Tuesday, 4 September 2012

ကယ်တင်ခြင်း တရား(၃)ပါး

(၁တိ၊၂း၄) ကျမ်းပိုဒ်အရ ဘုရားသခင်ရဲ့အလိုတော်ကလူအပေါင်း ကယ်တင်ခြင်းရောက်ပြီး သမ္မာရားသိဖို့ဖြစ်တယ်....

လူတိုင်း ကယ်တင်ခြင်းရောက်နိုင်မလား
“(မဿဲ၊၇း၂၁-၂၃)ကိုကြည့်မယ်ဆိုရင် ဆုံးမသြဝါဒပေးသူ၊နတ်ဆိုးနှင်ထုတ်သူ၊တန်ခိုးများစွာပြသူ တွေကိုတောင် ခရစ်တော်က ငါ့ထံမှဖယ်ကြလို့ မိန့်တော်မူခဲ့ပါတယ်။
ဒီလူတွေဟာဘုရားအလုပ်လုပ်တဲ့သူတွေ၊ အမူတော်ဆောင်တွေ၊ကောင်းတာ လုပ်တဲ့သူတွေဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့အဲဒီလို ဖြစ်ရသလဲဆိုရင် ခရစ်တော်အကြောင်းကိုသာသိပြီး ခရစ်တော်န့ဲ သိကျွမ်းမူမရှိ လို့ပါပဲ(They know about Christ, but they do not know Christ per-sonally)”
ခရစ်တော်ကို သိကျွမ်းဖို့၊ ကယ်တင်ခြင်းရောက်ဖို့ရန်အဓိကအချက်(၃)ချက်ရှိပါတယ်။ဒဲ့ဒါကိုတရား(၃)ပါး
လို့ခေါ်ပါတယ်။

ပထမတ၇ား၊ အပြစ်တရား
ပထမတရားကို အပြစ်တရားလို့ခေါ်ပါတယ်။
အပြစ်ဆိုတာဘာလဲ...
(၁ယော၊၃း၄) မှာ ပညတ်တော်ကိုလွန်ကျူးခြင်း လို့ဖော်ပြပါတယ်။
အပြစ်ဟာ ဘယ်သူအားဖြင့် ဤလောကသို့၀င်သလဲ
(ရော၊၅း၁၂) အရ-အာဒံအားဖြင့် ဤလော့ကသို့၀င်ခဲ့ပါတယ်။
အပြစ်တရား ဤလောကထဲ၀င်ပြီးနောက် ဘာဖြစ်ခဲ့သလဲ
အပြစ်တရားအားဖြင့် သေခြင်းတရား၀င်ပြီး၊ လူအပေါင်း ဟာအပြစ်ရှိတဲ့အတွက်သေခြင်သို့ရောက်ရပါတယ်။

အဓိကအားဖြင့် အပြစ်ဘယ်နှစ်မျိုးရှိသလဲနှစ်မျိုးရှိပါတယ်။
(၁) ဗီဇအပြစ် (မွေးရာပါအပြစ်)
(၂) ဒုစရိုက်အပြစ် (ကျူးလွန်တဲ့အပြစ်)
ဒုစရိုက်အပြစ်အကြောင်းကို အများအားဖြင့် သိပြီးဖြစ်ပါတယ်။ ဥပမာ - သူများအသက်သတ်တာ၊သူများသားမယားပြစ်မှားတာ၊ ဒီအကြောင်းကို(ရောမ၊ ၁း၂၉-၃၁)မှာ တွေ့နိုင်ပါတယ်။

လူတော်တော်များများ မသိတ့ဲအပြစ်ကတော့ ဗီဇအပြစ်(မွေးရာပါအပြစ်)ဖြစ်ပါတယ်။အဲဒီ အပြစ်အကြောင်းမသိလို့ကောင်းတာလုပ်ရင်ကောင်းတာရောက်မှာပေါ့ လို့ ခရစ်ယာန်တွေတောင် ပြောနေကြခြင်း ဖြစ်ပါတယ်။
ဗီဇအပြစ်(မွေးရာပါအပြစ်)အကြောင်းကို(ဆာလံ၊၅၁း၅) မှာဖော်ပြထားပါတယ်။
ဆာလံဆရာက မွေးကတည်းက ဘာပါလာတယ်လို့ ပြောသလဲအပြစ်ပါလာတယ်
ဒီအပြစ် ဘယ်ကရလာသလဲ ... အာဒံ
အာဒံက ဘယ်သူ့ကိုပြစ်မှားသလဲ.... ဘုရားသခင်

