Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၁၂)

 ယခင်သင်ခန်းစာများ၌ လူ၏ အခြေအနေသည် အလွန်ဆိုးဝါး၍ မကောင်း ကြောင်းတွေ့ရသည်။ အမျိုး လည်း မကောင်း၊ အကျင့် အားဖြင့်ကြည့် လျှင်လည်း ကောင်းသော အကျင့်ကို မကျင့်နိုင်။ ပညတ်တရား လည်း မကျင့်နိုင်။ ထို့ကြောင့် အပြစ်ကင်းရန်၊ ဖြောင်မတ်ဘို့ရန် ဘုရားသခင် ၏နိုင်ငံ ရောက်ဘို့ရန် လူသည့် မတတ်နိုင်ပါ။ ထိုကြောင့် အရာများကို အတိုချုန်း၍ ဆက်လက် လ့လာကြစို့။

အပြစ်နှင့် ပတ်သက်၍
    လူသည် အပြစ်ကင်းဖို့ရန် မတတ်နိုင်ပါ။ ကျမ်းစာက၊ အဲသယောပိလူသည် မိမိအရေ၏အဆင်းကို၄င်း၊ ကျားသစ်သည် မိမိအတွက် အကျား
တို့ကို၄င်း၊ ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ပြုလေ့ရှိသော သူတို့သည် သုစရိုက်ကိုပြုခြင်း ငှာတတ်နိုင်ကြလိမ့်မည် ဟု ဆိုထားပါသည်။ (ယေရ၊ ၁၃း၂၃)၏ လူသည် အပြစ်မလုပ်ဘဲ မနေနိုင်ပါ။ အဲသယောပိလူတည်း ဟူသော ကပ္ပလိလူမဲသည် အသားဖြူလာမှ၊ ကျားသစ်သည် မိမိအတွက်အကျား ပြောင်းလာမှ လူသည်အပြစ်မလုပ်ဘဲ နေနိုင်မည်။
 
အပြစ်အခနှင့် ပတ်သက်၍
ကျမ်းစာက အပြစ်၏အခသည် သေခြင်းဖြစ်သည်ဟု ဆိုသည်။ (ရော၊ ၆း၂၃)လူသည် မိမိအပြစ်၏ အခအတွက် အသေခံပါက မည်ကဲ့သို့ ထာဝရအသက်ရနိုင်မည်နည်း။ လူသည် မိမိအပြစ်ကြောင့် သေရလျှင် ငရဲကျဖို့သာရှိသည်။ ထို့ကြောင့် လူသည်အပြစ်၏ အခအတွက် မပေးဆပ်နိုင်ချေ။

အပြစ်ဆေးကြောခြင်းနှင့် ပတ်သက်၍
    လူသည် နောင်တရ၍ နောက်ထပ်အပြစ် မကျူးလွန်ရန် ကြိုးစားတတ်သည်။ ကတိပြုတတ်သည်။ သို့သော် အပြစ်များ သန့်ရှင်းစင်ကြယ်ဖို့ရန် မတတ်နိုင်ပါ။ ကျမ်းစာက၊ လူ၏အပြစ်ကို ဖြေသောအရာကား၊ အသွေးဖြစ်သတည်း၊ (ဝတ်၊ ၁၇း၁၁)။ အသွေးမသွန်းလောင်းဘဲ အပြစ်ဖြစ်လွတ်ခြင်းမရှိ၊ (ဟေ၊၉ း ၂၂)ဟုဆိုထားပါသည်။ လူသည် မိမိအပြစ်သန့်ရှင်းစေဖို့ရန် အသွေးသွန်းစရာမရှိပါ။ တိရစၦာန်အသွေးအားဖြင့် လည်း ဘုရားသခင်က လက်မခံနိုင်ပါ။ မိမိအသွေးသွန်းလျှင်လည်း အပြစ်သား၏ အသွေးသည် မသန့်ရှင်းပါ ထို့ကြောင့် လူသည် အပြစ်ကင်းအောင် မတတ်နိုင်ပါ။

