Monday, 7 October 2013

အကြံအဖန်

       တစ်လောက အကြံအဖန် ဟူသောစကားကို နားမဆံအောင် ကြားခဲ့ရသည်။ ခုတော့ မျကားရတာ ကြာခဲ့ပြီ။ အဘယ်ကြောင့်ဆိုသော အကြံအဖန်ဟူသော စကားအစား လက်ဖက်ရည်ဖိုး ဟူ၍ လိမ္မာပါးနပ် စြာ ပြောင်းလဲသုံးနှုန်း လာခြင်းကြောင့် ဖြစ်သည်။
      အစပထမတွင် အသစ်အ ဆန်းထွင်ထားသော စကားလုံးဖြစ်၍ စိတ်ဝင်တစား ရှိသော်လည်း နေ့စဉ် လိုလို ကြားရဖန် များလာသောအခါ သမားရိုးက် သုံးနှုန်းသော ဝေါဟာ ရတစ္ခုအျဖစ္သာ သေဘာထားလာ သည်။ ကြာတော့လည်း ရိုးသွားသည်။
       သို့သော် ထူးဆန်းသည်မှာ လုပ်ရင်းရိုးမသွားခြင်းပင် ဖြစ်ပါသည်။ အကြံအဖန်(ဝါ)လက်ဖက် ရည်ဖိုး ဆိုသည်မှာ ရသင့်ရထိုက် သောနည်းလမ်း
အားဖြင့် မဟုတ်ဘဲ၊ မိမိကိုယ်ကိုျးစီးပွားအတွက် မတရား သောနည်းလမ်းအားဖြင့် ရယူခြင်းကို ဆိုလိုသည်ကို အများနားလည်သ ဘောပေါက်ပြီး ဖြစ်ပါသည်။ ဤအ လုပ္မို်းကို မယုံကြည်သူများထဲတွင်
တွေ့ရသကဲ့သို့ ယုံကြည်သူခရစ်ယာန် အသိုင်းအဝိုင်းထဲတွင်လည်း တွေ့နေ ရပေသည်။ ဝမ်းနည်းစရာကောင်း လေစွ။
       ဤသို့သောအကြံအဖန်လုပ် ရပ္တစ္ခုကို ကျမ်းစာထဲတွင် တွေ့ နိုင်ပါသည်။ ယင်းလုပ်ရပ်မှာ အျခား မဟုတ်။ အာဗြံဟံသည် ဘုရားသခင် ပေးမည့်သားကို ဘုရားသခင်နည်း လမ်းဘောင်ထဲမှာ မရယူဘဲ သူ့နည်း သူ့ဟန်၊လူ့အကြံ အစည်ဖြင့် ရယူ လိုက်သောလုပ်ရပ်ပင် ဖြစ်ပါသည်။
      ဘုရားသခင်က အာဗြံဟံ အား သင့်ကိုယ်ထဲက ထွက်သော သားကို ပေးမည်။ တဖန် ဘုရားသ ခင် နှုတ်ကပတ် တော် ရောက်လာ သည်ကား ဤသူသည် သင်၏အမွေ ခံမဖြစ်ရ၊ သင်၏ကိုယ်ထဲက ထွက် သောသားသည် သင်၏ အေမြခံ ဖြစ် လိမ့်မည်ဟု မိန့်တော်မူ၏ (ကမ်ဘာ၊၁၅း၄)။ ဤကတိတော်များသည် ဘုရား သခင် သတ်မှတ်ချက်ဘောင် ဖြစ်ပါ သည်။ ထို့ကြောင့် အာဗြံဟံသည် ရ သင့်ရ ထိုက်သော အခွင့်အရေးမှန်သ မွ်ကို ဘုရားသခင်၏ကန့်သတ်ချက် ဘောင်အတွင်းမှသာ ရယူရမည်ဖြစ် ပါသည်။     
     သို့သော် အာဗြံဟံသည် ဘုရားသခင်၏ဂတိတော်ကို မစောင့် နိုင်။ နှစ်ပေါင်းကြာလာသောအခါ ဘုရားစကားကို နားထောင်မည့်အ စား မယားစကားကို နားထောင်ခဲ့လေ သည်။ ထို့ကြောင့် သားရရှိရေးအ တွက်၊ စာရာအျကံ ပေးသည့်အတိုင်း အဲဂုတ္တုပြည် မွ ရလာသော ကျွန်မနှင့် အိပ်ခဲ့ရလေသည်။ ကျမ်းစာ၌ ဤသို့ မှတ်တမ်း တင်ထားပါ သည်။
( အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူ ဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊ စာရဲက၊ အကျွနု်ပ်အားသားဘွားရသောအခွင့်ကို ထာဝရဘုရားပေး တော်မမူ။ အကျွနု်ပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွနု်ပ်သည်တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကိုနားထောင်လေ၏။ ) က ၁၆း၁-၂
      ဤသို့ဖြင့် အာဗြံဟံသည် ဘုရားသခင်၏ဂတိတော်ကို မစောင့်ဘဲ အျကံအဖန္သားကို ရခိျန်မှာ အသက်(၈၆) နှစ်ရှိလေပြီ။ ထိုသား၏ အမည်မှာ ဣရှမေလဖြစ်သတည်း (က ၁၆း ၁၅-၁၆)။
      တနည်းအားဖြင့် အာဗြံဟံ သည် ဘုရားသခင်၏အလိုတော်အ တိုင်းမဟုတ်။ လူ့နည်းလူ့ဟန်ဖြင့် လုပ်ယူသော သား ဖြစ်သောကြောင့် အျကံအဖန္သားဟု ခေါ်ရခြင်း ဖြစ် လေသည်။
      ချစ်သောမိတ်ဆွေသင်သည် လည်း၊ ဘုရားသခင်အလိုတော်အ တိုင်းမဟုတ်။ မိမိအလိုဆန ကို ဦး စားပေးပြီး မိမိဉာဏ်နှင့်လုပ်ယူသော အရာဟူသမျှသည်၊ အကြံအဖန်လုပ် ရပ်သာ ဖြစ်လေသည်။ ဌာနတစ္ခုမွာ အလုပ်ရရှိရေး၊ ရာထူးရရှိရေး၊ နေရာ ထိုင်ခင်းရရှိရေးအတွက်ဆိုပြီး၊ ရိုး သားဖြောင့်မတ်ခြင်းမရှိ။ အစိုးရ သတ်မှတ်ချက်၊ စည်းမျဉ်း စည်းကမ်း အတိုင်းမဟုတ်။ လာဘ်ပေးပြီး ရယူ ခြင်း၊ အထက်အရာရှိကြီးများနှင့်ခန္ဒာ အပ်နှင်းပြီး မရရအောင် လုပ်ယူခြင်း များသည် အျကံအဖန္သာ ဖြစ်လေ သည်။ ဤသို့သောလုပ်ရပ်များသည် ယနေ့ဆိုရင် ဘာသာရေး လောက ထဲအထိ စိမ့်ဝင်လာလေပြီ။ တခိုျ့နိုင်ငံခြား ထောက်ပံ့ကြေး ရရှိရေးအတွက် သူများအဖွဲ့အစည်း ဓါတ်ပုံ မ်ားကို ရိုက်ပြီး ထိုဓါတ်ပုံများ ကို Website ၌ တင်ပြီး လုပ်စားနေ သောအမှုတော်ဆောင်များလည်း ရှိ သည်။ 
       တစ္ခိ်န္က ကျွနု်ပ်ခင်မင်ရင်း နှီးခဲ့သော အမှုတော်ဆောင်တခိုျ့ သည် အံ့သြဘွယ်ရာ ပြောင်းလဲသွား ကြ၏။ တစ္ခိ်န္က သမ္မာကျမ်းစာသြ ဝါဒအတိုင်း ခံယူခဲ့သော်လည်း ကျမ်း စာနှင့် ဆန့်ကျင်ဘက်မှားသော သြ ဝါဒဘက္ကို လုံးလုံးပါသွားခဲ့သည်မှာ မယုံနိုင်စရာဖြစ်ပါ၏။ သို့သော် အမှန် တကယ် ပါသွားခဲ့လေပြီ။ အကြောင်း မွာ ယခုခံယူသော ဝါဒသည် မှားယွင်းသော်လည်း ငွေကြေးအင်အား ကောင်းသောကြောင့်ပါသွားခြင်း ဖြစ် ကြောင်း သိရလေသည်။ ထိုအခါ တမန်တော်ပေါလုသြဝါဒကို သတိရမိသည်။
      ''ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏အမှုကို မဆောင်ရွက်ဘဲလျက် မိမိတို့ဝမ်း ၏အမှုကိုသာ ဆောင်ရွက်၍လော ကဝတ်စကားနှင့် ချောမော့သော စကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ
၏။'' (ရော၊ ၁၆း၁၈ )။ ဤအကြံအဖန်လုပ်နေသော အမှုတော်ဆောင်များသည် ဝမ်းရေး အတွက် အဓိကထားကြ သောကြောင့် ဖြစ်ပါသည်။
      အကြံအဖန်၏ ဆိုးကို်းကို အာဗြံမိသားစု၌ ကောင်းမွန်စွာ တွေ့ နိုင်သည်။ ဘုရားသခင်နှင့် အာဗြံမိတ်
သဟာယပြတ်ရခြင်းကို တွေ့ရလေ သည်။ အကြံအဖန် လုပ်သည့်နေ့မှ စ၍ (၁၃)နှစ်ကြာသည်အထိ ဘုရား
သခင်သည် အာဗြံကို စကားမပြော တော့ပါ။ ယေန့ လက်ရှိအမှုတော် ဆောင်ဘုရားသားများတွင် ဘယ်နှစ်
ယောက်များ ဘုရားသခင်နှင့် မိတ္သ ဟာယပြတ်လျက် အမှုတော်ဆောင် နေပါသနည်း။ မိတ်သဟာယပြတ်ခဲ့
သည်မှာ ဘယ်နှစ်ရက်၊ ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်ကြာညောင်းခဲ့ပါသနည်း။ အာဗြံနှင့်မိသားစုသည်ဘုရား သခင်နှင့် မိတ်သဟာယပျက်ပြီး စိတ်ဆင်းရဲခဲ့လေသည်။
     "အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိိသနြေ္ဓွစွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိိသနြေ္ဓွစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။'' (ကမ်ဘာ၊၁၆း၄)။ ဤဖြစ်ရပ်ကြောင့် စာရာသည် ကြ်န္မကို ညှင်းဆဲ၍ ကြ်န္မ
သည် သခင်မထံမှ ထွက်ပြေးလေ၏။ မိမိ ခင်ပွန်း၏အုပ်စိုးမှုကို ဝန်ခံတတ် သော စာရာသည် ယခုအခါ ကြမ်း
တမ်းစွာ ပြုမူသည်ကို တွေ့ရ၏။
       ကျမ်းစာ၌ အမွှန်းတင် ထားသောစာ ရာသည်အကြံအဖန် လုပ်မိသော ကြောင့် ကျွန်မနှင့် အျကံအဖန္သား
ဣရှမေလအားဖြင့် စိတ်ဆင်းရဲခဲ့ ရလေသည်။
      ချစ်သောမိတ်ဆွေ၊ အျကံ အဖန်၏ရလဒ်သည် စိတ်ဆင်းရဲရ မည်။ ရပြီးသောငွေကြေးဖြစ်စေ၊ ရာ ထူးဖြစ်စေ၊ ဆုလဒ်ဖြစ်စေ၊ ပြန်ဆုံးရံှုး ရမည်မှာ ဧကန်မုချဖြစ်ပေ၏။ ကမ်ဘာ့အားကစား အပြေး သမားမ်ား ဆေးဝါးမှီဝဲသဖြင့် ရွှေတံ
ဆိပ်၊ ငွေတံဆိပ်များ ရရှိခဲ့ကြလေ သည်။ အကြံအဖန်လုပ်၍ ရမှန်းသိ သောအခါ ရရှိပြီးသောဆုလဒ်များ
ပြန်လည်အသိမ်းခံခဲ့ကြလေသည်။ နာမည်လည်းပျက်၊ ဆုလဒ်လည်း ဆုံး ဖြစ်ရလေသည်။
      သို့သော် ဘုရားသခင်သည် အာဗြံအား ပြန်၍ အဆက်အသွယ် လုပ်ကြောင်း တွေ့ရပါသည်။ အဘယ်
ကြောင့်ဆိုသော် ဘုရားသခင်သည် အာဗြံအား တဖက်သက်မေတ္တာဖြင့် ချစ်နေခြင်းကြောင့် ဖြစ်ပါသည်။ ထို့
နောက် အာဗြံသည် (၉၉)နှစ်ရှိသော အခါ ''ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော်မူ၍ ငါသည် အနန္တ
