Sunday, 18 March 2012

ဘဝအပယ်ခံတို့၏မိခင်ကြီး


ပန်ဒီတာ ရာမာဘိုင်(၁၈၅၈ - ၁၉၂၂)
          “ရာမာဘိုင်၊နင့်ပစ္စည်းတွေသိမ်းတော့၊ငါတို့ခရီးသွားတော့မယ်”ဟုလူငယ်တစ်ဦးကပြောလိုက်သည်။
          ဘရာမင်အမျိုးသမီးငယ်သည် သူမ၏အစ်ကိုဖြစ်သူအားဝမ်းနည်းစွာကြည့်လျှက်“ကျွန်မတို့ဘာကြောင့် တနေရာမှတနေရာအမြဲတမ်းခရီးသွားနေရတာလဲ၊ ဒီသာယာလှပတဲ့ရွာကလေးမှာပဲကျွန်မတို့အခြေချနေထိုင်လို့ မရနိုင်ဘူးလား”ဟုမေးလိုက်သည်။

          သူမ၏အစ်ကိုဖြစ်သူက သူ၏ဦးခေါင်းကိုခါပြလိုက်ပြီး “ရာမဘိုင်၊ နင်သိတဲ့အတိုင်းသန့်ရှင်းပြီးဘာသာ ရေးအထွတ်အမြတ်ထားတဲ့နေရာဒေသတွေအနှံ့ငါတို့သွားနေရမယ်။ ဖေဖေကပူရန ကျမ်းတွေကိုနေရာအမျိုးမျိုး မှာဖတ်ရွတ်မှသာငါတို့စားစရာတွေ။ငွေတွေရနိုင်မှာဟဲ့”ဟုပြောလိုက်၏။
          အမျိုုးသမီးငယ်သည်သက်ပြင်းချလျက်သူမ၏အထုပ်သေးလေးကိုကိုင်ဆောင်ကာမိသားစုနှင့်အတူခရီး ထွက်ခဲ့တော့သည်။
         
အမြဲအစဉ်ခရီးထွက်ခြင်း          ပန်ဒိတာရာမာဘိုင်ဟူ၍နောင်တွင်လူသိများခဲ့သောရာမာဘိုင်သည်အိန္ဒိယပြည်တောင်ပိုင်းမန်ဂလိုခရိုင် ရှိဘရာမင်စစ်မစ်မိသားစုတစ်စုမှဖွားမြင်ခဲ့သည်။မိသားစု၌အငယ်ဆုံးဖြစ်သည်။သူမ(၆)နှစ်သမီးအရွယ်ကပင်မိဘများသည်နေအိမ်ကိုထားရစ်ကာခလေးသူငယ်များနှင့်အတူခရီးသွားလာခြင်းအသက်တာကိုအစပြုခဲ့သည်။ ကလေးငယ်ဖြစ်သောရာမာဘိုင်ကိုခြင်းတောင်းတစ်ခုထဲထည့်ကာသယ်ဆောင်သွားကြ၏။
သူတို့သည်အထွတ်အမြတ်ထားသောအရပ်ဒေသတစ်ခုစီ၌လအနည်းငယ်ာကာနေထိုင်ပြီးတနေရာမှတနေရာသို့ခရီးလှည့်လည်သွားခဲ့ကြသည်။ အထွတ်အမြတ်ထားသည့်ဒေသမှမြစ်များအတွင်း၌ရေဆင်းချိုးကြပြီး ဘုရားကျောင်း၌လှည့်လည်ရှိခိုးသွားလာခဲ့ကြ၏။ သူမ၏ဖခင်သည်ပူရန(Puranas)ကျမ်းကိုလူစည်ကားရာအရပ် ၌သင်္သကရိုက်(ရှေးအိန္ဒိယ)ဘာသာစကားဖြင့်ဖတ်ရွတ်သည်။ ဘာသာတရားကိုင်းရှိုင်းကြည်ညိုသောဟိန္ဒူဘာ သာဝင်များကစုရုံးနားထောင်ခြင်းဖြင့်သူတို့မိသားစု၌လိုအပ်မည့်အထောက်အပံ့ငွေကြေးနှင့်စားစရာများကိုရလိမ့်မည်ဟုမျှော်လင့်သည်။ရာမာဘိုင်၏မိခင်သည်လည်းသင်္သကရိုက်ဖခင်ဖြစ်သူ၏သွန်သင်ပေးမှုကြောင့်ပူရနကျမ်းကိုဖတ်ရွတ်လိမ့်မည်ဖြစ်သည်။ “ရာမာဘိုင်”ကလေးလည်းမိခင်အားဖြင့်ပူရနကျမ်းကိုဖတ်ရှုရန်သွန်သင်ခြင်းခံရ ပေသည်။
