Tuesday, 29 October 2013

ခရစ်ယာန်အသက်တာ ဆိုင်ရာ အမေးအဖြေ

သူနာပြုများ တနင်္ဂနွေနေ့ အလုပ် လုပ်ခြင်း ကို သင်မည်သို့ ယူဆပါသလဲ။
          ကျွန်ုပ် တို့သည် ခရစ်တော် သို့မဟုတ် နှုတ် ကပတ်တော်ကို အသ်ိ အမှတ် မပြုသည့်လော ကကြီးတွင် အသက်ရှင်နေ ထိုင်ကြကြောင်း ဘုရားသခင် သိပါသည်။ သနားခြင်းနှင့် လိုအပ်မူကြောင့် လုပ်ဆောင်ခြင်းဖြစ်နေ သရွေ့ တနင်္ဂနွေနေ့ အလုပ် လုပ်ခြင်း မှာပြသနာမရှိပါ။ ခရစ်တော် သည်လည်း ဥပုဒ်နေ့တွင် အနာရော ဂါငြိမ်းစေ သည်။

 သခင်ဘုရား အတွက် သက်သေခံရန် အခွင့်ကောင်းယူရန် ကျျွန်ုပ်မတတ်နိုင်ပါ။ ခရစ်ယာန်သူနာပြု တစ်ယောက် အနေနှင့်သခင် ဘုရား၏ အစေခံရန် ကျွန်ုပ်ဆန္ဒ ရှိသော်လည်း တာ၀န်ကျသောအချိန်တွင် ဘာသာရေးကိစ္စ များဆွေးနွေးခြင်း အခွင့်မရှိပေ။ ဘာလုပ်ရမည်နည်း။
          များစွာသောသူနာပြုတို့သည် ၀ိညာဉ်ရေးရာများကိုပြောဆိုရန်တားမြစ်ခြင်းခံရသည့်အခက်အခဲကို ကျွန်ုပ်ကောင်းကောင်း နားလည်ပါသည်။မည်သို့ပင်ဖြစ်စေ သင်သည် သူတို့ရှေ့မှောက်တွင် ခရစ်တော်၏ပုံသက်သေမေတ္တာပြလျက် အသက်ရှင်နိုင်ပြီး သူတို့ အတွက် ဆုတောင်းပေးနိုင်ပါသည်။ တာ၀န်မကျသောအချိန်တွင် ခရစ်ယာန်စာပေများေ၀နိုင်ပြီး ခရစ်တော်အတွက်စွမ်းဆောင်နိုင်ပါသည်။

  ခရစ်ယာန်များမဲပေးသင့်သလား။
          သင်၏မေးခွန်းနှင့်စပ်လျဉ်း၍ ခရစ်ယာန်သည်ဤနေရာ၌အာဂန္တုခရီးသည်ဖြစ်၏။ဤမြေကြီးပေါ်၌နေစဉ်အတွင်း သူလှည့်လည် နေသောနေရာဒေသ၏ ဥပဒေများကိုနာခံရမည်။ အခွင့်အာဏာသည် ဘုရားသခင်ဘိသိက််ပေးထားခြင်းဖြစ်သည်နှင့်အညီ လူ၏ဥပေဒ စည်းကမ်းများကိုလိုက်နာရမည်။ခရစ်ယာန်တစ်ယောက်သည်မဲပေးသင့်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ကျွန်ုုုုပ်တို့သည်အိမ်ကိုမီးစွဲလောင် သောအခါ မီးသတ်ဌာနကို ခေါ်ရပြီးဓါးပြတိုက်ခံရသောအခါရဲကိုခေါ်ရသည်။ အစိုးရဘက်မှ ဤကဲ့သို့သောစောင့်ရှောက်မူများ ကျွန်ုပ်တို့၌ လိုအပ်ပြီးမဲပေးခြင်းဖြင့် ပြသနာအခက်အခဲမရှိနိုင်ပါ။

