Sunday, 10 February 2013

ကယ်တင်ခြင်းနှင့် စပ်ဆိုင်သောဩဝါဒ

        သမ္မာကျမ်းစာက သွန်သင် ကယ်တင်ခြင်းအကြောင်းကို   ကောင်းစွာ သဘောပေါက်မှ သာလျှင် ကယ်တင်ခြင်းသည် ထာဝရ ကယ်တင်ခြင်းဖြစ်ကြောင်း ကို သိနားလည်နိုင်မည်။ ကယ်တင်ခြင်းနှင့်ပတ် သက်၍ ကျွနု်ပ်တို့အမြင်သည် အများအားဖြင့် လေးနက်မှု၊ နက်ရှိုင်း မှုမရှိပါ။ ခရစ်ယာန် တစ်ဦးဖြစ်ခြင်းသည် အပြစ်ကိုဝန်ခံခြင်း၊ ကောင်းသည် ထက်ကောင်းလာစေရန် အသက်ရှင်မှု၌ ကြိုးစားခြင်း၊ ခရစ်ယာန်ဘာသာ တရားကို လက်ခံခြင်းနှင့် ဘာသာပညတ် ချက်များအတိုင်း အသက်ရှင်ရမည်ဟု 
ကျွနု်ပ်တို့ယုံကြည်ကြသည်။                

             သမ္မာကျမ်းစာ၏ ဖွင့်ပြချက်အရ ကယ်တင်ခြင်းသည် ယုံကြည်သူတစ်ဦး တစ်ယောက်အတွက် ဘုရားသခင်၏ အံ့ဘွယ်သော လုပ်ဆောင်ချက်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ၎င်းသည် လူတို့အတွက် ဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်ပါသည်။ဘုရားသခင် အတွက်လူ၏ လုပ်ဆောင်မဟုတ်ပါ။မကောင်းမှုဒုစရိုက်၌ နစ်မွန်းနေသော အပြစ်သားတစ်ဦးသည် ခရစ်တော်၌ ယုံကြည်မှုရှိလာသည့်အခါ အံ့ဩဘွယ်လုပ်ဆောင်ချက်အနည်းဆုံး(၆၀) ချက်သညသူ၏အသက်တာ၌ နေရာယူကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားပါသည်။ ထိုသူ သည် ခရစ်တော်၌ သူငယ်ကလေးအဖြစ် ဘုရားသခင်၏ မိသားစုထဲသို့ မွေးဖွားလာသော်လည်းသူ့အဘို့ဘုရား သခင်ပြင်ဆင်ထားပြီးသော အလုံးစုံကို သူမသိနိုင်ပါ။ သူသည် ကောင်းကင်အရပ်ခရစ်တော်၌ ခပ်သိမ်းသောဝိညာဉ်ရေးရာကောင်းကြီးမင်္ဂလာကိုခံစားရသော်လည်း၊ စိုက်သည့်အတိုင်း သူသည် ရိတ်ခြင်းခံရမည်။

             ထို့ကြောင့်ကျေးဇူးတော်၌ ကြီးထွားခြင်း၊ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌ သန့်ရှင်းမှုနှင့်ပြည့်စုံခြင်း၊ ဘုရာသခင်နှင့်အတူ လျှောက်လှမ်းခြင်းရှိသော ခရစ်ယာန်အသက်တာသည် ထူးခြားသော မှတ်သားဘွယ်အချက်တစ်ခုဖြစ်သည်။လူတစ်ဦးသည် ကယ်တင်ခြင်းရောက်ပြီးပါက သူသည်ဘုရားသခင်၌ တည်ရှိနေသည်(၁ယော၊ ၄း ၁၅၊ ၁၆)။ ဘုရားသခင်သည် ထိုသူ၌တည်၏(ဧ၊ ၄း ၆)။ ထိုသူသည် ခရစ်တော်၌တည်၍ ခရစ်တော်သည်လည်း ထိုသူ၌တည်နေ၏(ဧ၊ ၁း ၃၊ကော၊၁း၂၇)။ ထိုသူသည် ဝိညာဉ်တော်၌တည်၍ ဝိညာဉ်တော်ကလည်း ထိုသူ၌ကျိန်းဝပ်တော်မူ၏(ဂလာ၊ ၅း၂၅၊ ၁ကော၊ ၆း၁၉)။ ထိုသူ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အပြစ်အလုံးစုံဆေး ကြောခံရပြီးဖြစ်သည်(၁ယော၊၁း၇)။

           ထို့ကြောင့် ယေရှုခရစ်၌တည်နေသော ထိုသူတို့သည် အပြစ်စီရင်ခြင်းမရှိတော့ပါ(ရော၊ ၈း၁)။ ထိုသူသည်ဘုရားသခင်ရှေ့တော်၌ ညစ်သောအဝတ်နှင့်တူသော သူ၏ကုသိုလ်ကောင်းမှုတို့ကြောင့်မဟုတ်ပေ(ဟေရှာ၊ ၆၄း၆)။ ခရစ်တော်အသေခံခြင်းဖြင့် အပြစ်ဖြေ လွှတ်ပေးခြင်း ကျေးဇူးတော်ကြောင့်သာ ဖြောင့်မတ်ရာသို့ရောက်ရကြသည်(ရော၊ ၃း၂၄)။ထိုသူသည် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်းဖြစ်သည်(ရော၊၅း၁၀)။ လက်ဝါးကပ်တိုင်ပေါ်မှာသွန်းသောအသွေးအားဖြင့် ခရစ်တော်၏ငြိမ်သက်ခြင်းခံစားရသည်(ကော၊ ၃း၁၅)။

