Tuesday, 29 October 2013

ချိနဲ့အားနည်းသော်လည်း သာသနာပြု သူရဲကောင်း တစ်ဦး ဖြစ်သွားသူ

David Brainerd (ဒေးဗစ်ဘရိမ်းနာဒ်) (၁၇၁၈ - ၁၇၄၇)
    လူကလေးများသည် တောအုပ်ကြီးထဲသို့ သွားရောက်ကာ စိတ်တက်ကြွ ဖွယ်ကောင်းသော ခရီးကို အစပြု  ကြတော့မည်။ သူငယ်ချင်းများ ကခေါ်သော်လည်း လိုက်ပါသွားရန်ဒေးဗစ်ငြင်း ပယ်ခဲ့၏။ မသွား ချင်သောကြောင့် မဟုတ်ပါ။ လိုက်ပါ သွားရန် သူအင်မတန်တောင့်တ ခဲ့ပါ၏။ သူ၏အား နည်းချိနဲ့သည့် ခန္ဓာကိုယ် ကပင်ပန်းခံနိုင်မည်  မဟုတ်ချေ။ သူသည်ပင်ပန်းနွမ်းရိနေ၏။ ထို့ကြောင့်ဒေးဗစ် သည်သူ၏ သူငယ်ချင်းများတော အုပ်ကြီးထဲသို့ပျော်ရွင် စွာချီတက်ဝင်ရောက် သွားကြသည်ကို ထိုင်၍ကြည့်နေခဲ့၏။
    သူအဘယ်ကြောင့်အင်အား ချိနဲ့သောခန္ဓာ ကိုယ်ရှိနေရပါသနည်း။ သူ့သုူငယ်ချင်း မိတ်ဆွေ များကစွန့်စား ခန်းများ၊ပျော်ရွှင်စရာ များ၌ဝမ်းမြောက်နေ ချိန်တွင်သူသည် သစ်ငုတ်တိုပေါ်၌ အမြဲ တမ်းထိုင်နေ သင့် ပါသလား။ ငယ်ရွယ်သူဒေးဗစ်သည် သူ့အတွက်ဘုရားသခင် ထားရှိသည့်အကြံ အစည် အားလုံးကို မသိခဲ့ချေ။
လူငယ်တစ်ဦးအနေဖြင့်
    ဒေးဗစ်ဘရိန်းနာဒ်ကို(၁၇၁၈)ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၌ဖွာမြင်ခဲ့၏။ သူသည်အလွန်အားနည်းပြီးပိန်လှီနေ၏။ ရွယ်တူအခြားကလေးများကဲ့သို့ကစားခုန်ကစားခြင်း(သို့)အားထုတ် လုပ်ကိုင်ခြင်းမပြုနိုင်ခဲ့ချေ။ဤအရာကသူ့အားတည်ငြိမ်အေးဆေးသောသဘာဝရှိစေခြင်းဖြစ်ကောင်းဖြစ်ပေ မည်။ အသက်ငယ်စဉ်ကပင်သူ့ဝိညာဉ်အတွက်စိတ်ပူပန်ပြီးသေရမှာကိုစိုးရိမ်ကြောက်ရွံ့ခဲ့၏။ စိတ်နှလုံး၌အေးချမ်း ပျော်ရွှင်မှုရရန်နှင့်ကွယ်လွန်ပြီးနောက်ကောင်းကင်နိုင်ငံသွားရန်ဆန္ဒအ လွန်ကြီးမားခဲ့၏။သို့သော်လည်းအသက်တာပြောင်းလဲခြင်းအကြောင်းသူနားမလည်မသိသေးပေ။ အသက်(၉)နှစ်သားအရွယ်တွင်ဖခင်ဖြစ်ကွယ်လွန်ခဲ့ ပြီး(၁၄)နှစ်သားအရွယ်တွင်သူ့မိခင်ဆုံးပါးသွားခဲ့၏။ ထို့ကြောင့်ဘရိန်းနာဒ်လေးမှာမိဘမဲ့ဖြစ်ခဲ့ရ၏။သူ့ဘဝအ လွန်ကြေကွဲဖွယ်ကောင်းခဲ့ပြီးဘာသာရေးဆိုင်ရာစိုးရိမ်ပူပန်မှုများလည်းကျဆင်းခဲ့ရ၏။ 

အသက်တာသစ်
