Monday, 19 November 2012

ယေရှုခရစ်၏ (၁၈)နှစ် ပြဿနာ

သက်တော် (၁၂) နှစ် မှ အနှစ် (၃၀) အတွင်း ကြားကာလ (၁၈) နှစ်တွင် ယေရှုခရစ်တော်သည် ဘယ်မှာရှိနေသနည်း။ ထိုကာလ ယေရှုခရစ်တော်၏ ဘဝတစိတ်တပိုင်းနှင့် ပတ်သက်၍

ခရစ်တော်ကြောင့် ...
ခရစ်ယာန်ဘာသာဆိုတာ ဓမ္မဟောင်းကို အခြေပြုထားတာမို့ အလွန်ရှေးကျတဲ့ ဘာသာလို့ ပြောနိုင်ပါတယ်။ သို့သော်လည်း တကယ့် တကယ်တော့ ခရစ်တော်သာလျှင် ခရစ်ယာန်ဘာသာတရားကို စတင်တည်ထောင်သူဖြစ်ပါတယ်။ ဓမ္မဟောင်း ကျမ်းကာလဟာ ဂျူးဘာသာ ကာလလို့ ပြောရင် 
မမှားလောက်ပါဘူး၊ လောကကြီးစတင်ဖန်ဆင်းခြင်း ခံရပြီး ပထမလူသား အာဒံမှ ခရစ်တော်မပေါ်ပေါက်မှီကာလတိုင်အောင်ဖြစ်တဲ့ ဓမ္မဟောင်းကျမ်း အယူအဆကို ဂျူးဘာသာ၊ အစ္စလန်ဘာသာ နဲ့ ခရစ်ယာန်ဘာသာတို့က လက်ခံခဲ့ကြပါတယ်။

အေဒီ ၃၀ ပတ်ဝန်းကျင်မှာ ယေရှုခရစ်တော်က မိမိဟာ ထာဝရဘုရားသခင်က စေလွှတ်လိုက်တဲ့ ကယ်တင်ရှင်ဖြစ်တဲ့အကြောင်း ဟောပြော ကြေငြာခဲ့ပေမဲ့ ဂျူးလူမျိုး အများစုက မယုံကြည်ခဲ့ပါဘူး။ ခရစ်တော်ကို ငြင်းပယ်ပြီး မိမိတို့ ပရောဖက်ဟောခဲ့တဲ့ ကယ်တင်ရှင်ကို ဆက်လက်မျှော်လင့်နေတာမို့ ဂျူးဘာသာဟာ သီးသန့်ကျန်ရစ်ပြီး ခရစ်ယာန်ဘာသာဟာ သီးခြားပေါ်ပေါက်လာခဲ့ပါတယ်။ ခရစ်တော်ကြောင့်လို့ ပြောရမှာဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ ကျမ်းစာကတော့ ဂျူးတွေရဲ့ ကျမ်းစာဖြစ်တဲ့ ဓမ္မဟောင်းကျမ်းကို မိမိတို့ရဲ့ ကျမ်းရင်းတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ခရစ်တော်ပေါ်ပေါက်လာပြီးတဲ့နောက် ခရစ်တော်နဲ့ပတ်သက်ပြီး ရေးထားတဲ့ကျမ်းများကိုတော့ ဓမ္မသစ်ကျမ်းလို့ သတ်မှတ်အသုံပြုခဲ့ပါတယ်။

ခရစ်တော်ဘယ်သူလဲ..
ကိုးကွယ်ရာ ဘာသာတရားတို့တွင် အခြေခံပုဂ္ဂိုလ်ကတော့ရှိစမြဲပါ။ ကမ္ဘာပေါ်တါင် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကြီးများစွာအနက် ဗုဒ္ဓဘာသာရဲ့ အခြေခံပုဂ္ဂိုလ် ဗုဒ္ဓလောင်းလျာ သိဒ္ဓိတ္တမင်းသားကို BC567 မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာသာရဲ့ အခြေခံပုဂ္ဂိုလ် ခရစ်တော်ကို AD 2 မှာ မွေးဖွားခဲ့ပါတယ်။ အစ္စလမ်ဘာသာကို ဖေါ်ထုတ်သူ မုဟမ္မာဒ်ကိုတော့ AD 571 မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာာကို ဖေါ်ထုတ်သူ ယေရှုခရစ်တော်ရဲ့ ဇာတိဇစ်မြစ်ကို လေ့လာကြည့်တဲ့အခါ ရောမများအုပ်စိုးရာ ပါလက်စတိုင်းဒေသကို ပြန်သွားကြရမှာဖြစ်ပါတယ်။

ဘီစီ ၆၃ မှာ ဂျေရုဆလင်မြို့ဟာ ရောမတို့ လက်အောက်ကို ကျဆင်းခဲ့ရတယ်။ Augustus Caesar ဟာ ဘီစီ ၂၇ မှာ ရောမအင်ပါယာရဲ့ ဧကရာဇ်ဘုရင်တစ်ပါးဖြစ်လာခဲ့တယ်။ ဒီအချိန်မှာ ယာကုပ်ရဲ့ သားအကြီးဆုံးဖြစ်သူ ဧသောအနွယ်မှ ဆင်းသက်လာတဲ့ ဟေရုပ် Herod ဂျေရုဆလင်မြို့ရဲ့ ဘုရင်ခံဖြစ်လာခဲ့တယ်။ ဟေရုဒ်ဟာ အာဗြာဟံက ဆင်းသက်လာတဲ့အမျိုးအနွယ်ဖြစ်ပေမယ့် ဒါဝိဒ်အနွယ်ကတော့ မဟုတ်ခဲ့ဘူး၊ တစ်ခါ ဒါဝိဒ်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရှောလမုန် နှင့် နာသန်တို့ကနေ ဆင်းသက်လာတဲ့ အနွယ်ထဲက ယောသပ် နဲ့ မာရိကို ထိမ်းမြားဖို့ စေ့စပ်နေကြတယ်။ နာသန်ကနေပြီး ဆင်းသက်လာတဲ့ လူမျိုးဆက် (၄၀)မှာ မာရိကို ဖွားမြင်ခဲ့တာပါ။

ယောသပ်နဲ့ မာရိ နှစ်ဦးစလုံးကို ဗက်သလီဟင်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ စေ့စပ်ချိန်မှာ နာဇရက်မှာ သူတို့ရှိနေကြပြီ။ ယောသပ်ရဲ့ အသက်မွေးလမ်းကြောင်းကတော့ လက်သမားအလုပ်၊ ခရစ်တော်ရဲ့ ဘဝအစမှာပဲ ပြဿနာတစ်ခု တွေ့ရပါတယ်။ မာရိဟာ အပျိုစင်ကလေးတစ်ယောက်၊ ယောသပ်နဲ့လည်း မရင်းနှီးရပဲနဲ့ ကိုယ်ဝန်ရှိလာတယ်။ ထာဝရဘုရား၏ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်မှုဖြစ်တယ်။ မမွေးရသေးသောသားကိုလည်း ယေရှုဟု အမည်မည့်ရပြန်သတဲ့။

မဖြစ်နိုင်ဘူးဟု တွေးစရာဖြစ်ပါတယ်။ သမိုင်းဆရာ၊ ဘာသာရေးဆရာတို့ အပြင်းအထန် အငြင်းသန်ခဲ့ကြရပါတယ်။ သို့သော် တကယ်ပင်ဖြစ်ခဲ့ပါတယ်။ အပျိုစင်ဘဝနှင့် ကိုယ်ဝန်ကို လွယ်ကာ အပျိုးစင်ဘဝနှင့်ပင် ယေရှုကိုမွေးဖွားခဲ့တာပါ။ ယေရှုကို မာရိမွေးဖွားခဲ့တာပါ။ ယေရှုကိုမွေးဖွားပြီးသည့်တိုင်အောင် မယ်တော်မာရိဟာ အပျိုစင်ပဲ ရှိနေေးတယ်လို့ ဆိုပါတယ်။

ဒီဘဝရဲ့ အစအဦးမှာ ယောသပ်နဲ့ မာရိရဲ့ သားဟုတ်မဟုတ် ပြဿနာအပိုင်းအစကို တွေ့ရပါတယ်။ ယုံကြည်ဖို့ရန် ခက်ခဲပြီး အချို့သောခရစ်ယာန်ဘာသာ ဆန့်ကျင်သူ Anti-christ များက ထောက်ပြဝေဖန်စရာဖြစ်ပါတယ်။ တချို့ဆိုရင် ပိုပြီးဆိုးဝါးစွာ ပြောဆိုရေးသာရင်း မယ်တော်မာရိကို စော်ကားသလိုဖြစ်လာပါသေးတယ်။ စာပေလက်တံရှည်များနဲ့ သိမ်းရိုက်တဲ့အခါ ယုံကြည်သူအချို့ရဲ့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်ရပါသေးတယ်။


စဉ်းစားကြည့်ရအောင် ....
ကိုယ်ဝန်အငှားလွယ်တဲ့အခါ မိန်မသားဟာ လင်ယောင်္ကျာတစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့မလိုသလို သူမရဲ့ ဗီဇအသွေးအသားလည်း ပါဝင်ဖို့မလိုဘူး၊ သူက သားအိမ်ကို ခေတ္တပေးထားရတာပဲ၊ ယောင်္ကျားတစ်ယောက်နဲ့ ဆက်ဆံမှုကင်းတဲ့ မိန်းကလေးဟာ အပျိုစင်ပဲမဟုတ်လားဗျာ၊ ကမ္ဘာပေါ်မှာ သံဝါသမပြုပဲ ပထမဆုံးကိုယ်ဝန်အငှားလွယ်တဲ့ကိစ္စ (တနည်းအားဖြင့် သားအိမ်အငှားလွယ်ခြင်းကိစ္စကို စပြီးကျင့်သုံးသကတော့ ထာဝရဘုရားသခင်ပဲလို့ ပြောလို့ရတယ်။Testube Baby တွေထဲမှာ သားဦးဟာ ယေရှုခရစ်တော်လို့ ပြောကြည့်ကြရအောင် ...။


၁၂ နှစ်သားကာလအထိ ....
ယေရှုခရစ်တော်ရဲ့ ငယ်စဉ်ဘဝကို ခရစ်ဝင်ကျမ်းတွေမှာ ပြည့်ပြည်စုံစုံဖတ်ရတဲ့အခါမှာလည်း အင်မတန်မှ လှုပ်လှုပ်ရှားရှားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ပဟေဋိဆန်ခဲ့တဲ့ ဘဝတခုဟာ မိဘများ ခရီးသွားရင်း မွေးဖွားခြင်းခံရပါတယ်။ အဲဒီနောက်ပိုင် တမြေရပ်ခြားကို သွားပြီး ပုန်းရသေး၊ အသက်ဘေးကလည်း သိုးကာသီကာ လွတ်ရုံကလေး ပြေးရလွှားရ၊ သက်တော် ၁၂နျစ်မှာ တကယ့်ကျမ်းတတ်ပုဂ္ဂိုလ်များနဲ့ နင်လားငါလား တရားစကားဆွေးနွေးခဲ့ကြတာကို ဓမ္မသစ်ကျမ်းမှာ တွေ့ရပါတယ်။

အဲဒီနောက်မှာ ...
သက်တော်စဉ်ရဲ့ အခန်းကဏ္ဍကွယ်ပျောက်သွားခဲ့ပါတယ်။ နောက်တဖန်ပြန်ပေါ်လာတဲ့အခါ သက်တော် ၃၀ အရွယ်ရှိနေပါပြီ၊ ဒီကြားထဲမှာ ၁၈ နှစ်တိုင်တိုင် ဆိတ်ငြိမ်သောနှစ်ကာလ Silent Years ဖြစ်ခဲ့ပါတယ်။

ဓမ္မသစ်ကျမ်းမှာတော့ ...
ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နျာရတော်မူ၏ (လုကာ ၂း၅၂) လို့ ဖေါ်ပြထားပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် ...
"Jesus went back with them to Nazareth, where he was obdient to them" 51.a
"Jesus grew both in body and in wisdom, gaining favor with God and men." (52)

ဟုတ်ပါတယ်။ ၁၈ နှစ်ကာလမှာ ခရစ်တော် ဘာလုပ်နေသလဲ၊ ဘာဖြစ်နေသလဲ၊ သို့မဟုတ် ဘယ်ကိုသွားနေသလဲ၊ H.E Dana ၏ A Life of Christ စာအုပ် စာမျက်နှာ ၁၈ တွင်
"This experience, however, brought no expression of arrogance of ogotism on the parts of the boy Jesus. Here turned with Mary and Joseph to Nazareth subject to them as in the past. Of his experience from that time to the beginning his public ministry we know nothing in detail, but only in a general way that he led a normal but pure and benevolent life. It is generally believed that Joseph died in the early years of Jesus manhood and that Jesus then became the head of the Nazareth household .. ဟုဖော်ပြထားပါသည်။

