Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၁၁)

 လူသည် ဘုရားသခင် ထံပြန်လည်ရောက် ရှိဖို့ရန် ပညတ်တော် ကျင့်ဖို့ခံယူ ထားကြသည်။ ပညတ်တော် ကျင့်မှသာကောင်း ကင်နိုင်ငံ ဝင်နိုင်မည်ဟု ယုံကြည် ထားကြသည်။ ထိုသို့ ခံယူ ယုံကြည်ခြင်း သည် ပညတ်တော် ၏လုပ်ဆောင် ချက်ကို မသိသောကြောင့် ဖြစ်သည်။ ပညတ်တော်နှင့် ပတ်သက်၍ ကျမ်းစာ၌၊ ပညတ်ကျမ်း ငါးကျမ်းရှိသည်။ ၄င်းတို့မှာ မောရှေ့ရေးထားသော ကမ်ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ တရားဟောရာကျမ်း တို့ဖြစ်သည်။ ပညတ်တော်ပေါင်းခြောက် ရာ တစ်ဆယ့် သုံးခုရှိသည်။

သုံးပိုင်းပိုင်းနိုင်
    ပညတ်တော်ကို သုံးပိုင်းပိုင်းနိုင်သည်။ ၄င်းတို့မှာ -
(က) ဝတ်ပြုခြင်းဆိုင်ရာပညတ်တော် 
(ခ) အုပ်ချုပ်ရေးဆိုင်ရာပညတ်တော်
(ဂ) ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်တော် တို့ဖြစ်သည်။

ဘုရားသခင်ကဣသရေလများထံပေး
    ပညတ်တော်များသည် ဘုရားသခင်က ပေးထားသည်။ ကျမ်းစာ၌၊ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင်ဖြစ်တော်မူ၏}} ဟုဆိုထားသည် (ဟေရှာ၊ ၃၃ း ၂၂)။ ရှင်ယာကုပ်ကလည်း၊ ပညတ်တရား ကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သော သူတပါးတည်းရှိတော်မူ၏ ဟုဆိုထားသည် (ယာ၊ ၄ း ၁၂)။ ထိုတပါးတည်းသော သူသည် ထာဝရဘုရားပင်ဖြစ်သည်။ ထာဝရဘုရားသည် ပညတ်တရားကို ဣသရေလလူမျိုးများထံ၌သာ ပေးသည်။ သို့သော် ယနေ့တပါး အမျိုးသားများ ကပသတ်တရားသည် မိမိတို့နှင့်ဆိုင်သည်ဟုထင်နေကြသည်။ ကျမ်းစာက၊ သာသနာပ လူတို့သည် ပညတ်တရားကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကို ကျင့်သောအခါ ... ဟုဆိုသည် (ရော၊ ၂ း ၁၄) (အင်္ဂလိပ်ကျမ်းစာ၌၊ အထက်ပါကျမ်းပိုဒ်ကို၊ တပါးအမျိုးသားတို့သည် ပညတ်တရားမရှိ ဟုဆိုထားသည်)။ သို့သော် သာသနာပ (သို့) တပါးအမျိုးသာများသည် ပညတ်တော်ကို လိုက်ဖို့ကြိုးစားတတ် ကြသည်။ ရှင်ပေါလုကလည်း တပါးအမျိုးသားများသည် ပညတ်တော်နှင့်မဆိုင်ကြောင်းကို ဤသို့ရေးသားသည်။ ထိုအခါသင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်းအသင်း၌မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ဘုရားမဲ့နေကြသည် ကိုလည်းကောင်း၊ အောက်မေ့ကြလော့။ ဟူ၍ဖြစ်သည် (ဧ၊ ၂ း ၁၂) ထို့ကြောင့်ပညတ်တော်သည် တပါးအမျိုးသားများနှင့်မဆိုင် ဣသရေလလူများ နှင့်သာဆိုင်သည်။

မလိုက်လျှောက်နိုင်
    လူသည် ပညတ်တော်ကို လိုက်လျှောက်မည်ဟု ပြောသော်လည်း မလိုက်လျှောက်နိုင်ပါ။ သခင်ယေရှုက မောရှေသည် ပညတ်တရားကို သင်တို့အား မေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက် မျှမကျင့် ဟုဆိုသည် (ယော၊ ၇ း ၁၉) ရှင်ပေါလုကလည်း ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ။ တယောက်မျှမရှိ။ ဟုဆိုထားသည်။ (ရော၊ ၃ း ၁၂)ထို့ကြောင့် ပညတ်တော်လိုက်လျှောက်နိုင်သော သူကယောက်မျှမရှိ။

မဖြောင့်မတ်နိုင်
    ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းမရှိနိုင်ကြောင်းကို အောက်ပါကျမ်းချက်များ အားဖြင့် သိရသည်။
    ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့် အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ (ရော၊ ၃ း ၂၀) လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက် (ဂလာ၊ ၂ း ၁၅) ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းအနှီးအသေခံတော်မူပြီ (ဂလာ၊ ၂ း ၂၁)။

