Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၁၆)

 သင်ခန်းစာ(၁၄)၌ အသွေးဖြင့် အပြစ်လွှတ်ခြင်း အကြောင်းနှင့် သင်ခန်းစာ(၁၅)၌ အသွေးတော်၏ လုပ်ဆောင်ချက် များကြောင့် တရား စီရင်ခြင်းမှ လွတ်ခြင်း၊ ဖြောင့်မတ်ခြင်း များအကြောင်း သင်ခဲ့ရပြီ။ ယခု ကိုယ်စားခံခြင်းနှင့် ပတ်သက်၍ လေ့လာကြစို့။ အချို့ ကိစ္စများ၌ ကိုယ်စားခံခြင်းသည် မဖြစ်နိုင်ကြောင်း တွေ့ရ သည်။ ဥပမာ၊ အခြားသူဝဖို့ရန် ထမင်းစားပေး၍ မရပါ။ သူကိုယ်တိုင်စားမှသာဝနိုင်ပေသည်။ သို့သော် အခြားအရာများ၌ ကိုယ်စားခံပေနိုင်ကြောင်း တွေ့ရသည်။ ဥပမာ၊ ဘတ်စ်ကားစီးရာတွင် မိတ်ဆွေတယောက်က ကျွနု်ပ်ကိုယ်စား ကားခပေးလိုက်လျှင်၊ စပယ်ယာက ကျွနု်ပ်ကို ကားခမတောင်းတော့ပါ။ အကြောင်းမှာ ကျွနု်ပ်ကိုယ်စားပေးလိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အပြစ်နှင့်ပတ်သက်လာလျှင်လည်း ကိုယ်စားခံခြင်း အကြောင်းကို သိနားလည်
၍ ယုံကြည်ဖို့လိုပါသည်။
 
ဆိတ်ခေါင်းပေါ်အပြစ်တင်
    ဣသရေလလူမျိုးများသည် အပြစ်ဖြေရာနေ့၌ မိမိတို့အပြစ်ဖြေဖို့ရန် အသက်ရင်သော ဆိတ်တကောင်ကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာတတ်သည်။ ထိုအခါ ယဇ်ပုရောဟိတ်သည် အသက်ရှင်သော ဆိတ်ခေါင်း ပေါ်မှာ လက်နှစ်ဘက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှာ စ၍ပြစ်မှားသောအပြစ်အမျိုးမျိုး ရှိသမျှတို့ကို တော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ပြီးလျှင် တော်လျော်သော လူတွင် တောသို့စေလွှတ်ရမည်။ သူတို့အပြစ်ရှိသမျှကို၊ လူမနေသောအရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည် (ဝတ်၊ ၁၆ း ၂၁)။
    ဣသရေလလူမျိုးများ၏ အပြစ်ရှိသမျှသည် ထာဝရဘုရားစီရင်တော်မူသည့်အတိုင်း ဆိတ်ခေါင်းပေါ် သို့ ရောက်ရှိသွားသည်။ ထိုအပြစ်ပါသော ဆိတ်ကို တောသို့လွှတ်သောအခါ အပြစ်လည်းပါသွားသည်။ ထို့ကြောင် ဣသရေလ လူတို့ထံ၌ အပြစ်မကျန်ရစ်တော့ချေ။ အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် ထာဝရဘုရားဖြစ်သည်။ တာဝရဘုရားကိုယ်ပတိုင် ထိုသို့စီရင်သောကြောင့် ဣသငရေလလူများသည် အပြစ်နှင့်ကင်းစင်လျက် ရှိသည်။

