Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၆)

 သင်ခန်းစာ(၅)၌ ဒုစရိုက်အပြစ် အကြောင်းကို သင်ခဲ့ရပြီ။ လူသည် ကောင်းသော အကျင့်ကို မကျင့်နိုင် ကြောင်း သိခဲ့ရပြီ။ ထိုသို့ဖြစ် ရခြင်းမှာ အမျိုး မကောင်း သောကြောင့်ဖြစ်သည်။ လူသည် မိမိအမျိုးကို နှစ်သက်မြတ်နိုး တတ်သည်။ လူတိုင်းမိမိအမျိုးကို အမွှန်းတင်ချင်ကြ သည်။ အမျိုးကိုအထိ မခံနိုင်ကြချေ။ အမျိုး အတွက်သေ ခံရဲကြသည်။ သူ့အမျိုးထက် ကိုယ့်အမျိုးကောင်း သည်မြတ် သည်ဟု ယူဆကြသည်။ အိမ်ထောင်ဘက် ရွေးချယ်ရာ၌လည်း အမျိုးအကြောင်းကို မေးမြန်းစစ်ဆေးတတ်ကြသည်။ သို့ဖြစ်လျှင် အကြောင်းနှင့် ပတ်သက်၍ ဘုရား သခင် အမြင်အတိုင်း လေ့လာ
ဖို့လိုလာသည်။

ရန်ငြိုးအဖွဲ့
    အာဒံနှင့်ဧဝတို့သည် ေြွမ၏လှည့်ဖျားမှုကြောင့် ကောင်းမကောင်းသိကျွမ်းရာ အပင်၏ အသီးကိုစားခြင်း ဖြင့် အပြစ်ကျူးလွန်ကြ သည်။ ထိုအခါ ဘုရားသခင်က ေြွမကိုခေါ်၍၊ သင်သည် ဤအမှုကို ပြုသောကြောင့်၊ သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ် ကိုလည်းကောင်း ငါသည်ရန်ငြိုး ဖွဲ့စေသည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့် တော်မူ ၏ (က၊ ၃ း ၁၄-၁၅)။
  
  အထက်ပါ ကျမ်းပိုဒ်အရ ဘုရားသခင်သည် ေြွမ၏အမျိုးနှင့် မိန်းမအမျိုးအနွယ်တို့ကို ရန်ငြိုးဖွဲ့ထား ကြောင်း တွေ့ရသည်။ ေြွမအ မျိုးသည် မည်သူဖြစ်၍ မိန်းမ၏အမျိုးအနွယ်သည် မည်သူနည်း။ ဤအချက်ကို သိဖို့ရန် ကမ်ဘာပေါ်၌ လူဖြစ်နည်းလေးနည်းကို သိဖို့ရန်လိုသည်။
လူဖြစ်နည်းလေးနည်း ကမ်ဘာပေါ်၌ လူဖြစ်နည်းလေးနည်းရှိသည်။ ၄င်းတို့မှာ၊
 
(၁) မြေမှုန့်မှလူဖြစ်ခြင်း (က၊ ၂ း ၇) မြေမှုန့်မှလူဖြစ်သောသူသည် လူသားအာလုံး၏ ဖခင်ဖြစ်သူ အာဒံပင်ဖြစ်သည်။ ဘုရားသခင်သည် အာဒံကို မြေမှုန့်မှဖန်ဆင်းသည်။ အာဒံ၌ လူမိဘမရှိ။ ကလေးဘဝမရှိ။ အရွယ်ရောက် လူကြီးအဖြစ် ဖန်ဆင်းခြင်း ခံရသည်။ အာဒံကဲ့သို့ မည်သူမျှဖန်ဆင်းခြင်း မခံရတော့ချေ။
 
(၂) နံရိုးမှလူဖြစ်ခြင်း (က၊ ၂ း ၂၁-၂၂) နံရိုးမှလူဖြစ်လာသူသည် ဧဝဖြစ်သည်။ ဘုရားသခင်သည် အာဒံကိုကြီးသောအိပ်ခြင်းဖြင့် အိပ်စေ၍ သူ့နံရိုးကို ထုတ်ကာ လူမိန်းမ ကိုဖန်ဆင်းသည်။ ဧဝသည်ကလေးဘဝမရှိ။ အရွယ်ရောက်မိန်းမကြီးအဖြစ် ဖန်ဆင်းသည်။ သူကဲ့သို့ မည်သူ မျှဖန်ဆင်းခြင်း မခံရတော့ချေ။
 
(၃) မိဘနှစ်ပါးမှလူဖြစ်ခြင်း မိတ်ဆွေနှင့်ကျွနု်ပ်အပါအဝင် လူသားတိုင်းသည် မိဘနှစ်ပါးမှ မွေးဖွားလာကြသည်။ ကလေးဘဝမှ ကြီးပြင်းလာကြသည်။ ဖန်ဆင်းခြင်းဖြင့်မဟုတ်။ မျိုးဆက်ပြန့်ပွားခြင်းဖြင့် လူဖြစ်လာသည်။
 