 ခရစ်ယာန်များ ပိုင်ဆိုင်မူရှိသင့်သလား။
          ဤမေးခွန်းကိုဖြေဆိုရာ၌ တမန်တော်အခန်း ၂ နှင့် ၄ ၌ရှိသောအဖြစ်အပျက်မှာ ပြင်းထန်သော ညှင်းပန်းနှိပ့်စက်ခြင်းခံရျိန်၊ အသင်းတော်အနေနှင့် သမ္မာတရားရရှိချိန်ဖြစ်ကြောင်း ကျွနု်ပ်တို့သတိရရန်လိုသည်။ ကျွန်ုပ်တို့သည်အိမ်ယာပိုင်ဆို်င်မူများကို ရုပ်တုအဖြစ်မသက်ရောက်စေဘဲစပ်ဆိုင်သူများအားမှန်ကန်သောပေးကမ်းစွန့်ကြဲခြင်းပြုလုပ်သင့်သည်ဟုကျွန်ုပ်ယုံကြည်ပါသည်။ ရှင်ပေါလုပြောသောမိမိလူတို့ကိုမပြုစု၊ထိုမျှမက၊မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည် ဘူးသောသူထက်သာ၍ယုတ်မာ၏(၁တိ၊၅း၈)ကိုသတိရပါ။

Santa Claus အကြောင်းကို ကျွန်ုပ်၏ကလေးအားမည်သို့ပြောပြရမည်နည်း။
          သင်ရင်ဆိုင်နေရသည့်ပြသနာအတွက် ကျွနု်ပ်အလေးအနက်ထားပါသည်။ အစဉ်အလာနှင့်လူတိုင်း ယုံကြည်ချက်အရ ၄င်းသည် လွယ်ကူသောအရာမဟုတ်ပါ။ဤအကြောင်းနှင့်စပ်လျဉ်း၍ သတိပြုရန် အချက်တစ်ခုသာရှိပြီးကျွန်ုပ်တို့ကလေးများနှင့် အတူလိုက် နာရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတို့အားသမ္မာတရားကို သာပြောပြပြီး Santa Clausဆိုသည်မှာအမှန်တကယ်မရှိဘဲဒဏ္႑ာရီသာ ဖြစ်ကြောင်းရှင်းပြပါသည်။

ခရစ်စ္စမတ် သစ်ပင်ပြုလုပ်ခြင်းကို သင်မည်သို့ထင်မြင်ပါသနည်း။
          ခရစ်စ္စမတ်သစ်ပင်ပြုလုပ်ခြင်းမှာ ဘုရားမဲ့ဝါဒမှ အစပြုလာပြီး ၄င်းမှကာသိုလိပ်အသင်းတော်သို့ ယူဆောင်လာကာ ပရိုတက်စတင့်များ မွ မွေးစားလာခြင်းဖြစ်သည်။နဂိုမူလတွင် ယေဇ၊၁၈း၄ ၌ဖော်ပြသည့်နတ်ဘုရား၏မကောင်းသော ကိုယ်ကျင့် တရားများကိုကိုယ်စားပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။ထိုသ်ို့ပုံဆောင်သော အမှတ်လက္ခဏာသည် ခရစ်ယာန်၀တ်ပြုခြင်းနေရာ၌ မရှိအပ်ဟု ကျွန်ုပ်ယူဆသည်။

ခရစ်ယာန်များ၀က်သားစားခြင်းကိုတားမြစ်ပါသလား။
          ဤအရာကိုကျမ်းစာထဲ၌ရှင်းလင်းစွာဖြေဆိုထားပါသည်။ တမန်တော် ၁၀ တွင် ကောင်းကင်ဘုံမှချပေးသည့် ခြုံထည်နှင့်စပ် ဆိုင်သောအရာကိုသင်ဖတ်ပါ။ မေးခွန်း၏အဖြေကို သင်တွေ့ပါလိမ့်မည်။ပွဲလမ်းသဘင်ဆိုင်ရာပညတ်တို့ကို ကရာနီ၌ပြည့်စုံစေ ပြီးဖြစ်သည်နှင့်အညီ မသန့်ရှင်းသောအသားအားလုံး တားမြစ်ခြင်းမရှိတော့ပါ။တမန်၊၁၁ း ၅-၁၀ကိုဖတ်ရူရန်လည်းအကြံ ပေးလိုပါသည်။ထိုနေရာ၌ပညတ်တရားအရ မသန့်ရှင်းသောအစာစားရန် ပေတရုကို အမိန့်ပေးပါသည်။မည်သို့ပင်ဖြစ်စေ စိတ်မသန့်ဖြစ်ပါက ၁ကော၊၈း၇-၉ ကိုဖတ်ပါ။သင်၏သြတပ္ပစိတ်က သင့်ကို ဒုက္ခပေးပါက သို့မဟုတ် သင်၏ကိုယ်ခန္ဓာကျန်းမာရေးကိုထိခိုက်စေပါက ၀က်သား မစားပါနှင့်။ ကျမ်းစာအရ တားမြစ်ခြင်းမရှိပါ။လူတိုင်းမိမိသဘောအတိုင်းပြုခွင့်ရှိပါသည်။

