Saturday, 19 October 2013

ယေရှုခရစ်တော် နှင့်ပါတ်သက်သော အမေးအဖြေ

၇၅။ ရှင်ပြန်ထမြောက်သော ခရစ်တော်၏ကိုယ်
ခန္ဓာ၌ ဒါဏ်ရာဒါဏ်ချက် အမာရွတ်များရှိပါသလား။
          လုကာ၊၂၃း၃၉ နှင့်ဇာခရိ၊၁၃း၆ အရယေရှု၏ရှင်ပြန်ထမြောက်သော ခန္ဓာကိုယ် ၌ကရာနီဒါဏ်ရာဒါဏ်ချက်အနာများ မပျောက် မပျက် ရှိသည်။ ၄င်းသည် ရှင်ပြန်ထမြောက်သောခန္ဓာ ဖြစ်သည်နှင့် အညီအနာများပျောက်ကင်းသွားကာ အမာရွတ် များကျန်သည်ဟု ကျွန်ုပ်ထင်မြင် ယူဆပါသည်။

၇၆။ ခရစ်တော်၏ခန္ဓာကိုယ်သည် ချိုးဖဲ့ခြင်းခံရပါသလား။
ယေရှုခရစ်တော်၏ခန္ဓာကိုယ် ချိုးဖဲ့ခံရခြင်းနှင့်ပတ်သက်၍ သူ၏အရိုးများ အချိုးမခံရသော်လည်း သူ၏ခန္ဓာတော်သည် ရိုက်နှက်ခြင်း၊ 
ဆူးသရဖူဆောင်းစေခြင်းနှင့် ခြေတော်နှင့်လက်တော်၌ ရိုက်နှက်ထားသော သံမှိုတို့ဖြင့်ချိုးဖဲ့ခြင်းခံရသည်။ သူ၏ခန္ဓာကိုယ်ချိုးဖဲ့ခြင်းခ့ရသည်ဟု ဆိုခြင်းမှာ အရိုးချိုးခြင်းခံရသည်ဟု ဆိုလိုခြင်းမဟုတ်ပါ(ယော၊၁၉း၃၃-၃၆ ကိုကြည့်ပါ)။

၇၇။ ယေရှုသည် အပြစ်လုပ်နိုင်ပါသလား။
          ခရစ်တော်၏အပြစ်လုပ်နိုင်ခြင်းနှင့်ပတ်သက်၍ခရစ်တော်သည်ဘုရားနှင့်လူနှစ်စုစလုံးဖြစ်ကြောင်း သတိရရန်လိုသည်။ ဘုရားအနေနှင့်အပြစ်မလုပ်နိုင်ပါ။ မည်သို့ပင်ဖြစ်စေ လူသားတစ်ယောက်အနေနှင့် စာတန်စကားနားထောင်ရန် ရွေးချယ်ပါကပြစ်မှားနိုင်ပါသည်။သို့သော် လူသားဖြစ်သော်လည်းအပြစ်မလုပ်ကြောင်း သက်သေထူပါသည်။

၇၈။ ယေရှုသည်စစ်ဆေးခြင်းခံဖို့လား သို့မဟုတ် စုံစမ်းနှောင့်ယှက်ခြင်းခံဖို့လား။
          လူသားတစ်ယောက်အနေနှင့်ယေရှုသည် ကျွန်ုပ်တို့ကဲ့သို့ စစ်ဆေးခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းခံရသည်။ သို့သော် ဘုရားအနေနှင့်စုံစမ်း၍မရပါ။ လုကာ၌စုံစမ်းခြင်းခံရသည့်အကြောင်းကိုဖတ်ပါက ဘုရားသခင်၏သားတာ်အနေနှင့်မဟုတ်ဘဲ စုံလင်သောလူတစ်ယောက်အဖြစ် စာတန်ကိုရင်ဆိုင်ကြောင်းသင်သတိရပေမည်။ သွေးဆောင်ခံရသော်လညး် ယေရှုသည် လူတစ်ယောက်အနေနှင့်ရင်ဆိုင်အနိုင်ယူခဲ့သည်။

