Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၁၄)

 သင်ခန်းစာ(၁၃)၌ တဲတော် အကြောင်းသင်ခဲ့ရပြီ။ ထိုတဲတော်၌ အပြစ် များကို အသွေးအားဖြင့် မည်ကဲ့သို့ ဖြေလွှတ်ကြောင်း ကို ဆက်လေ့ လာကြပါစို့။ ထာဝရ ဘုရားက လူ၏အပြစ်ကို ဖြေသော အရာကား အသွေးဖြစ် မည်ဟု ဆိုသည်။ အသွေးအားဖြင့် အပြစ်ကို မည်ကဲ့သို့ ဖြေလွှတ် သနည်း။

အပြစ်တင်ပိုင်သောသူ
    လူကိုအပြစ်တင်ပိုင်သောသူ (သို့) အပြစ်ရှိသည်ဟုဆိုသော သူသည် ထာဝရဘုရားသခင်ဖြစ်သည်။ ကျမ်းစာ၌ ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်လွတ်၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်း စင်သော သူသည် မင်္ဂလာရှိ၏ ဟုဆိုထားသည် (ဆာ၊ ၃၂ း ၂)တို့ကြောင့် အပြစ်တင်ပိုင် လွှတ်ပိုင်သော သူသည် ထာဝရ ဘုရား
သခင်ဖြစ်သည်။

အသွေးအားဖြင့်
    အပြစ်တင်ပိုင်လွတ်ပိုင်သော ထာဝရဘုရားအလုပ်၏အပြစ်၊ ဖြေဖို့ရန်အသွေးကို တောင်းဆိုသည်။ ကျမ်းစာ၌၊ လူ၏အပြစ်ကိုဖြေသောအရာကားအသွေးဖြစ်သတည်း (ဝတ်၊ ၁၇ း ၁၁)ဟူ၍လည်းကောင်း၊ အသွေးမသွန်းလောင်းဘဲအပြစ်လွှတ်ခြင်းမရှိ ဟူ၍လည်းကောင်း၊ (ဟေ၊ ၉ း ၂၂)ဆိုထားသည်။ ထို့ကြောင့် အပြစ်လွှတ်ဖို့ရန် အသွေးအားဖြင့်သာရနိုင်သည်။

အရိပ်
    ထာဝရဘုရားသည် ဣသရေလလူမျိုးများ၏ အပြစ်ကို ဖြေလွှတ်ရာတွင် အသွေးကို တောင်းဆိုတတ် သည် (ဝတ်ပြုရာ၊ ၄ း ၁-၁၂)၌ ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် ထာဝရဘုရား၏ ပညတ်တော်ကို မသိဘဲ လွန်ကျူးပြစ်မှားမိလျှင်၊ နောင်တရရုံဖြင့် အပြစ်မလွှတ်ပါ။ ထိုအပြစ်အတွက် အသက်ပျိုသော နွားထီး တစ်ကောင်ကို ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးနား ထာဝရဘုရားရှေ့၌ ဆက်ရမည်။ နွားခေါင်းပေါ်တွင် မိမိလက်တင်ပြီးနောက် နွားကိုသတ်ရမည်။ နွားအသွေးကိုယူ၍ တဲတော်အထဲရှိ သန့်ရှင်းရာဌာနကာထားသော ကုလားကာရှေ့တွင် ခုနှစ်ကြိမ်ဖြန်းရမည်။ ထို့နောက် နံ့သာပေါင်းမွှေးမီးရှို့ရာ ပလ္လင်ဦးချို၌ နွားသွေးကိုထည့်၍ ကျန်သောအသွေးကို တဲတော်အပြင်ဘက်ရှိ ကြေးဝါယဇ်ပလ္လင် (သို့) မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနား သွန်ပစ်ရမည်။ နွားဆီဥနှင့် ကျောက်ကပ်ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေအသားရှိသမျှကို တပ်ပြင်ဘက်ပြာ သွန်ရာမှာ မီးရှို့ရမည်။
    ထိုသို့ ယဇ်ပူဇော်ပြီးမှသာ ထာဝရဘုရားက ဘိသိက်ခံသော ယဇ်ပုရောဟိတ်၏အပြစ်ကို ဖြေလွှတ်ပေး သည်။ ထာဝရဘုရားတောင်းဆိုသော အသွေးကိုမပေးဘဲ၊ အပြစ်အတွက် နောင်တရပါမည်။ နောက်နောင်တွင် ပညတ်တော်ကို မလွန်ကျူးဖို့ရန် ဂတိပြုပါသည်ဟုဆိုရုံဖြင့် အပြစ်လွှတ်ခြင်းမရနိုင်။ ထာဝရဘုရားသည် နွားအသွေးကို ကြည့်ခြင်းအားဖြင့် အပြစ်လွှတ်သည်။