    ဘရိန်းနာဒ်သည်မလိုလားအပ်သောပေါင်းအဖော်များကိုရှောင်ကြဉ်ခဲ့ပြီးအချိန်များစွာကိုတိတ်ဆိတ်စွာ ဆုတောင်းခြင်း၌ကုန်လွန်စေခဲ့၏။ သမ္မာကျမ်းကိုတိုး၍ဖတ်ရှုခဲ့ပြီး၊ဘာသာရေးတိုးတက်ဖွံ့ဖြိုးရန်တနင်္ဂနွေနေ့တိုင်း တွေ့ဆုံသည့် အဖွဲ့ငယ်လေးတစ်ခုကိုအခြားလူငယ်အချို့နှင့်ဖွဲ့စည်းခဲ့၏။ထိုနေ့တာကုန်လွန်သွားပြီးနောက်သူကြား ခဲ့ရသည့်တရားဟောချက်များကိုသူ့ဖာသာထပ်တလဲလဲပြန်ပြောကာကျေနပ်အားရနေပေလိမ့်မည်။ ဤသို့အား ဖြင့်သူ့ဇာတိဖြောင့်မတ်ခြင်း၌လုံခြုံစိတ်ချမှုခံစားနေခဲ့မည်ဖြစ်၏။သို့ရာတွင်ခရစ်တော်နှင့် တစ်ဦးချင်းသူမသိကျွမ်း ခဲ့သေးချေ။
    တစ်နေ့ဘုရားသခင်၏အမျက်တော်နှင့်ဘေးအန္တရာယ်ကိုရုတ်တရက်ခံစားမိပြီးဆောက်တည်ရာမရဖြစ် ခဲ့၏။ သူ၏ဘာသာရေးဆိုင်ရာဝတ္တရားများကိုစိတ်အားထက်သန်မှုကြီးမားစွာဖြင့်ကျင့်ဆောင်ခဲ့၏။သို့သော်လည်း အပြစ်တရားကသူ့အားဆုပ်ကိုင်ထိန်းချုပ်ထားပြီးသူသည်ပျောက်ဆုံးနေသူတစ်ဦးဖြစ်ကြောင်းသတိမူမိခဲ့၏။ သို့သော်ငြားလည်းခရစ်တော်၌လုံးဝဥဿုံကိုးစားရန်သူ၏ကောင်းသောအကျင့်အပေါ်အမှီပြုခြင်းကို လက်မ လျှော့နိုင်ခဲ့ချေ။ နောက်ဆုံးတွင်ခရစ်တော်ကိုအကြွင်းမဲ့လက်ခံရန်ဘုရားသခင်၏ဝိညာဉ်တော်က သူ့အားဦး ဆောင်လမ်းပြခဲ့၏။ ဤသို့အားဖြင့်သူ့အသက်(၂၁)နှစ်အရွယ်တွင်အသက်တာသစ်ကိုရရှိခဲ့၏။ 

ကောလိပ်ကျောင်း၌
    သူ့အသက်တာပြောင်းလဲပြီး(၂)လကြာတွင်ယေးလ်ကောလိပ်သို့ဘရိန်းနာဒ်ဝင်ရောက်သင်ယူခဲ့၏။ 
 ကောလိပ်ကျောင်းတွင်စုံစမ်းသွေးဆောင်ခြင်းများအကြား၌ဘုရားတရားလေးစားကြည်ညိုသည့်အသက်တာ ဖြင့်မရှင်နိုင်မှာကိုစိုးရိမ်ပူပန်ခဲ့၏။ သို့ရာတွင်သူဆုတောင်းလျက်နှုတ်ကပတ်တော်ဖတ်ရှုခဲ့သည့်အတိုင်းဘုရား သခင်ကသူ့အားကြွယ်ဝစွာသောကောင်းကြီးပေးတော်မူခဲ့၏။သူတစ်ဦးတည်းဘုရားသခင်နှင့်တစ်ဦး တည်းအချိန် ယူမိတ်သဟာယဖွဲ့ခြင်း၌အချိန်များစွာယူခဲ့၏။သူ့ဆန္ဒမှာခရစ်ယာန်အမှုတော်ဆာင်လုပ်ငန်းအတွက်ရှေ့ ရှုခဲ့၏။ စာကိုကြိုးစားခဲ့ပြီးဂုဏ်ထူးဆောင်ကျောင်းသားတစ်ဦးဖြစ်လာခဲ့၏။ ပညာသင်လေ့လာခြင်းများကိုဖျားနာမှုက ရံဖန်ရံခါအဆီးအတားဖြစ်ခဲ့၏။ တစ်ကြိမ်တွင်စာပေလေ့လာသောပင်ပန်းမှုကြောင့်အလွန်အားနည်းပြီးဖျားနာခဲ့ ရာအိမ်ပြန်ပြီးအနားယူရန်ပြောခြင်းခံခဲ့ရ၏။အဆုပ်ေရောဂါဝေဒနာခံစားခဲ့ရပြီးသွေးအန်၏။ ဖျားနာနေစဉ်ကုတင် ပေါ်၌ပင်လျှင်ဘုရားသခင်နှင့်ကြိမ်ဖန်များစွာမိတ်သဟာယဖွဲ့ခဲ့၏။“ဘုရားသခင်နှင့် အတူတစ်နာရီအချိန်ယူခြင်း