ဒါကြောင့် အာဒံကတဆင့်ရလာတဲ့ အပြစ်ဟာ ဘုရားသခင်ကိုပြစ်မှားတဲ့အပြစ်ဖြစ်တယ်၊
ဒါကို ဗီဇအပြစ်(သို့)မွေးရာပါအပြစ်လို့ခေါ်တယ်။
ကျွန်တော်တို့ဟာ အပြစ်လုပ်လို့ အပြစ်သားဖြစ်တာလား၊အပြစ်သားဖြစ်လို့ အပြစ်လုပ်တာလား
အပြစ်သားဖြစ်လို့အပြစ်လုပ်ခြင်းဖြစ်တယ်
ခွေးတွေဟာ ဟောင်တတ်တယ်၊ ဟောင်လို့ခွေးဖြစ်တာလား၊ခွေးဖြစ်လို ့ဟောင်တာလားခွေးဖြစ်လို ့ဟောင်တာဖြစ်တယ်
ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်သားဖြစ်လို့ အပြစ်လုပ်တတ်ကြတယ်၊ ခွေးတွေကိုဟောင်နည်း
သင်ပေးစရာမလိုသလို၊ကျွန်တော်တို့ကိုလည်းအပြစ်လုပ်နည်း သင်ပေးစရာမလိုဘဲလုပ်တတ်ကြတယ်
မဟုတ်ဘူးလား၊ဥပမာဒေါသထွက်နည်းစိတ်ဆိုးနည်း၊စိတ်ကောက်နည်း၊မနာလိုနည်း၊အတင်းပြောနည်း
အဖေက ဗမာ၊အမေက ဗမာဆိုရင် မွေးတဲ့ကလေးဟာ ဘာဖြစ်မလဲ..... ဗမာပဲဖြစ်မယ်
အသားမဲလို့ကပ္ပလီလို့ခေါ်လို့မရဘူး၊အသားဖြူလို့လည်းအင်္ဂလိပ်လို့ ခေါ်လို့မရဘူး ဗမာဖြစ်ချင်လို့လည်း
မရဘူးဗမာစကား မပြောတတ်လည်းဗမာပဲ၊ ဗမာယဉ်ကျေးမူ ဓလေ့ထုံးတမ်းမလုပ်ရင်လည်းဗမာပဲ
ဘာကြောင့်လဲဆိုတော့ ဗမာမိဘက မွေးဖွားခဲ့လို့ဘဲ
ထိုနည်းတူ အပြစ်သား အာဒံနဲ့အပြစ်သား ဧ၀ ကနေဆင်းသက်ခဲ့တဲ့ ကျွန်တော်တို့အားလုံးဟာ အပြစ်သား
တွေပဲဖြစ်တယ်။မဖြစ်ချင်ခလည်း မရဘူး ဖြစ်ပြီးသားပဲ....
ခွေးဟာ မဟောင်ရင်လည်းခွေးပဲ၊ဟောင်ရင်လည်းခွေးပဲ ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်မလုပ်တဲ့ အချိန်မှာ လည်းအပြစ်သားပဲ၊ အပြစ်လုပ်လည်း အပြစ်သားပဲ....

မွေးစကလေးဟာ အရွယ်ရောက်တဲ့အခါ အခြားသူတစ်ယောက်နဲ့ စကားများပြီး ရန်ဖြစ်ကြတယ် ဆိုပါစို့။သူကအခြားသူကို တုတ်နဲ့ရိုက်တယ်၊အခြားသူက သူ့ကို ဓားနဲ့လိုက်ခုတ်တယ်၊အဲ့ဒါ ကောင်းသလား..... မကောင်းဘူး...
အဲဒါကို ဒုစရိုက်အပြစ်လို့ခေါ်တယ်၊လူလူချင်း ပြစ်မှားတဲ့အပြစ်ဖြစ်တယ် (ရော၊၃း၂၃)
အပြစ်ရှိတဲ့လူတိုင်း သေခြင်းမှာ လမ်းဆုံးကြရမယ်(ရောမ၊၆း၂၃) မှာအပြစ်တရား၏အခကား သေခြင်းပေတည်း..လို့ပြောထားတယ် သေခြင်းဆိုတာဘာလဲ.......
ခွဲခွာခြင်း၊ကင်းကွာခြင်း ဖြစ်။(Death means sepa-ration) အာဒံ၊ ဧ၀ အပြစ်လုပ်တဲ့အတွက် ထာ၀ရဘုရားနှင့် ခွဲခွာသွားခဲ့ရတယ်
အဲဒါကို ၀ိညာဉ်ရေးရာသေခြင်းလို့ခေါ်တယ်။ ကျမ်းစာထဲမှာ အပြစ်ရဲ့အကျိုးဆက်အနေနဲ့ သေခြင်း(၃)
မျိုးတွေ့ရတယ်....

(၁) ၀ိညာဉ်ရေးရာသေခြင်း(ထာ၀ရဘုရားနှင့် ကင်းကွာခြင်း/ ခွဲခွာခြင်း)
(၂) ခန္ဓာသေခြင်း(ခန္ဓာနဲ့၀ိညာဉ်ကင်းကွာခြင်း/ ခွဲခွာခြင်း)
(၃) ထာ၀ရသေခြင်း(ထာ၀ရဘုရားနဲ့ထာ၀ရကင်းကွာပြီးထာ၀ရငရဲကျခြင်း)တို့ဖြစ်တယ်။
ထာ၀ရသေခြင်းကို ဒုတိယသေခြင်းလို့လည်းခေါ်သေးတယ်
အသက်စာစောင်ထဲမှာ မပါတဲ့ လူတွေအားလုံးဟာ ဒုတိယသေခြင်းဆိုတဲ့ကန့်နဲ့လောင်တဲ့ မီးအိုင်ငရဲထဲ ချပစ်ခြင်း ခံရမှာဖြစ်တယ်။(ဗျာ၊၂၁း၈)

