Thursday, 17 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၂)

တရားသူကြီး
             သင်ခန်းစာတစ်၌ ဘုရားသခင်ကို ယုံကြည်နိုင်ရန် ဘုရားသခင်၏ အမြင်အတိုင်း မြင်ဘို့လိုသည်ဟု သင်ခဲ့ကြပြီ။ ဘုရားသခင်၏ အမြင်သာလျှင်မှန်၍ လူ၏အမြင်သည် မှားသည်ဟု သင်ခဲ့ရပြီ။ အဘယ်ကြောင့် လူ့အမြင်သည်မှား၍ ဘုရားသခင်၏အမြင်မှန် သည်ဟု ဆိုနိုင်သနည်း။
            အပြစ်သားများကို တရားစီရင်သူ၊ ပြစ်ဒဏ်ပေးသူသည် တရားသူကြီး ဖြစ်သည်။ ထို့ကြောင့် တရားသူကြီး၏ အမြင်သာလျှင် အ ရေးကြီးသည်။ အပြစ်သားသည် ကိုယ့်ကိုယ်ကို မည်မျှပင်အပြစ်ကင်း၍ ဩတ္တပ စိတ်ကြည်လင်စေကာမူ တရားသူကြီးက
အပြစ်ရှိသည်ဟု မြင် လျှင် ပြစ်ဒဏ်ခံရမည်သာ ဖြစ်သည်။
            ထို့နည်းတူ တလောကလုံးရှိလူသားများကို တရားစီရင်မည့်သူသည် ထာဝရဘုရားဖြစ်သည်။ ကျမ်းစာ၌ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီးဖြစ်တော်မူ၏ ဟုဆိုထားသည်။ (ဟေရှာ ၃၃ း ၂၂) ထို့ကြောင့် ထာဝရဘုရား၏ အမြင့်ဆုံးအဖြတ်သာလျှင် အတည်ဖြစ်၍ အရေး ကြီးသည်။ မိတ်ဆွေ၏အမြင်သည် အရေးမကြီး ချေ။

ဖန်ဆင်းသောကြောင့်
            တရားသူကြီးသည် အာဏာရအစိုးရက ခန့်အပ်ထားသည်ဖြစ်လျှင် အဘယ်သူသည် ဆန့်ကျင်၍ ရသနည်း။ ထာဝရဘုရားကို တရား သူ ကြီး၌ ခန့်အပ်သောသူသည် သူကိုယ်တိုင်ပင်ဖြစ်သည်။ အကြောင်းမှာ ထာဝရဘုရားထက်ကြီးမြတ်သောသူမရှိ။ မိဘသည် သားသမီးများ အပေါ်၌ ဆုံးမသွန်သင်နိုင်သကဲ့သို့ ထာဝရ ဘုရားလည်း သူဖန်ဆင်းထားသော လူသားများ အပေါ်၌ တရားစီရင်နိုင်သော အခွင့်ရှိသည်။

