Sunday, 2 September 2012

လမ်းကြောင်းရှာတွေ့သူ

ဒေးဗစ်လစ်ဗင်းစတုန်း (David Livingstone)(၁၈၁၃ - ၁၈၇၃)
          “အမေ ဒါကျွန်တော်တစ်ပါတ်အတွင်းရှာနိုင်ခဲ့တဲ့အရာပဲ” ဟုဒေးဗစ်သည်သူ့မိခင်ပေါင်ပေါ်ငွေအနည်း တင်လျက် စိတ်ထက် သန်စွာပြောခဲ့၏။ မိသားစုဆင်းရဲမှုဒဏ်မှလွတ်ရန်သွေ အချို့ကို သူလုပ်ကိုင်ရှာဖွေနိုင်ခဲ့သည့် အတွက်စိတ်တက်ကြွလျှက်ရှိ၏။ ကြင်နာသောမိခင်က “ဒါနဲ့သားဘာလုပ်ချင်သလဲ” ဟုမေးလိုက် ၏။သူက“အမေ ခွင့်ပြုမယ်ဆိုရင်လက်တင်သဒ္ဒါစာအုပ် 
တစ်အုပ်ကျွန်တော်၀ယ်ချင်ပါတယ်” ဟုမဝံ့မရဲပြန်ပြောခဲ့၏။ ဆင်းရဲမှု ကြောင့်ကျောင်းမနေနိုင်သော်လညး် ပညာရှာ ရန်သူ စိ်တ်အားထက်သန်ခဲ့၏။ 
ငယ်စဉ်ဘ၀
          ဒေးဗစ်လစ်ဗင်းစတုန်းကို ၁၈၁၃ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင်စကော့ တလန်ပြည် ၌မွေးဖွားခဲ့၏။ သူ့မိဘများမှာစိတ်အားထက်သန်သောခရစ်ယာန်များဖြစ်ကြ၏။ သူငယ်စဉ်ကပင် မိဘများထံမှ ခရစ်ယာန်အ သက်ရှင်မှုသင်ခန်းစာများကိုရရှိခဲ့၏။ သူသည်ကျမ်းစာကိုစိတ် ထက်သန်စွာလေ့ လာပြီးအသက် (၉)နှစ်အရွယ်၌ ဆာလံကျမ်းအခန်းကြီး(၁၁၉) တစ်ခန်းလုံးကိုအလွတ်ရွတ်ဆိုနိုင်ခဲ့၏။ ကျွန်ုပ်တို့သိခဲ့ပြီးဖြစ် တဲ့အတိုင်းဆင်းရဲလွန်း ၍သူကျောင်းမတက်နိုင်ခဲ့ချေ။ အသက်(၁၀)နှစ်အရွယ်တွင်ချည်စက် တစ်ခု၌အလုပ် လုပ်ရန်သွားခဲ့၏။ မနက်(၆) နာရီမှ ည(၈)နာရီအထိအလုပ်လုပ်ခဲ့ရ၏။ သူအလုပ်လုပ်စဉ်လက်တင်စာအုပ်ကို သူ့အနီး၌ဖွင့်ထားပြီးလေ့လာခဲ့ ၏။ ထို့်နောက်အိမ်ပြန်ရောက်၍ပင် ပန်းသော်လည်း ညသန်းခေါင်တိုင်စာကိုလေ့လာခဲ့၏။
          သူ၏ကြိုးစားမှုကြောင့်လက်တင်ဘာသာစကားကောင်းစွာတတ်ကျွမ်းခဲ့ပြီး သိပ္ပံပညာကိုစတင်လေ့လာ ခဲ့၏။ အလုပ်ကိုကောင်းမွန်စွာလုပ်ကာအရည်အချင်းပြည့်၀သောကြောင့် စက်ရုံ၌ရာထူးတိုးမြှင့်ခံ ရပြီးလစာလည်း များများရခဲ့၏။ ဤသို့ဖြင့်နွေရာသီ၌အလုပ်လုပ်ပြီး၊ ဆောင်းရာသီ၌ဂရိ ဘာသာစကားနှင့်ဆေးပညာ ကိုလေ့လာ နို်င်ခဲ့၏။ နွေရာသီ၌အလုပ်လုပ်လျက်သီသြလော်ဂျီ ပညာကိုလေ့လာခဲ့၏။ သူ့ပညာရေးအတွက်မည်သူတစ်ဦး တစ်ယောက်ထံမျှအကူအညီမရခဲ့ချေ။ ဤပင်ပန်းခက်ခဲသောအချိန်များက လာမည့်သူပအသက်တာအတွက် ပြင်ဆင်လေ့ကျင့်ပေးခဲ့၏။
