Sunday, 18 March 2012

လူသားစား လူရိုင်းများထံ သွားသောဘုရားသခင် ၏စေတမန်

ဂျွန်ပက်တန် John Paton (၁၈၂၄ - ၁၉၀၇) 
“သင်တို့ကျွန်ုပ်ကိုပစ်ခတ်နို်င်တယ် (သို့မဟုတ်)
 သတ်ပစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ဟာသင်တို့
ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ ကျွန်တော်
ဟာသေဖို့မကြောက်ပါဘူး။သင်တို့ကျွန်တော့်ကို
သတ်ရင် ကျွန်တော်ချစ်ပြီး အစေခံလျက်ရှိတဲ့ 
ကျွန်တော့်ဘုရား သခင်ထံကျွန်တော့်ကိုအမြန်
ဆုံးစေလွှတ်ခြင်းသာလျှင် ဖြစ်လိမ့်မယ်” ဟူ၍ 
ရွာတစ်ရွာ တွင်သူ့အား၀ိုင်း ရံထားသောကြမ်း တမ်းရက်စက်သည့်
လူရိုင်းများကိုပြောလိုက် သည်။
          ထိုသူတို့သည် လူသားစားလူရိုင်းများဖြစ်ကြပြီး၊ တင်းပုတ်များနှင့်အခြားလက်နက်များကိုလက်တွင် ကိုင်ဆောင်ထားကြ၏။ မည်သည့်ရက်စက်ကြမ်းကြုတ်မှုကိုမဆိုပြုရန်အဆင်သင့်ရှိနေပုံပေါ်သည်။ သူတို့နှင့် လုံး၀ခြားနားလျက်သူတို့အလယ်တွင်ငြိမ်သက်စွာသတိ္တရှိစွာရပ်လျက်နေသော ဂျွန်ပက်တန်ပေါ်တွင်မူချစ်ခြင်း မေတ္တာနှင့် သနားခြင်းကရုဏာပေါ်လွင်နေသည်။ လူအများအား ခရစ်တော်၏မေတ္တာအကြောင်းပြောရန်သာသ နာပြုအနေဖြင့်ရောက်ခဲ့သော်လည်းသူ့ကိုသတ်ပစ်ရန်အသင့်ရှိနေခဲ့ကြသည်။

          ဂျွန်ပက်တန်သည် (၁၈၂၄) ခုနှစ်တွင်စကော့တလန်ပြည်၌ဖွားမြင်ခဲ့ပြီး သူ၏မိဘများမှာ ဘုရားတရာ ကြည်ညိုကိုင်းရှိုင်းသူများဖြစ်ကြသည်။ သူ၏ဖခင်မှာကုန်သည်တစ်ဦးလည်းဖြစ်၏။ သူတို့်အိမ်တွင် “သန့်ရှင်း သောအရပ်”ဟုခေါ်သောအခန်းလေး တစ်ခုရှိပြီးဂျွန်ပက်တန်၏ ဖခင်သည်တစ်နေ့လျှင်(၃)ကြိမ်ထိုအခန်းအတွင်း ၀င်ရောက်ပြီး မိသာစုအတွက်၊ စကော့တလန်ပြည်အတွက်၊ တကမ်ဘာလုံးအတွက်ဆုတောင်းလေ့ရှိ၏။ ဤဘုရား တရားကြည်ညိုသောအသက်တာသည် ဂျွန်အားနှိုးဆော်မှုဖြစ်ခဲ့ပြီး ဂျွန်၏အသက်တာ၌လည်းသူ့ဖခင်ကဲ့သို့ ဘုရားသခင်နှင့်အတူ လိုက်လျှောက်ရန်သစ္စာကတိပြုခဲ့ပေသည်။

          သူ့မိခင်သည် ယုံကြည်ခြင်း ကြီးမားသောသူ၊ ဘုရားတရားကြည်ညို ကိုင်းရှိုင်းသောသူတစ်ဦးဖြစ်၏။ တစ်ချိန်တွင် ဂျွန်၏ဖခင်သည်အလုပ်ကိစ္စဖြင့်အခြားအရပ်ရောက်နေပြီး အိမ်၌စားစရာမရှိတော့ကြောင်း သူ့မိခင် တွေ့ရှိခဲ့၏။ ဆာငတ်နေသောကလေးများကိုသူမအနီးသို့စုေ၀းစေပြီး သူတို့လိုအပ်ချက်များအားလုံး ကိုဘုရား သခင်အားပြောခဲ့၏။ 