ဝင်းမော်ဦးစာပေမှထုတ်ဝေခဲ့ဖူးသော စာအုပ်တစ်အုပ်၌မူ အိန္နိယနိုင်ငံ၊ ဘုံဘေမြို့ အယ်လိဖင့်စတုန်းကောလိပ်မှာ အင်္ဂလိပ်စာပါမောက္ခ ခရစ်ယာန်ဘုန်းတော်ကြီး J Wilson MA Oxford University ၏ အမေးနှင့်အဖြေကဏ္ဍတွင် သက်တော်စဉ်၏ အပိုင်းအစ တချို့ကို မှားယွင်းကောက်ချက်ချထားသည်ကိုတွေ့ရသည်၊ ၁၈ နှစ်ကာလအတွင်း ယေရှုခရစ်တော်သည် တိဘက်ပြည်ကိုသွား၍ ... ဆိုသော အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ချီကာကိုမြို့ ကမ္ဘာကျော်ခရီးလည့်လည်သူ သုတေသနပုဂ္ဂိုလ် ဂိုးရစ်ခ် ရဲ့ မှတ်တမ်းအရ .. ဟု ကိုးကားဖေါ်ပြခဲ့ပါတယ်။ ဂိုးရစ်ခ်၏ မှတ်တမ်းဆိုသော်လည်း စာအုပ်ထုတ်ဝေမှု ပုံနှိပ်မှတ်တမ်း မှီငြမ်းပြုသည့် အချက်အလက်မပါပဲ နှုတ်စကားမှီြင်းသဖြင့် ပညာရှင်မဆန်ပါ၊ ယုံကြည်လောက်ဖွယ်ရာ အထောက်အထား အားနည်းခဲ့ပါတယ်။

ပါမေက္ခဂိုးရစ်ခ်က ...
ခရစ်တော် ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးထားတဲ့ မှတ်စုကို ရရှိခဲပြီး ၁၉၂၅ ခုနှစ်က ခရစ်တော်မသိသေးသော သွန်သင်ဟောပြောချက်များ ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့သတဲ့၊ ခရစ်တော်ရဲ့ ၁၈ နှစ်ကာလ သက်သေခံချက်တွေကို စာရွက်ပေါင်း ၁၀၀ ကျော်မှာ ခရစ်တော်ကိုယ်တိုင် လက်ရေးနဲ့ ရေးသားခဲ့တာလို့ ဆိုပါတယ်။

အဲသလို စာရေးသားထုတ်ဝေမှုတွေနဲ့အတူ ဟောပြောသွန်သင်မှုတွေကြောင့် ခရစ်တော်ရဲ့ သက်တော်စဉ်ဟာ ပိုပြီးရှုပ်ထွေးနောက်ကျိ လာခဲ့ပါတယ်။ တစ်ခါ ရောမလူမျိုး ဘုရင်ခံ ပွန်တီယပ်စ် ပစ်လေးရဲ့ စာတမ်းဆိုပြီး ကိုးကားမှုလုပ်ပြီး ရေးသားထုတ်ဝေမှုတွေကြောင့် ခရစ်တော်ရဲ့ Silent Year ဟာ ပဟေဋိဆန်လာပါတယ်။ The Unknown Life of Christ ဆိုတဲ့ စာအုပ်တစ်အုပ်အတွက်နဲ့ ယုံကြည်မှုရေးရာမှာ အတော်ကလေး ကသောင်းကနင်းနိုင်ခဲ့ပါတယ်။ စာရေးဆရာတစ်ယောက်ဟာ သူ့ကလောင်ကို ပွဲဆူဖို့ သက်သက်အသုံးပြုတဲ့အခါ အလွန်စိတ်ပျက်စရာဖြစ်လာပါတယ်။ ကြောင်းကျိုးမခိုင်လုံပဲ ရေးသားချက်တွေကြောင့် အပေါ်ယံရှပ်ကြည့်ရင်တော့ ဟုတ်တုတ်တုတ်ပါပဲ။


(၁၈) နှစ်ကာလအပိုင်းအစ...
ဒီမှာ သက်တော်စဉ် ဖော်ပြခြင်းရဲ့ အားနည်းမှုတစ်ခုကို တွေ့ရပါတယ်။ ရှင်လုကာဟာ ခရစ်ဝင်ကျမ်းရေးသူတွေထဲမှာ ပညာအတတ်ဆုံး၊ အသေးစိတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရေးချက်တွေ သိပ်ကောင်းတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခန်းကြီး ၂ နဲ့ ၃ အကြားမှာတော့ (၁၈)နှစ် ကာလကို တိတိကျကျဖြက်တောက်ထားပါတယ်။

ရှင်လုကာ St. Luke ဟာ ဒီခရစ်ဝင်ကျမ်းကို အကြားနဲ့တင်ရေးတာမဟုတ်ဘူး၊ The Great Physician ဆိုတဲ့စာအုပ်မှာ လုကာန ရဲ့ အကြောင်းကို နှစ်ပေါင်း ၂၀ သုတေသနပြုခဲ့တဲ့ စာရေးဆရာ လုကာန ဟာ မယ်တော်မာရိကို တွေ့ဆုံပြီး (ဗျူး) ပြီးမှ ဒီခရစ်ဝင်ကျမ်းကို ရေးကြောင်း၊ တွေ့ဆုံတဲ့နေရာ၊ မေးခွန်းတချို့နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေရှိခဲ့သတဲ့၊ လုကာန ဟာ ခရစ်တော်ရဲ့ Silent Year ကို မမေးပဲ မနေပါဘူး၊ မာရိကလည်း မပြောပဲ မနေပါဘူး၊ သို့သော် ဘာဖြစ်လို့ ဒီအကြောင်းအရာကို ခရစ်ဝင်ကျမ်းထဲ ထည့်မရေးခဲ့တာလဲ၊ ရေးရဲ့သားနဲ့ ဓမ္မသစ်ကျမ်းစာကို သိင်္ဂါယနာတင်သူတွေက အက်ဒစ် Edit ဆန်ဆန် တည်းဖြက်လိုက်တာလား။ မဟုတ်ဘူး။ လုကာနကိုက မရေးခဲ့တာ်။


အားစမ်းဖို့နေရာ ...
သူမရေးခဲ့တာပြဿနာမဟုတ်ဘူး၊ (၁၈)နှစ်ကာလကို ဝါကျတစ်ကြောင်းတည်းနဲ့ သူက ပိုင်းဖြက်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာကို ဆန့်ကျင်သူတွေက ဒီနေရာကို အားစမ်းပြီး ဖြိုဖို့ ပစ်မှတ်ဖြစ်လာတယ်။ စာအုပ်စာပေတွေ ရေးသားထုတ်ေ၀ တိုက်ခိုက်လာတယ်။ ဒါကို ဖတ်မိတဲ့ အချို့ပုဂ္ဂိုလ်တွေဟာ ရင်ထဲမှာ ခံစာကြရတယ်။ ကျွန်တော် အယ်ဒီတာလုပ်နေတဲ့ဆီကို စာအချို့ရောက်လာတယ်။ ဒီပြဿနာနဲ့ ပါတ်သက်လို့ မေးမြန်းကြတယ်။ ခက်တာက ကျွန်တော်တို့ကလည်း ကိုယ်လုပ်နိုင်သလောက်ပဲ ဆိုတဲ့ အတိုင်းအတာက ရှိနေပြန်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာအုပ်များကို ဖတ်မိပါတယ်။ ယုံကြည်ခြင်း နုနယ်သူအတွက်တော့ လဲပြိုလောက်ပါတယ်။ အောက်ပါဥပမာကလေးများကို ဖတ်ကြည့်ပါ။

မေး။ ။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီကျောင်းက ပျေက်ကွယ်သွားပါသလဲ။
ဖြေ။ ။ ခရစ်တော်ဟာ (၁၂) နှစ်အရွယ်မှာ ရဟူဒီလူမျိုးတွေရဲ့ ဘုရားကျောင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

မေး။ ။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောခဲ့သလဲ။
ဖြေ။ ။ သက်တော် ၃၀က စတင်ဟောခဲ့ပါတယ်။

မေး။ ။ ဒါဖြင့် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွားနေပါသလဲ။
ဖြေ။ ။ သူ့ရဲ့ မွေးစားဖခင် ရှင်ယေသပ်နဲပ အတူတကွ နေထိုင်လျက်ရှိပါတယ်။

မေး။ ။ အဖိုတန် (၁၈)နှစ် လုံးလုံး ခရစ်တော်ဘာများလုပ်နပါသလဲ?

တိဗက်ကို သွားမသွား ....
ပါမောက္ခဂိုးရစ်ခ်က ယေရှုခရစ်တော်ဟာ သက်တော် (၁၂)နှစ်မှ (၃၀)နှစ်အတွင်း တိဗက်ပြည်ကိုသွားပြီ ဘာသာတစ်ခုကို လေ့လာဆည်းပူးခဲ့တယ်လို့ ဆိုပါတယ်။
R.W.F Wootoon ကတော့ သူ့ရဲ့ Christian Worship စာအုပ်မှာ "But we do not know of any other visit in the first 30 years of His life (Pg-41)" လို့ ဖေါ်ပြထားပါတယ်။

တကယ်စဉ်းစားကြည့်တော့ အေဒီ-၃၀ ခုနှစ်ပတ်ဝန်းကျင်မှာ ခရီးလမ်းပန်းဟာ ခက်ခဲလှပါတယ်။ တိဗက်နဲ့ ပါလက်စတိုင်းဟာ မိုင်ပေါင်း ၄၀၀၀ မက ကွာဝေးမယ်။ ခြေကျင်ခရီးကို (ဂိုးရစ်ခ်ရဲ့ အဆိုအရ လေးလကြာ ခရီးနှင်ပြီး) သွားတယ်ဆိုတာ ဖြစ်နိုင်စရာမရှိပါဘူး။ သူဘာအတွက် သွားသလဲဆိုတာကလည်း ရှိသေးတယ်။ ဘာသာတရားတစ်ခုကို သွားရောက်ဆည်းပူးတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဂိုးရစ်ခ်ရဲ့ ပြဿနာကတော့ အဲဒီအချိန်မှာ ဘာသာတရားဟာ တိဗက်ကို မရောက်သေးဘူးဆိုတာ မသိတဲ့ပြဿနာပဲ။ သမိုင်းကျမ်းအဆူဆူအရ ယေရှုခရစ်တော် သွားရောက်လေ့လာတဲ့ ဘာသာတရားဟာ တိဗက်ကို (A.D 645-650) လောက်မှ ရောက်တာပါ။ ယေရှုခရစ်တော်သွားခဲ့တယ်ဆိုတဲ့ A.D (14-32) ကတော့ အဲဒီမှာ ဒီဘာသာတရားကို မပြန့်ပွားသေးတာပါပဲ။ ရိုးရိုးစဉ်းစားရင်ကို အဖြေပေါ်ပါတယ်။ ဘာသာတရားကို မသင်ကြား မလေ့လာခဲ့ပါဘူး။

Image: http://en.wikipedia.org/wiki/Timeline_of_Buddhism#Common_Era

နောက်တခုက ခရီးသွားမသွား ။
မဿဲ ၂း၂၃ မှာ ခရစ်တော်ကို နာဇရက်လူဟု ခေါ်ကြလတ္တံဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသော မြို့သို့ ရောက်၍ အမြဲနေလေ၏။
လု ၄း၁၆ တွင်မူ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်တော်မူလျှင် ....
စသည့် ခရစ်ဝင်ကျမ်းပါ စကားများသည် ခရစ်တော် အဘယ်မှမသွားကြောင်းကို ဖေါ်ပြထားပါတယ်။ Rev.. သိမ်းအုပ်ဆရာကမူ ခရစ်တော် သွားခဲ့ရင် မှတ်တမ်းရှိရမယ်၊ အနည်းဆုံး ဂျူးသမိုင်းမှာ ပါကိုပါရမယ် ဟု ဆိုပါတယ်။