          သူ့၌ကစားချိ်န်မရှိခဲ့ပဲ၊ သူ့အိမ်အနီး၌စီးဆင်းနေသောမြစ်အနီး တွင်လမ််းလျှောက်ရခြင်းကို သူနှစ်သက်ခဲ့ ၏။ငှက်ကလေးများ၊ ပန်းပွင့်များနှင့်ကျောက် တုံးများစသည့်သဘာ၀ ပတ်၀န်းကျင်ကိုအနီး ကပ်လေ့လာကြည့်ရှု သူတစ်ဦးဖြစ်၏။ ခရီးသွားမှတ်တမ်းစာအုပ်များကိုဖတ်ရှုရန် သူနှစ်သက်မြတ်နိုးခဲ့၏။ သို့ရာတွင် သမ္မာကျမ်းစာကို အလွန်ဖတ်ရှုခဲ့၏။ သမ္မာကျမ်းစာကို ချစ်မြတ်နိုးခြင်းစိတ်ကနောင်တွင် သမ္မာကျမ်းစာသာလျှင်သူ့အဖော်မွန်ဖြစ်၍ အသက်တာကိုများစွာ အထောက်အကူဖြစ်စေခဲ့၏။
         
အာဖရိကတိုက်သို့ခေါ်တော်မူခြင်း           
အသက်(၂၀)တွင်ခရစ်တော်ကိုသူ၏ကယ်တင်ရှင်အဖြစ် လက်ခံပြီးအခြားတိုင်းနို်င်ငံများ၌သာသနာပြု တစ်ဦးဖြစ်လာရန်ဆက်ကပ်အပ်နှံခဲ့၏။ ဂျာမန်သာသနာပြုတစ်ဦးက တရုတ်ပြည်၌ဆေးကုသပေး ကာသာသနာ ပြုမည့်သူများလိုအပ်ကြောင်း သူ့ထံစာရေးသားခဲ့သောကြောင့်ဆေး ပညာရပ်များလေ့လာ ခဲ့ပြီးတရုတ်ပြည်သို့ သွားရောက်အမှုတော်ဆောင်ရန်လစ်ဗင်း စတုန်းဆုံးဖြတ်ခဲ့သည်။ ဆေးပညာရပ်များကို (၂)ျနှစ်မျှလေ့လာပြီး တရုတ်ပြည်သို့သွားရန်စီစဉ်ခဲ့သည်။ သို့ရာတွင်ဘုရားသခင်၌သူ့အတွက် အခြားသော အကြံအစည်တော်များရှိခဲ့ ၏။ဘုရားသခင်လက်တော်ထဲ သို့အပ်နှံသောမိမိတို့၏အကြံ အစည်များကလောကီအရာများ အတွက်မဟုတ်လျှင် ဘုရားသခင်၏အလိုတော်ပြည့်စုံလာပေမည်။ တရုတ်ပြည်၌စစ်ဖြစ်ခြင်းကြောင့် လစ်ဗင်းစတုန်းသည် တရုတ်ပြည် သို့မသွားရောက်နိုင်ခဲ့ချေ။
          ဘုရားသခင်၏လမ်းပြပဲ့ပြင်မှုကိုစောင့်စားနေစဉ် အာဖရိကတိုက်၌ သာသနာပြုနေသော သူရောဘတ်မို ဖက်သည်အင်္ဂလန်ပြည်သို့ရောက် လာပြီးအာဖရိကတိုက်၏လိုအပ် ချက်များကိုပြောခဲ့၏။ လစ်ဗင်းစတုန်းသည်သူ နှင့်စကားပြောခဲ့၏။ မိုဖက်က“လောက၌မျှော်လင့်ချက်မရှိသူ၊ ဘုရားသခင်ကိုမသိသူ၊ ခရစ်တော်ကိုမရရှိသူများ ၏ရွာပေါင်းတစ်ထောင်ကျော်ကိုကျွနု်ပ်မြင်ပ်သည်။” ဟူသောအချက်ကလစ်ဗင်းစတုန်းကိုအာဖရိ ကတိုက်သို့ သွားရန်ဆုံးဖြတ်စေခဲ့ပါသည်။ ကြယ်များကိုလေ့လာကြည့်ရှုခြင်း အားဖြင့်ခရီးလမ်းကြောင်း ကိုရှာဖွေရကြောင်းသူ လေ့လာခဲ့၏။ ဤအရာကနောင်တွင်အလွန် မဲမှောင်သည့်တောအုပ်ကြီး အတွင်းခရီးလမ်းကြောင်းများရှာဖွေရန်အ သုံး၀င်ခဲ့သည်။

မဲမှောင်သောအာဖရိကတိုက်ကြီးပေါ်၌ ကိတ်တောင်းအရပ်မှေ၇ာဘတ်မိုဖက်အမှုတော်ဆောင်သည့်ကုဂုမန်အရပ်သို့ရောက်ရန်နွားလှည်းဖြင့် မိုင်(၇၀၀)ခန့်ခရီးပြုခဲ့ရ၏။သူ့အားဘုရားသခင်လုပ်ဆောင်စေလိုသောကြီးမားသည့်အမှုတော်ကို သူနားလည်သ ဘောပေါက်လာခဲ့၏။ ဧဝံဂေလိတရားအတွက်တံခါးဖွွင့်ရန်မည်သူမျှမသွားရောက်ခဲ့ဖူးသည့်အာဖရိကတိုက်အ လယ်ဗဟိုသို့သွားရောက်ရန်သူဆန္ဒရှိခဲ့၏။အခြားမည်သူမျှမလုပ်ဖူးသောအလုပ်ကိုသူ့အား ဘုရားသခင်ခိုင်းစေ ကြောင်းယုံကြည်ခဲ့၏။ အာဖရိကတိုက်တောနက်ကြီးအတွင်းပိုင်း၌နေထိုင်ပြီးဧဝံဂေလိတရားမကြားသိရသေး သူများစွာရှိသည့်အတွက်လုပ်ဆောင်ရမည်ဖြစ်သည်။

