Thursday, 31 October 2013

လူသားစား လူရိုင်းများထံ သွားသော ဘုရားသခင်၏စေတမန်

ဂျွန်ပက်တန် John Paton (၁၈၂၄ - ၁၉၀၇)
“သင်တို့ ကျွန်ုပ်ကို ပစ်ခတ်နိုင်တယ် (သို့မဟုတ်) သတ်ပစ်နိုင် တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ သင်တို့ ရဲ့အကောင်းဆုံး မိတ်ဆွေဖြစ် ပါတယ်။ ကျွန်တော် ဟာသေဖို့မကြောက် ပါဘူး။ သင်တို့ ကျွန်တော့်ကို သတ်ရင် ကျွန်တော် ချစ်ပြီး အစေခံလျက်ရှိတဲ့ ကျွန်တော့် ဘုရားသခင်ထံ ကျွန်တော့်ကိုအမြန် ဆုံးစေလွှတ်ခြင်း သာလျှင် ဖြစ်လိမ့်မယ်” ဟူ၍ ရွာတစ်ရွာတွင် သူ့အားဝိုင်းရံ ထားသောကြမ်းတမ်း ရက်စက် သည့် လူရိုင်းများ ကိုပြောလိုက် သည်။
          ထိုသူတို့သည် လူသားစားလူရိုင်း
များဖြစ်ကြပြီး၊ တင်းပုတ်များနှင့်အခြားလက်နက်များကိုလက်တွင် ကိုင်ဆောင်ထားကြ၏။ မည်သည့် ရက်စက်ကြမ်းကြုတ်မှုကိုမဆိုပြုရန်အဆင်သင့်ရှိနေပုံပေါ်သည်။ သူတို့နှင့် လုံးဝခြားနားလျက် သူတို့အလယ်တွင်ငြိမ်သက်စွာသတ္တိရှိစွာရပ်လျက်နေသော ဂျွန်ပက် တန်ပေါ်တွင်မူချစ်ခြင်း မေတ္တာနှင့် သနားခြင်းကရုဏာပေါ်လွင်နေသည်။ လူအများအား ခရစ်တော်၏မေတ္တာအကြောင်းပြောရန်သာသ နာပြုအနေဖြင့်ရောက်ခဲ့သော်လည်း သူ့ကိုသတ်ပစ်ရန်အသင့်ရှိနေခဲ့ကြသည်။ 
          ဂျွန်ပက်တန်သည် (၁၈၂၄) ခုနှစ်တွင်စကော့တလန်ပြည်၌ဖွားမြင်ခဲ့ပြီး သူ၏မိဘများမှာ ဘုရား တရာ ကြည်ညိုကိုင်းရှိုင်းသူများဖြစ်ကြသည်။ သူ၏ဖခင်မှာကုန်သည်တစ်ဦးလည်းဖြစ်၏။သူတို့်အိမ်တွင် “သန့်ရှင်း သောအရပ်”ဟုခေါ်သောအခန်းလေးတစ်ခုရှိပြီးဂျွန်ပက်တန်၏ဖခင်သည်တစ်နေ့လျှင်(၃)ကြိမ် ထိုအခန်းအတွင်း ဝင်ရောက်ပြီး မိသာစုအတွက်၊ စကော့တလန်ပြည်အတွက်၊ တကမ္ဘာလုံး အတွက်ဆုတောင်းလေ့ရှိ၏။ ဤဘုရား တရားကြည်ညိုသောအသက်တာသည် ဂျွန်အားနှိုးဆော်မှုဖြစ်ခဲ့ပြီး ဂျွန်၏အသက်တာ၌လည်းသူ့ဖခင်ကဲ့သို့ ဘုရားသခင်နှင့်အတူ လိုက်လျှောက်ရန်သစ္စာကတိပြုခဲ့ပေသည်။
          သူ့မိခင်သည် ယုံကြည်ခြင်းကြီးမားသောသူ၊ဘုရားတရားကြည်ညိုကိုင်းရှိုင်းသောသူတစ်ဦးဖြစ်၏။ တစ်ချိန်တွင် ဂျွန်၏ဖခင်သည်အလုပ်ကိစ္စဖြင့်အခြားအရပ်ရောက်နေပြီး အိမ်၌စားစရာမရှိတော့ကြောင်း သူ့မိခင် တွေ့ရှိခဲ့၏။ ဆာငတ်နေသော ကလေးများကိုသူမအနီးသို့စုဝေးစေပြီး သူတို့လိုအပ်ချက်များ အားလုံးကိုဘုရား သခင်အားပြောခဲ့၏။ ထိုနောက်နံနက်လင်းချိန်၌စားစရာများကြွယ်ဝစွာရှိလိမ့်မည်ဖြစ်ကြောင်းကလေးများကို ပြောလျက် သူတို့အားအိပ်ယာဝင်စေခဲ့၏။ နောက်တစ်နေ့ရောက်သောအခါ အမှန်တကယပင်စားစရာများကြွယ် ဝလုံလောက်စွာရရှိခဲ့၏။ ဖခင်ဖြစ်သူသည်သူတို့လိုအပ်ချက်များကိုမသိသော်လည်းဘုရားသခင်၏ တို့ထိပဲ့ပြင်မှု ခံရပြီး ပို့ပေးလိုက်သောကြောင့်ဖြစ်၏။ အံ့အားသင့်နေသောကလေးများကိုမိခင်ဖြစ်သူက “ကလေးတို့ - အဖ ဘုရားသခင်ကိုချစ်ကြနော်။ ယုံကြည်ခြင်းနဲ့မင်းတို့လိုတာတောင်းပါ။ ဘုရားသခင်ကသူ့ဘုန်းထင်ရှားစေဖို့နဲ့ မင်းတို့ကောင်းကျိုးအတွကပေး ပါလိမ့်မယ်”ဟုပြောခဲ့ပေသည်။ ဤအချက်ကဂျွန်ဘယ်တော့မှမမေ့ချေ။
          အသက်(၁၂)နှစ်အရွယ်၌ဂျွန်သည်ဖခင်ဖြစ်သူ၏အလုပ်၌ကူညီလျက် ဂရိနှင့် လက်တင်ဘာသာစကား များကိုလေ့လာနေခဲ့၏။ စက်ပစ္စည်းကရိယာများအကြောင်း သင်ယူလေ့လာခဲ့ရာသာသနာပြုဆရာတစ်ဦးဖြစ်လာ ချိန်၌များစွာအကျိုးကျေးဇူးရှိခဲ့သည်။ သူသည်ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးဧဝံဂေလိအမှု တော်ဆောင်တစ်ဦးဖြစ်လာဖို့ မိမိကိုယ်ကိုပြင်ဆင်ရန်ဆန္ဒရှိခဲ့၏။ ဂလပ်(စ်)ဂေါင်(Glasgow) အရပ်ရှိ ကျမ်းစာ ကျောင်းတွင် သင်တန်းတက်ရောက်ခွင့်ရခဲ့၏။
          ဂလပ်(စ်)ဂေါင်မြို့တွင်နေထိုင်ရသောအခြေအနေမှာ မလွယ်ကူလှချေ။ ဂျွန်သည်ဆေးပညာနှင့် ကျမ်းစာ ကိုလေ့လာခဲ့ပြီး စားဝတ်နေရေးအတွက်ကျောင်းတစ်ခု၌စာသင်ကြားပေးခြင်းပြုခဲ့၏။ မြို့တွင်းရှိအဆင့်အတန်း နိမ့်ကျပြီးအထင်မြင်သေးခံရသောလူများကြား၌ အမှုတော်ဆောင်ရန် ဂလပ်(စ်)ဂေါင်မြို့သာသနာပြုအဖွဲ့နှင့်ဆက် သွယ်ခဲ့၏။ အမှုတော်ဆောင်ရာ၌အကြိမ်များစွာ စိတ်ဓါတ်ကျဆင်းစရာများဖြစ်သော်လည်းသစ္စာရှိစွာအမှုတော် ဆောင်ခဲ့၏။ ဘုရားသခင်၏ကျယ်ဝန်းသောစပျစ်ဥယျာဉ်ကြီး၌သစ္စာရှိကြောင်းမပြမီ၊ သေးငယ်သောအရပ်၌ သစ္စာရှိကြောင်းပြဖို့လိုသည်။ (၁၀)နှစ်ခန့်သစ္စာရှိစွာအမှုတော်ဆောင်၍လူများစွာကိုခရစ်တော်ထံပို့ဆောင် နိုင်ခဲ့ ပေသည်။ ထိုသူများမှာ အရက်သမားများနှင့်ဘုရားတရားကိုမုန်းတီးပြီးသစ္စာပျက်သူများဖြစ်ကြသည်။ ဂျွန်သည် အမှုတော်ဆောင်ခြင်းအပြင် တက္ကသိုလ်စာပညာများကိုလည်းလေ့လာခဲ့၏။
         
ဘုရားသခင်၏ခေါ်တော်မူခြင်း          ဂျွန်သည်အခြားအရပ်ဒေသများရှိခရစ်တော်ကိုမသိ၍ပျက်စီးခြင်းရောက်တော့မည့်သူများအတွက်စိုးရိမ် ပူပန်ခဲ့သည်။ အခြားအရပ်ဒေသများတွင် သာသနာပြုရန်သူ့အား ဘုရားသခင်ခေါ်တော်မူသည်ဟု ခံစားခဲ့ရ၏။ ဤအချိန်တွင်နယူးဟက်ဘရစ် (New Hebrides) ဒေသ၌သာသနာပြုများကို ကူညီရန် သာသနာပြု တစ်ဦး လိုအပ်သည့်သတင်းသူကြားခဲ့ရ၏။“ သွားမည့်သူမရှိပဲဖြစ်နေသောကြောင့် သင့်အသက်တာကို ပူဇော်လော့ ” ဟူသောဘုရားသခင်အသံတော်ကိုလက်ခံလျက် သူ့အသက်တာကိုဆက်ကပ်အပ်နှံခဲ့၏။ မြို့တော်သာသနာပြု အဖွဲ့သည်သူ့အားစေ လွှတ်ရန်စိတ်မပါ့တပါဖြစ်ခဲ့ရ၏။“သူသည်လက်ရှိလုပ်နေသောအမှုတော်ဆောင်လုပ်ငန်းကို ထားရစ်ကာလူသားစားလိုရိုင်းများရှိရာအရပ်သို့သွားရောက်မည်ကိုသူ့မိတ်ဆွေနှင့် အသိအကျွမ်းများကနားမ လည်နိုင်။ အဖိုးကြီးတစ်ယောက်က “လူကလေးမသွားနဲ့၊ အန္တရာယ်သိပ်များတယ်၊ မင်းကိုလူရိုင်းတွေသတ်စား လိမ့်မယ်” ဟုပြောရာ၊ ဂျွန်ပက်တန်က ပြုံးလျက်“အဖိုးက အသက်ကြီးပြီ၊မကြာမီသေလျှင်ပိုးရွများစားသောက် ခြင်းခံရမယ်၊ သခင်ယေရှှု“အမှုတော်ဆောင်ရင်း၊ လူရိုင်းများကြောင့်သေပြီးပိုးရွများကိုက်စားခံရခြင်းဟာ ကျွန်တော့်အတွက်ခြားနားမှုမရှိပါဘူး”ဟုပြန်ပြောခဲ့သည်။ မိဘများကလည်းဘုရားသခင်၏လမ်းပြဦးဆောင်မှု အတိုင်းလိုက်နာရန် ဂျွန်ကိုခွင့်ပြုခဲ့သည်။ ဤသို့ဖြင့်(၁၈၅၈)ခုနှစ်၊ ဂျွန်အသက်(၃၄)နှစ်တွင်လက်ထပ်ပြီးစဇနီး ဖြစ်သူနှင့်အတူ နယူးဟက်ဘရစ်သို့ရေကြောင်းခရီးပြုခဲ့၏။

နယူးဟတ်ဘရစ်(လူသားစားလူရိုင်းများအလယ်၌)
          နယူးဟတ်ဘရစ်အရပ်သည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကျွန်းများစုဝေးရာဒေသတစ်ခုဖြစ်၏။ သြစတြေးလျနိုင်ငံအရှေ့မြောက်ဖက်မိုင်(၁၄၀၀)အကွာတွင်တည်ရှိ၏။ ထိုဒေသရှိလူများမှာအလွန်ခေတ်နောက် ကျပြီး အဆင့်အတန်းနိမ့်သူများလည်းဖြစ်၏။ သူတို့သည်လူသားစားလေ့ရှိကြပြီးအခြားကြော်မက်ဖွယ်ညှင်းပန်း နှိပ်စက်မှုများလည်းပြုလေ့ရြှိက၏။ လူတစ်ယောက်ကိုသတ်ရန်မှာသူတို့အတွက်အထူးအဆန်းအဟုတ်ချေ။ လူ
တစ်ယောက်သတ်ဖြတ်ခြင်းကြောင့်သူတို့သည်ရဲရင့်သူများဖြစ်ကြပါသလား။ မဟုတ်ပါ။ ဝိညာဉ်ဆိုးများက လူ သတ်ရန်သူတို့အားနှိုးဆော်သဖြင့်ဝိညာဉ်ဆိုးများကိုကြောက်ခြင်းကြောင့်လုပ်ဆောင်ခြင်းသာဖြစ်၏။
          ဝိညာဉ်ဆိုးများအန္တရာယ်မှကင်းဝေးရန်သူတို့၌ရုပ်တုများ၊ အဆောင်အယောင်များ(လက်ဖွဲ့များ)၊ နတ် ဆရာ၊ မှော်ဆရာများစွာရှိကြ၏။ ဤနတ်ဆရာများသည် ထူးခြားသောအစွမ်းတန်ခိုးရှိပြီးလူတို့အပေါ်၌သြဇာ လွမ်းမိုးမှုများစွာရှိ၏။ သူတို့၌သာမန်သေခြင်းဟူသောအယူအဆမရှိချေ။ သေခြင်းမှန်သမျှကို စုန်းကဝေပြုစား ခြင်းကြောင့်ဟုယုံကြည်ကြပြီး ချက်ခြင်းဆိုသလိုပင်မည်သူ့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းဆုံးဖြတ်ရန်အစည်း အဝေးပြုလုပ်ကြသည်။
ရွာအကြီးအကဲအမိန့်ဖြင့်သေဆုံးသူနှင့်မရင်းနှီးဆုံးသူတစ်ယောက်ကိုဖမ်းဆီးကာလှဲလျောင်းစေ လျှက် စောင့်နေသောလူငယ်တစ်ဦးအားသေနတ်ပေး၍ပစ်သတ်စေ၏။ (ကျွန်းပေါ်သို့မကြာခဏလာသော ကုန်သည် များထံမှရသောသေနတ်)။
ပစ်သတ်ခံရသူ၏ မိတ်ဆွေများက ပစ်သတ်သူကိုပြန်သတ်ရန်ကြိုးစားကြ၏။
ဤသို့ဖြင့် သာမန်သေသော လူတစ်ဦးကြောင့်လူမျိူးစုအားလုံးပျောက်ကွယ် သွားသည်အထိ သတ်ဖြတ်မှု ကြီးဆက်လက်ဖြစ်ပေါ်နေတော့၏။
ခင်ပွန်းသည်သေဆုံးသောအချိန်၌ဇနီးဖြစ်သူ ကလည်းလည်ပင်းညစ်လျက်အသတ်ခံရပြီး ခင်ပွန်း၏ အုတ်ဂူအတွင်းမြှုပ်နှံခံရ၏။ အသက်ကြီးသောသူများကို လည်းဝန်ထုတ်ဝန်ပိုးကြီး သဖွယ်မြင်သောကြောင့်သတ် ပစ်ကြ၏။ ဝိညာဉ်ဆိုးများကိုဘိုးဘေးများအဖြစ်ကိုးကွယ်ကြ၏။ ဤလူများသည် ခရစ်တော်အကြောင်းတစ်ခါမျှ မကြားဘူးကြချေ။
ထိုသူများထံသို့ခရစ်ယာန်သာသနာပြုများသည် ဧဝံဂေလိတရား(ဝမ်းမြောက်ဖွယ်သတင်းကောင်း)ကို ယူဆောင်သွားခဲ့ကြ၏။ ရှေးဦးသာသနာပြုများသည် ထိုအရပ်များသို့ရောက်ရှိခဲ့ကြပြီးချက်ချင်းဆိုသလိုပင် အသတ်ခံရပြိး လူသားစားလူရိုင်းများက စားသောက်ပစ်လိုက်ကြ၏။ အခြားသောသာသနာပြုများလည်း အသတ်ခံရခြင်း၊ ထွက်ပြေးရခြင်းများတွေ့ကြုံရ၏။ သို့သော်လည်း ဂျွန်ပက်တန်ရောက်ရှိသောအချိန်၌ဆန့်ကျင် မှုများကြားမှပင် သာသနာပြုဇနီးမောင်နှံ(၂)တွဲ ထိုအရပ်တွင်နေထိုင်လျက်အမှုတော်ဆောင်နေကြ၏။

တန်နာကျွန်း၌ (In Tanna)         တန်နာကျွန်းသည်နယူးဟတ်ဘရစ်ရှိကျွန်းတစ်ကျွန်းဖြစ်ပြီးဧဝံဂေလိတရားမျိုးစေ့အပင်ပေါက်ရန် ဆန့်ကျင်သောဒေသဖြစ်၏။ (မှော်ဆရာ)နတ်ဆရာများသည်ဧဝံဂေလိတရားအတွက်အကြီးအကျယ်ဆုံးသောအဆီး အတားများဖြစ်ကြ၏။ အကြောင်းမှာဧဝံဂေလိတရားကိုလူများယုံကြည်လျှင်လူတို့၏တန်ခိုး၊သြဇာလွမ်းမိုးမှုရှိနိုင် တော့မည် မဟုတ်ကြောင်းသူတို့သိသောကြောင့်ကြီးမားစွာအဆီးအတားပြုကြခြင်းဖြစ်၏။ထို့ကြောင့် သဘာ၀ ဘေးအန္တရာယ်များဖြစ်သောမုန်တိုင်းကျခြင်း၊မိုးခေါင်ခြင်းဖြစ်လျှင်သာသနာပြု များကြောင့်ဖြစ်ရကြောင်းနှင့် သူတို့ကိုသတ်ပစ်ရန်လူများကိုနှိုးဆော်ကြ၏။ အဆီးအတားများသည်မျက်နှာဖြူကျွန်ကုန်သည်များထံမှလည်း လာကြ၏။ အကြောင်းမှာသာသနာပြုများသည်ကျွန်ကုန်သည်များ၏ဆိုးရွားသောခေါင်းပုံဖြတ်မှုများကိုဆီးတား အဟန့်အတားပြုသောကြောင့်ပေတည်း။
          ဤကဲ့သို့သောကျွန်းပေါ်သို့ဂျွန်ပက်တန်နှင့်ဇနီးသည်တို့ရောက်ရှိခဲ့ကြခြင်းဖြစ်၏။ တန်နာကျွန်းပေါ်သို့ ဆိုက်ရောက်သောအခါမျက်နှာ၌ဆေးချယ်ထားသောလူသားစားလူရိုင်းများကို သိမ်မွေ့သောအသွင်ဖြင့် ဂျွန်ပက်တန် တွေ့မြင်ခဲ့၏။သူနှင့်သူ၌ပါလာသောပစ္စည်းများကိုစူးစမ်းတွေ့မြင်ချင်သောကြောင့် လာကြည့်ကြခြင်း ဖြစ်နိုင်၏။ တန်နာကျွန်း၌ရေးသားနိုင်သောစာပေမရှိသဖြင့် လက်ဟန်ခြေဟန်ဖြင့်သူတို့စကားပြော၏။ တစ်နေ့ တွင်“ဤအရာဘာ” “သင့်နာမည်ဘယ်သူလဲ” ဟူသောစကားလုံးများကိုထိုသူတို့ဘာသာစကားများမှ ဂျွန်ပက်တန် ရှာဖွေတွေ့ရှိခဲ့၏။ ဤမေးခွန်း နှစ်ခုကိုအဆက်မပြတ်မေးလျက်အဖြေကိုရေးမှတ်ထားခြင်းဖြင့်လူနှင့် အရာဝတ္ထုများ၏နာမည်များကိုသူလေ့လာမှတ်သားခဲ့၏။ ထို့နောက်အခြားစကားလုံးများကိုနားထောင်ခြင်းဖြင့် သူတို့၏စကားကိုတဖြည်းဖြည်းလေ့လာသင်ယူခဲ့၏။


အခက်အခဲများ
          တန်နာကျွန်း၌ဂျွန်ပက်တန်ဇနီးမောင်နှံသည် သားလေးတစ်ဦးမွေးဖွားခဲ့ပြီးအလွန်ဝမ်းမြောက်ခဲ့ကြ၏။ သို့ရာတွင်(၃)ပတ်မျှအကြာ၌မိခင်ဖြစ်သူသည် အကြီးအကျယ်ဖျားနာလျက်အသက်ဆုံးပါးခဲ့ပြီး နောက်တစ်ပါတ် အကြာတွင်သားလေးလည်းသေဆုံးသွားခဲ့၏။ ဂျွန်ပက်တန်ကိုယ်တိုင်လည်းဖျားနာနေခဲ့၏။ သို့သော်လည်း ဇနီးနှင့်ကလေးအတွက်မြှုပ်နှံရန်တွင်းကိုသူကိုယ်တိုင်တူးခဲ့ပေသည်။ သူ၌ဝမ်းနည်းခြင်းအလွန်ကြီးမားခဲ့ပြီး “သခင်ယေရှှုနှင့်ဘုရား သခင်၏မိတ်သဟာယဖွဲ့ခြင်းအတွက် ငါသူရုူးဖြစ်သွားရလိမ့်မယ်”ဟူ၍သူပြောခဲ့၏။ တန်နာကျွန်း၌အမှုတော်ဆောင်စဉ်ဘေးန္တရာယ်အဆက်မပြတ်ကြုံတွေ့ခဲ့ရ၏။ မိုးမရွာလျှင်ဖြစ်စေ၊ မကြာခဏ ဖျားနာလျှင်ဖြစ်စေ၊ ထိုအရပ်ရှိလူရိုင်းများသည် ဂျွန်ပက်တန်ကိုအပြစ်တင်ခဲ့ပြီးသူ့အားသတ်ပစ်ရန်ကြိုးစားကြ သည်။ သို့ရာတွင်ဘုရားသခင်၏စောင်မခြင်းလက်တော်သည်သူ့အပေါ်၌အစဉ်မပြတ်ရှိခဲ့ပြီးအန္တရာယ်အားလုံးမှ ကင်းဝေးစေခဲ့၏။ ထိုသူများသည် သစ္စာဖောက်ခြင်း၊ လုယက်ခြင်းများလည်းပြုခဲ့ကြ၏။ တစ်ချိန်တွင်သူ၏ပျဉ် ပြားများနှင့်စောင်များကိုခိုးယူသွားကြ၏။ နောက်တစ်ကြိမ်တွင်ထမင်းဟင်း ချက်ပြုတ်သော အိုးခွက်ပန်းကန်များ ကိုခိုးယူသွားခဲ့ကြ၏။ တစ်ကြိမ်တွင်ရွာ(သူကြီး)အကြီးအကဲကိုအသနားခံတောင်းလျှောက်ပြီးမှသာလျှင်သူ့အ တွက်အလွန်လိုအပ်နေသောရေနွေးခရားငယ်လေးကိုအဖုံးမပါဘဲပြန်လည်ရရှိခဲ့၏။တစ်နေ့တွင်သူတို့သည် ဗြိတိသျှစစ်သင်္ဘောတစ်စင်းကိုတွေ့ခဲ့ကြပြီး ကြောက်ရွံ့ခဲ့ကြ၏။ အကြောင်းမှာထိုသင်္ဘောသည် တန်နာကျွန်းသို့ ဆိုက်ကပ်လာပြီးသူတို့အားပြစ်ပေးမည်ဟုထင်သောကြောင့်ဖြစ်၏။ သူတို့သည် ဂျွန်ပက်တန်ထံပြေးသွားပြီး “ကျွန်တော်တို့ခင်ဗျားရဲ့ပစ္စည်းတွေကိုခိုးသလားလို့သင်္ဘောမာလိန်မှူးကမေးလိမ့်မလား”ဟူ၍ ငိုယိုလျက်မေးကြ၏။
          “သူမေးလိမ့်မည်လို့ ငါမျှော်လင့်တယ်၊ ငါကတော့သူ့ကိုအမှန်အတိုင်းပြောရမှာပဲ” ဟုဂျွန်ပက်တန်ကပြန် ဖြေလိုက်၏။ အချိန်အနည်းငယ်အတွင်းမှာပင်ခိုးခံရသောသူ့ပစ္စည်းများတစ်ခုပြီးတစ်ခုပြန်လည်ရရှိခဲ့၏။ တစ်စုံ တစ်ယောက်ကိုသေစေရန်ထိုကျွန်း၌နာဟတ်(Nahak)ဟုခေါ်သောပွဲတစ်မျိုးကျင်းပလေ့ရှိကြ၏။ ထိုသို့လုပ်နိုင် ရန်သူတို့သေစေချင်သောသူ၏စားသောအစာကိုလိုအပ်၏။ ဂျွန်ပက်တန်သည်သူစားပြီးသောသစ်သီးအချို့ ကို သူတို့အားပေးခဲ့၏။ ဂျွန်ပက်တန်အားပြုစားရန်ကြိုးစားသော်လည်းဂျွန်ဘာမှအန္တရာယ်ဖြစ်ခြင်းမရှိသဖြင့် မှော်ဆ ရာ(၂)ဦးစိတ်ဝင်စားမှုဖြစ်လာကာ သခင်ယေရှုအကြောင်းနားထောင်ခဲ့ကြ၏။
          လူဖြူကုန်သည်များ၏သေနတ်၊ဆေးလိပ်နှင့်အရက်ရေင်းခြင်းကိုတားမြစ်သောကြောင့် ဂျွန်ပက်တန်ကို သတ်ပစ်ရန်လူဖြူကုန်သည်များက လူရိုင်းမျာကို နိုးဆော်အားပေးခဲ့ကြ၏။သို့သော်လည်းဘုရားသခင်သည် ဤသာသနာကိုအစဉ်ကွယ်ကာစောင့်ထိန်းတော်မူခဲ့၏။ ကုန်သည်များသည်ဝက်သက်ရောဂါရှိသူအချို့ကိုကျွန်း ပေါ်၌လွှတ်ထားခဲ့ကြပြီးကျွန်းပေါ်ရှိလူဦးရေ ၁/၃ ခန့်မှာထိုကူးစက်တတ်သောရောဂါဖြင့်သေဆုံးသွားကြ၏။ ဤ ကိစ္စအတွက်ဂျွန်ပက်တန်ကိုအပြစ်တင်ကြပြီးသတ်ပစ်ရန်ကြိုးစားခဲ့ကြ၏။ တစ်နေ့တွင်ဂျွန်ပက်တန်သည်သူ့အိမ် ကိုပြင်နေစဉ်ရွာအကြီးအကဲနှင့်လက်နက်ကိုင်ထားသောသူများကသူ့အားဝိုင်းရံထားကြ၏။ သူ့အားခေတ္တမျှငြိမ် သက်စွာကြည့်နေပြီးသေနတ်များဖြင့်သူ ဦးခေါင်းကိုချိန်ရွယ်လိုက်ကြ၏။ လွတ်မြောက်နိုင်ဖွယ်မရှိတော့ချေ။ ဂျွန်ပက်တန်အနေဖြင့် ဆုတောင်းရန်သာတတ်နိုင်တော့၏။ “ငါ၏နာမကိုအမှီပြု၍တစ်စုံတစ်ခုသောဆုကို တောင်းလျှင်ငါပြုမည်။”ဟူသောဂတိတော်သူ့ထံရောက်ရှိခဲ့၏။ အန္တရာယ်ကင်းကြောင်းသူသိခဲ့ပြီးအလုပ်ဆက် လုပ်ခဲ့၏။ လူရိုင်းများသည်တစ်ယောက်ကစတင်ပစ်ခတ်ရန်တစ်ဦးကိုတစ်ဦးနှိုးဆော်ခဲ့ကြ၏။သို့ရာတွင်မည်သူမျှ မပစ်ခတ်နိုင်ပဲပြန်ဆုတ်သွားကြ၏။ဤသို့ဖြင့်ဘုရားသခင်သည်သူ၏ အစေခံကျွန်(ဂျွန်ပက်တန်)ကိုစောင့်ထိန်း တော်မူခဲ့၏။