ဘာလုပ်နေပါလိမ့် ...
နာဇရက်မြို့မှာ (၁၈) နှစ်တိုင်တိုင် နေထိုင်ခဲ့သော ခရစ်တော် ဘာလုပ်နေသနည်း။ ဤမေးခွန်းမှာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ Rev .သိမ်းအုပ် ၏ (၁၈)နှစ် ပြဿနာစာစောင်ကလေးတွင်မူ (၁၈)နှစ်ကာလ သူဘာလုပ်နေသည်ကို ဓလေ့ထုံးတမ်းအမြင် Customary View မှ တင်ပြ Point out လုပ်ပါတယ်။ မာကု ၆း၃ မှာ သူသည် လက်သမားသားမဟုတ်လော၊ မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ရှိမုန် ... တို့၏ အစ်ကိုမဟုတ်လော ဟု ဖေါ်ပြထားပါတယ်။ အချက်များမှ ..
ယေရှုသည် လက်သမားသားဖြစ်သည်။ ယုဒထုံးစံ၌ သားသမီးတို့တွင် အကြီးဆုံးသောသားသည် မိမိဝါသနာပါရ ကြိုက်နှစ်သက်ရာ လုပ်ငန်းကို လုပ်ကိုင်ရွေးချယ်၍မပြုရ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဖခင်၏ လုပ်ငန်းကို ဝိုင်းကူလုပ်ကိုင် သက်မွေးရသည်။ ကျန်သားသမီးများက မိမိစိတ်ကြိုက် နှစ်သက်ရာ၊ဝါသနာပါရာတို့ကို လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်ခွင့်ရကြသည်ကိုလည်းကောင်း၊ အသက်(၃၀)နှစ်မပြည့်မချင်း ဘာသာရေးဝင်ရောက် ဦးစီးခေါင်းဆောင်ပါဝင်လှုပ်ရှားခွင့်ပြုရိုးထုံးစံမရှိ၊ သဘာဝလည်းကျပါသည်။ အသက်(၃၀)ရှိမှ အတွေ့အကြုံရင့်ကျက်မှု၊ ဗဟုသုတစုံလင်မှုရှိပြီဖြစ်၍ ဘာသာရေးလုပ်ငန်းကို ဝင်ရောက်လုပ်ခွင်ပေးမြဲဖြစ်သည်ကို လည်းကောင်း....
ကောက်နုတ်၍ (၁၈)နှစ်ကာလသည် ခရစ်တော် နာဇရက်မြို့မှာပဲ လက်သမားလုပ်နေကြောင်း သက်သေထူခဲ့ပါတယ်။ H.E Dana က ယေရှုခရစ်တော်၏ ဖခင် ယောသပ်သည် ငယ်ရွယ်စဉ် ကွယ်လွန်ခဲ့သည်ဟု ဆိုသဖြင့် မိခင်၊မုဆိုးမနှင့် ညီ၊ညီမငယ်တို့အား (၁၈)နှစ်တိတိ လုပ်ကိုငကျွေးမွေးပြုစုခဲ့ကြောင်း ပြောဆိုသည်မှာ ယုတ္တိတန်လေသည်။
အကယ်၍ထိုအချိန်တွင် တိဗက်သို့ ယေရှုခရစ်တော်ရောက်နေပါက မုဆိုးမမိခင်အိုနှင့် ညီ၊ညီမငယ်များစွာတို့ ဘယ်လိုများ ဝအောင်စား၍၊ လှအောင်နေပါ့မလဲ၊ မိမိ မိသားစုအတွက် အလျင်ငြိမ်းအေးအောင် ဆောင်ရွက်ခဲ့သည်ကို မယုံနိုင်စရာမရှိပါ။

ခရစ်တော်၏မှတ်တမ်းဟုတ်မဟုတ်...
တကယ်တော့ ခရစ်တော် တိဗက်ကို မသွားပါဘူးဆိုတာနဲ့ ပြီးပြတ်ပါပြီ၊ သို့သော် စာရွက်ပေါင်း ၁၀၀ ပေါ်မှာ (၁၈)နှစ်အတွင်း အတွေ့အကြုံကို သက်သေခံထားတယ်ဆိုတဲ့ စာအုပ်၊ ဟေဗြဲဘာသာနဲ့ ရေးတဲ့မှတ်စု၊ ၁၉၂၅ခုနှစ်မှာ ဂိုးရစ်ခ် ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ဝေခဲ့တယ်ဆိုပဲ။ စာအုပ်ကိုတော့ ကျွန်တော်မမြင်ဖူးပါဘူး၊ ရှိတယ်ဆိုတာပဲ ကြားဖူးတာပါ။ သို့သော် ဒီအကြောင်းဟာ မမှန်နိုင်ဘူးခင်ဗျ။ အဲဒီအချိန်မှာ စာရွက်မှ မပေါ်သေးပဲကိုး၊ စာရွက်၁၀၀ကို (AD-30) လောက်မှာ ဘယ်ကိုသွားရှာမလဲ။ ကျွန်တော့်မှာ သမီးတစ်ယောက်ရှိတယ်။ စာကျက်တဲ့အခါ အလွန်အော်ကျက်တတ်တယ်။ တစ်နေ့မှာ သူကျက်တဲ့ဆယ်တန်းစာတစ်ပိုဒ်မှာ
"Paper was invented in China at the begining of the second century A.D" တဲ့၊ တကယ်တော့ ဂိုးရစ်ခ်ဟာ ပါမောက္ခတစ်ဦးလို့ ဆိုတယ်။ ဘယ်လိုပါမေက္ခမျိုးလဲတော့ ကျွန်တော်တို့ မသိတာအမှန်ပါပဲ ...

မှားနေတာတွေ ...
တစ်ခါတစ်ခါလည်း ဒီပြဿနာတွေက အသံကျယ်လာတတ်ပါတယ်။ သို့သော် အဆံမပါပါဘူး၊ သေသေချာချာ ပိုင်းခြားစီစစ်ရင် ပြီးပျောက်သွားတာပါပဲ။ မှားနေတဲ့ မေးခွန်းတွေ အများကြီးမှ အများကြီးပါ။ သို့သော် ဒါတွေဟာ ခရစ်တော်ရဲ့ ဘဝအစိတ်အပိုင်းတွေကို ရေညှိတက်အောင် ကြိုးစားချက်ကလေးများပဲ ..လို့ ယုံကြည်ပါတယ်။ ထစ်ချုန်းတဲ့ မိုးကြိုးသံကလေးများပါပဲ။

တကယ်တော့ ...
အဖြစ်အပျက်အမှန်ကတော့ သမ္မာကျမ်းထဲမှာ ပါပြီးသားပါ။ သေသေချာချာစေ့စေ့ငှငှ ဖတ်ရှုရင် ပြီးပြည့်စုံအောင် သိနိုင်မှာပါ။ သမ္မာကျမ်းစာဟာ ပြီးပြည့်စုံတဲ့ နှုတ်ကပတ်တော်ဆိုတာကိုပဲ ယုံကြည်ရပါလိမ့်မယ်။ တစ်လုံးတစ်ပါဒမှ မပိုစွန်းသလို၊ တစ်ပုဒ်တစ်လေမှ မလိုလွန်းဘူး ိုတာကိုလည်း စိတ်နှလုံးမှတ်ကျုံးရပါလိမ့်မယ်။
ယေရှုခရစ်တော်ရဲ့ (၁၈)နှစ်ကာလကို ညိုသောင်းဆိုတဲ့ စာရေးဆရာ (ဘာသာတရားများစွာကို သုတေသနပြုသူ) က .. "ယေရှုသည် ဖခင်ယောသပ်ကဲ့သို့ လက်သမားလုပ်၍ နေထိုင်ခဲ့သည်မှာ အသက်၃၀တိုင်အောင် ကြာညောင်းခဲ့လေသည်" .. ဟုရေးခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေအနေနဲ့ကော ဘယ်လိုပြောမလဲ၊

ကျမ်းစာထဲကအတိုင်းပဲပေါ့။
ကျမ်းကိုးစာရင်း
1. Christian News from Isreal Vol.1 No.(34), 1878
2. Wy of Salvation Booklet.
3. A Life of Christ (H.H Darna) 1966.
4. Christian Worship (R.W.F. Wottom)
5. ခရစ်တော်၏ သက်တော်စဉ် (သန်လျင်ဖေသွင်)
6. Buddhism (Kenneth W. Morgan)
7. ပြဿနာများ
8. သမ္မာကျမ်းစာ (ယုဒဿန်)
9. ကမ္ဘာကို ချုပ်ကိုင်မည့်သူ (ဌေးလှိုင်)
10. ကယ်တင်ရှင် ယေရှုခရစ်တော် (နှစ်ခြင်းသာသနာစာပေ)
11. ဘာသာကြီးလေးခုအနှစ်သာရများ (ညိုသောင်း)

MURANN မှတ်ချက်။ 2008 တွင်ထုတ်ဝေသော ထစ်ချုန်းသောမိုကြိုးသံ စာအုပ်မှတဆင့်ဖေါ်ပြပါသည်။ ဆရာဆိုး၊ ၈၉၃(ခ)၊ ည/၁၁ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၃)၊ ရွှေပြည်သူမြို့နယ်၊ ရန်ကုန်တိုင်း cwhsoe@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it

Source...http://www.murann.com/ezine/index.php?option=com_content&view=article&id=105:2010-04-02-23-51-51&catid=2:knowledge&Itemid=3

ခရစ္စမတ်အဓိပ္ပါယ်နှင့်အနှစ်သာရ

စာဖတ်သူမိတ်ဆွေ-- ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့သလိုက်ပါသည်။
အေးမြသာယာ (SWEET DECEMBER) ခရစ္စမတ်ချိန်ခါ သမယတွင် မိတ်ဆွေအား ထာဝရမေတ္တာဖြင့် ချစ်တော်မူသော ပုဂ္ဂိုလ်တစ်ဦးနှင့် မိတ်ဆွေပေးလိုပါသည်။ ထိုပုဂ္ဂိုလ်သည် မိတ်ဆွေ၏ထိုင်ခြင်းထခြင်း အရာရာတို့ကို သိတော်မူ၏။ မိတ်ဆွေ၏ အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ မိတ်ဆွေ၏ သွားရာလမ်းကို၎င်း၊ 
အိပ်ယာကိုလည်း၎င်း၊ စစ်ဆေး၍ မိတ်ဆွေ၏ ကျင့်သော အကျင့်အလုံးစုံတို့ကို ထိုပုဂ္ဂိုလ်သည် အကြွင်းမဲ့သိတော်မူ၏။ ထို့ကြောင့် မိတ်ဆွေ၏ အားနည်းချက်၊ ဒုက္ခပြဿနာများကို ဖြေရှင်းပေးရန် ဤလောကသို့ ကြွလာခဲ့ခြင်းဖြစ်သည်။
သို့သော် ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟတည်း ဟူသော ဒုစရိုက်အမှောက် ထုဖြင့်ဖုံးလွှမ်းနေသောကြောင့် ထိုပုဂ္ဂိုလ်နှင့် ကျွန်ုပ်တို့ မတွေ့နိုင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ အပြစ်တရားရှိနေသောကြောင့်ဖြစ်သည်။ 

အပြစ်တရား
“အနာသိလျှင် ဆေးရှိသည်” ဟူသော မြန်မာဆိုရိုးစကားရှိခဲ့သည်။ သို့ရာတွင် အနာသိသော်လည်း ဆေးမရှိသော (AIDS) ရောဂါအကြောင်းကို မိတ်ဆွေလည်း သိပြီးဖြစ်ပါလိမ့်မည်။ ယနေ့ကမ္ဘာပေါ်တွင်ကြောက်စရာ အကောင်းဆုံးသော ရောဂါသည် (AIDS) ရောဂါပင်ဖြစ်သည်။ ၎င်းရောဂါပိုး၏ ကူးစက်ပြန့်ပွားခြင်းကို၎င်း၊ လူသားတို့သည် တွေ့ရှိကြသော်လည်း ကုစရာဆေးမရှိ၊ မျှော်လင့်ချက်မရှိ၊ ထိုရောဂါ ဝေဒနာရှင်များအတွက် ဧကန်အမှန်သေ၇မည်ဟုသာ သိရှိရလေသည်။ (AIDS) ရောဂါ ဝေဒနာရှင်၏ ကိုယ်မှ ထွက်သော အရည်များ၊ မျက်ရည်များ၊ နို့ရည်များမှ ၎င်းသွေးသွန်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင် မှတဆင့်အပြစ်မဲ့သော ရင်သွေးငယ် သို့၎င်း၊ အခြားသောသူများထံသို့ ကူးစက်နိုင်သည်ဟု သိ၇ပါသည်။ 

ချစ်သောမိတ်ဆွေ (AIDS) ရောဂါထက်ကြောက်မက်ဘွယ်ကောင်းသော ရောဂါသည် မိတ်ဆွေ၏ အထဲ၌ ရှိနေကြောင်း သိပါသလား (AIDS) ရောဂါသည် လူ၏ ခန္ဓာကိုသာ ဖျက်ဆီးနိုင်သည်။ ကျွန်ုပ်တို့၏ နာမ်ဝိညာဉ်မူကား မဖျက်ဆီးနိုင်၊ သို့သော် မိတ်ဆွေ အထဲရှိနေသော ထိုရောဂါသည် မိတ်ဆွေ၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံးကို ထာဝရ ငရဲမီး၌ ဖျက်ဆီးနိုင်သည်။ ထိုရောဂါမှာ မွေးကတည်းက ပါလာသော အပြစ်တရားပင်ဖြစ်သည်။ ကျမ်းစာလာသည်မှာ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိပါ၏ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်တွင် အပြစ် စွဲပါ၏။ (ဆာလံ ၅၁း၅)။ ထိုအပြစ်သည် ကာယကံ၊ ဝစီကံ၊ မနောကံ၊ စသည့် ကံသုံးပါးအားဖြင့် ကျူးလွန်သော ဒုစရိုက်မဟုတ်ပဲ၊ မိဘ၊ ဘိုးဘွား၊ ဘီဘင်မှ ဆင်းသက်ပါလာသော မွေးရာပါ အပြစ်ဖြစ်ပါသည်။ (AIDS) ရောဂါပိုးများပါလာသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘာအပြစ်မျှ မကျူးလွန်ပဲ၊ မိဘများ၏ အပြစ်ကြောင့် အပြစ်သားများဖြစ်လာရပါသည်။ ဤသို့ဖြစ်လာရခြင်း အကြောင်းမှာ “ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်သည်” ဟူသော စကားပုံနှင့် အညီ အပြစ်တရားသည် တယောက်သောသူအာဒံအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတို့ ရောက်ရကြ၏ (ရောမ ၅း၁၂)။ 