မကောင်းတာလုပ်တဲ့လူတွေသေရင်ဘယ်ရောက်မလဲ...... ငရဲ
ကောင်းကောင်းလဲနေရင်ကော........... ငရဲပဲကျမယ်
ဘာအပြစ်ရှိနေလို့လဲ..........
ဗီဇအပြစ်/မွေးရာပါအပြစ်/ဘု၇ားသခင်ကိုပြစ်မှားတဲ့အပြစ်
မွေးကတည်းကနေဒုစရိုက်အပြစ်တစ်ခုမလုပ်တ့ဲသူရှိသလား .... မရှိပါ
မွေးရာပါဗီဇအပြစ်ကိုလက်မခံရင်လည်းဒုစရိုက်အပြစ်လူတိုင်းမှာရှိနေပါတယ်
ဒါကြောင့်အပြစ်တရားရဲ့အခသေခြင်းကိုတွေ့ကြိုရမှာဖြစ်ပါတယ်
အပြစ်လုပ်လို့ငရဲကျတာလား၊အပြစ်သားဖြစ်လို့ငရဲကျတာလား......... အပြစ်သားဖြစ်လို့
ဒုစရိုက်တစ်ခုမှမလုပ်ရင်လည်းဗီဇအပြစ်ရှိပါတယ်၊ဘုရားသခင်ကိုပြစ်မှားတာဖြစ်တယ် ၊အာဒံဟာဘုရားစကားနားမထောင်လို့ဘုရားသခင်ရဲ့ရန်သူဖြစ်သွားတယ်၊သူကဆင်းတက် လာတ့ဲကျွန်တော်တို့ဟာဘုရားရ့ဲရန်သူအမျိုးဖြစ်လို့အားလုံးရှင်းပစ်ခံရမှာဖြစ်တယ်
စစ်ဖြစ်တ့ဲအခါတစ်ဖက်န့ဲတစ်ဖက်တွေ့ကြတ့ဲအခါ၊ခင်ဗျားအကျင့်သီလကောင်းသလား လို့အရင်မေးပြီးမှသေနတ်န့ဲပစ်မှာမဟုတ်ပါဘူး၊တွေ့တာန့ဲရန်သူဖြစ်လို့ပစ်မှာပဲမဟုတ်ဘူးလား
ထိုနည်းတူကျွန်တော်တို့အားလုံးလည်းဘုရားရဲ့ရန်သူဖြစ်လို့ငရဲထဲချပစ်ခြင်းခံရတော့မှာဖြစ်ပါတယ်။

ငရဲကလွတ်ဖို့ဘယ်လိုလုပ်မလဲ.........
ကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်လို့တစ်ချို့ကထင်မြင်ယူဆကြပါတယ်.......
ဒါပေမ့ဲကျမ်းစာကဘာပြောထားသလဲ။(ဟေရှာ၊၆၄း၆)မှာကျွန်ပ်တို့ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါ။
ပြုဘူးသမျှသောကုသိုလ်ကောင်းမူတို့သည်ညစ်သောအ၀တ်နှင့်တူကြပါ၏လို့ဖော်ပြထားပါတယ်။
ဆိုလိုတာကဘာလဲ၊ကောင်းမူမလုပ်ရဘူးလို့ဆိုလိုသလား........
မဟုတ်ပါဘူး၊ဘယ်လောက်ပဲလုပ်လုပ်ဘုရားသခင်ရှေ့မှာနှစ်သက်လက်ခံဖွယ်မဖြစ်ဖူးလို့ဆိုလို့ပါတယ်
ဘာကြောင့်လဲဆိုတော့မသန့်ရှင်းတဲ့အပြစ်သားလုပ်သမျှအရာအားဟာ (လူ့အမြင်မှာကောင်းပေမယ် ့နှစ်သက်လက်ခံဖွယ်ရာဖြစ်ပေမဲ့)အလွန်သန့်ရှင်းတ့ဲဘုရားရှေ့မှာတော့ ညစ်တဲ့အ၀တ်(အ၀တ်စုတ်)က့ဲသို့ဖြစ်နေပါတယ်။
နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုရင်လူနူဖြစ်ဖြစ်တစ်စုံတစ်ယောက် ကဖြစ်ဖြစ်သူရဲ့မသန့် ရှင်းတဲ့လက်န့ဲလက်ဖက်သုပ်သုတ်ကျွေးမယ်ဆိုရင်စားဖို့လက်ခံဖိုခက်သလိုနှစ်သက်လက် ခံဖွယ်မဖြစ်ဖူးဆိုတဲ့သဘောပါပဲ။
ဒါကြောင့်ငရဲကလွတ်ဖို့ကုသိုလ်ကောင်းမူအားဖြင့်မရနိူင်ဘူးလို့ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်......

ဒါကြောင့်အပြစ်တရားအကြောင်းကိုလေ့လာကြည့်ရင်အကျဉ်းချုုုပ်အားဖြစ်ကောင်းကောင်း မကောင်းကောင်းငရဲကျမယ်လို့ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။
တစ်ချို့ကလည်းဒါနနဲ့မရရင်သီလ(အကျင့်)နဲ့လုပ်မယ်ဆိုပြီးကြိုးစားကျင့်ကြံနေတဲ့သူတွေ လည်းကမ်ဘာပေါ်မှာများစွာရှိပါတယ်။ဒါကြောင့်ပညတ်တရားကျင့်ခြင်းအားဖြင့်ငရဲကနေ လွတ်နိူင်မလားဆိုတာဆက်ပြီးလေ့လာကြည့်
ကြရအောင်။
ဒုတိယတရား ပညတ်တရား
ပညတ်တရားန့ဲပတ်သက်ပြီးကျမ်းပိုဒ်အများထဲကအဓိကကျမားပိုဒ်(၃-၄)ပိုဒ်ကိုလေ့လာကြပါမယ်။

(၁) (ဂလ၊၃း၁၀)ဒီကျမ်းပိုဒ်အရပညတ် တရား၏ အကျင့်ကိုအမှီပြု သူ(အားကိုးသူ)တွေဟာ ကျိန်ခြင်း န့ဲစပ်ဆိုင်ပါတယ်။ အမြဲမကျင့်ျနိုင်ရင်ကိျန်ခြင်း ခံရမှာဖြစ်ပါမယ်။...