အကောင်အထည်
    ဣသရေလလူများ၏ ယဇ်ပူဇော်ခြင်းသည် ခရစ်တော်အားဖြင့် ပူဇော်မည့်အရာကို အရိပ်အဖြစ် ဖော်ပြခြင်း ဖြစ်သည်။ နွားအသွေး၊ ဆိတ်အသွေးသည် အပြစ်ကို မပယ်နိုင်ဟုဆိုသည်။ (ဟေ၊ ၁၀ း ၄) ထို့ကြောင့် ငါတို့အတွက် ထာဝရဘုရားထံဆက်ကပ်ဖို့ရန် အသွေးလိုအပ်လာသည်။ တိရစၦာန်အသွေးကိုလည်း ဘုရားသခင်က လက်မခံနိုင်။ ကိုယ်အသွေးပေးပြန်လျှင်လည်း အပြစ်သား၏ အသွေးသည် မသန့်ရှင်း။ ထို့ကြောင့် ထာဝရဘုရား သခင်က အပြစ်အနာအဆာကင်းသော ခရစ်တော်၏ ကိုယ်ခန္ဓာနှင့်အသွေးကိုငါတို့အတွက် ပြင်ဆင်ထားသည် (ဟေ၊ ၁၀ း ၅) ဓမ္မဟောင်းကာလတလျှောက် ဣသရေလလူများ ပူဇော်သော တိရစၦာန်အားလုံးသည် အရိပ်ဖြစ်၍ အကောင်အထည်သည် ခရစ်တော်ပင်ဖြစ်သည် (ကော၊ ၂ း ၁၇)။

ခရစ်တော်၏အသွေးပူဇော်
    တလောကလုံးရှိလူသားများသည် ဘုရားသခင်ထံ ဆက်သရန် သန့်ရှင်းသောအသွေးမရှိကြ။ ထို့ကြောင့် ထာဝရဘုရားစီစဉ်ပေးသည့်အတိုင်း ခရစ်တော်သည် မိမိအသွေးကိုပူဇော်သည်။ ကျမ်းစာက၊ ]]ယခုမှာ လူ့လက်ဖြင့် မလုပ်၍ လောကဓာတ်နှင့် မစပ်ဆိုင်သာ၍ ကြီးမြတ်စုံလင်သောတဲတော်၌ နောက်မင်္ဂလာအကျိုး တို့၏ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် ငါတို့အဖို့ ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏ (ဟေ၊ ၉ း ၁၁၊ ၁၂) ဟုဆိုထားသည်။
    အထက်ပါကျမ်းပိုဒ်အရ၊ ငါတို့၏ ယဇ်ပုရောဟိတ်မင်းသည် ယေရှုခရစ်ဖြစ်သည်။ ယဇ်ကောင်လည်း ခရစ်တော်ပင်ဖြစ်သည်။ တဲတော်လည်း လောက၌ လူ့လက်ဖြင့် ဆောက်သောတဲတော်မဟုတ်ဘဲ ကောင်းကင်၌ တဲတော်အစစ်ဖြစ်သည်။ အပြစ်လွှတ်ခြင်း ကာလည်း ထာဝရကာလအတွက်ဖြစ်သည်။ ထို့ကြောင့် ယခင် ဣသရေလများ ပူဇော်ခြင်းထက် ယခု ခရစ်တော်ပူဇော်ပေးသောအရာသည်သာ၍ ကောင်းသည်။

နှိုင်းယှဉ်ချက်
    ယခင်အရိပ်ခေတ်ပူဇော်သောအရာနှင့် ယခုအကောင်အထည်ဖော်ပူဇော်သောအရာကို အောက်၌နှိုင်း ယှဉ်ထားပါသည်။
    

         
အကြောင်းအရာ ယခင် ယခု
      တဲတော် လူလက်ဖြင့်ဆောက်သော လူ့လက်ဖြင့်မဆောက်သော
                                    လောကရှိတဲတော် ကောင်းကင်ရှိတဲတော်
ယဇ်ပုရောဟိတ် အပြစ်ပြုတတ်သော အပြစ်မရှိသောခရစ်တော်
                                       ယဇ်ပုရောဟိတ် ယဇ်ပုရောဟိတ်
ယဇ်ကောင် လူ့ထက်နိမ့်သော လူ့ထက်မြင့်မြတ်သော
                                          တိရစၦာန် ယေရှုခရစ်
အပြစ်လွှတ်ကာလ တနှစ် ထာဝရ