          ဤသို့အားဖြင့်သူမ၏ဖခင်ကြီးဖျားနာဝေဒနာခံစားရပြီးဆက်လက်ခရီးမထွက်နိုင်၊ အလုပ်မလုပ်နိုင် သည့်တိုင်အောင်ထိုအယူအဆဓလေ့အတိုင်းအသက်ရှင်ခဲ့ကြသည်။

အစာရေငတ်မွတ်ခေါင်းပါးခြင်း          သုံးစရာငွေမရှိတော့ခြင်းနှင့်ဘာသာရေးပိတ်ပင်တားမြစ်မှုများကြောင့်သူတို့ဘာအလုပ်မျှမလုပ်နိုင်တော့ ချေ။တစ်ချိန်တည်းမှာပင်ရာမာဘိုင်တို့မိသားစုနေထိုင်ရာအိန္ဒိယပြည်တောင်ပိုင်း၌ကြီးစွာသောအစာခေါင်းပါး ခြင်းခံစားရပြီးသူတို့လည်းအစားအစာမရှိပဲတစ်နေရာမှတစ်နေရာသို့ရွှေ့ပြောင်းနေထိုင်ကြရသည်။ သူတို့သည် တောင်းရမ်းစားသောက်ရန်လည်းမာန်မာနမချချင်။ စေခံအလုပ်လည်းမလုပ်ချင်ကြသဖြင့်အခြားဘာအလုပ်လုပ် ရမည်ကိုပင်သူတို့မသိကြချေ။ ဤသို့ဖြင့်စားရန်ဆန်တစ်စေ့ပင်မရှိတော့သည့်အချိန်သို့ရောက်ရှိခဲ့သည်။ သူတို့ အားလုံးကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ရန်စဉ်းစားခဲ့ကြသော်လည်းထိုသို့မဖြစ်စေရန်ဘုရားသခင်၏ကရုဏာ တော်ကကာကွယ်ပေးခဲ့၏။ ရွာတစ်ရွာရှိဘုရားကျောင်းတစ်ခု၌ခိုနားရာရှာဖွေခဲ့ကြသော်လည်းဘရာမင်ဘုန်းကြီး များ/ယဇ်ပုရောဟိတ်များကသူတို့အားနှင်ထုတ်ခဲ့ကြ၏။ထို့နောက်ရွာအပြင်ရှိဟောင်းနွမ်းပျက်ဆီးနေသောဘုရား ကျောင်းတစ်ခုသို့ရွှေ့ပြောင်းခဲ့ကြပြီးထိုနေရာ၌ရာမာဘိုင်၏ဖခင်ကြီးသေဆုံးသွားခဲ့သည်။လအနည်းငယ်အတွင်း သူမ၏မိခင်နှင့်ညီမဖြစ်သူလည်းအစာရေစာငတ်မွတ်ခြင်းကြောင့်အသက်ဆုံးပါးခဲ့ရပြန်သည်။ဤကနဦးဒုက္ခဆင်း ရဲရခြင်းများကအခြားသူများ၏ဒုက္ခဆင်းရဲခြင်းများကိုသူမနားလည်စာနာတတ်စေရန်နှင့်အခြားသူများကိုကယ် ဆယ်ရန်အထောက်အကူဖြစ်စေခဲ့သည်။

ကာလကတ္တားမြို့၌