ထိုနောက်နံနက်လင်းချိန်၌စားစရာများကြွယ်၀ စွာရှိလိမ့်မည်ဖြစ်ကြောင်း ကလေးများကို ပြောလျက်သူတို့အား အိပ်ယာ၀င်စေခဲ့၏။ နောက်တစ်နေ့ရောက်သောအခါ အမှန်တကယပင််စားစရာများကြွယ် ၀လုံလောက်စွာရရှိခဲ့၏။ ဖခင်ဖြစ်သူသည်သူတို့လိုအပ်ချက်များကိုမသိသော်လည်းဘုရားသခင်၏ တို့ထိပဲ့ပြင်မှု ခံရပြီး ပို့ပေးလိုက်သောကြောင့်ဖြစ်၏။ အံ့အားသင့်နေသောကလေးများကိုမိခင်ဖြစ်သူက “ကလေးတို့ - အဖ ဘုရားသခင်ကိုချစ်ကြနော်။ ယုံကြည်ခြင်းနဲ့မင်းတို့လိုတာတောင်းပါ။ ဘုရားသခင်ကသူ့ဘုန်းထင်ရှားစေဖို့နဲ့
မင်းတို့ကောင်းကျိုးအတွကပေးပါလိ်မ့်မယ်”ဟုပြောခဲ့ပေသည်။ ဤအချက်ကဂျွန်ဘယ်တော့မှမမေ့ချေ။

          အသက်(၁၂)နှစ်အရွယ်၌ဂျွန်သည်ဖခင်ဖြစ်သူ၏အလုပ်၌ကူညီလျက် ဂရိနှင့် လက်တင်ဘာသာစကား များကိုလေ့လာနေခဲ့၏။ စက်ပစ္စည်းကရိယာများ အကြောင်းသင်ယူလေ့လာခဲ့ရာ သာသနာပြုဆရာတစ်ဦးဖြစ်လာ ချိန်၌များစွာအကျိုးကျေးဇူးရှိခဲ့သည်။ သူသည်ခရစ်တော်ကိုကယ် တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးဧဝံဂေလိအမှု တော်ဆောင်တစ်ဦးဖြစ်လာဖို့ မိမိကိုယ်ကိုပြင် ဆင်ရန်ဆန္ဒရှိခဲ့၏။ ဂလပ်(စ်)ဂေါင်(Glasgow) အရပ်ရှိကျမ်းစာ ကျောင်းတွင်သင် တန်းတက်ရောက်ခွင့်ရခဲ့၏။

          ဂလပ်(စ်)ဂေါင်မြို့တွင်နေထိုင်ရသောအခြေအနေမှာ မလွယ်ကူလှချေ။ ဂျွန်သည်ဆေးပညာနှင့်ကျမ်းစာ ကိုလေ့လာခဲ့ပြီး စား၀တ်နေရေးအတွက်ကျောင်းတစ်ခု၌စာသင်ကြားပေးခြင်းပြုခဲ့၏။ မြို့တွင်းရှိအဆင့်အတန်း နိမ့်ကျပြီးအထင်မြင်သေးခံရသောလူများကြား၌အမှုတော်ဆောင်ရန်ဂလပ်(စ်)ဂေါင်မြို့သာသနာပြုအဖွဲ့နှင့်ဆက် သွယ်ခဲ့၏။ 

အမှုတော်ဆောင်ရာ၌အကြိမ်များစွာစိတ်ဓါတ်ကျ ဆင်းစရာများဖြစ်သော်လည်း သစ္စာရှိစွာအမှုတော် ဆောင်ခဲ့၏။ ဘုရားသခင်၏ကျယ်၀န်းသော စပျစ်ဥယျာဉ်ကြီး၌သစ္စာရှိကြောင်းမပြမီ၊ သေးငယ်သောအရပ်၌ သစ္စာရှိကြောင်းပြဖို့လိုသည်။ (၁၀)နှစ်ခန့်သစ္စာရှိစွာအမှုတော်ဆောင်၍လူများစွာ ကိုခရစ်တော်ထံပို့ဆောင် နိုင်ခဲ့ ပေသည်။ ထိုသူများမှာ အရက်သမားများနှင့်ဘုရား တရားကိုမုန်းတီးပြီးသစ္စာပျက်သူများဖြစ်ကြသည်။ ဂျွန်သည် အမှုတော်ဆောင်ခြင်းအပြင် တက္ကသိုလ်စာပညာများကိုလည်းလေ့လာခဲ့၏။
         