ခရစ်တော်အပေါ်၌တင်
    ယခုတွင် တလောကလုံးရှိ လူသားအားလုံး၏ အပြစ်ကို ခရစ်တော်အပေါ်၌တင်လျက် တလောကလုံး ကိုယ်စားခရစ်တော်က အပြစ်၏ အခကိုခံပေးသည်။ ကျမ်းစာက၊ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက် ကိုယ်လမ်းသို့အသီးလိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏ အပြစ်များကို သူ့ အပေါ်၌တင်တော်မူ၏ ဟုဆိုထားသည် (ဟေရှာ၊ ၅၃ း ၆)။
    ကျမ်းစာကခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်သည်ဟုဆိုသောကြောင့် ငါတို့ထဲ၌ မိတ်ဆွေလည်း ပါဝင်ပြီးဖြစ်သည်။ ယုံကြည်သူ၊ မယုံကြည်သူ၊ တလောကလုံးရှိသူသား အားလုံးပါဝင်ပြီး ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပေါ်၌ အပြစ်လုံးဝမရှိတော့ချေ။ ခပ်သိမ်းသောအပြစ်ဟုဆိုသောကြောင့် ယခင်အပြစ်၊ ယခုအပြစ်၊ အနာဂါတ် ကာလ၌ ပြုလုပ်မည့် အပြစ်အားလုံးပါသွားပြီးဖြစ်သည်။ သူ့အပေါ်၌တင်သည် ဟုဆိုရာ၌ သူ့သည် ခရစ်တော်ကိုဆိုလိုသည်။ ဗတ္တိဇံယောဟန်က၊ သခင်ခရစ်တော်ကိုမြင်သောအခါ၊ ဤလောက၏ အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ် ဟုဆိုသည် (ယော၊ ၁း၂၉) ရှင်ပေါလုကလည်း ခရစ်တော်သည် ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏ ဟုဆိုသည် (၁ကော၊ ၁၅း၃) ထို့ကြောင့် ငါတို့၏ အပြစ်ကို ယူတင်ဆောင်ရွက်သော သူသည် ခရစ်တော်ပင်ဖြစ်သည်။
 
အပြစ်တင်ပိုင်သူ
    ဣသရေလလူများ၏ အပြစ်ကို ယဇ်ပုရောဟိတ်ကသာ ဆိတ်ခေါင်းပေါ်သို့တင်ပိုင်သည်။ သူတို့ ကိုယ်တိုင် တင်ပိုင်ခွင့်မရှိ။ ထိုနည်းတူ တလောကလုံး၏ အပြစ်ကို ဘုရားသခင်ကသာ ခရစ်တော်အပေါ်သို့ တင်ပိုင်သည်။ ကျမ်းစာက၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သော သူကို ငါတို့အတွက်ကြောင့် အပြစ်ရှိ သော သူဖြစ်စေတော်မူ၏ ဟု ဆိုထားသည် (၂ကော၊ ၅း ၂၁)။ အပြစ်နှင့်ကင်းစင်သောသူသည် ခရစ်တော် ပင်ဖြစ်သည်။ ထာဝရဘုရားက ခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသော သူဖြစ်စေပြီး၊ ထိုသို့ဖြစ်စေခြင်း သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်နီးပါးကဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် ထာဝရဘုရားပြုလုပ်သော အရာကို ယုံကြည်လက်ခံဖို့သာရှိသည်။ ထာဝရဘုရားက ခပ်သိမ်း ငါတို့၏အပြစ်များကို ခရစ်တော်အပေါ်၌ တင်ပြီး သောကြောင့် မိတ်ဆွေအပေါ်၌ အပြစ်မရှိတော့ချေ။ ထိုအရာသည် သတင်း ကောင်းဖြစ်သည်။

အပြစ်အခသေခြင်း
    ယခုငါတို့၏အပြစ်များသည် ခရစ်တော်အပေါ်သို့ ရောက်ရှိသွားပြီ။ အပြစ်၏ အခသည် သေခြင်းဖြစ် သည်(ရော၊ ၆း ၂၃)။ ထို့ကြောင့် ငါတို့ကိုယ်စား ခရစ်တော်သည် အသေခံရသည် (ဟေ၊ ၉း ၂၈)။ ထို့ကြောင့် အပြစ်အတွက် နောက်တဖန်အသေခံစရာ မလိုတော့ချေ။ ခရစ်တော်သည် တလောကလုံး ကိုယ်စား ခံပြီးဖြစ်သည်။ သို့သော် ထိုအရာကို မသိသောကြောင့်သော်လည်းကောင်း၊ မယုံကြည် သောကြောင့်သော်လည်း ကောင်း အသေခံရကြဦးမည်။ မိတ်ဆွေသည် ယုံကြည်ခြင်းဖြင့် ခရစ်တော်၏ ကိုယ်စားပြုခြင်းကို လက်ခံ နိုင်သည်။