ခြငေ်္သ့များလိုက်ဖမ်းခြင်း
          လစ်ဗင်းစတုန်းသည် လှပသောမက်ဘေ့ာဆာချိုင့်၀ှမ်းအ၇ပ်ကိုတွေ့ပြီးထိုအရပ်၌(၃)နှစ်မျှနေထိုင်ရန် ရွေးချယ်ခဲ့၏။ ရောဘတ် မိုဖက်၏ သမီးဖြစ် သူမေရီမိုဖက်နှင့်လက်ထပ်ခဲ့၏။ မက်ဘော့ဆာအရပ်၌လူနှင့်ကျွဲနွား များကိုကိုက်သတ်ကာဒုက္ခပေးနေသော ခြငေ်္သ့များစွာရှိသည်။ ခြငေ်္သ့များကိုဖယ်ရှားရန် လာရောက်အကူအညီ တောင်းကြသည်။ခြငေ်္သ့တစ်ကောင်သတ်နိုင်လျှင်အခြားခြငေ်္သ့များ လည်းထွက်ပြေးကြမည်ကိုသူသိသော ကြောင့်အာဖရိကလူအချို့ကိုခေါ်ပြီးခြငေ်္သ့ဖမ်း (အမဲလိုက်)ထွက်ခဲ့သြ၏။ သူပစ်လိုက်၍ထိသွားသောခြငေ်္သ့ကသူ့ အပေါ်ခုန်အုပ်ကာသူ့ပခုံးကိုကုတ်ဖြဲတော့၏။ သူနှင့်အတူပါလာသောသူများကထို်ခြငေ်္သ့ကိုသေအောင်သတ်ပစ် လိုက်ကြ၏။ ခြငေ်္သ့ကုတ်ဖဲ့သည့်ဒဏ်ရာပြင်းထန်ပြီးအနာပျောက်ရန်အချိန်အတော်ကြာခဲ့၏။ သူပလက်မောင်းမ စွမ်းမသန်ဖြစ်ရပြီး အမာရွတ်များမှာသေရာပါခဲ့၏။ သို့ရာတွင်ထို်အမာရွတ်များက နောင်အခါသူ၏ကိုယ်ခန္ဓာဖြစ် ကြောင်းမှတ်မိစေမည့်အမှတ်အသားဖြစ်ခဲ့၏။ ထိုအရပ်မှအာဖရိကလူမျိုးများစွာခရစ်တော်ကိုယုံကြည်လက်ခံခဲ့ ပြီးလစ်ဗင်းစတုန်းလည်းထိုအရပ်၌ကောင်းစွာနေထိုင်နိုင်ခဲ့၏။

မြောက်ပိုင်းသို့ရွှေ့ပြောင်းခြင်း
          ရေရှားပါးသောကြောင့်ထိုအရပ်၌အစာရေစာခေါင်းပါးခြင်းကပ်ကျရောက်ခဲ့၏။
အခြားလူများကဲ့သို့လစ်ဗင်းစတုန်းလည်းတစ်ခါတစ်ရံနှံကောင်နှင့် ဖားများကိုစားသောက်ခဲ့ရ၏။ မြောက်ပိုင်းအ ရပ်ဒေသတစ်ခုသို့ရွွှေ့ပြောင်းရန်သူရှာဖွေလျက်ရှိ၏။ ယခင်ကမဖြတ်ကျော်ဖူးသောကြီးမားကျယ်ပြန့်သောသဲ ကန္တာရကိုဖြတ်ကျော်ရန်ရှိကြောင်းသူကြားခဲ့ရ၏။ ကန္တာရသည်မိုင်(၃၀၀)ခန့်ရှိသည်။ ထိုသဲကန္တာရကိုကျော်ဖြတ် ရန်ခရီးအစပြုခဲ့ပြီး မကြာခဏရေဆာငတ်၏။ တစ်ကြိမ်၌ထိုအရပ်နေသည့်“ခြုံထူသောအရပ်သား”ဟုခေါ်သော လူတစ်ဦးကရေးလာပေးခဲ့၏။ ထိုရေသည် ငှက်ကုလားအုပ်ဥထဲ၌သိုထားပြီးသဲထဲ၌နှစ်မြုပ်ကာသိမ်းဆည်းထား သောရေဖြစ်၏။ နောက်ဆုံး ငမ်မီရေအိုင်ကြီးရှိရာသို့သူရောက်ခဲ့၏။ ထိုအိုင်ကြီးမှာပထ၀ီ၀င်သဘောအရဥရောပ တိုက်သားများထဲ့မှသူပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။