ဘုရားသခင်၏ခေါ်တော်မူခြင်း
      ဂျွန်သည်အခြားအရပ်ဒေသများရှိခရစ်တော်ကိုမသိ၍ပျက်စီးခြင်းရောက်တော့မည့်သူများအတွက်စိုးရိမ် ပူပန်ခဲ့သည်။ အခြားအရပ်ဒေသများတွင် သာသနာပြုရန်သူ့အားဘုရား သခင်ခေါ်တော်မူသည်ဟုခံစားခဲ့ရ၏။ ဤအချိန်တွင်နယူးဟက်ဘရစ် (New Hebrides) ဒေသ၌သာသနာပြုများကို ကူညီရန်သာသနာပြုတစ်ဦး လိုအပ်သည့်သတင်းသူကြားခဲ့ရ၏။“ သွားမည့်သူမရှိပဲဖြစ်နေသောကြောင့် သင့်အသက်တာကို ပူဇော်လော့ ” ဟူသောဘုရားသခင်အသံတော်ကို လက်ခံလျက်သူ့အသက်တာကိုဆက်ကပ်အပ်နှံခဲ့၏။ မြို့တော်သာသနာပြု အဖွဲ့သည်သူ့ အားစေလွှတ်ရန်စိ်တ် မပါ့တပါဖြစ်ခဲ့ရ၏။“သူသည်လက်ရှိ လုပ်နေသောအမှုတော်ဆောင်လုပ်ငန်းကို ထားရစ်ကာလူသားစားလိုရိုင်းများရှိရာ အရပ်သို့သွားရောက်မည်ကိုသူ့မိတ်ဆွေနှင့် အသိအကျွမ်းများကနားမ လည်နိုင်။

 အဖိုးကြီးတစ်ယောက်က “လူကလေးမသွားနဲ့၊ အန္တရာယ် သိပ်များတယ်၊ မင်းကိုလူရိုင်းတွေသတ်စား လိမ့်မယ်” ဟုပြောရာ၊ ဂျွန်ပက်တန်က ပြုံးလျက်“အဖိုးက အသက်ကြီးပြီ၊မကြာမီသေ လျှင်ပိုးရွများစားသောက် ခြင်းခံရမယ်၊ သခင်ယေရှှု“အမှုတော်ဆောင်ရင်း၊ လူရိုင်းများကြောင့်သေ ပြီးပိုးရွများကိုက်စားခံရခြင်းဟာ ကျွန်တော့်အတွက်ခြားနားမှုမရှိ်ပါဘူး”ဟုပြန်ပြောခဲ့သည်။ မိဘများကလည်းဘုရားသခင်၏လမ်းပြဦးဆောင်မှု အတိုင်းလိုက်နာရန် ဂျွန်ကိုခွင့်ပြုခဲ့သည်။ ဤသို့ဖြင့်(၁၈၅၈)ခုနှစ်၊ ဂျွန်အသက်(၃၄)နှစ်တွင်လက်ထပ်ပြီးစဇနီး ဖြစ်သူနှင့်အတူ နယူးဟက်ဘရစ်သို့ရေကြောင်းခရီးပြုခဲ့၏။

နယူးဟတ်ဘရစ်(လူသားစားလူရိုင်းများအလယ်၌)
          နယူးဟတ်ဘရစ်အရပ်သည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကျွန်းများစုေ၀းရာဒေသတစ်ခုဖြစ်၏။ သြစတြေးလျနိုင်ငံအရှေ့မြောက်ဖက်မိုင်(၁၄၀၀)အကွာတွင်တည်ရှိ၏။ ထိုဒေသရှိလူများမှာအလွန်ခေတ်နောက် ကျပြီး အဆင့်အတန်းနိမ့်သူများလည်းဖြစ်၏။ သူတို့သည်လူသားစားလေ့ရှိကြပြီးအခြားကြော်မက်ဖွယ်ညှင်းပန်း နှိပ်စက်မှုများလည်းပြုလေ့ရှြိက၏။ လူတစ်ယောက်ကိုသတ်ရန်မှာသူ တို့အတွက်အထူးအဆန်းအဟုတ်ချေ။ လူ
တစ်ယောက်သတ်ဖြတ်ခြင်းကြောင့်သူ တို့သည်ရဲရင့်သူများဖြစ်ကြပါသလား။ မဟုတ်ပါ။ ၀ိညာဉ်ဆိုးများက လူ သတ်ရန်သူတို့အားနှိုးဆော် သဖြင့်၀ိညာဉ်ဆိုးများကိုကြောက်ခြင်းကြောင့်လုပ်ဆောင်ခြင်းသာဖြစ်၏။

          ၀ိညာဉ်ဆိုးများအန္တရာယ်မှကင်းေ၀းရန်သူတို့၌ရုပ်တုများ၊ အဆောင်အယောင်များ(လက်ဖွဲ့များ)၊ နတ် ဆရာ၊ မှော်ဆရာများစွာရှိကြ၏။ ဤနတ်ဆရာများသည် ထူးခြားသောအစွမ်းတန်ခိုးရှိပြီးလူတို့အပေါ်၌သြဇာ လွမ်းမိုးမှုများစွာရှိ၏။ သူတို့၌သာမန်သေခြင်းဟူသောအယူအဆမရှိချေ။ သေခြင်းမှန်သမျှကို စုန်းကေ၀ပြုစား ခြင်းကြောင့်ဟုယုံကြည်ကြပြီး ချက်ခြင်းဆိုသလိုပင်မည်သူ့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းဆုံးဖြတ်ရန်အစည်း အေ၀းပြုလုပ်ကြသည်။