တနင်္ဂနွေဓမ္မပညာကျောင်းမှပေးလှူသောသာသနာပြု သင်္ဘော
          ဆန့်ကျင်နှောင့်ယှက်မှုများတိုးပွားများပြားလာသဖြင့် ဂျွန်ပက်တန်သည် တန်နာကျွန်းကိုစွန့်ခွာဖို့အခြေ အနေဖြစ်ခဲ့၏။ အလွန်လိုအပ်သော သာသနာပြုသင်္ဘောအတွက်ရံပုံငွေရရှိရန်ဂျွန်ပက်တန်သည် သြစတြေးလျ သို့ခရီးပြုခဲ့၏။ တနင်္ဂနွေဓမ္မပညာသင်ကျောင်းများ(Sunday School) ၌သူ့လိုအပ်ချက်များကိုပြောခွင့်ရခဲ့ပြီး ၊ ကလေးသူငယ်များ၏(အလှူငွေ)များအားဖြင့် နောက်ဆုံးတွင် နယူးဟက်ဘရစ်၌သာသနာပြုရန်သင်္ဘော “အာရုံဦး”ကိုရရှိနိုင်ခဲ့၏။ ကလေးငယ်များ၊ လူငယ်များ၏မေတ္တာလက်ဆောင်များနှင့်ဆုတောင်းချက်များဖြင့် လည်း သာသနာပြုလုပ်ငန်းများကိုထောင်ပံ့နိုင်ကြောင်းကျွန်ုပ်တို့နားလည်ရပေသည်။

အန်နိဝါကျွန်း၌
          ဂျွန်ပက်တန်သည်အိမ်ထောင်သစ်ထပ်မံပြုပြီးနယူးဟက်ဘရစ်သို့ပြန်သွားခဲ့၏။ တစ်ကြိမ်တွင်သူသည် အန်နိဝါကျွန်းသို့ရောက်ခဲ့၏။ ဤ၏ကျွန်း၌သူ့အားကောင်းစွာလက်ခံခဲ့သဖြင့်အမှုတော်လုပ်ငန်းတိုးတက်မှုရှိခဲ့၏။ ရွာအကြီးအကဲဟောင်းဖြစ်သူယုံကြည်ပြောင်းလဲလာခဲ့၏။ အဝတ်အစားဝတ်ရန်လည်းသူတို့အားသွန်သင်ပေးခဲ့ ၏။ တစ်ချိန်တွင်ဂျွန်ပက်တန်သည် ပျဉ်ပြားတစ်ခုပေါ်တွင်စာအနည်းငယ်ရေးပြီးရွာ်ကြီးအကဲတစ်ဦးဖြင့်သူ့ဇနီး သည်ထံပို့ပေးလိုက်၏။ သူ့ဇနီးသည်က ထိုသူအားဖြင့်ဂျွန်ပက်တန်မှာသောအရာကိုပို့ပေးလိုက်၏။ စာမတတ် သောထိုအကြီးအကဲမှာ “ဤလူဖြူဆရာသည်သူလိုချင်တာရရန်ပျဉ်ပြားကိုစကားပြောအော်ငပြုလုပ်နိုင်ပါတ ကား” ဟုအံ့အားသင့်သွားခဲ့၏။ ဂျွန်ပက်တန်ကပျဉ်ပြားပေါ်ရှိသူရေးသောစာကိုသူ့ဇနီးသည်ဖတ်ပြီးပို့ပေးလိုက် ခြင်းဖြစ်ကြောင်းထိုသူအား စိတ်ရှည်စွာရှင်းပြခဲ့၏။ ဤနည်းဖြင့်ထိုသူတို့အား စာဖတ်တတ်ရနန်၊ ရေးတတ်ရန် သွန်သင်ပေးခဲ့၏။
          အန်နိဝါကျွန်းသည်(၇)မိုင်ရှည်ပြီး အကျယ် (၂)မိုင်ခန့်ရှိပါသည်။ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး ကျွန်းပေါ် ရှိလူသားအားလုံးကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာ ရေတွင်းတစ်တွင်းကိုအောင်မြင်စွာတူးနိုင် ခဲ့ခြင်းကြောင့်ဖြစ်၏။ အင်နိဝါကျွန်း၌သန့်ရှင်းလတ်ဆတ်သောရေအလွန်ရှားပါး၏။ ထို့ကြောင့်ဂျွန်ပက်တန်သည် ဆုတောင်းပြီးရေတွင်းစတင်တူးခဲ့။“အောက်၌မိုးရေဘယ်လိုရှိနိုင်ပါ့မလဲ”ဟူ၍ကျွန်းသားများနား မလည်နိုင်ဖြစ်ခဲ့ ၏။ တွင်းအနီးသို့လာရန်ကြောက်ရွံ့ခဲ့ကြပြီးသူတို့အချင်းချင်းလက်များကိုင်ဆုတ်ထားလျက်တွင်းထဲသို့ခပ်မြန်  မြန်လှည့်ကြည့်ကြ၏။ ဂျွန်ပက်တန်ကရေကိုအရသာမြည်းစမ်းကြည့်ရန်သူတို့အားပြော၏။ ထိုကျွန်းရှိအကြီးအ ကဲဖြစ်သူက ရေကိုယူ၍ကြည့်၏။ စမ်းသပ်ကြည့်၏။ နောက်ဆုံးမြည်းစမ်းကြည့်ပြီး ယေဟောဝါ (ထာဝရဘုရား) သည်ဘုရားအစစ်ဖြစ်၏” ဟုအော်ဟစ်ပြောဆိုလေ၏။ အကြောင်းမှာ ဂျွန်ပက်တန်က ထာဝရဘုရားသည် သူတို့ကိုရေပေးကြောင်းပြောပြခဲ့ဖူး၏။ ထို့နောက်အကြီးအကဲက သူတို့၏ရုပ်တုများကိုသာသနာပြုဆရာ (ဂျွန်ပက်တန်)ထ့ယူဆောင်လာစေလျက်မီးရှိူ့(သို့)မြေမြှုပ်ပစ်ရန်အမိန့်ပေးခဲ့၏။ ဤသို့အားဖြင့် တကျွန်းလုံး 
ခရစ်တော်ထံယုံကြည်ပြောင်း လဲလာခဲ့၏။ (၁၈၉၉)ခုနှစ်တွင်ဂျွန်ပက်တန်သည် အန်နိဝါကျွန်းရှိဘာသာစကား ဖြင့်ဓမ္မသစ်ကျမ်းကိုပုံနှိပ်ထုတ်ဝေနိုင်ခဲ၏။ ထိုအချိန်တွင်နယူးဟက်ဘရစ်ရှိကျွန်း(၃၀)အနက်(၂၅)ကျွန်းပေါ်တွင် သာသနာပြုများသည် လူသားစားလူရိုင်းများကိုခရစ်တော်အကြောင်းသက်သေခံလျှက်ရှိကြ၏။
          အသက်ကြီးရင်ချိန်တွင်ပင် ဘုရားသခင်၏စေတမန်(ဂျွန်ပက်တန်)သည်“ဘုရားသခင်အမှုကိုနောက် ဆုံးစက္ကန့်ထိဆောင်မယ်”ဟုပြောလျက်နယူးစက်ဘရစ်အတွက်မှုတော်လုပ်ငန်းကိုဆက်လက် လုပ်ဆောင်ခဲ့ပေသည်။ သူသည် သြစတြေးလျမှ အခြားသူများအားသာသနာပြုလုပ်ငန်းအတွက်ဆုတောင်းပေးရန်နှင့်ငွေကြေး ထောက်ပံ့ရန်နှိုးဆော်ခြင်း၊ ကျွန်းများပေါ်၌သူကိုယ်တိုင်အမှုတော်ဆောင်ခြင်းပြုနေခဲ့သည်။ သူ၏သားဖြစ်သူ သည်တန်နာကျွန်း၌အခြေစိုက်နေထိုင်ခဲ့ပြီး သာသနာပြုရာဂျွန်ပက်တန်ကိုနှင်ထုတ်ခဲ့သောကျွန်းသားလူရိုင်းများ ပင်ယခုအခါခရစ်တော်ထံယုံကြည်ပြောင်းလဲလာကြ၏။ ဂျွန်ပက်တန်သည် ကျွန်းပေါ်ရှိလူသားစားလူရိုင်းများရာ နှင့်ချီ၍ခရစ်တော်ထံပြောင်းလဲလာခြင်းကိုမြင်ခဲ့ရပြီးနောက် အသက်(၈၃)နှစ်အရွယ်(၁၉၀၇)ခု၊ ဇန်နဝါရီလ (၂၀) ရက်တွင်ဘုန်းတော်ဝင်စားခဲ့၏။
          ယခုအချိန်တွင် နယူးဟက်ဘရစ် (တန်နာကျွန်းများအပါအဝင်)၌ပရိုတက်စတင့်သာသနာပြုအဖွဲ့ (၅)ဖွဲ့ ကသာသနာလုပ်ငန်းလုပ်ဆောင်နေကြပြီး ကျွန်းများပေါ်၌ယုံကြည်သူများစွာရှိနေပါသည်။

အိန္ဒိယပြည်၏ တမန်တော်

ဆန္ဒာဆင်း (Sundar Singh) (၁၈၈၉ - ၁၉၂၉)
အအေးဓါတ်ကသူ၏ ပါးလွှွာသော အဝတ် ကိုဖြတ်ကျော်စူး ဝင်လာသည်။ ဆူးညှောက် ခလုတ်များနှင့် ကျောက်ခဲ တုံးများက ဖိနပ်မပါသော သူ၏ခြေထောက် ကိုပွန်းပဲ့ထိ ခိုက်စေသည်။ သို့သော်လည်း သူသည်ဆီးနှင်း များဖုံးလွမ်း လျက် ရှိသောတောင် တန်းများ ကိုဖြတ်ကျော်လျှောက် လှမ်းခဲ့သည်။ ဖြူဖွေးနေသော ဆီးနှင်းများပေါ် တွင်သူ ၏ခြေ ထောက်မှထွက် ကျခဲ့သော သွေးများကျ ကျန်ရစ်ခဲ့သည်။ ပတ်တီး စည်းရန်သူထိုင်ချ လိုက်သည်။ သူ့အနောက်မှ လိုက်လာ ခဲ့သော အခြားလူတစ်ယောက်က သူ့အနားချဉ်းကပ် 
လာပြီးစကားစမြည်ပြော လိုက်သည်။ “ခင်ဗျား ဘယ်လို ခံစားရလဲ။” “ကျွန်တော့်ရဲ့အံ့သြဘွယ် ကယ်တင်ရှင်ခရစ်တော်၌ ကျွန်တော်ဝမ်းမြောက် လျက်ရှိပါတယ်” ဟူ၍ဆန္ဒာဆင်း ကပြန်ဖြေ လိုက်သည်။
    “ဘာကြောင့်ဖိနပ်မပါပဲ သွေးယိုစီးနေတဲ့ခြေထောက်နဲ့ဒီတောင်တန်းများ
ကို ဖြတ်ကျော်ပြီးခရီးသွားနေ သလဲ” 
    “ကရာနီကုန်းပေါ်မှာခြေထောက်ကသွေးယိုစီးခဲ့ရတဲ့သူကိုလူတွေသိမြင်စေရန် ညွှန်ပြချင်လို့ပဲ” လက်ဝါး ကပ်တိုင်၌အသေသတ်ခြင်းခံသော ကယ်တင်ရှင်က တန်ခိုးတော်ဖြင့်ခေါ်တော် မူခဲ့ခြင်းမှာကယ်တင်ရှင်အတွက် ဒုက္ခဆင်းရဲခံရန်နှင့် တိဗက်ပြည်ကဲ့သို့ ခရစ်တော်အကြောင်းမကြား ဘူးသေးသော တိုင်းပြည်များသို့ဧဝံဂေလိ တရားတော်ကိုပို့ဆောင်ရန်ဖြစ်ကြောင်း ဆန္ဒာဆင်းယုံကြည်ခဲ့ပေသည်။ (ထိုအချိန်ကတိဗက်ပြည်သည် ဧဝံဂေလိ တရားတစ်ခါမျှမကြားဘူးသေးချေ။)
    
ကလေးဘဝ
    ဆာဒူးဆန္ဒာဆင်းဟု သာမန်အားဖြင့်သိသောဆန္ဒာဆင်းသည် (၁၈၈၉)ခု၊ စက်တင်ဘာလ(၃)ရက်နေ့ တွင်ပန်ဂျပ်ပြည်နယ် ရမ်ပူ(Rampur)အရပ်တွင်ဖွားမြင်ခဲ့သည်။ သူ၏မိဘများသည် ဆစ်(ခ်)ဘာသာဝင်များဖြစ် ကြပြီး မိခင်ဖြစ်သူမှာဘာသာတရားကိုကြည်ညိုလေးစားသက်ဝင် ယုံကြည်သူဖြစ်သည်။ အိပ်ယာမှနိုးလျှင်နိုးချင်း ပထမဆန္ဒားအားဝိညာဉ်ရေးရာအစာနှင့် ကောင်းကြီး များအတွက်ဆုတောင်းရန်မိခင်ဖြစ်သူကတိုက်တွန်းနှိုဆော် ခဲ့ပြီး ထို့နောက်မှသာလျှင်နံနက်စာကို စားသောက်ခဲ့၏။ သူမသည် ဆန္ဒာဆင်းကိုအလွန်ချစ်မြတ်နိုးခဲ့ပြီး၊ သူသည် ဘာသာတရားကိုချစ်ရန်နှင့် သန့်ရှင်းသောဆဒူး(ဘာသာရေးခေါင်းဆောင်) တစ်ဦးဖြစ်လာရန်အလိုရှိခဲ့သည်။

 အသက်အလွန်ပျိုစဉ်ကပင်ဆန္ဒာဆင်းသည် ဟိန္ဒူဘာသာတရား၏သန့်ရှင်းသောကျမ်းဖြစ်သည့် ဘာဂဗက်ဂီတာ (Bhagavadgita) ကိုစတင်ဖတ်ခဲ့ပြီးအသက်(၇)နှစ်သားအရွယ်၌ ထိုကျမ်းကိုအလွတ်အာဂုံဆောင်ကျက်မှတ်ခဲ့ သည်။အခြားသူများအိပ်နေသောအချိန်တွင် သူသည်ဆစ်(ခ်)ဘာသာကျမ်း ဂရန့်သ်(Granth)၊ ဟိန္ဒူဘာသာရေး ကျမ်းဗေဒါ(စ်) (Vedas) သို့မဟုတ် မူစလင်ဘာသာရေးကျမ်း ကိုရမ်(Koran) တို့ကိုစိတ်အားထက်သန်စွာလေ့ လာနေသည်ကိုမကြာ ခဏတွေ့ရပေသည်။

အသက်ရှင်သောခရစ်တော်နှင့်တွေ့ဆုံခြင်း
    ခရစ်ယာန်ဘာသာနှင့်ပထမဆုံးတွေ့ဆုံမှုမှာ ဆန္ဒာဆင်း၏ရွာရှိသူတက်ခဲ့သောသာသနာစာသင်ကျောင်း တွင်ဖြစ်၏။ ကျောင်း၌သမ္မာကျမ်းကိုလေ့လာရန်ပြောဆိုခံရသောအခါသူ့နှလုံး၌မကျေမနပ်ဖြစ်ပေါ်ခဲ့သည်။ သူ သည်ဓမ္မသစ်ကျမ်းစာမျက်နှများကိုထင်ရှားစွာဆုတ်ဖြဲခဲ့ပြီး ခရစ်ယာန်ဘာသာကိုဆန့်ကျင်သောကျောင်းသား များ၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ သာသနာစာသင်ကျောင်းမှထွက်ပြီး အစိုးရစာသင်ကျောင်းတစ်ခုသို့ပြောင်းကာ ခရစ်ယာန်ယုံကြည်ချက်ကိုပြောင်လှောင်သရော်ခဲ့၏။

လူအုပ်ကြီးအားတရားဟောပြောသောသာသနာပြုဆရာ များကိုကျောက်ခဲ၊ ရွှံ့တုံးများဖြင့်ပစ်ရန်လူဆိုးလူေတေများကိုမကြာခဏအားပေးအားမြှောက်တိုက်တွန်းခဲ့၏။ လူပရိပ်သတ်ရှေ့တွင်ဓမ္မသစ်ကျမ်းတစ်အုပ်လုံးကိုပင်မီးရှို့ခဲ့၏။ သို့သော်လည်းခရစ်တော်ကိုပြင်းထန်စွာဆန့် ကျင်လေ သူ့စိတ်နှလုံးထဲ၌ပို၍မချမ်းမြေ့လေဖြစ်ကာနောက်ဆုံး၌ကျမ်းစာကိုစတင်လေံလာဖတ်ရှုခဲ့၏။

    တစ်နေ့သောနံနက်(၃)နာရီခန့်တွင်ငြိမ်သက်ခြင်းရရန်မိမိအိမ်အနာ၌ရှိသောရထားလမ်းပေါ်တွင် အသေခံရန်ဆုံးဖြတ်ချက်ဖြင့်အိပ်ရာမှထ၏။ ရေချိုးပြီးနောက် “အို-ဘုရားသခင်၊ အကာ်၍ဘုရားသခင်ရှိလျှင်ကျွနု်ပ်ကို ထင်ရှားပြတော်မူပါ။ ကယ်တင်ရာလမ်းကိုပြညွန်၍ငြိမ်သက်ြခ်ငးကိုပေးတော်မူပါ”ဟုဆုတောင်း၏။ အခန်းတွင်း ၌အလင်းတန်းတစ်ခုရုတ်တရက်မြင်လိုက်ပြီး အလင်းရောင်ထဲ၌သူမုန်းတီးသည့် အသက်ရှင်သော ခရစ်တော် ဘုရားကိုတွေ့ခဲ့၏။

 ခရစ်တော်ဘုရားကလက်ဝါးကပ်တိုင်ပေါ်တွင်သံမှိုဖြင့်ရိုက်နှက်ခံခဲ့သောလက်ဖဝါးများကိုပြ လျက် “ငါ့ကို သင်အဘယ်ကြောင့်နှိပ်စက်ညှင်းပန်းသနည်း။ သါသည်သင်၏ကယ်တင်ရှင်ဖြစ်သည်။” ဟုမိန့် တော်မူ၏။ ဆန္ဒာဆင်း၏စိတ်နှလုံးတွင်ဝမ်းမြောက်စိတ်ဖြင့်ပြည့်လျှံသွားပြီး ဝိညာဉ်ရေးရာဆာငတ်မှုလည်းကျေ နပ်အားရမှုရှိခဲ့ကြောင်းသူသိခဲ့၏။ သူ၏အသက်တာတစ်ခုလုံးပြောင်းလဲသွားခဲ့ပြီး ဤဘုန်းအသရေကြီးမြတ် သောအတွေ့အကြုံကိုသံသယဖြစ်အောင်မည်သူကမျှမပြုလုပ်နိုင်ခဲ့ချေ။ 

ဒုက္ခဆင်းရဲခံရန်ခေါ်တော်မူခြင်း  ခရစ်တော်နှင့်တွေ့ဆုံပြီးနောက်ဖခင်ကြီးထံတော်သို့ချက်ခြင်းသွားရောက်ကာ၊သူသည်ခရစ်ယာန်တစ်ဦး
 ဖြစ်ကြောင်းဝန်ခံခဲ့၏။အစပထမတွင် သူ၏ဖခင်ကမယုံကြည်ခဲ့ချေ။ သို့သော်လည်းမကြာမီပင်သူ၏မိသားစုအား လုံးကခရစ်ယာန်အဖြစ်ခံယူသောသူ၏ဆုံးဖြတ်ချက်အပေါ်ထိတ်လန့်တုန်လှုပ်ခဲ့၏။ မိခင်ကသူ၏ဘာသာတရား တရားကိုမစွန့်ပယ်ရန်နှင့် မိသားစုအားလုံးအရှက်တကွဲဖြစ်ရန်မပြုမူဖို့ဖခင်ကတောင်းပန်ခဲ့၏။

 အလွန်ချမ်းသာ ကြွယ်ဝသောသူ၏ဦးလေးက ကြီးကျယ်ခန်းနားသောသူ၏အိမ်သို့ခေါ်ဆောင်သွားပြီးအလွန်များပြားသောအဘိုး ထိုက်တန်သည့် ကျောက်မြတ်ရတနာများနှင့်ရွှေငွေအပုံလိုက်ပြလျှက်ဆန္ဒာဆင်းအားယုံကြည်ချက်အသစ်ကို စွန့်ပယ်လျှင် ဤအရာအားလုံးပေးမည်မည်ဟုပြောခဲ့၏။ သို့သော် ခရစ်တော်ကိုချစ်သောစိတ်ကြီးမားသော ကြောင့် ခရစ်တော်ကိုငြင်းပယ်ခြင်းမပြုခဲ့ချေ။ သူ့အားအိမ်မှနှင်ထုတ်ခဲ့၏။ စားစရာ၊ နေစရာမရှိပဲအေးချမ်းသော ညတွင်သစ်ပင်တစ်ပင်အောက်၌သူအိပ်ခဲ့ရ၏။

သို့သော်လည်းအဆင့်အတန်းနိမ့်သောအစေခံများကဲ့သို့အိမ်အ ပြင်တွင် အစာစားစေပြီး အစေခံများနှင့်အိပ်စေခဲ့၏။ဤကဲ့သောဒုက္ခဆင်းရဲခြင်းများကိုသခင်ခရစ်တော်အတွက် ဝမ်းမြောက်စွာခံယူခဲ့၏။ ဤအရာမှာ သူ၏သခင်အတွက်သူအဆက်မပြတ်ထမ်းရွက် မည့်လက်ဝါးကပ်တိုင်၏အ စဦးပင်ဖြစ်အေသည်။ နောက်ဆုံးအစာတွင် အဆိပ်ခတ်ကျွေးကာသူ့ အားအိမ်နှင်ထုတ်ခဲ့၏။ သူသည်အကြီးအ ကျယ်ဖျားနာကာ သေလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းဘုရာသခင်သည်သူ၏မဟာအကြံအစည်ပြည့်စုံစေရန် ဆန္ဒာဆင်းအား အသက်သေခြင်းဘေးမှကယ်နှုတ်ခဲ့ပေသည်။