          တောင်အာဖရှကတိုက်တွင်အခြေစိုက်နေထိုင်ကာကျွန်ကုန်ကူးလျက်ရှိသည့်ဒတ်ချ်လူမျိုးများနှင့် အယူ သည်းသည့်ဒေသခ့လူမျိုးများ၏အန္တ၇ာယ်အသွယ်သွယ်ကြားမှခရီးပြုရွှေ့ပြောင်းခဲ့၏။ ဒတ်ချ်ကျွန်ကုန်ကူးခြင်းကို တားဆီးသဖြင့်သူအားမုန်းတီးနေသောဒတ်ချ်လူမျိုးများသူ၏ အ၀တ်အစားများ၊ အိမ်ထောင်ပရိဘောဂများကို လုယက်သယ်ဆောင်သွားပြီး စာအုပ်များနှင့်ဆေးများကိုဖျက်ဆီးပစ်ခဲ့ကြသည်။ သို့ရာတွင်ဆက်လက်ခရီးပြုခဲ့ ရာအာဖရိကတိုက်အလယ်ဗဟိုရှိဇမ်ဘက်ဇီမြစ်ကိုတွေ့ရှိခဲ့သည်။ ထိုနေရာ၌အသက်အန္တရာယ်ထိခိုက်စေသော ငှက်ဖျားရောဂါဖြစ်ပွားလျက်ရှိသဖြင့် အခြေချနေထိုင်အလုပ်လုပ်ရန်မတတ်စွမ်းနိုင်ခဲ့ချေ။

တစ်ဦးတည်းခရီးပြုခြင်း
          ဆက်လက်၍ခရီးထွက်လျှင်ဇနီးနှင့်သားသမီးများအတွက်အလွန်အန္တရာယ်ရှိသောကြောင့်သူတို့ကို အင်္ဂလန်ပြည်သို့ပြန်ပို့ပြီး တစ်ဦးတည်းခရီးဆက်ခဲ့၏။ ခရစ်တော်နှင့်အတူကိုယ်တော်အတွက်သာအစေခံဆက် ကပ်လိုသည့်နှိုးဆော်မှုကြောင့်အာဖရိကတိုက်တောနက်ကြီးများထဲသို့သူတစ်ဦး တည်းဆက်လက်တိုး၀င်ခရီးပြု ခဲ့၏။ အာဖရိကတိုက်အလယ်ဗဟိုကိုဖြတ်ကျော်လျက်အရှေ့မှအနောက်ဘက်သို့ခရီးပြုရန်(၁၈၅၅)ခုနှစ်မှ (၁၈၅၆)အတွင်းနယ်မြေရှာဖွေမှုခရီးစဉ်ပြုလုပ်ခဲ့၏။သူ့ခရီးစဉ်အတွင်းလူဖြူတစ်ဦးကိုတစ် ခါမျှမမြင်ဖူးသေးသော အာဖရိကလူမျိုးများစွာကိုတွေ့ဆုံခဲ့ရ၏။ သူ၌ချစ်ခြင်းမေတ္တာနှင့်သနားခြင်းကရုဏာစိတ်သဘောရှိသောကြောင့် အာဖရိကတိုင်းရင်းသားများ ၏ရင်းနှီးချစ်ခင်မှုကိုရရှိခဲ့၏။ သူတို့အကြား၌နေထိုင်စဉ်ကာလ၌ဟောပြောသက် သေခံကာဆေးဝါးကုသအကူအညီပေးခဲ့၏။
          အချို့သောလူမျိုးစုများက သူ့အားရိုင်းပျစွာဆက်ဆံခဲ့ပြီးတစ်ခါတစ်ရံ အသက်အန္တရာယ်ပင်ကြုံတွေ့ခဲ့ ရ၏။

ကျွန်ကုန်ကူးခြင်း ဤခရီးစဉ်၌ကျွန်ကုန်ကုူးခြင်း၏ကြောက်မက်ဖွယ်ဆိုးကျိုးများကိုလစ်ဗင်းစတုန်းမမျှော်လင့်ပြတွေ့ခဲ့ရ၏။ ရွာများကိုကျူးကျော်၀င်ရောက်တိုက်ခိုက်ပြီးရွာသားများကိုနှိမ်နှင်းကာယောကျၤား၊မိန်းမ၊ခလေးသူငယ်များကို ကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ရွာကိုမီးရှို့ခဲ့ပြီးသူတို့၏လယ်ပင်း၌ကြီးမားသည့်သစ်တုံးများဖြင့်ချည် နှောင်ကာတော နက်ကြီးများအတိုင်းလမ်းလျှောက်စေ၏။ လမ်းခရီး၌ဒဏ်ရာရသူ၊ ဖျားနာသူများကိုသေဆုံးစေ ရန်ထားပစ်ခဲ့၏။ တောတွင်းလူ့အရိုးချောင်းများပြန့်ကြဲနေသည်ကိုမကြာခဏတွေ့မြင်ရ၏။ စည်ပင်ကြွယ်၀သော ရွာသူကြီးများလည်းကျူးကျော်တိုက်ခိုက်ခံရပြီးနောက်ပိုငး်ခြောက်ခြောက်သွေ့သွေ့ဖြစ်ခဲ့ရ၏။ ဤအချက်ကလစ် ဗင်းစတုန်း၏စိတ်နှလုံးကိုထိခိုက်စေခဲ့၏။ ဤအရာကို“အာဖရိက၏ဟင်းလင်းပြင်အနာ”ဟုခေါ်ခဲ့ပြီးအမြစ်မှုနှုတ် ပစ်ရန်သံဓိဠာန်ချခဲ့၏။ ဆုံးဖြတ်ချက်အောင်မြင်ရန်နှင့်အာဖရိကတောနက်အတွင်းပိုင်းအရပ်များ၌“လမ်းကို ရှာတွေ့သူ”အဖြစ်သူခံယူ၏။တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားကျွန်ကုန်ကူးသူဟုထင်မှတ်ကာ အန္တရာယ်ပြုရန်ပင်ကြိုးစားခဲ့သေး၏။