ပညတ်တရား၏ ကျိန်ခြင်း
    သင်ခန်းစာ(၁၁)၌ လူသည် ပညတ်တရား မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရကြောင်း သင်ခဲ့ရပြီ။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားလိုက်လျှောက်ရာတွင် တခုမကျန်၊ မခြားမလပ်လိုက်လျှောက်ဖို့ လိုသည်။ မိတ်ဆွေအပါအဝင် လူသားတိုင်းသည် ပညတ်တော် မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရသည် (ဂလာ၊ ၃း ၁၀၊ ၁၃)။ ကျိန်ခြင်းခံရသော သူသည် သစ်တိုင်၌ ဆွဲထားခြင်းခံရမည်။ မိတ်ဆွေသည် ကျိန်ခြင်းခံရသော သူဖြစ်သောကြောင့် သစ်တိုင်၌ ဆွဲထားခြင်းခံရမည်။ သို့သော် ခရစ်တော်သည် ငါတို့အတွက် ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ (ဂ၊ ၃း ၁၃)။
    ခရစ်တော်သည် ငါတို့ကိုယ်စား ကျိန်ခြင်းခံရပြီဟုဆိုသည်။ ထို့ကြောင့် သစ်တိုင်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌ အသေသတ်ခြင်းခံရပြီ။ ထို့ကြောင့် မိတ်ဆွေသည် ကျိန်ခြင်းမှ လွတ်မြောက်ပြီ။ သစ်တိုင်ပေါ်မှာ အသေသတ်ခြင်းမှလည်း လွတ်မြောက်ပြီ။ ထိုသို့ ကျိန်ခြင်းနှင့် သေခြင်းမှ လွတ်မြောက်ခြင်း သည် မိတ်ဆွေ၏ အကျင့်ကောင်းမှု၊ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်။ ဘုရားသခင်၏ စီစဉ်ပေးမှုဖြင့် ခရစ်တော်က ကိုယ်စားခံပေးသောကြောင့်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်သက် သက်ဖြစ်သည်။ ထိုအရာကို ယုံကြည်လက်ခံရမည်။ 
 
အသေခံခြင်း
    လူသည် အာဒံ၏အပြစ်ကြောင့် အသေခံရသည်ဟုသင်ခဲ့ရပြီ။ သေခြင်းဟုဆိုရာတွင် သုံးပိုင်းရှိသည်။ ထာဝရဘုရားနှင့် အဆက်ပြတ်ခြင်းကို ဝိညာဉ်နှင့်ကိုယ်ခန္ဓာအဆက်ပြတ်ခြင်းကို ကိုယ်ခန္ဓာသေခြင်းဟုခေါ်သည်။ စိတ်ဝိညာဉ်မီးငရဲအိုင်ထဲသို့ ထာဝရနေရခြင်းကို ဒုတိယသေခြင်းဟုခေါ်သည်။ ထိုသေခြင်းအားလုံးကို လူသည် ရင်ဆိုင်ရမှာ ဖြစ်သည်။ 

မည်သည့်နည်းနှင့်မျှ ရှောင်လွှဲမရပါ။
    သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါတို့ကိုယ်စား သားတော်ယေရှုခရစ်ကို ကိုယ်စားခံ၍ အသေခံစေသည်။ ထိုသို့အားဖြင့် လူသည် သေခြင်းမှလွတ်ကင်းခွင့်ရသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင် ၌ အသေခံသောအခါ သေခြင်းအားလုံးအတွက်ခံပြီးဖြစ်သည်။ ဝိညာဉ်ပိုင်း ဆိုင်ရာ သေခြင်းနှင့်ပတ်သက်၍ ငါတို့ကိုယ်စား အဘခမည်းတော်နှင့် အဆက်ပြတ်ခဲ့သည်။ ထို့ကြောင့် အကျွနု်ပ်ဘုရား၊ အဘယ်ကြော့် အကျွနု်ပ်ကိုစွန့်ပစ်တော်မူသနည်းဟု အော်ခဲ့သည် (မ၊ ၂၇ း ၄၆)။ ခရစ်တော်သည် ထိုသို့ခမည်းတော်ဘုရားနှင့် အဆက်ပြတ်ခဲ့သောကြောင့် ငါတို့သည် ဘုရားသခင်နှင့် ပြန်လည်ဆက်ရသော အခွင့်ရကြပြီ။
 