မိတ်ဆွေအနေန့ဲပညတိ္တ ကျမ်းမှာပါ သမျှစကား (ပညတ်တော်၆၁၃ပါး) ကိုအမြဲကျင့်နိုင်ပါသလား။
မကျင့်နိုင် ရင််တော့ကျိန်ခြင််းခံ ရပါမယ် ငရဲ ကျတော့မှာဖြစ်ပါတယ်။

(၂) (ယာ၊ ၂း၁၀ )အမြဲကျင့်နိုင်တယ်ပဲလားဦး......... တစ်ခုချိုးဖေါက်ရင်အားလုံးချိုးဖောက်တာန့ဲအတူတူပဲဖြစ်လို့ငရဲကျမှာပဲလို့ကျမ်းစာကပြောထားပါတယ်
ဥပမာစာမေးပွဲတစ်ဘာသာကျရင်ငါးဘာသာကျတဲ့လူန့ဲအတူတူပဲ
လူတစ်ယောက်ကအသက်တစ်ရာမှာသေမယ်ဆိုပါစို့။(၉၉)နှစ်တရားကျင့်ပေမယ့်တစ် ခုလေးချိုးဖောက်မိရင်နေ့တိုင်းချိုးဖောက်တ့ဲလူန့ဲ ငရဲကျမှာအတူတူဖြစ်သွားပါတယ်......

ဥပမာ...သံကြိုးကွင်းတွေအမှီပြုပြီးကူးနေရာကနေတစ်ကွင်းပြုတ်သွားတာနဲ ့(အားလုံးပြုတ်ဖို့မလိုဘဲ)အောက်ကိုကျသွားမှာဖြစ်ပါတယ်။ သံကြိုးကွင်းတွေဟာပညတ်တော်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဒါဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ဟာမွေးကတည်းကအပြစ်ဘယ်နှစ်ခုလုပ်ခ့ဲပြီးပြီလဲ၊

ပညတ်ဘယ်နှစ်ခုချိုးဖောက်ပြီးပြီးလဲ
တစ်ခုလုပ်မိရင်တောင်ငရဲကျမယ်ဆိုရင်များစွာလုပ်ပြီးပြီဆိုတော့ကျမှာသေချာ သွားပြီလားကျမှကျပါ့မလားလို့စိုးရိမ်စရာမလိုတော့ဘူးမဟုတ်လား
ဒါဆိုရင်ကျွန်တော် မေးမယ်ပညတ်တရားမကျင့်တ့ဲသူသေရင်ဘယ်ရောက်မလဲ........

ငရဲ
ကျင့်တဲ့သူကောသေရင်ဘယ်ရောက်မလဲ ငရဲ........... ဘာဖြစ်လို့လဲ
(အမြဲမကျင့်နိုင်ဘူးကျင့်ရင်းကြားထဲကချိုးဖောက်မိအပြစ်တွေရှိနေသေးတယ်)

ဒါဆိုရင်ဘာဖြစ်လို့ပညတ်တရားကိုကျင့်နေကြရတာလဲ
ဒီဘ၀မှာကောင်းကောင်းကျင့်ကြံအားထုတ်ရင် တစ်နေ့နောင်ဘ၀မှာကောင်း တဲ့နေရာရောက် ရပါစေသား
ဆိုတ့ဲမျှော်လင့်ချက်နဲ့လုပ်နေတာပေါ့ဒါပေမဲ့ကျမ်းစာကပညတ်တရားရ့ဲ အကျင့်အားဖြင့်ဘုရားသခင်ရှေ့တော်မှာ ဘယ်သူမှဖြောင့်မတ်ရာ မရောက်ဘူးလို့ပြောထားတယ်။

(၃) (ရော၊၃း၂၀)ဆိုလိုတာက လူလူချင်းသတ်မှတ် တ့ဲစံနှုန်းအရ(၅) နာရီတရားကျင့်သူ(၁၀) နာရီ(၁၅)နာရီကျင့်သူစသဖြင့်သူ့ထက်ငါသာ၍ကောင်း တယ်ဖြောင့်မတ်တယ် လို့ပြောလို့ရကောင်းရပါမယ်
ဒါပေမယ့်တရားစီရင်မဲ့ဘု၇ားသခင်ရဲ့ရှေ့မှာဘယ် သူမှစံချိ်န်မမီဘူးဘုရား သခင်လောက်မဖြောင့်မတ်ဘူး၊

မကောင်းမြတ်ဘူးကောင်းကင်ဘုံ၀င်နိုင်လောက်အောင်ငရဲက လွတ်နိုင်လောက်အောင်ကောင်းတဲ့ အကျင့်ကျင့်သူဖြောင့်မတ် သူမရှိဘူး (ရော၊၃း၁၀-၁၂)...
ဥပမာ စာမေးပွဲမှာတစ်ဘာသာကိုအမှတ(်၄၀)ရမှအောင်တယ်ဆိုပါစို့ ကျွန်တော်က အင်္ဂလိပ်စာ(၃၉)မှတ်ရတယ်
ကိုကျော်မြင့်က(၃၅)မှတ်ကို၀င်းမြင့်က(၃၀) မှတ်ရကြတယ်။အားလုံးထဲမှာ ကျွန်တော်အများဆုံးဘဲလို့ကြွားလို့ရပါတယ်။ ဒါပေမယ့်အောင်စာရင်းထွက် တဲ့အခါဘယ် သူမှမအောင်ကြပါဘူး။
ထိုနည်းတူ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းစံချိန်စံနှုန်းပေ တံန့ဲတိုင်း လိုက်တော့ဘယ်သူမှစံချိန်မမှီဘူးပေါ့...