၇၉။ ကျွန်ုပ်တို့ကဲ့သို့ ယေရှုသည်မည်သို့စုံစမ်းခြင်းခံနိုင်ပါမည်နည်း။
          ယေရှုသည်နောက်ဆုံးသောအာဒံနှင့်ဒုတိယလူဖြစ်သည်။ အာဒံသည်အပြစ်ရှိသောဘ၀ကို မရမီကဲ့သို့ ယေရှုကိုစုံစမ်းနိုင်သည်။ ခြားနားချက်မှာအာဒံသည် ရှုံးနိမ့်ပြီးယေရှုကအောင်မြင်သည်။

၈၀။ ခရစ်တော် အမူတော်မဆောင်မီ အလုပ်ရှိပါသလား။
          မာကု၊၆း၃ တွင် “ဤလက်သမားသည်မာရိ၏သားမဟုတ်လော့” ဟုဖါရိရှဲ ပြောသောကြောင့် ယေရှုသည် လက်သမား တစ်ယောက်ဖြစ်သည်ဟုထင်မြင်ယူဆလေ့ရှိကြသည်။ သူသည် ဘုရားဖြစ်သည်သာမက လူလည်းဖြစ်သည်။သူသည် အမှန်စင်စစ် ယဇ်ပရောဟိတ်နှင့် ရှင်ဘုရင်ဖြစ်သောလည်းသူသည် အရာခပ်သိမ်း၌ ကျွန်ုပ်တို့နှင့်တူသောသူတစ်ယောက်ဖြစ်သည်။

၈၁။ ခရစ်တော်သည် အဘယ်ကြောင့် ဗတ္တိဇံခံပါသနည်း။
          ခရစ်တော်၏ဗတ္တိဇံခံခြင်းနှင့်ပတ်သက်၍ ဖြောင့်မတ်ခြင်းခပ်သိမ်းပြည့်စုံစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု သမ္မာကျမ်းကပြောပြပါသည်။ ခရစ်တော်သည်သူကယ်တင်မည့်လူမျိုးများနှင့် သူ့ကိုသူထပ်တူထပ်မျှပြုခြင်းဖြစ်သည်။ သူ၏လူမျိုးများအတွက် သေခြင်းကိုဖြတ်ကျော်ပြီး ရှင်ပြန်ထမြောက်ရန်ဆန္ဒရှိကြောင်း ကြေငြာခြင်းဖြစ်သည်။

၈၂။ ယေရှု ဒုတိယအကြိမ်ကြွလာမည့်နေ့ရက်အချိန်ကို အဘယ့်ကြောင့်မသိရပါသနည်း။
          “နေ့ရက်နှင့်နာရီကို မည်သူမျှမသိ” ဟူသောယေရှု၏စကားနှင့်ပတ်သက်၍ ခရစ်တော်သည် လူသားအနေနှင့်စကား ပြောခြင်းဖြစ်ကြောင်း မှတ်သားရန်လိုသည်(မာ၊၁၃း၃၂)။ ဘုရားသခင်၏သားတော်အနေနှင့်အရာခပ်သိမ်းကိုသိသည်။လူသားအနေနှင့် လူ၏ကန့်သတ်ချက်အောက်၌ရှိသည်။ဤအရာကိုသိရန် တစ်ခုတည်းသောလမ်းမှာ ခရစ်တော်သည်ဘုရားနှင့်လူသားနှစ်မျိုးစလုးံဖြစ်ကြောင်း သတိရရန်လိုသည်။(မာကု၊၁၃း၁၂) အရလူသားစင်စစ်ဖြစ်ကြောင်းရည်ညွှန်းပြီး ဘုရားအဖြစ် မရည်ညွှန်းပါ။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိနိုင်ကြောင်း၀န်ခံထား၏။

၈၃။ယေရှု၌ညီအကိုမောင်နှမများရှိပါသလား။
          မာရိသည် ခရစ်တော်မွေးဖွါးပြီးနောက် သားသမီးများရကြောင်းမဿဲ၊၁၃း၅၅-၅၆ ကိုဖတ်ရန် အကြံပေးပါသည်။ယေရှုသည် သားဦးဖြစ်သည်။ သူသည် ညီအစ်ကိုမောင်နှမများရှိခြင်းမှာ ကျွန်ုပ်တို့ကဲ့သို့အသွေးအသားဖြင့်အသက်ရှင်ကြောင်း အတည်ပြုစေသည်။