သည်ဤကမ္ဘာလောကသာယာပျော်ရွှင်မှုအားလုံး ထက်တိုင်းတာ၍ မရနိုင်လောက်အောင်  သာလွန်ကောင်းမြတ် ပါသည်”ဟုသူပြောခဲ့၏။ အခြေအနေတိုင်း၌အောင်မြင်သော ခရစ်ယာန်များဖြစ်စေရန် လျှို့ဝှက်ချက်ဖြစ်သည့်ဘု ရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ်တို့လေ့လာ သင်ယူသင့်ပါသည်။

သာသနာပြုအဖြစ်ခေါ်တော်မူခြင်း
    ကောလိပ်ကျောင်း၌တတိယနှစ်ကျောင်းသားအဖြစ်တက်ရောက်နေစဉ်မနှစ်မြို့ဘွယ်ကောင်းသော အ ခြေအနေအချို့ကြောင့်သူကျောင်းထွက်ဖို့ဖြစ်ခဲ့ရ၏။ ဤအရာကသူ့အားစိတ်ပျက်စရာဖြစ်စေ၏။အကြောင်းမှာ နောင်အခါအခြားသူများဘွဲ့ယူသောနေ့တွင် သူ၏ကိုယ်ရေးမှတ်တမ်း(ဒိုင်ယာရီ)တွင်“တကယ်တော့ ဒီနေ့မှာငါဘွဲ့ ယူရမဲ့နေ့ပဲ၊ ဒါပေမဲ့ ဒီဘွဲ့ကိုငါငြင်းပယ်ဖို့သင့်တော်မယ်လို့ဘုရားသခင်ကမြင်တော်မူပါတယ်”ဟုရေးသားခဲ့၏။ထို အချိန်၌ခရစ်တော်အကြောင်မကြားသိသေးသူအမှောင်ထဲရောက်နေသူများအတွက်ဘရိန်းနာဒ်၌ကြီး စွာသော စိုးရိမ်ပူပန်မှုရှိခဲ့၏။ အမေရိကန်အိန္ဒိယဟုသိနေကြသောရက်အင်ဒီးယန်းမျာမှာခရစ်တော်အကြောင်းမကြားဖူး သေးဘဲသူ တို့ဒေသ၌သာသနာပြုများလည်းမရှိကြသေးချေ။ ထိုသူတို့၏အသက်ဝိညာဉ်ကယ်တင်ခြင်းအတွက် ဘရိန်းနာဒ်မကြာခဏပြင်းပြင်းထန်ထန်ဆုတောင်းခဲ့ပေလိမ့်မည်။သူ၌ထိုသူများထံဧဝံဂေလိတရားတော်ကိုယူ ဆောင်သွားလိုသည့်ဆန္ဒရှိခဲ့၏။
    တစ်နေ့တွင်နယူးယောက်မြို့ရှိအမှုတော်ဆောင်တစ်ဦးထ့မှစာတစ်စောင်ကိုသူလက်ခံရရှိခဲ့၏။ ထိုစာ၌ “အမေရိကန်အိန္ဒိယများထံသာသနာပြုတစ်ဦးစေလွှတ်ရန်ကျွနု်ပ်တို့ဆန္ဒရှိပါတယ်။ သင့်အကူအညီကိုကျွန်ုပ်တို့ နှစ်သက်မြတ်နိုးပါတယ်”ဟုဖော်ပြထား၏။ ဘရိန်းနာဒ်ချက်ချင်းသွားချင်စိတ်ရှိခဲ့၏။ သို့ရာတွင်သူသည်ကျန်းမာ သန်စွမ်းမှုသိပ်မရှိချေ။ ထိုလူများထံသာသနာပြုမည့်သူသည် တောတောင်များကိုကျော်ဖြတ်ပြီးအန္တရာယ်များ သော (လျှိုမြောင်ချိုင်ဝှမ်း)စမ်းချောင်းများကိုလည်းကူးဖြတ်သွားရမည်။“သူဘယ်လိုလုပ်နိုင်ပါ့မလဲ”သူ့မိတ်ဆွေ များက“ဘုရားသခင်သင့်ကိုသွားဖို့အလိုတော်ရှိလျှင်သင့်အားခွန်အားပေးတော်မူမယ်”ဟုအားပေးကြသည်။ ထို့ ကြောင့်ရက်အင်ဒီးယန်းလူမျိုးများထံသွားရောက်ရန်ဘရိန်းနာဒ်စိတ်ပိုင်းဖြတ်ခဲ့သည်။

