Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၁၀)

  ဘုရားသခင်သည် လူကိုကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံး မျိုးဖြင့် ဖန်ဆင်းသည် (၁သက်၊ ၅ း ၂၃) ဖန်ဆင်းစ၌ ထိုသုံးမျိုးစလုံး ကောင်းမွန်သည်။ ဝိညာဉ်ဘုရား သခင်နှင့် အဆက် အသွယ်ရှိ၍ စိတ်လည်းကောင်း မွန်သည်။ ကိုယ်ခန္ဓာ လည်း ကျန်းမာ၍ သေဖို့ရန် အကြောင်းမရှိ။ ဘုရားသခင်သည် မိမိဖန်ဆင်း သမျှသော အရာတို့ကိုကြည့်ရှု၍ အလွန်ကောင်းသည်ကို မြင်တော်မူ၏ (က၊ ၁ း ၃၁) ဘုရား သခင်က အကောင်းမြင်သော အရာမ်ား ထဲတွင် လူလည်းပါဝင်သည်။ ထို့ကြောင့် ကောင်းကြီးပေးတော်မူ၏ (က၊ ၁ း ၂၈)။


ပျက်စီးခြင်း
    သို့သော် လူသည်အပြစ်လုပ်သောအခါ သူ၏ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်လည်း ပျက်စီးသွားသည်။

ကိုယ်ခန္ဓာ
    လူ့အမြင်၌ ကိုယ်ခန္ဓာသည် ကောင်းသည်၊ လှသည်၊ ကျန်းမာသည်ဟုထင်တတ်သည်။ သို့သော် ဘုရားအမြင်၌၊ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင်ကျန်းမာခြင်း မရွိ။ စုတ်ရှိသောအနာ၊ ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသောအနာ သက်သက်ရှိ၏။ (ဟေရှာ၊ ၁ း ၅-၆)။
    ဘုရားသခင်သည် ဣသရေလလူမျိုးများကို အကြိမ်ကြိမ်ဆုံးမသော်လည်း နားမလည်နိုင်။ ဒဏ်ခတ် သော်လည်း မထူးခြား။ မည်သို့ပင် ဆုံးမသော်လည်း မမှတ်တတ်။ သူတို့၏ ကိုယ်ခန္ဓာလည်း အနာသက်သက် ရှိပြီ။ ဘုရားအမြင်၌ ကျန်းမာခြင်းမရှိ။ ကျွနု်ပ်တို့လည်း ဘုရားသခင်အမြင်၌ ကျန်းမာခြင်းမရှိ။ အချိန်မရွေးနာနိုင် သောကိုယ်ခန္ဓာပိုင်ရှင်များဖြစ်ကြသည်။
    တဖန်၊ အမျက်တော်ထွက်သောကြောင့် ကျွနု်ပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ၊ သက်သာခြင်းမရှိပါ။ အကျွနု်ပ်ပြုမိသော ဒုစရိုက်တို့သည် အကျွနု်ပ်ခေါင်းကို လွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွနု်ပ်မထမ်းနိုင်အောင် လေးကြပါ၏။ အကျွနု်ပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ရိယွဲလျက်ရှိကြပါ၏။ အကျွနု်ပ်သည် ပြင်းထန်စွာခံရ၍ အလွန်နှိမ့်ချလျက် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တနေ့လုံးသွားရပါ၏။ အကျွနု်ပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်း မရွိပါ။ နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။ (ဆာ၊ ၃၈ း ၃)
    ဆာလံဆရာသည် လူ့အမြင်၌ ရောဂါသည် အနာစိမ်းသည် မဟုတ်ပါ။ ဘုရားသခင်အမြင်၌ သာသနာ စိမ်းသည်ဖြစ်သည်။ တကိုယ်လုံးမကျန်းမာရခြင်းသည် ဘုရားသခင်အမျက်ထွက်သောကြောင့်လည်းကောင်း၊ မိုက်သောကြောင့်လည်းကောင်း ဖြစ်သည်။ ထိုနည်းတူ ကျွနု်ပ်တို့လည်း ဘုရားအမြင်၌ တကိုယ်လုံးကျန်းမာခြင်း မရှိကြပါ။