ချစ်သောမိတ်ဆွေ မြန်မာ စကားပုံ၌ သစ်ပင်မှန်လျှင် အမြစ်ရှိ၏၊ လူမှန်လျှင် အချစ်ရှိ၏ ဟူသော စကားကိုကြားဘူးပေလိမ့်မည်။ ထိုစကားကို ကျွန်ုပ်တို့ထပ်ဖြည့်လို သည်မှာ “လူမှန်လျှင် အပြစ်ရှိ၏” ဟူ၍ ဖြစ်ပါသည်။ ဥပမာ- ကြက်ဖသည် တွန်သော ကြောင့် ကြက်ဖဖြစ်၇ခြင်းမဟုတ်ပဲ၊ ကြက်ဖဖြစ်နေသောကြောင့်တွန်နေခြင်းသာ ဖြစ်သည်။ 
ထို့အတူလူသည် အပြစ်လုပ်သောကြောင့် အပြစ်သားဖြစ်ရခြင်းမဟုတ် အပြစ်သားဖြစ်သောကြောင့် အပြစ်လုပ်နေခြင်းဖြစ်သည်။ ကြက်ဖတွန်သည်ဖြစ်စေ၊ မတွန်သည်ဖြစ်စေ၊ ကြက်ဖသာဖြစ်သည်။ ထို့အတူလူသည်အပြစ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ အပြစ်သားသာ ဖြစ်သည်။ ကျမ်းစာလာသည်ကား လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။ (ရောမ ၅း၁၂)။ ထို့ကြောင့် လူတို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ (ရောမ ၁း၂၀)။ အပြစ်တရား၏ အခကားသေခြင်းပေတည်း (ရောမ ၆း၂၃) ဟူသောကျမ်းချက်နှင့် အညီအပြစ်ရှိသော ကျွန်ုပ်တို့၏ လမ်းဆုံးသည် အိုနာသေသောအခါ ခန္ဓာကိုယ်သည် မြေမှုန့်မှလာသော ကြောင့်မြေမှုန့်သို့ ပြန်သွားရသော်လည်း အပြစ်ရှိသော နာမ်ဝိညာဉ်မူကား အပါယ် ငရဲ သို့ ဧကန်အမှန် လားရမည် ဖြစ်သည်။ ထို့ကြောင့် အပြစ်ရောဂါ သည် ယခုဘဝသာမက နောင်ဘဝကိုပါ ဖျက်ဆီးနိုင်သောကြောင့် (AIDS) ရောဂါ ထက်သာ၍ ကြောက်စရာကောင်း ပေသည်။ ဤအပြစ်တရားမှ အဘယ်သူသည် ကယ်လွတ်နိုင်မည်နည်း။

ပညတ်တရား။ 
ပညတ်တရားဆိုသည်မှာ ပညတ်ကိုချပေးသော ဘုရားသခင်၏ အလေ့အလာအမူအကျင့်သာ ဖြစ်သည်။ ဥပမာ- ကျွန်ုပ်တို့လူသားများ အနေဖြင့် မွေးရာပါသဘောဝအကျင့်များရှိကြသည်။ အသက်ရှုခြင်း၊ မျက်စိမှိတ်ခြင်းတို့သည် မွေးရာပါ အကျင့်အကြံ များသာ ဖြစ်သည်။ ထို့ကြောင့်ကြိုးစား၍ အသက်ရှုရန်မလို၊ အားထုတ်၍၊ မျက်စိမှိတ်ရန်မလို၊ ထိုအရာတို့သည် ကျွန်ုပ်တို့၏ အကျင့်များကို ပညတ်ကြသည် မဟုတ်၊ ဥပမာ- ထမင်းစာဖို့မမေ့နှင့်၊ ညအိပ်သောအခါ မျက်စိမှိတ်ပါ ဟူသော ပညတ်များမရှိ။ 
ထို့ကြောင့် ပညတ်ဆိုသည်မှာ သန့်ရှင်းမြှင့်မြတ် လှသော ဘုရားသခင်၏ အကျင့်ဖြစ်သောကြောင့် အပြစ်ရှိသော လူသား များအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ တစ်ကောင်နှင့် တစ်ကောင် ဝိုင်းဝန်းကူညီခြင်း များ ရှိကြ၏။ သို့သော်ကျွန်ုပ်တို့လူသားများမူကား စည်းလုံးညီညွတ်ခြင်း၊ တယောက်ဝိုင်းဝန်းကူညီခြင်းများ အစဉ်မရှိကြ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ထက် အဆင့်နိမ့်သော တိရိစ္ဆာန်၏ အကျင့် ကို တောင်တူအောင်မကျင့်နိုင်သော ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထက်သာ၍ မြှင့်မားသော ဘုရားသခင်၏ အကျင့်ကို အဘယ်သို့ ကျင့်နိုင်မည်နည်း။ ကျမ်းစာလာသည်ကား သင်တို့၏ အကျင့်နှင့် မတူ၊ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍မြင့်၏ (ဟေရှာယ ၅၅း၈-၉) ဟူ၍သာ ထာဝရဘုရား မိန့်တော်မူသည်။ 

သမ္မာကျမ်းစာ၌ ပညတ်စုစုပေါင်း (၆၁၃) ခုရှိသည်။ ဘုရားသခင်၏ အနေဖြင့် ထိုပညတ်များကို ဘုရားသခင်နည်းတူစုံလင်စွာ ကျင့်နိုင်ရန်လုံး၀ မဖြစ်နိုင်။ ကျမ်းစာ၌ မိမိညိအစ်ကို ကိုမုန်းသောသူမည်သည်ကား လူ့အသတ်ကို သတ်သောသူဖြစ်၏ (၁ယော ၃း၁၅) လူအသက်ကို ကာယကံမြောက် မသတ်သော်လည်း မနောကံအားဖြင့် သူတပါးကို မုန်းလျှင် ဘုရားသခင်ရှေ့တော်၌လူ့အသက်သတ်ခြင်းပင်ဖြစ်သည်။ သူမယားကို ကိုယ်ထိလက်ရောက်မပြစ်မှာသော်လည်း ကိလေသာစိတ်နှင့် သူ့မယားကို ကြည့် ရှုသောသူသည် စိတ်နှလုံးထဲ၌ မိန်းမနှင့် ပြစ်မှားပြီး (မဿဲ ၅း၂၇-၂၈)။ ထိုကြောင့် မိတ်ဆွေအနေဖြင့် ဤမျှလောက်ခက်ခဲသော ပညတ်များကို စုံလင်စွာ ကျင့်နိုင်ပါမည်လော။ ကျမ်းစာတချက်၌လာသည်ကား ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။ (ယာကုပ် ၂း၁၀)။ ဥပမာ-ဆယ်တန်းဖြေဆိုရာ၌ ခြောက်ဘာသာရှိသည့်အနက် (၅) ဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာ၌ကျလျှင် ထိုသူသည် စာမေးပွဲကျမည်သာ ဖြစ်သည်။ ထိုနည်းတူစွာမိတ်ဆွေသည် ပညတ်တရားအလုံးစုံကို ကျင့်ကြံ အားထုတ်နေသော်လည်း တစုံတခု၌ မှားမိလျှင် အပါယ်ငရဲသို့ သာလားရပေမည်။ 

တချို့က “ကောင်းတာလုပ်ရင်ကောင်းရာရောက်မည်၊ မကောင်းတာလုပ်ရင် မကောင်းသည့် နေရာရောက်မည်” ဟူ၍ ပြောတတ်ကြသည်။ မိတ်ဆွေအနေဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးအားဖြင့်နေ့စဉ်ကျူးလွန်နေသော ကောင်းတာနှင့် မကောင်းတာ၊ ကုသိုလ်နှင့် အကုသိုလ်ဘယ်အရာကများမည်နည်း။ မြန်မာစကားပုံ၌ ကုသိုလ်ကပဲ ငရဲတပိဿာဟူသော စကားကိုမိတ်ဆွေ မမေ့သင့်ပါ။ မိတ်ဆွေအနေဖြင့် ဤလောကမှထွက်ခွာသော တနေ့တွင်အတိတ်ကပြုလုပ်ခဲ့သော ကုသိုလ်နှင့် အကုသိုလ်၊ကုသိုလ်တပဲလောက်ပြုလုပ်နေချိန်တွင် အကုသိုလ်က တပိဿာလောက်ရှိနေပါမူ မိတ်ဆွေသေသောအခါ ဘယ်နေရာသို့ရောက်မည်နည်း။ ကောင်းတာလုပ်ရင်ကောင်းရာရောက်မည်၊ မကောင်းတာလုပ်ရင် မကောင်းသည့်နေရာရောက်မည်ဟူသော စကားအတိုင်းမှန်ခဲ့လျှင် မကောင်းသော အရာကုသိုလ်များနေသော ကျွန်ုပ်တို့လူသားများသည် အပါယ်ငရဲတို့ ဧကန်အမှန်လား၇မည်မဟုတ်ပါလော။

တနည်းအားဖြင့် ပညတ်တရားဆိုသည်မှာ ဓာတ်မှန်နှင့် တူပေသည်။ ဓာတ်မှန်သည် ရောဂါကို ဖော်ပြနိုင်သော်လည်း ရောဂါကို ကုသမပေးနိုင်ပါ။ ထိုအတူ ပညတ်တရားသည် အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သော်လည်း အပြစ်ရောဂါကို မကုသပေးနိုင်ပါ။ ဓာတ်မှန်အားဖြင့် ရောဂါရှိကြောင်းကို သိလျှင်ဆရာဝန်ထံသို့သွားရောကိကုသတကဲ့သို့ အပြင်ရောဂါရှိကြောင်းကို ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည်ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။ (ဂလာတိ ၃း၂၄)။ ထိုအရှင်သည် မိတ်ဆွေ၏ အပြစ်ကို မည်ကဲ့သို့ ကုသပေးခဲ့ပြီဖြစ်ကြောင်းဆက်လက်တင်ပြလိုပါသည်။ 

ကျေးဇူးတရား။
ကျေးဇူးတရာဆိုသည်မှာ လုပ်၍ရသော အခမဟုတ်၊ ပုဂ္ဂိုလ်တဦး တယောက်၏ အဖိုးအခပေး၍လုပ်ပေးလိုက်သောမေတ္တာလက်ဆောင် ဖြစ်သည်။ ကျေးဇူးတရား၌ မိမိ၏ကုသိုလ်ကောင်းမှု ကိုယ်ကျင့်တရားများလုံးဝမပါ။ တချို့က ကိုယ်ကျင့်မှကိုယ်ရ သည် ဟု ပြောတတ်ကြသည်။ မှန်ပါသည်၊ ကိုယ်ကျင့်မှကိုယ်ရသော အရာသည် ကျေးဇူးတရားမဟုတ်၊ ကိုယ်ကျင့်တရားသာဖြစ်သည်။ တချို့က ကိုယ်လုပ်မှ ကိုယ်စားရသည်ဟု ဆိုတတ်ကြသည်။ မှန်ပါသည်၊ ကိုယ်လုပ်မှ ကိုယ်စားရသည်လည်းရှိသည်။ သို့သော် ထိုအရာသည် ကျေးဇူးတရားမဟုတ်၊ မိမိလုပ်အားခသာ ဖြစ်သည်။ ဤလောကမှာ လုပ်မှစားရသောအခါ ရှိသကဲ့သို့ ဘာမျှမလုပ်ပဲ စားရစောအခါလည်း ရှိကြောင်း မိတ်ဆွေသတိရပါ။ (ဥပမာ) မိတ်ဆွေ ငယ်စဉ် ကလေးဘဝအရွယ်မှာ ဘာမျှမလုပ်နိုင်သော်လည်း စားရသည်မဟုတ်ပါလော။ ထိုအရာသည် မိဘ၏ ကျေးဇူးတရားပင်ဖြစ် သည်။ မိတ်ဆွေ ဖျားနာ၍ တုံးလုံးနေသောအခါ ဘာမျှမလုပ်နိုင်သော်လည်း စားရသည်မဟုတ်ပါလော။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် မိဘဆွေမျိုးများ၏ ကျေးဇူးတရားပင် ဖြစ်သည်။ 
ထိုနည်းတူစွာ ကုသိုလ်အားဖြင့်၎င်း၊ ကိုယ်ကျင့်တရားအားဖြင့်၎င်း၊ အပါယ်ငရဲမှ မလွှတ်နိုင်သော အပြစ်သားများအား ကျေးဇူးပြုသော ဘုရားသင်တစ်ဆူရှိသည်။ 