ရက်အင်ဒီးယန်းများအကြား၌
    “ဘုရားသခင်၏ဘုန်းတော်အတွက်ကိုယ်တော်၏အမှုတော်၌ကျွန်ုပ်၏အသက်တာကို ကုန်ဆုံးစေလိုပါတယ်”ဟုဘရိန်းနာဒ်အသက်(၂၄)နှစ်မြောက်မွေးနေ့တွင်ကိုယ်ရေးမှတ်တမ်းထဲ ၌ရေးသားခဲ့၏။နောက်နှစ်တွင် ယဉ်ကျေးမှုမဖွံ့ဖြိုးသေးသောသူများကိုဧဝံဂေလိတရားဟောပြော၍သူ့အသက်တာ ကိုတောနက်ကြီးများကြား၌ ကုန်လွန်စေရန်ခရီးထွက်ခဲ့၏။ သူ့စာအုပ်များနှင့်အဝတ်အစားအပိုများကိုရောင်းခဲ့၏။သူ့စာအုပ်များနှင့်အဝတ်အ စားအပိုများကိုရောင်းခဲ့၏။ ကမ္ဘာလောကကြီးနှင့်အဆက်ဖြတ်ခဲ့ပြီးရက်အင်ဒီးယန်းနေထိုင်ရာတောတောင်ချိုင့် ဝှမ်းများရှိသည့်နေရာ၌သာပျော်ရွှင်စွာနေထိုင်လျှက်အမှုတော်ဆောင်ခဲ့၏။ သူတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများ နှင့်စွန့်စားခန်းများကိုကိုယ်ရေးမှတ်တမ်း၌စတင်ရေးမှတ်ခဲ့၏။ ထိုမှတ်တမ်းအားဖြင့်တောနက်ကြီးထဲ၌သူနေခဲ့ သောအသက်တာသတင်းအချက်အလက်များကို ကျွနု်ပ်တိုပရခဲ့ကြ၏။

ခက်ခဲမှုများနှင့်အသက်အန္တရာယ်များ
    အအေးဒဏ်နှင့်အစာငတ်ဘေးဒဏ်ကိုဘရိန်းနာဒ်မကြာခဏခံခဲ့ရ၏။ အသက်တာ၌သက်တောင့်သက် သာမခံစားနိုင်ခဲ့ချေ။ ပင်ပန်းနွမ်းရိမှုများနှင့်ဖျားနာမှုများရှိသော် လည်းရှေ့သို့သာတက် လှမ်း၍ အမှုတော်ဆောင်ခဲ့ ၏။ တစ်ကြိမ်တွင်တည်းခိုစရာတစ်စုံတစ်ခုမျှ မမြင်ဘဲပြင်းထန်စွာ ရွာသွန်းနေသောမိုး ထဲ၌ တစ်ညလုံးမြင်းစီးလျက် ခရီးထွက်ခဲ့ရ၏။ အချို့သောအချိန်တွင်မြင်းစီး၍မရလောက်အောင် ခက်ခဲကြမ်းတမ်းသောလမ်း ခရီးများကိုခြေ လျင်ခရီးပြုခဲ့ရ၏။ အမြဲတမ်းအသက်အန္တရာယ်ကြီးမားသောခရီးစဉ်များဖြစ်၏။ အလွန်ဝေးလံသောဒေသရှိလူမျိုး စုများထံရောက်ရန်ညအချိန်မတ်စောက်သောတောင်တန်းများ ကိုလည်းဖြတ်သန်းသွားရ၏။ တစ်ခါတစ်ရံအန္တ ရာယ်များသောရွှံ့နွံများ (သို့)တောသား ရဲပေါင်းစုံရှိသော တောအုပ်ကြီးများကိုဖြတ်ကျော်ခရီးပြုရသော အချိန်များ လည်းရှိခဲ့၏။