ရာမာဘိုင်နှင့်သူမ၏အစ်ကိုသာလျှင်ဘဝကိုရင်ဆိုင်ရန်ကျန်ရစ်ခဲ့ကြသည်။တစ်ညတွင်အအေးဒဏ်လွန်ကဲသောကြောင့်မြစ်ကမ်းနဖူး၌သွေ့ခြောက်သည့်သဲများအကြားသူတို့လည်ပင်းမြှုပ်သည့်တိုင်ကိုယ်ကိုမြှုပ်နှံ လျက်နေခဲ့ကြရသည်။ မကြာခဏလည်းအစာငတ်မွတ်ခဲ့ကြသည်။ဤသို့ဖြင့်အိန္ဒိယပြည်တစ်ပြည်လုံးနီးပါးရှိဘု ရားကျောင်းများနှင့်နတ်ဘုရားများကိုကိုးကွယ်ရန်သူတို့သည်တနေရာမှတနေရာသို့ပြောင်းရွှေ့လှည့်လည်ခဲ့ကြ ရသည်။ မိုင်ပေါင်း(၄၀၀၀)ကျော်ခြေလျင်လမ်းလျှောက်ခဲ့ကြရပြီးနောက်ဆုံး၌ကာလကတ္တားမြို့သို့ရောက်ရှိခဲ့ကြ ၏။ထိုနေရာ၌ပညာတတ်ဘရာမင်လူမျိုုးများနှင့်ရင်းနှီးသိကျွမ်းခဲ့ကြ၏။ ပူရနကျမ်းဂန်များဖတ်ရွတ်ခြင်းဖြင့်သူတို့ သည်ငွေနှင့်အစာရရှိရန်တတ်စွမ်းနိုင်ခဲ့ကြသည်။ ယခုအချိန်၌ရာမာဘိုင်သည်ဉာဏ်ပညာပြည့်စုံသည့်အမျိုးသမီး တစ်ဦးအရွယ်သို့ကြီးပြင်းခဲ့ပေပြီ။ ပန်ဒိလူများသည်သူမ၏ဉာဏ်ပညာနှင့်အိန္ဒိယအမျိုးသမီးတို့၏အခြေအနေတိုး တက်ရန်သူမ၏ရဲရင့်သောဆုံးဖြတ်ချက်ကြောင့်အံ့အားသင့်ခဲ့ကြ၏။ သူမသည်အမျိုးသမီးများပညာသင်ကြားရေး လိုအပ်ချက်ကိုရဲရင့်စွာကျေညာခဲ့ပြီးလူပရိတ်သတ်များရှေ့၌ဟောပြောရန်မကြာခဏဖိတ်ကြားခြင်းခံခဲ့ရသည်။ ပန်ဒိလူများကသူမအားပန်ဒိတာဘွဲ့ကိုအပ်နှင်းခဲ့ပြီးထိုအချိန်မှစ၍သူမကိုပန်ဒိတာရာမာဘိုင်အနေဖြင့်လူသိများ လာသည်။
          ခရစ်ယာန်များနှင့်သူမစတင်သိကျွမ်းခဲ့သည်မှာကလာကတ္တားမြို့၌ဖြစ်သည်။ ခရစ်ယာန်အစည်းအဝေး တစ်ခုသို့သူမဖိတ်ကြားခံခဲ့ရပြီးခရစ်ယာန်တို့၏အမူအကျင့်နှင့်ဓလေ့ထုံးစံများကိုစူးစမ်းလေ့လာလိုစိတ်ဖြစ်ပေါ် ခဲ့သည်။ သူမဖတ်ရန်သင်္သကရိုက်ဘာသာစကားဖြင့်သမ္မာကျမ်းတစ်အုပ်ရရှိခဲ့ပါသည်။ သူမနားမလည်သည့်အ တွက်ဖတ်ရှုခြင်းမပြုခဲ့ချေ။ သို့ရာတွင်သမ္မာကျမ်းကိုသူမသိမ်းထားခဲ့၏။ဟိန္ဒိူရှစတရပ်စ်(Shastras)ကျမ်းနှင့် အခြားအထွတ်အမြတ်ထားသည့်စာအုပ်များကိုနက်ရှိုင်းစွာလေ့လာရာသူမစိတ်ကျေနပ်မှုမရဖြစ်နေခဲ့သည်။ အကြောင်းမှာမိန်းမတစ်ဦးအတွက်ဘာသာရေးဆိုင်ရာမျှော်လင့်ချက်ပေးထားခြင်းမရှိသောကြောင့်ပေတည်း။ ဘုရားသခင်ကိုတမ်းတဆာငတ်သောစိတ်သူမ၌တစ်ဆတစ်ဆတိုးပွားလာခဲ့သည်။သူမဘိုးဘေးများ၏ယုံကြည် ချက်အားလုံးကိုဆုံးရှုံးခံလျက်သူမအသက်(၂၂)နှစ်အရွယ်ရှုဒရာအမျိုးဘင်္ဂါလီအမျိုးသားတစ်ဦးနှင့်အိမ်ထောင် ပြုခဲ့သည်။