(၄) မိန်းမအမျိုး မိခင်ရှိသော်လည်း ဖခင်မရှိဘဲလူဖြစ်လာသူလည်းရှိသည်။ ထိုသူမှာ သခင်ယေရှုဖြစ်သည်။ သခင်ယေရှု ၌ မိခင်မာရိရှိသော်လည်း လူဖခင်မရှိပေ။ လူများအထင်အမှတ်အားဖြင့် ယောသပိသည် သူ၏ဖခင်ဖြစ်သည် (လု၊ ၃ း ၂၃)။ သို့သော် သခင်ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မာရိဝမ်း၌ ပဋိသနေ္ဓယူခြင်း သာဖြစ်သည်။ (မ၊ ၁ း ၁၀-၂၀)။ ထို့ကြောင့် မိန်းမအမျိုးသည် သခင်ယေရှုပင်ဖြစ်သည်။

ေြွမမျိုး
    သခင်ယေရှုသည် မိန်းမအမျိုးဖြစ်ပါက ေြွမမျိုးသည် မည်သူနည်းနှင့် သမ္မာကျမ်းစာ၌ ေြွမမျိုးများကို အောက်ပါကဲ့သို့ဖော်ပြသည်။ 

(၁)ဗတ္တိဇံဆရာယောဟန်ကဗတ္တိဇံရန်လာကြသောလူအစုအဝေးအား အချင်းေြွမဆိုးအမျိုးတို့၊ရောက်လုသော၊ ဘေးဒဏ်မှပြေးသွား စိမ့်သောငှာ အဘယ်သူသည် သင်တို့ကိုသတိပေးအပ်သနည်း (မ၊ ၃ း ၇၊ လု၊ ၃ း ၇) ဟုဆိုထားသည်။ ယောဟန်သည် ပရိသတ်များအား ေြွမဆိုးအမျိုးဟု အချည်းအနှီးပြောသည်မဟုတ်။ သူသည် ဘုရားသ သခင်စေလွှတ်ထားသော သူဖြစ်သည်။ လူ့မျက်နှာကို မထောက်ဘဲအမှန် အတိုင်းပြောသည်။ လူသည် ဘုရား အမြင်၌ေြွမဆိုးဖြစ်သည့်အတိုင်း ပြောသည်။                                             

(၂)သခင်ယေရှုကလည်း၊ အချင်းေြွမဆိုးအမျိုးတို့၊သင်တို့သည်အဆိုးဖြစ်လျက်ကောင်းသောစကားကိုအဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်ြွမက်တတ်၏ဟုဆိုသည်။ (မ၊ ၁၂ း ၃၄)။ သခင်ယေရှုက ဣသရေလလူမျိုးများအား ေြွမဆိုးအမျိုးဟု ဆို သည်။ ထို့ကြောင့် ကောင်းသောစကား မပြောနိုင်ဟုဆိုသည်။ ဣသရေလလူမျိုးများပင်လျှင် ေြွမဆိုးအမျိုးဖြစ်လျှင် တပါးအမျိုးသားဖြစ်သော ကျွနု်ပ်တို့ လည်း ေြွမဆိုးအမျိုးဖြစ်ရပေမည်။

ေြွမဆိုးမျိုးဖြစ်ရခြင်း အာဒံနှင့်ဧဝသည် အပြစ်မကျူးလွန်ခင်၌ ဘုရားသားများဖြစ်ကြသည်။ သို့သော် ဘုရားစကားကိုပယ်၍ ေြွမစကားကို ထောက်ခံသောကြောင့် ေြွမသားသမီးများဖြစ်သွားကြသည်။ အာဒံနှင့်ဧဝမှ မွေးဖွားလာသူတိုင်း လည်း ေြွမမျိုးဖြစ်ကြသည်။
ေြွမမျိုး၏လက္ခဏာများ လူသည် ေြွမမျိုးဖြစ်သောကြောင့် အောက်ပါေြွမ၏ လက္ခဏာများ တွေ့ရှိရသည်။
 
(၁) အဆိပ်အတောက်ရှိခြင်း
    ေြွမသည် နှုတ်ခမ်းအထဲ၌ အဆိပ်အတောက်ရှိသည်။ ထိုနည်းတူလူ၏ နှုတ်ခမ်းထဲ၌လည်း အဆိပ် အတောက်ရှိသည်။ ကျမ်းစာက၊ သူတို့၏ နှုတ်ခမ်းအထဲမှာ ေြွမဆိုးအဆိပ်အတောက်ရှိ၏ ဟုဆိုသည် (ရော၊ ၃း၁၃)ယာကုပ်ကလည်း လျှာကိုကား အဘယ်လူမျှမအောင်နိုင်။ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်စုံ ၏ဟုဆိုသည် (ယာ၊ ၃ း ၈)။
    ေြွမ၏အဆိပ်သည် အစွယ်၌ ရှိသည်။ လူ၏အဆိပ်သည် လျှာ၌ရှိသည်။ လူသည်နှုတ်မှပြောသော စကားအားဖြင့် အခြားသူများကို စိတ်နာစေနိုင်သည်။ အန္တရာယ်ပြုနိုင်သည်။ ရန်ဖြစ်စေနိုင်သည်။ ထို့ကြောင့် လူသည်ေြွမဆိုးမျိုးဖြစ်ကြောင်း ထင်ရှားသည်။
 
