Thursday, 17 October 2013

ဖာရိရှဲှဆိုသည်မှာ

ဓမ္မသစ်ကျမ်းမှာ ပါတဲ့ဖာရိရှဲတွေဟာ ဘယ်သူတွေလဲ။ သူတို ့တွေရဲ ့အကြောင်းကို သိသလောက် ေ၀ဌလိုက်ပါတယ်။
ဖာရိရှဲှဆိုတဲ့ လူတွေဟာ ဓမ္မသစ်ကာလ ဘာသာရေးအဖွဲ့အစည်း သုံးခုဖြစ်တဲ့(The Pharisees,the Sadd ducees, and the Essenes)ဆိုတဲ့ အဖွဲ ့တွေထဲမှာ အာဏာအရှိဆုံးနဲ ့သြဇာအသက်ရောက်ဆုံး အဖွဲ့ဖြစ်တယ်။သူတို့ရဲ့ဇစ်မြစ်ကိုသေသေချာချာမပြောနိုင်ပေမယ့် Assideans ( ဘာသာရေးကိုင်းရှိုင်းသူ) များလို ့ဆိုတဲ့ ရှေးအဖွဲ ့အစည်းတစ်ရပ်ကနေ ကြီးထွားလာသူတွေလို ့ယူဆရပါတယ်။


Phariseesဆိုတဲ့အဓိပ္ပါယ်ကတော့(Separatists)ခွဲထွက် သူများလို့အဓိပ္ပါယ်ရပါတယ်။သူတို့ကိုChasidim ဘုရားသခင်ချစ်သောသူ(သို့)ဘုရားအားသစ္စာရှိသောသူလို ့ လဲ ခါ်ကြပါတယ်။ရီစရာကောင်းတာကတော့ သူတို့ကိုယ်သူတို့ဒီလိုအမည်ခံပေမယ့်လည်းခရစ်တော်နှဲ့သူရဲ့ သွန်သင်ချက်များကို ခါးခါးသီးသီးငြင်းပယ် ရုံမက အသေသတ်ခဲ့ပါတယ်။

ဖာရိရှဲတွေရဲ့ရည်ရွယ်ချက်က ဘုရားသခင်ကို နာခံမယ်ဆိုပြီး အစပြုခဲ့ပေမဲ့လည်း သူတို့တွေဟာ မောရှေရဲ့ ပညတ်ချက်များနဲ့သူတို့ရဲ့ကိုယ်ပိုင်ပညတ်ချက်တွေကိုထဲထဲ ၀င်၀င်လိုက်နာလွန်းရင်းကနေပြီးအစွန်းရောက်တွေ ဖြစ်လာလိုက်တာသခင်ယေရှုကိုယ်တော်တိုင်ကယ်တင်ရှင် အဖြစ်ကြွလာပြီးသူတို့တွေရဲ့ကြားမှာအသက်ရှင်ပေ မယ့်လည်း အကန်းများလို မမြင်မတွေ ့နိုင်ကြပါဘူး။သခင်ပြောတဲ့စကားကိုလည်းမကြားနိုင်။ သခင်ပြတဲ့ တန်ခိုးနိမိတ်တွေကိုလည်းမမြင်နိုင်။နောက်ဆုံးသခင်ကိုကားတိုင် တင်သတ်ခဲ့သည်အထိဖြစ်ခဲ့တယ်။သခင်ကိုယ်တိုင်က ”ဘုရားရဲ့သားတော်လို ့” ပြောတာကို ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး သတ်ခဲ့ခြင်းဖြစ်တယ်။ ခရစ်တော်ကလည်း ဖာရိရှဲတွေကို ပြင်းပြင်းထန်ထန်ေ၀ဖန် ပြောဆိုခဲ့တာတွေကို တွေ ့ရပါတယ်။ 

ရှင်မဿဲ (၅း၂၀) မှာ ”သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။”
ဟူ၍လည်းကောင်း၊

 ရှင်မဿဲ(၁၆း၁၁-၁၂)မှာလည်း ဖာရိရဲှနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို ကြဉ်ရှောင်ကြဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲ တို့၏ သြဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။ ဟူ၍လည်းကောင်း၊ 

ရှင်မဿဲ(၂၃း၂-၉) မှာလည်း ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည်မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့ သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင် မကျင့်ကြ။ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သောလက်ဖွဲ့တို့ကို၄င်း၊ ကြီးသောပန်းပွားတို့ကို၄င်း ဝတ်လေ့ရှိကြ၏။ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ် သော နေရာထိုင်ရာကို၄င်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၄င်း၊ အရှင်ဘုရားအရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို ၄င်း နှစ်သက်ကြ၏။ သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ မြေကြီးပေါ်မှာအဘယ် သူကိုမျှ အဘဟူ၍မခေါ် ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တပါးတည်းရှိတော်မူ၏။ ဟူ၍လည်းကောင်း

ရှင်မဿဲ(၂၃း၁၃) မှာလည်း လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ ဟူ၍လည်းကောင်း၊

      ရှင်မဿဲ(၂၃း၂၃-၂၄)မှာလည်းပဲ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာ စောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာ တို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည်ခြင်တကောင် ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလားအုပ်ကိုမျိုကြ၏။ ဟူ၍လည်းကောင်း၊ ေ၀ဖန်ထားခဲ့ပါတယ်။

ဖာရိရှဲတို ့ကနေ သင်ခန်းစာယူရမှာကတော့ မိမိကိုယ်ကိုမိမိဖြောင့်မတ်သူဟု မိမိဘာသာသတ်မှတ်၍မရပါဘူး။ ဘုရားရဲ့လူလို ့မိမိကိုယ်ကို မိမိသတ်မှတ်ရင် ဘုရားရဲ့ စကားအားလုံးကို အပြည့်အ၀ လိုက်နာရပါမယ်။ မိမိကြိုက်နှစ်သက်တဲ့အပိုင်းလေးပဲ၊ မိမိနဲ ့ပတ်သက်တဲ့အပိုင်းလေးပဲ ဆွဲယူလိုက်နာလို ့မရကြောင်း ပြောကြားလိုပါတယ်။

ဖာရိရှဲ တစ်ယောက်ကတော့ဖြင့် ခရစ်တော်ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းကာလမှာ ခရစ်ယာန်အကြီးအကြယ်တစ်ယောက်ဖြစ်လာပြီး၊ ဓမ္မသစ်ကျမ်းမှာ သူကိုယ်တိုင် တော်တော်များများ ပါ၀င်ပြုစုခဲ့ပါတယ်။သူကတော့ဖြင့် ......................
တစ်မန်တော်၀တၳု(၂၃း၆) ကို မိမိကိုယ်တိုင် ဖတ်ရှုအဖြေရှာရန်။

နာမတော်မြတ်၌
Copy :- ဝိညာဉ်သစ်မဂ္ဂဇင်း

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....