    ခရစ်တော်သည် ဘုရားသခင်နှင့် အဆက်ပြတ်သည်သာမက ကိုယ်ခန္ဓာနှင့် ဝိညာဉ်လည်း အဆက် ပြတ်ခဲ့သည်။ ထို့ကြောင့် ငါတို့၏ အနာရောဂါများ ငြိမ်းခွင့်နှင့်ကိုယ်ခန္ဓာထာဝရပျက်စီးခြင်းမှ ကင်းလွတ်စေ သည်။ ကျမ်းစာက၊ ငါတို့သည် အပြစ်နှင့်ဆိုင်သော အရာ၌ အသေဖြစ် ၍၊ ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင် စေမည့်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်ပေါ်မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်များအား ဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏ ဟုဆိုသည် (၁ပေ၊၂ း ၂၄)။
    ခရစ်တော်၏ ကိုယ်ခန္ဓာသေခြင်းအားဖြင့် ကျွနု်ပ်တို့၌ ကိုယ်ခန္ဓာအသက်ရှင်ခြင်း ရရှိသည်။ ယခု ခရစ်တော်ကို ယုံကြည်လျက် သေသောသူတို့သည် ထာဝရသေသည်မဟုတ်။ ခရစ်တော်ြွက လာတော်မူသော အခါ ရှင်ပြန်ထမြောက်လာကြမည်ဖြစ်သောကြောင့် အိပ်ပျော်နေကြခြင်းသာဖြစ်သည်။ ခရစ်တော်ြွကလာချိန် ၌ အသက်ရှင်လျက် ကျန်ရစ်သော ယုံကြည်သူများဖြစ်လျှင် ကိုယ်ခန္ဓာသေခြင်း မခံစားရတော့ဘဲ ကိုယ်ခန္ဓာ ပြောင်းလဲကာ ချီဆောင်ခြင်း ခံရမှာဖြစ်သည်။ ထိုမျှော်လင့်ခြင်းသည် မိတ်ဆွေအတွက်လည်း ဖြစ်သည်။

သင်ခန်းစာ(၁၆)မှမေးခွန်းများ
၁။ ဣသရေလလူများ၏ ပြစ်ကို မည်သည့်အပေါ်တင်သနည်း။ ------------------------
၂။ ဣသရေလလူများ၏ အပြစ်ကို မည်သူက ဆိတ်ခေါင်းပေါ်၌ တင်သနည်း။ --------------------
၃။ တလောကလုံး၏ အပြစ်ကို မည်သူ့အပေါ်၌ တင်ရသနည်း။ --------------------------------
၄။ မည်သူက တင်သနည်း။ ------------------------------------------------
၅။ ခရစ်တော်သည် ငါတို့၏အပြစ် မည်မျှယူတင်ဆောင်ရွက်သနည်း။ ----------------------------
၆။ မိတ်ဆွေ၌ အပြစ်ရှိပါသေးသလား။ ------------------------------------------
၇။ ပညတ်တရားကြောင့် ကျိန်ခြင်းကို ခရစ်တော်က မည်ကဲ့သို့ ကိုယ်စားခံပေးသနည်း။ --------------
၈။ မိတ်ဆွေသည် ကျိန်ခြင်းမှ လွတ်မြောက်ပြီလား။ ---------------------------------------------
၉။ ငါတို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ သေခြင်းမှ လွတ်မြောက်ဖို့ရန် ခရစ်တော်သည် ဘာလုပ်ခဲ့သနည်း။
    --------------------------------------------------------------
၁၀။ ခရစ်တော်ြွကတော်ချိန်၌ အသက်ရှင် ကျန်ရစ်သော ယုံကြည်သူများသည် မည်ကဲ့သို့ဖြစ်မည်နည်း။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....