          ထို့အပြင် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူး(ဧ၊၁းရ-၈) ပညတ်တရားကျိန်ခြင်းမှ ရွေးနုတ်ခြင်း (ဂလာ၊ ၃း၁၃)။ ပစ္စုပ္ပန် အပြစ်ဒုစရိုက်လောကမှ ကယ်လွှတ်ခြင်း (ဂလာ၊၁း၄)ကို ရရှိသည်။ သူသည် ဘုရား သခင်၏ ဝိညာဉ်တော် အားဖြင့်အသစ် မွေးခြင်းခံရသည်(ယော၊၃း၃၊၅၊၇)။ သို့ဖြစ်၍ ထိုသူသည် ဘုရားသခင်၏သားဖြစ်လာသည်(၁ယော၊၁း၁၂)။ ဘုရားသခင်၏ အမွေခံ၊ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားနိုင်ပေပြီ(ရော၊ ၈း၁၇)။ ဘုရားပကတိကို ဆက်ဆံသောသူဖြစ်လာသည်(၂ပေ၊၁း၄)။

            ထိုသူသည် မှောင်မိုက်တန်ခိုးမှ ရွေးနုတ်ခြင်းခံရကာ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းခြင်းခံရသည်(ကော၊ ၁း၁၃)။ ဘုရားသားအဖြစ်နှင့် ကျေးဇူးတော်ကိုခံစားရသည်(ရော၊၅း၂)။ ခရစ်တော်နှင့်အတူ ထမြောက်ခြင်းရောက်ပြီးခရစ်တော်နှင့်အတူဘုရားသခင်၏ လကျာ်ဘက်၌ ယခုထိုင်နေရပြီ (ဧ၊၂း ၆)။

            လူတစ်ဦးသည် ကယ်တင်ခြင်းရောက်သည့်အခါ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အထဲ၌ ကျိန်းဝပ်တော်မူ၏(ရော၊ ၈း၉၊ ၁ကော၊ ၆း၁၉)။ ထို့ပြင်ဝိညာဉ်တော်အားဖြင့် ခရစ်တော်၏ ကိုယ်ခန္ခာထဲသို့ ဗတ္တိဇံခံရပြီ(၁ကော၊ ၁၂း၁၃)။ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သည်သာမက ရွေးနုတ်ခြင်းနေ့ရက်တိုင်အောင်သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကိုခံရသည်(ဧ၊၄း ၃၀)။

           ကျွနု်ပ်တို့သည် ဘုရားသခင်၏ကြီးမားအံ့ဘွယ်သော ကယ်တင်ခြင်းအကြောင်းကိုသိမြင်တတ်လာလျှင် ထိုကယ်တင်ခြင်းသည် ယခုရပိုင်၍ တဖန်ဆုံးရှုံး တတ်သောအရာမဟုတ်ကြောင်းကို သဘောပေါက်နားလည်လာပါလိမ့်မည်။ ထို့ပြင် လူတို့၏ အားနည်းချက် ကြောင့်လည်း ဆုံးရှုံးနိုင်သောအရာမဟုတ်ပေ။ ကျွနု်ပ်တို့ကယ်တင်ခြင်း မခံရနိုင်ခြင်း အဓိကအချက်မှာ ငါဟူသောသဘော စိတ်နှလုံးတွင် ကိန်းအောင်းသောကြောင့်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ရုပ်ပိုင်းဆိုင်ရာ တစ်ကြိမ်နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ တစ်ကြိမ်သာ ဒုတိယမွေးခြင်း ခံနိုင်သည်။

             စိတ်အားထက်သန်စွာ ရိုးသားစွာဖြင့် ရှိကြသော ခရစ်ယာန်များစွာတို့က၎င်းတို့သည် ကယ်တင်ခြင်းအချိန်မရွေးဆုံးရှုံးနိုင်သကဲ့သို့ အချိန်မရွေးလည်း ပြန်ရနိုင်သည်ဟု ထင်မှတ်ကြသည်။ ကယ်တင်ခြင်း မဆုံးရှုံးရန်အတွက် တနင်္ဂနွေနေ့ညတိုင်းတရားပလ္လင်သို့ သွားရောက်ဆုတောင်းတတ်ကြသည်။ ဤသူများသည် ကယ်တင်ခြင်းအကြောင်းကို လေးနက်စွာ မသိသောကြောင့်ဖြစ်သည်။ ၎င်းပြင် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ဖော်ပြထားသည် မွန်မြတ်သော ကယ်တင်ခြင်းအကြောင်းကိုသူတို့သည် သဘောမပေါက်ကြပေ။