    ဖျားနာရာမှပြန်လည်ကျန်းမာလာသောအခါ သာသနာပြုဆရာအချို့နှင့်အတူနေကာ ကျမ်းစာလေ့လာခဲ့ ဘူးသောအရပ်ဖြစ်သည့် လူဒီရာနာ (Ludhians) အရပ်သို့သွားခဲ့၏။ ထို့နောက်ဆင်မလာ (Simla) အရပ်၌အ သက်(၁၆)နှစ်မြောက်သူ၏မွေးနေ့တွင်ဗတ္တိဇံမင်္ဂလာခံယူခဲ့သည်။ များစွာစဉ်းစားဆုတောင်းခဲ့ပြီးနော်ခရစ်တော် အားနာခံသော အသက်တာ အဖြစ်မိမိကိုယ်ကိုလုံးဝဆက်ကပ်အပ်နှံကာ ခရစ်ယာန်ဆာဒူး(ဘာသာရေးကိုင်းရှိုင်း ကြည်ညိုသည့်သူတော်စဉ်) တစ်ဦးဖြစ်ခဲ့ပေသည်။

 သူ၏စာအုပ်များနှင့်ပိုင်ဆိုင်သောပစ္စည်းများကိုအခြားသူများ အားပေးကမ်းလိုက်ပြီး သင်္ကန်းဝတ်ရုံတစ်ထည်ကိုသာဝတ်ဆင်ခဲ့၏။ ဖိနပ်မပါ၊ မည်သူ၏အထောက်အပံ့မရှိဘဲ လက်ထဲတွင်ဓမ္မသစ်ကျမ်းကိုကိုင်လျက်သူ၏သခင်အတွက်အစေခံရန်ခရီးထွက်ခဲ့၏။သူ၏ဆောင်ပုဒ်မှာ “ငါဖြစ် လျှင်ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါးအဘယ်အရာမျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။” (ဂလ၊ ၆: ၁၄)“ခရစ်တော်သည်ငါ့ ကိုချစ်၍မိမိကိုယ်ကိုဆက်ကပ်ပူဇော်ခဲ့သလိုငါသည်လည်း ခရစ်တော်ကိုချစ်လျက်ငါ့အသက်တာကို ခရစ်တော် အတွက်ဆက်ကပ်ပူဇော်ရမယ်” ဟူ၍ပြောလေ့ရှိ၏။

သူတော်စင်တစ်ဦးဘဝ
    သူသည်ကလေးငယ်တစ်ဦးသာသာဖြစ်လင့်ကစား၊ သူ၏သခင်အတွက်ငတ်မွတ်ခြင်း အအေးဒဏ်များ၊ ဖျားနာဒုက္ခဝေဒနာများသာမက ထောင်ချခြင်းကိုပင်ခံစားခဲ့ရ၏။ တစ်နှစ်ပြီးတစ်နှစ် ပန်ဂျပ်၊ ကက်ရှမီးယား၊ အာဖဂန်နစ်စတန်၊ နီပေါ နှင့်တိဗက်ပြည်ရှိတောင်ကုန်းတောင်တန်းများကိုဖြတ်ကျော်ကာ သခင်၏မေတ္တာတော် ကိုမကြားသိသေးသူများကိုကြားပြောရန်ခရီးထွက်ခဲ့၏။ မကြာခဏဆိုသလိုပင် နှောင့်ယှက်ဆီးတားမှု၊မုန်းတီးမှု များကိုကြုံတွေ့ခံစားခဲ့ရ၏။

မကြာခဏဆိုသလို နှင်ထုတ်ခံခဲ့ရပြီးတောထဲ၌ဆာလောင်ငတ်မွတ်လျက်ညတာ အချိန်ကုန်လွန်ခဲ့ရ၏။ အေးချမ်းသောလေနှင့်မိုးဒဏ်မှအကာအကွယ်ရစေရန်လိုဏ်ဂူများ၊မြေတွင်းများ၌ ခိုလှုံခဲ့ရ ၏။ တခါတရံတောသားရဲကောင်များနှင့်ဂူတွင်း၌အတူအိပ်ခဲ့ရ၏။ တစ်ခုသောနံနက်ခင်၌ကျားသစ်တစ်ကောင် အိပ်ပျော်နေသည်ကိုသူတွေ့ခဲ့ရ၏။ တစ်ချိန်တွင်သူ့အနားတွင်ကျားသစ်နက်တစ်ကောင်တွေ့ခဲ့၏။

တစ်နေ့နံနက် စောစောတွင်သူ၏စောင်ထဲ၌တစ်စုံတစ်ခုရှိကြောင်းခံစားမိပြီးကြည့်လိုက်ရာမြွေဟောက် တစ်ကောင်သည်ခိုလှုံ ရာနှင့်နွေးထွေးမှုရရန်သူ၏နံဘေးတွင်နေခဲ့ကြောင်းတွေ့ခဲ့ရ၏။ ဟိမဝန္တာတောင်တန်းလမ်းခရီးများကိုဖြတ်ကျော် ရာ၌ပင်သူသည်ဖိနပ်မပါဘဲ သွားလာခဲ့ရာမကြာခဏဆိုသလိုပင်ကျောက်ခဲများ၊ ရေခဲတုံးများနှင့်ထိခိုက်ပွန်းရိ ကာသူ၏ခြေမှသွေးများယိုစီးကျဆင်းခဲ့ပေ၏။ ဤသို့ဖြင့်သူ့အား“ခြေထောက်၌သွေးယိုစီးသောတမန်တော် ” အဖြစ်သိရှိလာခဲ့ကြ၏။

မကြာခဏနှိပ်စက်ညှင်းပန်းခံရသည့်ကြားမှပင်သူ၏သည်းခံခြင်းနှင့်ဝမ်းမြောက်ခြင်းကို တွေ့ရသောကြောင့် လူတို့သည်သူ၏သတင်းစကားကိုလက်ခံချင်စိတ်ဖြစ်လာ၏။ သူသည်ရွာတစ်ရွာသိုသွား ရောက်ကာသစ်တုံးတစ်တုံးပေါ်၌ထိုင်ပြီးသီချင်းစတင်သီဆိုကျူးဧတော့၏။ မကြာမီပင်လူအများစုဝေးရောက် လာပြီးသခင်ယေရှုအါကြောင်းသူစတင်ပြောသောအ ခါဒေါသအမျက်ထွက်ခဲ့ကြ၏။

 ကရုပီရမ်(Krupe Ram) ဆို သူကဆန္ဒာဆင်းကိုရုတ် တရက်ပြင်းထန်စွာထိုးကြိတ်လိုက်ရာဆန္ဒာဆင်းသည်မြေသို့လဲခွေကျသွား၏။ သူ့လက် ဖျားနှင့် မျက်နှာကိုကျောက်တုံး များနှင့်ဆွဲခြစ်ခဲ့၏။ ဆန္ဒာဆင်းသည်မျက်နှာမှသွေးယိုစီးကျနေသည့်ကြားမှပင် ငြိမ်သက်စွာမတ်တတ်ရပ်ကာသူ၏ရန်သူများအတွက်ဆုတောင်းပေးပြီးခရစ်တော်၏မေတ္တာတော်အကြောင်း ကိုသူတို့အားပြောဆိုခဲ့၏။ နောင်အခါ ကရူပီရမ်လည်းစိတ်နှလုံးပြောင်းလဲပြီးယုံကြည်သူတစ်ဦးဖြစ်လာ၏။

    တစ်ချိန်တွင်ဓားပြများတိုက်ခိုက်လုယက်ခြင်းကြောင့်နာမည်ကြီးသောတောအုပ်တစ်ခုအတွင်း ဆန္ဒာဆင်းဖြတ်ကျော်သွားစဉ်ဓားပြ(၄)ဦးရုတ်တရက်ပေါ်လာပြီးတစ်ယောက်ကဓားတစ်လက်ဖြင့်သူ့အား သတ် ရန်ပြေးလာ၏။ဆန္ဒာဆင်းလည်းမကြာမီအသက်ဆုံးတော့မည်ကိုတွေးမိပြီးစတင်ဆုတောင်းတော့၏။ ထိုဓားပြ လည်းရုတ်တရက်အံ့အားသင့်သွားပြီးသင်ဘယ်သူလဲဟုမေးမြန်းစုံစမ်းတော့၏။ ဆန္ဒာဆင်းကသူသည် ခရစ်ယာန်ဆာဒူး (ဘုရားတရားကိုင်းရှိုင်းသူ)ဖြစ်ကြောင်းပြော ကာဓမ္မသစ်ကျမ်းမှ“သူဌေးကြီးနှင့် ဆင်းရဲစား လာဇရု”အကြောင်းဖတ်ပြလိုက်ရာ ထိုသူသည်သူ့အပြစ်ကိုသူပြန်မြင်လာ၏။ သူသည်ဆန္ဒာဆင်းကိုဂူတစ်ဂူသို့ ခေါ်ဆောင်သါားပြီးလူ့အရိုးပုံကြီးကိုညွှန်ပြလျက်ထိုအသတ်ခံရသူးများ အားလုံးအတွက်သူ၌အပြစ်ရှိကြောင်းပြောပြ၏။ ဆန္ဒာဆင်းလည်းသူ့အားခရစ်တော်ထံမှအပြစ်လွှတ်ငြိမ်းချမ်းသာခြင်းခွင့်ကိုလက်ခံရန်လမ်းပြပို့ဆောင်ခဲ့ ၏။ 

တိဗက်ပြည်၌
    ဆန္ဒာဆင်းသည် ခရစ်တော်အကြောင်းတစ်ခါမျှမကြားဘူးသေးသည့်ခက်ခဲကြမ်းတမ်း၍ အန္တရာယ်များ သောအရပ်ဒေသများကိုတမင်သက်သက်ရွေးချယ်ကာ ခရီးသွားခဲ့၏။သူ့စိတ်နှလုံး၌အထူးသဖြင့် တိဗက်ပြည်အ တွက်တမ်းတပူပန်ခဲ့၏။ တိဗက်ပြည်သည်အယူသည်းခြင်း၊ စုန်းကဝေအတတ်နှင့်နတ်ဆိုးကိုကြောက်ရွံ့ခြင်း၌ နစ်မြှုပ်နေခဲ့၏။ လားမားခေါ် ဘာသာရေးခေါင်းဆောင်များ၏ဖိနှိပ်ခြင်းကိုဆင်းရဲသားများခံစားခဲ့ရ၏။

 ထိုပြည်ရှိ လူများမှာအခြားဘာသာဝင်များဖြစ်ပြီး ဘီးများကိုလည်စေပြီးဘီးပေါ်တွင်ရေးထားသောဆုတောင်းချက်များအ တိုင်းဆုတောင်းရန်(သို့)အလံများပေါ်တွင်ဆုတောင်းချက်များရေးထားပြီးလေထဲတွင်မြောက်နေသော အလံများ ပေါ်ရှိဆုတောင်းချက်အတိုင်းသာဆုတောင်းရန်ယုံကြည်လျက်ပြုလုပ်ကြ၏။ ထိုသူများသည် ခရစ်တော်အ ကြောင်းတစ်ခါမျှမကြားဘူးခဲ့ချေ။

 ဆန္ဒာဆင်းသည်တိဗက်ပြည်သို့ကြိမ်ဖန်များစွာသွားရောက်ခဲ့၏။ တစ်ချိန်တွင် (၁၆၀၀၀)ပေမြင့်ပြီးအအေးဓါတ်လွန်ကဲနေသောအရပ်၌မြေကြီးပေါ်၌သာဆန္ဒာဆင်းအိပ်စက်ခဲ့ရဖူး၏။
    မြို့တစ်မြို့၌သူတရားဟောနေစဉ်သူ့အားနိုင်ငံခြားဘာသာဟောပြောခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခဲ့ ၏။သူ့အဝတ်အင်္ကျီများကိုဆုတ်ဖြဲပစ်ပြီး နက်ရှိုင်းခြောက်သွေ့သောရေတွင်းတစ်ခုထဲသို့သူ့အားပစ်ချလိုက်၏။ အခြားလူများစွာကိုပစ်ချခဲ့သောရေတွင်းဖြစ်သောကြောင့် လူသေကောင်အရိုးခွံများစုပုံနေပြီးပုပ်သိုးဆွေးမြေ့နံ စော်နေသောအသားများပေါ်သို့ကျသွားခဲ့၏။

 အနံ့အသက်အလွန်ပုပ်သိုးနံစော်နေပြီးပစ်ချခံရခြင်းကြောင့်လက် မောင်းဒဏ်ရာရခဲ့ပြီးပြင်းထန်စွာ နာကျင်ဝေဒနာလည်းခံစားခဲ့ရ၏။ အစာမရှိ၊ ရေမရှိ၊အိပ်၍မရဘဲ ထိုမှောင်မိုက် နေသောတွင်းနက်ကြီးထဲတွင် (၃)ရက်မျှဒုက္ခဝေဒနာခံစားခဲ့ရ၏။ တတိယညတွင်ဘုရားသခင်ထံသူဆုတောင်း နေစဉ်သူ့ခေါင်းပေါ်မှ စူးရှသောအသံတစ်သံကြားလိုက်ရပြီးရေတွင်းအဖုံးတံခါးပွင့်ကာအောက်သို့လျော့ကျထား သောကြိုးကို ကိုင်တွယ်ရန်ပြောသံကြားလိုက်ရ၏။ သူသည်ကြားရသောအသံအတိုင်းပြုခဲ့ပြီးမကြာမီရေတွင်းပြင် သို့ရောက်ရှိခဲ့၏။

သူ့အားကူညီသောလူစိမ်းသည်ရေတွင်းအဖုံးကိုပိတ်လိုက်ပြီးနောက်အမှောင်ထဲဝင်ရောက် ပျောက်ကွယ် သွား၏။ သူ့အားဘုရားသခင်ကယ်တင်လိုက်ကြောင်းသိလိုက်၏။ သူ၌လုံလောက်သောခွန်အားရှိ လျှင်ရှိချင်း၊ ဆက်လက်၍တရားဟောပြောခဲ့ရာဝိညာဉ်ရေးရာဆာငတ်နေသည့် များစွာသောလူများ ကယ်တင် ခြင်းကျေးဇူး ခံစားခဲ့ရ၏။ 

နီပေါပြည်၌
    နီပေ ါပြည်သည်အိန္ဒိယပြည်၏မြောက်ဖက်တွင်ရှိပြီးဆန္ဒာဆင်းခေတ်အချိန်ကာလတွင် ဧဝံဂေလိတရား တစ်ခါမျှဟောပြောခဲ့ဖူးခြင်းမရှိသေးချေ။ ဧဝံဂေလိတရားဟောပြောခြင်းကိုထိုပြည်၌တားမြစ်ပိတ်ပင်ခဲ့၏။ ဆန္ဒာဆင်းသည်နီပေါပြည်သို့သွားရောက်ကာဧဝံဂေလိတရားဟောပြောခဲ့၏။သူသည်ဖမ်းဆီးထောင် ချခံခဲ့ရ၏။ ထောင်အတွင်း၌အခြားအကျဥ်းခံနေရသောထောင်သားများကိုခရစ်တော်အကြာင်းပြောပြခဲ့၏။ ထို့ကြောင့်သူ့ အားမြေတိုက်ခန်းထဲ၌ပိတ်လှောင်ထားခဲ့၏။

ထိုအခန်း၌သူ့အင်္ကျီအဝတ်အစားများကိုချွတ်ပြီးတိုင်တစ်တိုင်တွင် သူ့ခြေလက်များကိုချည်နှောင်ထား၏။ အလွန်ဆိုးရွားသောအနံ့အသက်များရှိသောနေရာဖြစ်၏။ စုထားသော ကျွတ်ကောင်များသည်သူ့သွေးများကို စတင်စုပ်ယူတော့၏။ ဤကဲ့သို့ဒုက္ခဝေဒနာပြင်းထန်စွာခံစားရသည့်ကြား မှဆန္ဒာဆင်းသည်ဘုရားသခင်ထံဆုတောင်းခဲ့ပြီးချီးမွမ်းသီချင်းများကိုသီဆိုခဲ့၏။ အာဏာပိုင်များကရူးသွားပြီဟု ထင်ကာသူ့ကိုလွှတ်လိုက်၏။

ကျွတ်ကောင်များ၏သွေးစုပ်ခြင်ဒဏ်ကြောင့် သူအားနည်းသွားသော်လည်း မြို့ထဲ သို့ချက်ခြင်းသွားကာ စတင်တရားဟောခဲ့၏။
    ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းများကြားမှပင်“ကျွန်တော့်ကယ်တင်ရှင်အတွက်ဒုက္ခခံရတာကျွန်တော်ဝမ်း မိပါတယ်” ဟုဆန္ဒာဆင်းပြောခဲ့၏။ ဝမ်းမြောက်ခြင်းရဲ့လျှိုဝှက်ချက်ဟာဘာလဲ။“ကျွန်ုပ်တွေ့ကြုံရသောဒုက္ခဆင်း ရဲမှုများနှင့်ပျောက်ဆုံးဝိညာဉ်များအတွက်လုပ်ဆောင်မှုများကြား၌ခရစ်တော်၏လက်ဝါးကပ်တိုင်သည် ကျွနု်ပ်၏ နှစ်သိမ့်စရာအကြောင်း၊ မြှော်လင့်စရာအကြောင်း၊ ဝိညာဉ်ရေးရာအားသစ်လောင်း ရာအကြောင်းဖြစ်၏။” ခရစ်တော်သည် ကျွနု်ပ်အတွက်ကောင်းကင်ဘုံကိုစွန့်လွှတ်ပြီး လက်ဝါးကပ်တိုင်၏ဝန်ထုပ်ကိုယူဆောင်ခဲ့လျှင် ကျွနု်ပ်သည် ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းကာကိုယ်တော့် အတွက်ပျောက်ဆုံးသောဝိညာဉ်များရရှိစေရန်လုပ် ဆောင်ခြင်း မှတပါးသာ၍ကြီးမြတ်သော အလုပ်မရှိတော့ပြီ”ဟု သူပြောခဲ့၏။
 နီပေါပြည်၌ထောင်ချခံရသောအတွေ့ အကြုံကိုသူပြောရာ “ခရစ်တော်နှင့်အတူမျက်မှောက်တော်၌ အတူရှိနေခြင်းကကျွန်ုပ်၏ထောင်ကို မင်္ဂလာရှိသော ကောင်းကင် အဖြစ်သို့ပြောင်းလဲစေခဲ့၏” ဟုဝန်ခံခဲ့၏။

လောကကိုစိမ်ခေါ်ခြင်း
    မကြာမီအချိန်အတွင်းသူ၏ဒုက္ခဆင်းရဲခြင်းများနှင့်ထူးခြားသောအတွေ့အကြုံများနေရာအနှံ့ပြန့်နှံ့သွား ကာတစ်ကမ္ဘာလုံးရှိခရစ်ယာန်များကအိန္ဒိယပြည်၏တမန်တော်ကိုစတင်ဂရုစိုက်စိတ်ဝင်းစားခဲ့ကြ၏။ အိန္ဒိယ ပြည်အရပ်ရပ်မှခရစ်ယာန်များနှင့်ပြည်သူပြည်သားများကလူထုကြီးအားတရားဟောပြောရန် သူ့အားဖိတ်ခေါ် ခဲ့ကြ၏။ သူသွားခဲ့လေရာရာတိုင်း၌ခရစ်ယာ် များအားမိမိအလိုဆန ္ဒကိုငြင်းပယ်ကာလက်ဝါးကပ်တိုင်ထမ်း၍ သခင် ခရစ်တော်နောက်လိုက်ကြရန်စိမ်ခေါ်ခဲ့၏။

သူ၏သာသနာပြုစိမ်ခေါ်ချက်များကမြောက်မြားစွာသောသူများအား ဆုတောင်းခြင်းနှင့်ဆက်ကပ်လုပ်ဆောင်ခြင်းပြုရန် နိုးဆော်နိုင်ခဲ့၏။သူသည်သီရိလင်္ကာနိုင်ငံ၊ မြန်မာပြည်၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့သာသနာခရီးပြုခဲ့၏။ အနောက်ဥရောပနိုင်ငံများနှင့် အင်္ဂလန် နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံများသို့လည်းသွားရောက်ခဲ့။

    သူသွားလေရာရာ၌ခရစ်တော်ကဲ့သို့သောအသက်တာဖြင့်ပုံသက်သေပြရာလူတို့ကအသိအမှတ်ပြုခဲ့ကြ ၏။အစည်းဝေးတစ်ခု၌ ဆန္ဒာဆင်းအားရည်ညွန်းလျက် သမီးငယ်လေးတစ်ဦးက“သူဟာခရစ်တော်လား”ဟူ၍ မေးမြန်းခဲ့ဖူး၏။ပျောက်ဆုံးဝိညာဉ်များကို ချစ်သောမေတ္တာနှင့်သန့်ရှင်းသောအသက်တာကြောင့်ဆန္ဒာဆင်းသည် အမှန်တကယ်သူ၏သခင်နှင့်တူခဲ့ခြင်းဖြစ်ပေသည်။

နောက်ဆုံးစကား
    (၁၉၂၉)ခု၊ ဧပြီလ (၁၈)ရက်နေ့တွင်“ကျွန်တော်တိဗက်ပြည်ဒီနေ့သွားတော့မယ်။ ဘေးအန္တရာယ်
နဲ့ခက်ခဲမှုများစွာရှိတဲ့ခရီးစဉ်ဖြစ်ပေမဲ့၊ ကျွန်တော့်တာဝန်ကိုကျေပြွန်ရန်ကျွန်တော်အကောင်းဆုံး လုပ်ဆောင်ရမယ်”ဟူ၍မိတ်ဆွေတစ်ဦးထံစာရေးခဲ့၏။ နေ့ရက်များစွာကြာ ညောင်းသွားပြီး သူပြန်လာသင့်သော အချိန်ဖြစ်သော်လည်းသူပြန်လာခြင်းမရှိချေ။ သူ့ထံမှသတင်းစ ကားတစ်ခုမျှမရခဲ့ချေ။ တိဗက်ပြည်၌မာတုရ(အာဇာနည်)အဖြစ် အသက်ဆုံးခဲ့ခြင်းဖြစ်သော် လည်းကောင်း၊ တောင်တန်းများဖြတ်ကျော်စဉ်ချောက်ကမ်းပါးပေးပြုတ် ကျသေဆုံး ခြင်းသော်လည်းကောင်း၊ သူ့ကိုယ်ခန္ဓာကိုကျွဲသားရေ အစိုဖြင့်ပတ်ကာနေပူ ထဲတွင်ထားပြီးသားရေတွန့်လိမ်ကာ အရိုးကြေမွစေသော နည်းဖြင့်အသတ် ခံရခြင်းသော်လည်းကောင်း ဖြစ်ခဲ့ပေမည်။  သူ၏နိဂုံးသည်မည်သို့ပင်ဖြစ် စေကာမူ၊ အိန္ဒိယပြည်၏တမန်တော်ဖြစ်သောဆာဒူးဆန္ဒာဆင်းသည်သူ၏ သရဖူကိုရရှိခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ် တို့ယုံကြည်စိတ်ချလျက်ရှိပေသည်။

ဘိနပ်ချုပ်သမားဘဝမှ သာသနာပြုဆရာဖြစ်လာသူ

ဝီလီယမ်ကယ်ရီ (William Carey) (၁၇၆၀ - ၁၈၃၄)
တဲအိမ်ကုပ်ကလေး အတွင်း ဖိနပ်ဟောင်း များကို ချုပ်နေသော လူကလေး ဝီလီယမ်ကယ်ရီ ကိုသင်
တွေ့မြင်ခဲ့လျှင်နောင် အခါကျမ်းစာကို ကမ္ဘာ့ဘာသာ စကားပေါင်း များစွာ၏ ၁/၃ သို့ဘာ သာပြန်ပေးသော သာသနာပြု လုပ်ငန်း၏ ဖခင်ကြီးဖြစ် လာမည့်ဟု လုံးဝထင်မြင် ခဲ့မည်မ ဟုတ်ချေ။