ခက်ခဲမှုများ 
လစ်ဗင်းစတုန်းအားဖြင့်ခရစ်တော်ကိုပထမဆုံးယုံကြည်လက်ခံပြောင်းလဲလာသည့် အာဖရိ ကအကြီး အကဲတစ်ဦးကသူ့အားဤသို့မေးဖူးခဲ့၏။ “ဒီအကြောင်းတွေကို သင့်တိုင်းပြည်မှလူတွေက အရင် ဘာဖြစ်လို့လာမ ပြောတာလဲ။ ကျွန်တော်တို့ဘိုးဘေးတွေလည်းခင် ဗျားပြောပြတာတွေကို တစ်ယောက် မျှမကြားခဲ့ရပဲသေဆုံးကုန် ခဲ့ပြီ၊ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ ”ဤမေးခွန်းကသူ့အသက်တာအားများစွာ လွှမ်းမိုးသက်ရောက်ခဲ့ပြီး အာဖရိက တောနက်ပိုင်းရှိရာပေါင်းများ စွာသောလူမျိုးစုများဧဝံဂေလိ တရား များကြား ရမည့်လမ်းကြောင်းပေါ်သို့သူ့အားအမြဲ တစေတွန်းပို့လျက်ရှိ၏။ သို့ရာတွင်ဤ ကိစ္စသည်မလွယ် ကူချေ။ သူ့အ၀တ်အစားများစုတ်ပြတ်သတ်ကာသူ့ခြေ ထောက်များလည်း(အရည်ကြည်ဖုများ) ဖြင့်ဖူးရောင်နေတော့၏။ သူ့ခန္ဒာကိုယ်ရှိအနာများကြောင့်နာကျင်စွာေ၀ ဒနာခံစားရ၏။ တစ်ခါတစ်ရံဒေသခံတိုင်းရင်းသား များကသူ့အားအစားအစာ မရောင်း၍အစာငတ်ခဲ့ရသော အချိန် များလည်းရှိခဲ့၏။ တချို့အချိန်များ၌သစ်ပင်အမြစ်များနှင့်ငှက်စားသော အစေ့လေးများ ကိုစားသောက်ခဲ့ရပြီး မြေ ကြီးပေါ်အိပ်စက်ခဲ့ရ၏။ (၃၁)ကြိမ်ဖျားနာခဲ့ပြီး အရိုးပေါ်အရေတင်အခြေအနေထိဖြစ်ခဲ့၏။ အဖျားကြီးသောအချိန် များ၌သူ့မိတ်ဆွေများ၏အမည်များနှင့်နေ့ရက်များကိုပင်မမှတ်မိနိုင်ဖြစ်ခဲ့၏။ သို့ရာတွင်သူ့အားမည်သည့်အရာကမျှစိ်တ်ဓါတ်ကျရန်မလုပ်ဆောင်နိုင်ခဲ့ချေ။ ခွန်အားရရန်သမ္မာကျမ်းကိုမကြာခဏဖတ်ရှုခဲ့ပြီးသူ၏ကိုယ်ရေးမှတ် တမ်း၌“သခင်ဘုရား၌ကျွနု်ပ်ကိုကျွနု်ပ်ပြန်အားပေးရ၏။”ဟုရေးသားခဲ့၏။(၁ ရာ ၃၀း၆) ရှေ့ဆက်၇န်ပြင်ဆင်ထား သောမည်သည့်နေရာမဆိုသွားဖို့ဆန္ဒရှိသညဟြုသူပြောခဲ့ဖူးသည်။ “ကျွန်ကုန်ကူးသူများအရောက်သွားနိုင်သော နေရာသို့သာသနာပြုများကိုခရစ်တေ်ာ ၏မေတ္တာတော်ကခေါ်ဆောင်မသွားနိုင်ဘဲနေမလား”ဟုစိတ်ချစွာမျှော် လင့်သည်။