၈၄။ယေရှုသည် ဘုရားအနေနှင့် အသေခံပါသလား သို့မဟုတ်လူအနေီနှင့်အသေခံပါသလား။
          ယေရှုသည် လူသားအနေနှင့် သူ၏ခန္ဓာကိုယ်ဖြင့်ကျွန်ုပ်တို့၏အပြစ်များအတွက် သစ်တိုင်ပေါ်တွင် ခံသွားပါသည်။ မည်သည့်လူသားမျှ အပြစ်အတွက်ပြည့်စုံသောအခကိုမဆပ်ပေးနိုင်သောကြောင့် ဘုရားသခင်စင်စစ်မှလာ၍ အဘိုးအခပေး၏။ယေရှုသည်တိုတောင်းသောအချိန် ခြောက်နာရီအတွင်း အဖိုးအခအားလုံးပေးဆပ်သွားသောချက်မှာ ဘုရားကိုကျေနပ်စေရန် အပြစ်၏အခကိုပေးဆပ်သွားသော လူသားယေရှုဖြစ်ကြောင်း သက်သေထူသည်။

၈၅။ ခရစ်တော်ကို ငွေဒင်္ဂါးသုံးဆယ်ဖြင့်အဘယ်ကြောင့်ရောင်းသနည်း။
          ကြေးဒင်္ဂါးအပြားသုံးဆယ်သည် ခရစ်တော်ခေတ်၌ ကျွန်တစ်ယောက်၏တန်ဖိုးဖြစ်သည်(ထွက်၊၂၁း၂၁)။ ယောသပ်ကို ကြေးဒင်္ဂါး(၂၀)နှင့်ရောင်းသည်မှာစိတ်၀င်စားစရာကောင်းပါသည်။ဤသို့ဈေးသက်သာခြင်းမှာ ယောသပ်သည် အသက်မပြည့်သေးသည့် လူငယ်ဖြစ်သောကြောင့်ဖြစ်သည်။

၈၆။ ယေရှုရယ်ဘူးပါသလား။
          ယေရှုသည် ရယ်သည် သို့မဟုတ် ပြုံးသည်ဟု ကျမ်းစာ၌မှတ်တမ်းမရှိပါ။ သို့သော် မပြုံးဖူးပါဟု ကျွန်ုပ်မပြောလိုပါ။

၈၇။ လက်ဝါးကပ်တိုင်၌ခရစ်တော်၏နံဘေးကိုစစ်သားများက လှံနှင့်ထိုးသောအခါထွက်လာသောေ၇နှင့်အသွေး၏အဓိပ္ပါယ်မည်သို့ရှိပါသနည်း။
          လူသိများသော သိပ္ပံပညာဆိုင်ရာ အချက်တစ်ခုမှာ လူသည်ပြင်းထန်သောသေခြင်းဖြင့် သေဆုံးပြီးနှလုံးရပ်သောအခါ သွေးသည် ဘယ်ဘက်ခြမ်းသို့စုလာပြီး အထဲ၌သွေးခဲလာသည်။ သွေးသည် ကိုယ်ခန္ဓာထဲ၌ သီးသန့်ဖြစ်လာသောအခါ သိပ္ပံပညာနည်းအရ သေခြင်းဟုခေါ်သည်။ ထို့ကြောင့် အသွေးနှင့်အရေသည် ယေရှုခရစ်တော်သေသည်ဟု ပြောပြခြင်းဖြစ်သည်။ ထိုကြောင့် ခရစ်တော်သည် မေ့မျောနေခြင်းသာဖြစ်သည်ဟူသော ယူဆချက်မှာ သက်သေအထောက်အထားမရှိပါ။

၈၈။ ခရစ်တော်သည်မည်သည့်နေ့တွင် လက်ဝါးကပ်တိုင်တင်သတ်ပြီး မည်သည့်နေ့ရက်၌ထမြောက်ပါသနည်း။
          ယေရှုသည် သောကြာနေ့၌ လက်ဝါးကပ်တိုင်တွင် တင်သတမခြင်းခံရပြီးတနင်္ဂနွေနေ့မနက်တွင် ရှင်ပြန်ထမြောက်သည်ဟု အစဉ်အလာ အရ မှတ်သားရပါသည်။