ရွာအကြီးအကဲအမိန့်ဖြင့်သေဆုံးသူနှင့်မရင်းနှီးဆုံးသူတစ်ယောက် ကိုဖမ်းဆီးကာ လှဲလျောင်းစေလျက် စောင့်နေသောလူငယ်တစ်ဦးအားသေနတ်ပေး၍ပစ်သတ်စေ၏။ (ကျွန်းပေါ်သို့မကြာခဏလာသော ကုန်သည် များထံမှရသောသေနတ်)။
ပစ်သတ်ခံရသူ၏မိတ်ဆွေများက ပစ်သတ်သူကိုပြန်သတ်ရန်ကြိုးစားကြ၏။
ဤသို့ဖြင့်သာမန်သေသောလူတစ်ဦးကြောင့်လူမျိူးစုအားလုံးပျောက်ကွယ်သွားသည်အထိသတ်ဖြတ်မှု ကြီးဆက်လက်ဖြစ်ပေါ်နေတော့၏။

ခင်ပွန်းသည်သေဆုံးသောအချိန်၌ဇနီးဖြစ်သူကလည်းလည်ပင်းညစ်လျက်အသတ်ခံရပြီး ခင်ပွန်း၏ အုတ်ဂူအတွင်းမြှုပ်နှံခံရ၏။ အသက်ကြီးသောသူများကိုလည်း၀န်ထုတ်၀န်ပိုးကြီးသဖွယ်မြင်သောကြောင့်သတ် ပစ်ကြ၏။ ၀ိညာဉ်ဆိုးများကိုဘိုးဘေးများအဖြစ်ကိုးကွယ်ကြ၏။ ဤလူများသည် ခရစ်တော်အကြောင်းတစ်ခါမျှ မကြားဘူးကြချေ။

ထိုသူများထံသို့ခရစ်ယာန်သာသနာပြုများသည် ဧဝံဂေလိတရား(၀မ်းမြောက်ဖွယ်သတင်းကောင်း)ကို ယူဆောင်သွားခဲ့ကြ၏။ ရှေးဦးသာသနာပြုများသည် ထိုအရပ်များသို့ရောက်ရှိခဲ့ကြပြီးချက်ချင်းဆိုသလိုပင် အသတ်ခံရပြိး လူသားစားလူရိုင်းများက စားသောက်ပစ်လိုက်ကြ၏။ အခြားသောသာသနာပြုများလည်း အသတ်ခံရခြင်း၊ ထွက်ပြေးရခြင်းများတွေ့ကြုံရ၏။ သို့သော်လည်း ဂျွန်ပက်တန်ရောက်ရှိသောအချိန်၌ဆန့်ကျင် မှုများကြားမှပင် သာသနာပြုဇနီးမောင်နှံ(၂)တွဲ ထိုအရပ်တွင်နေထိုင်လျက်အမှုတော်ဆောင်နေကြ၏။

တန်နာကျွန်း၌ (In Tanna) 
          တန်နာကျွန်းသည်နယူးဟတ်ဘရစ်ရှိကျွန်း တစ်ကျွန်းဖြစ်ပြီးဧဝံဂေလိတရားမျိုးစေ့ အပင်ပေါက်ရန်ဆန့် ကျင်သောဒေသဖြစ်၏။ (မှော်ဆရာ)နတ်ဆရာများသည်ဧဝံဂေ လိတရားအတွက် အကြီးအကျယ် ဆုံးသောအဆီး အတားများဖြစ်ကြ၏။ အကြောင်းမှာဧဝံဂေလိတရားကို လူများယုံကြည်လျှင်လူတို့၏တန်ခိုး၊သြဇာလွမ်းမိုးမှုရှိနိုင် တော့မည်မဟုတ်ကြောင်းသူတို့ သိသောကြောင့်ကြီးမားစွာ အဆီးအတားပြုကြခြင်းဖြစ်၏။ထို့ကြောင့် သဘာ၀ ဘေးအန္တရာယ်များဖြစ်သောမုန် တိုင်းကျခြင်း၊မိုးခေါင်ခြင်းဖြစ်လျှင် သာသနာပြုများကြောင့်ဖြစ်ရကြောင်းနှင့် သူတို့ကိုသတ်ပစ်ရန်လူများကိုနှိုးဆော်ကြ၏။ အဆီးအတားများသည်မျက်နှာဖြူကျွန်ကုန်သည်များထံမှလည်း လာကြ၏။ အကြောင်းမှာသာသနာပြုများသည်ကျွန်ကုန်သည်များ၏ဆိုးရွားသောခေါင်းပုံဖြတ်မှုများကိုဆီးတား အဟန့်အတားပြုသောကြောင့်ပေတည်း။