ဥပဒေအပေါ်တွင် ခရစ်ယာန်တို့သည် မည်ကဲ့သို့ချေပသင့်သနည်း။
          ခရစ်ယာန်များသည် အုပ်စိုးမူကို၀န်ခံသော ပုံသက်သေအနေနှင့် ဥပဒေအတိုင်းနာခံရမည်ဟု သမ္မာကျမ်း၌ ရှင်းပြထားပါသည်။ ဥပဒေများ၊စည်းကမ်းများ၊တားမြစ်ချက်များသည် မည်သည့်အတိုင်းအတာထိ လိုက်နာသင့်ကြောင်းနားလည် ရန်ခက်ခဲမှု မ်ား ရှိလာသည်။ဘုရားသခင်၌ကျွနု်ပ်တို့ပြုရမည့်၀တ်ကိုဥပဒေက နှောင့်ယှက်ပါက လူ၏စကားကို နားထောင်ခြင်းထက် ဘုရားသခင်၏စကားကို ကျွန်ုပ်တို့နားထောင်သင့်သည်။

ခရစ်ယာန်များမဲပေးပိုင်ခွင့်ရှိသလား။
          မဲပေးခြင်းနှင့်ပတ်သက်၍ လောင်းကစားပြုခြင်း၊အမြတ်ရရန်ကစားခြင်းမဟုတ်ပါက ကျမ်းစာကခွင့်ပြုသည်ဟုထင်မြင်ယူဆပါသည်။ ဘုရားသခင်၏အလိုတော်ကိုပြတ်သားစွာ နားမလည်သောနေရာ၌ အသုံးပြုရန်သာဖြစ်သည်။

ခရစ်ယာန်များ အရက်သောက်ခြင်းကိုခွင့်ပြုပါသလား။
          သောက်စားခြင်းမကောင်းသော ဆိုးကျိုးများကြောင့်၄င်း၊သောက်စားခြင်းတဘက်၌သမ္မာကျမ်း၏သတိပေးချက်ကြောင့်၄င်း၊ မျှတစွာသောက်သုံးနိုင်သောသူဖြစ်သော်လည်း သောက်သုံးမှီ၀ဲခြင်းမှ ရှောင်ကြဉ်သင့်သည်။လုံခြုံသောလမ်းသည် ရှေးဆန်သောဘက် conservative side ၌အစဉ်အမြဲရှိနေသည်။

ခရစ်ယာန်များသည် တနင်္ဂနွေနေ့တွင် အိမ်၌အလုပ်လုပ်ရမည်ဟု သင်ထင်မြင်ပါသလား။
          သခင်ဘုရား၏နေ့ရက်၌ အလုပ်လုပ်ခြင်းနှင့်စပ်လျဉ်း၍ သင်နေထိုင်ရာပတ်၀န်းကျင် နှင့်သင်၏သြတပ္ပစိတ်အပေါ်တွင် မူတည်သည်။ တပတ်တွင်ခုနှစ်ရက်ရှိရာ တနင်္ဂနွေနေ့၌၀တ်ပြုခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏မိန့်ဆိုချက်မရှိပါ။ ခရစ်ယာန်များသည်တစ်ပတ်၏ပထမနေ့ရက်၌ မိတ်သဟာယဖွဲ့ရန်၊ အတူတကြ စုေ၀းရန်၊မုံ့ဖဲ့ရန်နှင့်ဆုတောင်းပဌာနပြုရန် အသုံးပြုကြသည်။သင်၏ဥယျာဉ်ကိုစောင့်ရှောက်ဖို့ အခြားသောနည်းကိုရှာရန်သင့်အားအကြံပေးလိုပါသည်။ဤအရာကို သင်ပြုလုပ်နေသည်ကို အခြားသူတစ်ယောက်တွေ့မြင်မိပါက သင်၏ပုံသက်သေသည် သူ့အားထိမိ၍လဲစရာဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ် အနားယူရန်အတွက် တစ်ပတ်တွင်အနည်းဆုံးတစ်ရက်လိုအပ်ပါသည်။