၈၉။ ခရစ်တော်၏၀တ်လုံကို မဿဲခရစ်၀င်ကျမ်း၌ ကြက်သွေးရောင်ဟုဖော်ပြပြီး အခြားခရစ်၀င်ကျမ်းများ၌အဘယ့်ကြောင့် ခရမ်းရောင်ဟု ဖော်ပြပါသနည်း။
          အခြားခရစ်၀င်ကျမ်းများ၌ခရမ်းရောင်ဟုဖော်ပြပြီး မဿဲခရစ်၀င်ကျမ်း၌ကြက်သွေးရောင်ဟုဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စကားလုံးများ၏အဓိပ္ပါယ်ကို ကျွန်ုပ်ပြောပြပါက သင်နားလည်လိမ့်မည်ဟု ထင်ပါသည်။ဂရိဘာသာ၌ ခရမ်းရောင်သည် prophura ဖြစ်ပြီးအဓိပ္ပါယ်မှာနီပြာရောင်ဖြစ်သည်။သင်သိသည့်အတိုင်းအနီနှင့် အပြာပေါင်းပါက ခရမ်းရောင်ရသည်။ မဿဲခရစ်၀င်ကျမ်း၌အသုံးပြုသောကြက်သွေးရောင် Kakinosဖြစ်ပြီးအဓိပ္ပါယ်မှာကြက်သွေးရောင်သာမဟုတ်အရောင်ဆိုးထားသော ၀တ်လုံဟုဆိုလိုသည်။ ထို့ကြောင့် အခြားခရစ်၀င်ကျမ်း၌ကိုယ်တော်အပေါ်နီပြာ၀တ်လုံကို၀တ်ဆင်စေကြသည်ဟု ဖတ်နိုင်ပြီးမဿဲခရစ်၀င်ကျမ်းတွင် ကိုယ်တော်အပေါ်၌အရောင်ဆိုးထားသော၀တ်ရုံကို၀တ်ဆင်စေကြသည်ဟု ဖတ်နိုင်သည်။ ၄င်းသည် အတူတူပင်ဖြစ်သည်။

၉၀။ခရစ်တော်သည် နွားတင်းကုပ်၌ဖွါးမြင်ပါသလား သို့မဟုတ် နွားစားခွက်ထဲ၌ဖွါးမြင်ပါသလား။
          သခင်ယေရှုခရစ်၏ဖွါးမြင်သောနေရာနှင့်စပ်လျဉ်း၍နွားတင်းကုပ်ဟူသောစကားလုံးကိုမတွေ့ရပါ။ သို့သော် ယေရှုကိုနွားစားခွက်ထဲ၌သိပ်ထားသည်ဟုပြောပြပါသည်။ ကျွဲ၊နွားများကိုအစာကျေွးသောနွားစားခွက်ဖွါးုမြင်သည်ဟု ပြောပြသည် ယေဘုယျအားဖြင့် ထင်မှတ်ရသည်။ဤအစာကျေွးသောနေရာများသည် အဆောက်အဦးများထဲ၌မရှိဘဲ အများအားဖြင့် အပြင်ဘက်၌ရှိကြောင်း ကျွန်ုပ်သိရပါသည်။ တိရစာၦန်များအား အစာကျေွးသောနေရာကိုနွားတင်းကုပ်အဖြစ် ထင်မြင်ယူဆလေ့ရှိကြသည်။ ဤအရာကိုလုကာအခန်းကြီး၂၌ တွေ့ရသည်။ ယေရှုသည် နွားတင်းကုပ်ထဲ၌ဖွါးမြင်ကာနွားစာခွက်ထဲ၌သိပ်ထားပါသည်။