စိတ်နှလုံး
    လူသည် မိမိစိတ်နှလုံးကောင်းသည်ဟု ထင်တတ်သည်။ စိတ်ချုပ်တီးနိုင်မည်ဟု ထင်တတ်သည်။ သို့သော် စိတ်နှလုံးသည် လုံးဝမကောင်းတော့ကြောင်း ကျမ်းစာအားဖြင့် သိရသည်။ ကိုယ့်ကိုကိုယ်စိတ်ထား မွန်မြတ်ကြောင်း၊ သူတပါးလို စိတ်ထားမလုပ်မယုတ်ညံ့ကြောင်း ပြောဆိုတတ်ကြသည်။

အပြစ်အစစိတ်နှလုံးမှ
    ဘုရားသခင်သည် ကောင်းကင်တမန်မင်းလူစ်ဖာကို အကောင်းပကတိနှင့် ဖန်ဆင်းခဲ့သည်။ အလွန်လည်း ချီးမြောက်ခဲ့သည် (ယေဇ၊ ၂၈ း ၁၂-၁၇) သို့သော် လူစ်ဖါသည် စိတ်နှလုံးထဲမှ ဘုရားသခင်ဖြစ်ချင်လာသည် (ဟေရှာ၊ ၁၄ း ၁၂-၁၅)။ ထို့ကြောင့် သူ့ကို ဘုရားသခင်က ခုတ်လှဲပစ်လိုက်သည်။ ဘုရားသခင်၏ရန်သူ၊ စာတန်အဖြစ်သို့ ရောက်သွားသည်။ လူစ်ဖာသည် စိတ်နှလုံးအားဖြင့် စတင်ပျက်စီးသည်။ လူစ်ဖါ၏ စိတ်နှလုံးမှ အပြစ်စတင်သည်။

လူ့စိတ်နှလုံးသို့ကူးဆက်လာ
    ဘုရားဖန်ဆင်းသော အာဒံနှင့်ဧဝတို့၏ စိတ်နှလုံးသည် ပကတိအကောင်းဖြစ်သည်။ သို့သော် စာတန္က ကောင်းမကောင်းသိကျွမ်းရှာ အသီးစားလျှင် ဘုရားကဲ့သို့ဖြစ်မည်ဟု ပြောသည်။ အာဒံနှင့်ဧဝတို့သည် ဘုရား သခင်ကဲ့သို့ဖြစ်ချင်သောစိတ် ဖြစ်လာသည်။ ထို့ကြောင့် ကောင်းမကောင်းသိကျွမ်းရာ အသီးကိုစားသည်။ သူတို့၏ စိတ်နှလုံးလည်း ယိုယွင်းပျက်စီးသွားသည်။ သူတို့မှ မွေးဖွားလာသော လူသားတိုင်းလည်း စိတ်နှလုံး ယိုယွင်းပျက်စီးနေသည်။

အစဉ်မပျက်ဆိုးညစ်
    မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ (က၊ ၆ း ၅၊ ၆)။ ဘုရားသခင်သည် မြေကြီးပေါ်သို့ကြည့်သော အခါ လူ၏စိတ်နှလုံးအကြံအစည်ရှိသမျှသည် အစဉ်မပြတ် ဆိုးညစ်ကြောင်း တွေ့ရသည်။ စိတ်နှလုံး အကြံ အစည်ရှိသမျှဟုဆိုသောကြောင့် အြွကင်းမရှိ။ အကြံအစည်အားလုံး ပါဝင်သည်။ အစဉ်မပြတ်ဟုဆိုသောကြောင့် နေ့တိုင်း၊ နာရီ၊ မိနစ်တိုင်း ဖြစ်သည်။ လူထင်တတ်သည်မှာ တစ်ခါတစ်ရံမှသာ ဆိုးသောအကြံရှိသည်ဟု ထင်တတ်သည်။ သို့သော်ဘုရားအမြင်မှာ အစဉ်မပြတ်ဆိုးညစ်သည်။