 အိမ်၌မည်သူက ကျေးဇူးတော်တောင်းခံရမည်နည်း။
` ကျေးဇူးတော်တောင်းခံခြင်းနှင့်စပ်လျဉ်း၍ အိမ်ထောင်ဦးစီးမှာ ဤနေရာ၌ဦးဆောင်သူဖြစ်သည်။သူ၏ကိုယ်ပိုင်ဆုတောင်းနည်းဖြင့် တောင်းခံရမည်ဖြစ်ပြီးခရစ်ယာန်ဧည့်သည်ရှိပါက ထိုသူအားကျေးဇူးတော်တောင်းခံစေရန် အသင့်မြတ်ဆုံးဖြစ်ပါသညါ။ မိသားစု အတွက်ပြုလုပ်ခြင်းသည် ကောင်းသောအစဉ်အလာတစ်ခုဖြစ်သည်။

 လူတစ်ယောက်သည်ကယ်တင်ခြင်းရပြီးနောက်ပိုင်းဆေးလိပ်သောက်နိုင်ပါသလား။
ငွေများကိုမီးရှို့ပစ်ခြင်းထက်ပို၍ကောင်းသည့်သုံးစွဲခြင်းများရှိပါသည်။ကယ်တင်ခြင်းနှင့်သီးခြားစီဖြစ်ပါသည်။ဤအရာကိုအပြစ်ဟုမမြင်သော ရိုးသားသည့်ခရစ်ယာန်များစွာရှိပါသည်။အကျင့်တစ်ခုကြောင့် လူတစ်ယောက်ကိုစီရင်ခြင်းမှာ အန္တရာယ်ရှိသည်။ ဤအရာသည်အခြားသောသူ၏အသက်သာကိုထိမိ၍လဲစရာဖြစ်စေကြောင်း သူ့အားဘုရားသခင်က ဖော်ပြရန် ဆုတောင်းပေးခြင်း ကပိုကောင်းပါသည်။ထိုကိစ္စရပ်များအတွက် ပေါလု သွန်သင်ထားသော ၁ကော ၈ မှာကျွန်ုပ်တို့အတွက် လမး်ညွှန်ဖြစ်သင့်ပါသည်။

ခရစ်ယာန်များသည် ဝါတွင်း၌ဥပုဒ်စောင့်ရမည်လော။
          ဤအရာမွာ ရောမကာသိုလိပ်အသင်းတော်၏အစဉ်အလာကျင့်ထုံးတစ်ခုဖြစ်သည်။ ကျမ်းစာအဖြေမရှိဟု ပြောရသည်မှာ ၀မ်းနည်းပါသည်။နှုတ်ကပတ်တော်ကို ကောင်းမွန်စွာနားလည်သောခရစ်ယာန်သည် ဝါတွင်းကိုဂရုမစိုက်ပါ။

ကျွန်ု်ပ်သည် တနင်္ဂနွေနေ့၌အလုပ်လုပ်ရန် အခြေအနေဖန်တီးပါသည်။ဤကိစ္စအတွက် ကျွန်ုပ်စိုးရိမ်ပူပန်လာပါသည်။ ဤျပသနာကို သင်ကူညီနိုင်မည်လား။
          တနင်္ဂနွေနေ့၌အလုပ်လုပ်ခြင်းနှင့်စပ်လျဉ်း၍မည်သူမျှ သူတစ်ပါးကိုမစီရင်နိုင်ကြောင်း သတိရပါ။ တနင်္ဂနွေနေ့၌အလုပ်လုပ်ခြင်းမှ ရှောင်လွဲမရသည့်လုပ်ငန်းတစ်ချို့ရှိပါသည်။ လယ်သမားများ၊လျှပ်စစ်လုပ်ငန်းများ၊ဆေးရုံအလုပ်သမားများနှင့် အခြားလူများစွာတို့သည် တနင်္ဂနွေနေ့၌ အလုပ်မလုပ်၍မရပါ။လူတစ်ယောက်၏ စည်းမျည်းစည်းကမ်းတစ်ခုကိုလူတိုင်းမလိုက်နာပါ။ လိုအပ်သော နေရာနှင့် လူထုကျန်းမာရေးအတွက် တနင်္ဂနွေနေ့ အလုပ်လုပ်ရမည်ဖြစ်သောကြောင့်လူတစ်ယောက်အား သူ၏အသက်မွေး၀မ်းကျောင်း ကိုစွန့်လွတ်ရန်မပြောလိုပါ။ ၄င်းနှင့်ပတ်သက်၍ ဆုတောင်းပြီး၊တနင်္ဂနွေနေ့အလုပ်မလုပ်ရန် ဘုရားသခင်အလိုတော်ရှိပါက ထိုနေ့အတွက် အလုပ်နားရန်၊မိမိကိုယ်စား၀င်ရောက်တာ၀န်ယူမည့်သူကို လမ်းဖွင့်ပြင်ဆင်ပေးပါလိမ့်မည်။

