Saturday, 26 January 2013

ဘုရားသခင် အဘယ်သူနည်း (WHO IS GOD?)

ခရစ်တော်၌လူသစ် အခန်း (၂)
ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူး ...” ဟု ဖော်ပြထားသည် ဖြစ်ရာ ဘုရားသခင်အကြောင်း သိလို၍ ဘုရားသခင်သည် အဘယ်သူနည်းဟု မေးမြန်းလာသူအား လူÓဏ်ကို အားကိုး၍ အဖြေပေးရန် အလွန်ခက်ခဲလှပါသည်။ သို့သော် သမ္မာကျမ်းစာ၌ ကွက်ကွက် ကွင်းကွင်း တိတိကျကျ ဖော်ပြအဖြေ ပေးထားသည်ကို တွေ့နိုင်ပါသည်။


(က) ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသူဖြစ်သည်
(GOD IS THE CREATOR OF THE UNIVERSE)
“ထာဝရဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ဘုရားသခင်၏ လူဖြစ်ကြ၏”(ဆာလံ၊၁၀ဝး၃)။ “ထာဝရဘုရား မိန့်တော်မူသည်ကား
မိုးကောင်းကင်ကို ငါတစ်ပါးတည်း ကြက်လျက် မြေကြီးကို အဖော်မရှိဘဲ ခင်းလျက် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏” (ဟေရှာ၊ ၄၄း၂၄)။ “ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ် ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏” (ဆာလံ၊ ၁၄၆း၆)။

ဘုရားသခင်သည် –
- လူကို မိမိပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းသူ (က၊ ၁း၂ရ။ ၅း၁)။
- ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသူ (က၊၁း၁။ ၄ရာ၊ ၁၉း၁၅)။
- နေ၊ လ၊ ကြယ်တို့ကို ဖန်ဆင်းသူ (က၊ ၁း၁၄-၁၉)။
- သစ်ပင်၊ စပါးမျိုးစေ့တို့ကို ဖန်ဆင်းသူ (က၊ ၁း၁၁-၁၂)။
- ရွှေ၊ ငွေတို့ကို ဖန်ဆင်းပိုင်သသူ (ဟဂ္ဂဲ၊ ၂း၈)။
- ပင်လယ်နှင့် ငါးအမျိုးမျိုး ဖန်ဆင်းသူ (က၊ ၁း ၂၀-၂၃)။
- မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုးစုံကို ဖန်ဆင်းသူ (က၊ ၁း၂၄-၃၁)။

(ခ) ဘုရားသခင်သည် ထာဝရအသက်ရှင်သူဖြစ်သည် (GOD IS ETERNAL LIFE)
ဘုရားသခင်သည် ဖန်ဆင်းရှင်သာမဟုတ် ထာဝရအသက်ရှင်သူလည်း ဖြစ်ပေသည်။ “ထိုသူသည် မှန်သောဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏” (၁ယော၊ ၅း၂၀)။ “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစု္စပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်...” (ဗျာ၊ ၁း၈)။ “ရှေးဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား အဦးဆုံးသော သူဖြစ်၍ နောက်ဆုံးသော သူတို့နှင့် ရှိသော ငါထာဝရဘုရားပေတည်း” (ဟေရှာ၊၄း၄)။

(ဂ) ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည် (ALMIGTY DOD)
ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်သောကြောင့် အရာခပ်သိမ်းကို တတ်စွမ်းနိုင်ပါသည်။ “ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏” (က၊ ၁ရး၁)။ “--အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော ထာဝရဘုရားသခင်သည်--”– (ဗျာ၊ ၄း၈)။

(ဃ) ဘုရားသခင်သည် မပြောင်းလဲသောအရှင်ဖြစ်သည်(GOD IS THE SAME YESTERDAY, TODAY, TOMORROW)
ဘုရားသခင်သည် ပြောင်းလဲခြင်း၊ ရွေ့လျော့ဖောက်ပြန်ခြင်းနှင့် အစဉ်ကင်းလွတ်ပါသည်။ “ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်ဆုံးပါ” (ဆာလံ၊၁၀၂း ၂ရ)။ “-- မနေ့၊ ယနေ့၊ ဗနာက်ကာလ မပြောင်းမလဲ အစဉ်နေတော်မိူ၏” (ဗြဲ၊ ၁၃း၈)။