ဂုဏ်ပြုခံရခြင်း အာဖရိကတိုက်ရှိမြစ်များ၊အိုင်များကိုလစ်ဗင်းစတုန်းရှာဖွေတွေ့ရှိသဖြင့်သူ့အားလူသိများလာခဲ့၏။ ဒေသခံတိုင်းရင်းသားများက“အသံမြည်သောမီးခိုး”ဟုခေါ်ပြီးသူတို့မချဉ်းကပ်ရဲသည့်ဗစ်တိုးရီးယားရေတံခွန် ကိုသူရှာဖွေတွေ့ရှိခဲ့သည်။ သူသည်အာဖရိကတိုက်၌(၁၆)နှစ်ကြာပြီးခရီးမိုင်(၉၀၀၀) ခန့်ကိုအများအားဖြင့်ခြေ လျင်(သို့မဟုတ်)လှေဖြင့်သွားခဲ့ရ၏။ သူ၏ရှာဖွေတေ့ွ ရှိမှုများကိုအသိ အမှတ်ပြုသောအနေဖြင့်ရွှေတံဆိပ်များနှင့် ဂုဏ်ထုူးဆောင်ဘွဲ့များကိုသူ့အားပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့၏။ သူဆစာပြောေ၀ငှ ချက်များကိုနားထောင်ရန်နှင့်သူ့ အားတွေ့ဆုံရန်လူပရိတ် သတ်များစွာ လာရောက်ကြသည်။ သူကိုယ်တိုင်လည်းသူ့ခရီးမာျးအကြောင်းစာအုပ်တစ် အုပ်ရေးသားခဲ့၏။
အာဖရိကတိုက်သို့နောက်တစ်ကြိမ်
          အစိုးရအရာရှိတစ်ဦးအနေဖြင့်အာဖရိကတိုက်သို့လစ်ဗင်းစတုန်းပြန်သွားခဲ့၏။ သို့သော် သာသနာပြုအ လုပ်နှင့်နယ်မြေသစ်ရှာဖွေေးအလုပ်တို့ကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိ၏။ ယခုအခိျန်တွင်သူ့အားကူညီမည့်သူများ စွာရှိခဲ့သည်။ သို့သော်လည်းထိုသူများမှာတစ်ယောက်ပြီးတစ်ယောက်ဖျားနာပြီးသူ့ထံမှခွဲခွာသွားခဲ့၏။ ဤနေရာ သစ်၌(၃)လမျှနေပြီးနောက်သူ့ဇနီးသည်လည်းဖျားနာေ၀ဒနာဖြင့်အသက်ဆုံးပါးခဲ့၏။ သူမအားသစ်ပင်တစ်ပင် အောက်၌သင်္ဂြိုလ်ခဲ့၏။ ခရီးစဉ်အစပိုင်း၌ပင်အာဖရိကတိုက်၌သူ၏သမီးငယ်လေးတစ်ဦးအားသူကိုယ်တိုင် သင်္ဂြိုလ်ပေးခဲ့ရ၏။ဤအချိန်သည်သူ့အတွက်အလွန်ကြီးမားသည့်၀န်သဖွယ်ဖြစ်ခဲ့၏။ “ဤလေးလံသောရိုက်ခတ် ချက်ကကျွန်ုပ်ကိုစိတ်ပျက်စေပြီး အရှုံးခံရန်လုပ်ဆောင်နိုင်မည်မဟုတ်၊ ဘုရားသခင်၌ကျွနု်ပ်ကိုယ်ကျွနု်ပ်အား ပေးပြီးရှေ့သို့ဆက်သွားမည်”ဟူ၍ဖြစ်၏။
          သူ့အသက်တာအတွက်အန္တရာယ်များလည်းရှိခဲ့၏။တစ်ကြိမ်တွင်ကြ့ံတစ်ကောင်အရှိန်ဖြင့်ပြေးလာပြီး သူ့အနားရောက်သောအခါရုတ်တရက်ရပ်တန့်သွား၏။ ဤအရာကားဘုရားသခင်ကာကွယ်ပေးခြင်းပေတည်း။ နောက်တစ်ကြိမ်တွင် အာဖရိကလူမျိုးတစ်ဦးက (၁၀)ကိုက်ခန့်အကွာမှလှံဖြင့်ပစ်ပေါက်လိုက်ရာသူ့လည်ပင်းနား မှဖြတ်ကာသစ်ပင်တစ်ပင်၌စိုက်သွား၏။ဘုရားသခင်သည်သူနှင့်အတူတစ်ချိန်လုံးရှိတော်မူ၏။ သူပြောသကဲ့သို့ ပင်အလုပ်ပြီးသည့်တိုင်အောင်သူ့အသက်တာသည်အံ့သြဖွယ်ဖြစ်ခဲ့၏။
       သူ့အားအရာရှိအဖြစ်ခန့်အပ်စေလွှတ်ခဲ့သောဗြိတိသျှအစိုးရသည်ကျွန်ကုန်သည်များ၏လွှမ်းမိုးမှုခံရကာ သူ့အားလစာ၇ပ်ဆိုင်းခဲ့၏။သူသည်အင်္ဂလန်ပြည်ပြန်ရန်ရှိခဲ့၏။ သို့သော်မကြာမီပင်ဘုရားသခင်သည်သူ့မိတ်ဆွေ များ၏ထောက်ပံ့ခြင်းအားဖြင့်အခြားလမ်းကြောင်းဖွင့်ပေးလိုက်ခြင်းကြောင့် လစ်ဗစ်စတုန်းအင်္ဂလန်ပြည်သို့ဘယ် တော့မှပြန်မသွားခဲ့တော့ချေ။
နောက်ဆုံးခရီးထွက်ခြင်း