ကျိန်ခြင်းခံရမည်
    ပညတ်တော်၏ သဘောတရားနားမလည်သော သူများက ပညတ်တော်လိုက်လျှောက်ဖို့ရန် အပြင်းအထန် ပြောဆိုတတ်ကြသည်။ သို့သော် ပညတ်တော်သည် လူကိုကျိန်ခြင်းခံစေကြောင်း မသိကြ။ ကျမ်းစာက၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင်၊ တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူး သောအပြစ်ရှိ၏ ဟုဆိုထားသည် (ယာ၊ ၂ း ၁၀) ထို့အပြင်၊ ပညတ်တရား၏ အကျင့်ကိုအမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတိ္တကျမ်းစာပါသမျှ စကားတို့ကို အမြဲမကျင့် သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏ ဟုပါရှိသည် (ဂလာ၊ ၃ း၁၀)။ ထို့ကြောင့် ပညတ်တရားကို လိုက်လျှောက်ရာတွင် ပညတ်တရားအားလုံးကို တခုမကျန်လိုက်လျှောက်၍၊ နေ့တိုင်း အဆက် မပြတ်လိုက်လျှောက်ဖို့လိုသည်။ သို့သော် ပညတ်တရားအားလုံးကို နေ့တိုင်း လိုက်လျှောက်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ပညတ်တရားသည် လူကိုကျိန်ခြင်းခံစေသည်။

လူကိုသတ်သည်
    လူတိုင်းကပညတ်တရားသည် အသက်ရှင်စေသော အရာဟုထင်မှတ်ကြသည်။ သို့သော် ပညတ်တရား သည် လူကိုအသက်မရှင်စေဘဲ လူကိုသတ်သောအရာဖြစ်ကြောင်း ရှင်ပေါလုက ]]ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။ အထက်ပညတ်တရားမရှိသဖြင့် ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင် ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။}}ဟုဆိုထားသည် (ရော၊ ၇ း ၈-၁၁)ဆိုလိုသည်မှာ ပညတ်တရားကြောင့် အပြစ်တရားသည် ရှင်၍ ငါ့ကိုသတ်၍ သေစေသည်။ ပညတ်တရားမရှိလျှင် အပြစ်တရားသည် သေ၍ ငါသည် အသက်ရှင်သည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် ပညတ်တရားသည် လူကို အသက်ရှင်စေသည်မဟုတ်ဘဲ သေစေကြောင်းကို တွေ့ရသည်။

အပြစ်သိရန်
    သို့ဖြစ်လျှင် ဖြောင့်မတ်ခြင်းလည်း မပေးနိုင်သည်သာမက ကျိန်ခြင်းနှင့်သေခြင်းကိုဖြစ်စေတတ်သော ပညတ်တရားကို၊ ဘုရားသခင်သည် အဘယ်ကြောင့် ပေးသေးသနည်း။ လူသည် မိမိအပြစ်ကို နားမလည်နိုင်။ ကိုယ်ကိုကိုယ် လူကောင်းအပြစ်မရှိဟု ထင်တတ်သည်။ ထို့ကြောင့် လူ၏အပြစ်ကို ဖော်ပြဖို့ရန် ပညတ်တရား ကိုပေးသည်။ ကျမ်းစာ၌၊ ထိုသို့ ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား ၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ရာ ဟုဆိုသည် (ရော၊ ၃ း ၂၀) ထို့အပြင်၊ ပညတ်တရားအားဖြင့်သာ အပြစ်သဘောကိုငါသိရ၏။ အဘယ်သို့နည်းဟူမူကား လောဘစိတ်မရှိနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ (ရော၊ ၇ း ၇) ထို့ကြောင့် ပညတ်တရား၏ အလုပ်တာဝန်မှာ လူများမိမိတို့၏ အပြစ်ကို သိစေဖို့ရန်ဖြစ်သည်။ငါတို့ပို့ဆောင်၍၊ ငါတို့၏ အသိန်းဖြစ်သတည်း (ဂလာ၊ ၃ း ၂၄)ဟုဆိုထားပါသည်။ ထို့ကြောင့် ပညတ် တရားသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ အထောက်အကူဖြစ်သည်။ သို့သော် ပညတ်တရားကိုသာ အားကိုးလျှင် သေခြင်းကိုသာဖြစ်စေသည်။

သင်ခန်းစာ(၁၁)မှမေးခွန်းများ
၁။ ပညတ္တိကျမ်းစာကို ဖော်ပြပါ။ --------------------------------
၂။ ပညတ်တရားသည် မည်သူများထံပေးသနည်း။ --------------------------------
၃။ တပါးအမျိုးသားများထံ ပညတ်ပေးပါသလား။ -------------------------------
၄။ ပညတ်တရားလိုက်လျှောက်နိုင်သူရှိပါသလား။ ------------------------------
၅။ ပညတ်တရားအားဖြင့် ဖြောင့်မတ်နိုင်ပါသလား။ ---------------------------------
၆။ ပညတ်တရားမလိုက်လျှောက်နိုင်လျှင် မည်သို့ခံရမည်နည်း။ ------------------------
၇။ ပညတ်တရားသည် လူကိုရှင်စေသလော၊ သေစေသလော။ ------------------------------
၈။ ပညတ်တရားသည် ဘယ်အရာကိုသိစေသနည်း။ --------------------------
၉။ ပညတ်တရားသည် ငါတို့ကို မည်သူ့ထံသို့ ပို့ဆောင်သနည်း။ ------------------------
၁၀။ မိတ်ဆွေ၊ ပညတ်တရားကို လိုက်လျှောက်ဖို့ ကြိုးစားဘူးပါသလား။ ----------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....