ခရစ်တော်ထံတော်သို့ပြောင်းလဲလာခြင်း
          အက်ဆန်(Assam) မြို့၌ခင်ပွန်းဖြစ်သူနှင့်နေထိုင်စဉ်တနေ့သ၌ဘင်္ဂါလီဘာသာစကာဖြင့်ရေးသားထား သည့်စာအုပ်ငယ်တစ်အုပ်ကိုတွေ့မိပြီးစိတ်ဝင်စားမှုများစွာဖြင့်စတင်ဖတ်ရှုခဲ့၏။ထိုစာအုပ်မှာရှင်လုကာခရစ်ဝင် ကျမ်းဖြစ်၏။သူမထံသို့ခရစ်ယာန်သာသနာဆရာတစ်ဦးမှန်မှန်အလည်အပတ်ရောက်ရှိခဲ့ပြီးကျမ်းစာရှိပုံဝတ္ထု များကိုပြောပြခဲ့၏။ ခရစ်ယာန်ဘာသာကိုသူမလေ့လာခြင်းအတွက်သူမ၏ခင်ပွန်းကကြိုက်နှစ်သက်ခြင်းမရှိချေ။
          သူတို့လက်ထပ်ပြီး(၂)နှစ်အကြာတွင်ခင်ပွန်းဖြစ်သူသည်ဝမ်းရောဂါဖြင့်ကွယ်လွန်ခဲ့ပြီးရာမာဘိုင်ငယ် ငယ်ရွယ်ရွယ်နှင့်မုဆိုးမတစ်ဦးဖြစ်ခဲ့ရရှာသည်။မန်နိုရာမာ(Manorama) ဟူ၍သူမ၏အမည်တွင်သည့်သမီးလေး တစ်ဦးဖွားမြင်ခဲ့သည်။
ခင်ပွန်းကွယ်လွန်ပြီးနောက်ပူးနား(Poona)အရပ်သို့သမီးကလေးနှင့်ရွှေ့ပြောင်းခဲ့ပြီးထိုအရပ်၌ခရစ်ယာန်သာသနာပြုဆရာများထံ၌သူမဆက်လက်လေ့လာနားထောင်ခဲ့သည်။

အင်္ဂလန်ပြည်
အိန္ဒိယပြည်အမျိုးသမီးများ၏အရေးကိစ္စကိုခုခံကာကွယ်ရန်ရာမာဘိုင်သည်မိမိ၌ပညာရေးလေ့ကျင့်မှုပိုမိုလိုအပ်သည်ဟုစဉ်းစားမိသဖြင့်(၁၈၈၃)ခုနှစ်၌သူမ၏သမီးလေးနှင့်အတူအင်္ဂလန်ပြည်သို့ထွက်ခွာသွားခဲ့၏။ အင်္ဂလန်ပြည်အသင်းတော်မှညီအစ်မအားဖြင့်ထိုတိုင်းပြည်သို့ဝင်ရောက်ခွင့်ရခဲ့ပြီးသူမနှင့်ဆက်သွယ်သူများအား ဖြင့်ခရစ်ယာန်ဘာသာ၏သွန်သင်ချက်များနှင့်အကျိုးကျေးဇူးများကိုသူမတွေ့ကြုံခံစားရသည်။ နေရာဒေသအ သီးသီးရှိညီအစ်မများ၏အိမ်များသို့သူမသွားရောက်လည်ပတ်ခဲ့ပြီးသူတို့၏လုပ်ငန်းများကိုလည်းတွေ့မြင်ခဲ့သည်။ အဆင့်အတန်းနိမ့်ကျပျက်စီးနေသောအမျိူးသမီးလုပ်ဆောင်သောလုပ်ငန်းများကိုသူမအလွန်စိတ်ဝင်စားအထင် ကြီးခဲ့သည်။ ထိုသူတို့၏အသက်တာထဲသို့ခရစ်တော်ယူဆောင်လာသည့်ပြောင်းလဲခြင်းကိုသူမတွေ့မြင်ခဲ့ပြီး အိန္ဒိယပြည်ရှိအမျိုးသမီးများကိုလည်းကိုယ်တော်သာလျှင်ပြောင်းလဲပေးနိုင်မည်ဟုသူမနားလည်သဘောပေါက်ခဲ့သည်။