(င) ဘုရားသခင်သည် နေရာတိုင်း၌ ရှိသူဖြစ်သည် (GOD IS OMNIPRESENSE)
ဘုရားသခင်သည် တစ်ချိန်တည်း၌ နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိတော်မူနိုင်ပါသည်။ “ကိုယ်တော် သည် အကျွနု်ပ်ကို ပတ်လည်ဝိုင်းထား၍ အကျွနု်ပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ” (ဆာလံ၊ ၁၃၉း ၅)။ “ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ယာခင်းလျှင် ကိုယ်တော်ရှိ တော်မူ၏။ သမုဒ္ဒရာထဲ၌ နေလျှင် ကိုယ်တော် ရှိတော်မူ၏။ ညအချိန်၊ နေ့အချိန်၌ ကိုယ်တော်ရှိတော်မူ၏” (ဆာလံ၊ ၁၃၉း၈-၁၂။ ယေရမိ၊ ၂၃း၂၃-၂၄။ တမန်၊ ၁ရး ၂၇-၂၈)။

(စ) ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်သူဖြစ်သည် (GOD IS OMNIPOTENCE)
ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို တတ်စွမ်းနိုင်သည် ဖြစ်ပါ၏။ “ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှမဆီးတားနိုင် ကြောင်းကိုလည်းကောင်း အကျွနု်ပ်သိပါ၏”(ယောဘ၊ ၄၁း၂)။ “ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်”(မဿဲ၊ ၁၉း၂၆)။

(ဆ) ဘုရားသခင်သည် အရာခပ်သိမ်းကို သိကျွမ်းသူဖြစ်သည် (GOD IS OMNISCIENCE)
ဘုရားသခင်သည် အရာခပ်သိမ်းကို သိကျွမ်းတော်မူပါသည်။ ဘုရားသခင် မသိဘဲလျက် ဖြစ်ပျက်သော အရာ မရှိပါ။ ဖြစ်ပြီးသောအရာ၊ ဖြစ်ဆဲအရာများနှင့် ဖြစ်ဦးမည့်အရာအားလုံးကို သိမြင်တော်မူပါသည်။ “အိုထာဝရဘုရား ကိုယ်တော်သည်အကျွနု်ပ်ကို စစ်ကြော၍ သိကျွမ်းတော်မူ၏။ အကျွနု်ပ် ထိုင်ခြင်း၊ ထခြင်း အရာတို့ကို သိတော်မူ၏။ ကျွနု်ပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အို ထာဝရဘုရားကိုယ်တော် သည် အကြွင်းမဲ့ သိတော်မူ၏” (ဆာလံ၊ ၁၃၉း၁-၄)။ “ငါတို့ဘုရားရှင်သည်ကြီးမြတ်တော်မူ၏။ Óဏ်တော် သည်လည်း အနန္တဖြစ်၏” (ဆာလံ၊ ၁၄ရး၅)။ “မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် ထာဝရဘုရားရှေးတော်၌ ထင်ရှား၏” (ဆာလံ၊ ၁၄ရး၅)။ “ထိုမျှမက လူသားတို့၏ နှလုံးသားသည်သာ၍ ထင်ရှား၏” (သု၊ ၁၅း ၁၁)။

(ဇ) ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည် (GOD IS LOVE)
ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်ပေးသည်အထိ လူသားတို့ကို တစ်ဘက်သတ်မေတ္တာဖြင့် ချစ်သောသူဖြစ်ပါ၏(ယော၊၃း၁၆)။
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်”(၁ယော၊ ၄း၈)။ မိမိအသက်ကို ပေးသည်အထိ လောကီအပြစ်သားတို့ကို ချစ်တော်မူပါသည်။ “ငါတို့သည် အပြစ်ရှိစဉ်တွင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏” (ရော၊ ၅း၈)။
“ဘုရားသခင်၏ ဂရုဏာတော်သည် အစဉ်အမြဲတည်တော်မူ၏”(ဆာလံ၊ ၁၀ဝး၅။ ၁၀၆း၁။ ၁၁၈း၁-၂။ ၁၃၆း၁-၂၆)။