“လှေမျှောလျှင် လှေနှင့်လိုက် ငွေမျှောလျှင်ငွေနှင့် လိုက်” ဟူသော ဆိုရှိးစကားနှင့် အညီ အပါယ်ငရဲသို့ မျှောနေသော အပြစ်သားတို့ကို ချစ်တော်မူသောကျေးဇူးရှင် ဘုရားသခင်သည် သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွှတ်လျှက် လိုက်လာကယ်တင်စေခဲ့သည်။ မှန်ပေသည်၊ ထိုအရှင် ယေရှုသည် ဤလောကသို့ အမှန်တကယ်ကြံလာခဲ့သည်မှာ ယခုဆိုလျှင် ၂၀၁၀ ခုနှစ်၊ ရှိနေပြီ ဖြစ်သည်။ ထိုသက္ကရာဇ်ကို ခရစ်သက္ကရာဇ် (AD) ဟူ၍ ကျွန်ုပ်တို့ခေါ်ဆိုသည်။ 

(AD) ၏အရှည် ကောက်မှာ လက်တင်ဘာသာလို (AnnoDomini) ဖြစ်၍ အဓိပ္ပါယ်မှာ အင်္ဂလိပ်လို (The Year of Our Lord) ဖြစ်ပြီး၊ မြန်မာလို ကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၏ နှစ်ဟုဆိုလိုသည်။ ထိုအရှင်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်က ဘုရားသခင်စင်စစ်မှ လူ့ဇာတိခံလျှက် အပျို ကညာ “မာရိ” ဝမ်းထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသန္ဓေစွဲယူ၍ ဖွားမြင်ခဲ့သည်။ ကျမ်းစာ၌ လာသည်ကား ကြည့်ရှုလော သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောင်္ကျားကို ဖွားမြင်လတံ့၊ ထိုသားကို ဧမာနွေလ အမည်ဖြင့်မှည့်ရကြလတ္တံ့ ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့် အတူရှိတော်မူသော ဘုရားသခင်ဟုဆိုလိုသတည်း။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဖြစ်၏ သားယောင်္ကျားကို ဖွားမြင်လိမ့်မည်၊ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည်ဖြစ်သောကြောင့် ယေရှုဟုသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆိုတော်မူ၏။ (မဿဲ ၁း၂၁-၂၃)။ ကျမ်းစာအချက်၌လာသည်ကား ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်း ငှာ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် ဥစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်း ဖြစ်၍ (၁တိ ၁း၁၅)။ ထိုအရှင်ယေရှုသည် ဤလောကသို့ကြွလာသည်သာ လောကီသားအပေါင်းတို့၏ အပြစ်အခတည်းဟူသော သေခြင်းကို လက်ဝါးကားတိုင်အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏ (ရောမ ၅း၈)။ တဖန် ကျမ်းစာ၌ လာသည်မှာ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ (၁ယော ၁း၇)။ 

ကျွန်ုပ်တို့သည် အထက်က ဘုရားသခင်၏ ရန်သူဖြစ်ကြ၏။ ယခုမှာ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာရဖွဲ့စေတော်မူ၏ (၂ကော ၅း၁၈) CHRISTMAS ဆိုသည်မှာ CHRIST ခရစ်တော်ဘုရားဖြစ်ပြီး MAS ဆိုသည်မှာ ပြန်လည်ပေါင်းစည်း ခြင်းဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ခရစ်တော်ဘုရားသည် အထက်ကရန်သူဖြစ်ခဲ့သော ဘုရားသခင်နှင့် အပြစ်သားများကို ပြန်လည်ပေါင်းစည်းပေးခြင်းဖြစ်သည်။ 

ယေရှုသည် ငါတို့အပြစ်ကြောင့်အသေခံသည်သာမက သေပြီးသုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ အဘယ်သူမျှမအောင်နိုင်သော သေခြင်းမစ္စုမာန်ကို အောင်မြင်ခဲ့သည်။ ကျမ်းစာ၌လာသည်ကား ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုဟ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏ (၁ကော ၁၅း၃-၄)။ ထိုအရှင်သည် ယနေ့အသက်ရှင်လျှက် မိတ်ဆွေ၏ ဘာသာတရားအား ဖြင့်ကျင့်ကြံအားထုတ်၍ မလွှတ်ကင်းနိုင်သော သံသရာဝဋ်ဆင်းရဲ့ခြင်းမှ လွှတ်ပေးပိုင်သော ဘုရားသခင်၏သားတော်ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေသည် တိုအရှင်ယေရှုကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပါက ယနေ့ပင်လျှင် အပါယ်ငရဲမှ ဧကန်အမှန်လွတ်ခြင်းရလိမ့်မည်။ ငါတို့၏ အပြစ်ရောဂါကိုကုသပေးနိုင်သော အရှင်သည် တိုအရှင်ယေရှုခရစ်ပင်ဖြစ်ပေသည်။ မြန်မာစကားပုံ၌ ဘုရားတောင်မှအမှီ မရှိလျှင်မပွင့်နိုင်ဟူသော စကားရှိသည်။ ဤစကားမှန်ခဲ့လျှင် ကျွန်ုပ်တို့အပြစ်သားများအနေဖြင့် ကောင်းရာသုခသို့ ရောက်နိုင်ရန်အမှီသဟဲ တကယ်လိုအပ်ပါသည်။ အရှင်ယေရှုက ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။ ငါကိုအမှီမပြုလျှင် အဘယ်သူမျှ ကောင်းရာသို့ မရောက်ရ (ယော ၁၄း၆)။

မြန်မာစကားပုံ၌ “လှံထမ်းတာကို မြင်နိုင်သည်၊ ကံထမ်းတာကို မမြင်နိုင်” ဟုသောစကားရှိခဲ့သည် ဆိုလိုသည်မှာ လံှသည် ရုပ်ပိုင်းဖြစ်သောကြောင့် မြင်နိုင်သည်။ လူ့မျက်စီဖြင့် မြင်နိုင်သောဏ္ဍအတွက် လူသည် အချင်းချင်းဖေးမကူညီနိုင်သည်။ (ဥပမာ) မိမိမနိုင်သော ဝန်ထုတ် တခုကို မိမိထက်အားကြီး သော သူက၊ ကူညီ၍ ထမ်းပေးနိုင်သည်။ သို့သော်မမြင်နိုင်သော အကုသိုလ်ကံကိုမူ ပုထုဇဉ်လူသားအချင်းချင်း ကူညီဖေးမပေး၍ မရ၊ ဤအကုသိုလ်ကံနှင့် ပတ်သက်၍ အရှင်ယေရှုက လူသားချင်း တစ်ဦးနှင့်တစ်ဦး လမ်းပြလျှင် နှစ်ဦးတို့သည် တွင်းထဲသို့ ကျကြလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၅း၁၄) အဓိပ္ပါယ်မှာ အကုသိုလ်ရှိသော အပြစ်သားအချင်းချင်းကောင်းရာသို့ ပို့ပေး၍ မရ။ လမ်းပြခဲ့လျှင် နှစ်ဦး စလုံးသည် အပါယ်ငရဲသို့အတူအကွကျလိမ့်မည်ဟု ဆိုလိုသတည်း။ သို့သော် အရှင်ယေရှု၌ အကုသိုလ်ကံမရှိ၊ ထိုကြောင့်အုထုဇဉ်လူသားများထမ်း၍ မ၇သော အကုသိုလ်ကံကို အရှင်ယေရှုသည် ထမ်းပေး၍ရသည်။ ကျမ်းစာ၌ဖော်ပြထားသည်မှာ ကိုယ်တော် (အရှင်ယေရှု) သည် ငါတို့၏ အပြစ်များကို ဆောင်သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်(အရှင်ယေရှု) ၌လည်း အပြစ်မရှိ (၁ယော ၃း၅)။

ကျမ်းစာတချက်၍ အရှင်ယေရှုက ဝန်လေး၍ ပင်ပန်းသော သူအပေါင်းသို့ ငါထံသို့လော့၊ ငါသည်ချမ်းသာပေးမည်ဟု ဖိတ်ခေါ်လျှက်ရှိပါသည်။ (မဿဲ ၁၁း၂၈)။ ထိုကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျှက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့် ဟု ကျမ်းစာ၌ သတိပေးထားပါသည်။ (ဟေဗြဲ ၃း၇)။
ထို့ကြောင့် မိတ်ဆွေ၏ အပြစ်ကို လွှတ်ပေးပိုင်သော သခင်သည် အရှင်ယေရှုတပါးတည်းသာဖြစ်ကြောင်း မိတ်ဆက်ပေးလိုပါသည်။ ထိုသခင်ယေရှု၏နာမမှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှကောင်းကင်အောက် လူတို့တွင်မပေါ်မရှိ။ 
ထို့ကြောင့်ချစ်သော မိတ်ဆွေယခုတွင်ဆုံးဖြတ်ပါ။ နက်ဖန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက်အတွင်းတွင် မဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင် (သုတ္တံ ၂ရး၁)။ ငါတို့အသက်သည် အဘယ်သို့သော အရာဖြစ်သနည်း။ ခဏတင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အငွေ့ဖြစ်၏ (ယာကုပ် ၄း၁၄)။ သို့ဖြစ်၍ ဆိုးသောကာလမရောက်မှီ ယခုပင် ကယ်တင်ရှင် ယေရှုဘုရားကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပါ။ ဗျာဒိတ်တော်အချက်ဟူမူကား နှစ်သက်ဘွယ်သော အချိန်၌ သင့်ကို ငါမစပြီဟု လာသည်နှင့် အညီ၊ ယခုပင်နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏ (၂ကော ၆း၂)။

နက်ဖန်သည် မိတ်ဆွေအတွက် နောက်ကျပေလိမ့်မည်။ အရှင်ယေရှုက ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့် အတူစားသောက်ရလိမ့်မည် (ဗျာဒိတ် ၃းး၂၀) ဆိုလိုသည်မှာ သခင်ယေရှုသည် မိတ်ဆွေ၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ရန် မိတ်ဆွေ၏ ဆန္ဒကိုတောင်းခံလျက်ရှိပါသည်။ 
နောင်ရေးအတွက် ထာဝရအသက်၎င်း၊ ယခုဘဝအတွက် အောင်မြင်သော အသက်တာကို၎င်း၊ ပေးလိုပါသည်။ သခင်ယေရှုသည် မိတ်ဆွေကို ချစ်တော်မူသောကြောင့်မိတ်ဆွေနှင့် ထာဝစဉ်အတူ မိတ်သဟာရဖွဲ့လိုပါသည်။ ထို့ကြောင့်အောက်ပါဆုတောင်းချက်အားဖြင့် အရှင်ယေရှုကို မိမိအသက်တာ၌ လက်ခံရန် မေတ္တာဖြင့်တိုက်တွန်းပါသည်။ 

“ အရှင်ယေရှုဘုရားကိုယ်တော်ကို ကျွန်ုပ်လိုပါ၏။
ကျွန်ုပ်စိတ်နှလုံးတံခါးကို ဖွင့်ပါပြီ။ ကျွန်ုပ်စိတ်နှလုံးထဲသို့ဝင်ရောက်ကိန်းဝပ်တော်မူပါ။
ကိုယ်တော်ကို မိမိကယ်တင်ရှင်အဖြစ်လက်ခံပါပြီ။
ယေရှုနာမ၌ ခေါ်ဖိတ်လက်ခံပါ၏” ( အာမင်)

ယေရှုခရစ်သည် အပြစ်ရှိသော သူတို့သည် ကယ်တင်ခြင်းငှာ၊ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားသည် သစ္စာစကားဖြစ်၏။ (၁ တိ ၁း၁၅)။
Rev.J.Saw Kay

အံ့သြဘွယ် ဂျူးလူမျိုးများ

(အစ္စရေးလူမျိုး)
မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of
History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅
မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာ
သွားပါတယ်။ စိတ်၀င်စားစရာ ကမ်ဘာကျော် အစ္စရေး
လူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေ
လလူမျိုး) အကြောင်းဆိုတော့ ......