       အာဖရိကတိုက်အလယ်ပိုင်းသို့လစ်ဗင်းစတုန်းထပ်မံသွားေ၇ာက်ခဲ့၏။ ယခုသူသည် အသက်(၆၀) အရွယ် ရှိပြီ။သူ၏တောတွင်းခရီးပြုခဲ့သည့်နှစ် များကိုကြည့်လျှင်သူ့အစေခံ ကျွန်များ၏သစ္စာမရှိမှု များဖြင့်ပြည့်လျက်နေ၏။ သူ့ကိုပို့ပေးသောအရာများနှင့်စာများ လည်းအခိုးခံရ၏။သူပိုင်စ္စည်းအချို့ ကိုအာ၇ပ်ကုန်သည်တစ်ဦးထံအပ်နှံခဲ့ပြီး လစ်ဗင်းစတုန်းသတင်းဘာမျှမကြား၇သောအခါ ထိုသူကအားလုံး ကိုရောင်းစားလို်က်၏။ ၇င်းနှီးမှုမရှိသောအာဖ ရိကလူမျိုးများအကြားစားစရာနှင့်အ၀တ်မရှိဘဲ သူတောင်း စားတစ်ယောက်ကဲ့သို့လစ်ဗင်းစတုန်းနေထိုင်ခဲ့ရ၏။ သူရေးသောစာအားလုံးလည်းရိုင်းစိုင်းသော ကျွန်ကုန်သည်များ၏ခိုးယူဖျက်ဆီးခြင်းခံခဲ့ရ၏။
          သူ့ဆေးသေတ္တာလေးပင်မကျန်တော့ချေ။ ထို့ကြောင့်သူ့ကိုယ်သူပြန်၍ဆေးမကုနိုင်တော့ချေ။အဆက် သွယ်များအားလုံးပြတ်တောက်ကုန်၏။ သူသေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင်ဘုရားသခင်သည်ဒေးဗစ်လစ် ဗင်းစတုန်းကိုမမေ့ခဲ့ချေ။
          နယူးရော့်ခ်စေတမန်စာစောင်၏အယ်ဒီတာအမေရိကန်သတင်းစာတည်းဖြတ်သူက လစ်ဗင်းစတုန်း သတင်းစုံစမ်းရန်ဟင်နရီစတန်လီအားစေလွှတ်ခဲ့၏။ လပေါင်းများစွာခရီးနှင်ခဲ့ပြီးနောက်စတန်လီသည် လစ်ဗင်း စတုန်းကိုယူဂျီဂျီအရပ်၌တွေ့ခဲ့၏။သူယူခဲ့သောအစားအစာနှင့်ဆေးဝါးများကလစ်ဗင်းစတုန်း ကိုပြန်လည်ကျန်းမာ သန်စွမ်းစေခဲ့၏။ စတန်လီသည် လစ်ဗင်းစတုနး်နှင့်အတူလပေါင်းများစွာနေထိုင်ခ့ဲ၏။ ထိုလများအတွင်းခရစ် တော်နှင့်တူသောလစ်ဗင်းစတုနး်၏ အသက်တာက သူ့အတွက်စိန်ခေါ် ချက်တစ်ရပ်ဖြစ်ခဲ့၏။
          သူပြန်လာသောအခါ ဘုရားမဲ့တစ်ဦးအဖြစ်မှယုံကြည်သူတစ်ဦးဖြစ်လာခဲ့၏။ မိမိတိုင်းပြည်သို့ပြန်၍ ကျော်ကြားမှုနှင့်စည်းစိမ်ခံစားမှုရရှိရန်အတွက် လစ်ဗင်းစတုန်းကိုဖြောင့်ဖြသွေးဆောင်ရန် စတန်လီကြိုးစားခဲ့ သေး၏။ သို့ရာတွင်လစ်ဗင်းစတုန်းကအလုပ်မပြီးသေးသောကြောင့် ပြန်ရန်ငြင်းပယ်ခဲ့၏။
          တစ်နှစ်ခန့်လစ်ဗငး်စတုန်းထပ်၍ခရီးပြုခဲ့၏။ သူသည်ပို၍အားနညး်လာခဲ့၏။ သူ၌သစ္စာ ရှိသောအာဖရိက လူမျိုးမိတ်ဆွေအချို့ရှိပြီးသူတို့ကထမ်းစင်ဖြင့်သယ်ဆောင်ပေး၏။ မိုးကြီးစွာရွာသွန်းခဲ့ပြီး သူ့အဖျားရောဂါလည်း တိုးပွားခဲ့၏။
          သူကိုယ်ရေးရာဇ၀င်မှတ်တမ်းကိုပင်ခဲယဉ်းစွာရေးခဲ့ရ၏။ အာဖရိကလူငယ်များက သူ့ကိုချစ်ခင် လျက် စောင့်ရှောက်ခဲ့ကြ၏။ သူ့အသက်နှင့်ခွန်အားလည်းတဖြည်းဖြည်းဒီရေကဲ့သို့ကျဆင်းခဲ့၏။ တဲအိမ် တစ်ခုအတွင်း ၌ထားပေးပြီးကြည့်ရှုစောင့်ရှောက်ခဲ့ကြ၏။