(၂) လျှာနှစ်ခွရှိခြင်း
    ေြွမသည် လျှာနှစ်ခွရှိသကဲ့သို့လူလည်း လျှာနှစ်ခွရှိသည်။ ရှင်ယာကုပ်က၊ ငါတို့သည်လျှာဖြင့် ခမည်းတော် ဘုရားသခင်ကို ကောင်း ကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္႑ာန်တော်နှင့်အညီ ဖန်ဆင်းသော လူကိုလျှာဖြင့် ကျိန်ဆဲတတ်ကြ၏။ နှုတ်တပါးတည်း ကထောမ နာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ် ပါသည်တကားဟုဆိုသည် (ယာ၊ ၃ း ၉၊ ၁၀)
    လူသည် စကားနှစ်မျိုးပြောတတ်သောကြောင့် ေြွမကဲ့သို့လျှာနှစ်ခွရှိသည်။ ဘုရားသခင်ကို ချီးမွမ်း သော်လည်းလူကိုအပြစ်တင် ကျိန်ဆဲတတ်သည်။ ရှေ့မှာ တမျိုးနောက်ကွယ်မှာ တမျိုးပြောတတ်သည်။ ထို့ကြောင့် ေြွမကဲ့သို့လျှာနှစ်ခွရှိကြောင်း ထင်ရှားသည်။
    ယောဟန်အခန်းအကြီး (၉)ထဲ၌ ယေရှုက မျက်ကန်းတယောက်ကို မျက်စိပြန်မြင်စေသည်။ ထိုအခါ ဖာရိရှဲတို့က မျက်စိကန်းဘူး သောသူကို ကြောင်းကို ငါတို့သိ၏ ဟုဆိုကြသည်။ (ယော၊ ၉ း ၂၄)။ ဖာရိရှဲ တို့ ချီးမွမ်းခိုင်းသော ဘုရားသည် သူတို့ကိုယ်တိုင် လူဆိုး ဟုပြော သော သခင်ယေရှုပင်ဖြစ်သည်။ သူတို့ချီး မွမ်းသော ဘုရားကို သူတို့ကိုယ်တိုင် ပြန်ရှုတတ်သည်။ သူတို့သည် လျှာနှစ်ခွဖြင့် ပြောနေမှန်းမ သိ ကြ။ ထို နည်းတူကျွန်တော်တို့လည်း နေ့စဉ်လျှာနှစ်ခွဖြင့် ပြောနေမှန်းကိုယ့်ကိုယ်ကို မသိကြ။
ေြွမဆိုးသွားမည့်နေရာ သခင်ယေရှုက၊ ေြွမဆိုးအမျိုးတို့သင်တို့သည် အပြစ်ငရဲမှ ဘယ်သို့လွတ်ကြမည်နည်း ဟု ဆိုထားရာ (မ၊ ၂၃ း ၃၃)။ ေြွမဆိုးမျိုးသွား မည့်နေရာသည် ငရဲပင်ဖြစ်သည်။ ထို့ကြောင့် ေြွမဆိုးမျိုးဖြစ်သော လူသား တရပ်လုံးသည် ငရဲမီးထဲသို့ သွားရကြမည်သာ ဖြစ်သည်။
 
သင်ခန်းစာ(၆)မှမေးခွန်းများ
၁။ ဘုရားသခင်သည် မည်သူတို့ကို ရန်ငြိုးဖွဲ့သနည်း။----------------------------------
၂။ ပဋ္ဌမလူဖြစ်နည်းသည် ဘယ်အရာအားဖြင့်ဖြစ်သနည်း။-------------------------------
၃။ မိန်းမအမျိုးသည် မည်သူနည်း။--------------------------------------------------------------
၄။ ဗတိ္တဇံယောဟန်က ပရိသတ်များကို မည်သည့်အမျိုးဟုဆိုသနည်း။------------------------
၅။ လူများကို ေြွမဆိုးမျိုးဟု မည်သူက ဆိုသေးသနည်း။-----------------------------
၆။ ေြွမမျိုး၏ လက္ခဏာနှစ်ခု ဖော်ပြပါ။--------------------------------------------------------------
၇။ လူ၏အဆိပ်အတောက် မည်သည့်နေရာ၌ရှိသနည်း။--------------------
၈။ လူသည် လျှာဘယ်နှစ်ခွရှိသနည်း။--------------------------------------------------------------
၉။ လျှာနှစ်ခွရှိခြင်းဆိုသည်မှာ အဘယ်အရာနည်း။-------------------------------
၁၀။ ေြွမဆိုးမျိုးသည် မည်သည့်နေရာသို့ သွားမည်နည်း။----------------------------------------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....