အသက်တာပြောင်းလဲခြင်း          ထိုသို့ဖြင့်သူမ၏စိတ်နှလုံးသည်ခရစ်တော်၏ဖက်သို့စိတ်ဝင်စားခဲ့သည်။ဗတ္တိဇံမင်္ဂလာခံယူကာအင်္ဂလီကန် အသင်းတော်၌ပါဝင်ခဲ့သည်။သို့ရာတွင်ခရစ်တော်ကိုသူမ၏ကိုယ်ပိုင်ကယ်တင်ရှင်အနေဖြင့်မသိရှိသေးသော ကြောင့်စိတ်နှလုံးသား၌ကျေနပ်အားရမှုမရှိသေးချေ။ ထို့နောက်သူမသည်အမေရိကန်ပြည်သို့ခရီးထွက်ခဲ့ပြီးနေ ရာဒေသများစွာ၌သင်တန်းများပို့ချသည်။ အိန္ဒိယပြည်သို့ပြန်လည်ရောက်ရှိချိန်၌သမ္မာကျမ်းစာကိုစိတ်အားထက် သန်စွာစတင်ဖတ်ရှုခဲ့သည်။ “ခရစ်ယာန်ဘာသာတရားကိုသာတွေ့ရှိခဲ့ပြီး ခရစ်ယာန်ဘာသာတရား၏အသက် ဖြစ်တော်မူသောခရစ်တော်ကိုမတွေ့ရှိခဲ့ပါ”ဟုနောင်အချိန်တွင်ပြန်ပြောင်းပြောခဲ့ဖူးသည်။
          သူမ၏ဝိညာဉ်အသက်တာအတွက်ကျေနပ်အားရမှုမရှိခဲ့ချေ။
          နောက်ဆုံးတွင်ဘုရားသခင်၏နှုတ်ကပတ်တော်အာဖြင့်သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှု ကြောင့်ခရစ်တော်ကိုသူမ၏ကယ်တင်ရှင်အနေဖြင့်တွေ့ရှိကာကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့သည်။

ရှာရဒ - ဆာဒန်
          ခရစ်တော်ကိုသိရှိခြင်းကြောင့်ရာမာဘိုင်၌ဘုရားသခင့်စေကိုခံလိုစိတ်ကြီးမားခဲ့၏။ သာသနာပြုဆရာ ဂျွန်ပက်တန်နှင့်ဟတ်စင်တေလာတို့အသက်တာများကသူမကိုလွှမ်းမိုးခဲ့ပြီးလိုအပ်ချက်များအားလုံးအတွက်ဘု
ရားသခင်အပေါ် ခိုလှုံကိုးစားလျက်အိန္ဒိယပြည်၌“ယုံကြည်ခြင်းသာသနာပြုလုပ်ငန်း”စတင်ခဲ့သည်။
အိန္ဒိယမုဆိုးမများနှင့်ကလေးသူငယ်များကိုအပြစ်နှင့်ရှက်ကြောက်ဖွယ်အသက်တာမှရွေးနှုတ်ရန်/ကယ်ဆယ်ရန်နှင့်ခရစ်တော်ထံသို့ပို့ဆောင်ရန်စိတ်ဆန္ဒရှိခဲ့သည်။ ထို့ကြောင့်ပွန်းနား(Poona)အရပ်၌ကယ်ဆယ်ရေး ရိပ်သာ(အိမ်)တစ်လုံးတည်ဆောက်ခဲ့သည်။ထိုအိမ်ကိုဉာဏ်ပညာစုစးည်ရာအိမ်(Home of Wisdom)ဟူသော အဓိပ္ပာယ်ဖြင့် “ရှာရဒ - ဆာဒန်” ဟုမည့်ခေါ်ခဲ့ကြသည်။