ကလေးဘဝ
    ကလေးဘဝ၌ပင် ဇွဲလုံ့လရှိသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ စွန့်စားရသောအလုပ်ကို သူအမြဲနှစ်သက် ခဲ့၏။ တစ်ချိန်ကငှက်သိုက်ကိုစူးစမ်း
ရန်သစ်ပင်ပေါ်တက်ရင်းခြေချော်လိမ့်ကျခဲ့၏။ ကိုယ်ပေါ်၌ ခြစ်ရှရာဒဏ်ချက် များဖြင့်အိမ်ပြန်ခဲ့၏။ သူ၏မိခင်ကဒဏ်ရာများကိုဆေးထည့်၊ ပတ်တီးစည်းေျပးပြီး ကုတင်ပေါ်တွင်လဲလျောင်းစေ ခဲ့သည်။ သို့သော် သူသည်အလွယ်တကူနှင့်အလျော့ပေးတတ်သူမဟုတ်ချေ။ မိခင်အလစ်တွင် အပြင်ထွက်သွား ရာသူမသတိရ၍ ကြည့်လိုက်သောအခါလက်ထဲ၌ငှက်သိုက်ကိုင်လျက်ပြန်လာသော သားကိုတွေ့လိုက်ရသည်။
    ဝီလီယံသည်အားကစားနှင့်ခရီးသွားခြင်းကိုနှစ်သက်သည်။သူအနှစ်သက်ဆုံးသူရဲကောင်းမှာ ကိုလံဗတ် ဖြစ်ပြီး ထိုသူ၏အကြောင်းကိုမကြာခဏပြောခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်းသူ့အားအခြားသောကလေးများက “ကိုလံဗတ်” ဟုချစ်စနိုးခေါ်ခဲ့ကြခြင်းဖြစ်ပေသည်။ သူသည်ပတ်ဝန်းကျင်သဘောသဘာဝကိုနှစ်သက်မြတ်နိုးပြီး လယ်ကွင်းပြင်၌တွေ့ခဲ့သောသစ်ပင်များ၊ အင်းဆက်ပိုးများ၊ငှက်ကလေးများကို ရွေးချယ်စုဆောင်းပြီး လေ့လာ သည်။ ထိုအရာများထက် စာပေများကိုသူနှစ်သက်မြတ်နိုးဆုံးဖြစ်၏။ အထူးသဖြင့်ခရီးသွားမှတ်တမ်းနှင့် စွန့်စား ခန်းများအကြောင်းပါသောစာအုပ်များဖြစ်၏။ သူသည်ဘာသာစကားများကိုလေ့လာရန်လည်းစိတ်ဝင်စားခဲ့၏။ ကလေးဘဝ၌ပင် လက်တင်ဘာသာစကားကိုစတင်လေ့လာခဲ့၏။

ဘိနပ်ချုပ်သမားဘဝ
    အသက်(၁၂) နှစ်အရွယ်တွင်ကျောင်းထွက်ရသည်။ အသက်(၁၄)နှစ်အရွယ်တွင် ဖခင်ဖြစ်သူကဘိနပ် ချုပ်သမားတစ်ဦးထံတွင်အပ်နှံကာဘိနပ်ချုပ်အတတ်ပညာကိုသင်ယူစေခဲ့သည်။ ထိုအချိန်ကသူသည် ဘာသာ ရေး၌စိတ်ဝင်စားမှုလုံးဝမရှိသေးချေ။ သူသည်အသင်းတော်တော်သံစုံသီချင်းအဖွဲ့၌ ပါဝင်သီဆိုခဲ့ပြီး ကောင်းမွန် သောခရစ်ယာန်အိမ်ထောင်၌ကြီးပြင်းခဲ့သော်လည်း တခါတရံအခြားသူငယ်ချင်းများနှင့်ပေါင်းသင်းကာ ဆဲရေး တိုင်းထွာခြင်း၊ မုသာပြောခြင်း၊ ညစ်ညမ်းသောပုံများပြောခြင်းပြုခဲ့၏။ သို့သော်လည်းသူနှင့်အတူဘိနပ်ချုပ်သင် သူတစ်ဦးဖြစ်သော ဝါး(Warr) ၏ပုံသက်သေကောင်းကြောင့်မကြာခဏသြတ္တပ္ပစိတ်မကြည်မလင်ဖြစ်ကာစတင် ၍ဆုတောင်းတတ်လာ၏။ တစ်နေ့အလုပ်ရှင်၏ငွေတစ်သျှီလင် (shilling) ကိုသုံးမိသောကြောင့်ဖမ်းဆီးပြီးလူပုံ အလယ်၌အရှက်ခွဲခံခဲ့ရ၏။ ဤဖြစ်ရပ်အားဖြင့်နှိမ့်ချစိတ်ဖြစ်စေခဲ့ပြီးစိတ်နှလုံး၌ ဘုရားသခင်အမှုဆောင် အလုပ် လုပ်ရန်ပိုမိုလွယ်ကူစေခဲ့သည်။ မိမိသည်အပြစ်သားဖြစ်ကြောင်းသိလာသည်။ သင်းအုပ်ဆရာက “လူတစ်ဦး သည်ဘုရားရှစ်ခိုးခြင်းဖြင့် ခရစ်ယာန်မဖြစ်နိုင်၊ ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းဖြင့် သာခရစ်ယာန်ဖြစ်ကြောင်းရှင်းပြခဲ့၏။ ထိုဖြစ်ရပ်အားလုံးက သူ့အသက်တာကိုဆောက်တည်ရာမရ (နေမထိ၊ ထိုင်မသာ)ဖြစ်စေပြီးနောက်ဆုံးဒူးထောက်လျက် ခရစ်တော်ကိုလက်ခံကာ အသက်တာပြောင်းလဲသွားခဲ့၏။ 
သူသည်ဘိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန်(MOULTON) ရပ်ကွက် အသင်းတော်တစ်ခု၌ သင်းအုပ် ဆရာအဖြစ်လုပ်ဆောင်ခဲ့သည်။ “ကျွန်ုပ်ရဲ့အလုပ်မှာ ခရစ်တော်ရဲ့နိုင်ငံတော်ကျယ်ပြန့်ရေးအတွက်ဖြစ်တယ်။ ဘိနပ်ချုပ်ခြင်း၊ ပြင်ခြင်းသည် စားဝတ်နေရေးအတွက်ဖြစ်ပါတယ်” ဟုသူပြောလေ့ရှိ၏။ သူနံဘေးတွင်စာအုပ် အမြဲထားကာဘိနပ်ချုပ်ရင်းနှင့် ဖတ်နေတတ်၏။ ဤနည်းဖြင့် ဂရိနှင့် လက်တင်ဘာသာစကားကိုလေ့လာခဲ့၏ ဟေဗြဲ၊ ပြင်သစ်၊ အီတလီ၊ ဒတ်ချ်ဘာသာစကားများကိုလည်းလေ့လာ၏။ ဟေဗြဲဘာသာစကားလေ့လာရန် (၉)မိုင်ခန့်လမ်းလျှောက်၍ ဆရာဖြစ်သူထံသွားရ၏။ 

အမှုတော်ဆောင်ဘဝ
    ထိုအချိန်က ကယ်ရီသည်ကပ္ပတိန်ကုတ်(ခ) (CAPTAIN COOK) ရေးသားသောပင်လယ်ခရီးစာအုပ်ကို ဖတ်ပြီးတောင်ဘက်ပင်လယ်ကျွန်းများရှိထောင်ပေါင်းများစွာသောလူများထံသို့ဧဝံဂေလိတရားဟောရန် စိတ်ဖြစ်ပေါ်ခဲ့၏။ သူအလုပ်ရုံနံရံမှသံမှိုနှင့်ချိတ်ဆွဲထားသောအိမ်လုပ် ကမ္ဘာ့မြေပုံပေါ်၌သူဖတ်ရှုခဲ့ ရသောတိုင်းပြည်များ၏ အကြောင်းနှင့် လူဦးရေကိုရေးမှတ်ထားခဲ့၏။ နံနက်တိုင်းသူ၏ခုံတန်းလျား(ခုံရှေ)နားတွင်ဒူးထောက်၍ ကမ္ကာ့မြေ ပုံကိုကြည့်ကာ ခရစ်တော်မရသေးသောတိုင်းနိုင်ငံများအတွက်ဆုတောင်းလေ့ရှိ၏။ ဤသို့ဖြင့်ဧဝ့ဂေလိတရားကို တစ်ခါမျှမကြားဖူးသေးသူများထံ သတင်းကောင်းရောက်ရန် စိတ်နှလုံးတွင်အမြဲတစေစိုးရိမ်ခဲ့ပေသည်။
    သူသည်အခြားသောအမှုတော်ဆောင်များအားသာသနာပြုများ၏လိုအပ်ချက်များပြောခဲ့ပြီး ခရစ်တော် အကြောင်းတစ်ခါမျှမကြားဖူးသေးသူများအတွက် ဆုတောင်းရန် ဆုတောင်းအဖွဲ့ဖွဲ့စည်းခဲ့၏။ ထို့ပြင် “သာသနာ ပြုများ၏လိုအပ်ချက်များ” ကိုလည်းရေးသားခဲ့၏။ အမှုတော်ဆောင်များ အစည်းအဝေးတစ်ခု၌ အယူလွဲကာ ကိုး ကွယ်မှုမှားယွင်းနေသူများနှင့်ပတ်သက်၍စိုးရိမ်ပူပန်ကြောင့်ကြကြောင်း ဝေငှပြောဆိုခဲ့ပြီး၊ အမှုတော်ဆောင်များ ၌လည်းတာဝန်ရှိကြောင်းတိုက်တွန်းနှိုးဆော်ခဲ့၏။ ထိုအချိန်၌အသက်ကြီးသောအမှုတော်ဆောင်တစ်ဦးက “လူကလေး” ငြိမ်ငြိမ်နေစမ်း၊ ဘုရားသခင်ကလူတွေပြောင်းလဲစေချင်ရင် ငါတို့အကူအညီမပါပဲ သူ့ဖာသာ သူလုပ်လိမ့်မယ်” ဟုအော်ဟစ်ပြောဆိုခဲ့၏။ အခြားသောအမှုတော်ဆောင်မျာအားလုံးရှေ့၌ကယ်ရီသည် နှိမ့်ချ ခြင်းခံခဲ့ရ၏။ သို့သော်လည်းငယ်စဉ်အခါကရခဲ့သောအတွေ့အကြုံကြောင့်စိတ်ဓါတ်မကျဘဲရပ်တည်နိုင်ခဲ့သည်။
    (၁၇၉၁) ခုနှစ်၌ကယ်ရီသည်သိက္ခာတော်ရဆရာဖြစ်လာခဲ့သည်။ (အခြားသော) ဘုရားသခင်၏လူများ ကြား၌ထင်ရှားကျော်ကြားလာခဲ့၏။ (၁၇၉၂) ခုနှစ် နှစ်ခြင်းအမှုတော်ဆောင် များနှစ်ပတ်လည်အစည်းအဝေး၌ သူ့အားတရားဟောခွင့်ပေးခဲ့၏။ထိုအချိန်က သူဟောပြောခဲ့သော တရား၏ အဓိကအကြောင်းမှာ “ဘုရားသခင်” ထံမှကြီးမားသောအရာများ၊ မြှော်လင့်ပါ။ ဘုရားသခင်အတွက်ကြီးမားစွာလုပ်ဆောင်ရန် ကြိုးပမ်းပါ” ဖြစ်၏။ 
ဤအချက် သည် သူ၏ အဓိကဆောင်ပုဒ်ဖြစ်ခဲ့၏။
    ဤအစည်းအဝေး၏ရလဒ်မှာ “နှစ်ခြင်းသာသနာပြုအသင်းကြီး” စတင်တည်ထောင်ခဲ့ခြင်းပေတည်း။ သူတို့သည်ပထမဆုံးသာသနာပြုဆရာကို စေလွှတ်ရန်ဆန္ဒပြင်းထန်ခဲ့ကြပေသည်။

အိန္ဒိယပြည်၌ကယ်ရီအသက်တာ
    ကယ်ရီအတွက်သာသနာပြုသွားရန်လမ်းပွင့်ခဲ့ပြီ။ သို့သော်သူဘယ်ကိုသွားသင့်သလဲ။ တောင်ပင်လယ် ကျွန်းများနှင့်အနောက်အာဖရိကတိုက်သို့သွားရန် သူစဉ်းစားခဲ့၏။ သို့သော်ကယ်ရိအားအိန္ဒိယသို့သွားရန်ဘုရား သခင်အကြံအစည်ရှိတော်မူခဲ့၏။ ထို့ကြောင့်အိန္ဒိယ၌နေခဲ့ဖူးသော ဒေါက်တာသောမတ်(စ်)ကိုသူ့ထံသို့စေလွှတ် တော်မူခဲ့၏။ ကယ်ရီသည် ဒေါက်တာသောမတ်(စ်)အားဖြင့်အိန္ဒိယသို့သာသနာပြုသွားရန်ဆုံးဖြတ်ခဲ့၏။ အသစ် ဖွဲ့စည်းထားသော သာသနာပြုအသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူနှင့်အခြား ညီအစ်ကိုမောင်နှမအနည်းစုက ကယ်ရီ အတွက်ဆုတောင်းခြင်းအား၎င်း၊ ငွေကြေးအားဖြင့်၎င်းကူညီရန်ဂတိပြုခဲ့ကြ၏။ သာသနာပြုအနေဖြင့်အိန္ဒိယသို့ သွားရန်ဆုံးဖြတ်စဉ်ကကယ်ရီ၏အသက်မှာ (၃၃) နှစ်မျှသာရှိသေး၏။ အိန္ဒိယသွားရန်ပြင်ဆင်ခြင်းနှင့် အခြားအ ကြောင်းများကြောင့် အနည်းငယ်ကြန့်ကြာခဲ့ပြီးမှ(၁၇၉၃)ခု၊ ဇွန်(၁၃)ရက်နေ့တွင်ကယ်ရီနှင့် သူ၏မိသားစု၊ ဒေါက်တာသောမတ်(စ်)တို့ အိန္ဒိယပြည်သို့ရေလမ်းခရီးဖြင့်သွားခဲ့ကြသည်။ ခရီးစဉ်၌အခက်အခဲအမျိုးမျိူးတွေ့ ကြုံခဲ့ပြီး၊ နိုဝင်ဘာလတွင်အိန္ဒိယပြည်ကာလကတ္တားမြို့သို့ဆိုက်ရောက်ခဲ့သည်။ကယ်ရီနှင့်အတူသူ၏ဇနီး၊ ကလေး(၄)ယောက်၊ခယ်မ/မရီးနှင့်အတူပါလာကြသော်လည်းအိန္ဒိယလူမျိုးများ၏ဝိညာဉ်အတွက် တစ်ယောက် တစ်လေမျှစိတ်မဝင်စားကြချေ။ ကယ်ရီ၏ မိတ်ဆွေများနှင့်ဆွေမျိုးများ ကငေါအနည်းငယ်နှင့်အခြားတိုင်းနိုင်ငံ တွင်သွားရောက်နေထိုင်ခြင်းကြောင့် သူအားရူးနေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့သော်ကယ်ရိသည်အလွန်စိတ်အား ထက်သန်ပြီးမြှော်လင့်ချက်လည်းရှိခဲ့၏။ အိန္ဒိယပြည်လာစဉ်ပင်လယ်ခရီး၌သင်္ဘောပေါ်တွင် ဘင်္ဂါလီဘာသာ စကားကိုစတင်လေ့လာခဲ့၏။ နောင်အခါဟိန္ဒူစတန်နီ၊ မာရတီ နှင့်ပါဋ္ဌိဘာသာစကားကိုသင်ယူသည်။ အိန္ဒိယ ပြည်သို့ရောက်ပြီးမကြာမှီပင် အိန္ဒိယလူမျိုးများကိုစတင်တရားဟောခဲ့ကာ၊ သမ္မာကျမ်းကို ဘင်္ဂါလီဘာသာဖြင့် ပြန်ဆိုခဲ့၏။ ဘုရားသခင်သည်ဤအမှုတော်မြတ်ကြီးအတွက်သူ့အားဘာသာစကားများကိုနှစ်သက်မြတ်နိုးစိတ်ရှိ  စေရန်ပြင်ဆင်တော်မူခဲ့သည်။ 
အိန္ဒိယပြည်၌ရောက်ပြီးတစ်နှစ်အတွင်းမိသားစုအားလုံးတစ်ယောက်ပြီးတစ်ယောက်ဖျားနာခဲ့ကြသည်။ အသက်(၅)နှစ်အရွယ်ဖြစ်သူ ပီတာသည်ဖျားနာရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သင်္ချိုင်းတွင်းတူးရန်အဘယ် သူမျှဆန္ဒမရှိသောကြောင့်ဖျားနာနေသည့်ကြားမှ ကယ်ရီကိုယ်တိုင်တူးခဲ့သည်။နောက်မှအစေခံနှစ်ဦးရောက်လာ ပြီးကူညီသောကြောင့်ကယ်ရီခမြာကျေးဇူးတင်ကာငိုလုနီးပါးဖြစ်ခဲ့၏။
ကယ်ရီသည်စားဝတ်နေရေးအတွက်မဲနယ်စက်ရုံမန်နေဂျာအလုပ်လုပ်ခဲ့၏။ သမ္မာကျမ်းစာပုံနှိပ်ရန်စက် တစ်လုံးရှိခဲ့၏။ နောင်တွင်မဲနယ်လုပ်ငန်းမအောင်မြင်သဖြင့်ထိုအလုပ်ကိုလက်လွှတ်ခဲ့ပြီးပုံနှိပ်စက်မှာ လည်းမီး လောင်ပျက်စီးဆုံးရှုံးခဲ့၏။သို့သော်လည်းဤအရာများကသူ့အားစိတ်ဓါတ်ကျစေရန် မတတ်စွမ်းနိုင်ခဲ့ချေ။သူ့ကိုယ် သူမေးသောမေးခွန်းမှာ “အိန္ဒိယပြည်ကို ငါဘယ်လိုကူညီရမလဲ” ဖြစ်၏။

ကယ်ရီအား ဘုရားသခင်အသုံးပြုပုံ
    ခုနှစ်နှစ်မျှပင်ပန်းစွာလုပ်ဆောင်ခဲ့ရပြီးနောက်၊ ပထမဦးဆုံးယုံကြည်လာသော လက်သမားတစ်ဦးဖြစ် သူခရစ်ရှနူးပါ(လ်)အားဗတ္တိဇံမင်္ဂလာပေးခဲ့၏။ ထိုသူသည်လည်းခရစ်ယာန်ဖြစ် လာခြင်းကြောင့်များစွာဒုက္ခဆင်း ရဲခံရသော်လည်းသစ္စာရှိရှိအသက်ရှင်ပြီး လူများစွာကိုခရစ်တော်ထံသို့ပိုရဆောင်ခဲ့သည်။
    ၁၇၈၉ ခုနှစ်တွင်ကယ်ရီနှင့်အတူပါဝင်ရန်အင်္ဂလန်ပြည်မှလူ(၄)ဦးရောက်လာ၏။ သူတို့သည် ဆေရမ်ပို (Serampore) အရပ်၌သာသနာပြုဗဟိုတည်ထောင်ခဲ့ပြီးအိန္ဒိယပြည်အရပ်ရပ်သို့သွားကာခရစ်တော်အကြောင်း ဟောကာ စာသင်ကျောင်းများလည်းဆောင်လုပ်ပေးကြ၏။ သူတို့၌ကျမ်းစာ၊ နှုတ်ကပတ်တော်ဆိုင်ရာစာအုပ် လေးများပုံနှိပ်ရန် ပုံနှိပ်စက်ကြီးတစ်ခုလည်းရှိခဲ့၏။
    ၁၈၀၀ ပြည့်နှစ်၌ကယ်ရီသည် ဆေရမ်ပိုကောလိပ်ကိုတည်ထောင်ခဲ့သည်။ မိဘမဲ့ဂေဟာတစ်ခုနှင့်အနာ
ကြီးရောဂါသည်(နူနာ)ဆေးရုံတစ်ဆောင်လည်းတည်ထောင်ခဲ့၏။ အိန္ဒိပြည်၌(၂၂)နှစ်နီးပါးနေခဲ့ပြီး(၁၈၁၅) ခုနှစ် ၌ကယ်ရီအားဖြင့်ယုံကြည်သူ(၇၆၅)ဦးရှိခဲ့၏။သူမသေဆုံးခင်၊အိန္ဒိယ၌အသင်းတော်(၂၆)ပါး တည်ထောင်ခဲ့သည်။
    ကယ်ရီအားကာလကတ္တားရှိအစိုးရကောလိပ်ကျောင်း၌ဘင်္ဂါလီပါမောက္ခအဖြစ်ခန့်အပ်ခဲ့၏။  နောင်အခါ သူသည်ထိုကောလိပ်ကျောင်း၌မာရတိနှင့်ပါဋ္ဌိဘာသာစကားတို့ကိုပါသင်သင်ကြားပေးခဲ့သည်။ ပါမောက္ခအနေဖြင့် နှစ်ပေါင်း(၃၀)တာဝန်ထမ်းဆောင်ခဲ့ပြီးရရှိသောလစာအများစုကိုဘုရားသခင်၏ အမှုတော်မြတ်ကြီးအတွက်ပါဝင်ခဲ့ပြီးမိမိအတွက်အနည်းငယ်မျှသာအသုံးပြုခဲ့သည်။
    (၁၈၀၀) ပြည့်နှစ်တွင်ဓမ္မသစ်ကျမ်းကိုဘင်္ဂါလီဘာသာသို့ပြန်ဆိုပြီးခဲ့၏။ မသေဆုံးမီ သမ္မာကျမ်းတစ်အုပ်လုံးကို ဘာသာစကား(၂၀)နီးပါးမျှပြန်ဆိုခဲ့ပြီး အရှေ့တိုင်းဘာသာစကားဖြင့် ဓမ္မသစ်ကျမ်းကိုဘာသားစကား(၄၀) ကျော်ဘာသာ
ပြန်ဆိုခဲ့သည်။ ထို့ကြောင်သူ့အား ကမ ္ကာတစ်ခုံးလုံး၏ ၁/၃ အတွက်သမ္မာကျမ်းကိုဘာသာပြန်ပေးခဲ့ သူဟု ပြောစမှတ်ပြုခဲ့ကြ ပေသည်။
    ကယ်ရီအားဖြင့်အစိုးရကပြန်လည်ပြုပြင်သော ဥပဒေတစ်ရပ်မှာသေဆုံးသူခင်ပွန်းသည် အလောင်းကိုမီးရှို့စဉ်ထင်း ပုံထဲသို့အသက်ရှင်နေသောဇနီးကိုပါထည့်မီးရှို့ခြင်းကို တားမြစ်သော ဥပဒေဖြစ်သည်။ ဂင်္ဂါမြစ်ထဲသို့ကလေးသူငယ်များပူဇော် ဆက်သခြင်းကိုရပ်ဆိုင်းရန်လည်း သူ၌တာဝန်ရှိခဲ့ပေသည်။
    ဤမျှလောက်မြောက်မြားစွာစွမ်းေဆောင်ခဲ့သော်လည်းသူသည်တာဝန်ကျေရုံသာပြုသောအစေခံ တစ်ဦးကဲ့သို့မိမိကိုယ်ကိုအမြဲမှတ်ယူပြီးအနည်းငယ်မျှသာအသုံးဝင်သောသူဖြစ်သည်ဟုပြောခဲ့သည်။ သူ၏နောက်ဆုံးနေ့ရက်များအတွင်းသူ့ထံရောက်ခဲ့သောမိတ်ဆွေတစ်ယောက်အား “ငါသေတဲ့အခါ ဒေါက်တာကယ်ရီအကြောင်းဘာမျှမပြောပါနဲ့။ ဒေါက်တာ ကယ်ရီရဲ့ကယ်တင်ရှင်အကြောင်းကိုသာပြောကြပါ” ဟုမှာခဲ့ပေသည်။
    ဘင်္ဂါလီဘာသာဖြင့်သဘာသာပြန်ထားသောဘင်္ဂါလီဓမ္မသစ်ကျမ်းကို(၈)ကြိမ်မြောက်တည်းဖြတ်ပြီး၊ အသက်(၇၂) နှစ်တွင် “ငါ့အလုပ်ပြီးပြီ၊ လုပ်စရာမရှိတော့ဘူး၊ ဘုရားသခင်အလိုတော်ကိုစောင့်ရန်သာရှိတော့တယ်”ဟုတပြာသည်။ (၂) နှစ်ကြာပြီးနောက်(၁၈၃၄)ခု၊ ဇွန်လတွင်သူကွယ်လွန်ခဲ့ပြီးခန္မာကို သူချစ်မြတ်နိုးသောအိန္ဒိယပြည်၌ပင်မြှုပ်နှံခဲ့ပေသည်။ သူသည်သူ၏မိခင်တိုင်းပြည်သို့တစ်ခါမျှမပြန်ပဲ အိန္ဒိယပြည်၌(၄၁)နှစ်အမှုတော်မြတ်ကိုဆောင်ရွက်ခဲ့ရာ အသီးအပွင့်များ သည်ယနေ့တိုင်ကျန်ရစ်လျက်ရှိပြီးသူ့အား “ခေတ်သစ်သာသနာပြုလုပ်ငန်းများ၏ ဖခင်ကြီး”ဟုခေါ်ဆိုထိုက်ပေသည်။
ဆရာဦးအုန်းမြင့် ဘာသာပြန်ဆိုသည့် လက်ဝါးကပ်တိုင်တော်၏အစေခံများ စာအုပ်မှပြန်လည်ဖော်ပြပါသည်။

Tuesday, 29 October 2013

ဘဝအပယ်ခံတို့၏မိခင်ကြီး

ပန်ဒီတာ ရာမာဘိုင် (၁၈၅၈ - ၁၉၂၂)
    “ရာမာဘိုင်၊နင့်ပစ္စည်းတွေသိမ်းတော့၊ ငါတို့ခရီး သွားတော့မယ်” ဟုလူ ငယ်တစ်ဦး ကပြောလိုက်သည်။  ဘရာမင်အမျိုး သမီးငယ်သည် သူမ၏အစ်ကိုဖြစ် သူအား ဝမ်းနည်းစွာကြည့်လျှက်“ ကျွန်မတို့ဘာကြောင့် တနေရာမှတနေရာ အမြဲတမ်းခရီး သွားနေ ရတာလဲ၊ ဒီသာယာလှပတဲ့ရွာ ကလေးမှာပဲကျွန်မတို့ အခြေချနေထိုင်လို့  မရနိုင်ဘူးလား ”ဟုမေးလိုက်သည်။