ဘုရားသခင်ကျေနပ်
    လူသားများ၏ အပြစ်လွှတ်မည့်သူသည် ထာဝရဘုရားဖြစ်သည်။ သူတောင်းသောအရာသည် အပြစ် ကင်းသော အသွေးဖြစ်သည်။ လူသားများအနေဖြင့် အပြစ်ကင်းသော အသွေးပေးစရာမရှိသောအခါ ထာဝရ ဘုရားကိုယ်တိုင် သားတော်ယေရှုခရစ်ကို စေလွှတ်၍ အသွေးသွန်းခိုင်းသည်။ ခရစ်တော်သည် မိမိသွေးကို တလောကလုံးကိုယ်စား ခမည်းတော်ထံ တခါတည်းပူဇော်၍ ပြီးစီးခဲ့ပြီ (ဟေ၊ ၁၀ း ၁၂)ခရစ်တော်၏ ပူဇော်ခြင်းကို ဘုရားသခင်သည် လက်ခံကျေနပ်ခဲ့ပြီ။ ထို့ကြောင့် ဘုရားသခင်၏ တရားရုံးတော်မှ အပြစ်လွှတ်ခြင်း ကို ကျေညာခဲ့ပြီ။ ဘုရားသခင်က ထိုအပြစ်တို့ကိုလွယ်ပြီးလျှင် နောက်တဖန်အဖြစ် ဖြေသောပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ}}ဟုဆိုသည် (ဟေ၊ ၁၀ း ၁၈)။

သန့်ရှင်းပြီ
    လောကသားများအပြစ်ရှိသည်ဟု မြင်သောသူသည် ဘုရားသခင်ဖြစ်သည်။ သို့သော် သခင်ယေရှု၏ အသွေးတော်အားဖြင့် သန့်ရှင်းပြီဟုဆိုသည်။ ကျမ်းစာက၊ ]]ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူပြီ}} (၁ယော၊ ၁ း ၇) ဘုရားအမြင်၌ လောကသားများ သားအဖြစ်မရှိတော့ချေ။ အားလုံးခရစ်တော်၏ အသွေးအားဖြင့်သန့်ရှင်းပြီဖြစ်သည်။ အပြစ်မလုပ်သော ကြောင့် သန့်ရှင်းသည်မဟုတ်။ နောင်တရသောကြောင့်၊ သန့်ရှင်းသည်မဟုတ်။ အပြစ်မလုပ်တော့ရန် ဂတိသစ္စာ ပြုသောကြောင့် သန့်ရှင်းသည်မဟုတ် ယေရှုခရစ်၏ အသွေးကြောင့် သန့်ရှင်းသည်။
 
လက်ခံဖို့
    မိတ်ဆွေအနေဖြင့် ဘုရားသခင်လုပ်ဆောင်ချက်ကို လက်ခံဖို့လိုသည်။ ယေရှုခရစ်၏ အသွေးကြောင့် မိတ်ဆွေ၏အပြစ်သန့်ရှင်းခြင်းအပြင် လွှတ်ခြင်းကို မိတ်ဆွေသည် ယုံကြည်ဖို့လိုသည်။ တခြားနည်းလမ်းကို မရှာဘဲ ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ယုံကြည်လက်ခံနိုင်ပါက မိတ်ဆွေ၌ ဒုစရိုက်အပြင်မရှိတော့ပါ။
   
သင်ခန်းစာ(၁၄) မှမေးခွန်းများ
၁။ အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် အဘယ်သူနည်း။ -----------------------------
၂။ ထာဝရဘုရားက အပြစ်ကို မည်သည့်အရာအားဖြင့် လွှတ်နိုင်သည်ဟုဆိုသနည်း။ ----------------
၃။ အပြစ်ကျူးလွန်သော ယဇ်ပုရောဟိတ်သည် နွားအသွေးကို မည်သည့်နေရာ၌ ဖြန်းသနည်း။ --------
၄။ ထာဝရဘုရားသည် မည်သည့်အရာကိုကြည့်ဖြင်းဖြင့် အပြစ်လွှတ်သနည်း။ --------------------------
၅။ ထာဝရဘုရားသည် တိရစၦာန်အသွေးကို လက်မခံနိုင်သောအခါ မည်သည့်အသွေးကို   
       စီစဉ်ပေးသနည်း။ ---------------------------------------
၆။ ငါတို့၏ ယဇ်ပုရောဟိတ်မင်းသည် မညူ်နည်း။ ---------------------------------
၇။ ခရစ်တော်သည် မည်သည့်နေရာ၌ အသွေးတော်ကို ပူဇော်သနည်း။ --------------------------
၈။ ခရစ်တော်၏ အသွေးသည် မည်သူ့ကို ကျေနပ်နေသနည်း။ ------------------------------
၉။ မည်သူ့အမြင်၌ ခရစ်တော်အသွေးအားဖြင့် လူသားများ၏ အပြစ်သန့်ရှင်းပြီနည်း။ ------------------
၁၀။ မိတ်ဆွေ၏ အပြစ်သန့်ရှင်းပြီလား။ --------------------------------------------          



No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....