Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၅)

သင်ခန်းစာ(၄)၌မွေးရာပါ အပြစ် အကြောင်း သိခဲ့ရပြီ။ ယခုမွေးရာပါ အပြစ်၏ အသီး အပွင့်ဖြစ် သောဒ ုစရိုက ်အပြစ် အကြောင်းကို လေ့ လာကြရမှာဖြစ်သည်။ အသီးအပွင့် သခင်ယေရှုက အသီး အားဖြင့်အပင်၏ သဘောကို ထင်ရှားသည်ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့။
 အသီးမ ကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့ ဟုဆိုထားသည် (မ၊ ၁၂ း ၃၃)။
    သခင်ယေရှုပြော သကဲ့သို့ပင် သစ်သီးကောင်း မကောင်းသည် အပင်နှင့်ဆိုင်သည်။ အပင်ကောင်းလျှင် အသီးကောင်း၍ အပင်မ ကောင်းလျှင် အသီးမကောင်းချေ။ အပင်မကောင်းခြင်း သည်လည်း အမျိုးမကောင်းခြင်း ကြောင့်ဖြစ်သည်။ မျိုးကောင်းလျှင်အပင်ကောင်းသည်။
 အပင်ကောင်းလျှင် အသီးကောင်းသည်။ ထို့ကြောင့် အသီးသည်အဓိက
မဟုတ်။ မျိုး (သို့) အပင်သည် အဓိက ဖြစ်သည်။
    အပြစ်သဘော၌လည်း၊ မွေးရာပါအပြစ်သည်မျိုးနှင့်တူည်။ မွေးရာပါအပြစ်ရှိသော အပြစ်သားသည် အပင်နှင့်တူသည်။ အပြစ်သား 
ကျူးလွန်သော ဒုစရိုက်အပြစ်သည် အသီးနှင့်တူသည်။ ဒုစရိုက်အပြစ်ကို လူတိုင်း နားလည်ကြသည်။ လူ့အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ် ပွားခြင်း၊
 မတရားသော မေထုန်မှီဝဲခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်တို၊ စိတ် ကောက်ခြင်း၊ 
သူတစ်ပါးကို အမြင်ကပ်ခြင်း၊ မတရားစီးပွားတပ်မက်ခြင်း၊ မမှန်သောသက်သေခံခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ မုန်း တီးခြင်း၊ 
အတင်းပြောခြင်း စသဖြင့် အပြစ်သားမှထွက်လာသောမကောင်းမှုမှန်သမျှသည် ဒုစရိုက်အပြစ်ဖြစ်သည်။ ထိုအပြစ်များသည် လူလူ ချင်းအပေါ်
 ပြစ်မှားခြင်းဖြစ်သောကြောင့် လူ့အမြင်၌ အလွန် အပြစ်ကြီးသည်။

အသီးကြောင့်မဟုတ်မျိုးကြောင့်
    သရက်ပင်သည် သရက်သီးသောကြောင့် သရက်ပင်ဖြစ်သည်မဟုတ်။ သရက်မျိုးဖြစ်သော သရက်ပင် ဖြစ်သည်။ သရက်သီးသီး သည်ဖြစ်စေ၊ 
မသီးသည်ဖြစ်စေ သရက်မျိုးမှ ပေါက်ဖွားသောကြောင့် သရက်ပင် ဖြစ်သည်။ ထိုနည်းတူ လူသည်အပြစ်ဒုစရိုက်ပြုလုပ် သော ကြောင့် အပြစ်သားဖြစ်သည်မဟုတ်။ 
အပြစ်မျိုးမှ ပေါက် ပွားလာသော အပြစ်သားဖြစ်သောကြောင့် အပြစ်ကျူးလွန်သည်။ လူတိုင်းထင်မှတ် တတ်သည်မှာ ကျူးလွန်သော ဒုစရိုက်အပြစ်ကြောင့် 