ယိုယွင်းပြဲ
    စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သေဘာရွိ၏။ စိတ်နှလုံး သေဘာကို အဘယ်သူသိသနည်း (ယေရ၊ ၁၇ း ၉)။
    ဘုရားအမြင်၌ စိတ်နှလုံးသည် ကောက်ကျစ်စဉ်းလဲသည်။ အလွန်ယိုယွင်းနေပြီဖြစ်သောကြောင့် ကောင်းကွက်မရှိတော့ပါ။ ယိုယွင်းနေသော အရာတစ်ခုသည် အသုံးပြု၍ မရတော့ချေ။ လွှင့်ပစ်ဖို့သာရှိသည်။ ထို့ကြောင့် ယိုယွင်းနေပြီဖြစ်သော ကျွနု်ပ်တို့၏ စိတ်နှလုံးသည် ပြုပြင်၍ မရေတာ့ပါ။ လွှင့်ပစ်ဖို့သာရှိသည်။

မကောင်းသောအရာသာထွက်
    သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသချႋုင်းတွင်းဖြစ်၏ (ရော၊ ၃ း ၁၃)။ သချႋုင်းတွင်းဖွင့်လျှင် အပုပ်အနံ့သာထွက်ပါလိမ့်မည်။ ထိုနည်းတူလည်ချောင်းသည် စိတ်နှလုံး၏ အဝဖြစ်၍ စိတ်နှလုံးမကောင်းသော ကြောင့် လည်ချောင်းမှမကောင်းသောအရာသာ ထွက်တတ်သည်။
    သခင်ယေရှုက၊ ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲမှထွက်လာ၍၊ လူကိုညစ်ညူးစေသော အရာဖြစ်၏။မကောင်းသောကြံစည်ခြင်း၊လူ့အသက်ကိုသတ်ခြင်း၊သူ့မယားကိုပြစ်မှားခြင်း ၊မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထြက္လာ၍ လူကိုညစ်ညူးစေသော အရာဖြစ်ကြ၏။ (မ၊ ၁၅ း ၁၈-၁၉)။
    အပြစ်ဒုစရိုက်ဟူသမျှသည် ကိုယ်ခန္ဓာအားဖြင့် လုပ်ရသော်လည်း ကိုယ်ခန္ဓာကို စေခိုင်းသူသည် စိတ်နှလုံးဖြစ်သည်။ စိတ်နှလုံးသည် ကောင်းပါက ကိုယ်လက်အင်္ဂါများကလည်း အကောင်းကိုသာ ပြုလုပ်ကြ လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က ငါသည်စိတ်နှလုံးကိုကြည့်ရှုသော ဘုရားဖြစ်သည်ဟုဆိုသည် (ယေရ၊ ၁၁ း ၂၀၊ ၁၇ း ၁၀၊ ဆာ၊ ၇ း ၉၊ ၁ရာ၊ ၁၆ း ၇)ထာဝရဘုရားသည် လူ့စိတ်နှလုံးကို စစ်ဆေးသောအခါ လုံးဝမကောင်းကြောင်းတွေ့ရသည်။
 
ကျောက်ကဲ့သို့မာ၍ဘုရားအစားထိုး
    စိတ်နှလုံးသစ်ကို ငါပေးမည်။ သေဘာသစ္ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံး ကို နှုတ်၍အသားနှလုံးကို ပေးမည် (ယေဇ၊ ၃၆ း ၂၆)။
    လူသည် မိမိစိတ်နှလုံးပြောင်းလဲဖို့ကြိုးစားတတ်သည်။ ပြောင်းလဲနိုင်မည်ဟုလည်း ထင်သည်။ သို့သော် ဘုရားသခင်က လူအထဲမွ ကျောက်နှလုံးကို ထုတ်ယူ၍ အသားနှလုံးကို အစားထိုးမှသာရမည်ဟုဆိုသည်။ ထိုသို့ အစားထိုးရန် ဘုရားသခင်သာတတ်နိုင်သည်။ လူမတတ်နိုင်။ မိတ်ဆွေ၏ စိတ်နှလုံးကို ဘုရားသခင်က အားထိုးပေးဖို့သဘောတူပါသလား။

