Sunday, 2 September 2012

ပြဇာတ်ရေးဆရာဘ၀မှ သာသနာပြုဆရာဖြစ်လာသူ

အဒေါနိယမ် ဂျပ်ဆင် (သို့) ဆရာယုဒသန် (Adoniram Judson) (၁၇၈၈ - ၁၈၅၀)
ကလေးငယ်တစ်စုသည် သင်းအုပ်ဆရာတစ်ဦး၏ အိမ်၌ “သင် တို့သွား၍ ငါ၏ဧဝံဂေလိတရားကိုဟောပြော ကြ လော့၊ သခင် ဘုရားမိန့်တော်မူ၏” ဟူသော သီချင်းကလေးကိုသီဆိုနေကြ၏။ တနင်္ဂနွေဓမ္မ ပညာသင်တန်း (သို့) ကလေးများအ စည်းေ၀း လေလော။ မဟုတ်ပါ။ မကြာမှီ အသက်(၄)နှစ် အရွယ်ကလေး တစ်ဦးသည်ကုလားထိုင် 
တစ်ခုပေါ်၌မတ်တတ်ရပ်ကာလေးနက်စွာဖြင့်လူစုကို တရားဟောနေပြီ၊ဤကလေး သည်အသင်းတော် အကြောင်း
ပြဇာတ်ကနေကြပြီး သင်းအုပ်ဆရာ၏သား ဂျပ်ဆင်ကတရားဟောနေခြင်း
ဖြစ်၏။

ကလေးဘ၀
ဂျပ်ဆင်ကို ၁၇၈၈ခု၊ သြဂုတ်လ (၉)ရက်နေ့တွင်ဖွားမြင်ခဲ့၏။ ငယ်ရွယ်စဉ်ကပင် တမူထုူခြားသောစွမ်း ရည်သတိ္တကိုပိုင်ဆိုင်ခဲ့ပုံရ၏။

ထူးချွန်သောကျောင်းသား
သူသည်အသက်(၃)နှစ်အရွယ်၌ပင် စာဖတ်တတ်ခဲ့၏။ တစ်နေ့တွင် သမ္မာကျမ်းမှအခန်းကြီးတစ်ခု လုံးကို ဖတ်နေစဉ်ဖခင်ကြားသောအခါအံ့အားသင့်ခဲ့ပေသည်။သူသည်သင်္ချာပုစၦာများဖြေရှင်းခြင်းကိုသူအလွန် နှစ်သက်ခဲ့သည်။ အသက်(၁၀)နှစ်အရွယ်၌ထူးချွန်သောသင်္ချာပညာရှင််ဖြစ်ခဲ့ပြီးလက်တင်နှင့်ဂရိဘာသာစကား များကိုလေ့လာနေခဲ့သည်။ထို့အပြင် သီသြလော်ဂျီဆိုင်ရာနက်နဲသောစာအုပ်တချိူ့ကိုလည်းလေ့လာခဲ့သည်။ ဂရိဘာသာစကားကျွမ်းကျင်သောသူ၏အရည်အချင်းကြောင့်ထင်ရှားကျော်ကြားခဲ့၏။
အသက်(၁၆)နှစ်၌ဘရောင်းတက္ကသိုလ် (Brown University) သို့၀င်ရောက်ပညာဆည်းပူးခဲ့ပြီး အသက်(၁၉)နှစ်မှာပထမအဆင့်ဖြင့်ပညာတော်သူကျောင်းသားအဖြစ်ဘွဲ့ရခဲ့၏။ တက္ကသိုလ်၌ရင်းနှီးခင်မင်သော သူ၏မိတ်ဆွေမှာထူးချွန်သောကျောင်းသားဖြစ်သော်လည်းမယုံကြည်သူတစ်ဦးဖြစ်သည်။ထိုသူအားဖြင့်နမိတ် လက္ခဏာများနှင့် သမ္မာကျမ်းစာကိုမယုံကြည်ချေ။ ထိိုသူအားဖြင့် ယုဒသန်သည်လည်းမယုံကြည်သူဖြစ်လာခဲ့ ပြီးဘုရားသခင်ကိုပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်မသိနို်င်ဟုပြောခဲ့သည်။ဤဖြစ်ရပ်ကသူ၏မိဘများကိုလွန်စွာ၀မ်း နည်းကြေကွဲစေခဲ့၏။ဘွဲ့ရပြီးသူ၏ရည်မှန်းချက်မှာ“ကျော်ကြားသော ဥပဒေအကျိုးဆောင်(သို့)ပြဇာတ်ရေးဆရာ” ဖြစ်၏။

ဘုရားသခင်ကိုတွေ့ခြင်း
သို့သော်လည်းယုဒသန်သည်စိတ်ငြိမ်သက်မှုမရ၊ အသက်တာ၌တိကျသေချာသောရည်ရွယ်ချက်လည်း မရှိဖြစ်ခဲ့၏။ ပြဇာတ်အဖွဲ့၌ရှိခဲ့သော်လည်းသူစိတ်ကျေနပ်အားရခြင်းမရှိခဲ့ချေ။ ခရစ်တော်၌မရှိသည့် လူတစ် ယောက်ခံစားရသောစိတ်ဆင်းရဲဒုက္ခကိုသူတွေ့ကြုံရသည်။တစ်နေ့တည်းခိုခန်းတစ်ခု၌သူတည်းခိုနေစဉ်အခြားအခန်း၌သေလုဆဲဆဲလူတစ်ယောက်လဲလျောင်းလျက်ရှိနေ၏။ (တစ်ညလုံး)သေလုဆဲဆဲလူနာ၏ ညည်းညူမြည်တမ်းသံကိုယုဒသန်ကြားနေခဲ့၏။နောက်နေ့မနက်တွင်ညကသေဆုံးခဲ့သောလူနာကိုသွားကြည့်ရာသူ့စိတ်နှလုံးတုန်လှုပ်ခြောက်ခြားခဲ့၏။အကြောင်းမှာထိုလူနာသည်ဘရောင်းတက္ကသိုလ်၌ခင်မင်ရင်းနှီးခဲ့သောမယုံကြည်သူမိတ်ဆွေဖြစ်နေသောကြောင့်တည်း။ သူ၏မိတ်ဆွေသည်သေခြင်းတရားအတွက်ပြင်ဆင်မှု လုံး၀မရှိ ခဲ့ပါ။ ထိုဖြစ်ရပ်ကိုသူသဘောပေါက်ပြီး စိတ်ဓါတ်ကျခဲ့၏။ (၆)ပတ်မျှကြာပြီးနောက် စိတ်ငြိမ်သက်မှုမရှိခဲ့သော ယုဒသန်သည်ခရစ်တော်ကိုလက်ခံခြင်းအားဖြင့်ငြိမ်သက်ခြင်းရရှိခဲ့သည်။

ဘုရားသခင်ခေါ်တော်မူသံ
အသက်တာပြောင်းလဲပြီးနောက် သူ၏ရည်မှန်းချက်မှာ “ဘုရားသခင်နှစ်သက်စေရန်” ဖြစ်၏။ သူ့ အခန်းနေရာတိုင်း၌ “ဤအရာသည် ဘုရားသခင်ကိုနှစ်သက်စေပါသလာ”ဟူသောဆောင်ပုဒ်များကိုတွေ့ရ၏။ အခြားသောရည်မှန်းချက်များပျောက်ကွယ်ခဲ့ပြီး အနာဂတ်အသက်တာ၌ဘုရားသခင်နှစ်သက်သောအရာများကို သာလုပ်ရန်ဆန္ဒရှိခဲ့၏။ စာအုပ်တစ်အုပ်အားဖြင့်သူ့စိတ်ဆန္ဒများသည် သာသနာပြုလုပ်ငန်းဘက်သို့ ဦးတည်