(ဈ) ဘုရားသခင်သည် သန့်ရှင်းတော်မူသော ဘုရားဖြစ်သည် (GOD IS HOLY)
သန့်ရှင်းသည်ဟု ဆိုရာတွင် အပြစ်အညစ်အကြေးနှင့် လုံးဝ ကင်းစင်ခြင်းကို ဆိုလိုပါသည်။ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” (ဟေ၊ ၆း၃။ ဗျာ၊ ၄း၈)။ “ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏” (ဗျာ၊ ၁၅း၄)။ “သန့်ရှင်း တော်မူ သော အဘ ဖြစ်ခြင်း” (ယော၊ ၁ရး၁၁)။ “ငါသည် သန့်ရှင်းတော်မူ၏” (၁ပေ၊ ၁း၁၆)။

(ည) ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသောဘုရားဖြစ်သည် (GOD IS TRUTH)
ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသူဖြစ်ပါသည်။ သစ္စာတရား၏ အရှင်လည်းဖြစ်ပါ၏။ “ငါသည် လမ်းခရီးဖြစ်၏၊ သစ္စာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏” (ယော၊ ၁၄း၆)။
ဘုရားသခင်သည် သစ္စာတည်သောဘုရားဖြစ်သောကြောင့် –“--ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း၊ ကိုးကွယ်ရမည် (ယော၊၄း၂၄)ဟု မိန့်တော်မူထား ပါသည်။ သမ္မာတရားသည်(သစ္စာတရား)ကို သိခြင်းဖြင့် လွတ်ခြင်းအခွင့်ကို ရနိုင်ပါသည် (ယော၊၈း၃၂)။ သစ္စာ(သမ္မာတရား)နှင့် ပြည့်စုံသော ဘုရားကို ယုံကြည်ခြင်းဖြင့် လွတ်ခြင်းအခွင့်ကို ရရှိနိုင်ပါသည်။
ယေရှုက “ငါအမှန်အကန်ဆိုသည်ကား--” ဟူ၍ မိန့်ဆိုလေ့ရှိတတ်ပါသည်။ ဤကဲ့သို့ မိန့်ဆိုခြင်းမှာ ကိုယ်တော်ကိုယ်တိုင် သမ္မာတရား (TRUTH) ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။ (ယော၊ ၃း၃၊ ၃း၅။ ၂း၁၁၊ ၅း၂၄၊ ၂၅။ ၆း၃၂။ ၈း၄၆။ ၈း၅၁။ ၁၂း၂၄။ ၁၃း၃၈။ ၂၁း၁၈)။
“ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏”(ယော၊၁ရး၁၇)။ မိန့်တော်မူသော စကားတို့သည် ရွေ့လျော့ဖောက်ပြန်ခြင်းမရှိ။ ထာဝစဉ်မှန်ကန်တည်မြဲလျှက် ရှိကြောင်းကို သိရပါသည်။

(ဋ) ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သည် (GOD IS SPIRIT)
သခင်ယေရှုကိုယ်တိုင်က “ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်တော်မူ၏”ဟု မိန့်တော်မူခဲ့သည် (ယော၊၄း၂၄)၊ ဘုရားသခင်သည် ကိုယ်ခန္ဓာနှင့် တည်နေတော်မူသည်မဟုတ်။ တစ်နေရာတစ်ဌာန၌သာ စိုးစံနေတော်မူသည်မဟုတ်ဘဲ နာမ်ဝိညာဉ်ဖြစ်သည့်အားလျော်စွာ နေရာတကာ၌ ရှိနေတော်မူပါသည် (ဆာလံ၊၁၃၉း၇-၁၀)။
“ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏”(က၊၁း၂)။ “ဘုရား သခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူ--”(တော၊ ၂၄း၂။ လု၊ ၄း၁၈)။ “ဘုရားသခင် ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ” (ယောဘ၊၃၃း၄)၊ “ဘုရားသခင် ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်--”(မဿဲ၊၃း၁၆)။