    သူမ၏အစ်ကိုဖြစ်သူက သူ၏ဦးခေါင်းကိုခါပြလိုက်ပြီး “ရာမဘိုင်၊ နင်သိတဲ့အတိုင်းသန့်ရှင်းပြီး ဘာသာ ရေးအထွတ် အမြတ်ထားတဲ့နေရာဒေသတွေ အနှံ့ငါတို့သွားနေရမယ်။
 ဖေဖေကပူရန  ကျမ်းတွေကိုနေရာအမျိုးမျိုး မှာဖတ်ရွတ်မှသာ ငါတို့စား စရာတွေ။   ငွေတွေရနိုင်မှာဟဲ့”ဟုပြောလိုက်၏။ 
    အမျိုုးသမီးငယ်သည်သက်ပြင်းချလျက် သူမ၏အထုပ်သေးလေးကို ကိုင်ဆောင်ကာမိသားစုနှင့် အတူခရီး ထွက်ခဲ့တော့သည်။
    
အမြဲအစဉ်ခရီးထွက်ခြင်း
    ပန်ဒိတာရာမာဘိုင်ဟူ၍နောင်တွင်လူသိများခဲ့သောရာမာဘိုင်သည်အိန္ဒိယပြည်တောင်ပိုင်းမန်ဂလိုခရိုင် ရှိဘရာမင်စစ်မစ်မိသားစုတစ်စုမှဖွားမြင်ခဲ့သည်။မိသားစု၌အငယ်ဆုံးဖြစ်သည်။သူမ(၆)နှစ်သမီးအရွယ် ကပင်မိဘများသည်နေအိမ်ကိုထားရစ်ကာခလေးသူငယ်များနှင့်အတူခရီးသွားလာခြင်းအသက်တာကို အစပြုခဲ့သည်။ ကလေးငယ်ဖြစ်သောရာမာဘိုင်ကိုခြင်းတောင်းတစ်ခုထဲထည့်ကာသယ်ဆောင်သွားကြ၏။
    သူတို့သည်အထွတ်အမြတ်ထားသောအရပ်ဒေသတစ်ခုစီ၌လအနည်းငယ်ာကာနေထိုင်ပြီးတနေရာမှ တနေရာသို့ခရီးလှည့်လည်သွားခဲ့ကြသည်။ အထွတ်အမြတ်ထားသည့်ဒေသမှမြစ် များအတွင်း ၌ရေဆင်းချိုးကြပြီး ဘုရားကျောင်း၌ လှည့်လည်ရှိခိုးသွားလာခဲ့ကြ၏။ သူမ၏ ဖခင်သည်ပူရန(Puranas) ကျမ်းကိုလူစည်ကားရာအရပ် ၌သင်္သကရိုက်(ရှေးအိန္ဒိယ)ဘာသာစကားဖြင့်ဖတ်ရွတ်သည်။ ဘာသာတရားကိုင်းရှိုင်းကြည်ညိုသောဟိန္ဒူဘာ သာဝင်များကစုရုံးနားထောင်ခြင်းဖြင့်သူတို့မိသားစု၌လိုအပ်မည့်အထောက်အပံ့ငွေကြေးနှင့်စားစရာများ ကိုရလိမ့်မည်ဟုမျှော်လင့်သည်။ရာမာဘိုင်၏မိခင်သည်လည်းသင်္သကရိုက်ဖခင်ဖြစ်သူ၏သွန်သင်ပေး မှုကြောင့်ပူရနကျမ်းကိုဖတ်ရွတ်လိမ့်မည်ဖြစ်သည်။ “ရာမာဘိုင်”ကလေးလည်းမိခင်အားဖြင့်ပူရနကျမ်းကိုဖတ်ရှုရန်သွန်သင်ခြင်းခံရ ပေသည်။
    ဤသို့အားဖြင့်သူမ၏ဖခင်ကြီးဖျားနာဝေဒနာခံစားရပြီးဆက်လက်ခရီးမထွက်နိုင်၊ အလုပ်မလုပ်နိုင် သည့်တိုင်အောင်ထိုအယူအဆဓလေ့အတိုင်းအသက်ရှင်ခဲ့ကြသည်။

အစာရေငတ်မွတ်ခေါင်းပါးခြင်း    သုံးစရာငွေမရှိတော့ခြင်းနှင့်ဘာသာရေးပိတ်ပင်တားမြစ်မှုများကြောင့်သူတို့ဘာအလုပ်မျှမလုပ်နိုင်တော့ ချေ။ တစ်ချိန်တည်းမှာပင်ရာမာဘိုင်တို့မိသားစုနေထိုင်ရာအိန္ဒိယပြည်တောင်ပိုင်း၌ကြီးစွာသောအစာခေါင်းပါး
 ခြင်းခံစားရပြီးသူတို့လည်းအစားအစာမရှိပဲတစ်နေရာမှတစ်နေရာသို့ရွှေ့ပြောင်းနေထိုင်ကြရသည်။ သူတို့သည် တောင်းရမ်းစားသောက်ရန်လည်းမာန်မာနမချချင်။ စေခံအလုပ်လည်းမလုပ်ချင်ကြသဖြင့် အခြားဘာအလုပ်လုပ် ရမည်ကိုပင်သူတို့မသိကြချေ။  ဤသို့ဖြင့်စားရန်ဆန်တစ်စေ့ပင်မရှိတော့ သည့်အချိန်သို့ရောက်ရှိခဲ့သည်။ သူတို့ အားလုံးကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ရန် စဉ်းစားခဲ့ကြသော်လည်းထိုသို့မဖြစ်စေရန်ဘုရားသခင်၏ ကရုဏာ တော်ကကာကွယ်ပေးခဲ့၏။ ရွာတစ်ရွာရှိဘုရားကျောင်းတစ်ခု၌ခိုနားရာရှာဖွေခဲ့ကြသော်လည်းဘရာမင်ဘုန်းကြီး များ/ယဇ်ပုရောဟိတ်များကသူတို့အားနှင်ထုတ်ခဲ့ကြ၏။ထို့နောက်ရွာအပြင်ရှိဟောင်းနွမ်းပျက်ဆီးနေသော ဘုရား ကျောင်းတစ်ခုသို့ရွှေ့ပြောင်းခဲ့ကြပြီးထိုနေရာ၌ရာမာဘိုင်၏ဖခင်ကြီးသေဆုံးသွားခဲ့သည်။ လအနည်းငယ်အတွင်း သူမ၏မိခင်နှင့်ညီမဖြစ်သူလည်း အစာရေစာငတ်မွတ်ခြင်းကြောင့် အသက်ဆုံးပါးခဲ့ရပြန်သည်။ဤကနဦး ဒုက္ခဆင်း ရဲရခြင်းများကအခြားသူများ၏ ဒုက္ခဆင်းရဲခြင်းများကို သူမနားလည်စာနာတတ်စေရန်နှင့်အခြားသူများ ကိုကယ် ဆယ်ရန်အထောက်အကူဖြစ်စေခဲ့သည်။

ကာလကတ္တားမြို့၌
    ရာမာဘိုင်နှင့်သူမ၏အစ်ကိုသာလျှင်ဘဝကိုရင်ဆိုင်ရန်ကျန်ရစ်ခဲ့ကြသည်။တစ်ညတွင်အအေးဒဏ် လွန်ကဲသောကြောင့်မြစ်ကမ်းနဖူး၌သွေ့ခြောက်သည့်သဲများအကြားသူတို့လည်ပင်းမြှုပ်သည့်တိုင် ကိုယ်ကိုမြှုပ်နှံ လျက်နေခဲ့ကြရသည်။ မကြာခဏလည်းအစာငတ်မွတ်ခဲ့ကြသည်။ဤသို့ဖြင့်အိန္ဒိယပြည်တစ်ပြည်လုံးနီးပါးရှိဘု ရားကျောင်းများနှင့်နတ်ဘုရားများကိုကိုးကွယ်ရန်သူတို့သည်တနေရာမှတနေရာသို့ပြောင်းရွှေ့ လှည့်လည်ခဲ့ကြ ရသည်။ မိုင်ပေါင်း(၄၀၀၀)ကျော်ခြေလျင်လမ်းလျှောက်ခဲ့ကြရပြီးနောက်ဆုံး၌ကာလကတ္တားမြို့သို့ရောက်ရှိခဲ့ကြ ၏။ထိုနေရာ၌ပညာတတ်ဘရာမင်လူမျိုုးများနှင့်ရင်းနှီးသိကျွမ်းခဲ့ကြ၏။ ပူရနကျမ်းဂန်များဖတ်ရွတ်ခြင်းဖြင့်သူတို့ သည်ငွေနှင့်အစာရရှိရန်တတ်စွမ်းနိုင်ခဲ့ကြသည်။ ယခုအချိန်၌ရာမာဘိုင်သည်ဉာဏ်ပညာပြည့်စုံသည့်အမျိုးသမီး တစ်ဦးအရွယ်သို့ကြီးပြင်းခဲ့ပေပြီ။ ပန်ဒိလူများသည်သူမ၏ ဉာဏ်ပညာနှင့်အိန္ဒိယအမျိုးသမီးတို့၏အခြေအနေတိုး တက်ရန်သူမ၏ရဲရင့်သောဆုံးဖြတ်ချက်ကြောင့်အံ့အားသင့်ခဲ့ကြ၏။ သူမသည်အမျိုးသမီးများပညာသင်ကြားရေး လိုအပ်ချက်ကိုရဲရင့်စွာကျေညာခဲ့ပြီး လူပရိတ်သတ်များရှေ့၌ဟောပြောရန်မကြာခဏ ဖိတ်ကြားခြင်းခံခဲ့ရသည်။ ပန်ဒိလူများကသူမအားပန်ဒိတာဘွဲ့ကိုအပ်နှင်းခဲ့ပြီးထိုအချိန်မှစ၍သူမကိုပန်ဒိတာရာမာဘိုင်အနေဖြင့် လူသိများ လာသည်။
    ခရစ်ယာန်များနှင့်သူမစတင်သိကျွမ်းခဲ့သည်မှာကလာကတ္တားမြို့၌ဖြစ်သည်။ ခရစ်ယာန်အစည်းအဝေး တစ်ခုသို့သူမဖိတ်ကြားခံခဲ့ရပြီးခရစ်ယာန်တို့၏အမူအကျင့်နှင့်ဓလေ့ထုံးစံများကိုစူးစမ်းလေ့လာလိုစိတ်ဖြစ်ပေါ် ခဲ့သည်။ သူမဖတ်ရန်သင်္သကရိုက်ဘာသာစကားဖြင့်သမ္မာကျမ်းတစ်အုပ်ရရှိခဲ့ပါသည်။ သူမနားမလည်သည့်အ တွက်ဖတ်ရှုခြင်းမပြုခဲ့ချေ။ သို့ရာတွင်သမ္မာကျမ်းကိုသူမသိမ်းထားခဲ့၏။ ဟိန္ဒိူရှစတရပ်စ်(Shastras)ကျမ်းနှင့် အခြားအထွတ်အမြတ်ထားသည့်စာအုပ်များကိုနက်ရှိုင်းစွာလေ့လာရာသူမစိတ်ကျေနပ်မှုမရဖြစ်နေခဲ့သည်။ အကြောင်းမှာမိန်းမတစ်ဦးအတွက်ဘာသာရေးဆိုင်ရာမျှော်လင့်ချက်ပေးထားခြင်းမရှိသောကြောင့်ပေတည်း။ ဘုရားသခင်ကိုတမ်းတဆာငတ်သောစိတ်သူမ၌တစ်ဆတစ်ဆတိုးပွားလာခဲ့သည်။သူမဘိုးဘေးများ၏ ယုံကြည် ချက်အားလုံးကိုဆုံးရှုံးခံလျက် သူမအသက်(၂၂)နှစ်အရွယ်ရှုဒရာအမျိုးဘင်္ဂါလီ အမျိုးသားတစ်ဦးနှင့် အိမ်ထောင် ပြုခဲ့သည်။

ခရစ်တော်ထံတော်သို့ပြောင်းလဲလာခြင်း
    အက်ဆန်(Assam) မြို့၌ခင်ပွန်းဖြစ်သူနှင့်နေထိုင်စဉ်တနေ့သ၌ဘင်္ဂါလီဘာသာ စကာဖြင့်ရေးသားထား သည့်စာအုပ်ငယ်တစ်အုပ်ကိုတွေ့မိပြီးစိတ်ဝင်စားမှုများစွာဖြင့်စတင်ဖတ်ရှုခဲ့၏။ထိုစာအုပ်မှာရှင်လုကာ ခရစ်ဝင် ကျမ်းဖြစ်၏။သူမထံသို့ခရစ်ယာန် သာသနာဆရာတစ်ဦးမှန်မှန်အလည် အပတ်ရောက်ရှိခဲ့ပြီး ကျမ်းစာရှိပုံဝတ္ထု များကိုပြောပြခဲ့၏။ ခရစ်ယာန်ဘာသာကိုသူမလေ့လာခြင်း အတွက်သူမ၏ခင်ပွန်း ကကြိုက်နှစ် သက်ခြင်း မရှိချေ။ 
    သူတို့လက်ထပ်ပြီး(၂)နှစ်အကြာတွင်ခင်ပွန်းဖြစ်သူသည်ဝမ်းရောဂါဖြင့်ကွယ်လွန်ခဲ့ပြီးရာမာဘိုင်ငယ် ငယ်ရွယ်ရွယ်နှင့်မုဆိုးမတစ်ဦးဖြစ်ခဲ့ရရှာသည်။မန်နိုရာမာ(Manorama) ဟူ၍သူမ၏အမည်တွင်သည့်သမီးလေး တစ်ဦးဖွားမြင်ခဲ့သည်။
    ခင်ပွန်းကွယ်လွန်ပြီးနောက်ပူးနား(Poona)အရပ်သို့သမီးကလေးနှင့်ရွှေ့ပြောင်းခဲ့ပြီးထိုအရပ်၌ခရစ်ယာန် သာသနာပြုဆရာများထံ၌သူမဆက်လက်လေ့လာနားထောင်ခဲ့သည်။

အင်္ဂလန်ပြည်
    အိန္ဒိယပြည်အမျိုးသမီးများ၏အရေးကိစ္စကိုခုခံကာကွယ်ရန်ရာမာဘိုင်သည်မိမိ၌ပညာရေးလေ့ကျင့်မှုပိုမို လိုအပ်သည်ဟုစဉ်းစားမိသဖြင့်(၁၈၈၃)ခုနှစ်၌သူမ၏သမီးလေးနှင့်အတူအင်္ဂလန်ပြည်သို့ထွက်ခွာသွားခဲ့၏။ အင်္ဂလန်ပြည်အသင်းတော်မှညီအစ်မအားဖြင့်ထိုတိုင်းပြည်သို့ဝင်ရောက်ခွင့်ရခဲ့ပြီးသူမနှင့်ဆက်သွယ် သူများအား ဖြင့်ခရစ်ယာန်ဘာသာ၏သွန်သင်ချက်များနှင့်အကျိုးကျေးဇူးများကိုသူမတွေ့ကြုံခံစားရသည်။
 နေရာဒေသအ သီးသီးရှိညီအစ်မများ၏အိမ်များသို့သူမသွားရောက်လည်ပတ်ခဲ့ပြီးသူတို့၏လုပ်ငန်းများ ကိုလည်းတွေ့မြင်ခဲ့သည်။ အဆင့်အတန်းနိမ့်ကျပျက်စီးနေသောအမျိူးသမီး လုပ်ဆောင်သော လုပ်ငန်းများကို သူ မအလွန်စိတ်ဝင်စား အထင် ကြီးခဲ့သည်။ ထိုသူတို့၏ အသက်တာထဲသို့ခရစ်တော် ယူဆောင်လာသည့်ပြောင်းလဲခြင်းကို သူမတွေ့မြင်ခဲ့ပြီး အိန္ဒိယပြည်ရှိအမျိုးသမီးများကိုလည်း ကိုယ်တော်သာလျှင်ပြောင်းလဲပေးနိုင်မည်ဟုသူမနားလည် သဘောပေါက်ခဲ့သည်။

အသက်တာပြောင်းလဲခြင်း
   ထိုသို့ဖြင့်သူမ၏စိတ်နှလုံးသည်ခရစ်တော်၏ဖက်သို့စိတ်ဝင်စားခဲ့သည်။ ဗတ္တိဇံမင်္ဂလာ ခံယူကာ အင်္ဂလီကန် အသင်းတော်၌ပါဝင်ခဲ့သည်။သို့ရာတွင်ခရစ်တော်ကိုသူမ၏ကိုယ်ပိုင်ကယ်တင်ရှင်အနေဖြင့် မသိရှိသေးသော ကြောင့်စိတ်နှလုံးသား၌ကျေနပ်အားရမှုမရှိသေးချေ။ ထို့နောက်သူမသည်အမေရိကန်ပြည်သို့ခရီးထွက်ခဲ့ပြီးနေ ရာဒေသများစွာ၌သင်တန်းများပို့ချသည်။ အိန္ဒိယပြည်သို့ပြန်လည်ရောက်ရှိချိန်၌သမ္မာကျမ်းစာကိုစိတ်အားထက် သန်စွာစတင်ဖတ်ရှုခဲ့သည်။ “ခရစ်ယာန်ဘာသာတရားကိုသာတွေ့ရှိခဲ့ပြီး ခရစ်ယာန်ဘာသာတရား၏အသက် ဖြစ်တော်မူသောခရစ်တော်ကိုမတွေ့ရှိခဲ့ပါ”ဟုနောင်အချိန် တွင်ပြန်ပြောင်းပြောခဲ့ဖူးသည်။  သူမ၏ဝိညာဉ်အသက်တာအတွက်ကျေနပ်အားရမှုမရှိခဲ့ချေ။
    နောက်ဆုံးတွင်ဘုရားသခင်၏နှုတ်ကပတ်တော်အာဖြင့်သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှု
 ကြောင့်ခရစ်တော်ကိုသူမ၏ကယ်တင်ရှင်အနေဖြင့်တွေ့ရှိကာကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့သည်။ 

ရှာရဒ - ဆာဒန်
    ခရစ်တော်ကိုသိရှိခြင်းကြောင့်ရာမာဘိုင်၌ဘုရားသခင့်စေကိုခံလိုစိတ်ကြီးမားခဲ့၏။ သာသနာပြုဆရာ ဂျွန်ပက်တန်နှင့်ဟတ်စင်တေလာတို့အသက်တာများကသူမကိုလွှမ်းမိုးခဲ့ပြီးလိုအပ်ချက်များအားလုံးအတွက် ဘုရားသခင်အပေါ် ခိုလှုံကိုးစားလျက်အိန္ဒိယပြည်၌“ယုံကြည်ခြင်းသာသနာပြုလုပ်ငန်း”စတင်ခဲ့သည်။
    အိန္ဒိယမုဆိုးမများနှင့်ကလေးသူငယ်များကိုအပြစ်နှင့်ရှက်ကြောက်ဖွယ်အသက်တာမှရွေးနှုတ်ရန်/ ကယ်ဆယ်ရန်နှင့်ခရစ်တော်ထံသို့ပို့ဆောင်ရန်စိတ်ဆန္ဒရှိခဲ့သည်။ ထို့ကြောင့်ပွန်းနား(Poona)အရပ်၌ကယ်ဆယ်ရေး ရိပ်သာ(အိမ်)တစ်လုံးတည်ဆောက်ခဲ့သည်။ထိုအိမ်ကိုဉာဏ်ပညာစုစးည်ရာအိမ်(Home of Wisdom)ဟူသော အဓိပ္ပာယ်ဖြင့် “ရှာရဒ - ဆာဒန်” ဟုမည့်ခေါ်ခဲ့ကြသည်။
    မတရားညဉ်းပန်းနှိပ်စက်ခံရသူများ၊ အပယ်ခံလူတန်းစားများနှင့်အစာငတမွတ်ခေါင်းပါးနေသူများအား လုံးကိုထိုအိမ်၌ကြိုဆိုလက်ခံခဲ့သည်။ ထိုအိမ်သို့လာရောက်ခဲ့ကြသည့်အမျိုးသမီးများကိုမိမိတို့ခြေပေါ်မိမိတို့ရပ် တည်နိုင်မည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် မိမိတို့လက်ဖြင့်အလုပ်လုပ်ကိုင် စားသောက်နေထိုင်နိုင် ရန်သင် ကြားပေး၏။
    အိမ်ခြေမဲ့အမျိုးသမီးများနှင့်အပယ်ခံလူတန်းစားများစွာတို့ထိုအိမ်သို့လာရောက်ခဲ့ကြပြီးရာမာဘိုင်က သူတို့ကိုသနားကရုဏာမေတ္တာနှင့်ကြိုဆိုလက်ခံခဲ့သည်။ သူတို့အားလုံးသူမကိုချစ်မြတ်နိုးကြသည်။အကြောင်း
မှာသူမသည်သူတို့မိခင်၊မိတ်ဆွေနှင့်ဆရာမသဖွယ်ဖြစ်ခြင်းကြောင့်ပေတည်း။
    ခရစ်တော်ကိုသူတို့လက်ခံရန်သူမအတင်းအဓမ္မမတိုက်တွန်းခဲ့ချေ။သို့ရာတွင်သူမထံမှခရစ်တော်အ
 ကြောင်းကြားနာရခြင်း၊သူမ၏ချစ်မေတ္တာနှင့်အသက်တာတို့ကိုမြင်တွေ့နေရခြင်းအားဖြင့်သူတို့ထဲမှ
အများစုသည်ခရစ်တော်ကိုသူတို့၏ ကယ်တင်ရှင်အဖြစ်တွေ့ရှိခဲ့ကြသည်။
    ဘုရားဝတ်ကျောင်းများတွင်အပြစ်နှင့်ဆင်းရဲဒုက္ခ၏ကျေးကျွန်ဘဝ၌မရုန်းထွက်နိုင်ကြသောအမျိုးသမီး ကြီးငယ်တို့သည်မကြာခဏဆိုသလိုပင်ရာမာဘိုင်အားဖြင့်ရွေးနှုတ်ကယ်ဆယ်မှုခံစားကြရ၏။ များစွာသောသူတို့ သည် “ရှာရဒ - ဆာဒန်”အိမ်သို့လာရောက်ခဲ့ကြသည်။
    တစ်ကြိမ်တွင်သူမသည်ဆင်းရဲသားခရီးသည်အနေဖြင့်ဟန်ဆောင်ရုပ်ဖျက်ကာ ဘရင်ဒါဘန်
(Brindaban)အရပ်သို့သွားခဲ့၏။ထိုအရပ်၌ယဇ်ပုရောဟိတ်မျာကအမျိူးသမီးများစွာကိုအစေခံကျွန် သဖွယ်ထိန်းချုပ်ထား၏။ ထိုအမျိုးသမီးများကိုဆင်းရဲဒုက္ခရောက်နေသည့်အသက်တာမီလွတ်မြောက်ရန်ထွက်ပြေးနိုင်ခဲ့လျှင် “ရှာရဒန် - ဆာဒန်”အရပ်သို့လာရောက်နိုင်ကြောင်းသူမပြောပြခဲ့၏။
    သူမသည်ရွာများသို့နွားလှည်းဖြင့်ခရီါ်ပြုကာတရားဒေသနာဟောပြော၍ဆင်းရဲသူများအားအစားအစာ
 နှင့်အဝတ်အထည်ဝေမျှရန်လုပ်ဆောင်ခဲ့ပေလိမ့်မည်။ ဤအမှုတော်လုပ်ငန်းအတွက်လိုအပ်သမျှထောက်ပံ့မှုရ ရန်ဘုရားသခင်ထံသူမမှီခိုအားထားခဲ့၏။ ဟိန္ဒူယဇ်ပုရောဟိတ်များက သူမကိုဆန့်ကျင်မုန်းတီးခဲ့ကြသည်။ အကြောင်းမှာဝတ်ကျောင်းတော်ရှိအမျိုးသမီးများစွာကိုကျေးကျွန်ဘဝမှသူမကလွတ်မြောက်စေ ခဲ့သောကြောင့် ဖြစ်၏။တစ်ကြိမ်တွင်ဂူဂျရတ်(Gujarat)အရပ်မှအမျိုးသမီးငယ်တစ်ဦးသည် ဆိုးညစ်သောယဇ်ပရောဟိတ်များ ထံမှထွက်ပြေးလွတ်မြောက်ရန်ဘုံဘေမြို့ရှိဆေးရုံတစ်ရုံသို့စေလွှတ်ခြင်းခံရသည်။ သို့ရာတွင်ယဇ်ပရောဟိတ် များကသူမကိုရှာဖွေတွေ့ရှိခဲ့ပြီးသူတို့ထံပြန်လာစေလိုကြသည်။ ထိုအမျိုးသမီးငယ်သည်သူတို့ထံသွားရန်ငြင်းဆို ခဲ့သည်။ အကြောင်းမှာသူတို့သည်သူမအားကျာပွတ်နှင့်ရိုက်လိမ့်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။သူမထွက်
 ပြေးလွတ်မြောက်မှုမရှိစေရန်ဆေးရုံကိုနေ့ရောညပါစောင့်ကြည့်နေကြသည်။ သို့ရာတွင်သူမလွတ်မြောက်စေရန် ရာမာဘိုင်ကသူမ၏မိတ်ဆွေတစ်ဦးအားဖြင့်ကူညီခဲ့ပြီး “ရှာရဒ - ဆာဒန်”သို့သွားရောက်စေခဲ့၏။
    ရာမာဘိုင်၏ကျော်ကြားမှုသည် အိန္ဒိယတစ်နိုင်ငံလုံးသာမက အခြားတိုင်းနိုင်ငံများအထိပြန့်နှံ့ခဲ့၏။ “ဆာရိုဂျီနီ”ကဲ့သို့ အိန္ဒိယခေါင်းဆောင်များကသူမအားအိန္ဒိယပြည်၏ကြီးမြတ်သောသမီးတော်တစ်ပါးအနေဖြင့် အသိအမှတ်ပြုခဲ့ကြသည်။ အခြားတိုင်းပြည်မှလူများကလည်းဆုတောင်းပေးခြင်း၊ အလှူငွေလှူခြင်းဖြင့်သူမကို စတင်ကူညီခဲ့ကြသည်။ 