ပြောင်းလဲခဲ့၏။ ကလေးဘ၀ကသူဆိုခဲ့သော “သင်တို့သွား၍ လူမျိုးတကာကို ဧဝံဂေလိဟောပြောလော့”ဟူ သည့်ခရစ်တော်၏မိန့်တော်မူချက်ကသူ့အသက်တာကိုလွှမ်းမိုးပြီးအခြားနိုင်ငံများသို့သွားရောက်သာသနာပြုရန် စတင်လာခဲ့၏။ သို့သော်သူမည်သို့သွားနိုင်မည်နည်း။ထိုအချိန်ကသူ့ကိုစေလွှတ်ရန်အမေရိကန်သာသနာပြုအ သင်းမရှိချေ။ ယုဒသန်ဆုတောင်းခဲ့၏။ ထိုအချိန်၌သူေ၀ငှခဲ့သူ(၄)ဦးခဲ့ပြီးသူတို့(၅)ဦးအတူတကွစတင်ဆုတောင်း ကြ၏။
ဘုရားသခင်သည်သူတို့၏ဆုတောင်းချက်များကိုအဖြေပေးတော်မူခဲ့၏။ (၁၈၁၀)ပြည့်နှစ်၌ အမေရိကန် သာသနာပြုအသင်း(American Board of Mission) ဖွဲ့စည်းခဲ့ပြီးလန်ဒန်မြို့ရှိ လန်ဒန်သာသနာပြုအဖွဲ့ချုပ်က အမေရိကန်သာသနာပြုအဖွဲ့ချုပ်အနေဖြင့် အမေရိကန်သာသနာပြုများကိုစေလွှတ်ရန်နှင့် ထောက်ပ့့ံရန်အခြေ အနေရှိမရှိသွားကြည့်ရန်ယုဒသန်ကိုစေလွှတ်ခဲ့၏။ ထိုအချိ်န်ကပြင်သစ်နှင့် ဗြိတိန်တို့စစ်ဖြစ်နေဆဲအချိန်ဖြစ်၏။ ယုဒသန်၏သငေ်္ဘာအဖမ်းခံရပြီး သူသည်အကျဉ်းသားတစ်ဦးအနေဖြင့်ညစ်ပေနေသော အကျဉ်းထောင်တစ်ခု ၌ချုပ်နှောက်ခံရ၏။ တစ်နေ့တွင်အမည်မသိအမေရိကန်တစ်ဦးထောင်တွင်း၀င်လာခဲ့ကာ ယုဒသန်ကိုအေပါ်ရုံ စစ်အင်္ကျီဖြင့်ဖုံးအုပ်ပြီးအပြင်သို့ခေါ်ထုတ်သွားခဲ့၏။ အင်္ဂလန်ပြည်သို့ရောက်သောအခါသူ၏အကြံပေးချက်များကို လန်ဒန်သာသနာပြုအဖွဲ့ကလက်ခံခြင်းမရှိကြောင်းသူသိရ၏။ သို့သော် အမေရိကန်သာသနာပြုအသင်းက သူ့အားထောက်ပံ့ရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသဖြင့်၀မ်းမြောက်ခဲ့သည်။

အခြားတိုင်းပြည်၌
၁၈၁၂ ခုနှစ်၌ယုဒသန်သည် အင်(န်) ဟတ်ဆယ်တိုင်း(Ann Hasseltine) နှင့်လက်ထပ်ခဲ့ပြီးချက်ခြင်း ဆိုသလိုပင် အိနိ္ဒပြည်သို့သာသနာပြုရန်ခရီးထွက်ခဲ့၏။ သို့သော်လည်းသူ့အတွက်ဘုရားသခင်၏အစီအစဉ်မှာ အခြားျနိုင်ငံဖြစ်ကြောင်းပြညွှန်ခဲ့ပေသည်။ ထိုအချိန်ကအိနိ္ဒယပြည်တွင်အရှေ့အိနိ္ဒယကုမ္ပဏီကြီးစိုးလွှမ်းမိုးလျက် ရှိပြီး