         ဤကဲ့သို့သောကျွန်းပေါ်သို့ဂျွန်ပက်တန်နှင့်ဇနီးသည်တို့ရောက်ရှိခဲ့ကြခြင်းဖြစ်၏။ တန်နာကျွန်းပေါ်သို့ ဆိုက်ရောက်သောအခါမျက်နှာ၌ဆေးချယ်ထားသောလူသားစားလူရိုင်းများကို သိမ်မွေ့သောအသွင်ဖြင့် ဂျွန်ပက်တန် တွေ့မြင်ခဲ့၏။ သူနှင့်သူ၌ပါလာသောပစ္စည်းများကိုစူး စမ််းတွေ့မြင်ချင်သောကြောင့်လာကြည့်ကြခြင်း ဖြစ်နိုင်၏။ တန်နာကျွန်း၌ရေးသားနိုင်သောစာပေမရှိသဖြင့် လက်ဟန်ခြေဟန်ဖြင့်သူတို့စကားပြော၏။ တစ်နေ့ တွင်“ဤအရာဘာ” “သင့်နာမည်ဘယ်သူလဲ” ဟူသောစကားလုံးများကိုထိုသူတို့ဘာ သာစကားများမှ ဂျွန်ပက်တန် ရှာဖွေတွေ့ရှိခဲ့၏။ ဤမေးခွန်း နှစ်ခုကိုအဆက် မပြတ်မေးလျက်အဖြေကိုရေးမှတ်ထားခြင်းဖြင့်လူနှင့် အရာ၀တၳုများ၏နာမည်များကို သူလေ့လာမှတ်သားခဲ့၏။ ထို့နောက်အခြားစကားလုံးများကို နားထောင်ခြင်းဖြင့် သူတို့၏ စကားကိုတဖြည်းဖြည်းလေ့လာသင်ယူခဲ့၏။

အခက်အခဲများ
          တန်နာကျွန်း၌ဂျွန်ပက်တန်ဇနီးမောင်နှံသည် သားလေးတစ်ဦးမွေးဖွားခဲ့ပြီးအ လွန်၀မ်းမြောက်ခဲ့ကြ၏။ သို့ရာတွင်(၃)ပတ်မျှအကြာ၌မိခင်ဖြစ်သူသည် အကြီးအကျယ်ဖျား နာလျက်အသက်ဆုံးပါးခဲ့ပြီး နောက်တစ်ပါတ် အကြာတွင်သားလေးလည်းသေဆုံးသွားခဲ့၏။ ဂျွန်ပက်တန်ကိုယ်တိုင်လည်းဖျားနာနေခဲ့၏။ သို့သော်လည်း ဇနီးနှင့်ကလေးအ တွက်မြှုပ်နှံရန်တွင်းကိုသူကိုယ်တိုင်တူးခဲ့ပေသည်။ သူ၌၀မ်းနည်းခြင်းအလွန်ကြီးမားခဲ့ပြီး “သခင်ယေရှှုနှင့်ဘုရား သခင်၏မိတ်သဟာယဖွဲ့ခြင်းအတွက် ငါသူရုူးဖြစ်သွားရလိမ့်မယ်”ဟူ၍သူပြောခဲ့၏။ တန်နာကျွန်း၌အ မှုတော်ဆောင်စဉ်ဘေးန္တရာယ် အဆက်မပြတ်ကြုံတွေ့ခဲ့ရ၏။ မိုးမရွာလျှင်ဖြစ်စေ၊ မကြာခဏ ဖျားနာလျှင်ဖြစ်စေ၊ ထိုအရပ်ရှိလူရိုင်းများသည် ဂျွန်ပက်တန်ကိုအပြစ်တင်ခဲ့ပြီးသူ့အား သတ်ပစ်ရန်ကြိုးစားကြ သည်။ 

သို့ရာတွင်ဘုရားသခင်၏စောင်မခြင်း လက်တော်သည်သူ့အပေါ်၌ အစဉ်မပြတ်ရှိခဲ့ပြီးအန္တရာယ် အားလုံးမှ ကင်းေ၀းစေခဲ့၏။ ထိုသူများသည် သစ္စာဖောက်ခြင်း၊ လုယက်ခြင်းများလည်းပြုခဲ့ကြ၏။ တစ်ချိန်တွင်သူ၏ပျဉ် ပြားများနှင့်စောင်များကိုခိုးယူသွားကြ၏။ နောက်တစ်ကြိမ်တွင်ထမင်းဟင်းချက်ပြုတ်သော အိုးခွက်ပန်းကန်များ ကိုခိုးယူသွားခဲ့ကြ၏။ 