(ဌ) ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်သည် (GOD IS RIGHTEOUSNESS)
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ ထာဝရဘုရား သည် ကျေးဇူးပြုတတ်သောသဘောဖြောင့်မတ်သော သဘောရှိတော်မူ၏။
(ဆာလံ၊ ၁၁၆း၅။ ၈၆း၁၅။ ၁၀၃း၈။ နေဟ၊၉း၈)။
“ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏”
(ဆာလံ၊ ၁၁၉း၁၃၇။ ၁၂၉း၄။ ၁၄၅း၁၇)။
“ဖြောင့်မတ်ခြင်းကို ပေးတော်မူသော ဘုရားဖြစ်၏”
(ယေရ၊ ၃း၅-၆။ ရော၊၃း၂၁-၂)။
“ဖြောင့်မတ်ခြင်းကို ပေးတော်မူသော ဘုရားဖြစ်၏” (၂ကော၊ ၅း၂၁)
“ဖြောင့်မတ်တော်မူသော သခင်ဖြစ်၏” (တမန်၊ ၃း၁၄)။ငါထာဝရဘုရားပေတည်း” (ဟေရှာ၊၄း၄)။

Wednesday, 16 January 2013

ဘုရားသခင်နှင့် ဖန်ဆင်းခြင်း (GOD AND CREATION)

New Life in Christ
အခန်း (၁) ဘုရားသခင်နှင့် ဖန်ဆင်ခြင်း (GOD AND CREATION)

မရပ်မနား လည်ပတ်နေသည့် နာရီတစ်လုံးကို ကြည့်ရှုဆင်ခြင်သည့်အခါ အချိန်မှန်မှန် သွားနေ၏။ ထိုနာရီသည် မိမိအလိုအလျောက် ဖြစ်လာပြီးလည်ပတ်သွားနေခြင်း မဟုတ်ဘဲ ထုတ်လုပ်သူရှိ၍သာ ဖြစ်လာပြီး လည်ပတ်သွားလာနေကြောင်း သဘောပေါက်နိုင်ပါသည်။ လောကပေါ်တွင် မြင်တွေ့နေရသော လေယာဉ်ပံျ၊ မော်တော်ကား၊ မီးရထား၊ သင်္ဘောအစရှိသည်တို့ သည်လည်း ထုတ်လုပ်သူ၊ မောင်းနှင်သူ ရှိခြင်းကြောင့်သာ ဖြစ်ပေါ်လာပြီးလှုပ်ရှားသွားလာနေကြောင်း ထင်ရှားလှပါသည်။ သို့ဖြစ်ရာ ဤကမ္ဘာမြေကြီး၊ မိုးကောင်းကင်၊ နေလ ကြယ်နက္ခတ်တို့မှစ၍ ရေမြေတောတောင်၊ တိရစ္ဆာန်တို့အပါအဝင် အရာအားလုံးနှင့် အားလုံးတို့အထဲတွင်  အမြင့် မြတ် ဆုံးဖြစ်သော လူသားတို့သည် အလိုအလျောက်ဖြစ်ပေါ်လာခြင်း မဟုတ်လဲ ဖန်ဆင်း သူရှိသာ ဖြစ်ပေါ် လာနိုင်ကြောင်း သိသာလှပါသည်။

ထိုဖန်ဆင်းသူသည် ထာဝရဘုရားသခင် ဖြစ်ပေသည်။ သမ္မာကျမ်းစာက “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” (က၊၁း၁)။ “... နေ့ကို အုပ်စိုးသော အကြီးတစ်လုံး၊ ကြိုအုပ် စိုးသော အငယ်တစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော် မူပြီးလျှင်...” (က၊ ၁း၁၆)။  “... ထို့နောက် ထာဝရဘုရားသခင်သည် မြေမှုန့်ဖြင့် လူဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက် (မြနအေ့ သ် ူင်န)ကို မှုတ် တော်မူလျှင် လူသည် အသက်ရှင်သော သတဝါဖြစ်လေ၏” (က၊ ၂းရ)။ “ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ် လျက်ဖြစ်သော အရာတစ်စုံ တစ်ခုမျှမရှိ” (ယော၊ ၁း၃)ဟု တိတိကျကျ ဖေါ်ပြပါသည်။    