သာသနာလုပ်ငန်းများလုပ်ရန် အခြေအနေမပေးခဲ့ချေ။ ပင်လယ်ခရီး (၄)လအကြာယုဒသန်တို့ အိနိ္ဒယသို့ ရောက်လျှင်ရောက်ချင်း အမေရိကန်ပြည်သို့ပြန်ရန်အမိန့်ထုတ်ခံခဲ့ရ၏။ ထိုအရာကသူတို့ကိုစိတ်ပျက်စေခဲ့မည် မှာအမှန်ဖြစ်၏။ ဘုရားသခင်ကသူတို့ကိုသာသနာပြုများအနေဖြင့်ခေါ်ထုတ်ခဲ့ခြင်းမဟုတ်လေလော။ ထို့ကြောင့် ထိုအရပ်၌နေရန်သူတို့ဆုံးဖြတ်ချက်ချခဲ့၏။သို့သော်လည်းသူတို့ကိုအခြားသို့ရေကြောင်းဖြင့်ခရီးပြုရန်အတင်းစေခိုင်းသောကြောင့်နောက်ဆုံးမြန်မာပြည်ရန်ကုန်မြို့သို့ဆိုက်ရောက်ခဲ့ကြ။သူတို့အတွက်ဘုရားသခင်၏(အကြံအ
စည်) ရွေးချယ်ချက်မှာ မြန်မာ ပြည်ဖြစ်ခဲ့၏။

ထိုအချိန်က မြန်မာပြည်
ထိုအချိန်ကမြန်မာပြည်၌ရှင်ဘုရင်များအုပ်ချုပ်နေသောအချိန်ဖြစ်၏။ မြန်မာပြည်၌ခရစ်ယာန်တစ် ယောက်တစ်လေမျှပင်မရှိချေ။ ခရစ်တော်အကြောင်းမသိသေးသောမြန်မာလူမျိုးများကိုကြည့်ကာ ယုဒသန် တို့ ဇနီးမောင်နှံ၀မ်းနည်းကြေကွဲခဲ့ကြ၏။ ခရစ်တော်အကြောင်းပြောနိုင်စိမ့်သောငှာ မြန်မာဘာသာစကားကိုသူတို့ ကြိုးစားလေ့လာခဲ့ကြ၏။တစ်နှစ်ခွဲကြာသော် ဇနီးအင်(န်)ယုဒသန်ကဆေးကုသရန် အိနိ္ဒယပြည်မဒရပ်မြို့သို့သွား ခဲ့ရပြီး ဆရာယုဒသန်တစ်ဦးတည်းမြန်မာဘာသာစကားကိုဆက်လက်လေ့လာခဲ့၏။ မကြာမီသူတို့၌ ကလေး ငယ်တစ်ဦးမွေးဖွားခဲ့ပြီး (၈)လကြာသော်၀မ်းနည်းခြင်းများစွာဖြင့် ထိုကလေးကိုလက်လွတ်ဆုံးရှုံးခဲ့ရ၏။

ပင်ပန်းစွာလုပ်ဆောင်ခြင်း
ဘုရားသခင်၏နှုတ်ကပတ်တော်ကို မြန်မာဘာသာဖြင့်ရရှိခဲ့လျှင်မြန်မာလူမိျုးတို့ကယ်တင်ခြင်းခံစားနိုင် မည်ဟုဆရာယုဒသန်ယုံကြည်ခဲ့၏။ ထို့ကြောင့်တစ်နေ့လျှင်(၁၄)နာရီခန့်မျှဘာသားစကားလေ့လာခြင်း၊ ဘာသာ ပြန်ဆိုခြင်းများပြုလုပ်ခဲ့၏။လက်ဖြင့်ပုံနှိပ်နိုင်သောစက် ကလေးဖြင့်ေ၀စာများနှင့်ကျမ်း စာစောင်လေးများပုံနှိပ်ခဲ့၏။ သာသနာပြုဆရာအသစ် မစ္စတာဟာက်(Mr.Hough) နှင့်ဇနီးတို့လည်းထပ်မံရောက်ရှိခဲ့ကြ၏။မစ္စတာဟောက် သည် ပုံနှိပ်စက်ဆရာလည်းဖြစ်ေ၏။ များမကြာမီ ရှင်မဿဲခရစ်၀င်ကျမ်းကိုပုံနှိပ်ခဲ့ကြ၏။ (၂)နှစ်မျှပင်ပန်းစွာလုပ် ဆောင်ပြီးနောက်ဆရာယုဒသန်ထံလူတစ်ဦးလာရောက်ပြီး ခရစ်ယာန်စာပေများတောင်းခဲ့၏။ထိုအချိန်၌ရှင်မ