ဆရာ၀န်တစ်ယောက်နှင့် ဓမ္မဆရာတစ်ယောက်၏အမြင်မှဆေးလိပ်သောက်ခြင်း၌ ဆရာ၏သဘောထားကိုကျွန်ုပ်စိတ်၀င်စားပါသည်။
          ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်၍ သင်မေးသကဲ့သို့ ယနေ့များစွာသောခရစ်ယာန်များမေးကြပါသည်။ ဆေးလိပ်သောက်ခြင်း ၏ဆိုးကျိုးကိုအတိအလင်းဖွင့်ဆိုသော်လည်းသမားတော်အများစုမှာ ဆေးလိပ်သောက်သုံးကြသည်။ ဆေးလိပ်ကိုလွန်ကျူးစွာသုံးစွဲခြင်းဖြင့် လူ၏ဖွဲ့စည်းပုံစနစ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာတို့ကို ဒုက္ခပေးသည်မှာ မေးစရာမရှိပါ။ ထို့ကြောင့်သမားတော် အားလုံးနီးပါးက ဆေးလိပ်သုံးစွဲခြင်းကြောင့် ရောဂါကုသရာ၌ အခက်အခဲ ဖြစ်စေသည်ဟု ပြောကြသည်။ အထူးသဖြင့် လွန်ကျူးစွာအသုံးပြုသောအခါ ခန္ဓာကိုယ်၏အင်္ဂါများကို ဒုက္ခပေးသည်။မည်သို့ပင်ဖြစ်စေထိုငြင်းခုံခြင်းသည် လူ၏ကိုယ်ခန္ဓာတစ်ခုတည်းကို ဆိုးကျိုးပေးခြင်းထက် ခြားနားသော အခြေအမြစ်ပေါ်၌ အမှီပြုမည်ဟု ကျွန်ုပ်ယုံကြည်သည်။ ဆေးလိပ်သောက်ခြင်းကိုဆန့်ကျင်သည့်အကြောင်းရင်းနှစ်ခုရှိ သည်။ ပထမအချက်မှာလူမြောက်များစွာကမနှစ်မြို့ခြင်းဖြစ်၏ ခရစ်ယာန်တစ်ယောက်အနေနှင့်အခြားသူများ မနှစ်သက်သည့်အရာများကို ရှောင်ကြဉ်ရမည်။ရှင်ပေါလုက မိမိ၏အသားစားခြင်းက အားနည်းသောညီအစ်ကိုအတွက်မနှစ်သက်စရာဖြစ်လျှင် အသားကိုရှောင်မည်ဟု ပြောပါသည်။ ထိုကြောင့်ကျွန်ုပ်တို့၏အသက်တာတွင် သခင်ဘုရားအတွက် အကောင်းဆုံးဖြစ်ရန်အခြားသောသူများ အဆီးအတားဖြစ်မည့် အရာမှန်သမျှကိုဖယ်ရှားပစ်ရန်လိုအပ်သည်။
          ဒုတိယ အကြောင်းရင်းမှာ ပိုက္ဆံကို ဆေးလိပ်အတွက် အသုံးပြုခြင်းထက်ပို၍ကောင်းသော အရာများစွာရှိသည်။ ဆေးလိပ် သောက်သုံးသူများ၌ကျေနပ်စေသောအရာပေးပြီး လူကိုပျော်ရွှင်စေသည်ဟု ပြောကြသော်လည်းဆေးလိပ်အတွက် အသုံးပြုသော ငွေနှင့်ခရစ်ယာန်များအတွက် တည်ဆောက်စရာဖြစ်စေဘို့ရန် လိုအပ်ပေသည်။ ဥပမာ ဧဝံဂေလိပြန်ပွါးရေးနှင့် ကယ်တင်ခြင်းသတင်း ကောင်းကြေငြာရန် အသုံးပြုပါက ပို၍ကောင်းကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။ ထိုအကျင့်ကို အောင်မြင်ကျော်လွှားရန် အကောင်းဆုံးနည်းလမ်းမှာဆေးလိပ်စွဲလန်းခြင်းမှ ရှောင်လွဲခြင်းဖြစ်သည်။ သုတ်သင်ပယ်ရှင်းရန် နည်းလမ်းများစွာရှိသည်။သို့သော် ထိုနည်းများဖြင့် မအောင်မြင်ပါ။သခင်ယေရှုခရစ်တော်၏ ရွေးနုတ်ခြင်းတန်ခိုးကိုလုံး၀ယုံကြည်ကိုးစားမှသာလျှင် စွဲလန်းတပ်မက်သောအရာကို အောင်နိုင်ရန်ကူညီနိုင်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။
          ကယ်တင်ခြင်းမရသေးသူများအား တရားသေဝါဒ မဟောကြားမိရန်သတိထားရမည်။ ကယ်တင်ခြင်းမရသေးသူများအား သူတို့၏ အကျင့်ကိုပြောပြဆွေးနွေးခြင်းကို ကျွန်ုပ်မယုံကြည်ပါ။ သူတို့၌ ကယ်တင်ခြင်းလိုအပ်ကြောင်းဖိအားပေးပြောပြပြီး သူတို့အသက်တာ၌ ၀မ်းနည်းစရာဖြစ်စေသည့် အရာများအားနည်းချက်များကိုဖော်ပြပေးပါရန် သခင်ဘု၇ားအားအခွင့်ပေးရန်ဖြစ်သည်။