အပြစ်သားဖြစ်ရသည်ဟု ဖြစ်သည်။ ထို့ကြောင့်အပြစ်ကျူးလွန်သည်။ လူတိုင်းထင်မှတ် တတ်သည်မှာ၊ ကျူးလွန်သော ဒုစရိုက်အပြစ်ကြောင့် အပြစ်သားဖြစ်
ရသည်ဟု ဖြစ်သည်။ ထို့ကြောင့်အပြစ်သားမဖြစ်ဖို့ရန် ဒုစရိုက်ကျူးလွန် ခြင်းကိုချုပ်တီးကြသည်။ထိုသို့ချုပ်တီးရန်တိုက်တွန်းဟောပြောသွန်သင်ကြသည်။
မဖြစ်နိုင်။
    ဒုစရိုက်အပြစ်ချုပ်တီးခြင်းသည် ကောင်းပါသည်။ သို့သော်အပြစ်သားသည် ဒုစရိုက်အပြစ်ကို ချုပ်တီး နိုင်သည်မဟုတ်။ လူရှေ့၌ ချုပ် တီးနိုင်သော်လည်း
 ဘုရားသခင်ရှေ့၌ အပြစ်ကျူးလွန်လျက်ပင် ရှိသည်။ ကျမ်းစာက အဲသယောပိလူသည် မိမိအရေ၏ အဆင်းကိုလည်း ကောင်း၊ ကျားသစ်သည် မိမိအကွက်
အကြားတို့ကို လည်းကောင်း၊ ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ပြုလေ့ရှိသော သူတို့ သည် သုစရိုက်ကိုပြုခြင်း ငှာတတ်နိုင်ကြလိမ့်မည်။ 
ဟုဆိုထားသည် (ယေရ၊ ၁၃ း ၂၃)။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် သုစရိုက် ကောင်းမှုပြု နိုင်ဖို့ရန်မှာ အဲသယောပိတည်းဟူသော အသားမဲလူမျိုးသည် 
အရေအဆင်းပြောင်းရမည်။ ကျားသစ် လည်း၊ မိမိအကွက်အကြားပြောင်းမှသာ ဖြစ်နိုင်ပေမည်။ အဲသယောပိလူသည် မိမိအရေအဆင်းကို မပြောင်း နိုင်ချေ။ 
ကျားသစ်လည်း မိမိအကွက်အကြားကို မပြောင်းနိုင်။ ထို့ကြောင့် မိတ်ဆွေလည်း ကောင်းမှုကို မပြုနိုင်ချေ။

ညစ်သောအဝတ်
    လူ့အမြင်၌ အကောင်းဟုထင်ရသော်လည်း ဘုရားအမြင်၌ မကောင်းသောအရာများစွာရှိသည်။ မိတ်ဆွေအနေဖြင့် မိမိအကျင့်ကို နှစ် သက်ပေမဲ့ 
ဘုရားသခင်အနေဖြင့် အလွန်ရွံရှာသည်။ ကျမ်းစာက၊ အကျွနု်ပ် တို့ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဘူးသမျှသော ကုသိုလ် ကောင်းမှုတို့သည် ညစ်သော
အဝတ်နှင့် တူကြပါ၏ ဟုဆိုထားသည် ဘုရားသခင်ရှေ့၌ မျက်နှာရနိုင်သည်မဟုတ်။
အပြစ်မရှိဟုထင်တတ် လူသည် အမှောင်သားဖြစ်၍ အမှောင်ထဲ၌ နေသောကြောင့် မိမိအပြစ်ကို မမြင်တတ်ချေ။ တခါတုန်းက၊ သခင်ယေရှုထံ၊ ကျမ်းပြု ဆရာနှင့် 
ဖာရှိရှဲတို့က မှားယွင်းခြင်းအမှုကိုပြုသော မိန်းမတယောက်ကို ခေါ်ခဲ့ကြ သည်။ ထိုသို့သော အပြစ်ကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေပညတ်ထားသည်။ 
ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟုမေးကြသည်။ ထိုအခါ ကိုယ်တော်က၊ သင်တို့တွင် အပြစ် ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင်