(က) ဘုရားသခင်သည် အစအဦး၌ ရှိသူဖြစ်ခြင်း (GOD IS THE BEGINNING)
    ကမ္ဘာဦး ၁း၁ တွင် “အစအဦး၌ ဘုရားသခင်သည်...”ဟု ဖော်ပြထားပြီး ဆာလံ၊၁ဝ၂း၂၅၌ “ကိုယ်တော် သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီး မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသော အရာ ဖြစ်ပါ၏”ဟု ဖော်ပြထားရာ ဘုရားသခင်မှာ မည်သည့်အရာမျှအပေါ်မီ အစအဦးကတည်းကပင် ရှိနှင့်ပြီးပြီ ဖြစ် ကြောင်း ထင်ရှားနေပါသည်။ ဆာလံ၊ ၉ဝး၂ တွင်လည်း “တောင်များကိုမဘော်၊ မြေကြီးနှင့် လောကဓါတ်ကို ဖန်ဆင်းတော်မမူမီ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရာသခင်ဖြစ်တော်မူ၏”ဟု ဖေါ်ပြထားသည်ကို ကြည့်ခြင်းဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ အားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင်သာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ ဘုရားသခင်ရှိခြင်းကြောင့်သာ အရာခပ်သိမ်းတို့ ရှိလာခြင်းဖြစ် ပါသည်။

(ခ) ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ခြင်း  (GOD IS THE CREATOR)
        “ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ” (ယော၊ ၁း၃)။ “ထာဝရ ဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏ အရှင်ဖြစ်တော်မူ၏” (ဆာလံ၊ ၁ဝဝး၃)။ “လောကဓါတ်မှစ၍ လေကဓါတ်၌် ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်...” (တမန်၊ ၁ရး ၂၄) စသဖြင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်ကို ကြည့်ရှု ဆင်ခြင်ပါက ဘုရားသခင်သည် မြင်နိုင်သောအရာ၊ မမြင်နိုင်သော အရာအားလုံးကို ဖန်ဆင်းသော အရှင်ဖြစ် ကြောင်း သိနိုင်ပါသည်။ 
    မည်သည့်အရာမှ အလိုအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ဘုရားသခင် ဖန်ဆင်း၍သာ ဖြစ်ပေါ်လာ ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ခပ်သိမ်းသောအရာကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ နာမတော်အားဖြင့် ငါတို့သည် မစခြင်းကျေးဇူးကိုခံကြရသတည်း” (ဆာလံ၊ ၁၂၈း၄)။

(ဂ) သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင် ဖန်ဆင်းခြင်း (GOD CREATED ALL THE ANIMALS)
    ကမာပေါ်တွင် အသက်ရှိသော သတ္တဝါအမိုျးမိုျး ရှိကြပါသည်။ ကောင်းကင်၌ ပံျသန်းတတ်သော ငှက်အမိုျးမိုျး၊ မြေပေါ်၌ တွားသွားတတ်သော တိရစ္ဆာန်အမိုျးမိုျး၊ ရေ(ပင်လယ်)ထဲ၌ ရှိကြသော ငါးအမိုျးမိုျး၊ ပုစွန်အစရှိသော ရေသတ္တဝါအမိုျးမိုျးတို့ကို ဘုရားသခင်က ဖန်ဆင်းကြောင်း ကျမ်းစာတွင် ဖော်ပြထားပါသည်။ 
    “တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည် များစွာ မွေးဖွားစေ၊ ငှက်တို့လည်း မြေပေါ်၊ မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ် ပံျစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်မိုျးအလိုက် များပြားစွာမွေးဖွား၍ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်း တို့ကိုလည်းကောင်း၊ ပံျတတ်သော ငှက်မိုျးအပေါင်းတို့ ကိုလည်းကောင်း၊ ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” (က၊၁း၂ဝ-၂၁)။