သီတင်းတစ်ပတ်၏ပထမဆုံးနေ့ရက်ကို ကျွန်ုပ်တို့မည်တို့စောင့်ရှောက်ရမည်နည်း။
          ဥပုဒ်နေ့သည် အမှန်စင်စစ်လုံး၀အနားယူခြင်းဖြစ်ပြီး သီတင်းတစ်ပတ်၏ပထမဆုံးနေ့ရက်မှာ ရှင်ပြန်ထမြောက်သောနေ့ဖြစ်သည်။ ထို့ကြောင့်အနားယူခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော အလုပ်လုပ်သောနေ့ဖြစ်သည်။ ဥပုဒ်နေ့သည် သေခြင်းကိုပြောပြသည်။ သခင်ဘုရား အသက်ရှင်ကြောင်း ပြောပြပါသည်။ကယ်တင်ရှင်သည် ဥပုဒ်နေ့၌ သချၤိုင်းထဲတွင်နေသော်လည်း ပထမနေ့ရက်တွင်ရှင်ပြန်ထမြောက််ပြီး အမျိုးသမီးများထံသို့ ကိုယ်ထင်ပြခြင်း၊တပည့်တော်များနှင့် တမန်တော်ဆယ့်တစ်ပါးထံသို့ ညနေပိုင်းတွင် ကိုယ်ထင်ပြခြင်းဖြင့် မရပ်မနားလုပ်ဆောင်၍ အခိျန်ကိုအသုံးပြုသည်။ပထမနေ့ရက်ကို ပျင်းရိခြင်း၊အလုပ်မလုပ်ခြင်းဖြစ်မည့်အစား သခင်ဘုရားကို ၀တ်ပြုကိုးကွယ်ခြင်း၊ကိုယ်တော်၏ကျေးဇူးတော်များပြောပြပြီး ပျောက်ဆုံးသော၀ိညာဉ်များစွာကို ကယ်တင်ပြီးမရပ်မနား အလုပ်လုပ်ခြင်းဖြင့် အချိန်ကိုအသုံးချရန်ဖြစ်သည်။ဤအရာသည်ဥပုဒ်နေ့ဟူသော စကားလုံးကို ဘုရားသခင်နေ့ဖြစ်သော သီတင်းတပတ်တွင် ပထမနေ့အဖြစ် အသုံးပြုခြင်းဖြစ်သည်။