မသိသော်လည်း
            မိတ်ဆွေသည် တရားသူကြီးအဖွဲ့ကို မသိသော်လည်း အပြစ်ကျူးလွန်မိပါက သူတို့နှင့်ရင်ဆိုင်ရမှာ သေချာနေပါသည်။ သူတို့၏ တရားစီရင်ခြင်းကို ခံရမည်သာဖြစ်သည်။ ထိုနည်းတူ မိတ်ဆွေအနေဖြင့် တရားသူကြီးဖြစ်သော ထာဝရဘုရားကို မသိသော်လည်း ဂရုမစိုက် သော်လည်း တနေ့ကျလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းကိုခံရမည်သာ ဖြစ်သည်။ ကျမ်းစာက၊
            တဖန်တုံပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်မှ ပြေးလွင့်၍သူတို့နေစရာ အရပ်မရှိ။ သေလွန်သော သူအကြီး အငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကိုငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာ စောင်တည်းဟူသော အခြားတပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့အကျင့် အတိုင်း စာစောင်၌ ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ (ဗျာ၊ ၂၀ း ၁၁၊ ၁၂)
            အထက်ပါ တရားစီရင်ခြင်းသည် နောက်ဆုံးသောအချိန်၌ဖြစ်သည်။ ကမ်ဘာလည်းကုန်၍ လူများအား လုံးလည်းသေပြီးမှဖြစ်သည်။ တရားစီရင်ခြင်းခံမည့်သူများသည် သေလွန်သောသူများဖြစ်သည်။ လူထင်မှတ်တတ် သည်မှာ လူသည် သေလျှင်ပြဿနာကင်း၍ အေးချမ်း မည်ဟု ထင်တတ်သည်။ သို့သော် အထက်ပါကျမ်းစာ ကသေပြီးလျှင် အသက်ဝိညာဉ်အတွက် မပြီးသေးပါ။
            လူသည် တခါတည်းသေ၍ ထိုနောက်မှတရားစီရင်ခြင်းကို ခံရသကဲ့သို့ ... ဟုဆိုထားသည်။ (ဟေ၊ ၉ း ၂၇) ထို့ကြောင့် လူသည် သေလွန်သွားသော်လည်း တရားစီရင်ခြင်းခံရဦးမည်သာဖြစ်သည်။ ထို့ကြောင့် သေခြင်းဖြင့် ပြဿနာမအေးသေးချေ။ တရားစီရင်ခြင်း ခံရဦး မည်ဖြစ်သောကြောင့် ကြိုတင်သိရှိ ပြင်ဆင်ဘို့လိုသည်။

မယုံသော်လည်း
            မိတ်ဆွေအနေဖြင့် ထာဝရဘုရားကို မိတ်ဆွေ၏ အပြစ်စီရင်မည့် တရားသူကြီးအနေဖြင့် မယုံကြည်ဘဲ ဖြစ်ကောင်းဖြစ်မည်။ သို့သော် မိတ်ဆွေ၏ မယုံကြည်ခြင်းဖြင့် ထာဝရဘုရားသည် တရားသူကြီးအဖြစ်မှ လျှောကျသွားမည်မဟုတ်။ နောဧလက်ထက်၌လည်း ထာဝရဘုရားသည် မြေကြီးကို ရေအားဖြင့် လွှမ်းမိုးခြင်းအားဖြင့် တရားစီ ရင်မည့်အရာကို နောဧအားဖြင့် သတိပေးသော်လည်း ထိုခေတ်ကလူများသည် မယုံကြည်ကြ။ သို့သော် သူတို့မယုံကြည်ခြင်းဖြင့် တရားစီရင်ခြင်းကို မတားဆီးနိုင်ကြ။ ထိုမ ယုံကြည်သူများသည် ရေလွှမ်းမိုးခြင်းအားဖြင့် သေကြေပျက်စီးရကြသည်။ (၁ပေ၊ ၃ း ၁၉၊ ၂၀)
            ဗာဗုလုန်နိုင်ငံကို အုပ်စိုးခဲ့သော နေဗုခဒ်နေဇာမင်းကြီးလည်း သူ့ကိုသူ ချီးမြောက်၍ ဝါြွကားသောအခါ ဘုရားသခင်၏ တရားစီရင် ခြင်းကို ခံခဲ့ရသည်။ လူစင်စစ်မှ တိရစၦာန်စိတ်ဝင်ကာ လူစုထဲက နှင်ထုတ်ခြင်း ခံရသည်။ ကောင်းကင်မှ အသံက အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မိကာ လခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်စားရမည် ဟုဆို၏။ (ဒံ၊ ၄ း ၃၂)
            နေဗုခဒ်နေဇာမင်းကြီးသည် ဘုရားသခင်စီရင်ခြင်းကို ဝန်ခံပြီး အသက်ရှင်သော ဘုရားကိုကောင်းကြီး ပေး၍၊ ထာဝရအသက်ရှင် တော်မူသော ဘုရားကို ချီးမွမ်းထောမနာပြု၏။ အာဏာတော်သည် ထာဝရအာဏာ ဖြစ်၏။ နိုင်ငံတော်သည် ကမ်ဘာအဆက်ဆက်တည်၏။ မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌ လည်းကောင်း၊ အလိုတော် ရှိသည့်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ် တော်ကို ဆိုနိုင်သောသူမရှိ။ ဟု ဘုရားသခင်၏ တန်ခိုးနှင့်အာဏာတော်ကို ဝန်ခံသွားခဲ့ပါသည်။ (ဒံ၊ ၄ း ၃၄ - ၃၅)နေဗုခဒ်နေဇာသည် ထာဝ ရဘုရားသခင်ကို ယုံကြည်သူမဟုတ်။ သို့သော်လည်း ဘုရားသခင်၏ တရား စီရင်ခြင်းသည် သူကဲ့သို့သော ရှင်ဘုရင်အပေါ်၌လည်း သက် ရောက်၍ မငြင်းဆိုနိုင်ခဲ့ချေ။ သို့ဖြစ်လျှင် မိတ်ေ ဆွေနှင့်ကျွနု်ပ်သည် အဘယ်ကြောင့် ဘုရားသခင်၏ တန်ခိုးနှင့်အာဏာတော်ကို ငြင်းဆို တော် လှန်နိုင်မည်နည်း။