(ဃ) လူဟူသည်မှာ အဘယ်နည်း (WHO IS MAN?)
    လူသည် ဘုရားသခင် ဖန်ဆင်းတော်မူသမျှတို့အထဲတွင် အမြင့်မြတ်ဆုံးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က ဘုရားသခင်က လူကို မိမိပုံသဏ္ဍန်တော်နှင့်အညီ ဖန်ဆင်းထားသောကြောင့် ဖြစ်သည် (က၊ ၁း၂၆)။ ဆာလံ၊ ၈း၄-၆ ထဲတွင်လည်း “လူသည် အဘယ်သို့သောသူဖြစ်၍် ကိုယ်တော်သည် အောက်မေ့ တော်မူရသနည်း၊ လူသားသည် အဘယ်သို့သောသူဖြစ်၍် အကြည့်အရှုကြွလာတော်မူရသနည်း၊ အသူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍ သိုးနွားအစရှိသော မြေတိရစ္ဆာန်၊ မိုးကောင်းငှက်၊ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန် မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ”ဟု ဖော်ပြထားပါသည်။ 
    ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသောကြောင့် အမြင့်မြတ်ဆုံးဖြစ်ပြီး အခြားအရာအားလုံးပေါ်၌ အုပ်စိုးရသောအခွင့်ကိုပါ ပေးထားခြင်းဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် တညီတည်း ဖန်ဆင်း သည်ဟု ဆိုရာတွင် ခြေလက်အင်္ဂါ၊ မျက်နှာတို့ကိုမဆိုလိုပါ။ ဘုန်းအသရေကို ဆိုလိုခြင်းဖြစ်ပါသည် (၁ကော၊ ၁၁းရ)။ ဘုရားသခင်၏ ပုံသဏ္ဌာန်ဟု ဆိုရာ၌ ရုပ်ပုံသဏ္ဌာန်မဖြစ်နိုင်။ ဘုရားသခင်သည် နာမ်ဝိညာဉ် (God is spirit) ဖြစ်တော်မူကြောင်း (ယော၊ ၄း၂၄) တွင် ဖော်ပြထားပါသည်။ 
    ဘုရားသခင်က လူကို ဖန်ဆင်းရာတွင် ခန္ဓာ၊ စိတ်၊ ဝိညာဉ်ဟူ၍ (၃)ပိုင်းပါဝင်စေပြီး ဖန်ဆင်း ထားကြောင်း တွေ့ရပါသည် (၁သက်၊ ၅း၂၃)။ ကိုယ်ခန္ဓာသည် မြေမှုန့်မှလာပြီး၊ ဝိညာဉ်သည် ဘုရားသခင်က တိုက်ရိုက်မှုတ်သွင်းပေးထားခြင်းကြောင့် (ဒေသနာ၊ ၁၂းရ)တွင် “ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့လည်း ကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
   
 လူကိုဖန်ဆင်းသည့်အခါ...
ဂ မြေမှုန့်ဖြင့် ဖန်ဆင်းခြင်း(က၊ ၂းရ)။
ဂ နှာခေါင်းထဲသို့ ဇီဝအသက်မှုတ်သွင်းပေးခြင်း (က၊ ၂းရ)။
ဂ ခနာ၊ စိတ်၊ ဝိညာဉ် ဟူ၍ (၃)ပိုင်းပါရှိစေခြင်း။
ဂ လူတစ်ဦး(အာဒံ)ကိုသာ ဦးစွာ ဖန်ဆင်းခြင်း (က၊ ၂း၁၈)။
ဂ လူမိန်းမ(ဧဝ)အား ယောကျာ်း(အာဒံ)၏ နံရိုးကို ထုတ်၍ဖန်ဆင်းခြင်း (က၊ ၂း၂၄-၂၅)။
ဂ လွတ်လပ်ခွင့် ပေးထားခြင်း (က၊ ၂း၈-၁ဝ)။
ဂ အမှားနှင့် အမှန်ကို ခွဲခြားနိုင်၍ နှစ်သက်ရာကို ဆုံးဖြတ်ရွေးချယ်နိုင်သောသူအဖြစ် ဖန်ဆင်းခြင်း (က၊ ၂း၉)။