ကုသိုလ်ကောင်းမှုနှင့်ပတ်သက်၍
    လူသည် ဘုရားသခင်က လက်ခံလာအောင် ကုသိုလ်ကောင်းမှုကို အားကိုးတတ်သည်။ ဆယ်ဘို့တဘို့ လှူခြင်း၊ အလှူငွေထည့်ခြင်း၊ ဆင်းရဲသားများကို မစခြင်း၊ ဘာသာရေးလုပ်ငန်းများ၌ အလှူငွေထည့်ခြင်းဖြင့် ပြဿနာပြေလည်မည်ဟု ထင်တတ်သည်။ သို့သော် ကျမ်းစာက၊ အကျွနု်ပ်တို့ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည်လည်း ညစ်သော အဝတ်နှင့်တူကြပါ၏ ဟုဆိုထားပါသည်(ဟေရှာ၊ ၆၄ း ၆) လူ၏ကုသိုလ်သည် လူ့အမြင်၌ ကောင်းသော်လည်းဘုရားအမြင်၌ ညစ်သော အဝတ်နှင့် တူသည်။ ထိုမျှမက ကုသိုလ်ကောင်းမှုအားဖြင့် အပြစ်ပြဿနာကို မဖြေရှင်းနိုင်ပါ။ ဥပမာ၊ လူသတ်သမား တစ်ဦးသည် ကုသိုလ်မည်မျှပင် ပြုသော်လည်း အပြစ်မပျောက်ကင်းနိုင်ပါ။ လူသတ်မှုအတွက် အပြစ်ဒဏ်ခံ ရမည်သာဖြစ်သည်။

ပညတ်တော်နှင့်ပတ်သက်၍
    လူသတ်ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် အပြစ်ကင်းမည်။ ထာဝရအသက်ရမည်ဟု ထင်တတ်သည်။ သို့သော်လည်း ကျမ်းစာက၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားယွင်းမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏ ဟုဆိုထားပါသည် (ယော၊ ၂ း ၁၀) လူသည်ပညတ်တရားအလုံးစုံကို မလိုက်လျှောက်နိုင်ပါ။ လိုက်လျှောက်မည်ဟုသာ ပြောတတ်ကြသည်။ လိုက်လျှောက်ဘို့ကြိုးစားသူလည်း မများပါ။ ထိုမျှသာမက ပညတ်တရားမလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းနှင့်သေခြင်းကိုသာ ဖြစ်စေသည်။ (ဂလာ၊ ၃ း ၁၀။ ရော၊ ၇ း ၁၁)။ ထို့ကြောင့် လူသည် ပညတ် တရားအားဖြင့် ဘာမျှမလုပ်တတ်ပါ။
 
ဒုတိယမွေးဖွားခြင်းနှင့်ပတ်သက်၍
    လူသည် ပထမမွေးဖွားသောအခါ အာဒံ၏သားသမီးအဖြစ် မွေးဖွားသည်။ ပထမမွေးဖွားခြင်းသည် မိခင်ဝမ်းထဲမှ ကိုယ်ခန္ဓာအားဖြင့် မွေးဖွားသည်။ ထိုမွေးဖွားခြင်းပင်လျှင် မိမိအလိုအလျှောက် မမွေးဖွားနိုင်ပါ။ ထိုမျှမက သခင်ယေရှုက ဒုတိယမွေးဖွားခြင်းမခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟုငါအမှန်အကန်ဆိုသည်မှာ မိန့်တော်မူ၏ (ယော၊ ၃ း ၃) ပထမမွေးဖွားခြင်းမခံသောသူသည် ဤလောကထဲ၌ မရောက်ရုံသာမက ဤလောကကို မမြင်ကြပါ။ ထို့နည်းတူ ဒုတိယမွေးခြင်းမခံသောသူသည် ဘုရားသခင်၏ နိုင်ငံမရောက်ရုံသာမက မြင်လည်းမြင်ရမည်မဟုတ်ဟု ဆိုသည်။ ထပ်၍ ယေရှုက ရေနှင့် ဝိညာဉ်တော်မွေးရမည်ဟုဆိုသည်။ သို့ဖြစ်လျှင် ရေနှင့်ဝိညာဉ်တော်မွေးရမည်ဟုဆိုသည်။ 