 ဘုရားသခင်အပြစ်မတင်မှသာ
            ထာဝရဘုရားသည် တလောကလုံး၏ တရားသူကြီးဖြစ်ကြောင်း သိရှိရပြီ။ ထို့ကြောင့် ထာဝရဘုရား သခင်၏ အပြစ်တင်ခြင်းမခံမှ သာလျှင် သက်သာရာရကြမှာ ဖြစ်သည်။ ကျမ်းစာက၊ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏ ဟုဆိုထားသည်။ (ဆာ၊ ၃၂ း ၂)
            ထို့ကြောင့် မိတ်ဆွေအပါအဝင်လူသားအားလုံးသည် မိမိအမြင်၊ အကြံအားလုံးကို စွန့်လွှတ်၍ ထာဝရ ဘုရားသခင်၏အမြင်အတိုင်း မြင်ဘို့၊ စီရင်တော်မူချက်များကို သိရှိလက်ခံဘို့လိုသည်။

                        သင်ခန်းစာ (၁) မေးခွန်းမျာ:
၁။ အပြစ်သားများကို တရားစီရင်သူသည် အဘယ်သူနည်း။ -----------------------------------------------------------------------------
၂။ တလောကလုံးရှိ လူသားများကို တရားစီရင်မည့်သူသည် အဘယ်သူနည်း။ ----------------------------------------------------------
၃။ ထာဝရဘုရားသည် အဘယ်ကြောင့် လူများအပေါ် တရားသူကြီး ဖြစ်သနည်း။ --------------------------------------------------------
၄။ မိတ်ဆွေသည် တရားသူကြီးကို မသိသော်လည်း တရားစီရင်ခြင်းခံရပါမည်လော။ ---------------------------------------------------
၅။ (ဗျာ၊ ၂၀ း ၁၁ - ၁၂)ထဲ၌ မည်သူတို့ တရားစီရင်ခြင်းခံရကြသနည်း။ -----------------------------------------------------------------
၆။ လူသည် သေပြီးနောက် မည်သည့်အရာခံရဦးမည်နည်း။ -----------------------------------------------------------------------------
၇။ နောဧခေတ်လူများသည် ထာဝရဘုရားကို မယုံသော်လည်း ရေလွှမ်းမိုးခံရပါသလော။ ------------------------------------------------
၈။ နေဗုခဒ်နေဇာမင်းကြီးကို မည်သူက တိရစၦာန်ကဲ့သို့ဖြစ်အောင် တရားစီရင်သနည်း။ ---------------------------------------------------
၉။ နေဗုခဒ်နေဇာမင်းကြီးသည် မည်သူ၏ အုပ်စိုးခြင်းတန်ခိုးအာဏာကို ဝန်ခံလာသနည်း။ -----------------------------------------------
၁၀။ မိတ်ဆွေ၊ ထာဝရဘုရား၏တန်ခိုးနှင့် အာဏာတရားစီရင်ခြင်းကို ဝန်ခံပါသလား။ ------------------------------------------------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....