏လူများနှင့် 
အတူစည်းေ၀းရမည်ဟု ကျွန်ုပ်တို့ယုံကြည် သည်(ဟေဗြဲ၊၁၀း၂၅)။ သင်၏မိခင်အသင်းတော်တွင် ၀ိညာဉ်အစာကို တိုက်ကျေွးခြင်းမရှိပါက ၀ိညာဉ် အစာကိုကောင်း စွာကျေွးမွေးသော အသင်းတော်ထဲ သို့ပါ၀င်ရန်တိုက် တွန်းလို ပါ သည်။ ဆယ်ဖို့တစ်ဖို့သည်တစ်ဆယ်မှာတစ်ခုဖြစ်ပါသလား။
             ဆယ်ဖို့တစ်ဖို့နှင့်ပတ်သက်၍ မာလခိမှပညတ်ချက်အတိုင်း တစ်ဆယ်တွင်တစ်ခု ကိုပေးရ သည်။ ကျေးဇူးတော်ခေတ်တွင် ပညတ်ချက်ထက်သာလွန်၍ပေးသင့်ပါသည်။ ထို့ကြောင့်ယနေ့တွင် ခရစ်ယာန်တစ်ယောက်အနေဖြင့်ဆယ်ဖို့တစ်ဖို့အပြင် သခင်ဘုရား၏အမူတော်လုပ်ငန်းအတွက် အလှူငွေပေးအပ်ရပါသည်။

 ဆယ်ဖို့တစ်ဖို့ပေးခြင်းကို ဤေခတ္ကာလ၌ တောင်းဆိုပါသလား။
             ဆယ်ဖို့တစ်ဖို့သည် ဓမ္မဟောင်းခေတ်အတွက်သာဖြစ်သည်ဟု လူအမ်ား ယုံကြည်ကြသည်။ သို့သော်လည်း ပညတ်တော် ခေတ်မတိုင်မှီ နှစ်ပေါင်းများစွာကအာဗြဟံသည်မာလာခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးခဲ့ပြီးဖြစ်သည်။ယာကုပ်သည်ထာ၀ရဘုရားအား ဆယ်ဖို့တစ်ဖို့ပေးကြောင်းပြန်လည်အောက်မေ့သောအခါ ၄င်းသည် ကျေးဇူးတော်ကာလတွက် အသုံးပြုကြောင်းသင်တွေ့ရမည်။ ဆယ်ဖို့တစ်ဖို့သည် ပညတ်တော်အားဖြင့် အနည်းဆုံးဖြစ်ပြီး ကျေးဇူးတော်ကာလ၌ထိုထက်မနည်းနိုင်ပေ။ သခင်ဘုရားအတွက် ဆယ်ဖို့တစ်ဖို့ကိုဖယ်ထားသောသူများကို ဘုရားသခင်က ထူးဆန်းစွာကောင်းချီးပေးသည်။

 ကျွနု်ပ်တို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ဒေသန္တာရအသင်းတော်၌ ပေးရမည်လော။
    ဆယ်ဖို့တစ်ဖို့သည်ဒေသန္တာရအဖွဲ့အစည်းတစ်ခုထဲသို့ပေးလှူရမည် ဟုမည်သည့်ကျမ်းပိုဒ် ကမှမပြော ထားပါ။ မာလာခိ ၌ ရှိသည့် က္ကသရေလ၏ဘဏ္႑ာတိုက်သည် ဘာသာရေးလှုပ်ရှား မူများနှင့်ဗိမာန်တော် ၀တ်ပြုရာ၌စုစည်းသော အလှူငွေများဖြစ်သည်။ ဘုရားသခင်၏အ မူတော်အတွက်လို အပ်သောအရာ အားလုံးကို ဤဘဏ္႑ာတိုက်မှထောက်ပ့ံရသည်။ ဓမ္မဆရာများ၏လိုအပ် ချက်ကို ပြည့်စုံကြွယ် ၀စွာ ထောက်ပံ့ ပါက သူတို့သည်ဘုရားသခင်၏အမူတော်မြတ်အတွက် သမ္မာတရား တိုက် ကျေွးရန် လေ့ လာရန်ပို၍အချိန်ရကြမည်။