 ခရစ်ယာန်များသည် အသက်အရွယ် အိုမင်းချိန်အတွက် ငွေကြေးများစုဆောင်းသင့်ပါသလား။
          ဘုရားသခင်သည် မိမိ၏မိသားစုကို ကျေွးမွေးရန် အလိုတော်ရှိသည်၊မိမိလူတို့ကိုမပြုစု၊ထိုမျှမက၊မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကားယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဘူးသောသူထက်သာ၍ယုတ်မာ၏ဟု ပေါလုက တိမောတေအားသွန်သင်သည်(၁တိ၊၅း၈) ကောင်းသောအသက်မွေး ၀မ်းကျောင်းပြုခြင်းသည် ခရစ်ယာန်များ၌အရေးကြီးလှပါသည်။ အကြောင်းမှာကျွန်ုပ်တို့သည် လောကနှင့်မဆိုင်သော်လည်းလောကထဲ၌နေကြသောကြောင့်ဖြစ်သည်။

 ခရစ်ယာန်များ၌ ငွေအတိုးယူခြင်းကို သင်မည်သို့ထင်မြင်ပါသနညး်။ ဆာလံ၊၁၅း၅ အားဖြင့်ရှင်းပြပါ။
          ဆာလံ၊၁၅း၅ မွာ ခရစ်ယာန်များ စီးပွါးရေးလုပ်ကိုင်ရာတွင် လောကီလူသားများကဲ့သို့ လောဘကြီး၊အမြတ်စားခြင်းကိုရှောင်လွဲရန် သတိပေးသောစကားဖြစ်သည်။ သခင်ယေရှုမိန့်တော်မူသည့်အတိုင်း ခရစ်ယာန်များအကြားတွင် အတိုးမယူဘဲ ဆင်းရဲသောသူတို့ကို အခမဲ့ပေးလှူကူညီရမည်။ ကျွန်ုပ်တို့သည် လောက၌ရှိသောလည်း လောကနှင့်မဆိုင်ဘဲမရှောင်နိုင်သောအရာတစ်ချို့ရှိသည်။ ခရစ်ယာန်များနှင့်လောကီလူများဆက်ဆံရာ၌ ခြားနားမူရှိရမည်ဟု ကျွန်ုပ် ယုံကြည်သည်။

ခရစ်ယာန်တစ်ယောက်သည် စစ်တို်က်ရမည်လော။
          စစ်တိုက်ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်၏သဘောထားမှာ အလွန်ခက်ခဲ သောအရာဖြစ်သည်။စစ်ပွဲသည်မာရ်နတ်နှင့သက်ဆိုင်ပြီး ကျွန်ုပ်တို့မှာငြိမ်းချမ်း ရေးအတွက်ဖြစ်ကြောင်း သိကြပါသည်။ ကျွနု်ပ်တို့သည် လောကထဲ၌ရှိပြီးလောကနှင့်မဆိုင်သော်လည်း အာဏာစက်ကိုနာခံရန် ကျွန်ုပ်တို့ကိုသတိပေးဆုံးမသည်။ စစ်တိုက်ခြင်းသည် ခရစ်တော်၏သွန်သင်ချက်နှင့်ဆန့်ကျင်ဘက်ဖြစ်သော်လည်း တိုင်းပြည်၏ဥပဒေကို နာခံခြင်းအားဖြင့်ခရစ်တော်အတွက် သက်သေခံရမည်။

ခရစ်ယာန်တစ်ယောက်သည် အသက်အာမခံထားသင့်ပါသလား။
          အသက်တာအာမခံနှင့်ပတ်သက်သော သင်၏မေးခွန်းမှာ ခရစ်ယာန်များအကြားတွင် ဖြစ်လေ့ဖြစ်ထရှိသောအရာဖြစ်သည်။ အသက်အာမခံသည်ရင်းနှီးမြုပ်နှံခြင်း၊ဘဏ်၌ငွေအပ်ခြင်းတို့နှင့် ခြားနားချက်မရှိပါ။ကျွန်ုပ်တို့သည်ငွေအတွက် အသက်မရှင်ရသော်လည်း သူတစ်ပါးအားပေးကမ်းရန် သခင်ဘုရားမျှော်လင့်သည်။ဤအရာတွင်မီးအာမခံနှင့်အခြားအမျိုးမျိုးပါ၀င်သည်။မည်သို့ပင်ဖြစ်စေ ဤအရာသည်တစ်ဦးချင်း၏သြတပ္ပစိတ်နှင့်သာ သက်ဆိုင်သည့်ကိစ္စရပ်ဖြစ်သည်။