မုကတီ (Mukti)
    ရာမာဘိုင်၏လုပ်ငန်းသည်ပြန့်နှံ့ခဲ့ပြီးရှာရဒ - ဆာဒန်သို့လာရောက်သည့်အမျိုးသမီးအားလုံးအတွက်အ ခန်းမရှိခဲ့ချေ။ထို့ကြောင့် ပူနား(Poona)အရပ်အနီးရှိ ခက်ဂျူန်(Khedgaon)အရပ်၌မြေကွက်ဝယ်ပြီး ရှာရဒ - ဆာဒန် နှင့်ခပ်ဆင်ဆင်တူသောအိမ်တစ်လုံးတည်ဆောက်ခဲ့၏။ ထိုအိမ်ကို မုကတီ“ကယ်တင်ခြင်း” ဟုမည့် ခေါ်ခဲ့သည်။
    “မုကတီ”တည်ထောင်ခြင်းနှင့်ထိုအမှုတော်လုပ်ငန်းအတွက်ဘုရားသခင်ထံများစွာဆုတောင်းခဲ့ကြ၏။ ဤအိမ်သို့လာရောက်သည့်အမျိူးသမီးငယ်များကိုအသုံးဝင်မည့်လုပ်ငန်းများကိုသင်ကြားပေး၏။ သို့မှသာဤ အိမ်မှထွက်ခွာသွားသည့်အခါအလွယ်တကူအလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်မည်။ အများစုမှာ သူနာပြုများ၊ ရက်ကန်းယက်သူများ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသူများ၊ ကျမ်းစာသင်ဆရာများနှင့် အိမ်ရှင်မများဖြစ်သွားကြ သည်။ အမျိုးသမီးငယ်တစ်ဦးဦးက အသက်တာသစ်ကိုအစပြုရန်“မုကတီ”မှထွက်ခွာသွားတိုင်း၊ သူမနေရာအတွက်အ စားဝင်ရောက်လာသူရှိစမြဲဖြစ်၏။
    အိန္ဒိယပြည်အလယ်ပိုင်း၌အစာငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ်ကျရောက်ပြီးလူများစွာသေဆုံးခဲ့ရ၏။ ရာမာဘိုင်ကိုယ်တိုင်အစာငတ်မွတ်ခေါင်းပါးမှုဒဏ်ခံစားခဲ့ရသောနေ့ရက်များကိုသတိ၇ပြီး ထိုဒုက္ခသည်များအား ကူညီမစရန်တစ်စုံတစ်ရာပြုလုပ်ဖို့်ဆန္ဒရှိခဲ့၏။ အကူအညီလိုအပ်နေသည့်အမျိုးသမီးဦးရေမှာ(၃၀၀)ရှိ၏။ သို့ရာ တွင်သူမဘာလုပ်နိုင်မည်နည်း။မူကတီ၌လူပြည့်လျှံနေပြီးသားဖြစ်၏။ လိုအပ်ချက်များကိုသူမရေးသားပြီး စတင် ဆုတောင်းခဲ့၏။ မကြာမှသူမ၏စာကိုဖတ်ပြီးခရစ်ယာန်များကစတင်ကူညီပေးခဲ့၏။ ထိုအမျိုးသမီးများကိုကူညီရန် လုံလောက်သောငွေကြေးရှိခဲ့၏။

ကောင်းစွာပြုခဲ့ပြီ
    ရာမာဘိုင်သည်ခရစ်တော်အတွက်အမြဲတမ်းမအားမလပ်လုပ်ဆောင်ခဲ့သူဖြစ်၏။ သူမသည်မကြာခဏ ခရီးလှည့်လည်ပြီးသွန်သင်ခြင်း၊ ဟောပြောခြင်းပြုခဲ့၏။ မာရတီ(Marathi)ဘာသာပြန်စကားဖြင့်သီချင်းများ၊ ဓမ္မ တေးများကိုပင်သူမရေးစပ်ခဲ့၏။ နှိမ့်ချစွာအစပြုခဲ့ရာမှခိုကိုးရာမဲ့အိမ်(၂)အိမ်တွင်နေထိုင်သူများပြား လာခဲ့သော ကြောင့် “မုကတီ”တစ်အိမ်တည်းတွင်ပင်အမျိုးသမီးငယ်များနှင့်အမျိုးသမီးဘကီးများ(၂၀၀၀)နီးပါးရှိခဲ့၏။ ရာမာဘိုင်ကိုကူညီထောက်ပံံ့ပေးမည်လက်ထောက်ဆရာ/ဆရာမများတစ်ရာကျော်ခန့်ရှိခဲ့၏။
    နောက်ဆုံး(၁၉၂၂)ခုနှစ်တွင်ပန်ဒီတာရာမာဘိုင်သည်သခင်ဘုရား၏“ကောင်းစွာပြုခဲ့ပြီ”ဟူသော အသံ တော်ကိုကြားကာထာ)ရဆုလာဒ်သရဖူယူရန်သွားခဲ့ပေသည်။သို့ရာတွင်သူမ၏အမှုတော်လုပ်ငန်းမှာ ဆက်လက်တည်တံ့ခိုင်မြဲခဲ့၏။ယနေ့တိုင်“မူကတီ”သာသနာပြုလုပ်ငန်းသည်အိုးမဲ့အိမ်မဲ့သူများနှင့် အပယ်ခံလူတန်းစားများအတွက်ကယ်ဆယ်ရေးစခန်းတစ်နေရာအဖြစ်ဆက်လက်တည်ရှိကာ ရာပေါင်းများစွာသောသူတို့သည်ကျေနပ် အားရမှုရှိသောအသုံးဝင်သောအသက်တာကိုထိုနေရာ၌တွေ့ကြသည်။
    ကိုယ်တော်တစ်ဖန်ပြန်ကြွလာတော်မူသောအချိန်၌ခရစ်တော်ကိုယုံကြည်သူတို့သည် ရှင်ပြန်ထမြောက် ကြမည်။ရာမာဘိုင်ကမိမိအသက်တာကိုပေးလှူအနစ်နာခံကာလုပ်ဆောင်ခဲ့သောကြောင့် ဝမ်းမြောက်ပျော်ရွှင် မှု ရခဲ့သည်။ အမျိုးသမီးများနှင့်ခလေးသူငယ်များလည်းရှင်ပြန်ထမြောက်လာကြသောသူမအား“မင်္ဂလာရှိ သောသူ” ဟုခေါ်ကြပေမည်။
    ရာမာဘိုင်၏အောင်မြင်မှုနှင့်သူမ၏အမှုတော်လုပ်ငန်းကလူများစွာကိုအံ့သြစေခဲ့၏။ ဤကဲ့သို့ဘယ်လို ဖြစ်နိုင်ခဲ့ပါသနည်း။မိမိလူတို့ကအပယ်ခံဇာတ်နိမ့်လူတန်းစားတစ်ဦးအဖြစ်ပြုမူ ဆက်ဆံခံရပြီးအားအင်ချည့်နဲ့နေ သော“ဘရာမင်”အမျိုးမုဆိုးမတစ်ဦးကဘုရားသခင်နှင့်လူ့ဘောင် အသိုင်းအဝိုင်းအတွက်ဤမျှဆောက်လုပ်နိုင် ခြင်းမှာအဘယ်သို့လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သနည်း။ လျှို့ဝှက်ချက်မှာသူမ၏အသက်တာကိုခရစ်တော်ဘု ရားလက်တော်ထဲလုံးဝဆက်ကပ်အပ်နှံလိုက်သောအခါကိုယ်တော် ကအသုံးပြုတော် မူခဲ့ခြင်းကြောင့်ဖြစ်ပါ သည်။ ကိုယ်တော်၏ခွန်အားဖြင့်စွမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
   
 ရာမာဘိုင်က.... “ကျွနု်ပ်အတွက်ဘုရားသခင်လုပ်ဆောင်ပေးသမျှကိုသင့်အတွက်လည်းကိုယ်တော်လုပ် ဆောင်ပေးတော် မူနိုင်ပါတယ်”ဟုပြောလေ့ရှိသည်။
    “အသက်တာဟာတစ်ခုတည်းပါ၊ မကြာမီပျောက်ကွယ်မှာ”
    “ခရစ်တော်အတွက်လုပ်ဆောင်တဲ့အရာသာတည်မြဲဧကန်ပါ” 

ချိနဲ့အားနည်းသော်လည်း သာသနာပြု သူရဲကောင်း တစ်ဦး ဖြစ်သွားသူ

David Brainerd (ဒေးဗစ်ဘရိမ်းနာဒ်) (၁၇၁၈ - ၁၇၄၇)
    လူကလေးများသည် တောအုပ်ကြီးထဲသို့ သွားရောက်ကာ စိတ်တက်ကြွ ဖွယ်ကောင်းသော ခရီးကို အစပြု  ကြတော့မည်။ သူငယ်ချင်းများ ကခေါ်သော်လည်း လိုက်ပါသွားရန်ဒေးဗစ်ငြင်း ပယ်ခဲ့၏။ မသွား ချင်သောကြောင့် မဟုတ်ပါ။ လိုက်ပါ သွားရန် သူအင်မတန်တောင့်တ ခဲ့ပါ၏။ သူ၏အား နည်းချိနဲ့သည့် ခန္ဓာကိုယ် ကပင်ပန်းခံနိုင်မည်  မဟုတ်ချေ။ သူသည်ပင်ပန်းနွမ်းရိနေ၏။ ထို့ကြောင့်ဒေးဗစ် သည်သူ၏ သူငယ်ချင်းများတော အုပ်ကြီးထဲသို့ပျော်ရွင် စွာချီတက်ဝင်ရောက် သွားကြသည်ကို ထိုင်၍ကြည့်နေခဲ့၏။
    သူအဘယ်ကြောင့်အင်အား ချိနဲ့သောခန္ဓာ ကိုယ်ရှိနေရပါသနည်း။ သူ့သုူငယ်ချင်း မိတ်ဆွေ များကစွန့်စား ခန်းများ၊ပျော်ရွှင်စရာ များ၌ဝမ်းမြောက်နေ ချိန်တွင်သူသည် သစ်ငုတ်တိုပေါ်၌ အမြဲ တမ်းထိုင်နေ သင့် ပါသလား။ ငယ်ရွယ်သူဒေးဗစ်သည် သူ့အတွက်ဘုရားသခင် ထားရှိသည့်အကြံ အစည် အားလုံးကို မသိခဲ့ချေ။
လူငယ်တစ်ဦးအနေဖြင့်
    ဒေးဗစ်ဘရိန်းနာဒ်ကို(၁၇၁၈)ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၌ဖွာမြင်ခဲ့၏။ သူသည်အလွန်အားနည်းပြီးပိန်လှီနေ၏။ ရွယ်တူအခြားကလေးများကဲ့သို့ကစားခုန်ကစားခြင်း(သို့)အားထုတ် လုပ်ကိုင်ခြင်းမပြုနိုင်ခဲ့ချေ။ဤအရာကသူ့အားတည်ငြိမ်အေးဆေးသောသဘာဝရှိစေခြင်းဖြစ်ကောင်းဖြစ်ပေ မည်။ အသက်ငယ်စဉ်ကပင်သူ့ဝိညာဉ်အတွက်စိတ်ပူပန်ပြီးသေရမှာကိုစိုးရိမ်ကြောက်ရွံ့ခဲ့၏။ စိတ်နှလုံး၌အေးချမ်း ပျော်ရွှင်မှုရရန်နှင့်ကွယ်လွန်ပြီးနောက်ကောင်းကင်နိုင်ငံသွားရန်ဆန္ဒအ လွန်ကြီးမားခဲ့၏။သို့သော်လည်းအသက်တာပြောင်းလဲခြင်းအကြောင်းသူနားမလည်မသိသေးပေ။ အသက်(၉)နှစ်သားအရွယ်တွင်ဖခင်ဖြစ်ကွယ်လွန်ခဲ့ ပြီး(၁၄)နှစ်သားအရွယ်တွင်သူ့မိခင်ဆုံးပါးသွားခဲ့၏။ ထို့ကြောင့်ဘရိန်းနာဒ်လေးမှာမိဘမဲ့ဖြစ်ခဲ့ရ၏။သူ့ဘဝအ လွန်ကြေကွဲဖွယ်ကောင်းခဲ့ပြီးဘာသာရေးဆိုင်ရာစိုးရိမ်ပူပန်မှုများလည်းကျဆင်းခဲ့ရ၏။ 

အသက်တာသစ်
    ဘရိန်းနာဒ်သည်မလိုလားအပ်သောပေါင်းအဖော်များကိုရှောင်ကြဉ်ခဲ့ပြီးအချိန်များစွာကိုတိတ်ဆိတ်စွာ ဆုတောင်းခြင်း၌ကုန်လွန်စေခဲ့၏။ သမ္မာကျမ်းကိုတိုး၍ဖတ်ရှုခဲ့ပြီး၊ဘာသာရေးတိုးတက်ဖွံ့ဖြိုးရန်တနင်္ဂနွေနေ့တိုင်း တွေ့ဆုံသည့် အဖွဲ့ငယ်လေးတစ်ခုကိုအခြားလူငယ်အချို့နှင့်ဖွဲ့စည်းခဲ့၏။ထိုနေ့တာကုန်လွန်သွားပြီးနောက်သူကြား ခဲ့ရသည့်တရားဟောချက်များကိုသူ့ဖာသာထပ်တလဲလဲပြန်ပြောကာကျေနပ်အားရနေပေလိမ့်မည်။ ဤသို့အား ဖြင့်သူ့ဇာတိဖြောင့်မတ်ခြင်း၌လုံခြုံစိတ်ချမှုခံစားနေခဲ့မည်ဖြစ်၏။သို့ရာတွင်ခရစ်တော်နှင့် တစ်ဦးချင်းသူမသိကျွမ်း ခဲ့သေးချေ။
    တစ်နေ့ဘုရားသခင်၏အမျက်တော်နှင့်ဘေးအန္တရာယ်ကိုရုတ်တရက်ခံစားမိပြီးဆောက်တည်ရာမရဖြစ် ခဲ့၏။ သူ၏ဘာသာရေးဆိုင်ရာဝတ္တရားများကိုစိတ်အားထက်သန်မှုကြီးမားစွာဖြင့်ကျင့်ဆောင်ခဲ့၏။သို့သော်လည်း အပြစ်တရားကသူ့အားဆုပ်ကိုင်ထိန်းချုပ်ထားပြီးသူသည်ပျောက်ဆုံးနေသူတစ်ဦးဖြစ်ကြောင်းသတိမူမိခဲ့၏။ သို့သော်ငြားလည်းခရစ်တော်၌လုံးဝဥဿုံကိုးစားရန်သူ၏ကောင်းသောအကျင့်အပေါ်အမှီပြုခြင်းကို လက်မ လျှော့နိုင်ခဲ့ချေ။ နောက်ဆုံးတွင်ခရစ်တော်ကိုအကြွင်းမဲ့လက်ခံရန်ဘုရားသခင်၏ဝိညာဉ်တော်က သူ့အားဦး ဆောင်လမ်းပြခဲ့၏။ ဤသို့အားဖြင့်သူ့အသက်(၂၁)နှစ်အရွယ်တွင်အသက်တာသစ်ကိုရရှိခဲ့၏။ 

ကောလိပ်ကျောင်း၌
    သူ့အသက်တာပြောင်းလဲပြီး(၂)လကြာတွင်ယေးလ်ကောလိပ်သို့ဘရိန်းနာဒ်ဝင်ရောက်သင်ယူခဲ့၏။ 
 ကောလိပ်ကျောင်းတွင်စုံစမ်းသွေးဆောင်ခြင်းများအကြား၌ဘုရားတရားလေးစားကြည်ညိုသည့်အသက်တာ ဖြင့်မရှင်နိုင်မှာကိုစိုးရိမ်ပူပန်ခဲ့၏။ သို့ရာတွင်သူဆုတောင်းလျက်နှုတ်ကပတ်တော်ဖတ်ရှုခဲ့သည့်အတိုင်းဘုရား သခင်ကသူ့အားကြွယ်ဝစွာသောကောင်းကြီးပေးတော်မူခဲ့၏။သူတစ်ဦးတည်းဘုရားသခင်နှင့်တစ်ဦး တည်းအချိန် ယူမိတ်သဟာယဖွဲ့ခြင်း၌အချိန်များစွာယူခဲ့၏။သူ့ဆန္ဒမှာခရစ်ယာန်အမှုတော်ဆာင်လုပ်ငန်းအတွက်ရှေ့ ရှုခဲ့၏။ စာကိုကြိုးစားခဲ့ပြီးဂုဏ်ထူးဆောင်ကျောင်းသားတစ်ဦးဖြစ်လာခဲ့၏။ ပညာသင်လေ့လာခြင်းများကိုဖျားနာမှုက ရံဖန်ရံခါအဆီးအတားဖြစ်ခဲ့၏။ တစ်ကြိမ်တွင်စာပေလေ့လာသောပင်ပန်းမှုကြောင့်အလွန်အားနည်းပြီးဖျားနာခဲ့ ရာအိမ်ပြန်ပြီးအနားယူရန်ပြောခြင်းခံခဲ့ရ၏။အဆုပ်ေရောဂါဝေဒနာခံစားခဲ့ရပြီးသွေးအန်၏။ ဖျားနာနေစဉ်ကုတင် ပေါ်၌ပင်လျှင်ဘုရားသခင်နှင့်ကြိမ်ဖန်များစွာမိတ်သဟာယဖွဲ့ခဲ့၏။“ဘုရားသခင်နှင့် အတူတစ်နာရီအချိန်ယူခြင်း သည်ဤကမ္ဘာလောကသာယာပျော်ရွှင်မှုအားလုံး ထက်တိုင်းတာ၍ မရနိုင်လောက်အောင်  သာလွန်ကောင်းမြတ် ပါသည်”ဟုသူပြောခဲ့၏။ အခြေအနေတိုင်း၌အောင်မြင်သော ခရစ်ယာန်များဖြစ်စေရန် လျှို့ဝှက်ချက်ဖြစ်သည့်ဘု ရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ်တို့လေ့လာ သင်ယူသင့်ပါသည်။

သာသနာပြုအဖြစ်ခေါ်တော်မူခြင်း
    ကောလိပ်ကျောင်း၌တတိယနှစ်ကျောင်းသားအဖြစ်တက်ရောက်နေစဉ်မနှစ်မြို့ဘွယ်ကောင်းသော အ ခြေအနေအချို့ကြောင့်သူကျောင်းထွက်ဖို့ဖြစ်ခဲ့ရ၏။ ဤအရာကသူ့အားစိတ်ပျက်စရာဖြစ်စေ၏။အကြောင်းမှာ နောင်အခါအခြားသူများဘွဲ့ယူသောနေ့တွင် သူ၏ကိုယ်ရေးမှတ်တမ်း(ဒိုင်ယာရီ)တွင်“တကယ်တော့ ဒီနေ့မှာငါဘွဲ့ ယူရမဲ့နေ့ပဲ၊ ဒါပေမဲ့ ဒီဘွဲ့ကိုငါငြင်းပယ်ဖို့သင့်တော်မယ်လို့ဘုရားသခင်ကမြင်တော်မူပါတယ်”ဟုရေးသားခဲ့၏။ထို အချိန်၌ခရစ်တော်အကြောင်မကြားသိသေးသူအမှောင်ထဲရောက်နေသူများအတွက်ဘရိန်းနာဒ်၌ကြီး စွာသော စိုးရိမ်ပူပန်မှုရှိခဲ့၏။ အမေရိကန်အိန္ဒိယဟုသိနေကြသောရက်အင်ဒီးယန်းမျာမှာခရစ်တော်အကြောင်းမကြားဖူး သေးဘဲသူ တို့ဒေသ၌သာသနာပြုများလည်းမရှိကြသေးချေ။ ထိုသူတို့၏အသက်ဝိညာဉ်ကယ်တင်ခြင်းအတွက် ဘရိန်းနာဒ်မကြာခဏပြင်းပြင်းထန်ထန်ဆုတောင်းခဲ့ပေလိမ့်မည်။သူ၌ထိုသူများထံဧဝံဂေလိတရားတော်ကိုယူ ဆောင်သွားလိုသည့်ဆန္ဒရှိခဲ့၏။
    တစ်နေ့တွင်နယူးယောက်မြို့ရှိအမှုတော်ဆောင်တစ်ဦးထ့မှစာတစ်စောင်ကိုသူလက်ခံရရှိခဲ့၏။ ထိုစာ၌ “အမေရိကန်အိန္ဒိယများထံသာသနာပြုတစ်ဦးစေလွှတ်ရန်ကျွနု်ပ်တို့ဆန္ဒရှိပါတယ်။ သင့်အကူအညီကိုကျွန်ုပ်တို့ နှစ်သက်မြတ်နိုးပါတယ်”ဟုဖော်ပြထား၏။ ဘရိန်းနာဒ်ချက်ချင်းသွားချင်စိတ်ရှိခဲ့၏။ သို့ရာတွင်သူသည်ကျန်းမာ သန်စွမ်းမှုသိပ်မရှိချေ။ ထိုလူများထံသာသနာပြုမည့်သူသည် တောတောင်များကိုကျော်ဖြတ်ပြီးအန္တရာယ်များ သော (လျှိုမြောင်ချိုင်ဝှမ်း)စမ်းချောင်းများကိုလည်းကူးဖြတ်သွားရမည်။“သူဘယ်လိုလုပ်နိုင်ပါ့မလဲ”သူ့မိတ်ဆွေ များက“ဘုရားသခင်သင့်ကိုသွားဖို့အလိုတော်ရှိလျှင်သင့်အားခွန်အားပေးတော်မူမယ်”ဟုအားပေးကြသည်။ ထို့ ကြောင့်ရက်အင်ဒီးယန်းလူမျိုးများထံသွားရောက်ရန်ဘရိန်းနာဒ်စိတ်ပိုင်းဖြတ်ခဲ့သည်။

ရက်အင်ဒီးယန်းများအကြား၌
    “ဘုရားသခင်၏ဘုန်းတော်အတွက်ကိုယ်တော်၏အမှုတော်၌ကျွန်ုပ်၏အသက်တာကို ကုန်ဆုံးစေလိုပါတယ်”ဟုဘရိန်းနာဒ်အသက်(၂၄)နှစ်မြောက်မွေးနေ့တွင်ကိုယ်ရေးမှတ်တမ်းထဲ ၌ရေးသားခဲ့၏။နောက်နှစ်တွင် ယဉ်ကျေးမှုမဖွံ့ဖြိုးသေးသောသူများကိုဧဝံဂေလိတရားဟောပြော၍သူ့အသက်တာ ကိုတောနက်ကြီးများကြား၌ ကုန်လွန်စေရန်ခရီးထွက်ခဲ့၏။ သူ့စာအုပ်များနှင့်အဝတ်အစားအပိုများကိုရောင်းခဲ့၏။သူ့စာအုပ်များနှင့်အဝတ်အ စားအပိုများကိုရောင်းခဲ့၏။ ကမ္ဘာလောကကြီးနှင့်အဆက်ဖြတ်ခဲ့ပြီးရက်အင်ဒီးယန်းနေထိုင်ရာတောတောင်ချိုင့် ဝှမ်းများရှိသည့်နေရာ၌သာပျော်ရွှင်စွာနေထိုင်လျှက်အမှုတော်ဆောင်ခဲ့၏။ သူတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများ နှင့်စွန့်စားခန်းများကိုကိုယ်ရေးမှတ်တမ်း၌စတင်ရေးမှတ်ခဲ့၏။ ထိုမှတ်တမ်းအားဖြင့်တောနက်ကြီးထဲ၌သူနေခဲ့ သောအသက်တာသတင်းအချက်အလက်များကို ကျွနု်ပ်တိုပရခဲ့ကြ၏။