့ပစ်စေဟု မိန့်တော်မူ၏။ ထိုသူတို့သည် ကြားလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြ သဖြင့် အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူ
တိုင်အောင် တယောက်နောက်တယောက်ထွက်သွားကြ၏ (ယော၊ ၈ း ၃-၉)။
    ကျမ်းပြုဆရာနှင့်ဖာရိရှဲများသည် အဝ၌မိမိတို့အပြစ်ကိုမမြင်၊ အမျိုးသမီး၏အပြစ်ကိုသာ မြင်ကြသည်။ ထို့ကြောင့် သခင်ယေရှုထံ အမျိုးသမီးကို 
တရားစွဲဆိုကြသည်။ သူတပါး အပြစ်ကိုမြင်နေချိန်တွင် ကိုယ့်အပြစ်ကို မမြင်နိုင်ချေ။ ထိုနည်းတူ မိတ်ဆွေသည် ကိုယ့်အပြစ် မမြင်ဘဲ ရှိနေပါသလား။ 
သို့သော် သခင်ယေရှု၏ စကားကြောင့် မိမိတို့အပြစ်ကိုမြင်၍ ထိုမိန်းမကို အပြစ်မရှိဟု ထင်မှတ်ကြသော်လည်း၊ သခင် ယေရှုထံမှ အပြန်တွင် မိမိ
အပြစ်များကို သိမြင်လျက်ပြန်သွားကြသည်။ မိတ်ဆွေလည်း သခင်ယေရှုနှင့်တွေ့ပါက မိမိအပြစ် ကို မြင် မှာဖြစ်သည်။

ကောင်းသောအကျင့်ကျင့်သူမရှိ
    လူထင်မှတ်တတ်သည်မှာ လောကလူတို့အထဲ၌ ကောင်းသာအကျင့် ကျင့်သူသူတော်ကောင်း ရှိမည်ဟူ၍ ဖြစ်သည်။ သို့သော်ကျမ်း စာက၊
 အတိအလင်းဖော်ပြသည်မှာ ကောင်းသောအမှုကို ပြုသောသူ တယောက်မျှမရှိ။ နားလည်သောသူ၊ ဘုရားသခင်ကို ရှာသောသူတ စုံတယောက်ရှိသည်က
ို သိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီ တညွတ်တည်း 
ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ ဟုဆို သည်(ဆာ၊ ၁၄ း ၂-၃)။
    လူ့အမြင်၌ ကောင်းသောသူ၊ အကျင့်ကောင်းသူရှိနိုင်သော်လည်း ထာဝရဘုရားအမြင်၌ ကောင်းသော အကျင့်ကိုကျင့်သောသူမရှိ ဟု ဆိုထားသည်။ တယောက်မျှမရှိဟု အတိအကျဖော်ပြထားသည်။ အဘယ် ကြောင့်နည်း။ လောက၌ ကောင်းသောသူအပြစ်ကင်းသောသူ မရှိသောကြောင့် 
ဖြစ်သည်။ မွေးစကပင်အပြစ်ပါ လျက်၊ မကောင်းသောအကျင့်ကျင့်ဖို့ရန် မွေးဖွားသောကြောင့်ဖြစ်သည်။

မကောင်းသောအကျင့်ကျင့်ဖို့မွေး
    လူတိုင်းထင်မှတ်သည်မှာ လူသည်အကောင်းနှင့်မွေးသော်လည်း ကြီးလာမှ ပတ်ဝန်းကျင်ကြောင့် အကြောင်းအမျိုးမျိုးကြောင့်၊ အ ကျင့်ဆိုးပြန်
ကျင့်ကြသည်ဟူ၍ဖြစ်သည်။ သို့သော် မည်သည့်အရာမဆို အမျိုး လိုက်ကြောင်းတွေ့ရသည်။ ဥပမာ၊ ခွေးသည်ဟောင် ဖို့မွေး သည်။ ထို့ကြောင့်ခွေးဟောင်လျှင
် အံ့ဩစရာမရှိချေ။ ဘဲသည် ရေကူးဖို့မွေးသည်။ ထို့ကြောင့် ဘဲရေကူခြင်းသည် အံ့ဩစရာမဟုတ်။ ကြက် ဖသည် တွန်ဖို့မွေးသည်။ ထို့ကြောင့် ကြက်ဖသည်