၉၁။ ခရစ်တော်၏အသွေးသည် ချေွးကဲ့သို့ကျသည်အကြောင်းမှာစာတန်သတ်မည်ကို ကြောက်၍ဖြစ်သည်ဟု တစ်ယောက်က ကျွန်ု်ပ်ကို ပြောပြပါသည်။ နှုတ်ကပတ်တော်အရဖြစ်ပါသလား။
          ထိုသို့သော သီအိုရီမျိုးကို သမ္မာကျမ်းတစ်ခုလုံး၌ကျွန်ု်ပ်မတွေ့ပါ။ ခရစ်တော်၏ေ၀ဒနာခံခြင်းမှာ ဂေသရှေမာန်ဥယျာဉ်၌ သူသည် ကျွန်ုပ်တို့၏အပြစ်ကိုထမ်းသွားသောသူဖြစ်လာပြီး ကရာနီလက်ဝါးကပ်တိုင်ပေါ်တွင် ကျျွန်ုပ်တို့၏အပြစ်ကိုဆောင်သွားပါသည်။ ယေရှုသည် သေခြင်းကိုမကြောက်ပါ။သူသည် အပြစ်ကိုသာကြောက်ရွံ့သည်။ ဟေရှာယ၊၅၃း၆အရဘုရားသခင်၏ သားတော်အနေနှင့်ကျွန်ုပ် တို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၍ ၄င်းသူ့ကို စိုးရိမ်တုန်လှုပ်စေခြင်းဖြစ်သည်။ ထို့အပြင် သမ္မာကျမ်းက “သွေးချေွးထွက်သည်”ဟုမပြောဘဲ ချေွးသည်သွေးစက်များက့ဲသို့ မြေပေါ်သို့ကျသည်ဟုဆို၏(လု၊၂၂း၄၄)။ ဤအဆိုများသည် ဘုရားသခင်၏နှုတ်ကပတ်တော်အနက်ကို ပကတိထက်ကျော်လွန်ပြီး ဆွဲဆန့်မည်ကို ကျွန်ုပ်စိုးရိမ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့၏ကိုယ်စားေ၀ဒနာခံသောခရစ်တော်ကို ကျွန်ုပ်တို့လေးမြတ်ပြီး၊ကျွန်ုပ်တို့ဘုန်းသရေရရှိသောအခါ၌ကျျွန်ုပ်တို့ကိုယ်စား တွေ့ကြုံခဲ့သည့်စိုးရိမ်ပူပန်မူများကို ကျွန်ုပ်တို့နားလည်မည်။

၉၂။ ဘုရားသခင်၏ကောင်းကင်တမန်သည် သခင်ယေရှုခရစ်ကို ရည်ညွှန်းကြောင်းသမ္မာကျမ်း မည်သည့်နေရာ၌ရှိပါသနည်း။
` ဘုရားသခင်၏ကောင်းကင်တမန်သည် သခင်ယေရှုကို ရည်ညွှန်းသည်ဟူသော တိုက်ရိုက်အဆိုမရှိသော်လည်းေဝါဟာရစကား အားဖြင့် အထောက်အထား ယူခြင်းသာဖြစ်သည်။ ဘုရားသခင်၏ကောင်းကင်တမန် ဟူသောကျမ်းပိုဒ်များစွာအားဖြင့် သုံးပါးတစ်ဆူမှ ဒုတိယပုဂ္ဂုလ်ဖြစ်ကြောင်းထင်ရှားသည်။ ဗက်လင်မြို့၌ လူ့ဇာတိမခံမီ သခင်ယေရှုကိုယ်ယောင်ထင်ရှားခြင်းဟုခေါ်သည်။ အခြားသော သမ္မာကျမ်းခံယူချက်များ မှန်သကဲ့သို့ ဤအရာဗျာဒိတ်တေ်ာအားဖြင့်.ယူဆနိုင်သည်။ ဘုရားသခင်သည် သုံးပါးတစ်ဆူဘုရားဖြစ်ကြောင်း ကျမ်းပိုဒ်တစ်ပိုဒ်မျှ သမ္မာကျမ်းထဲ၌ မရှိသော်လည်း ၄င်းကိုရှင်းလင်းစွာဖော်ပြသည့်လုံလောက်သောကျမ်းပိုဒ်ရှိပါသည်။ ထို့ကြောင့်၄င်းအားဖြင့် ခံယူချက်တစ်ခုကို ကျျွန်ုပ်တို့အတည်ပြုနိုင်သည်။