ခက်ခဲမှုများနှင့်အသက်အန္တရာယ်များ
    အအေးဒဏ်နှင့်အစာငတ်ဘေးဒဏ်ကိုဘရိန်းနာဒ်မကြာခဏခံခဲ့ရ၏။ အသက်တာ၌သက်တောင့်သက် သာမခံစားနိုင်ခဲ့ချေ။ ပင်ပန်းနွမ်းရိမှုများနှင့်ဖျားနာမှုများရှိသော် လည်းရှေ့သို့သာတက် လှမ်း၍ အမှုတော်ဆောင်ခဲ့ ၏။ တစ်ကြိမ်တွင်တည်းခိုစရာတစ်စုံတစ်ခုမျှ မမြင်ဘဲပြင်းထန်စွာ ရွာသွန်းနေသောမိုး ထဲ၌ တစ်ညလုံးမြင်းစီးလျက် ခရီးထွက်ခဲ့ရ၏။ အချို့သောအချိန်တွင်မြင်းစီး၍မရလောက်အောင် ခက်ခဲကြမ်းတမ်းသောလမ်း ခရီးများကိုခြေ လျင်ခရီးပြုခဲ့ရ၏။ အမြဲတမ်းအသက်အန္တရာယ်ကြီးမားသောခရီးစဉ်များဖြစ်၏။ အလွန်ဝေးလံသောဒေသရှိလူမျိုး စုများထံရောက်ရန်ညအချိန်မတ်စောက်သောတောင်တန်းများ ကိုလည်းဖြတ်သန်းသွားရ၏။ တစ်ခါတစ်ရံအန္တ ရာယ်များသောရွှံ့နွံများ (သို့)တောသား ရဲပေါင်းစုံရှိသော တောအုပ်ကြီးများကိုဖြတ်ကျော်ခရီးပြုရသော အချိန်များ လည်းရှိခဲ့၏။
    မှောင်မိုက်သောညတစ်ညတွင်စကားပြန်နှင့်အတူတောင်တစ်တောင်ကိုဖြတ်ကျော်စဉ်သူတို့အောက်၌ အလွန်နက်ရှိုင်းသောချောက်ကမ်းပါးများရှိခဲ့၏။အကယ်၍မြင်းများခြေချော်ကျပါကပေပေါင်းရာနှင့် ချီ၍ဇောက် ထိုးကျဆင်းသွားနိုင်၏။ အမှောင်ထဲ၌ရုတ်တရက်ခြေညှပ်မိသွားပြီးနာကျင်စွာခုန်လိုက်၍ဘရိန်းနာဒ်ခမျာ မြေ ကြီးပေါ်ဆွဲချခံရသလိုဖြစ်ခဲ့ရ၏။ ချောက်ကမ်းပါးထဲကျမည့်အခြေအနေမှသီသီလေးလွတ်မြောက်နိုင်ခဲ့၏။  ရေစီး သန်သောချောင်းများကိုဖြတ်ကူးရသောအချိန်များ၌လည်းဘုရားသခင်ထံမှမစကူညီမှုကို ဆုတောင်းခြင်းဖြင့်ရယူ ခဲ့၏။ မကြာခဏသလိုအပ်သောအာဟာရအတွက် သင့်တော်သည့်အစာမရရှိနိုင်ခဲ့ချေ။ အစာမစားခင်အစာရနိုင် သည့်နေရာသို့ ၁၀မိုင်(သို့) ၁၅မိုင်ခန့်သွား၍ဝယ်ရပြီးထိုအစာများမှာလည်းချဉ်ပြီး(မှိုတက်)အောက်သိုးနေတတ် ၏။ တစ်ခါတစ်ရံထိုအစားမျိုးပင်မရနိုင်ဖြစ်၏။ မြေကြီးပေါ်မှအနည်းငယ်မြင့်သောသစ်သားအချို့အပေါ်မှာမြက်  ခြောက်အနည်းငယ်ပုံကာသူအိပ်စက်ခဲ့၏။ သူသည်တကိုယ်တည်းအထီးကျန်လည်းဖြစ်ခဲ့၏။ စကားပြောဖော်အ ဖြစ်သူ၏စကားပြန်သာရှိခဲ့၏။ သူ၏စိတ်ထဲရှိဝန်ထုပ်ဝန်ပိုးများကိုဝေငှရန်နှင့် ဆုတောင်းမိတ်သဟာယဖွဲ့ရန်အခြား ခရစ်ယာန်တစ်စုံတစ်ယောက်မျှမရှိခဲ့ချေ။“ကျွန်ုပ်၌သက်တောင့်သက်သာဖြစ်စေသည့်လေကီစည်းစိမ်မရှိပါ။ သို့ ရာတွင်သခင်၌ရှိသောအရာကျွနု်ပ်၌ရှိပါ၏”ဟုသူရေးခဲ့ဖူး၏။

ရက်ဒ်အင်ဒီးယန်းများ
    ဘရိန်းနာဒ်အမှုတော်ဆောင်သောရက်ဒ်အင်ဒီးယန်းများသည်ရှေးကျပြီးယဉ်ကျေးမှုမဖွဲ့ဖြိုးသေးသော အခြားလူမျိူးစုများကဲ့သို့အယူသည်းသောသူများဖြစ်ကြ၏။ သူတို့သည်ငှက်များ၊တိရစ္ဆာန်များ၊ သစ်ပင်များနှင့်ရာ သီဥတုကိုပင်ကိုးကွယ်ကြသည်။ သူတို့၏ကိုးကွယ်ဝတ်ပြုခြင်းသည်အလွန်ထူးဆန်းသည်။ သူတို့၏ယဇ်ပုရော ဟိတ်များ(နတ်ဆရာများ)ကဘရိန်းနာဒ်ကိုဒေါသအမျက်ထွက်ကြ၏။မဖွယ်ရာသောအကများနှင့်ကြောက်ရွံ့ တုန် လှုပ်ဖွယ်အသံများဟစ်ကြော်ကာသူ့အပါ်၌ညှိ့ဆေးလုံးဖြင့်တို့ထိရန်ကြိုးစားခဲ့ကြ၏။   သို့ရာတွင်ဒေးဗစ်ဘရိန်းနာဒ် ကိုဘာမျှမထိခိုက်စေပဲအခြားသောနတ်ဘုရားများအားလုံးထက်ကြီးမြတ်သောခရစ်တော်ဘုရား၏ တန်ခိုးတော်ကိုရဲဝံ့စွာထုတ်ဖော်ကျေညာနိုင်ခဲ့၏။
    တစ်ကြိမ်တွင်သားရေများ၊အခွံများနှင့်အရွက်များဝတ်ခြုံထားသောယဇ်ပုရောဟိတ်တစ်ဦးကဒေးဗစ် အားသူ၏လူတို့အားရှေးယခင်ဘာသာအတိုင်းလိုက်နာကြရန်သွန်သင်မည်ဟုပြောခဲ့၏။ ထိုယဇ်ပုရောဟိတ်ကြီးအားခရစ်တော်အကြောင်းပြောပြရာသူကဂရုတစိုက်သေသေချာချာနားထောင်ပြီး ခရစ်တော်ကိုသူ၏ကောင်း ကင်ဘုံရှင်အဖအဖြစ်လက်ခံမည်ဟုအဆုံး၌ပြောခဲ့၏။
    ရက်အင်ဒီးယန်းတိုပအတွက်စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ခုမှာခုတ်ထွင်ရှင်းလင်းထားသောမြေ ကွက်လပ်အလာ်၌ရှိသောမီးပုံကြီးပတ်လည်၌ဝိုင်းပြီးကခုန်သော“စစ်တိုက်အက”ဖြစ်သည်။နုပျိုသော စစ်သူရဲများနှင့်အသက်ကြီးရင့်သောယဇ်ပုရောဟိတ်များကမီးပုံပတ်လည်၌ထိုင်နေကြပြီးမီးတောက် မီးလျှံများအရှိန်အဟုန် ကြီးလာသည့်အခါ မီးပုံပတ်လည်၌ကြောက်ရွံ့တုန်လှုပ်ဖွယ်စူးစူးဝါးဝါးအော်ဟစ်ကခုန်ကြမည်။တစ်ညလုံးအော် ဟစ်ကခုန်ကြ၏။ ဒေးဗစ်သည်အရိပ်ထဲမှတိတ်ဆိတ်စွာရပ်လျက်ထိုပွဲကိုမကြာခဏကြည့်လိမ့်မည်ဖြစ်ပြီး ၊နောက် နေ့တွင်သူတို့အား ဧဝံဂေလိတရားဟောမည်ဖြစ်သည်။

မျက်ရည်များနှင့်ပင်ပန်းစွာလုပ်ဆောင်ခြင်းများ
    ခက်ခဲမှုများရှိသော်လည်း ဘရိန်းနာဒ်၏အကြီးမားဆုံးသောစိုးရိမ်ပူပန်မှုမှာရက်ဒ်အင်ဒီးယန်းများ၏ ကယ်တင်ခြင်းအတွက်ပင်ဖြစ်၏။ ဤပူပန်မှုကြောင့်တောအုပ်ကြီးများထဲသို့တစ်ဦးတည်းသွားရောက်ကာသူတို့ အတွက်မျက်ရည်များစွာကျလျက်နာရီပေါင်းများစွာဆုတောင်းပေးခဲ့၏။ကြိမ်ဖန်များစွာအစာရှောင် ဆုတောင်းပေး ခဲ့၏။ရက်ဒ်အင်ဒီးယန်းတို့၏ဆန့်ကျင်မှုများကြောင့်မကြာခဏစိတ်ပျက်ခဲ့၏။ သူ၏ကိုယ်ရေးမှတ်တမ်း၌“ကျွန်ုပ် အတွက်ဘာမျှအရေးကြီးတာမရှိပါ။ အသက်တာနှင့်နှလုံးသားအတွင်းသန့်ရှင်းခြင်းနှင့်ဘုရားမဲ့တို့ဘုရားသခင် ထံပြောင်းလဲခြင်းသာအရေးကြီးပါ၏” ဟုရေးသားခဲ့၏။တစ်ကြိမ်တွင်“ပျောက်ဆုံးဝိညာဉ်များ ခရစ်တော်ထံ ရောက်နိုင်ရန်ကျွန်ုပ်ဖြတ်သန်းခဲ့ရသည့်ခက်ခဲမှုများ(သို့) ကျွနု်ပ်နေရသည့်နေရာနှင့်ဘယ်လိုနေထိုင်အသက်ရှင် ခဲ့ရသည်တို့ကို ဂရုမစိုက်ပါ”ဟူ၍ရေးခဲ့၏။
    ကြီးမားသောဒုက္ခဝေဒနာနှင့် ဖျားနာခြင်းခံရသည့်ကြားမှအမှုတော်ကိုများစွာထမ်းဆောင်နိုင်ခဲ့၏။ တစ်ကြိမ်တွင်လေဟာပြင်၌မြေကြီးပေါ်တွင်အဆက်မပြတ်အိပ်စက်ခဲ့၇ခြင်းကြောင့်အကြီးအကျယ် ဖျားနာကိုက်ခဲကာရက်သတ္တပတ်ကြာမှပြန်လည်ကောင်းမွန်ပြီး အမှုတော်ကိုဆက်လက်လုပ်ဆောင်ခဲ့။ တရားဟောပြီး နောက်ပိုင်းမကြာခဏကိုယ်ခန္ဓာအားနည်းခြင်း၊ဖျားနာခြင်း၊ ကြောင့်ဘာမျှမ လုပ်နိုင်ဘဲခုတင်ပေါ်၌လဲလျောင်းနေ ကာ သွေးအန်ပြီးဝေဒနာခံစားနေရ၏။ ဤသို့ဖြင့် သူချစ်မြတ်နိုးသော ရက်ဒ်အင်ဒီးယန်းလူမျိုးများကို ကယ်တင်ခြင်းရ ရန်သူ့အသက်တာကိုနဲနဲစီသွန်းလောင်းပူဇော်နေ၏။
    ဤအသက်တာမျိုးကိုဘရိန်းနာဒ်ရွေးချယ်ခဲ့ခြင်းမှာခရစ်တော်ကိုအစေခံရန်အခြားအခွင့်အလမ်းများမရှိ  သောကြောင့်မဟုတ်ပါ။ သူ့နေရင်းမြို့အနီးရှိချမ်းသာကြွယ်ဝသောဘုရားကျောင်းအချို့၌သင်းအုပ်လုပ်ရန်ဖိတ် ခေါ်ချက် များရရှိခဲ့သော်လည်းသူငြင်းပယ်ခဲ့ပါသည်။အကယ်၍ထိုဖိတ်ခေါ်ချက်များကိုသူလက်ခံခဲ့ပြီးခက်ခဲမှုများ 
 နှင့်ဝေဒနာဒုက္ခခံစားခြင်းများကိုကျောခိုင်းခဲ့မည်ဆိုလျှင်ကမ္ဘာလောကကြီးကဒေးဗစ်ဘရိန်းနာဒ်အကြောင်းဘယ် တော့မှသိကြမည်မဟုတ်ချေ။

ဆုလဒ်သရဖူများ
    “မျက်ရည်များကျလျက်မျိုးစေ့ကြဲသောသူသည်ရွှင်လန်းလျက်စပါးရိတ်၇ကြမည်။”ဟုဘုရားသခင်က တိတော်ရှိပါ၏။ (ဆာ ၁၂၆း၅)
    ဒေးဗစ်ဘရိန်းနာဒ်၏နေ့ရောညပါပင်ပန်းစွာလုပ်ဆောင်ခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမျာက အဆုံးတွင်အသီးအပွင့်များဖြစ်ပေါ်လာ၏။ သူသွားလေရာရာဟောပြောလေရာရာတိုင်း၌ရက်ဒ်အင်ဒီးယန်း လူတို့ အပေါ်ဘုရားသခင်၏ဝိညာဉ်တော်ကြီးမားစွာသက်ဆင်းလှုပ်ရှားခဲ့ပါသည်။ (၁၇၄၅)ခုနှစ်တွင်ဖြစ်ပါသည်။
    ညစ်ညမ်းစွာအသက်ရှင်ခဲ့ပြီးဘုရားသခင်၏ဧဝံဂေလိတရားကိုဆန့်ကျင်ခဲ့သူများပင်လျှင်မိမိတို့အပြစ် များကိုနားလည်သဘောပေါက်လာခဲ့၏။ လူများစွာယုံကြည်ပြောင်းလဲခဲ့၏။ ရက်ဒ်အင်ဒီးယန်းများကိုဘရိန်းနာဒ် ဘာတွေမျာဟောသလဲဟု စိတ်ဝင်စားကာစူးစမ်းလိုသူမျက်နှာဖြူအချို့လည်းပြောင်းလဲသွားခဲ့၏။
    တစ်နေ့တွင်ရက်ဒ်အင်ဒီးယန်းအမျိုးသမီးငယ်တစ်ဦးကသူ့လူမျိုးများကြား၌ထူးဆန်းမှုတစ်ခုဖြစ်နေ  ကြောင်းကြားခဲ့ရ၍ဘရိန်းနာဒ်ဘာတရားဟောသလဲဆိုသည်ကိုသိလို၍ဘရိန်းနာဒ်အိမ်သို့သွားခဲ့၏။ ဘရိန်းနာဒ် ကဘုရားသခင်အကြောင်းသူမအားပြောပြရာရီမောလှောင်ပြောင်သရော်ကဲ့ရဲ့ခဲ့ဖူး၏။ သို့သော်လည်းသူမသေ ချာနားထောင်ပြီးသူမ၏အပြစ်များကိုပြန်မြင်တွေ့ပြီးငိုယိုတော့၏။ သူမ၏ခြေအနေများကိုနားလည်သဘော
ပေါက်ပြီးစိတ်မသက်မသာဖြစ်တော့၏။ နောက်ဆုံး၌ခရစ်တော်ကိုသူမ၏ကယ်တင်ရှင်အဖြစ်လက်ခံခဲ့၏။ ဘရိန်း နာဒ်တရားဟောတိုင်းရက်ဒ်အင်ဒီးယန်းတို့ကျယ်လောင်စွာဘုရားသခင်၏ကရုဏာတော်ကိုတောင်း ခံကြခြင်းမှာ အထူးအဆန်းမဟုတ်တော့ချေ။
    ရက်ဒ်အင်ဒီးယန်းများစွာသည် ဘရိန်းနာဒ်၏သတင်းကြားသိရပြီးသူ့ဟောပြောချက်များကိုနားထောင်
ရန် သွားရောက်ခဲ့ကြ၏သူ့အား“ဘုရားသခင်၏စာအုပ်”နှင့်လူဖြူတစ်ယောက်အဖြစ်သိကြသည့်ရက်ဒ်အင်ဒီး
ယန်း ခလေးသူငယ်များပင်လျှင်သူ့စကားနားထောင်ရန်သွားရောက်ခဲ့ကြသည်။ သူသည်ကျောင်းများကိုတည် ထောင် ခဲ့ပြီး ခလေးများ အားစိုက်ပျိူးရေးပညာ၊  အပ်ချုပ်ပညာနှင့် သခင်ယေရှု အကြောင်းသွန်သင်ခဲ့သည်။

တိုတောင်းသောအသက်တာ
    ယခုနှစ်တွင်ဘရိန်းနာဒ်သည်အသက်(၂၉)နှစ်အရွယ်ရှိပြီ။ စိုထိုင်းသောသစ်တော်ကြီၤးများကြား၌ အမှု တော်ဆောင်ရန်ရွေးချယ်ခဲ့စဉ်ကကြာကြာအသက်ရှင်ရန်မမျှော်လင့်နိုင်ကြောင်းသူသိခဲ့၏။ သူ့ကျန်းမာရေးထက် ဧဝံဂေလိတရားမကြားရသေးသူများအားဟောပြောခြင်းကပို၍အရေးကြီးခဲ့ပေသည်။
    ထို့ကြောင့်ဧဝံဂေလိတရားဆက်လက်ဟောပြောခဲ့ပြီးများမကြာမီအချိန်တွင်ကုသမရနိုင်သောပြင်းထန် သည့်အဆုတ်နာရောဂါစွဲကပ်ခဲ့၏။ သူ့အသက်သွေးများတစ်စချင်းသွန်းလောင်းခဲ့ရ၏။ အိပ်ယာကုတင်ပေါ်တွင် ပြင်းထန်စွာသောနာကျင်မှုနှင့်ရောဂါဝေဒနာအကြီးအကျယ်ခံစားခဲ့ရ၏။ သူ့အသက်တာ၏နောက်ဆုံးအချိန်နာရီ ၌ပင်လျှင်သူအလွန်ချစ်မြတ်နိုးသောရက်ဒ်အင်ဒီးယန်းများကိုအစ်ကိုဖြစ်သူအားပြောပြခဲ့၏။ 

သူ့စိတ်အတွေးအာရုံ များကသခင်ဘုရားပြန်လည်ကြွလာတော်မူခြင်းအကြောင်းများနှင့်ပြည့်ကျပ်လျက်ရှိခဲ့၏။
    တစ်ကြိမ်တွင်တုန်တုန်ရီရီဖြင့်“ကိုယ်တော်ကြွလာတော့မယ်၊ ကိုယ်တော်ကနှောင့်နှေးမှာမဟုတ်ဘူး၊ ကောင်းကင်တမန်များနှင့်အတူ ကိုယ်တော့်ဘုန်းကိုကျွနု်ပ်ချီးမွမ်းမယ်” ဟုသူနှုတ်မြွက်ခဲ့၏။ ဤသို့ဖြင့် (၁၇၄၇)ခု နှစ်၊အောက်တိုဘာလ(၉)ရက်နေ့၊အသက်(၂၉)နှစ်အစောပိုင်းအချိန်တွင် ဒေးဗစ်ဘရိန်းနာဒ် သည်ကောင်းကင် တမန်များနှင့်အတူသူ၏သခင်ထံဂုဏ်တော်ချီးမွမ်းရန်သွားရောက်ခဲ့တော့၏။
        
      ဤအသက်တာကား၊တိုတောင်းသော်လည်း ဆက်ကပ်အပ်နှံမှုလုံးဝအသုံးဝင်သည့် အသက် တာဖြစ် တော့၏။ သူသေဆုံးပြီးနော်ကသူ့ အသက်တာနှင့်ကိုယ်ရေးမှတ်တမ်းကိုဖတ်ခဲ့ပြီး ဝီလီယမ် ကယ်ရီနှင့် ဟင်နရီ မာတင်တိုပကအခြားအရပ်ဒေသများသို့ သာသနာပြုများအဖြစ် သွားရောက် အမှုတော်ဆောင်ခဲ့ကြ၏။

ဘုရားသခင်၏ စပါးစေ့

အယ်လန်ဂါဒီနာ (Allen Gardiner ) ၁၇၉၄ - ၁၈၅၁
“အဖေရေ၊ မာလိန်မှုး ကကျွန်တော့် ကိုခေါ်မယ်လို့ ကတိပေးတယ်။ ကျွန်တော်တို့နောက် အပတ်ခရီး ထွက်ကြမယ်” ဟုလူငယ်လေး ကအော်၍ပြော လိုက်သည်။ ဖခင်ဖြစ်သူက သူ၏ဦၤးခေါင်း ကိုခါရမ်း လျက်“ပင်လယ်ထဲသွားဖို့သိပ် ငယ်သေးတယ်၊ အယ်လန်နှစ် အနည်းငယ်စောင့် လိုက်ပါဦး” ဟုပြောလိုက်၏။
    မိခင်ဖြစ်သူက သအိပ်ခန်းသို့မကြာ ခဏ၀င်ရောက်လာတိုင်းပျော့ပြောင်းနူး ညံ့သောအိပ်ယာပေါ်၌ အိပ် နေရမည့်အစား မာကျောသောကြမ်းပြင်ပေါ်၌သာသူအိပ်နေသည်ကိုတွေ့မြင်၇ပေလိ်မ့်မည်။ သူ့အားမေးလျှင် ကျွန်တော်တစ်နေ
့ သဘောၤမာလိန်မှုးဖြစ် လာပြီးနယ်မြေဒေသအ သစ်တွေကိုစူးစမ်း ရှာဖွေမှာဖြစ်လို့အခု ကတည်း ကအခက်အခဲများနှင့် ကျင့်သားရအောင်လုပ် ထားရမယ်လေ” ဟုပြန်ပြောတတ်၏။
    ဤသို့ဖြင့်အယ်လင်ဂါဒီနာသည်ငယ်စဉ်သဘောၤသားနှင့်စွန့်စားရှာဖွေသူတစ်ဦးဖြစ်၇န်စိတ်ကူးဆန္ဒရှိခဲ့၏။

ငယ်စဉ်ဘ၀
    အယ်လင်ဂါဒီနာအား(၁၇၉၄)ခုနှစ်၌အဂ်လန်ပြည်တွင်ဖွားမြင်ခဲ့၏။ သူသည်ငယ်စဉ်ဘသကပင်စွန့်စား ခန်းများကိုနှစ်သက်ကြောင်းဖော်ပြခဲ့၏။အာဖရိကတိုက်ရှိစွန့်စားခန်းများစာအုပ်(မင်ဂိုပတ်(ခိ)၏ခရီးစဉ်များ) ကို ဖတ်ပြီးအာဖရိကစကားလုံးေဝါ့ဟာရများကိုရေးမှတ်ခဲ့၏။ သူ့ရည်မှန်းချက်မှာကမ်ဘာတစ်၀ှမ်းလုံးသို့ခရီး လှည့်လည် ရန်ဖြစ်၏။ သူသည်မြင်းစီးနှင့်ေ၇ကူးကျွမ်းကျင်သူတစ်ဦးဖြစ်၏။
 
ရေတပ်၌
 ရေကြောင်းသိပ္ပံကျောင်းတက်ရောက် ခဲ့ပြီးအသက်(၁၆)နှစ်ဂါဒီနာဘွဲ့ရရှိခဲ့၏။ ရေတပ်မတော် 
 သို့ချက်ခြင်း၀င် ေ၇ာက်ခဲ့၏။ (၄)နှစ်ကြာသောတပ်ကြပ်ကြီးဖြစ် လာပြီးနောင်တွင် သဘောၤတစ်စင်း လုံးကိုတာ၀န်ယူရသော မာလိန်မှုးဖြစ်လာ၏။ ဤအချိန်တွင်အယ်လန်သည် နှုတ်ကပတ်တော်နှင့်အညီသွန်သင်သောမိခင်၏စကားများ ကိုစဉ်းစားတွေးတောခဲ့၏။ တစ်နေ့တွင်သူ့ဖခင်ရေးသည့်မိခင်၏အတၳုပတ္တိကိုဖတ်နေစဉ်မိခင်ကိုးကွယ်သော ဘုရားသခင်အကြောင်းသိချင်စိတ်ဖြစ်ပေါ်ခဲ့၏။ ကျမ်းစာအုပ်တစ်အုပ်၀ယ်ယူလေ့လာပြီးမကြာခင်မှာပင် ဤရေ တပ်အရာရှိငယ်လေးသည်ခရစ်တော်ကိုသူ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့၏။
    သူသည်ရေတပ်တာ၀န်၀တ္တ၇ားများထမ်းဆောင်ရင်းကမ်ဘာတ၀ှမ်းလုံးရှိဆိပ်ကမ်းအမျိုးမျိုးသို့ရောက်ခဲ့၏။ သူအားလပ်တိုင်းထို်အရပ်ဒေသရှိတိုင်းရင်းသားတိုပ၏ဓလေ့ထုံးစံများကိုစိတ်၀င်စားစွာလှည့် လည်ကြည့်ရှုခဲ့၏။ တစ်ချိန်၌တဟီဟီအမည်ရှိသောပစိဖိတ်ကျွန်းတကျွန်းပေဓသို့ရောက်ခဲ့၏။