တစ်ကြိမ်တွင်ရွာ(သူကြီး)အကြီးအကဲကိုအသနားခံတောင်းလျှောက်ပြီးမှသာလျှင်သူ့အ တွက်အလွန်လိုအပ်နေသောရေနွေးခရားငယ်လေးကိုအဖုံးမပါဘဲပြန်လည်ရရှိခဲ့၏။တစ်နေ့တွင်သူတို့သည် ဗြိတိသျှစစ်သငေ်္ဘာတစ်စင်းကိုတွေ့ခဲ့ကြပြီး ကြောက်ရွံ့ခဲ့ကြ၏။ အကြောင်းမှာထိုသငေ်္ဘာသည် တန်နာကျွန်းသို့ ဆိုက်ကပ်လာပြီးသူတို့အားပြစ်ပေးမည်ဟုထင်သောကြောင့်ဖြစ်၏။ သူတို့သည် ဂျွန်ပက်တန်ထံပြေးသွားပြီး “ကျွန်တော်တို့ခင်ဗျားရဲ့ပစ္စည်းတွေကို ခိုးသလားလို့သငေ်္ဘာ မာလိန်မှူးကမေးလိမ့်မလား”ဟူ၍ငိုယိုလျက်မေးကြ၏။

         “သူမေးလိမ့်မည်လို့ ငါမျှော်လင့်တယ်၊ ငါကတော့သူ့ကိုအမှန်အတိုင်းပြောရမှာပဲ” ဟုဂျွန်ပက်တန်ကပြန် ဖြေလိုက်၏။ အခိျန်အနည်းငယ်အတွင်းမှာပင်ခိုးခံ ရသောသူ့ပစ္စည်းများတစ်ခုပြီး တစ်ခုပြန်လည်ရရှိခဲ့၏။ တစ်စုံ တစ်ယောက်ကိုသေစေရန်ထို ကျွန်း၌နာဟတ်(Nahak)ဟုခေါ်သောပွဲ တစ်မျိုးကျင်းပလေ့ရှိကြ၏။ ထိုသို့လုပ်နိုင် ရန်သူတို့သေစေချင်သောသူ၏စားသောအစာကိုလိုအပ်၏။ ဂျွန်ပက်တန်သည် သူစားပြီးသောသစ်သီးအချို့ ကို သူတို့အားပေးခဲ့၏။ ဂျွန်ပက်တန်အားပြုစားရန်ကြိုး စားသော်လည်းဂျွန် ဘာမှအန္တရာယ်ဖြစ်ခြင်း မရှိသဖြင့် မှော်ဆ ရာ(၂)ဦးစိတ်၀င်စားမှုဖြစ်လာကာ သခင်ယေရှုအကြောင်းနားထောင်ခဲ့ကြ၏။
  
        လူဖြူကုန်သည်များ၏သေနတ်၊ဆေးလိပ်နှင့်အရက်ရေင်းခြင်းကိုတားမြစ်သောကြောင့် ဂျွန်ပက်တန်ကို သတ်ပစ််ရန်လူဖြူကုန်သည်များက လူရိုင်းမျာကို နိုးဆော်အားပေးခဲ့ကြ၏။သို့သော်လည်းဘုရားသခင်သည် ဤသာသနာကိုအစဉ်ကွယ်ကာစောင့်ထိန်းတော်မူခဲ့၏။ ကုန်သည်များသည်၀က် သက်ရောဂါရှိသူအချို့ကိုကျွန်း ပေါ်၌လွှတ်ထားခဲ့ကြပြီးကျွန်းပေါ်ရှိလူဦးရေ ၁/၃ ခန့်မှာထိုကူးစက် တတ်သောရောဂါဖြင့်သေဆုံးသွားကြ၏။ ဤ ကိစ္စအတွက်ဂျွန်ပက်တန် ကိုအပြစ်တင်ကြပြီးသတ် ပစ်ရန်ကြိုးစားခဲ့ကြ၏။ 

တစ်နေ့တွင်ဂျွန်ပက်တန်သည်သူ့အိမ် ကိုပြင်နေစဉ်ရွာအကြီးအကဲနှင့် လက်နက်ကိုင်ထားသောသူများ ကသူ့အား၀ိုင်းရံထားကြ၏။ သူ့အားခေတ္တမျှငြိမ် သက်စွာကြည့်နေပြီးသေ နတ်များဖြင့်သူဦးခေါင်း ကိုချိန်ရွယ်လိုက်ကြ၏။ လွတ်မြောက်နိုင် ဖွယ်မရှိတော့ချေ။ ဂျွန်ပက်တန်အနေဖြင့် ဆုတောင်းရန်သာတတ်နိုင်တော့၏။ 

“ငါ၏နာမကိုအမှီပြု၍တစ်စုံတစ်ခုသောဆုကို တောင်းလျှင်ငါပြုမည်။”ဟူသောဂတိတော်သူ့ထံရောက်ရှိခဲ့၏။ အန္တရာယ်ကင်းကြောင်းသူသိခဲ့ပြီးအလုပ်ဆက် လုပ်ခဲ့၏။ လူရိုင်းများသည်တစ်ယောက်ကစတင်ပစ်ခတ်ရန်တစ်ဦးကိုတစ်ဦးနှိုးဆော်ခဲ့ကြ၏။သို့ရာတွင်မည်သူမျှ မပစ်ခတ်နိုင်ပဲပြန်ဆုတ်သွားကြ၏။ဤသို့ဖြင့်ဘုရားသခင်သည်သူ၏ အစေခံကျွန်(ဂျွန်ပက်တန်)ကိုစောင့်ထိန်း တော်မူခဲ့၏။