ဝိညာဉ်
    ဘုရားသခင်သည် တိရစၦာန်များကို ဝိညာဉ်မပါဘဲ ဖန်ဆင်းသည်။ သို့သော် လူကိုဖန်ဆင်းသောအခါ ဝိညာဉ်ထည့်ပေးထားသည်။ အကြောင်းမှာ ဝိညာဉ်ရှိသောသူသည် ဘုရားသခင်ကို ကိုးကွယ်နိုင်ရန် ဖြစ်သည်။ နံဝိညာဉ်ရှိသော သတ္တဝါတိုင်း ဘုရားသခင်ကို ကိုးကွယ်ဖို့လိုသည်။ ကောင်းကင်တမန်များလည်း ဝိညာဉ် ရှိသောကြောင့် ဘုရားသခင်ကိုကိုးကွယ်ကြသည်။ လူလည်း ဝိညာဉ်ရှိသောကြောင့် ဘုရားသခင်ကို ကိုးကွယ် ရမည်။ သို့ဖြစ်၍ လူသည်နံဝိညာဉ်ရှိသော်လည်း ဘုရားသခင်ကို မကိုးကွယ်လျှင် တိရစၦာန်ဖြစ်သည်။ မိတ်ဆွေ သင်သည်လူဖြစ်စေ၊ တိရစၦာန်ဖြစ်သလော။
 
ဝိညာဉ်ပိုင်းသေ
    အာဒံနှင့်ဧဝသည် အစပိုင်း၌ ဘုရားသခင်နှင့်မိဿဟာယ ဖွဲ့နိုင်သည်။ ဝိညာဉ်ရေးရာအဆက်အသွယ် ရှိသည်။ သို့သော်အပြစ်ကြောင့် ဘုရားသခင်နှင့် အဆက်ပြတ်တောက်သွားသည်။ ဘုရား၏ဝိညာဉ်နှင့် လူ၏ဝိညာဉ်သည် အဆက်မရှိသောကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာ၌ အသေဖြစ်သည်။ ဝိညာဉ်ပိုင်းသေခြင်းသည် ကိုယ်ခန္ဓာသေခြင်းနှင့်မတူ။ ကိုယ်ခန္ဓာသေလျှင် ခံစားလျက်မရှိတော့ချေ။ သို့သော် ဝိညာဉ်သည် ခံစားချက် ရှိသေးသည်။ ခံစားချက်မရှိပါက ငရဲထဲ၌ ဒုက္ခဆင်းရဲခံရတတ်မည်မဟုတ်။ ဝိညာဉ်ပိုင်းသေခြင်းသည် ဘုရား နှင့် အဆက်ပြတ်၍ဘုရား၏ အလိုတော် နားမလည်တော့ခြင်းဖြစ်သည်။