ဂျူး နဲ့ အာရပ် အရှေ့အလယ်ပိုင်း အရေးအခင်းကို 
ကြည့်ရင် အစ္စရေး Benjamin Netanyahu အင်
တာဗျူးမှာ ဒါငါတို့မြေပဲ .. လို့ပြောပါတယ်။ ခရစ်ယာန်တက္ကသိုလ်တခုက ပါမောက္ခတစ်ဦးက အချက်အလက်များနဲ့ ရေးထားပါတယ်။

၁။ နိုင်ငံနဲ့ ဂျေရုဆလင်မြို့ ဟာ B.C 1312 (လွန်ခဲ့တဲ့ နှစ်၃၃၀၀) ကတည်းက အစ္စလမ်ဘာသာ မပေါ်ခင်ကတည်းက ရှိခဲ့ပါတယ်။

၂။ အာရပ်ဒုက္ခသယ်များ (ပါလက်စတိုင်း) ကိစ္စဖြစ်ပြီး နှစ်၂၀အကြာ 1967 ခုနှစ်မှာ အစ္စရေးနိုင်ငံ ခိုင်ခိုင်မာမာပေါ်လာပါတယ်။

၃။ B.C 1272 မှာ ဂျူးလူမျိုးများ နိုင်ငံထူထောင်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၃၀၀ အဆက်မပြက် နေထိုင်လာတဲ့ နယ်မြေဖြစ်ပါတယ်။

၄။ အာရပ်နယ်မြေဖြစ်သွားတာက A.D 635 မှာဖြစ်ပြီး ၂၂နှစ်လောက်ပဲ အာရပ်အောက်မှာရှိခဲ့ပါတယ်။

၅။ နှစ်ပေါင်း ၃၃၀၀ ကြာတဲ့အထိ ဂျေရုဆလင်မြို့ဟာ ဂျူးလူမျိုးတွေရဲ့ မြို့တော်ဖြစ်ပါတယ်။ အာရပ် နဲ့ မွတ်ဆလင်များ ဂျောဒန်နိုင်ငံအောက်မှာရှိစဉ်တောင်မှ ဘယ်ခါမျှ မြို့တော်အဖြစ်မသတ်မှတ်ခဲ့ပါဘူး။

၆။ ဂျေရုဆလင် Jerusalem စာလုံးကို အကြိမ်ပေါင်း ၇၀၀ကျော် ဂျူးတွေရဲ့ ကျမ်းစာ Tanach မှာတွေ့နိုင်ပြီး၊ အာရပ်တွေရဲ့ ကိုရမ်ကျမ်းမှာ တခါမှဖေါ်ပြမထားပါဘူး။

၇။ ဒါ၀ိပ်မင်း King David မှစတင်ပြီး ဂျေရုဆလင်မြို့တည်ထောင်ခဲ့ပါတယ်။ တမန်တော်မိုဟာမက် ဂျေရုဆလင်ကို လာတယ်လို့ ရေးမထားပါဘူး။

၈။ ဂျူးတွေဟာ ဂျေရုဆလင်ကို မျက်နှာမူပြီး ဆုတောင်းပါတယ်။ အာရပ်တွေက ကျောပေးပြီး ဆုတောင်းပါတယ်။

၉။ 1948 အာရပ်ဒုက္ခသယ်များ နယ်မြေမှထွက်ရန် အစ္စရေးအစိုးရအမိန့်ပေးတဲ့အခါ ၆၈ရာနံှုးသော အရပ်များ အေးဆေးစွာနဲ့ ထွက်သွားနိုင်ကြပါတယ်။

၁၀။ ဂျူးလူမျိုး ဒုက္ခသယ်များကတော့ အရပ်နိုင်ငံကထွက်ခွာတဲ့အခါ နှိပ်စက်ခြင်း၊ သတ်ဖြက်ခြင်း၊ ပစ္စည်းများအသိမ်းခံရခြင်း တွေနဲ့ ထွက်ခွာခဲ့ရပါတယ်။

၁၁။ 1948 မှာ အစ္စရေးနယ်မြေက ထွက်ခွာရတဲ့ အာရပ်ဒုက္ခသယ် ခြောက်သိန်းကျော် 630,000 ရှိပါတယ်။ ဒီအရေအတွက်အတိုင်း ဂျူးလူမျိုး ဒုက္ခသယ်များ အာရပ်နိုင်ငံများက ထွက်ပေးရပါတယ်။

၁၂။ အာရပ်ဒုက္ခသယ်များကို လက်ခံမဲ့ အာရပ်နိုင်ငံမရှိဖြစ်ခဲ့ပါတယ်။ ဂျူးလူမျိုး ဒုက္ခသယ်အားလုံးကိုတော့ အစ္စရေးနိုင်ငံက အကြွင်းမဲ့ လက်ခံခဲ့ပါတယ်။

၁၃။ အာရပ်နိုင်ငံပေါင်း ၈ နိုင်ငံက အာရပ်ဒုက္ခသယ်အတွက် ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့မကူညီပါဘူး။ အစ္စရေးနိုင်ငံကပဲ ပါလက်စတိုင်းနိုင်ငံဖြစ်တယ် ပြောပြီး အာရပ်-အစ္စရေး စစ်၅ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံက အောင်မြင်စွာခုခံနိုင်တဲ့အပြင် အနိုင်ရရှိခဲ့ပါတယ်။

၁၄။ ပါလက်စတိုင်းတွေရဲ့ P.L.O အဖွဲ့ကို ဂါဇာကမ်းမြောင်မှာ ကုလသမဂ္ဂက ကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံထူထောင်ပေးခဲ့ပါတယ်။

၁၅။ ဂျော်ဒန်နိုင်ငံအောက်မှာ ရှိစဉ်က ဂျူးလူမျိုးများအတွက် ဘုရားရှိခိုးခွင့် နေရာ၊ ဘာသာရေးပွဲ လုပ်ပိုင်ခွင့် မပေးခဲ့သော်လည်း၊ ယခု အစ္စရေးနိုင်ငံမှာရှိတဲ့ ခရစ်ယာန်၊ မွတ်ဆလင်များအတွက် လွတ်လပ်စွာ ဘုရားရှိခိုး ဘာသာရေးအခမ်းအနားတွေ လုပ်ခွင့်ပေးထားပါတယ်။

၁၆။ 1990 ခုနှစ် ကုလသမဂ္ဂ Security Council Resulutions ကို ကုလအဖွဲ့၀င်နိုင်ငံပေါင်း ၁၇၅ ခုအနက် ၉၇ နိုင်ငံက အစ္စရေးနိုင်ငံကို ဆန့်ကျင်ခဲ့ကြပါတယ်။

၁၇။ 1990 ခုနှစ် ကုလသမဂ္ဂ အတွေတွေညီလာခံကိုယ်စားလှယ် ၆၉၀ဦးမှာလည်း ၄၂၉ဦးဟာ အစ္စရေးကို ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။

စသဖြင့် အစ္စရေးနိုင်ငံဘက် ကမ်ဘာ့နိုင်ငံများ မပါ၀င်ကြောင်း ရေးထားပါတယ်။ (အထက်ပါအချက်အလက်များ။ ... ဂျွန်လှအောင် ထံမှရရှိပါသည်။)

ဒါလောက်တောင် နှပ်ကွပ်ခံရတဲ့ ဂျူးလူမျိုးများ အစ္စရေးနိုင်ငံထူထောင်နိုင်ခြင်းနဲ့ ပတ်သက်ပြီး အောက်ပါအချက်များကို ဆက်လက်ကြည့်ကြပါဦး....။

အခုခေတ်မှာ တကမ်ဘာလုံးမှာ ဂျူးလူမျိုး 13.1 millions ၁၃သန်းကျော် ရှိပါတယ်။ အစ္စရေးမှာ 5.6 millions ၊ အမေရိကန်နိုင်ငံမှာ 5.2 millions နေထိုင်ကြပါတယ်။ ဂျုးတွေ ၁၉၃၀ ဂျာမန်နာဇီတွေ အာဏာရသတ်ဖြတ်ပြီးတဲ့နောက်မှာ အမေရိကားကို သွားရောက်ခိုလှုံရပါတယ်။ ဂျူးတွေ ရောက်တဲ့နေရာမှာ ဘုရားကောင်ကြီးပေးတယ် ခံယူထားကြပါတယ်။ ၂၀၀၀ နောက်ပိုင်မှာ တရုပ်ပြည်မကြီးကို ဂျူးလူမျိုးတွေ စီးပွားရေးလုပ်ကိုင်နေကြပါပြီ။ http://en.wikipedia.org/wiki/Jews

နိုင်ငံရေး
2010 အချက်အလက်အရ၊ အမေရိကန် အစိုးရ အထက်လွှတ်တော်အမတ် ၂၃ ယောက် (23%) ရှိပါတယ်။ အောက်လွှတ်တော် အမတ် ၄၀၀ လောက်မှာလည်း ဂျူးလူမျိုးအမတ် ၃၄ ယောက်ပါ၀င်ပါတယ်။ ပြည်နယ် ၂၅ ခုရဲ့ အုပ်ချုပ်ရေးမှုး Governor တွေဟာ ဂျူးလူမျိုးများဖြစ်နေပါတယ်။ ဒီတော့ ...အမေရိကန်အစိုးရမှာ ဂျူးသြဇာ တော်တော်ရှိပုံပါပဲ။http://en.wikipedia.org/wiki/List_of_Jewish_American_politicians

ငွေရေးကြေးရေး (စီးပွားရေး)
အမေရိကန် ဂျူးလူမျိုးများဟာ ကြွယ်၀ချမ်းသာကြပါတယ်။ အမေရိကန်လူဦးရေရဲ့ ၂ရာနံှုးရှိတဲ့ ဂျူးလူမျိုးများဟာ ၄၀ရာနှုံး ဘီလျှံနာသဌေးများ ဖြစ်နေပါတယ်။ အမေရိကန် ဂျူးလူမျိုး ၄ယောက်မှာ တစ်ယောက်ဟာ မီလျှံနာသူဌေးဖြစ်ပါတယ်။ အမေရိကန်ဂျူး ၅၅ရာနှုံးဟာ တက္ကသိုလ်ဘွဲ့ရများဖြစ်ကြပါတယ်။ ဂျူးများ အမေရိကန်ရဲ့ စီးပွားရေးမှာ အဓိကဖြစ်နေပါတယ်။http://www.topix.com/forum/afam/TCEL6H6L79C279EVA

ကမ်ဘာ့ ဂျူးလူမျိုး ဘီလျှံနာသူဌေး 465 ဦးကို 1999 တုံးက စစ်တမ်းကောက်ကြည့်ပါတယ်။ သူတို့တွေရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ကုဋေပေါင်း 1644 billions ရှိပါတယ်။ အမေရိကန်မှာ ဂျူးလူမျိုး သူဌေးအများဆုံး 56% ပိုင်ဆိုင်မှုရှိပါတယ်။ ၅နိုင်ငံ USA, Germany, Germany, Frence, Hong Kong (5 countries) မှာရှိတဲ့ ဂျူးသူဌေးများဟာ ဘီလျံပေါင်း ၁၂၀၀ကျော် (82%) ပိုင်ဆိုင်ကြပါတယ်။ အိန္နိယ၊ ဂျပန်၊ တိုင်၀မ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ... အချမ်းသာဆုံးသူဌေးများ ဂျူးလူမျိုးများဖြစ်နေတာ အံ့သြဘွယ် တွေ့့ရပါတယ်။ ဒီဂျူး ဘီလျံနာကြီးများရဲ့ နာမည်ကတော့ တရုပ်၊ဂျပန်၊အင်ဒိုနီးရှာ .. နာမည်တွေပဲ၊ ဒါပေမဲ့သူတို့က ဂျူးဓလေ့၊စရိုက်၊ဘာသာ ကျင့်သုံးတဲ့ ဂျူးလူမျိုးဆိုပဲ။ မြန်မာပြည်မှာလည်း ဂျူးသူဌေးကြီးတွေ ရှိမှာပါ။ http://www.jewwatch.com/jew-leaders-list-of-jewish-millionaires.html

နိုင်ငံရေး နဲ့ ငွေရေးကြေးရေးသာမကပါဘူး၊ အခြားနယ်ပယ်များစွာမှာလည်း ဂျူးလူမျိုးများ သြဇာကြီးလှပါတယ်။ ဥပမာ .. သိပ္ပံပညာရှင် အိုင်စတိုင်း။ ဟောလိ၀ု ဒါရိုက်တာကြီး စတီဗင်စပီးဘတ် ...စသဖြင့် ဘုရားကောင်းကြီးများစွာရသော လူမျိုးနွယ်ဖြစ်ပါတယ်။ သို့သော်လည်း ဂျူးလူမျိုးများကို နှိပ်စက်၊ သတ်ဖြတ်မှု သမိုင်းတွေကို အနှစ် ၃၃၀၀ အတွင်းမှာ များစွာတွေ့နိုင်ပါတယ်။

 ဘေဘီလုန်ခေတ်၊ ရောမခေတ်၊ ခရူးဆိတ်စစ်ပွဲကာလ၊ နောက်ဆုံးကတော့ ဒုတိယကမ်ဘာစစ်အတွင် နာဇီဂျာမဏီလက်ချက်နဲ့ ဂျူးလူမျိုး ၆သန်းကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ သတ်ဖြတ်ခံမှု Persecution မရှိရင် ယခုခေတ် ဂျူးလူမျိုးများဟာ ၁၃ သန်းမဟုတ်ပဲ အာရပ်လူမျိုးအရေအတွက်အတိုင်း သန်းပေါင်း ၂၀၀ကျော်ရှိနေမယ် ဖြစ်ပါတယ်။

ဂျူးလူမျိုးများ တော်၊တတ်၊ ကြိုးစားလို့ အံ့သြဘွယ်ဖြစ်နေတာမဟုတ်ပါဘူး။ ဘုရားကျေးဇူးတော်ခံစားရတဲ့အတွက် ဖြစ်ပါတယ်။ ဂျူးလူမျိုးများ ဘုရားကို ဘယ်လောက်ယုံကြည်အားကိုးသလဲ ဆိုတာ သမ္မာကျမ်းစာမှာ ဖေါ်ပြထားပါတယ်။