(င) ဘုရားသခင်၏ ဖန်ဆင်းခြင်း အဆင့်ဆင့်  (GOD CREATED THE WORLD DAY BY DAY)
    သမ္မာကျမ်းစာ ကမ္ဘာေုမြကြီးကို တစ်ရက်ပြီးတစ်ရက်နှင့် (၆)ရက်ကြာ ဖန်ဆင်းခဲ့ကြောင်း ဖော်ပြထား ပါသည်။ သို့သော်လည်း ဘုရားသခင်အဖို့ တစ်ရက်သည် လူအဖို့ အနှစ်(၁ဝဝဝ)နှင့် ညီမျှကြောင်း (၂ပေ၊ ၃း၈) ၌ ဆိုထားပါသည်။
    သမာကျမ်းစာအရ ဖန်ဆင်းခြင်းအဆင့်ဆင့်
ပထမနေ့ -– ကောင်းကင်နှင့် မြေကြီး၊ အလင်းနှင့်အမှောင် (က၊ ၁း၁-၂)။
ဒုတိယနေ့ - မိုးမျက်နှာကြက်။ မိုးမျက်နှာကြက်အောက်ရှိ ရေနှင့် မိုးမျက်နှာကြက်အထက်ရှိရေတို့ ပိုင်းခြားခြင်း 
          (၁း၃-၈)။
တတိယနေ့ -  ရေနှင့် မြေကြီးကို ပိုင်းခြားပြီး ကုန်းပေါ်စေခြင်း (က၊ ၁း၉-၁၃)။
စတုတ ္ထနေ့ -  နေ၊ လ၊ ကြယ်။ နေ့နှင့်ည (က၊ ၁း၂ဝ-၂၃)။
ပဥ ္စမနေ့  -  မိုးကောင်းကင်ငှက်များ၊ ရေသတ္တဝါများ (က၊ ၁း၂ဝ-၂၃)။
ဆဌမနေ့ -  မြေတိရစ္ဆာန်မိုျးစုံနှ့င့် လူ (က၊ ၁း၁၄-၃၁)။

(စ) တစ်စတစ်စ တိုးတက်ပြောင်းလဲလာခြင်း (EVOLUTION) မဖြစ်နိုင်
    အခိုျ့သိပ္ပံပညာရှင်များက လူသည် ဘုရားသခင် ဖန်ဆင်း၍ ဖြစ်ပေါ်လာခြင်းမဟုတ်၊ တိရစ္ဆာန် (အခြား သတ္တဝါ)မှ ဆင်းသက်လာခြင်း ဖြစ်သည်။ တဖြည်းဖြည်း လူ့ဘဝသို့ ကူးပြောင်းလားခြင်းဖြစ်သည်ဟု ယူဆကြပါသည်။ သို့သော် လူသည် အလိုအလျောက်ဖြစ်ပေါ်လာခြင်းမဟုတ် အခြားသတ္တဝါတစ်ခုခုမှ တဖြည်း ဖြည်း ပြောင်းလဲလာခြင်း (ပြောင်းလဲဖြစ်စဉ်)လည်းဖြစ်ပါသည်။ ကမ္ဘာကျော်သိပ္ပံံပညာရှင်အများကလည်း(EVOLUTION) မဖြစ်နိုင်ကြောင်း ထွက်ဆိုကြပါသည်။

•  Dr. Austin Clark, F.R.C.S u  က  “တရစာန်အုပ်စုမှ လူအုပ်စုသို့ ပြောင်းလာခြင်း လုံးဝမရှိပါ။ လူသည် ပထမဦးဆုံးသော လူကပင်လျှင် ဖြစ်ပေါ်လာခြင်းဖြစ်၏” ဟု ထွက်ဆိုခဲ့လေသည်။ 
• Dr. Clark Wissler (သဘာဝသမိုင်း ပါရဂူဆရာကြီး)က “လူသတ္တဝါ၏ အစကိုရှာ၍ မရနိုင်ပါ။ ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ထောက်ခံပါသည်”ဟု ထွက်ဆိုခဲ့ပေသည်။
• Dr. Albert Flessonhman, Darwin Ohsory က သဘောတရား သိပ္ပံံနည်းအရ (EVOLUTION) မှန်ကန်ကြောင်း သာဓကပြနိုင်သောအချက် တစ်ခုမျှမရှိဟု ဖော်ပြခဲ့ပါသည်။
• Sir, Fleming, Douglas Dewar တို့က (EVOLUTION)မဖြစ်နိုင်ကြောင်း စာအုပ်ထုတ်ထားခဲ့ပေသည်။
အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးများသည် ကမ္ဘာက အသိအမှတ်ပြု၍ ချီကူျးဂုဏ်ပြုခြင်းကို ခံရသည့် သိပ္ပံပညာရှင်ကြီးများ ဖြစ်ကြပါသည်။