 အသင်းတော်၌ စားသောက်ရေးကိစ္စရပ်များကိုမလုပ်ရဟု ကျမ်းစာကပြောပါသလား။
             ၁ကော။၁၁း၂၂-၃၄ ၌ေပါလုက ကျွန်ုပ်တို့၌ စားရန်သောက်ရန် အိမ်ရှိ၏ဟုဆိုသည်။ ဤလူမူရေးအဖြစ်အပျက်များသည် အသင်းတော်၌ကြီးမားသော အန္တာရာယ်ဖြစ်စေတတ်ပြီး၀ိညာဉ်ရေးရာကို လျစ်လျူရှုစေတတ်သည်။

အသင်းတော်၌ရောင်း၀ယ်ခြင်းနှင့်ညစာစားပွဲများပြုလုပ်ခြင်းကို သင်မည်သို့ထင်မြင်ပါသနည်း။
             ၁ကော၊၁၁ က ဘုရားသခင်၏အသင်းတော်မှာမိတ်သဟာယဖွဲ့ခြင်း၊ သွန်သင်ခြင်းနှင့်မုံ့ဖဲ့ခြင်း အတွက်ရည်ရွယ်ခြင်းဖြစ်သည်။ ထိုအခန်းကိုသေချာစွာဖတ်ပါက အသင်းတော်ထဲ၌ စားသောက်ခြင်း၏ မကောင်းမူ ကိုကြပ်တည်းစွာတားမြစ်သည်။ တမန်တော် ၀တၳု တစ်ခုလုံးကြိုကြည်လျှင် ကနဦးအ သင်းတော်တွင် ညစာစားပွဲ ရောင်း၀ယ်ခြင်း၊ ဧည့်ခံကြိုဆိုဖျော်ဖြေခြင်းနှင့် အခြားမိုက်မဲသောအရာ များရှိကြောင်း အထောက်အထားမရှိပါ။ ဘုရားသခင်၏အမူတော်အားလောကီအရာများနှင့် ရောထွေးလျှင် ဆိုးဝါးလှပါသည်။

 အသင်းတော်ထဲ၌ ရုပ်ရှင်ပြသခြင်း၊မှန်သည်ဟု သင်ထင်ပါသလား။
             ယနေ့အခြေအနေရ ကောင်းစွာအဖြေပေးရန် ခက်ခဲပါသည်။ ၀တ်ပြုခြင်းအစီအစဉ်သည်တရားဒေသနာဟောကြားတိုက် တွန်းရန်ဖြစ်ပြီး ရုပ်ရှင်မပြသင့်ပါ။ ယုံကြည်ခြင်းသည် အမြင်အားဖြင့်မဟုတ်ဘဲကြားနားခြင်းအားဖြင့်ဖြစ်သည်။ရုပ်သေနှင့်ရုပ်ရှင် ယူဆောင်လာသော အစဉ်အလာမှာ ကျွန်ုပ်တို့၏တရားဟောခြင်းကိုအထောက်အကူပြုရန် အသုံးပြုသော လောကီနည်းစနစ်ဖြစ်သည်။ အသင်းများစွာတို့သည် ရုပ်ရှင်ပြသခြင်းကိုလက်ခံကြပါသည်။ရုပ်ရှင်ပြသမည်ဆိုပါက သီတင်းတစ်ပတ်အတွင်း တနင်္ဂနွေနေ့ ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ်၌မဟုတ်ဘဲ အခြားနေ့ရက်၌ပြုလုပ် ပိုကောင်းပါသည်။