    မှောင်မိုက်သောညတစ်ညတွင်စကားပြန်နှင့်အတူတောင်တစ်တောင်ကိုဖြတ်ကျော်စဉ်သူတို့အောက်၌ အလွန်နက်ရှိုင်းသောချောက်ကမ်းပါးများရှိခဲ့၏။အကယ်၍မြင်းများခြေချော်ကျပါကပေပေါင်းရာနှင့် ချီ၍ဇောက် ထိုးကျဆင်းသွားနိုင်၏။ အမှောင်ထဲ၌ရုတ်တရက်ခြေညှပ်မိသွားပြီးနာကျင်စွာခုန်လိုက်၍ဘရိန်းနာဒ်ခမျာ မြေ ကြီးပေါ်ဆွဲချခံရသလိုဖြစ်ခဲ့ရ၏။ ချောက်ကမ်းပါးထဲကျမည့်အခြေအနေမှသီသီလေးလွတ်မြောက်နိုင်ခဲ့၏။  ရေစီး သန်သောချောင်းများကိုဖြတ်ကူးရသောအချိန်များ၌လည်းဘုရားသခင်ထံမှမစကူညီမှုကို ဆုတောင်းခြင်းဖြင့်ရယူ ခဲ့၏။ မကြာခဏသလိုအပ်သောအာဟာရအတွက် သင့်တော်သည့်အစာမရရှိနိုင်ခဲ့ချေ။ အစာမစားခင်အစာရနိုင် သည့်နေရာသို့ ၁၀မိုင်(သို့) ၁၅မိုင်ခန့်သွား၍ဝယ်ရပြီးထိုအစာများမှာလည်းချဉ်ပြီး(မှိုတက်)အောက်သိုးနေတတ် ၏။ တစ်ခါတစ်ရံထိုအစားမျိုးပင်မရနိုင်ဖြစ်၏။ မြေကြီးပေါ်မှအနည်းငယ်မြင့်သောသစ်သားအချို့အပေါ်မှာမြက်  ခြောက်အနည်းငယ်ပုံကာသူအိပ်စက်ခဲ့၏။ သူသည်တကိုယ်တည်းအထီးကျန်လည်းဖြစ်ခဲ့၏။ စကားပြောဖော်အ ဖြစ်သူ၏စကားပြန်သာရှိခဲ့၏။ သူ၏စိတ်ထဲရှိဝန်ထုပ်ဝန်ပိုးများကိုဝေငှရန်နှင့် ဆုတောင်းမိတ်သဟာယဖွဲ့ရန်အခြား ခရစ်ယာန်တစ်စုံတစ်ယောက်မျှမရှိခဲ့ချေ။“ကျွန်ုပ်၌သက်တောင့်သက်သာဖြစ်စေသည့်လေကီစည်းစိမ်မရှိပါ။ သို့ ရာတွင်သခင်၌ရှိသောအရာကျွနု်ပ်၌ရှိပါ၏”ဟုသူရေးခဲ့ဖူး၏။

ရက်ဒ်အင်ဒီးယန်းများ
    ဘရိန်းနာဒ်အမှုတော်ဆောင်သောရက်ဒ်အင်ဒီးယန်းများသည်ရှေးကျပြီးယဉ်ကျေးမှုမဖွဲ့ဖြိုးသေးသော အခြားလူမျိူးစုများကဲ့သို့အယူသည်းသောသူများဖြစ်ကြ၏။ သူတို့သည်ငှက်များ၊တိရစ္ဆာန်များ၊ သစ်ပင်များနှင့်ရာ သီဥတုကိုပင်ကိုးကွယ်ကြသည်။ သူတို့၏ကိုးကွယ်ဝတ်ပြုခြင်းသည်အလွန်ထူးဆန်းသည်။ သူတို့၏ယဇ်ပုရော ဟိတ်များ(နတ်ဆရာများ)ကဘရိန်းနာဒ်ကိုဒေါသအမျက်ထွက်ကြ၏။မဖွယ်ရာသောအကများနှင့်ကြောက်ရွံ့ တုန် လှုပ်ဖွယ်အသံများဟစ်ကြော်ကာသူ့အပါ်၌ညှိ့ဆေးလုံးဖြင့်တို့ထိရန်ကြိုးစားခဲ့ကြ၏။   သို့ရာတွင်ဒေးဗစ်ဘရိန်းနာဒ် ကိုဘာမျှမထိခိုက်စေပဲအခြားသောနတ်ဘုရားများအားလုံးထက်ကြီးမြတ်သောခရစ်တော်ဘုရား၏ တန်ခိုးတော်ကိုရဲဝံ့စွာထုတ်ဖော်ကျေညာနိုင်ခဲ့၏။
    တစ်ကြိမ်တွင်သားရေများ၊အခွံများနှင့်အရွက်များဝတ်ခြုံထားသောယဇ်ပုရောဟိတ်တစ်ဦးကဒေးဗစ် အားသူ၏လူတို့အားရှေးယခင်ဘာသာအတိုင်းလိုက်နာကြရန်သွန်သင်မည်ဟုပြောခဲ့၏။ ထိုယဇ်ပုရောဟိတ်ကြီးအားခရစ်တော်အကြောင်းပြောပြရာသူကဂရုတစိုက်သေသေချာချာနားထောင်ပြီး ခရစ်တော်ကိုသူ၏ကောင်း ကင်ဘုံရှင်အဖအဖြစ်လက်ခံမည်ဟုအဆုံး၌ပြောခဲ့၏။