ကျွန်တော်တို့ဖြောင့်မတ်ရမှာကလူ့ရှေ့မှာမဟုတ်ဘူးတရား သူကြီးရှေ့မှာဖြစ်တယ် အသင်းတော်က လူတွေရှေ့မှာ ဖြောင့်မတ်စွာနေပြမယ့်ကွယ်ရာမှာ ဘိန်းဖြူအရောင်းအ၀ယ်လုပ်လို့ရဲကဖယ်းမိပြီး တရားသူကြီးရှေ့မှာအစစ်ခံရ တ့ဲအခါပြစ်မူထင်ရှား ရင်ထောင်ကျရသလိုပဲလူ သားအားလုံးကိုတရားစီရင်မယ့် အရှင်တရားသူကြီးဖြစ်တ့ဲထာ၀ရ
ဘုရားသခင်ရှေ့မှာအပြစ် တင်ခွင့်ကင်းဖို့လိုအပ်ပါတယ်။ (ဟေရှာ၃၃း၂၂)(ဆာ၃၂း၁-၂)

ဒါကြောင့်ပညတ်တရားအကြောင်းလေ့လာကြည့်ရင် အကျည်းချုပ်အားဖြင့်ကျွန်တော်တို့ ဟာတရားကျင့်ကျင့် ငရဲ့ကျရတော့မယ်လို့ ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။
ဒါဆိုရင်ငရဲ့ကလွတ်အောင်နည်းလမ်းမရှိတော့ဘူးလား။

ရှိပါတယ်အဲဒါကလူကလုပ်တာမဟုတ်ဘဲဘုရားက လုပ်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။ အဲဒါကိုကျေးဇူးတရား
(ကယ်တင်ခြင်းတရား)လို့ခေါ်ပါတယ်။
ဘာသာတရားကတော့လူတွေကိုလုပ်ခိုင်းပါတယ်။ အဲဒါကိုလုပ်ခိုင်းတ့ဲတရား (ပညတ်တရား)လို့ခေါ်ပါတယ်။
လုပ်ပေးတ့ဲတရားကတော့ကျေးဇူးတရားဖြစ်ပါတယ်။ ဘုရားသခင်ကငရဲကလွတ်အောင် လုပ်ပေးလို့ဖြစ်ပါတယ်။
တတိယတရား။ ကျေးဇူးတရား
လူန့ဲဘုရားဟာအပြစ်ကြောင့်ကင်းကွာနေပြီး လူတွေဟာ ထာ၀ရငရဲမှာ လမ်းဆုံးကြ ရပါတော့မယ်၊ အဲဒီကနေလွတ်ဖို့ ကုသုလ်ကောင်းမူပညတ်တရား အကျင့်တရားများနှင့်ကြိုးစား
ပေမယ့်လည်း မရနိုင်မှန်းသိလို့မေတ္တာတော်ရှင်ဘုရားသခင်က လူကိုငရဲမှကယ်တင်တော်မူ ဖို့ကြွလာခဲ့ပါတယ်။ အဲဒီတရားကိုကျေးဇူးတရား(တနည်း)ကယ်တင်တော်မူခြင်း တရားလို့ခေါ်ပါတယ်။
(၁) ၁တိ၁း၁၅... ယေရူခရစ်သည်အပြစ်ရှိသော သူတို့ကိုကယ်တင်ခြင်း ငှာဤလောကသို့ကြွလာတော်မူသည် ဟူသောစကားဖြစ်၏။ အကြွင်းမ့ဲခံယူအပ်သော စကားလည်းဖြစ်၏။
သခင်ယေရူ ဤလောကကိုဘာအတွက်ကြွလာတာလဲ.... (အပြစ်ရှိတ့ဲသူတွေကိုကယ်တင်ဖို့)

ဒီနေရာမှာဘာသာတရားတည်ထောင်ဖို့ကြွ လာတယ်လို့မပြောဘူး။ ကယ်တင်ဖို့ကြွ လာတယ်လို့ပြောထား
ပါတယ်(ဘာသာတရားဆိုတာပညတ်တော်တွေန့ဲဖွဲ့စည်း ထားြ့ပီးလုပ်ခိုင်း တ့ဲတရားဖြစ်တယ်) ခရစ်တော်က
လုပ်ပေးဖို့ကြွလာခြင်းဖြစ်တယ်။