ဿဲခရစ်၀င်ကျမ်းစာမျက်နှာ(၅)မျက်နှာသာအဆင်သင့်ရှိခဲ့ပြီး ထိုသူအားလက်ကမ်းပေးေ၀ခဲ့၏။ ထို့နောက်ဆရာ ယုဒသန်သည်လူစုေ၀းရန်နေရာပြုလုပ်ခဲ့ပြီး မြန်မာလိုတရားဟောခဲ့၏။ လူများအတွက်ညအချိန်နာရီပေါင်းများ စွာဆုတောင်းပဌနာပြုခဲ့၏။ လူများစွာစိတ်၀င်စားမှုရှိခဲ့ကြ၏။ဆရာယုဒသန်မြန်မာပြည်သို့ရောက်ပြီး (၆)နှစ်အ ကြာ၌ပထမဦးဆုံးယုံကြည်သူ မောင်နောကဗတိ္တဇံမင်္ဂလာခံ ယူရန်တောင်းဆိုခဲ့၏။ နိပ်စက်ညှင်း ပန်းခြင်းနှင့် အ သက်ဘေးအန္တရာယ်တွေ့ကြုံနိုင်သော်လည်း မောင်နောသည်ခရစ်တော်နောက်လိုက် ရန်ရဲရင့်စွာစိတ်ဆုံးဖြတ်ခဲ့ ၏။တဖြည်းဖြည်းနှင့်အခြားသူများလည်းခရစ်တော်ကိုယုံကြည်လက်ခံခဲ့ကြပြီး ရန်ကုန်မြို့၌သစ္စာရှိသော ယုံ ကြည်သူ(၁၈)ဦးဖြစ်လာခဲ့၏။ထိုအချိန်၌အင်(န်)ယုဒသန်မှာ ပြင်းထန်စွာနာဖျားခဲ့သဖြင့် အမေရိကန်သို့ပြန်လွှတ် ခဲ့ရ၏။ ဆရာယုဒသန်အနေဖြင့်ကျမ်းစာသွန်သင်ခြင်းနှင့်ဘာသာပြန်ဆိုခြင်းဆက်လက်ပြုလုပ်ခဲ့ရာဓမ္မသစ်ကျမ်း အားလုံးပြီးစီးခဲ့၏။ ထိုအချိန်၌ရှင်ဘုရင်အသစ်နန်းတက်လာသောကြောင့်ဆရာယုဒသန်သည် အလုပ်ဆက်လုပ် ရန်ခွင့်ပြုချက်ရရှိဖို့ ရှင်ဘုရင်ရှိရာသို့ခရီးပြုခဲ့၏။

ထောင်ထဲ၌
ဆရာယုဒသန်နှင့်ဇနီးတို့သည် ရှင်ဘုရင်ရှိရာအင်း၀မြို့သို့ပြောင်းရွေ့ခဲ့ကြ၏။ထိုအချိန်၌ ဗြိတိသျှနှင့်မြန် မာပြည်စစ်ဖြစ်ပွားနေခိျန်ဖြစ်သောကြောင့် နိုင်ငံခြားသားများအားလုံးကို သူလျှိုအဖြစ်ထင်မှတ် ကာဆရာယုဒသန် သည်းလည်းထောင်ချခံခဲ့ရပြီးထောင်တွင်း၌ လပေါင်း(၂၀)နေခဲ့ရ၏။ ထိုထောင်သည်ညှင်းပန်းနှိပ်စက်မှုနှင့်ညစ် ပတ်ပေရေမှု၌ ကျော်ကြားခဲ့၏။ ဆရာယုဒသန်ကို ထိပ်တုံးခတ်ထားပြီးခြေထောက်များကိုလေထဲသို့မြှောက်ထား သောကြောင့်သူ၏ ဦးခေါင်းနှင့်ပခုံးသာ လျှင်မြေကြီးနှင့်ထိနေပေသည်။ သံကြိုးများသည် အသား ကိုထိရှခြင်း ကြောင့်ကိုက်ခဲခြင်းေ၀ဒနာခံစားခဲ့ရသည်။ သူ့အားအစာနှင့်ရေမပေးခဲ့ချေ။လေရှူရှိူက်ရန်နှင့်လေ့ကျင့်ခန်းလုပ် ရန် မနက်ပိုင်း၌မိနစ်မနည်းငယ်မျှ အချုပ်ခန်းမှထွက်ခွင့်ရပြီး ပြန်၀င်ရ၏။ဇနီးသည်အင်(န်)ယုဒသန်သည်နေ့စဉ် အစာအချို့နှင့်ရေယူခဲ့ပြီးသူ့အားလွှတ်ပေးရန် အာဏာပိုင်များကိုတောင်းပန်ခဲ့ပေသည်။
နောက်ဆုံး၌ဆရာယုဒသန်ကိုထောင်၀င်းအတွင်းအဖီကလေး၌ ချုပ်နှောင်ခဲ့ပြီးညဥ့်အခါ၌ အင်(န်)ကနေ့ စဉ်လာရောက်တွေ့ဆုံခဲ့၏။ မြန်မာဘာသာပြန်ထားသော ဓမ္မသစ်ကျမ်းစာရွက်များဖျက်ဆီးခံရမည်ကိုစိုးရိမ်သော ကြောင့် အင်(န်)ကခေါင်းအုံးအောက်အတွင်းထည့်ကာစက်ဖြင့် ချုပ်ပြီးထောင်ထဲ၌ ဆရာယုဒသန်ထံယူဆောင်ခဲ့ သည်။ ဆရာယုဒသန်က နေ့ရောညဥ့်ပါ ဂရုတစိုက် ထိန်းသိမ်းခဲ့သည်။
ထိုအချိန်၌ အင်(န်)သည်သမီးလေးမွေးဖွားခဲ့ပြီး ဆရာယုဒသန်ကြည့်ရန်ထောင် တွင်းသို့ယူဆောင်ပြသခဲ့ ပေသည်။ ထို့နောက်ဆရာယုဒသန်သည်ပျဉ်ပြားနံရံအက်ကြောင်းမှ တဆင့်သာလေ၀င်နိုင်သောအတွင်းအချုပ် ခန်းထဲသို့ထပ်မံချုပ်နှောင်ခြင်းခံရပြန်သည်။ အတန်ကြာပြီးနောက် ဆရာယုဒသန်နှင့် အခြားအကျဉ်းသားများကို (မိုင်အတော်အတန်ေ၀းသော) ရွာတစ်ရွာသို့ရုတ်တရက်ပြောင်းရွေ့ချုပ်နှောင်ခဲ့သည်။ ဖျားနာခြင်းကြောင့်အင် အားဆုတ်ယုတ်ပြီးခြေထောက်မှသွေးများယိုစီးလျက်နှင့်ပင် ထိုရွာအရောက်လျှောက်လှမ်းခဲ့ရသည်။ အင်(န်) ယုဒသန်သည် ကလေးငယ်ကိုပိုက်ကာပြောင်းရွေ့ရာနောက်လိုက်ခဲ့ပြီး ချုပ်နှောင်ထားသောနေရာအနီးရှိ စပါး ကျီအတွင်း၌နေခွင့်ရခဲ့သည်။

အခြားစုံစမ်းနှောက်ယှက်ခြင်းများ