 တေးဂီတကို လက်မခံသောအသင်းတော်သို့ တက်ရောက် သည်သူငယ်ချင်း တစ်ယောက်နှင့်ကျွန်တော်ဆွေးနွေးခဲ့ပါသည်။ ဤအရာသည် ကျမ်းစာအတိုင်းဖြစ်ပါသလား။           
     လူများ၀တ်ပြုရာတွင် တေးဂီတကို အသုံးပြုကြောင်းဓမ္မဟောင်း၊ဓမ္မသစ် ၊နှစ်ခေတ်စလုံးတွင်ခိုင်လုံသော အထောက်အထားရှိသည်။ ဓမ္မသစ်ကျမ်းတွင်တူရိယာများကို အသုံးပြုသည့်မှတ် တမ်းမတွေ့ရပါ။ မည်သို့ပင်ဖြစ်စေဓမ္မဟောင်း၀တ်ပြုကိုးကွယ်ခြင်း၌တူရိယာပစ္စည်း များအကြောင်းမြောက်များ စွာဖော်ပြထားပါသည်။ကျွန်ုပ်အနေနှင့်ဘုရားသခင်၏ဘုန်းတော်အတွက် အသုံးပြုပါက တူရိယာပစ္စည်းများ အပေါ် မကန့်ကွက်ပါ။ ခရစ်ယာန်အဖွဲ့တစ်ဖွဲ့ကတူရိယာပစ္စည်း အသုံးပြုခြင်းကိုမကြိုက်ဘဲ လူ၏အသံကိုသာ အသုံးပြုရန်ဆန္ဒရှိပါက သူတို့၏အခွင့်အရေးနှင့် လွတ်လပ်မူပင်ဖြစ်သည်။

 ကျွန်တော်၏မိခင် အသင်းတော်သည် သမ္မာကျမ်းရှိ အချို့သောအရာများကိုပြ ဇါတ်အဖြစ် အစဉ်လိုက်ရေးသားကြသည်။ ဤအရာ၌ ကျွန်တော်သဘောမတူပါ။ဤကိစ္စ၌သင်အကူအညီပေးနိုင်မပေးနိုင်သိလိုပါသည်။
             ဤကိစ္စနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည်။ အသင်တော်၏အလုပ်မှာနှုတ်ကပတ်တော်အားဖြင့် မိတ်သဟာယဖွဲ့ခြင်း၊ သခင်ယေရှုခရစ်တော်အတွက် မွန်မြတ်သည့်၀ိညာဉ်များရရန် ပြင်ဆင်ခြင်းဖြစ်သည်။ယနေ့ကာလတွင်အကြားအားဖြင့်မဟုတ်ဘဲ စွဲလန်းမူအတွက် ဖျော်ဖြေရန်နည်းမျိုးစုံတို့ကိုအသင်းတော်သို့ ယူဆောင်လာကြသည်။ ထိုသို့ပါ၀င်ခြင်းမှန်ကန်သည်ဟုသင်ခံစားမိပါက ထိုသို့ပြုလုပ်ခြင်းသည် သင့်အတွက်အမှားဖြစ်ပေလိမ့်မည်။သန့်ရှင်းသော၀ိညာဉ်တော်လမ်းပြသည့်အတိုင်း လိုက်နာရန်အကြံပေးလိုပါသည်။

 အသင်းတော်၌ဖျော်ဖြေမူ ပြုလုပ်ခြင်းကိစ္စအပေါ်တွင် သင်၏ရပ်တည်ချက်သည်အဘယ်နည်း။
             အသင်းတော်တိုင်းသည် ဤကိစ္စအတွက် မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ရမည်။ပျော်ပွဲရွှင်ပွဲများကို ကျွနု်ပ်အားပေးပါ။ အသင်းတော် ၏အလုပ်မှာ သခင်ယေရှုခရစ်၏ကယ်တင်ခြင်း သတင်းဟောကြားရန်ဖြစ်သည်။ သာသနာပြုများစေလွှတ်ရန်နှင့် ဒေသန္တာရအ သင်းတော်၏လုပ်ငန်းအသီးသီးတို့အတွက် ရံပုံငွေလိုအပ်လျက်ရှိရာ ပျော်ပွဲရွှင်ပွဲများ ၊ဈေးရောင်းပွဲများနှင့်ဖျော်ဖြေမူများ အားဖြင့်၀င်ငွေရစေနိုင်ပါသည်။ ထိုပွဲများကို ဘုရားကျောင်းထဲတွင်မကျင်းပဘဲ၊ဘုရားကျောင်း၏အပြင်ဘက် သင့်လျော်သောနေရာကို ရွေးချယ်ပါက ပို၍အဆင်ပြေပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....