သခင်ယေရူက လူတွေကိုဘယ်လိုကယ်ခ့ဲသလဲ...... လက်ဝါးကပ်တိုင်မှာအသေခံခြင်း အားဖြင့်(ရော၊ ၅း၈) သခင်ယေရူလက်ဝါးကပ်တိုင်မှာအသေခံတဲ့အခါသူ့ အသွေးတော်အားဖြင့် ကျွန်တော်တို ့အဖြစ်ရှိသမျှကို
ဆေးကြောပေခဲ့တယ်(၁ယော၊ ၁း၇)
အ၀တ်ပေရင် ဆပ်ပြာန့ဲရေနဲ့ဆေးရတယ်အပြစ်တွေကိုပေရင် အသွေးတော်
အားဖြင့်သာဆေးကြောလို့ရတယ်လို့ဘုရားသခင် ကပြောပါတယ်။(၀တ်၊ ၁၇း၁၁။ယေဗြဲ၊၉း၂၂)
ကားတိုင်ပေါ်မှာအသေခံတဲ့အချိန်မှာသခင်ယေရူစကားကြီး(ရ) ခွန်းပြောခဲ့တယ်။(၆)ခွန်းမြောက်စကားက
အမူပြီးပြီ ဆိုတ့ဲစကားပဲ ဂရိဘာသာစကားမှာ အပြစ်အကြွေးရှိသမျှအပြည့်အ၀ဆပ်ပြီးပြီ ဆိုတ့ဲအဓိပ္ပယ်
ရှိပါတယ်။

ဒါကြောင့် မိတ်ဆွေနဲ့ကျွန်တော်အပြစ်အားလုံးအတွက် သခင်ယေရူဘုရားကပေး ဆပ်ဖြေရှင်းပေးခဲ့ပြီးပါပြီ။
မိတ်ဆွေမှာအကြွေးသိန်း(၅၀၀)တင်နေမယ်ကြွေးရှင်ကလည်း ဒီအပတ်အတွင်းပြန်မဆပ်နိုင်ရင်တရားစွဲတော့မယ် ဆိုကြပါစို့ မိတ်ဆွေမှာပေါင်နှံစရာပေးစရာလည်းမရှိဘူးဆိုရင်ဘာဖြစ်မလဲမကြာခင်ထောင်ထဲကျဖို့သေချာနေမှာဘဲ။

အဲဒီအချိန်မှာကုဋေ္ဋကြွယ်သူေဋ္ဌးကြီးတစ်ဦးကမိတ်ဆွေအကြောင်းသိသွားပြီး သနားလို့ဆပ်ပေးမယ်ပြန်ဆပ်စရာမလိုဘူးဆိုရင် မိတ်ဆွေလက်ခံမလား ဒါမှမဟုတ်ငြင်းပယ်မလား၊...
..ကိုယ်အတွက်ကျေးဇူးပြုမယ့်သူကိုငြင်းပယ်ရင်တော့အဲ့ဒီလူထက်မိုက်မဲတဲ့ သူကမ်ဘာပေါ်မှာရှိပါ့ဦးမလား
လက်ခံလိုက်ရင်တော့ထောင်ထဲသွားစရာမလိုတော့ဘူး။ကြွေးရှင်န့ဲလမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်လည်း
စိုးရိမ်စရာမလိုတော့ဘူး၊ ရှောင်တိမ်းပုန်းနေစရာမလိုတော့ဘူး...

ထိုနညး်၄င်းပဲသခင်ယေရူကကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေအားလုံးအတွက်အသေခံတော်မူခြင်း
အသွေးသွန်းတော်မူခြင်းအားဖြင့်ဆပ်ပြီးသွားပါပြီ၊သူဟာအသေခံပြီးလမ်းဆုံးသွားတာမဟုတ်ပါဘူး၊
(၃)ရက်မြောက်တဲ့နေ့မှာပြန်ရှင်တဲ့ဘုရားဖြစ်ပါတယ်(၁ကော၊ ၁၅း၃-၄)

ယနေ့တိုင်အသက်ရှင်ပြီးထာ၀ရမပြောင်းလဲတဲ့ ဘုရားဖြစ်ပါတယ်(ဟေဗြဲ၊၁၃း၈)
သူ့ကိုမိတ်ဆွေရဲ့ကယ်တင်ရှင်ဘုရားအဖြစ် ယုံကြည်လက်ခံရင်ငရဲကျမှာကိုစိုးရိမ် စရာမလိုတော့ဘူးမိတ်ဆွေရဲ့အပြစ်အားလုံး လည်းလွတ်ခြင်းအခွင့်ရပါတယ်၊ မိတ်ဆွေအနေန့ဲဘုရားရဲ့သားဖြစ်ခွင့်ကိုရပြီး ထာ၀ရအသက်ကို လည်းပိုင်ဆိုင်ခွင့် ရပါတယ်(ယော၁း၁၂။၆း၄၇) ဒါဟာသူရဲ့ကျေးဇူးပြုခြင်း(ကိုယ်စားအသေခံပေးခြင်း အပြစ်ကြွေး ဆပ်ပေးခြင်း)ကြောင့်ဖြစ်ပါတယ်။ ဒါကိုကျမ်းစာက ကျေးဇူးတရားလို့ခေါ်ပါတယ်။ဒါကြောင့်(ဧ၂း၈-၉) မှာယုံကြည်သော အားဖြင် ့ကျေးဇူးတော်ကြောင့်
ကယ်တင်ခြင်းသို့ရောက်ရ၏ လို့ဖော်ပြထားပါတယ်။ မိတ်ဆွေအတွက် ယေရူဘုရားလုပ်ဆောင်ပေးခဲ့ပြီးဖြစ်တဲ့အသေခံတော်မူခြင်း အပြစ်ကြွေးဆပ်ပေးတော်မူခြင်းကိုငါ့အတွက် ကျွန်တော်မအတွက်ဖြစ်တယ် လို့ယုံကြည်မယ်ဆိုရင်(ယုံကြည်သောအားဖြင့်) ယုံတဲ့အချိန်ကစပြီးဘုရားရ့ဲ (ကျေးဇူးတော်ကြောင့်) ကယ်တင်ခြင်းကိုရောက်ရပြီဖြစ်ပါတယ်။