သို့ဖြစ်လျှင် ရေနှင့် ဝိညာဉ်တော်အားဖြင့် မည်သို့ မေါးရမည်နည်း။ ရေနှစ်ခြင်းအားဖြင့် မွေးရမည်လော။ ရေနှစ်ခြင်းအားဖြင့်ဆိုလျှင် ရေနှစ်သူတိုင်း ဘုရားသခင်၏ နိုင်ငံရောက်ဖို့လိုသည်။ သို့သော် ရေနှစ်သူတိုင်း ရောက်မည်မဟုတ်။ ဝိညာဉ် တော်ဖြင့် မည်သို့မွေးရမည်နည်း။ မပြောတတ်တော့ပါ။ ထို့ကြောင့် လူသည် ဒုတိယမွေးခြင်းနှင့် ပတ်သက်၍ ဘာမျှမတတ်နိုင်ပါ။

ထာဝရအသက်နှင့်ပတ်သက်၍
    လူသည် ထာဝရအသက်ရဖို့ရန် အကျင့်ကောင်းခြင်း၊ အလှူလှူခြင်း၊ ပညတ်တော်လိုက်လျှောက်ခြင်း၊ ဘာသာရေးလိုက်စားကြိုးစားခြင်းစသဖြင့် အမျိုးမျိုးကြိုးစားတတ်သည်။ သို့သော် ထာဝရအသက်သည် ထိုအရာများ၌မရှိ။ ဘုရားသခင်က ထာဝရအသက်ကို ခရစ်တော်၌ ထည့်ထားသည်။ ထို့ကြောင့် သားတော်ကိုရမှသာ ထာဝရအသက်ကို ရနိုင်ပေမည်။ (၁ယော၊ ၅ း ၁၁၊ ၁၂) သို့ဖြစ်လျှင် ခရစ်တော်မပါဘဲ မည်သို့ထာဝရ အသက်ရမည်နည်း။ လူသည် မသိဆိုမျှမလုပ်တတ်။

စာတန်နှင့်ပတ်သက်၍
    လူသည် စာတန်၏သားသမီးဖြစ်သည်။ သခင်ယေရှုက၊ သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှ ဆင်းသတ်သည် ဟုဆိုသည် (ယော၊ ၈ း ၄၄) စာတန်နှင့်မည်ကဲ့သို့ အဆက်ပြတ်မည်နည်း လူသည် မည်သို့မျှမလုပ်တတ်။

အာဒံနှင့်ပတ်သက်၍
    လူသားတိုင်းသည် အာဒံမှဆင်းသက်ကြသည်။ ထို့ကြောင့် အာဒံနည်းတူ အပြစ်နှင့်ကျိန်ခြင်း ခံရကြသည်။ ထို့ကြောင့် မွေးရာပါအပြစ်ရှိကြသည်။ ထို့ကြောင့် အာဒံနှင့်အမျိုးအဆက်ပြတ်ဖို့လိုသည်။ ထိုသို့ အဆက်ပြတ်ဖို့ရန် မည်ကဲ့သို့ လုပ်ရမည်နည်း။ လူအနေဖြင့် မတတ်နိုင်။