          မတရားညဉ်းပန်းနှိပ်စက်ခံရသူများ၊ အပယ်ခံလူတန်းစားများနှင့်အစာငတမွတ်ခေါင်းပါးနေသူများအား လုံးကိုထိုအိမ်၌ကြိုဆိုလက်ခံခဲ့သည်။ ထိုအိမ်သို့လာရောက်ခဲ့ကြသည့်အမျိုးသမီးများကိုမိမိတို့ခြေပေါ်မိမိတို့ရပ် တည်နိုင်မည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်နှင့်မိမိတို့လက်ဖြင့်အလုပ်လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန်သင် ကြားပေး၏။
          အိမ်ခြေမဲ့အမျိုးသမီးများနှင့်အပယ်ခံလူတန်းစားများစွာတို့ထိုအိမ်သို့လာရောက်ခဲ့ကြပြီးရာမာဘိုင်က သူတို့ကိုသနားကရုဏာမေတ္တာနှင့်ကြိုဆိုလက်ခံခဲ့သည်။ သူတို့အားလုံးသူမကိုချစ်မြတ်နိုးကြသည်။အကြောင်း
မှာသူမသည်သူတို့မိခင်၊မိတ်ဆွေနှင့်ဆရာမသဖွယ်ဖြစ်ခြင်းကြောင့်ပေတည်း။
          ခရစ်တော်ကိုသူတို့လက်ခံရန်သူမအတင်းအဓမ္မမတိုက်တွန်းခဲ့ချေ။သို့ရာတွင်သူမထံမှခရစ်တော်အ ကြောင်းကြားနာရခြင်း၊သူမ၏ချစ်မေတ္တာနှင့်အသက်တာတို့ကိုမြင်တွေ့နေရခြင်းအားဖြင့်သူတို့ထဲမှအများစုသည်
ခရစ်တော်ကိုသူတို့၏ ကယ်တင်ရှင်အဖြစ်တွေ့ရှိခဲ့ကြသည်။
          ဘုရားဝတ်ကျောင်းများတွင်အပြစ်နှင့်ဆင်းရဲဒုက္ခ၏ကျေးကျွန်ဘဝ၌မရုန်းထွက်နိုင်ကြသောအမျိုးသမီး ကြီးငယ်တို့သည်မကြာခဏဆိုသလိုပင်ရာမာဘိုင်အားဖြင့်ရွေးနှုတ်ကယ်ဆယ်မှုခံစားကြရ၏။ များစွာသောသူတို့ သည် “ရှာရဒ - ဆာဒန်”အိမ်သို့လာရောက်ခဲ့ကြသည်။
          တစ်ကြိမ်တွင်သူမသည်ဆင်းရဲသားခရီးသည်အနေဖြင့်ဟန်ဆောင်ရုပ်ဖျက်ကာ ဘရင်ဒါဘန်
(Brindaban)အရပ်သို့သွားခဲ့၏။ထိုအရပ်၌ယဇ်ပုရောဟိတ်မျာကအမျိူးသမီးများစွာကိုအစေခံကျွန်သဖွယ်ထိန်းချုပ်ထား၏။ ထိုအမျိုးသမီးများကိုဆင်းရဲဒုက္ခရောက်နေသည့်အသက်တာမီလွတ်မြောက်ရန်ထွက်ပြေးနိုင်ခဲ့လျှင် “ရှာရဒန် - ဆာဒန်”အရပ်သို့လာရောက်နိုင်ကြောင်းသူမပြောပြခဲ့၏။