၉၃။ ခရစ်တော်၏ပုံတော်ကို ပြုလုပ်ခြင်း သို့မဟုတ် ရှိခြင်းအကြောင်းတစ်စုံတစ်ရာကို ကျမ်းစာက ပြောပါသလား။
          ရုပ်ပုံ၀တၳုများ အထူးသဖြင့် ခရစ်တော်သို့မဟုတ် တပည့်တော်များ၏ရုပ်ပုံများနှင့်ပတ်သက်၍ ကျမ်းပိုဒ်များကို ကျွနု်ပ်တို့မတွေ့နိုင်ပါ။ မောရှေ၏ ပညတ်တော်တွင် ရုပ်တုဆင်းတု သို့မဟုတ် ကောင်းကင်၌ရှိသောအရာ သို့မဟုတ် အောက်မြေကြီးပေါ်၌ရှိသောအရာ သို့မဟုတ် မြေကြီးအောက်ရေ၌ရှိသောအရာနှင့်တူသောအရာတစ်စုံတစ်ခုကို မပြုလုပ်ရန် က္ကသရေလများအား တားမြစ်ထားသည်။အကြောင်းမှာ ကိုးကွယ်ရန် ရည်ရွယ်ချက်ဖြင့် ရုပ်ပုံရုပ်တုများကိုပြုလုပ်ခြင်းဖြစ်ပြီး၊ပညတ်တော်က “၄င်းတို့ရှေ့၌ဦးမညွှတ်ရ မကိုးကွယ်ရ”ဟု ပြောပြပါသည်။ ရုပ်ပုံပြုလုပ်ခြင်းသည် အပြစ်မဟုတ်ပါ။ ပုံတူရုပ်တုကို ကိုးကွယ်ခြင်းသည် အပြစ်ဖြစ်သည်။သခင်ယေရှုခရစ်တော်လောက၌ရှိစဉ်တွင် မည်သည့်ရုပ်အဆင်းရှိသည်ကို ကျွန်ုပ်တို့မသိခြင်းမှာ အမှန်ဖြစ်သည်။

၉၄။ ခရစ်တော်သည်ဗက်လင်မြို့၌အဘယ့်ကြောင်းဖွါးမြင်ပါသနည်း။
          ဘု၇ားသခင်သည် သူ၏သားတော်ဖွါးမြင်မည့်နေရာ၊အချိန်ကိုကြိုတင်သိသော ဉာဏ်တော်နှင့်ခွဲခန့်ထားသည်။အစကပင် ယေရှုအချိန်၌ရှိသောဘာသာရေးခေါင်းဆောင်များသည် သူ့အားငြင်းပယ်ကြသည်။ ယေရှုသည်ပျောက်သောသူကိုရှာ၍ ကယ်တင်ခြင်းငှာလာသည်ဟူသောအရာကို သိရသည်မှာပင် အံ့သြဖွယ်ဖြစ်သည်။ သူ၏ဖွါးမြင်ခြင်းကို နိမ့်ကျသောသိုးထိန်းများထံသို့ ကြေငြာပြောပြီနိုင်ပါသည်။

၉၅။ ခရစ်တော်သည် ဂျူးလူများ၏ပဿခါဥပုဒ်နေ့ သို့မဟုတ် ထိုနေ့မတိုင်မီသဂြိုဟ်ခြင်းကိုခံပါသလား။ သူသည် တပည့်တော်များနှင့်ပဿခါပွဲ ပြုလုပ်ပါသလား။
          ပဿခါသိုးသငယ်ကိုပဿခါပွဲမတိုင်မီနေ့ရက်တွင်သတ်ရသည်။ ၄င်းကို ပဿခါအကြိုနေ့ဟုခေါ်လေ့ရှိသည်။ ဤ အရာသည် ထိုလ၏ဆယ့်သုံးရက်မြောက်သောနေ့ဖြစ်သည်။ပဿခါပွဲသည် က္ကသရေလအမျိုးသားများ၏ ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ခရစ်တော်သည် ပဿခါအကြိုနေ့တွင် ရှင်ပြန်ထမြောက်မည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....