သို့ဖြစ်လျှင်အဘယ်သို့ပြုရမည်နည်း
    ဤမေးခွန်းသည် လူတိုင်း မေးသင့်သော မေးရမည့်မေးခွန်းဖြစ်သည်။ ဤမေးခွန်းမမေးသူများသည် မိမိတို့အပြစ်၌ပျက်စီးမည်သာဖြစ်သည်။ ဤမေးခွန်းကို ဣသရေလလူများက တမန်တော်များထံ မေးဘူးသည် (တမန်၊ ၂ း ၃၇)။ ထိုဣသရေလ လူများအနေဖြင့် မိမိတို့၌ ဘာမျှမလိုဘုရားဘက်၌ စိတ်အားကြီး၍ ဘုရားတရား နှင့်နေသောသူများဟု ထင်မှတ်ကြသည်။ ဘုရားဘက်၌ စိတ်အားနည်းသောကြောင့် သူတို့အမြင်၌ လမ်းလွဲ ဦးဆောင်သူ ယေရှုခရစ်ကိုလည်း သတ်ကြသည်။ သို့သော် မိမိတို့လုပ်ဆောင်ချက် မှားယွင်းကြောင်းနှင့် ကယ်တင်ခြင်း၊ အပြစ်လွှတ်ခြင်းအဖို့ အလိုငှာမတတ်နိုင်ကြောင်း သိကြသောအခါ တမန်တော်များထံ အဘယ် သို့ပြုရပါမည်နည်း ဟုမေးကြသည်။
    ထိုမေးခွန်းမျိုးကို ဖိလိပိ္ပမြို့ရှိ ထောင်မှူးကလည်း ရှင်ပေါလူနှင့်သိလထံ၌ မေးခဲ့ဘူးသည်။ ဘုရားသခင် ၏တန်ခိုးတော်ကြောင့် ပေါလုနှင့်သိလတို့ဘုရားကို ချီးမွမ်းကြသော်အခါ ထောင်တံခါးများ၊ ပွင့်ကုန်သည်။ ထိုအခါ ထောင်သားများ ထွက်ကုန်ပြီဟု ထင်မှတ်သဖြင့်၊ ထောင်မှူးသည် ကိုယ်ကိုကိုယ်သတ် သေဖို့ကြံစည် သည်။ သို့သော် ပေါလုနှင့်သိလက တားကြသည်။ ထိုအခါ ထောင်းမှူးသည် ပေါလုနှင့်သိလတို့၏ ခြေရင်း၌ တုန်လှုပ်လျက်ပြတ်ဝပ်လေ၏။ သူတို့ကို အပြင်သို့ထုတ်ပြီးလျှင် သခင်တို့ အကျွနု်ပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။ (တမန်၊ ၁၆း ၂၅-၃၀)။
    ထိုသို့သော မေးခွန်းမေးသူများသည် ဘေးကြပ်နံကြပ်တွေ့သူများ လူ့အပိုင်း၌ အခက်အခဲကြုံ၌ မလုပ်တတ်သော အခြေအနေမျိုးမှသာ မေးလေ့ရှိသည်။ မိတ်ဆွေသည် ထိုမေးခွန်းမေးနေပြီလော။
                       
သင်ခန်းစာ (၁၂)မှ မေးခွန်းများ
၁။ လူသည် အပြစ်မလုပ်ပဲ နေနိုင်ပါသလား။ -----------------------------
၂။ လူသည် သူစရိုက်လုပ်ရန် ကပ္ပလိလူမျိုးသည် ဘာလုပ်ရမည်နည်း။ -----------------------
၃။ လူသည် အပြစ်၏ အခသေခြင်းကို ပေးဆပ်နိုင်ပါသလော။ -----------------------------
၄။ လူအပြစ် ဆေးကြောရန် သန့်ရှင်းသော အသွေးရှိပါသလား။ -------------------------------
၅။ ကုသိုလ်ကောင်းမှုသည် အပြစ်ပြဿနာ ဖြေရှင်းနိုင်ပါသလား။ -----------------------------
၆။ ပညတ်တရားအားဖြင့် မည်သည့်အရာများကိုသာ ဖြစ်စေနိုင်သနည်း။ ----------------------
၇။ ဒုတိယ မွေးရန် လူသတ်မည်ကဲ့သို့ လုပ်ရမည်နည်း။ -------------------------
၈။ ခရစ်တော်မပါဘဲ ထာဝရ အသက်ရနိုင်မည်လော။ ------------------------
၉။ စာတန်သားသမီးအဖြစ်မှ၄င်း၊ အာဒံအမျိုးမှゞင်း မည်ကဲ့သို့ အဆက်ပြတ်ရမည်နည်း ---------------
၁၀။ ထောင်မှူး၏ မေးခွန်းသည် မိတ်ဆွေ၏ မေးခွန်းဖြစ်ပါသလား။ ---------------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....