၀တ်လစ်စလစ်နေခြင်းသည် ဘုရားသခင်နေစေချင်သောနည်းဖြစ်သည် ဟူသော ဝါဒနှင့်ပတ်သက်၍ စာအရေးအသားတစ်ချို့ကို ကျွန်ုပ်ရရှိထားပါသည်။ ဤကိစ္စရပ်အတွက် သင်၏အမြင်ကိုသိလိုသည်။
          ၀တ်လစ်စလစ်နေခြင်း အယူဝါဒကို ကျွန်ုပ်ဖတ်ဘူးပါသည်။ထိုဝါဒသည်စာတန်မာရ်နတ်နှင့်သက်ဆိုင်သောအရာတစ်ခုဖြစ်ပြီး ခရစ်ယာန်အသက်တာ၌ထိုသို့မပြုလုပ်သင့်ဟု ကျွန်ုပ်ယုံကြည်ပါသည်။၄င်းသည် ခန္ဓာပိုင်းဆိုင်ရာဖြစ်ပြီးနှုတ်ကပတ်တော်၌ ထိိုအကြောင်းတစ်စုံတစ်ရာမရှိပါ။ထိုဝါဒအကြောင်းကျွနု်ပ်ဖတ်ခဲ့သည့်အတိုင်း ၄င်းသည်၀မ်းနည်းစရာကောင်းပြီး ကိုယ်ကျင့်တရား အတွက်သော်လည်းကောင်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက်သော်လည်းကောင်းအကျိုးမရှိနိုင်ပါ။

 ခရစ်ယာန်တစ်ယောက်သည် ကျမ်းသစ္စာကျိန်၍ရပါသလား။
          ဤအရာသည်လည်းတစ်ဦးချင်း၏အခွင့်အရေးဖြစ်သည်။တိုင်းပြည်၏ဥပဒေကသြတပ္ပစိတ်ကြောင့် ကျမ်းသစ္စာကျိန်ဆိုခြင်း ကိုငြင်းပယ်ခွင့်ပြုထားသည်။ဤအကြောင်းကြောင့် ငြင်းဆန်သော သူတစ်ယောက်ကို အတင်းဓမ္မမလုပ်ခိုင်းပါ။လူအများတို့သည် ယာကုပ်၊၅း၁၂ ကိုအသုံးပြုကြသော်လည်းတစ်ချိန်တည်းမှာပင် သမ္မာကျမ်းသည် သက်သေခိုင်လုံစေရန်ကျမ်းသစ္စာကျိန်ခြင်း အထောက်အထားများစွာကိုလညး် မှတ်တမ်းတင်ထားသည်။

 ခရစ်ယာန်များရုပ်မြင်သံကြားရှိခြင်းအပေါ် သင်၏အမြင်ပြောပြပါ။
          ရုပ်မြင်သံကြားနှင့်ပတ်သက်၍ကောင်းသောအရာနှင့် မကောင်းသောအရာနှစ်ခုစလုံးတွေ့ရသည့်အပြင် ရုပ်မြင်သံကြားသည် အသုံးချမူအပေါ်မူတည်သည်။သတင်းဖြစ်ရပ်များနှင့် ဓဟုသုတအတွက် အသုံးချတတ်ပါကများစွာအကျိုးဖြစ်ထွန်းစေသည်။ သို့မဟုတ်ကမကောင်းသောအရာတစ်ခုဖြစ်လာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူသတ်ခြင်း၊အပြစ်လွန်ကျူးခြင်းသေနတ်နှင့်ပစ်ခြင်း စသည့်အရာတို့ဖြစ်သည်။ ကောင်းသောအရာကိုသာကြည့်သောသူများအတွက် အကျိုးမယုတ်ဟုကျွန်ုပ်ယူဆသော်လည်း ကလေးရှိသောအိမ်များတွင် ပျက်စီးစေသောအရာဖြစ်သည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....