ရောက်ရမယ်လို့ကျမ်းစာကမပြောပါဘူး ရောက်ရ၏ လို့ပြောတ့ဲအတွက်ကြောင့်ယုံ တ့ဲအချိန်ကစပြီးကယ်တင်ခြင်း ကိုရောက်ရပြီးဖြစ်ပါတယ်။
ငွေတစ်သိန်းရမယ်ဆိုရင်မရသေးပါဘူး.....
ငွေတစ်သိန်းရ၏ဆိုရင်ရပြီဖြစ်ပါတယ်။ ထိုနည်းတူပဲခရစ်တော်ယေရူဘုရား ကိုယုံကြည်တဲ့ချိန်မှာပင်လျှင်
ကယ်တင်ခြင်းရောက်ပြီပြစ်ပါတယ်။ ဘယ်တော့မှငရဲမကျတော့ပါ။

ဒါဟာဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့်ဒီတရားကိုကျေးဇူးတရားလို့ခေါ်ပါတယ်။
ကယ်တင်ခြင်းရတာဟာဘာကြောင့်ရသလဲ
(ကျေးဇူးတော်ကြောင့်)
ဘာအားဖြင့်လဲ
(ယုံကြည်သောအားဖြင့်)
ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ
(ဘာမှလုပ်စရာမလိုဘူးသခင်ယေရူလုပ်ခဲ့ပြီးပြီ အမူပြီးပြီတဲ့)
ကယ်တင်ခြင်းရဖို့ဘာရှိရမလဲ
(ယုံကြည်ခြင်းရှိရမယ်)
ဘာကိုယုံရမလဲ
(ယေရူခရစ်တော်ကို)
(ခရစ်တော်ကို ယုံတဲ့သူဟာသူ့စကားနဲ့သူ့လုပ်ဆောင်ချက်ကိုယုံတယ်)
ဘယ်လိုယုံရမလဲ
(ခရစ်တော်ယေရူဘုရားဟာငါ့ကိုယ်စားအပြစ်ကြွေး အားလုံးဆပ်ပြီးပြီဆိုတ့ဲ ကျေးဇူးပြုခြင်း(တနည်း)
ကျေးဇူးတော်ကိုယုံရမယ်)
ယေရူဘုရားရဲ့စကားန့ဲလုပ်ဆောင်ချက်ကိုယုံခြင်းဟာ သူ့ကိုယုံရာရောက်တယ်...

တစ်ချို့ကယုံယုံလေးနဲ့ကယ်တင်ခြင်းကို ရနိုင်ပါ့မလား မလွယ်လွန်းဘူးလားလို့မေးတတ်ကြတယ်....
ကျွန်တော်ကပြောလိုက်တယ်လွယ်လွန်းအားကြီးလို့ခင်ဗျားမယုံ မှာတောင်စိုးရိမ်မိတယ် ဘာကြောင့်လွယ်နေသလဲဆိုရင်မလွယ်တဲ့အပိုင်း ကိုခရစ်တော်ကလုပ်ထားပေးလို့လေ
ဥပမာ လက်တစ်ဖက်ပဲရှိတဲ့ လူတစ်ယောက်ကရေတွင်းမှာ စက်သီးကြိုးနဲ့ရေငင်ရမယ် ဆိုရင်မလွယ်ဘူး။

ဒါပေမယ့်သူ့မိတ်ဆွေကကျေးဇူးပြုပြီးရေငင်ပေးလိုက်ရင် သူခပ်စရာမလိုဘဲ အလွယ်လေးနဲ့ရေချိုးျနိုင် တဲ့သဘောပေါ့ ဒီမှာရှိတဲ့မိတ်ဆွေကိုကျွန်တော့်အတွက်သောက်ရေတစ် ခွက်လောက်ခပ်ပေးပါ။ ခုန်ကလေးရွေ့ပေးပါဆိုရင်
လွယ်ပါတယ်ပိုက်ဆံအိတ်ထဲကငွေဘဏ် စာအုပ်ထဲကငွေအိမ်မှာ သိမ်းထားတဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံး
ပေးပါဆိုရင်လွယ်ပါ့မလားမလွယ်ဘူးမဟုတ်လား။ လွယ်တယ်ပဲထားအုံးမိတ်ဆွေကျွန်တော်အတွက်အသက်ပေးမလားဆိုရင် လွယ်ပါ့မလား မလွယ်ဘူးမဟုတ်လား....

အခု ယေရူဘုရားကကားတိုင်ပေါ်မှာ ဘာလုပ်ပေးသွားသလဲ .. အသက်ပေးသွားတယ် မဟုတ်လား ...
ဒါဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး မိတ်ဆွေနဲ့ကျွန်တော်ကိုချစ်လွန်းလို့ ငရဲအကျစေချင်လို့လုပ်ပေးသွားတာလေ ဒါကြောင့်သူ့ရဲ့ကျေးဇူးကြောင့်(အသေခံပေးခြင်း ကျေးဇူးတော်ကြောင့်)ယုံကြည်လိုက်ယုံကလေးနဲ ကျွန်တော်တို့ကယ်တင်ခြင်းရတာပဲ ဖြစ်တယ်။