တန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ ငါ့ရှေ့ မွာသြားလာ၍ စုံလင်ခြင်းရှိလော့ဟု မိန့်တော်မူ၏'' (ကမ်ဘာ၊ ၁၇း၁ )။ ဆိုလို
သည်မှာ အရာခပ်သိမ်းကို တတ်နိုင် သောတန်ခိုးရှင် ငါသည် သင်သားရ အောင် ငါတတ်နိုင်သည်။ အဘယ်
ကြောင့် ဂတိတော်ကို မစောင့်ဘဲ အ ကြံအဖန်လုပ်ရသနည်း။ နောက်တစ် ကြိမ် ဤသို့မပြုနှင့်။ စုံလင်သောအ
သက်တာနှင့် ငါ့ရှေ့မှာ ကျင့်ကြံပြုမူ ပါဟု ဖြစ်သတည်း။ တနည်းအားဖြင့် ဘုရားသခင်သည် အာဗြံအား ဂတိ တော်အပေါ် အြွကင်းမဲ့ယုံကြည်စိတ် ချစေလိုခြင်းပင် ဖြစ်သည်။ 
      ထို့နောက် အခိျန်တန်သော အခါ ဘုရားသခင်သည် အာဗြံအား သားကိုပေးလေ၏။အာဗြံသည်လည်း
စာရာ၌ ရေသာသားကို ဣဇက်အ မည်ဖြင့်မှည့်လေ၏(ကမ်ဘာ၊၂၁း၁-၃ )။ ယခုအခါ အကြံအဖန်နှင့်ရ
သောသား၊ ဂတိတော်အတိုင်း ရ သောသားနှစ်ယောက်အတူတူ နေ၍ မရလောက်အောင် အျကီးက အငယ်
ကို ညှင်းဆဲလေ၏။ ဤအျဖစ္ဆိုးကို မြင်ရသော မိဘများစိတ်ဆင်းရဲရ၏။ နောက်ဆုံးတွင် ကျွန်မနှင့် သား ဣ
ရွေမလကို မောင်းထုတ်လိုက်ရလေ သည် (ကမ်ဘာ၊ ၂၁း၉-၁၃ )။
       ချစ်သောမိတ်ဆွေ၊ မိတ်ဆွေ အတွက် ဘုရားပေးထားသော ဂတိ တော်၊ ကောင်းခီျးများရောက်လာ
သောအခါ အကြံအဖန်နှင့်ရထား သော ရွှေငွေဥစ္စာ၊ ရာထူး၊ စည်းစိမ် မ်ားမွာ ပိုင်ရှင်စာတန်၏နှုတ်ယူခြင်း
ကို ခံရပေမည်။ သို့ဖြစ်၍ အာဗြံ၏ အကြံအဖန်လုပ်ရပ်တစ်ခုလုံး ခြုံပြီး ပြန်လည်သုံးသပ်ကြည့်လျှင် စိတ်
ဆင်းရဲရခြင်း၊ ဘုရားသခင်နှင့် မိတ် သဟာယပျက်ခြင်း၊ အကြံအဖန်ရ သောသားနှင့် ကြ်န္မ ပါ ရံှုးရသည်ကို
တွေ့ရမည်ဖြစ်ပါသည်။
      ထို့ကြောင့်ယုံကြည်သူဘုရား သားမှန်လျှင် အကြံအဖန် လုပ်ခြင်း အားဖြင့် ရရှိမည့်ဆိုးကိုျးကို ကြို တွက်ပြီး ရှောင်ရှားဖို့ သတိပေးဝေငှ ပါသည်။ ထို့ကြောင့် အကြံအဖန်အား ဖြင့် ဆုံးရံှုးမည့်အရေးကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ဘုရားသခင်၏ ဂတိတော်အပေါ်မှာ ရပ်တည် ပြီး သစ္စာနှင့် သည်းခံတတ်ဖို့ အထူး လိုအပ်ပါသည်။   
     တစ်နည်းအားဖြင့် ဘုရားသခင် အလိုတော်ဘောင်အ တွင်း၌သာ ရပ်တည်၍ အသက်ရှင် ကြရန် အထူး အရေးကြီးလှပေသည်။ ''ဘုရားသခင်၏အလိုတော် ကိုဆောင်ပြီးမှဂတိတော်အတိုင်း အကိုျးရမည့်အကြောင်းကို သိ၍
သည်းခံစိတ်ရှိရပေမည်။''
    နာမတော်မြတ်၌
ညီအစ်ကိုဦးပေါလ်ခေကိုျင်း


No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....