          (၁၈၇၃)ခုနှစ်၊ မေလ၏တစ်ခုသောနံနက်ခင်း၌သူ၏တဲထဲသို့၀င်ကြည့်လိုက်သောအခါ အိပ်ယာကုတင် နံဘေး၌ဒူးထောက်လျက်ခေါင်းအုံးပေါ် တွင်လက်ထောက်ကာဆုတောင်း သည့်အနေ အထားဖြင့်အသက်ဆုံး လျက်ရှိကြောင်းတွေ့မြင်ခဲ့ရကြရသည်။ ဤဆုတောင်းသည့်အနေ အထာဖြင့် သူ့ကိုတွေ့ရသည်မှာ သံသယဖြစ်စ ရာမလိုပေ။သေသည့်တိုင်အောင်အာဖရိ ကတိုက်ရှိပျောက်ဆုံး ၀ိညာဉ်မျာအတွက်သူဆုတောင်းနေခဲ့ပေလိမ့်မည်။
          သစ္စာရှိသောအာဖရိကလူမျိုးများက သူ့နှလုံးကိုအာဖရိကတိုက်၌မြှုပ်နှံပြီးအလောင်း ကိုမိုင် (၉၀၀)ခန့် ေ၀းသောကမ်းခြေသို့သယ်ဆောင်ခဲ့ကြ၏။ အမွှေးရနံ့များလိမ်းကျံပြီးနောက် အင်္ဂလန်ပြည် သို့သယ်ယူခဲ့ကြ၏။ ခြငေ်္သ့ကုတ်ဖဲ့သောကြောင့်ရခဲ့သည့်အမာရွတ်အားဖြင့် သူ့အား လစ်ဗင်းစတုန်းဖြစ်ကြောင်း ထင်ရှားသိသာစေ ခဲ့၏။အင်္ဂလန်ပြည်ရှိ်ကျော်ကြား သူမျာနှင့်လူဂုဏ် တန်များကိုသင်္ဂြိုသော၀က်မင်စတာဘုရားရှိခိုးကျောင်း၀င်း၌ လစ်ဗင်းစတုန်းကိုသင်္ဂြိုလ်ခဲ့၏။ ထောင်ပေါင်းများစွာသောလူပရိတ်သတ်တို့သည်သူ့ကိုလေးစားသောအားဖြင့် ဘုရားရှိခိုးကျောင်းသို့လာရောက်ခဲ့ကြ၏။
          ပရိ်တ်သတ်ထဲ့မှဆင်းရဲနွမ်းပါးသာအ၀တ်အစား၀တ်ထားသည့်အသက်ကြီးသောအဖိုးအိုတစ်ဦးက ယူကျုံးမရအောင်ငိုကျေွးနေ၏။ အဘယ့်ကြောင့်ငိုနေကြောင်းေ မးသောအခါ၊“ဒေးဗစ်နဲ့ငါတရွာထဲ သားတွေဖြစ် တယ်၊တနင်္ဂနွေဓမ္မပညာကျောင်းမှာအတူတူကြီးပြင်းခဲ့တယ်။ စက်ရုံတစ်ရုံ အတူအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့သူ ကဘုရားသခင်လမ်းကိုရွေးချယ်ခဲ့ပြီး ငါကကိုယ့်လမ်း ကိုယ်ရွေးချယ်ပြီးအသက်ရှင်ခဲ့တယ်၊ အခုတော့လစ်လျ ရှုခံရပြီးလူမသိတဲ့လူဖြစ်တယ်။ ဂုဏ်ပြုခြင်းမခံရတဲ့သူဖြစ်တယ်။ငါ့ရှေ့ဆက်ဘာမှရှာစရာမရှိဘူး၊ အရက်သမား ရဲ့လမ်းဆုံးက သချိုၤင်းပဲရှိ်တော့တယ်။”ဟုပြန်ပြောခဲ့၏။
          ဘုရားသခင်က “င့ါကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်၊ င့ါ ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်”ဖြစ်၏။ (၁ ရာ ၂း၃၀)။
          လစ်ဗင်းစတုန်းသည်ဘုရားသခင်ကိုချီးမြောက်ခဲ့ပြီး ဘုရားသခင်ကလည်းသူ့ကိုချီးမြှောက်ခဲ့၏။ ယနေ့အချိန်တွင်အာဖရိကတိုက်၌ရာပေါင်းများစွာသောသာသနာပြုများအမှုတော်ဆောင်လျက်ရှိကြပြီး အာဖရိကတိုက်၏အလယ်ပိုငး်သို့တိုင်ဧဝံဂေလိတရားရောက်ရှိပြန့်နှံ့နေပြီဖြစ်၏။ ကျွန်ကုန်ကူးခြင်းတို့ကိုလည်း အမြစ်မှဆွဲနှုတ်ပစ်လိုက်ကြ၏။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....