              ခရစ်တော်ပြုသော ကျေးဇူးတော်အားဖြင့် ဘုရားသခင်သည် ကယ်တင်ခြင်းကျေးဇူးကို အခမဲ့လက်ဆောင်အဖြစ်ပေးခြင်းဖြစ်သည်။ လူ့အပိုင်းအနေနှင့် ဘုရားသခင်ပေးသော ဆုလက်ဆောင်ကို လက်ခံဘို့ရန်ဖြစ်ပေသည်။ ခရစ်တော် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း သည် ဧဝံဂေလိတရားကို ပြည့်စုံစေခြင်း ဖြစ်သည်။လူ့အပိုင်းသည် ဧဝံဂေလိတရားကို ယုံကြည်ရန်ဖြစ်သည်။ လူ့ဘက်က ထိုတရားကိုလက် ခံပါမူ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ပြင်ဆင်ပေးတော်မူမည်။ လူတစ်ဦးသည် မိမိလမ်းကို မိမိလျှောက်ရန် ရွေးချယ်ခွင့်ရှိသကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ပြုမူသောလမ်းကို လျှောက်လှမ်းနိုင်ခွင့်ရှိပေသည်။

Friday, 8 February 2013

ဝိညာဉ်တော်အလင်းပေးသောဩဝါဒ

       သမ္မာကျမ်းစာသည် ထူးခြားအံ့ဘွယ်သော စာအုပ်ဖြစ်၍ ထူးခြား အံဘွယ်သောဆရာမရှိလျှင်နားမလည်နိုင်ပါ။ ဘုရားသခင်၏ဝိညာဉ်တော် သည် သမ္မာကျမ်းစာကိုရေးသားသော စာရေးသူ(၂တိ၊၃း၁၆၊ ၂ပေ၊၁း၂၁)နှင့် ကျမ်းစာကို အနက်အဓိပ္ပာယ်ပြန်ဆိုသူဖြစ်သည် (ယော၊ ၁၄း၂၆၊ ၁၆း၁၃၊၁၄)။ ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟုထင် တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့် ပိုင်းခြား၍ နားလည်နိုင်သောကြောင့်ဇာတိပကတိလူသည် နားမလည်နိုင်(၁ကော၊၂း ၁၄)။

          ဒုတိယမွေးခြင်းမခံရသေးသူတစ်ဦးအနေနှင့် ဟားဗတ်(Harvard) တက္ကသိုလ်မှ (Ph. D) ဒေါက်တာဘွဲ့ကို ရယူခဲ့နိုင်သော်လည်း ဘုရားသခင်၏ လေးနက်သောအရာများကို နားမလည်နိုင်ပေ။ ကျေးဇူးတော်သည် မူလအခြေခံဖြစ်၍ ဇာပကတိလူ၏ ဆင်ခြင်စဉ်းစားခြင်းနှင့် ဆန့်ကျင်လျက်ရှိ၏။ခရစ်ယာန်တစ်ဦးအနေနှင့် ဘုရားသခင်၏ သမ္မာတရားများကို သဘောပေါက်နားလည်ပါက ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမသွန်သင်ခြင်းကိုခံရသူဖြစ်ရပေမည်။

            ကျမ်းစာလာသည်နှင့်အညီ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလို့ငှါ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး (၁ကော၊ ၂း၉)။ အထက်ပါ ကျမ်းပိုဒ်ကို နောင်အနာဂတ်တွင် ဘုရားသခင်ဘုန်းထင်ရှားစေရန်အတွက် မကြာခဏအမှီပြုသော်လည်းအခြေခံကျသော သက်ဆိုင်မှုသည် ကျွနု်ပ်တို့ ယခုမျက်မှောက်၌ ခံစားရသော ကယ်တင်ခြင်းပင်ဖြစ်၏။ ထိုအရာတို့ကို ဘုရားသခင်သည် ငါတို့ကို ဝိညာဉ်တော်အားဖြင့်ဖော်ပြတော်မူ၏(၁ကော၊ ၂း၁၀)။ ကျွနု်ပ်တို့သည် ဘုရားသခင်၏သားများဖြစ်ကြလျှင်ဘုရားသခင်ပေးတော်မူသောအရာတို့ကိုသိခြင်းအလို့ငှါ ဘုရားသခင်ထံမှ ကြွလာသောဝိညာဉ်တော်ကို ခံရကြပြီ (၁ကော၊၂း၁၂)။

              ဒုတိယမွေးခြင်းခံပြီးသော ခရစ်ယာန်တစ်ဦးအနေနှင့် မိမိကိုယ်ပိုင် အသိဉာဏ်ကို အမှီပြု၍ သမ္မာကျမ်းစာကို လေ့လာသော် လည်းကြီးမြတ် သော ဘုရားသခင်၏ သမ္မာတရားများကို နားလည်နိုင်စွမ်းမရှိပါ။ ဝိညာဉ်တော်က သွန်သင်မှုရမှသာ ယုံကြည်သူအနေနှင့် ထာဝရလုံခြုံစိတ်ချမှု၏ သမ္မာတရားကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။