          သူမသည်ရွာများသို့နွားလှည်းဖြင့်ခရီါ်ပြုကာတရားဒေသနာဟောပြော၍ဆင်းရဲသူများအားအစားအစာ နှင့်အဝတ်အထည်ဝေမျှရန်လုပ်ဆောင်ခဲ့ပေလိမ့်မည်။ ဤအမှုတော်လုပ်ငန်းအတွက်လိုအပ်သမျှထောက်ပံ့မှုရ ရန်ဘုရားသခင်ထံသူမမှီခိုအားထားခဲ့၏။ ဟိန္ဒူယဇ်ပုရောဟိတ်များက သူမကိုဆန့်ကျင်မုန်းတီးခဲ့ကြသည်။ အကြောင်းမှာဝတ်ကျောင်းတော်ရှိအမျိုးသမီးများစွာကိုကျေးကျွန်ဘဝမှသူမကလွတ်မြောက်စေခဲ့သောကြောင့် ဖြစ်၏။တစ်ကြိမ်တွင်ဂူဂျရတ်(Gujarat)အရပ်မှအမျိုးသမီးငယ်တစ်ဦးသည်ဆိုးညစ်သောယဇ်ပရောဟိတ်များ ထံမှထွက်ပြေးလွတ်မြောက်ရန်ဘုံဘေမြို့ရှိဆေးရုံတစ်ရုံသို့စေလွှတ်ခြင်းခံရသည်။သို့ရာတွင်ယဇ်ပရောဟိတ် များကသူမကိုရှာဖွေတွေ့ရှိခဲ့ပြီးသူတို့ထံပြန်လာစေလိုကြသည်။ ထိုအမျိုးသမီးငယ်သည်သူတို့ထံသွားရန်ငြင်းဆို ခဲ့သည်။ အကြောင်းမှာသူတို့သည်သူမအားကျာပွတ်နှင့်ရိုက်လိမ့်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။သူမထွက် ပြေးလွတ်မြောက်မှုမရှိစေရန်ဆေးရုံကိုနေ့ရောညပါစောင့်ကြည့်နေကြသည်။ သို့ရာတွင်သူမလွတ်မြောက်စေရန် ရာမာဘိုင်ကသူမ၏မိတ်ဆွေတစ်ဦးအားဖြင့်ကူညီခဲ့ပြီး “ရှာရဒ - ဆာဒန်”သို့သွားရောက်စေခဲ့၏။
          ရာမာဘိုင်၏ကျော်ကြားမှုသည် အိန္ဒိယတစ်နိုင်ငံလုံးသာမက အခြားတိုင်းနိုင်ငံများအထိပြန့်နှံ့ခဲ့၏။ “ဆာရိုဂျီနီ”ကဲ့သို့ အိန္ဒိယခေါင်းဆောင်များကသူမအားအိန္ဒိယပြည်၏ကြီးမြတ်သောသမီးတော်တစ်ပါးအနေဖြင့် အသိအမှတ်ပြုခဲ့ကြသည်။ အခြားတိုင်းပြည်မှလူများကလည်းဆုတောင်းပေးခြင်း၊ အလှူငွေလှူခြင်းဖြင့်သူမကို စတင်ကူညီခဲ့ကြသည်။

မုကတီ (Mukti)
          ရာမာဘိုင်၏လုပ်ငန်းသည်ပြန့်နှံ့ခဲ့ပြီးရှာရဒ - ဆာဒန်သို့လာရောက်သည့်အမျိုးသမီးအားလုံးအတွက်အ ခန်းမရှိခဲ့ချေ။ထို့ကြောင့် ပူနား(Poona)အရပ်အနီးရှိ ခက်ဂျူန်(Khedgaon)အရပ်၌မြေကွက်ဝယ်ပြီး ရှာရဒ - ဆာဒန် နှင့်ခပ်ဆင်ဆင်တူသောအိမ်တစ်လုံးတည်ဆောက်ခဲ့၏။ ထိုအိမ်ကို မုကတီ“ကယ်တင်ခြင်း” ဟုမည့် ခေါ်ခဲ့သည်။