    ရက်အင်ဒီးယန်းတိုပအတွက်စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ခုမှာခုတ်ထွင်ရှင်းလင်းထားသောမြေ ကွက်လပ်အလာ်၌ရှိသောမီးပုံကြီးပတ်လည်၌ဝိုင်းပြီးကခုန်သော“စစ်တိုက်အက”ဖြစ်သည်။နုပျိုသော စစ်သူရဲများနှင့်အသက်ကြီးရင့်သောယဇ်ပုရောဟိတ်များကမီးပုံပတ်လည်၌ထိုင်နေကြပြီးမီးတောက် မီးလျှံများအရှိန်အဟုန် ကြီးလာသည့်အခါ မီးပုံပတ်လည်၌ကြောက်ရွံ့တုန်လှုပ်ဖွယ်စူးစူးဝါးဝါးအော်ဟစ်ကခုန်ကြမည်။တစ်ညလုံးအော် ဟစ်ကခုန်ကြ၏။ ဒေးဗစ်သည်အရိပ်ထဲမှတိတ်ဆိတ်စွာရပ်လျက်ထိုပွဲကိုမကြာခဏကြည့်လိမ့်မည်ဖြစ်ပြီး ၊နောက် နေ့တွင်သူတို့အား ဧဝံဂေလိတရားဟောမည်ဖြစ်သည်။

မျက်ရည်များနှင့်ပင်ပန်းစွာလုပ်ဆောင်ခြင်းများ
    ခက်ခဲမှုများရှိသော်လည်း ဘရိန်းနာဒ်၏အကြီးမားဆုံးသောစိုးရိမ်ပူပန်မှုမှာရက်ဒ်အင်ဒီးယန်းများ၏ ကယ်တင်ခြင်းအတွက်ပင်ဖြစ်၏။ ဤပူပန်မှုကြောင့်တောအုပ်ကြီးများထဲသို့တစ်ဦးတည်းသွားရောက်ကာသူတို့ အတွက်မျက်ရည်များစွာကျလျက်နာရီပေါင်းများစွာဆုတောင်းပေးခဲ့၏။ကြိမ်ဖန်များစွာအစာရှောင် ဆုတောင်းပေး ခဲ့၏။ရက်ဒ်အင်ဒီးယန်းတို့၏ဆန့်ကျင်မှုများကြောင့်မကြာခဏစိတ်ပျက်ခဲ့၏။ သူ၏ကိုယ်ရေးမှတ်တမ်း၌“ကျွန်ုပ် အတွက်ဘာမျှအရေးကြီးတာမရှိပါ။ အသက်တာနှင့်နှလုံးသားအတွင်းသန့်ရှင်းခြင်းနှင့်ဘုရားမဲ့တို့ဘုရားသခင် ထံပြောင်းလဲခြင်းသာအရေးကြီးပါ၏” ဟုရေးသားခဲ့၏။တစ်ကြိမ်တွင်“ပျောက်ဆုံးဝိညာဉ်များ ခရစ်တော်ထံ ရောက်နိုင်ရန်ကျွန်ုပ်ဖြတ်သန်းခဲ့ရသည့်ခက်ခဲမှုများ(သို့) ကျွနု်ပ်နေရသည့်နေရာနှင့်ဘယ်လိုနေထိုင်အသက်ရှင် ခဲ့ရသည်တို့ကို ဂရုမစိုက်ပါ”ဟူ၍ရေးခဲ့၏။
    ကြီးမားသောဒုက္ခဝေဒနာနှင့် ဖျားနာခြင်းခံရသည့်ကြားမှအမှုတော်ကိုများစွာထမ်းဆောင်နိုင်ခဲ့၏။ တစ်ကြိမ်တွင်လေဟာပြင်၌မြေကြီးပေါ်တွင်အဆက်မပြတ်အိပ်စက်ခဲ့၇ခြင်းကြောင့်အကြီးအကျယ် ဖျားနာကိုက်ခဲကာရက်သတ္တပတ်ကြာမှပြန်လည်ကောင်းမွန်ပြီး အမှုတော်ကိုဆက်လက်လုပ်ဆောင်ခဲ့။ တရားဟောပြီး နောက်ပိုင်းမကြာခဏကိုယ်ခန္ဓာအားနည်းခြင်း၊ဖျားနာခြင်း၊ ကြောင့်ဘာမျှမ လုပ်နိုင်ဘဲခုတင်ပေါ်၌လဲလျောင်းနေ ကာ သွေးအန်ပြီးဝေဒနာခံစားနေရ၏။ ဤသို့ဖြင့် သူချစ်မြတ်နိုးသော ရက်ဒ်အင်ဒီးယန်းလူမျိုးများကို ကယ်တင်ခြင်းရ ရန်သူ့အသက်တာကိုနဲနဲစီသွန်းလောင်းပူဇော်နေ၏။