ဒီအကြောင်းကို(လုကာ၊၂၃း၃၉-၄၂) မှာလည်းဖော်ပြထားပါတယ်။
သခင်ယေရူနဲ့တစ်ချိန်တည်းကားတိုင်တင်သတ်ခံရတဲ့လူဆိုး(နှစ်ယောက်)အနက်တစ်ယောက်ကနောက်
ဆုံးသေခါနီးဆဲဆဲမှာကယ်တင်ခြင်းရသွားတယ်။
သူကောင်းလို့ရသွားတာလား ။ယေရူကောင်းလို့လား (ယေရူကောင်းလို့)
သူလုပ်လို့ရသွားတာလား၊ ယေရူလုပ်ပေးလို့လား (ယေရူလုပ်ပေးလို့)
မိတ်ဆွေနဲ့ကျွန်တော်လည်းကောင်းကင်နိုင်ငံရောက်နိုင်ခြင်းဟာမိတ်ဆွေနဲ့ကျွန်တော်ကောင်းလို့လား၊

ယေရူကောင်းလို့လား.......... မိတ်ဆွေန့ဲကျွန်တော် လုပ်လို့လား.....ယေရူလုပ်ပေးလို့လား
(ယေရူလုပ်ပေးလို့)
ဒီလူဆိုးကြီးဟာသေပြီးမှကယ်တင်ခြင်းရကြောင်းကိုသိသွားတာလား မသေခင်သိသွားလား
(မသေခင်သိသွားတယ်)
ဒါဆိုရင် ကယ်တင်ခြင်းရတယ်ဆိုတာ မသေခငိသိနိုင်လားမသိနိုင်ဘူးလား
(မသေခင်သိနိုင်တယ်)
ဘာအားဖြင့်လဲ...... (ယေရူရဲ့ဂတိတော်စကားအားဖြင့်)
ဒါကြောင့် ယေရူဘုရားကို ယုံကြည်လက်ခံမယ်ဆိုရင်ဘုရားသားဖြစ််မယ်(ယော၊၁း၁၂)

- ကယ်တင်ခြင်းရမယ်(ဧ၊၂း၈)
- ထာ၀ရအသက်ရမယ်(ယော၊၆း၄၇)
အခုချက်ချင်းရမှာဖြစ်ပါတယ်။သေရင်လည်းဘယ်တော့မှငရဲမကျတော့ပါဘူး(ယော၊၁၀း၂၇-၂၉)
-မိတ်ဆွေအနေန့ဲသခင်ယေရူဘုရားကို ယုံကြည်လက်ခံချင်တယ်ဆိုရင်အခုခဏမျက်စိမှိတ်၊
ခေါင်းငုံံ့ပြီးစိတ်ထဲက ယုံကြည်လျက် သခင်ယေရူဘုရားကို အာရုံပြုလျက်အောက်ပါ ဆုတောင်းချက်အတိုင်းဆုတောင်းပြီး ယေရူဘုရားကိုယုံကြည်လက်ခံနိုင်ပါတယ်။

ဆုတောင်းရမယ့် အချက်ကတော့
သခင်ယေရူဘုရား၊
ကိုယ်တော်သည် ကျွနု်ပ်အပြစ်ကိုယ်စားအသေခံပြီး(၃)ရက်မြောက်တဲ့နေ့၌ အသက်ရှင်သော ဘုရားဖြစ်ကြောင်းယုံကြည်ပါ၏။ကျွနု်ပ်၏ ကယ်တင်ရှင်ဘုရားအဖြစ် ကိုယ်တော်ကို ယခု ယုံကြည်လက်ခံပါ၏။
ကျွနု်ပ်အပြစ်များကိုလွတ်ပြီး ထာ၀ရအသက်ပေးသောကြောင့်ကျေးဇူးတင်ပါ၏။ ကျွနု်ပ်၏အသက်တာကို အုပ်စိုးတော်မူပါ။အလိုတော်ရှိတဲ့အတိုင်း ပုံသွင်း ပြုပြင်တော်မူပါ။ နာမတော်မြတ်၌ဆုတောင်းပါ၏။(အာမင်)

မိတ်ဆွေဟာ အထက်ပါ ဆုတောင်းချက်အတိုင်း ယုံယုံကြည်ကြည်ဆုတောင်းလျက် သခင်ယေရူဘုရားကို ယုံ ကြည်လက်ခံမယ်ပြီးပြီဆိုရင် ကျမ်းစာအရ....

-(၁) ဘုရားသခင်၏သားဖြစ်ခွင့်ရပြီ (ယော၊၁း၁၂)
-(၂) ထာ၀ရအသက်ရပြီ(ယော၊၆း၄၇)
-(၃) ဘယ်တော့မှငရဲမကျတော့ပါ။(ယော၊၅း၂၄)
-(၄) အပြစ်အားလုံးလွတ်ခွင့်ရပါပြီ။(ကော၊၁း၁၄)
    ဤအကြောင်းအရာများကိုပိုမိူသိလိုလျှင်ကျွန်တော်တို့ထံဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကောင်းစွာ
နားလည်လျက် အကျိုးဖြစ်ခဲ့လျှင် အခြားသူများအားလက်ဆင့်ကမ်းေ၀ငှပေးရန်မေတ္တာရပ်ခံအပ်ပါတယ်။
မိတ်ဆွေအပေါ် ဘုရားသခင် ကြွယ်၀စွာ ကောင်းချီးအင်္ဂလာပေးတော်မူပါစေသော။
ကယ်တင်ခြင်းရပြီးကြောင်းရှင်းလင်းစွာသိရှိပြီးနောက်ခရစ်ယာန် အသက်တာ မည်သို့ဆက်လက်ရှင်ရမည်ကို
သိလိုပါလျှင်ကျွန်တော်တို့နှင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....