ခရစ်ယာန်များရဲ့ အခြေခံဟာ ဂျူးလူမျိုး၊ ဂျူးဘာသာ ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းစာ တစ်ခုလုံးဟာ ဂျုးလူမျိုးများ ရာဇ၀င်ဖြစ်ပါတယ်။ အံ့သြဘွယ် ဖြစ်ရပ်များ Miracles အများကြီး သမ္မာကျမ်းစာမှာဖတ်နိုင်ပါတယ်။ ဂျူးလူမျိုးများ အီဂျစ်နိုင်ငံကျွန်အဖြစ်မှ မောရှေအားဖြင့် လွန်ခဲ့သော နှစ်၄၀၀၀က ပင်လယ်နီကို ဖြက်ကူးခြင်း (ထွက် ၁၄း၂၂-၁၈း၂၇)၊ ယောရှုနှင့် အစ္စရေးစစ်သည်များ ယေရိခေါမြို့ကို အောင်နိုင်ခြင်း (ယောရှု ၆) ၊ ပရောဖက် ဧလိယ နှင့် ဧလိရှဲတို့၏ အံ့ဘွယ် ဆောင်ရွက်ချက်များ (၃ရာ၁၇-၂၉၊ ၄ရာ၂-၅) ။

 ရှုရိဘုရင်၏ အင်အားကြီးလှသောစစ်တပ် ရှမာရိမြို့ကို ၀ိုင်းရံထားစဉ် အံ့သြဘွယ်ဖြစ်ရပ်နှင့် က္ကုသရေလဘုရင် စစ်နိုင်ခြင်း (၄ရာ၆)။ အင်အားကြီးလှသော အာရှုရိစစ်တပ်ကြီး ဘုရင်ဟေဇကိ နှင့်ယေရုဆလင်မြို့ကို ၀န်းရံထားစဉ် ကောင်းကင်တမန်တပ်ဖြင့် အာရှုရိ စစ်သား တသိန်းရှစ်သောင်း တညတည်း သေကြေရှုံးနှိမ့်ပြေးရခြင်း (၄ရာ၁၉)။ ရှေးဟောင်း အစ္စရေးနိုင်ငံတော် (ယုဒပြည်၊ က္ကုသရေလပြည်) ဘုရင်ဖြစ်တဲ့ ဒါ၀ိပ်မင်း (King David)၊ ဆော်လမွန်မင်း (King Solomon) တို့ကို ဓမ္မဟောင်းကျမ်းမှာ အထူးဖေါ်ပြထားပါတယ်။

ယခု ၂၀၁၀ မှာတော့ အစ္စရေးနိုင်ငံဟာ ၁၉၇၃ အာရပ်အစ္စရေးစစ်အပြီး (အထူးသဖြင့် အီဂျစ်နိုင်ငံ) နဲဲ့ အမေရိကန်သမ္မတ ဂျင်မီကာတာဦးဆောင်ပြီး ငြိမ်းချမ်းရေးစာချုပ်နိုင်ခဲ့ပါတယ်။ နယူးယောက် ၂၀၀၁ 9/11 တိုက်ခိုက်မှုကြောင့် အမေရိကန် အထိနာခဲ့ရတယ်။ အစ္စရေးကလည်း အာရပ်စစ်သွေးကြွ ခေါင်းဆောင်တွေကို အကြမ်းဖက် လိုက်သတ်နေတယ်။ အကြမ်းဖက် အသေခံ အာရပ်အစွန်းရောက်သူများက ၁၉၇၃ မြူးနစ်အိုလံပစ်မှာ အစ္စရေး အားကစားသမားများကို ပြန်ပေးဆွဲ၊ သတ်ဖြက်ပစ်ပြီးနောက် အစ္စရေး မောစ်ဆက်အဖွဲ့က ကမ်ဘာအနှံ့ လှည့်ပြီး အာရပ်အကြမ်းဖက်သမားတွေကို လိုက်လံ၊ဖမ်းဆီး၊ လက်စားချေ သတ်ဖြတ်တယ်။

အစ္စရေးနိုင်ငံ အဓွန့်ရှည်ရေးအတွက် စစ်အင်အားကို အကြီးအကျယ်တိုးချဲ့တယ်။ အနုမြူလက်နက် ထိပ်ဖူး ၇၅ - ၁၃၀ ပိုင်ဆိုင်တယ်လို့ အတိကျ အချက်အလက်တွေရထားတယ်။ အာရပ်နိုင်ငံများ အီရန်၊ အီရက် အနုမြူလက်နက်ထုတ်ဖို့ ကြိုးစားတာကို အစ္စရေးလေယာဉ်များ သွားရောက်ဗုံးကြဲဖျက်ဆီးပစ်တယ်။ အရှေ့အလယ်ပိုင်း အာရပ်-အစ္စရေး ပြဿနာကတော့ ကမ်ဘာတည်သရွေ့ ရှိနေမှာပါ။

ဂျူးလူမျိုးတွေ အောင်မြင်လာချိန်မှာ ဘုရားကိုပစ်ပယ်၊ မာနကြီး၊ လယ်ပင်းခိုင်၊ ပုန်ကန်တတ်သော လူမျိုးဖြစ်တဲ့အတွက် ဘုရားက ဒဏ်ခတ်တယ်လို့ သမ္မာကျမ်းစာမှာ ရေးထားပါတယ်။ သို့သော် ဘုရားဆီ နောင်တနဲ့၊ နှိမ့်ချစွာ ပြန်လာ ချဉ်းကပ်လာတိုင်း ကောင်းကြီးမင်္ဂလာအများကြီး ပေးတဲ့အတွက် ယပခုအချိန်မှာ ကမ်ဘာ့သြဇာကြီမားတဲ့ လူမျိးတစ်ခု အဖြစ် အံ့သြဘွယ် ရပ်တည်နေပါတယ်။
 ဇော်အောင် (မုံရွာ)


http://www.murann.com/ezine/index.php?option=com_content&view=a...
မုရန် ဆိုက်မှကူးယူပါသည်။