(ဆ) လူသားအားလုံး အာဒံမှ ဆင်းသက်လာခြင်း    (ALL MEN ARE DESCENDANTS OF ADAM)
     ကမ္ဘာပေါ်တွင်ရှိလူသားအားလုံး (အသားမဲ၊ အသားဖြူ၊ အသားဝါ၊ အရပ်ရှည်၊ အရပ်ရှည်၊ အရပ်ပု၊ လူပိန်) ပထမလူ အာဒံ(ဗိော) မှ ဆင်းသက်သော လူများဖြစ်ကြပေသည် (က၊၂း၂၁-၂၃)။ အမိုျးသမီး ဧဝ (နလန) ပင်လျှင် ယောကျာ်း(အာဒံ)ထံမှ နံရိုးတစ်ချောင်းကို ထုတ်၍် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။
    ယနေ့ ကမ္ဘာ့သိပပညာရှင်များကလည်း လူသားများ အမိုျးမိုျး၊ ဘာသာစကား၊ အသားအရောင် ကွဲနေ သော်လည်း တစ်မိုျးထဲမှ ဆင်းသက်လာခြင်းဖြစ်သည်ကို လက်ခံနိုင်ခဲ့ပေသည်။ လူသားအားလုံး အာဒံမှ ဆင်းသက်လာသည်ကို ကျမ်းစာ တိတိကျကျ ဖေါ်ပြထားပါသည်။ အာဒံတစ်ဦးတည်းကြောင့် လူသားအားလုံး အပြစ်သားများ ဖြစ်ခဲ့ရသည်။ အပြစ်တရားသည် အာဒံအာဖြင့် ဤလောကသို့ဝင်၍် လူသားအားလုံးအပေါ်သို့ သက်ရောက်ခဲ့သည်ဟု ဖော်ပြထားပါသည် (၁ကော၊ ၁၅း၂၂)။
(၁)    ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော ပညာရှင်က သူ၏လေ့လာတွေ့ရှိချက်အရ ပူသောဒေသ၌ဖြစ်စေ၊ အေးသောဒေသ၌ဖြစ်စေ၊ ကျန်းမာနေသော လူတစ်ဦး၏ ကိုယ်အပူချိန်မှ တူညီမှုရှိကြောင်း၊ ထို့ကြောင့် လူအားလုံးသည် တစ်ပမိုျးတစ်စားတည်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
(၂)    ပူသောတိုင်းပြည်၌်ဖြစ်စေ၊ အေးသောတိုင်းပြည်၌်ဖြစ်စေ အမိုျးသမီးများ ကိုယ်ဝန်ဆောင်သော လအရေအတွက် တူညီနေခြင်းကိုလည်း တွေ့ရပါသည်။ (ဥပမာ - ငှက်ပျောသီးဆိုလျှင် ပူသောဒေသနှင့် အေးသောဒေသတို့၌ မှည့်ပုံချင်း မတူညီပါ။ ပူသောဒေသ၌ မှည့်လွယ်ပြီး အေးသော ဒေသ၌ တော်တော်နှင့် မမှည့်သည်ကို တွေ့ရပေသည်။) သို့သော် ကိုယ်ဝန်ဆောင်ခြင်း တစ်ကမ္ဘာလုံး တူညီမှုရှိပါသည်။ ဤအချက်သည်လည်း လူအားလုံးမှာ တစ်ဦးတည်းမှ ဆင်းသက် လာကြောင်း သက်သေပြချက်ပင် ဖြစ်ပါသည်။