လပေါင်း(၂၀)ဒုက္ခဆင်းရဲခံရပြီးနောက် အချုပ်ထောင်မှလွှတ်ကာအစိုးရအတွက်ဘာသာပြန်အနေဖြင့် ကူညီပေးရသည်။ သို့သော်လည်းအိမ်၌၀မ်းနည်းဖွယ်မြင်ကွင်းက သူပြန်လာခြင်းကိုစောင့်မျှော်နေသည်။ အခန်း တစ်ခုအတွင်း၌အစာငတ်ပြတ်နေသောသူ၏သမီးလေး ကိုမြန်မာအမျိုးသမီးတစ်ဦး ကကြည့်ရှုစောင့်ရှောက်နေပြီး အခြားအခန်း၌ ပြင်းထန်စွာဖျားနာနေသော အင်(န်)ယုဒသန် ကလဲလျောင်းနေသည်။
သူမကျန်းမာလာပြီးနောက်… (Amherst)အရပ်သို့ရွှေ့ပြောင်းခဲ့ပြီး သူမကိုထိုအရပ်၌ထားခဲ့ကာ၊ ဗြိတိသျှကွန်မရှင်နာကိုကူညီရန်ကိစ္စအချို့ရှိသောကြာင့် အင်း၀သို့ထွက်ခွာခဲ့သည်။ ထို့နောက်အဖျားရောဂါဖြင့် အင်(န်) ယုဒသန်ဆုံးပါးသွားသောသတင်းဆိုးကိုသူကြားရ၏။
သူအချိန်မီရောက် ခဲ့ခြင်းကြောင့် ငိုကြွေး၀မ်းနည်း တုန်လှုပ်ခဲ့သည်။ လအနည်းငယ်ကြာသော အခါသမီး လေးဆုံးပါး သွားပြန်သည်။ ကျန်းမရေးကျဆင်းခြင်းနှင့်၀မ်းနည်းကြေကွဲစရာများကြောင့်လူများနှင့်မတူမနေတော့ ပဲတောထဲရှိတဲငယ်ကလေးတွင်အတန်ငယ်သွားရောက်နေခဲ့သည်။ သို့သော်ဘုရားသခင်အားဘာကြောင့်ဒီလို ဒုက္ခတွေတွေ့ခွင့်ရတာလဲဟု သူမေးခွန်းမထုတ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော်ဖြစ်သမျှအရာများအားဖြင့် ဘုရား သခင်သည် သူ့အားအထံတော်ပါး သို့ခေါ်ဆောင်နေကြောင်းသူ သိသောကြောင့်ပေတည်း။ ထို့နောက်မော်လမြိုင် သို့ပြောင်းရွှေ့ပြီးတရားဟောခြင်း၊ ဘာသာပြန်ခြင်းကို ပြန်လည်စတင်ခဲ့သည်။ မကြာမီ အသင်းတော် တစ်ပါးတည် ထောင်နိုင်ခဲ့သည်။ (၁၈၃၄)ခုနှစ်၌သမ္မာကျမ်း စာတစ်အုပ်လုံးကို မြန်မာဘာသာပြန်ဆိုပြီး (၁၈၄၀)ပြည့်နှစ်တွင် တည်းဖြတ်နို်င်ခဲ့သည်။ ယုံကြည်လာသူတစ်ရာကျော် ကိုဗတိ္တဇံမင်္ဂလာပေးခဲ့၏။ အလုပ်ပင်ပန်းမှုက ကျန်းမာရေး ကိုဆုတ်ယုတ်စေခဲ့ပြီး အဆုတ်ရောဂါက သူ့အားခြိမ်းခြောက်ခဲ့သည်။

ပြေးပွဲအဆုံး