    ဤအသက်တာမျိုးကိုဘရိန်းနာဒ်ရွေးချယ်ခဲ့ခြင်းမှာခရစ်တော်ကိုအစေခံရန်အခြားအခွင့်အလမ်းများမရှိ  သောကြောင့်မဟုတ်ပါ။ သူ့နေရင်းမြို့အနီးရှိချမ်းသာကြွယ်ဝသောဘုရားကျောင်းအချို့၌သင်းအုပ်လုပ်ရန်ဖိတ် ခေါ်ချက် များရရှိခဲ့သော်လည်းသူငြင်းပယ်ခဲ့ပါသည်။အကယ်၍ထိုဖိတ်ခေါ်ချက်များကိုသူလက်ခံခဲ့ပြီးခက်ခဲမှုများ 
 နှင့်ဝေဒနာဒုက္ခခံစားခြင်းများကိုကျောခိုင်းခဲ့မည်ဆိုလျှင်ကမ္ဘာလောကကြီးကဒေးဗစ်ဘရိန်းနာဒ်အကြောင်းဘယ် တော့မှသိကြမည်မဟုတ်ချေ။

ဆုလဒ်သရဖူများ
    “မျက်ရည်များကျလျက်မျိုးစေ့ကြဲသောသူသည်ရွှင်လန်းလျက်စပါးရိတ်၇ကြမည်။”ဟုဘုရားသခင်က တိတော်ရှိပါ၏။ (ဆာ ၁၂၆း၅)
    ဒေးဗစ်ဘရိန်းနာဒ်၏နေ့ရောညပါပင်ပန်းစွာလုပ်ဆောင်ခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမျာက အဆုံးတွင်အသီးအပွင့်များဖြစ်ပေါ်လာ၏။ သူသွားလေရာရာဟောပြောလေရာရာတိုင်း၌ရက်ဒ်အင်ဒီးယန်း လူတို့ အပေါ်ဘုရားသခင်၏ဝိညာဉ်တော်ကြီးမားစွာသက်ဆင်းလှုပ်ရှားခဲ့ပါသည်။ (၁၇၄၅)ခုနှစ်တွင်ဖြစ်ပါသည်။
    ညစ်ညမ်းစွာအသက်ရှင်ခဲ့ပြီးဘုရားသခင်၏ဧဝံဂေလိတရားကိုဆန့်ကျင်ခဲ့သူများပင်လျှင်မိမိတို့အပြစ် များကိုနားလည်သဘောပေါက်လာခဲ့၏။ လူများစွာယုံကြည်ပြောင်းလဲခဲ့၏။ ရက်ဒ်အင်ဒီးယန်းများကိုဘရိန်းနာဒ် ဘာတွေမျာဟောသလဲဟု စိတ်ဝင်စားကာစူးစမ်းလိုသူမျက်နှာဖြူအချို့လည်းပြောင်းလဲသွားခဲ့၏။
    တစ်နေ့တွင်ရက်ဒ်အင်ဒီးယန်းအမျိုးသမီးငယ်တစ်ဦးကသူ့လူမျိုးများကြား၌ထူးဆန်းမှုတစ်ခုဖြစ်နေ  ကြောင်းကြားခဲ့ရ၍ဘရိန်းနာဒ်ဘာတရားဟောသလဲဆိုသည်ကိုသိလို၍ဘရိန်းနာဒ်အိမ်သို့သွားခဲ့၏။ ဘရိန်းနာဒ် ကဘုရားသခင်အကြောင်းသူမအားပြောပြရာရီမောလှောင်ပြောင်သရော်ကဲ့ရဲ့ခဲ့ဖူး၏။ သို့သော်လည်းသူမသေ ချာနားထောင်ပြီးသူမ၏အပြစ်များကိုပြန်မြင်တွေ့ပြီးငိုယိုတော့၏။ သူမ၏ခြေအနေများကိုနားလည်သဘော
ပေါက်ပြီးစိတ်မသက်မသာဖြစ်တော့၏။ နောက်ဆုံး၌ခရစ်တော်ကိုသူမ၏ကယ်တင်ရှင်အဖြစ်လက်ခံခဲ့၏။ ဘရိန်း နာဒ်တရားဟောတိုင်းရက်ဒ်အင်ဒီးယန်းတို့ကျယ်လောင်စွာဘုရားသခင်၏ကရုဏာတော်ကိုတောင်း ခံကြခြင်းမှာ အထူးအဆန်းမဟုတ်တော့ချေ။