 ကမ်းခြေသို့ရောက်သောအခါလွင် တီးခေါင်ဖြစ်နေကြောင်းတွေ့ရ၏။ နေရာတိုင်း၌အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။ ရွာထဲသို့သွားသောအခါ တိုင်း၇င်းသားတစ်ဦးက ခရစ်ယာန်သမ္မာတရားများကိုလူငယ်တစ်စုအားသင်ကြားနေသည်ကိုသူတွေ့ခဲ့၏။ ထိုနေ့သည်တနင်္ဂနွေနေ့ဖြစ်ပြီးထိုသူများမှာခရစ်ယာန်များဖြစ်ကြောင်းသိရ၏။ ထူးခြားမှုမှာအခြားရွာများနှင့်မ တူပဲ၊ သူ့အတွက်နှစ်သက်မြတ်န်ိုးစရာဖြစ်စေခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာသာသနာပြုများ၏ကိုယ်ကျိုးစွန့်အမှုတော် ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်းသူ သိခဲ့၏။ ဤပြောင်းလဲမှုမျိုးအခြားအ၇ပ်ဒေသများ၌လည်းဖြစ်ပျက်နိုင်မ လား၊ ဖြစ်နိုင်ပါသည်။သို့ရာတွင်မသည်သူကသူတို့အားသခင်ယေရှူခရစ်တော်အကြောင်းပြောပြမလဲ။
    တောာင်အမေ၇ိကတိုက်သို့သွား၇ာခရီးစဉ်အတွင်းတောင်ပိုင်းရှိပိုင်းရှိကျွန်းအချို့ကိုဂါဒီနာသွားရောက် လည်ပတ်ခဲ့၏။ ပါတာဂိုးနီးယား(အာဂျင်တီးနားတောင်ပိုင်း)သို့လည်းသူသွားရောက်လည်ပတ်ခဲ့၏။ ဤအရပ်ဒေ သများ၌ဘာသာတရားမရှိသည့်သာမန်မဟုတ်သောလူမျိုးစုများကိုလည်းသူတွေ့ခဲ့ရ၏။ ထိုသူတို့သည်အလွန် ရှေးကျပြီးယဉ်ကျေးမှုမတိုးတက်မဖွဲ့ဖြိုးသေးသောအ၇ပ်သားများဖြစ်ကြ၏။ ဤအတွေ့အကြုံများကအယ်လင်ဂါ အားဘုရင့်ရေတပ်မတော်မှထွက်ကာသာသနာပြုဆရာတစ်ဦးဖြစ်စေရန်လွှမ်းမိုးခဲ့တော့၏။ 

တောင်အာဖရိကတိုက်၌
    ဘုရားသခင်ကဂါဒီနာအားတောင်အာဖရိကတိုက်သို့သွားရန်လမ်းပြပဲ့ပြင်တော်မူခဲ့၏။ ထိုအချိန်က ထိုအ ၇ပ်ရှိတိုင်းရင်းသားများထံသို့မည်သူမျှဧဝံဂေလိတရားယူဆောင်သွားခြင်းမရှိသေးချေ။အာဖရိက တိုက်တောနက် ကြီးအတွင်းပိုင်း၌ဇူးလူးများ(လူသားစားလူရိုင်းများ)နေထိုင်ကြောင်းဂါဒီနာသိခဲ့ပြီးနောက် ထိုလူတို့အားယေရှူဘုရားအကြောင်းပြောပြရန်မြင်းစီးလျက်ခရီထွက်ခွာခဲ့၏။ အန္တရာယ်များသောခရီးစဉ်ဖြစ်၏။အလွန်ထူထပ်သော တောအုပ်ကြီးနှင့်ရွံ့နွံပေါများသောအရပ်များ ကိုဖြတ်သန်းရမည်၊တစ်ခါတစ်ရံရေစီးသန်သော၊ရေလျှံသောမြစ်များ ကိုဖြတ်ကူးဖို့ရှိ၏။ တစ်ကြိမ်တွင်မြစ်ကမ်းပါး၌အကျၤီများစိုရွဲှပြီးဗိုက်ဆာဆာနှင့်လဲလျောင်းနေစဉ်အလွန်ကြီးမား သောေ၇မြင်းကြီးတစ်ကောင်၏အသံကြောင့်လန့်နိုးသွား၏။ ဇူးလူးများ၏ဘု၇င်သည်အလွန်၇က်စက်ကြမ်းကြုတ် သောစစ်သူရဲဖြစ်ပြီးတစ်ပြည်လုံးကသူ့ကိုကြောက် ရွံ့ကြကြောင်းသူကြားသိခဲ့၏။ ထိုဘု၇င်ကိုလည်းခရစ်တော် အားဖြင့်ကယ်တင်ခြင်းရနိုင်ကြောင်းဂါဒီနာရှင်းပြခဲ့၏။ တောင်အာဖရိကတိုက်သို့သူရောက်ရှိချိ်န်၌သူပိုင်သော ပစ္စည်းမှာအ၀တ်အထည်အနည်းငယ်မြင်းကုန်းနှီး၊ဇွန်းတစ်ချောင်းနှင့် ဓမ္မသစ်ကျမ်းတစ်အုပ်သာဖြစ်သည်။
    သူသည်တောင်အာဖရိကတိုက်ဆိုင်၇ာဗြိတိသျှသ့အမတ်ကြီးအဖြစ်ခန့်အပ်ခံရ၏။အမှုတော်လုပ်ငန်း တိုးတက်မှုရှိစချိန်၌လူဖြူများနှင့်ဇူးလူးများစစ်ပွဲဖြစ်ပွားသဖြင့်ဂါဒီနာအထက်အမိန့်အရတောင်အာဖရိက မှထွက် ခွာခဲ့ရ၏။

တောင်အာဖရိကတိုက်၌
    အယ်လန်ဂါဒီနာသည် သူ့အားသာသနာပြုအဖြစ်ဘုရားသခင်ခန့်အပ်ကြောင်းစိတ်ချမှုရှိသောကြောင့် သူယခင်တွေ့ဖူးသောတောင်အာဖရိကတိုက်ရှိလူရိုင်းများထံပြန်သွားရန်စဉ်းစားခဲ့၏။(၁၈၃၈) ခုနှစ်၌သူ့ဇနီး၊ ခလေးများနှင့်အတူတောင်အာဖရိကတိုက်သို့ခရီးပြုခဲ့၏။ ထိုအရပ်သို့ရောက်ပြီးနောက်အခြားလူမျိုးတို့ထက်ပိုမို ယဉ်ကျေးသော အေရောက်ကမ်းနီးယန်းလူမျိုးများရှိ၇ာအ၇ပ်သို့သူ့မိသားစုများနှင့်အတူရထားလုံးဖြင့် ခရီးစတင် ခဲ့၏။ မြစ်များနှင့်လမ်းကြမ်းများကိုကျော်ဖြတ်ကာ(၁၄)၇က်ခရီးသွားခဲ့ရ၏။
    ထို့နောက်အန်ဒီးစ်တောင်များကိုလားများစီးချက်ဖြတ်ကျော်ခဲ့ရ၏။ ထိုဒေသသို့ရောက်ပြီးနေထိုင်ရန်တဲ ငယ်လေးတစ်ခုကိုငှားရမ်းခဲ့၏။သူတို့၏အိမ်ထောင်ပရိဘောဂပစ္စည်းများကိုနေရာတကျထားပြီးနောက် ရွာသူကြီးရောက်လာပြီးသူတို့အားထွက်ခွာသွားရန်ပြောတော့၏။ အကြောင်းမှာအရင်နေဖူးခဲ့သောလူဖြူများသည်ရက်စက် ကြမ်းကြုတ်သူများဖြစ်သဖြင့်ရွာသားများကလူဖြူများအပေါ်မနှစ်မြို့သောကြောင့်ဖြစ်၏။ သူတို့သည်ဂါဒီနာအား ထိုအရပ်၌သာသနာပြုလုပ်ငန်းလုပ်ဆောင်ရန်ခွင့်မပြုခဲ့ချေ။
 
ဒုတိယအကြိမ်ကြိုးစားမှု
    ယခုအခါတောင်အာဖရိကတိုက်တောင်ပိုင်းရှိသူတွေ့ခဲ့ဖူးသောလူမျိုးများရှိရာသို့ပြန်လှည့်ခဲ့၏။အပင်များ မရှိသောလွင်တီးခေါင်ကမ်းခြေ၌သူတို့သည်သစ်သားအိမ်လေးတစ်လုံးကိုတည်ဆောက်ခဲ့ပြီးတဲရှင်များ ကိုမည်သို့ ဖာထေးချုပ်ရမည်ကိုသင်ပြပေးခြင်းအားဖြင့်မိိမိတို့အပေါ်ယုံကြည်စိတ်ချမှုရယူကြ၏။ ဂါဒီနာသည်ခင်မင်တတ် သောဤတိုင်းရင်းသားလူမျိုးစုများအကြား၌သာသနာပြုဌာနတစ်ခုတည်ထောင် လိုစိတ်ရှိခဲ့၏။ ထို့ကြောင့်အကူ အညီရယူရန်အင်္ဂလန်ပြည်ပြန်ခဲ့သော်လည်းစိတ်ပျက်စရာနှင့်ကြုံတွေ့ပြီး(၃)နှစ်ကြာမှ“ပက်တဂိုနီယန်” သာသနာ ပြုအသင်းကြီးကိုဖွဲ့စည်းနိုင်ခဲ့၏။
    သို့ရာတွင်သာသနာပြုရန်သူပြန်သွားသောအချိန်၌လူမျိုးစုအကြီးအကဲမှာအသစ်ဖြစ်နေပြီးခင်မင်မှုလုံး၀ မရှိကာမိသားစုအားလုံးအင်္ဂလန်သို့ပြန်ဖို့အကြောင်းဖြစ်ခ့ဲပြန်၏။ သူ့မိတ်ဆွေများလည်းစိတ်ဓါတ်ကျခဲ့၏။ သို့ရာ တွင်ဂါဒီနာကားစိတ်မပျက်ခဲ့ချေ။ “တောင်အာဖရိကတိုက်သို့ပြန်သွားပြီးကြိုးစားလုပ်ဆောင်ရန်ပရိုတက်စတင့် သာသနာကိုသာမန်မဟုတ်သောလူမျိုးစုများအကြား၌လုပ်ဆောင်ရန်စိတ်ဆုံးဖြတ်ထားပါသည်” ဟုသူပြောခဲ့၏။ 

တတိယအကြိမ်ကြိုးစာမှု
    ဤတစ်ကြိမ်တွင်သူသည်တောင်အာဖရိကတိုက်ရှိဘိုလီမီးယားအ၇ပ်သို့သွားခဲ့၏။ ရွာ(၁၁)ရွာရှိအကြီး အကဲများထံသွားေ၇ာက်ကာသာသနာပြုဌာနချုပ်လုပ်ခွင့်တောင်းခံရာ(၁၁)ကြိမ်စလုံးငြင်းပယ်ခံရ၏။ သူ့အဖွဲ့ သားများမှာအကြမ်းတမ်းဆုံးလမ်းခရီးမိုင်ပေါင်း(၁၀၀၀)ကျော်ဖြတ်သန်းခဲ့ရပြီးဖျားနာေ၀ဒနာခံစားကြ၏။ နောက် ဆုံး၌လိုအပ်သောခွင့်ပြုချက်ကိုသူရရှိခဲ့၏။ သို့သော်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့်မကြာမီအင်္ဂလန်ပြည် သို့တဖန်ထွက်ခွာခဲ့ရပြန်၏။
စတုတၳအကြိမ်ကြိုးစားမှု
    စတုတၳအကြိမ်ကူညီသူအသစ်များနှင့်တောင်အာဖရိခရီးစတင်ခဲ့ပြီးတဲများဆောက်ရန်အခြားကျွန်းတစ် ကျွန်းကိုသူရွေးချယ်ခဲ့၏။ သို့ရာတွင်ဒေသခံတိုင်းရင်းများသည်ဆိုးသွမ်းသူများဖြစ်ကြပြီးပစ္စည်းများကိုအတင်း အဓမ္မလုယက်ခဲ့ကြ၏။ ထို့ကြောင့်ထိုအရပ်မှထွက်ခွာခဲ့ပြန်၏။ နောက်ဆုံးကြိုးပမ်းမှု နှစ်ပေါင်းများ စွာကြာပြီးနောက်ရေ တပ်မှထွက်၍အမှုတော်ထမ်းဆောင်ခဲ့သော်လည်းမအောင်မြင် သကဲ့သို့ခံစားရ ၏။ သူ၏ကြိုးစားချက် များလည်းရှုံးနိမ့်ခြင်းနှင့်အဆုံးသတ်ခဲ့ရ၏။သို့သော်လည်းသူသည်စိတ်ဓါတ်မ ကျခဲ့ပါ။ အရှူံးလည်းမပေးခဲ့ချေ။ အကယ်၍သူ့လူများနှင့်အတူနေထိုင်ပြီး ပစ္စည်းများကိုထိန်းသိမ်းနိုင်မည့်သာ သနာပြုစက်လှေတစ်စင်းရှိလျှင် လုံခြုံစိ််တ်ချရမည်ဟုသူစဉ်းစားမိခဲ့၏။    
သာသနာပြုအသင်းကြီးကလည်းလိုအပ်သောငွေကြေးကိုမထောက် ပံ့နိုင်ခဲ့ချေ။ သို့ရာတွင်သူက“သာသနာပြုအသင်းကြီးကငွေထောက်ပံ့နိုင်သည်ဖြစ်စေ၊မထောက်ပံ့နိုင်သည်ဖြစ် စေ၊ ကျွန်ုပ်အနေဖြင့်စွန့်လွှတ်စွန့်စားလုပ်ဆောင်ရန်ရည်ရွယ်ပါသည်။ကျွန်ုပ်တို့၏ကယ်တင်ရှင်ကမြေကြီး စွန်းတိုင် အောင်ဧဝံဂေလိတရားဟောရန်မိန့်မှာခဲ့ပါသည်။ ကျွန်ုပ်တို့နာခံမှုသာပြုကြပါစို့”ဟုရေးခဲ့၏။
ကိုယ်ပိုင်ငွေနှင့်သူ၏ကြိုးပမ်းမှုကိုစာနာသောအမျိုးသမီးတစ်ဦး၏ငွေဖြင့် မာလိန်မှုးဂါဒီနာသည် စက်လှေ ၂စင်းပြင်ဆင်ခဲ့၏။တစ်စင်းမှာ“ကနဦး”ဖြစ်ပြီး၊ အခြားတစ်စင်းမှာ “ကောင်းကောင်းသွား”ဟုအမည် ဖြင့်သိကြ၏။လူခုနှစ်ဦးပါ၀င်သောအဖွဲ့ဖြင့်ခရီးပြုခဲ့ကြ၏။ ထိုခုနှစ်ဦးမှာကောင်းစွာလေ့ကျင့်ပြင်ဆင်ထားသော သူများမဟုတ်ကြချေ။ မကျွမ်းကျင်မှုကြောင့်လိုအပ်သည့်အသုံးအဆောင်များအချိန်နောက်ကျပြီးမှရောက်ရှိ၏။ 
သူတို့၏လမ်းဆုံးတောင်အမေရိကတိုက်သို့ရောက်ရှိပြီးနောက်လှေများရေစီးသန်မှုကြောင့်ကွဲအက် လွယ်ကြောင်းသိကြ၏။ ပထမလအကုန်၌“ကနဦး”လှေပျက်စီးသွားခဲ့၏။ ရဲရင့်သောသာသနာပြုများခြေချရာအ ရပ်တိုင်း၌ဒေသခံလူမျိုးစုများ၏ရိုင်းပြမှုကြောင့်ကယ်ဆယ်ရေးရေယာဉ်ဆိုက်ကပ်နိုင်မည့် ကျွန်းများပေါ်၌သာသနာပြုများခြေမချနိုင်ခဲ့ချေ။
ကျွန်ပေါ်ရှိ“စပန်နီရတ်”သဘောၤဆိပ်ကိုအဓိကထား၍သွားကြရန်ဆုံးဖြတ်ချက်ချခဲ့ကြ၏။ ကျောက် ဆောင်တစ်ခုအပေါ်၌“စပန်နီရတ်သို့သွားပြီ”ဟုဆေးချယ်ကာအမှတ်အသားပြုခဲ့ကြ၏။ ပုလင်းများပေါ်၌ “စပန်နီရတ်သို့သွားပြီ” လှေပေါ်မှာငါတို့ဖျားနေကြတယ်။ရိက္ခာလည်းကုန်တော့မယ်။မြန်မြန်လာမကယ်ရင် အစာငတ်ပြတ်တော့မယ်”ဟုေ၇းကာသဲများအောက်၌မြှုပ်ခဲ့ကြ၏။ အကယ်၍ကယ်ဆယ်ရေးရောက်ခဲ့သော်ဤ သတင်းစကားကိုသိနိုင်ရန်သူတို့မြော်လင့်ခဲ့ကြ၏။ 
နောက်ဆုံးရုန်းကန်လှုပ်ရှားမှု
    ရက်သတ္တပတ်များစွာကျော်လွန်ခဲ့ပြီးမည်သည့်ယာဉ်မျှမရောက်ရှိခဲ့ချေ။ထို့နောက်သူတို့၏အစာရိက္ခာ များကုန်ခန်းသွား၏။ မာလိန်မှုးဂါဒီနာနှင့်သူ့လူများအစာရေစာမဲ့ခြင်းနှင့်ကယ်ဆယ်ခံရဖို့မျှော်လင့်ချက်မရှိတော့ ဘဲကမ်ဘာလောကကြီးနှင့်အဆက်ပြတ်ခဲ့၏။ ဤလူခုနှစ်ယောက်သည်မြေခွေးတစ်ကောင်ကိုစားသောက်လျက် ရက်ပေါင်းများစွာအသက်ရှင်ခဲ့ကြရပြီးနောက်ပိုင်းတွင်ကြွက်(၆)ကောင်၊သစ်စေ့များနှင့်မုံညင်းအရိုင်း များကိုစား သောက်ပြီးအသက်ရှင်ခဲ့ကြရ၏။ အစာငတ်မွတ်ခြင်းအပြင်အရေပြားယားနာရောဂါ(၀ဲရောဂါ)ခံစားကြရ၏။ ဤ သို့ခဲယဉ်းသောနေ့ရက်များအတွင်းဂါဒီနာသည်“ကျွန်ုပ်အားနည်းလွန်းလို့တစ်နေ့လုံးအိပ်ယာပေါ်မှာ ပဲနေခဲ့တယ်။ ကျွနု်ပ်စိုးရိမ်ခြင်းရှိသမျှကိုဘုရားသခင်ထံအပ်နှံခဲ့တယ်၊ ကိုယ်တော်ရဲ့အချိန်နာရီနဲ့ကောင်းသောအစီအစဉ်ကို သာကျွန်ုပ်မျှော်လင့်နေပါတယ်” ဟုရေးခဲ့၏။
    ဂါဒီနာနှင့်သူ့အဖော်နှစ်ဦးသည်ပျက်စီးနေသော“ကနဦး”လှေကိုကမ်းခြေသို့ဆွဲယူခဲ့ပြီးတဲရှင် တစ်ခုဖြင့်ဖုံးအုပ်ကာအတွင်း၌နေခဲ့ကြ၏။အခြားသူများကတစ်မိုင်အကွာရှိ“ကောင်းကောင်းသွား”လှေ အတွင်း၌နေခဲ့ကြ၏။ ထိုလှေကိုမူလေမုန်တိုင်းဒဏ်မှကာကွယ်ရန်ကျောက်ချထားခဲ့၏။ လူများလည်းအားနည်းလာကြသောကြောင့် လှေတစ်စင်းမှတစ်စင်းသို့မကူးနိုင်တော့ချေ။
    “ကျွနု်ပ်တို့သာသနာပြုအဖွဲ့သားများမှတစ်ယောက်ပြီးတစ်ယောက်ကောင်းသောအမွေခံရန်ကောင်း သောသိုးထိ်န်းကြီး၏စုသိမ်းခြင်း(ခေါ်တော်မူခြင်း)ခံရ၏။ကျွနု်ပ်တို့၏အသက်တာများမှာကိုယ်တော်ရှင်၏လက် ထဲ၌ရှိသည်။ အမှုတော်၌သာ၍အရည်အချင်းပြည့်၀သောအခြားသူများကိုကိုယ်တော်သည်ရွေးကောက်ခေါ်ယူ အသုံးပြုနိုင်ပါသည်”ဟုဂါဒီနာရေးခဲ့၏။
    အခြားသူများသေဆုံးပြီးနောက်လှေပေါ်တွင်သူတစ်ဦးတည်းလှေပေါ်၍ရှိစဉ်မိသားစုထံနောက်ဆုံးနှုတ် ဆက်စာနှင့်အနာဂတ်လုပ်ဆောင်ရမည့်သာသနာပြုအစီအစဉ်များကိုရေးသားခဲ့၏။ ဤသို့ဖြင့်သူ့နောက်ဆုံးအ ချိန်ပင်လျှင်အမှုတော်မြတ်အတွက်ဖြစ်ခဲ့၏။ (၁၈၅၁)ခုနှစ်၊ စက်တင်ဘာလ(၆)၇က်နေ့တွင်ရဲရင့်သောသာသနာ ပြုအဖွဲ့မှနောက်ဆုံးလူဖြစ်သ ည့်ဂါဒီနာသည်အစာငတ်မွတ်ကာသေဆုံးခဲ့ရ၏။ ၇က်(၂၀)ကြာမှကယ်ဆယ်ရေး ယာဉ်ရောက်ရှိခဲ့ပြီးလက်ဝါးကပ်တိုင်တော်၏သူရဲကောင်းသည်အသက်ဆုံးပါးလျက်ရှိသည်ကိုတွေ့ကြရ၏။

စပါးစေ့
    ဂါဒီနာ၏အသက်တာသည်သာသနာပြုအများစုနှင့်မတူချေ။ ၇လာဒ်အနေဖြင့်မည်သည့်တိုင်းရင်းသား ခရစ်ယာန်(သို့)အသင်းတော်ကိုမျှသူချန်မထားနိုင်ခဲ့ချေ။ ထို့ကြောင့်သူ့ကြိုးစားမှုနှင့်အသက်တာကိုအလဟာသ ဖြုန်းတီးသည်ဟုဆိုလိုပါသလား၊ လုံး၀မဟုတ်ပါ၊ သခင်ယေရှူက“ငါအမှန်အကန်ဆိုသည်ကား၊မြေ၌ကျသော စပါးစေ့သည်မပျက်လျင်တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတတ်၏။”ဟုမိန့်တော်မူ ခဲ့၏။(ယော၊ ၁၂း၂၄)
    အယ်လန်ဂါဒီနာသည် ဘုရားသခင်မျိုးစေ့ဖြစ်ခဲ့၏။ သူသည်မြေ၌ကျပြီးသေခဲ့ရ၏။ ထို့ကြောင့်အသီးသီး ရမည်။ သူ့သေခြင်းသတင်းကအသင်းတော်များကိုလှုပ်ရှားစေခဲ့၏။ သူ့အကြောင်းကိုနေရာတိုင်း၌ပုံနှိပ်ဖြန့်ေ၀ခဲ့ ကြ၏။
    အကျိုးရလာဒ်ကား“ပက်ထဂိုနီယန်”သာသနာပြုအသင်းကြီးက ဂါဒီနာနှင့်သူ့မိတ်ဆွေများအသက်ပေး ခဲ့ကြသောကျွန်းများပေါ်၌သာသနာပြုလုပ်ငန်းကိုတည်ထောင်ခဲ့ကြ၏။“အယ်လန်ဂါဒီနာ”အမည်မှည့် ထားသောအထူးကောင်းမွန်သည့်စက်လှေဖြင့််ခြေစိုက်စခန်းမှအခြားကျွန်းများပေါ်သို့ခရီးပြုခဲ့ကြ၏။
    ပထမဆုံးစေတနာ့၀န်ထမ်းသာသနာပြုများအတက်တစ်ဦးမှာမာလိန်မှုးဂါဒီနာ၏သားဖြစ်ပြီးသူ့ဖခင်၏ အလိုဆန္ဒများပြီးပြည့်စုံစေရန်ဆက်ကပ်လုပ်ဆောင်ခဲ့၏။ဂါဒီနာနှင့်သူ့ဆန္ဒကိုလစ်လျူရှူခဲ့ကြသော အမှားကိုခရစ် ယာန်များသဘောပေါက်ခဲ့ကြ၏။ ဧဝံဂေလိတရားမကြားဖူးသေးသော အရပ်များသို့သာသနာပြုများ အဖြစ်သွား ရောက်ရန် လူငယ်များစွာတို့သည်မိမိ ကိုယ်ကို ဆက်ကပ်အပ်နှံခဲ့ကြ၏။ တောင်အမေရိက တိုက်တောင်ပိုင်း သာသနာလုပ်ငန်းသည် လမ်းပွင့်ခဲ့ပြီးကြီး မားသော စိတ်၀င်စားမှုဖြင့်လုပ်ဆောင်နိုင်ခဲ့၏။ဤအရာအားလုံးမှာ ဘုရားသခင်၏ မျိူးစေ့မှအ သီးသီးခြင်းဖြစ်ပေသည်။
    ခရစ်တော်ထံလုံး၀ဆက်ကပ်အပ်နှံထားသောအသက်တာတို်င်းသည်အလဟာသအသက်တာမဟုတ် ချေ။ သင့်အသက်တာကိုအသုံး၀င်ပြီးအသီးသီးသောအသက်တာဖြစ်ချင်ပါသလား။ဖြစ်ချင်ပါကကိုယ်တော်ထံ လုံး၀ဆက်ကပ်အပ်နှံပါ။ ကိုယ်တော်သည်သင့်ကိုအသုံးပြုတော်မူမည်။