ဘုရားဆာငတ်
    လူ၏ဝိညာဉ်သည် ဘုရားသခင်ကို ပြန်လည်ဆာငတ်နေသည်။ သမင်ဒရယ်တို့သည် ရေစီးသောချောင်း ကို တောင့်တသကဲ့သို့ အကျွနု်ပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရား သခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ္ကာလမွ ဘုရားသခင်အထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း (ဆာ၊ ၄၂ း ၁-၅)
    နွေခေါင်ခေါင်၌ တောထဲတွင် စိမ့်စမ်းရေများ ခမ်းခြောက်၍ မြစ်ချောင်းများ၌သာ ရေရှိတော့သည်။ ထိုအခါ သမင်ဒရယ်တို့သည် ရေငတ်သောကြောင့် ရန်သူကိုပင် မမှုနိုင်တော့ဘဲ ချောင်းရှိရာသို့ ရေသောက်ဖို့ ရောက်ဖို့ရောက်တတ်သည်။ ရေမသောက်ဘဲမနေနိုင်ကြ။ ထိုနည်းတူ လူ၏ဝိညာဉ်သည် ဘုရားသခင်ကိုသာ ငတ်လှသည်။
    လူ၏ဝိညာဉ်သည် ဘုရားသခင်ကိုငတ်သောကြောင့် မငြိမ်မဝပ်ရှိသည်။ ထိုအခါ စိတ်နှလုံးလည်း ငြိမ်သက်ခြင်းမရှိ။ စိတ်နှလုံးမငြိမ်သက်သောကြောင့် စိတ်ငြိမ်သက်စေရန်အရက်၊ ဘိန်းဖြူ၊ ရုပ်ရှင်၊ ဝတ္တု၊ ကာတွန်း၊ အေပ်ာ္အပါး၊ ပြဲမ်ား၊ ငွေ၊ မိန်းမ၊ အားကစား၊ အလုပ်စသည်တို့ဖြင့် ရှာကြသည်။ သို့သော် ထိုအရာများသည် ဆားရေသောက်သကဲ့သို့ ပို၍ဆာငတ်စေသည်။ စစ်မှန်သောငြိမ်သက်မှုမရှိ။ ထို့ကြောင့် မိတ်ဆွေအပါအဝင်လူတိုင်း၏ ဝိညာဉ်သည် ဘုရားကို ဆာငတ်လျက်ရှိသည်။ အသက်မသေမှီ ဝိညာဉ်သည် ဘုရားသခင်နှင့်တွေ့ပါက ထာဝရအသက်ရမှာဖြစ်သည်။ ဝိညာဉ်သည် မသေမှီဘုရားသခင်နှင့် မတွေ့ပါက ထာဝရအသက်ဆုံးရံှုးမှာဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေ၏ဝိညာဉ်သည် မိတ်ဆွေမသေမှီ ထာဝရဘုရားနှင့် တွေ့ဖို့ဆက်မိဖို့လိုကြောင်း ပြောပြလိုပါသည်။

                            သင်ခန်းစာ(၁၀)မှမေးခွန်းများ
၁။ ဘုရားသခင်သည် လူ၏ခန္ဓာ၊ စိတ်၊ ဝိညာဉ်ဖန်ဆင်းစ၌ မည်ကဲ့သို့ရှိသနည်း။ ---------------------
၂။ လူ၏ခန္ဓာကိုယ်သည် အဘယ်ကြောင့် နံစော်၍ရိယွဲလျက်ရှိကြသနည်း။ ---------------------------
၃။ မိတ်ဆွေသည် ဘုရားအမြင်၌ ကျန်းမာပါသလော။ --------------------------------
၄။ အပြစ်၏အစသည် အဘယ်ကဖြစ်သနည်း။ -------------------------------------
၅။ မည်သူ၏ စိတ်နှလုံး၌ အပြစ်စသနည်း။ -----------------------------
၆။ လူ့စိတ်သည် အစဉ်မပြတ်မည်ကဲ့သို့ရှိသနည်း။ ---------------------------
၇။ လူကိုညစ်ညူးစေသောအရာသည် မည်သည့်အရာမှ ထွက်သနည်း။ ---------------------
၈။ ကျောက်ကဲ့သို့မာသော စိတ်အစား ဘုရားသခင်က မည်ကဲ့သို့သောစိတ်ကို ပေးမည်နည်း။ ---------
၉။ ဝိညာဉ်ပိုင်းသေခြင်းသည် မည်သူနှင့်အဆက်ပြတ်ခြင်း ဖြစ်သနည်း။ ----------------------
၁၀။ လူ၏ဝိညာဉ်သည် မည်သူ့ကို ဆာငတ်သနည်း။ -----------------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....