တနင်္ဂနွေဓမ္မပညာကျောင်းမှပေးလှူသောသာသနာပြု သငေ်္ဘာ
          ဆန့်ကျင်နှောင့်ယှက်မှုများတိုးပွားများပြားလာသဖြင့် ဂျွန်ပက်တန်သည် တန်နာကျွန်းကိုစွန့်ခွာဖို့အခြေ အနေဖြစ်ခဲ့၏။ အလွန်လိုအပ်သော သာသနာပြုသငေ်္ဘာအတွက်ရံပုံငွေရရှိရန်ဂျွန်ပက်တန်သည် သြစတြေးလျ သို့ခရီးပြုခဲ့၏။ တနင်္ဂနွေဓမ္မပညာသင်ကျောင်းများ(Sunday School) ၌သူ့လိုအပ်ချက်များကိုပြောခွင့်ရခဲ့ပြီး ၊ ကလေးသူငယ်များ၏(အလှူငွေ)များအားဖြင့် နောက်ဆုံးတွင် နယူးဟက်ဘရစ်၌သာသနာပြုရန်သငေ်္ဘာ “အာရုံဦး”ကိုရရှိနိုင်ခဲ့၏။ ကလေးငယ်များ၊ လူငယ်များ၏မေတ္တာလက်ဆောင်များနှင့်ဆုတောင်းချက်များဖြင့် လည်း သာသနာပြုလုပ်ငန်းများကိုထောင်ပံ့နိုင်ကြောင်းကျွန်ုပ်တို့နားလည်ရပေသည်။

အန်နိဝါကျွန်း၌
          ဂျွန်ပက်တန်သည်အိမ်ထောင်သစ်ထပ်မံပြုပြီးနယူးဟက်ဘရစ်သို့ပြန်သွားခဲ့၏။ တစ်ကြိမ်တွင်သူသည် အန်နိဝါကျွန်းသို့ရောက်ခဲ့၏။ ဤ၏ကျွန်း၌သူ့ အားကောင်းစွာ လက်ခံခဲ့သဖြင့်အမှုတော်လုပ်ငန်းတိုးတက်မှုရှိခဲ့၏။ ရွာအကြီးအကဲဟောင်းဖြစ် သူယုံကြည်ပြောင်းလဲလာခဲ့၏။ အ၀တ်အစား၀တ်ရန်လည်းသူတို့အားသွန်သင်ပေးခဲ့ ၏။ တစ်ချိန်တွင်ဂျွန်ပက် တန်သည် ပျဉ်ပြားတစ်ခုပေါ်တွင်စာအနညး်ငယ်ရေးပြီးရွာ်ကြီးအကဲတစ်ဦးဖြင့်သူ့ဇနီး သည်ထံပို့ပေးလိုက်၏။ သူ့ဇနီးသည်က ထိုသူအားဖြင့်ဂျွန်ပက်တန်မှာသောအရာကိုပို့ပေးလိုက်၏။ စာမတတ် သောထိုအကြီးအကဲမှာ “ဤလူဖြူဆရာသည်သူလိုချင် တာရရန်ပျဉ်ပြားကိုစကားပြောအောင် ပြုလုပ်နိုင်ပါတ ကား” ဟုအံ့အားသင့်သွားခဲ့၏။ ဂျွန်ပက်တန်ကပျဉ်ပြားပေါ်ရှိသူရေးသော စာကိုသူ့ဇနီးသည်ဖတ်ပြီး ပို့ပေးလိုက် ခြင်းဖြစ်ကြောင်းထိုသူအား စိတ်ရှည်စွာရှင်းပြခဲ့၏။ ဤနည်းဖြင့်ထိုသူတို့အား စာဖတ်တတ်ရနန်၊ ရေးတတ်ရန် သွန်သင်ပေးခဲ့၏။