Sunday, 4 November 2012

နှုတ်ကပါတ်တော်နှင့်ကိုညီသောအနာငြိမ်းခြင်း

 ယုံကြည်သူတခိုျ့၏အမြင်နှင့် ခံစားချက် ချစ်သောဓမ္မမိတ်ဆွေ၊ အခု တလော အနာငြိမ်းခြင်း၊ ဟောပြော ပွဲတွင် ပါဝင်ခဲ့သော ယုံကြည်သူတ ခိုျ့၏ဝေဖန်သံကို အမိုျးမိုျးကြားရပါ သည်။ အနာရောဂါပျောက်ဖို့ ယုံ ကြည်ခြင်းနှင့် ဆက်ကပ်ပြီး ဆု တောင်းခံခဲ့သော်လည်း၊ အနာမငြိမ်း သောအခါ၊ စိတ်ထဲမှာ ဇဝေဇဝါဖြစ် နေသူများလည်း ရှိသည်။ အဘယ့် ကြောင့်ဆိုသော် ထိုအနာငြိမ်းခြင်း 
တွင် ဟောပြောချက်အတိုင်းဆိုလျှင် ယေရှုခရစ်သည် ယနေ့မနေ့နောင် ကာလမပြောင်းမလဲရှိတော်မူ၏။ တ ခိျန်က ယေရှုခရစ်တော်သည် သူ့ထံ လာသောသူတိုင်းကို အနာငြိမ်းစေ သကဲ့သို့ ယခုလည်း ယုံကြည်ခြင်းနှင့် ဆုတောင်းခံသူတိုင်း အနာငြိမ်းနိုင် သည်။ လိုအပ်ချက်မှာ ယေရှုခရစ်က အနာငြိမ်းစေနိုင်သည်ဟု ယုံကြည် ဘို့သာဖြစ်သည်ဟု ဆိုလေသည်။ သို့ သော် ယေရှုခရစ်ကို ယုံကြည်ခြင်း ဖြင့် ဆုတောင်းသော်လည်း အနာမ ပျောက်သောအခါ၊ နုနယ်သော ယုံ ကြည်သူများခမျာ၊မျက်စိသူငယ်၊ နား သူငယ်နှင့် ယေရှုခရစ်က သူတို့ကို မချစ်သလိုလို၊ ခံစားရကြောင်း သူတို့ အမြင်ကို ဝေငှလိုက်ပါသည်။ ကျမ်းစာ၏ဆိုလိုချက် ကျမ်းတစ်ချက်၌ အိုထာဝရ ဘုရား ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကိုတည်တော်မူပြီ။မိုးကောင်း ကင်သည်လည်း လက်တော်နှင့် ဖန် ဆင်းသောအရာဖြစ်ပါ၏။ ထိုအရာ တို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍ ကိုယ်တော်သည် ဝတ်လုံ ကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း ကိုယ် တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်သည်လည်း မကုန်မ ဆုံးရပါဟု လာသတည်း (ဟေဗြဲ၊ ၁း ၁ဝ-၁၂) ချစ်သောဓမ္မမိတ်ဆွေ၊ကျမ်း စာကိုအသေအချာလေ့လာပါက ဤ ကျမ်းချက်သည် ဂုဏ်တော် ၊အဖြစ် တော်မပြောင်းလဲကြောင်းကိုသာ ဆို လိုကြောင်း တွေ့ရပေလိမ့်မည်။ ထာ ဝရဘုရား၏ဂုဏ်တော်ဆိုသည်မှာ အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြည့်စုံ ခြင်း၊ သူ့မေတ္တာ၊ သူ့သစ္စာ၊ သူ့ဂရု ဏာ၊ သူ၏ဖြောင့်မတ်ခြင်း၊ သန့်ရှင်း ခြင်း၊ အရာခပ်သိမ်းသိခြင်း၊ အရာ ခပ်သိမ်းတတ်နိုင်ခြင်း၊ နေရာတိုင်း၌ ရှိနေခြင်းတို့သည် မပြောင်းမလဲ ရှိ တော်မူသောဂုဏ်တော်များ ဖြစ်ပါ သည်။ ''ယေရှုခရစ်သည် မနေ့၊ ယနေ့၊့၊ နောင်က်ကာလ အစဉ်အ်အမြဲ မပြောင်းမလဲနေတော်မူ၏။'' (ဟေဗြဲ၊၁၃း၈) ဟူသော ကျမ်းချက်သည် တခိျန်က ယေရှုခရစ်သည် အံ့သြဘွယ် နိမိတ် လက္ခဏာတို့ကို ပြုလုပ်သကဲ့သို့၊ ယ နေ့လည်း အခိျန်မရွေးပြုလုပ်မည်ဟု မဆိုလိုပါ။ သူ့ဂုဏ်တော်သည် မနေ့ ယနေ့ နောင်ကာလ အစဉ်အမြဲမ ပြောင်းမလဲနေတော်မူ၏ဟုသာ ဆို လိုပါသည်။ ပြောင််းလဲနေသောလုပ်ဆောင်ချက် ယေရှုခရစ်သည် တခိျန်က အံ့သြဘွယ်နိမိတ်လက္ခဏာပြုလုပ် သကဲ့သို့ ယနေ့လည်း အခိျန်မရွေး လုပ်နိုင်ပါသည်။ သို့သော် သူလုပ်ချင် မှ လုပ်ပါလိမ့်မည်။ ကျွနု်ပ်တို့အမှု တော်ဆောင်များက ကိုယ်တော် ယ ခင်က ကာနမြို့မှာ ရေကနေ စပျစ် ရည်ပေးလုပ်သလို ယခုလည်း လုပ် ပေးပါဟု ပြောတိုင်းလုပ်ချင်မှလုပ်လိမ့်မည်။ ကျွနု်ပ်တို့က အရှင်ယေရှု ကို အစေခံတယောက်လို၊ ဟိုဟာ လုပ်ပါ၊ ဒီဟာလုပ်ပါဟုစေခိုင်းတိုင်း လိုက်လုပ်မည်ဆိုပါက၊ ဘုရားဟူ ၍ ပင် မခေါ်ထိုက်တော့ပေ။ ချစ်သော မိတ်ဆွေ၊ အရှင်ယေရူက၊ မိတ်ဆွေ အား အတွင်းဝိညာဉ်ထဲမှာ၊ စကား ပြောပြီး အမှန်တကယ် စေခိုင်းမည် ဆိုပါက၊ ယခင်က သေသောသူကို ရှင်စေသကဲ့သို့ ယနေ့အခိျန်မှာ လည်း ရှင်မည်ဟု ကျွန်ပ်ယုံကြည် ပါသည်။ သို့သော် စိတ်ကူးယဉ်ပြီး အထင်နှင့် ဖြစ်လာမည်မဟုတ်ပါ။ ဤနေရာ၌ကျွနု်ပ်အတွေ့အကြုံ တစ်ခုကိုတင်ပြလိုပါသည်။ ကျွနု်ပ်နေ သောရွာကလေးနှင့်၁၂မိုင်ဝေးသော အိန္ဒိယရွာတစ်ရွာမှာ ကလေးမ အ သက်(၁၂)နှစ်အရွယ် သေဆုံးခဲ့ပါ သည်။ ထိုအခိျန်မှာ နွေကာလဖြစ် သောကြောင့် အလောင်းကို သေပြီး တစ်ရက်အကြာမှာ မြှုပ်နံှခဲ့ပါသည်။ သေပြီး သုံးရက်အကြာမှာ အိန္ဒိယမှ ဧဝံဂေလိဆရာများ ရောက်လာပါ သည်။ ထိုသူတို့က သေဆုံးသွားသော သမီးငယ်ကို ပြန်လည်တူးဖေါ်ပြီး ဆု တောင်းလျှင် အသက်ပြန်ရှင်မှာ ဖြစ် ကြောင်း၊ ယေရှုခရစ်သည် မနေ့ယ နေ့ နောင်ကာလမပြောင်းလဲသကဲ့ သို့ သူလုပ်ဆောင်ချက်လည်း မ ပြောင်းလဲပါ။ သေပြီးလေးရက်လွန် သွားသောလာဇရုကို ရှင်စေသော ယေရှုခရစ်သည်၊ သေပြီးသုံးရက်သာ ရှိသေးသောသမီးကို အသက်ရှင်စေ လိမ့်မည်ဟုဆိုပြီး သမီးကို ချစ်သော မိဘများသည် ထိုဆရာတို့၏စကား ကို နားထောင်ပြီး မြှုပ်ပြီးသော သမီးကို ပြန်လည်တူးဖော်ခဲ့ကြလေ သည်။ ထိုပျောက်စေဆရာကြီးများ၊ အသံကုန်အော်ဟစ်ပြီး ဆုတောင်း သော်လည်း၊ အသက်ပြန်မရှင်သည် သာမက၊ အရှက်တကွဲ အကိုျးနည်း ဖြစ်ခဲ့ရလေသည်။ ချစ်သောမိတ်ဆွေ ဤသည်မှာ အဖြစ်မှန်အများကြီးထဲ က တစ်ခုဖြစ်ပါသည်။ ချစ်သော မိတ်ဆွေ ယေရှုခရစ်သည် အရာ ခပ်သိမ်းတတ် နိုင်သော်လည်း၊ အရာ ခပ်သိမ်းမလုပ်ပါ။ သူ့အလို၊ သူ့ဆန္ဒ အလျောက်သာ လုပ်ပါသည်။ နောက်တစ်ခါ သိထားရ မည့်အချက်မှာ၊ ယေရှု မပြောင်းလဲ သော်လည်း သူ့လုပ်နည်း လုပ်ဟန်၊ ပြောင်းလဲနေသည်ကို ကြည့်ပါ။ နေ ရာဒေသ၊ အခိျန်အခါအလိုက် ယေ ရှုခရစ်၏လုပ်ဆောင်ချက်များပြောင်း လဲနေကြောင်း တင်ပြပါမည်။ တစ် ခါက ယေရှုခရစ်သည် တပည့်တော် တို့နှင့်အတူ ယေရိခေါမြို့သို့ ရောက် လာ၏။ ထိုမြို့၌ တိမဲ၏သား ဗာတိ မဲအမည်ရှိသောလူကန်းတစ်ယောက် ရှိ၏။ထိုသူသည် နာဇရက်မြို့သား ယေရှုအကြောင်းကိုကြားလျှင် ဒါ ဝိတ်၏သားတော် ယေရှုကယ်မ သ နားတော်မူပါဟု ဟစ်ကြော်လေ၏။ ယေရှုကလည်း သင်၌ အဘယ်သို့ပြု စေလိုသနည်းဟု မေးတော်မူလျှင် ''အရှင်ဘုရား အကျွန်ပ် မျက်စိမြင် စေခြင်းငှာ၊ ပြုတော်မူပါဟု လူကန်း လျှောက်လေသော်၊ ယေရှုက သွား လော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် ထိုသူသည် မျက်စိ မြင်၍ လမ်း၌နောက်တော်သို့ လိုက် လေ၏။'' (မာကု ၁ဝး၄၆-၅၂) သို့သော် အမိဝမ်းတွင်းက ပင် ကန်းသောသူကို၊ ကုသသောအ ခါမူကား၊ အထက်ပါအတိုင်း ပုံတူ ကုပေးခြင်း မတွေ့ရပါ။ ယေရှုသည် လမ်း၌ သွားတော်မူစဉ် အမိဝမ်းတွင်း ကပင် မျက်စိကန်းသောသူတစ် ယောက်ကို တွေ့မြင်တော်မူ၏။ ထိုအ ခါ မြေပေါ်မှာ ထွေး၍ တံတွေးနှင့် ရံွ့ှလုပ်ပြီးမှ ကန်းသောသူ၏မျက်စိ ကို ရံွ့ှနှင့်လူး၍ သင်သွားလော့။ ရှိ လောင်ရေကန်၌ မျက်စိကို ဆေး လော့ဟု မိန့်တော်မူ၏။ ထိုသူသည် သွား၍ ဆေးပြီးမှ မျက်စိမြင်လျက် ပြန်လေ၏။ (ယော ၉း၁-၇)။ ချစ်သောဓမ္မမိတ်ဆွေ ဘုရားသခင်သည် ဉာဏ်ပညာနှင့်ပြည့်စုံသည့်အတိုင်း အလုပ်တစ်ခုကို လုပ်သောအခါတစ်ပုံစံတည်း ပုံသေမလုပ်ပါ။ ထို့ ကြောင့် ဘုရားသခင်၏ရည်ရွယ်ချက်အလေ့အလာကို ရှေးဦးစွာ သိဖို့လို ပါသည်။ ချစ်သောမိတ်ဆွေ၊ ယေရှု ခရစ်၏လုပ်ဆောင်ချက်ကို လေ့လာ ပါက သူ့အမှုတော်အစပိုင်းမှာ အံ့သြ ဘွယ်ရာ၊ နိမိတ်လက္ခဏာများပြုနေ သည်ကို တွေ့ရပေလိမ့်မည်။ သူ့ရည် ရွယ်ချက်မှာ၊ အသက်ရှင်သောဘုရား သားတော် မေရှိယဖြစ်ကြောင်း သက် သေထူဘို့ ဖြစ်ပါသည်။ ထိုသို့ပြုပြီး မှ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသ နည်းဟု တပည့်တော်တို့ကို မေးမြန်း တော်မူလျှင် လူတခိုျ့က ကိုယ်တော် သည် ဗတ္တိဇံယောဟန်ဖြစ်သည်ဟူ၍ ၄င်း၊ အခိုျ့က ဧလိယဖြစ်သည်ဟူ၍ ၄င်း၊ အခိုျ့က ယေရမိမှစ၍ ပရော ဖက်တပါးပါးဖြစ်သည်ဟူ၍၄င်း ဆို ကြပါသည်ဟု လျှောက်ကြသော်၊ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ် သည်ဆိုကြသနည်းဟု မေးမြန်းတော် မူလျှင် ရှိမုန်ပေတရုက၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသော အ သက်ရှင်တော်မူသော ဘုရားသခင် ၏သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏ (မဿဲ၊ ၁၆း၁၃-၁၆)။ အမှန်မှာ လူတို့သည် အရှင် ယေရှုကို ဘုရားသခင်၏သားတော် ဖြစ်သည်ဟု ယုံကြည်စေရန် ရည် ရွယ်ချက်ဖြင့် အံ့သြဘွယ်ရာအမှု များကို လူများရှေ့မှာ ပြုခဲ့ခြင်းဖြစ် လေသည်။ သို့သော် ''ထိုမျှလောက် ကြီးစွာသောနိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြုတော်မူသော် လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ (ယော၊ ၁၂း၃၇)။ ထို့ကြောင့်၊ယေရှုခရစ်တော် သေပြီး၊ ရှင်ပြန်ထမြောက်ပြီးသော အခါ လူထုပရိသတ်ရှေ့မှာ သူကိုယ် တိုင်အံ့သြနိမိတ်လက္ခဏာများ မပြု တော့ပါ။ သေပြီးမှ ရှင်ပြန်ထမြောက် ခြင်းထက် ကြီးမားသောနိမိတ်လက္ခ ဏာနောက်ထပ်ပြစရာမလိုတော့ပါ။ နိမိတ်လက္ခဏာ၏ရည်ရွယ်ချက် အရှင်ယေရှုသည် တပည့် တော်တို့အား ကောင်းကင်ဘုံမတက် ြွကခင်မှာ အသေအချာမှာခဲ့သည်မှာ လောကီနိုင်ငံအရပ်ရပ်သို့ သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ တပည့်တော်တကိျပ်တပါးက ဟော ပြီး ယုံကြည်လာမည့်သူတို့အပေါ်မှာ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူ ကား ငါ၏နာမကို အမှီပြု၍ နတ် ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ထူးခြား သော ဘာသာစကားမိုျး တို့ကိုပြော ကြလတံ့။သေစေတက်သော အစား အသောက်တို့ကို သောက်စားလျှင် ဘေးဥပဒ်နှင့်ကင်းလွှတ်ကြလတံ့။ မကျန်းမာသောသူတို့ အပေါ်မှာ လက်ကိုတင်၍ချမ်းသာပေးကြလတံ့ ဟုမိန့်တော်မူ၏။(မာကု ၁၆း၁၅-၁၈) အရှင်ယေရှုသည် တပည့်တော်တို့ အား သုံးနှစ်သုံးမိုး နှုတ်ကပတ်တရား တော်သင်ကြားခဲ့သော်လည်း၊ သက် သေထူစရာ သမ္မာကျမ်းစာ မရှိသေး ပါ။ ဓမ္မဟောင်းသာရှိလေသည်။ ထို့ ကြောင့် တပည့်တော်များအနေဖြင့် အရှင်ယေရှုကောင်းကင်ဘုံသို့ တက် ကြွပြီးသည့်နောက် နှုတ်ကပတ်တော် ကို အတည်ပြုဘို့၊ သက်သေထူဘို့ တစ်စုံတစ်ခု လိုအပ်လျက် ရှိလေ သည်။ တပည့်တော်များ ဟောပြော သောနှုတ်ကပတ်တော်သည် ဘုရား သခင်နှုတ်ကပတ်တော်စစ်စစ် ဟုတ် မဟုတ်ကြားနာသောသူများ၊ မည်သို့ သိနိုင်မည်နည်း။ တပည့်တော်တို့သည်လည်း ထွက်သွား၍ သခင်ဘုရားမစတော် မူသည်နှင့်လည်းကောင်း၊ သူတို့၌ ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေ တော်မူသည်နှင့်လည်းကောင်း၊ ခပ် သိမ်းသောအရပ်တို့၌ တရားဟော ကြ၏။ တပည့်တော်များဟောပြော သောနှုတ်ကပတ်တော်သည် ဘုရား နှုတ်တော်ထွက် မှန်ကန်ကြောင်း ဘုရားသခင်က နိမိတ်လက္ခာဏာအားဖြင့် သက်သေထူပြီး၊ အတည်ပြု ခဲ့ပါသည်။ တခိုျ့ဆရာများက၊ဤအချက် ကိုယူပြီး၊ယခုမှာ သမ္မာကျမ်းစာပြည့် စုံပြီဖြစ်သောကြောင့် နိမိတ်လက္ခာ ဏာလည်း ကုန်ဆုံးပြီဟူ၍ ဟော ပြောသောသူများလည်း ရှိပါသည်။ ဤနေရာ၌ ကျွန်ပ်တို့သည် တစ်ဖက် စွန်းပြီး တစ်ဖက်သတ် ဤသို့မပြော သင့်။ ဘုရားသခင်ကို ဘောင်ခတ်ပြီး ကန့်သတ်၍မရ။ တခိုျ့ဒေသမှာ၊ ယနေ့တိုင် ဘုရားသခင်သည်လိုလျှင် လိုအပ်သလို နိမိတ်လက္ခဏာပြုနေ ကြောင်း ဘုရားသခင်နှင့်အဆက်ရှိ သောအမှုတော်ဆောင်တိုင်း သိရှိကြ သည်။သို့သော် တဖက်မှာ ထိုဒေသ တစ်ခု၌ နိမိတ်လက္ခဏာ ဘုရားသ ခင် ပြုသည်ကို ယနေ့ ဒီနေရာမှာ လည်းလုပ်မှာဘဲ ဟူ၍တထစ်ချ မယူ ဆသင့်ပေ။ အထက်က ပြောခဲ့သည့် အတိုင်းဘုရားသခင်သည် တစ်ပုံစံ တည်း၊ပုံသေ လုပ်တက်သောဘုရား မဟုတ်။သူ့နည်းဗူျဟာသည်ပြော၍ မကုန်အောင်များပြားပါသည်။

     နာမတော်မြတ်၌
       ညီအစ်ကိုဇေန
(ရှေ့လဆက်လက်ဖတ်ရှုပါရန်)