 ကြီးလာသောအခါ တွန်သည်။ ထို့နည်းတူ လူလည်း အပြစ်လုပ်ဖို့ မွေးသည်။ ထို့ကြောင့် ကြီးလာသောအခါ သင်ပေးစရာမလိုဘဲ အပြစ်မျိုးစုံကို လုပ်တတ်သည်။ 
အပြစ်လုပ်နည်းသင်တန်း မတတ်ဘဲ အပြစ်လုပ်တတ်ကြသည်။ ခိုးနည်း၊ သတ်နည်း၊ မုသားပြောနည်းသင်တန်း မရှိပါ။ လူတိုင်းလုပ်တတ် သည်။ ထိုသို့အပြစ်လုပ် တတ်ဖို့ရန် မွေးဖွားသည်။
    ဒါဝိဒ်မင်းကြီး၊ အကျွနု်ပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိပနေ္ဓယူစဉ် ပင် အပြစ်စွဲပါ၏ ဟုဆိုထားသည် (ဆာ၊ ၅၁ း ၅) မွေးစ၌ 
ထိုအပြစ်သဘောသည် မထင်ရှား၊ ကြီးလာသောအခါမှ ထင်ရှားလာသည်။ သစ်ပင်များလည်း ပေါက်ခါစ၌ မသီးတတ်။ သို့သော် ကြီးရင့်လာသောအခါမှသာ သီးတတ်သည်။ 
မသိသူအတွက် အသီးသီးမှသာ အပင်သဘောကို နားလည်ရသည်။ အမျိုးနာလည် သူအတွက် ပေါက်စကပင် မည်သည့်အသီးသီးမည်ကိုနားလည်နိုင်သည်။ ထို့ကြောင့် 
လူသည် မကောင်းသောမျိုးစေ့မှ မွေးသောကြောင့် မကောင်းသောအရာကို သီးပွင့်ကြကြောင်း ထင်ရှားသည်။

သင်ခန်းစာ(၅)မှမေးခွန်းများ
၁။ အပင်၏သဘောကို မည်သည့်အရာအားဖြင့် သိရသနည်း။------------------------------
၂။ အပင်ကောင်းလျှင် မည်သည့်အရာကောင်းသနည်း။-------------------------------------
၃။ မွေးရာပါ အပြစ်သည်မျိုးနှင့်တူလျှင် ဒုစရိုက်အပြစ်သည် မည်သည့်အရာနှင့်တူသနည်း။-----
၄။ လူသည် ဒုစရိုက်အပြစ်ကျူးလွန်သောကြောင့် အပြစ်သားဖြစ်သလော။ အပြစ်သားဖြစ်သောကြောင့် အပြစ်ကျူးလွန်သလော။ -----------------------
၅။ လူသည်အပြစ်မကျူးလွန်ရန် ကျားသစ်သည် မိမိအကွက်အကြားကို မည်သို့လုပ်ရမည်နည်း။------------
၆။ လူ၏ကုသိုလ်ကောင်းမှုသည် ဘုရားအမြင်၌ မည်ကဲ့သို့ရှိသနည်း။ ----------------------------------
၇။ ဖာရ်ရှဲနှင့် ကျမ်းပြုဆရာများသည် အဘယ်ကြောင့်မှားယွင်းသော မိန်းမအပြစ်ကိုသာမြင်သနည်း။---------------
၈။ ဘုရားအမြင်၌ ကောင်းသောအကျင့်ကို ကျင့်သောသူရှိပါသလား။----------------------------------
၉။ လူသည် ကောင်းသောအကျင့်ကျင့်ဖို့ မွေးသလော။ မကောင်းသော အကျင့်ကျင့်ဖို့မွေးသလော။------------
၁၀။ လူသည် မည်သည့်အရွယ်မှစ၍ အပြစ်သားဖြစ်သနည်း။---------------------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....