          အန်နိဝါကျွန်းသည်(၇)မိုင်ရှည်ပြီး အကျယ် (၂)မိုင်ခန့်ရှိပါသည်။ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး ကျွန်းပေါ် ရှိလူသားအားလုံးကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာ ရေတွင်းတစ်တွင်းကိုအောင်မြင်စွာတူးနိုင် ခဲ့ခြင်းကြောင့်ဖြစ်၏။ အင်နိဝါကျွန်း၌သန့်ရှင်းလတ်ဆတ်သောရေအလွန်ရှားပါး၏။ ထို့ကြောင့်ဂျွန်ပက်တန်သည် ဆုတောင်းပြီးရေတွင်းစတင်တူးခဲ့။ “အောက်၌မိုးရေဘယ်လိုရှိနိုင်ပါ့မလဲ”ဟူ၍ ကျွန်းသားများနားမလည်နိုင်ဖြစ်ခဲ့ ၏။ တွင်းအနီးသို့လာရန်ကြောက်ရွံ့ခဲ့ကြပြီးသူ တို့အချင်းချင်းလက်များကိုင်ဆုတ် ထားလျက်တွင်းထဲသို့ခပ်မြန် မြန်လှည့်ကြည့်ကြ၏။

 ဂျွန်ပက်တန်ကရေကိုအရ သာမြည်းစမ်းကြည့်ရန်သူတို့အားပြော၏။ ထိုကျွန်းရှိအကြီးအ ကဲဖြစ်သူက ရေကိုယူ၍ကြည့်၏။ စမ်းသပ်ကြည့်၏။ နောက်ဆုံးမြည်းစမ်းကြည့်ပြီး ယေဟောဝါ (ထာ၀ရဘုရား) သည်ဘုရားအစစ်ဖြစ်၏” ဟုအော်ဟစ်ပြောဆိုလေ၏။ အကြောင်းမှာ ဂျွန်ပက်တန်က ထာ၀ရဘုရားသည် သူတို့ကိုရေပေးကြောင်းပြောပြခဲ့ဖူး၏။ ထိို့နောက်အကြီးအကဲက သူတို့၏ရုပ်တုများကိုသာသနာပြုဆရာ (ဂျွန်ပက်တန်)ထ့ယူဆောင် လာစေလျက်မီးရှိူ့(သို့)မြေမြှုပ်ပစ်ရန် အမိန့်ပေးခဲ့၏။ ဤသို့အားဖြင့်တကျွန်းလုံး ခရစ်တော်ထံ ယုံကြည်ပြောင်းလဲ လာခဲ့၏။ (၁၈၉၉)ခုနှစ်တွင်ဂျွန်ပက်တန်သည် အန်နိဝါကျွန်းရှိဘာသာစကား ဖြင့်ဓမ္မသစ် ကျမ်းကိုပုံနှိပ်ထုတ်ေ၀နိုင်ခဲ၏။ ထိုအချိန်တွင်နယူးဟက်ဘရစ်ရှိကျွန်း(၃၀)အနက်(၂၅)ကျွန်းပေါ်တွင် သာသနာပြုများသည် လူသားစားလူရိုင်းများ ကိုခရစ်တော်အကြောင်းသက်သေခံလျှက်ရှိကြ၏။

          အသက်ကြီးရင်ချိန်တွင်ပင် ဘုရားသခင်၏စေတမန်(ဂျွန်ပက်တန်) သည်“ဘုရားသခင််အမှုကိုနောက် ဆုံးစက္ကန့်ထိဆောင်မယ်”ဟုပြောလျက်နယူးစက် ဘရစ်အတွက်မှုတော်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ခဲ့ပေသည်။ သူသည် သြစတြေးလျမှ အခြားသူများအားသာသနာပြုလုပ်ငန်းအတွက်ဆုတောင်းပေးရန်နှင့်ငွေကြေး ထောက်ပံ့ရန်နှိုးဆော်ခြင်း၊ ကျွန်းများပေါ်၌သူကိုယ်တိုင်အမှုတော်ဆောင်ခြင်းပြုနေခဲ့သည်။ သူ၏သားဖြစ်သူ သည်တန်နာကျွန်း၌အခြေစိုက်နေထိုင်ခဲ့ပြီး သာသနာပြုရာဂျွန်ပက်တန်ကိုနှင်ထုတ်ခဲ့သောကျွန်းသားလူရိုင်းများ ပင်ယခုအခါခရစ်တော်ထံယုံကြည်ပြောင်းလဲလာကြ၏။ ဂျွန်ပက်တန်သည် ကျွန်းပေါ်ရှိလူသားစားလူရိုင်းများရာ နှင့်ချီ၍ခရစ်တော်ထံပြောင်း လဲလာခြင်းကိုမြင်ခဲ့ရပြီးနောက် အသက်(၈၃)နှစ်အရွယ်(၁၉၀၇)ခု၊ ဇန်နဝါရီလ (၂၀) ရက်တွင်ဘုန်းတော်၀င်စားခဲ့၏။

         ယခုအချိန်တွင် နယူးဟက်ဘရစ် (တန်နာကျွန်းများအပါအ၀င်)၌ပရိုတက်စတင့်သာသနာပြုအဖွဲ့ (၅)ဖွဲ့ ကသာသနာလုပ်ငန်းလုပ်ဆောင်နေကြပြီး ကျွန်းများပေါ်၌ယုံကြည်သူများစွာရှိနေပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....