၃၃ နှစ်နီးပါးမျှကြာပြီးနောက်မိခင်တိုင်းပြည်ဖြစ်သောအမေရိကသို့ခဏပြန်ခဲ့၏။ ထိုအရပ် ၌ကြာကြာမ နေဘဲမြန်မာပြည်သို့ပြန်လာခဲ့ရာသူ၏ တိုင်းပြည်ကိုဘယ်သော အခါမျှထပ်မံ မတွေ့ဖြစ်တော့ချေ။ သူသည်မြန်မာ- အင်္ဂလိပ်အဘိဓါန်ကိုလားပြုစုပြီးစီးခဲ့သည်။ ကျန်းမာရေးပိုမိုဆုတ်ယုတ်လာသဖြင့် ကျန်းမာရေးကောင်းမွန်လာရန် ပင်လယ်ခရီးပြုခဲ့သည်။ သို့သော်ထိုပင် လယ်ခရီးပြုစဉ် (၁၈၅၀)ပြည့်နှစ်တွင် ပင်လယ်ထဲ၌အသက်ဆုံးပါးခဲ့ပြီး သူ့ အားပင်လယ် ထဲသို့သဂြိုလ်လိုက်ရပေသည်။
သူသည် စိတ်အား ထက်သန်နေသော ငယ်ရွယ်သူတစ်ဦးအနေဖြင့် “မြန်မာပြည်၌ခရစ်တော်၏ လက်ဝါး ကပ်တိုင်ကိုထာ၀ရမစိုက်မရမခြင်း မြန်မာပြည်မှ ကျွနု်ပ်ထွက်ခွာသွားမည်မဟုတ်”ဟုကြွေးကြော်လျက်သစ္စာ အဓိဋ္ဌာန်ပြုခဲ့သည်။ အနှစ်(၃၀) ကြာပြီးနောက်မြန်မာပြည်၌အသင်းတော်(၆၃)ပါး၊ ယုံကြည်သူ(၇၀၀၀)ကျော် နှင့်သာသနာပြုဆရာ(၁၆၃)ဦးရှိခဲ့ပေသည်။ ဆရာယုဒသန်သည် ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်လက်မ ခံသူတိုင်ထာ၀ရပျက်ဆီးဆုံးရှူံးမည်ကိုသိသောကြောင့်သူ၏စည်းစိမ်ဥစ္စာ၊ ရည်မှန်းချက်နှင့် ချစ်သူများကိုစွှန့် လွှတ်ကာမြန်မာလူမျိုးမျာကို ခရစ်တော်အကြောင်းပြောရန် ဒုက္ခဆင်းရဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကို ၀မ်းမြောက်စွာခံယူခဲ့သည်။
ချစ်သောမိတ်ဆွေ - ခရဟတော်ကိုမသိသေးသောသင်၏ဆွေမျိုး၊ ရင်းနှီးသောမိတ်ဆွေများနှင့် အခြားတိုင်းပြည်ရှိလူသားများပျက်စီးခြင်ရောက်မည်။ ထိုသူများအတွက်စိုးရိမ်ပူပန်စိတ်သင်၌ရှိပါသလား။ ဘုရားသခင်စေလွှတ်သောနေရာသို့ သွားလျက် ခရစ်တော်အကြောင်းပြောရန်အဆင်သင့်ရှိပြီလား။ ၀မ်းမြောက် စွာသွားပါမည်လား။

ဆင်ခြင်အောက်မေ့ရန်
À ခရစ်တော်အတွက် သင်ဘာလုပ်ခဲ့ပြီလဲ။
À ခရစ်တော်အတွက် သင်ဘယ်လောက်ဒုက္ခဆင်းရဲခံခဲ့ရပြီလဲ။
À ခရစ်တော်အတွက် သင်ဘာစွန့်လွှတ်ခဲ့ပြီလဲ။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....