    ရက်ဒ်အင်ဒီးယန်းများစွာသည် ဘရိန်းနာဒ်၏သတင်းကြားသိရပြီးသူ့ဟောပြောချက်များကိုနားထောင်
ရန် သွားရောက်ခဲ့ကြ၏သူ့အား“ဘုရားသခင်၏စာအုပ်”နှင့်လူဖြူတစ်ယောက်အဖြစ်သိကြသည့်ရက်ဒ်အင်ဒီး
ယန်း ခလေးသူငယ်များပင်လျှင်သူ့စကားနားထောင်ရန်သွားရောက်ခဲ့ကြသည်။ သူသည်ကျောင်းများကိုတည် ထောင် ခဲ့ပြီး ခလေးများ အားစိုက်ပျိူးရေးပညာ၊  အပ်ချုပ်ပညာနှင့် သခင်ယေရှု အကြောင်းသွန်သင်ခဲ့သည်။

တိုတောင်းသောအသက်တာ
    ယခုနှစ်တွင်ဘရိန်းနာဒ်သည်အသက်(၂၉)နှစ်အရွယ်ရှိပြီ။ စိုထိုင်းသောသစ်တော်ကြီၤးများကြား၌ အမှု တော်ဆောင်ရန်ရွေးချယ်ခဲ့စဉ်ကကြာကြာအသက်ရှင်ရန်မမျှော်လင့်နိုင်ကြောင်းသူသိခဲ့၏။ သူ့ကျန်းမာရေးထက် ဧဝံဂေလိတရားမကြားရသေးသူများအားဟောပြောခြင်းကပို၍အရေးကြီးခဲ့ပေသည်။
    ထို့ကြောင့်ဧဝံဂေလိတရားဆက်လက်ဟောပြောခဲ့ပြီးများမကြာမီအချိန်တွင်ကုသမရနိုင်သောပြင်းထန် သည့်အဆုတ်နာရောဂါစွဲကပ်ခဲ့၏။ သူ့အသက်သွေးများတစ်စချင်းသွန်းလောင်းခဲ့ရ၏။ အိပ်ယာကုတင်ပေါ်တွင် ပြင်းထန်စွာသောနာကျင်မှုနှင့်ရောဂါဝေဒနာအကြီးအကျယ်ခံစားခဲ့ရ၏။ သူ့အသက်တာ၏နောက်ဆုံးအချိန်နာရီ ၌ပင်လျှင်သူအလွန်ချစ်မြတ်နိုးသောရက်ဒ်အင်ဒီးယန်းများကိုအစ်ကိုဖြစ်သူအားပြောပြခဲ့၏။ 

သူ့စိတ်အတွေးအာရုံ များကသခင်ဘုရားပြန်လည်ကြွလာတော်မူခြင်းအကြောင်းများနှင့်ပြည့်ကျပ်လျက်ရှိခဲ့၏။
    တစ်ကြိမ်တွင်တုန်တုန်ရီရီဖြင့်“ကိုယ်တော်ကြွလာတော့မယ်၊ ကိုယ်တော်ကနှောင့်နှေးမှာမဟုတ်ဘူး၊ ကောင်းကင်တမန်များနှင့်အတူ ကိုယ်တော့်ဘုန်းကိုကျွနု်ပ်ချီးမွမ်းမယ်” ဟုသူနှုတ်မြွက်ခဲ့၏။ ဤသို့ဖြင့် (၁၇၄၇)ခု နှစ်၊အောက်တိုဘာလ(၉)ရက်နေ့၊အသက်(၂၉)နှစ်အစောပိုင်းအချိန်တွင် ဒေးဗစ်ဘရိန်းနာဒ် သည်ကောင်းကင် တမန်များနှင့်အတူသူ၏သခင်ထံဂုဏ်တော်ချီးမွမ်းရန်သွားရောက်ခဲ့တော့၏။
        
      ဤအသက်တာကား၊တိုတောင်းသော်လည်း ဆက်ကပ်အပ်နှံမှုလုံးဝအသုံးဝင်သည့် အသက် တာဖြစ် တော့၏။ သူသေဆုံးပြီးနော်ကသူ့ အသက်တာနှင့်ကိုယ်ရေးမှတ်တမ်းကိုဖတ်ခဲ့ပြီး ဝီလီယမ် ကယ်ရီနှင့် ဟင်နရီ မာတင်တိုပကအခြားအရပ်ဒေသများသို့ သာသနာပြုများအဖြစ် သွားရောက် အမှုတော်ဆောင်ခဲ့ကြ၏။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....