          “မုကတီ”တည်ထောင်ခြင်းနှင့်ထိုအမှုတော်လုပ်ငန်းအတွက်ဘုရားသခင်ထံများစွာဆုတောင်းခဲ့ကြ၏။ ဤအိမ်သို့လာရောက်သည့်အမျိူးသမီးငယ်များကိုအသုံးဝင်မည့်လုပ်ငန်းများကိုသင်ကြားပေး၏။ သို့မှသာဤ အိမ်မှထွက်ခွာသွားသည့်အခါအလွယ်တကူအလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်မည်။ အများစုမှာ သူနာပြုများ၊ ရက်ကန်းယက်သူများ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသူများ၊ ကျမ်းစာသင်ဆရာများနှင့် အိမ်ရှင်မများဖြစ်သွားကြ သည်။ အမျိုးသမီးငယ်တစ်ဦးဦးက အသက်တာသစ်ကိုအစပြုရန်“မုကတီ”မှထွက်ခွာသွားတိုင်း၊ သူမနေရာအတွက်အ စားဝင်ရောက်လာသူရှိစမြဲဖြစ်၏။
          အိန္ဒိယပြည်အလယ်ပိုင်း၌အစာငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ်ကျရောက်ပြီးလူများစွာသေဆုံးခဲ့ရ၏။ ရာမာဘိုင်ကိုယ်တိုင်အစာငတ်မွတ်ခေါင်းပါးမှုဒဏ်ခံစားခဲ့ရသောနေ့ရက်များကိုသတိ၇ပြီး ထိုဒုက္ခသည်များအား ကူညီမစရန်တစ်စုံတစ်ရာပြုလုပ်ဖို့်ဆန္ဒရှိခဲ့၏။ အကူအညီလိုအပ်နေသည့်အမျိုးသမီးဦးရေမှာ(၃၀၀)ရှိ၏။ သို့ရာ တွင်သူမဘာလုပ်နိုင်မည်နည်း။မူကတီ၌လူပြည့်လျှံနေပြီးသားဖြစ်၏။ လိုအပ်ချက်များကိုသူမရေးသားပြီး စတင် ဆုတောင်းခဲ့၏။ မကြာမှသူမ၏စာကိုဖတ်ပြီးခရစ်ယာန်များကစတင်ကူညီပေးခဲ့၏။ ထိုအမျိုးသမီးများကိုကူညီရန် လုံလောက်သောငွေကြေးရှိခဲ့၏။

ကောင်းစွာပြုခဲ့ပြီ
          ရာမာဘိုင်သည်ခရစ်တော်အတွက်အမြဲတမ်းမအားမလပ်လုပ်ဆောင်ခဲ့သူဖြစ်၏။ သူမသည်မကြာခဏ ခရီးလှည့်လည်ပြီးသွန်သင်ခြင်း၊ ဟောပြောခြင်းပြုခဲ့၏။ မာရတီ(Marathi)ဘာသာပြန်စကားဖြင့်သီချင်းများ၊ ဓမ္မ တေးများကိုပင်သူမရေးစပ်ခဲ့၏။ နှိမ့်ချစွာအစပြုခဲ့ရာမှခိုကိုးရာမဲ့အိမ်(၂)အိမ်တွင်နေထိုင်သူများပြားလာခဲ့သော ကြောင့် “မုကတီ”တစ်အိမ်တည်းတွင်ပင်အမျိုးသမီးငယ်များနှင့်အမျိုးသမီးဘကီးများ(၂၀၀၀)နီးပါးရှိခဲ့၏။ ရာမာဘိုင်ကိုကူညီထောက်ပံံ့ပေးမည်လက်ထောက်ဆရာ/ဆရာမများတစ်ရာကျော်ခန့်ရှိခဲ့၏။
          နောက်ဆုံး(၁၉၂၂)ခုနှစ်တွင်ပန်ဒီတာရာမာဘိုင်သည်သခင်ဘုရား၏“ကောင်းစွာပြုခဲ့ပြီ”ဟူသောအသံ တော်ကိုကြားကာထာ)ရဆုလာဒ်သရဖူယူရန်သွားခဲ့ပေသည်။သို့ရာတွင်သူမ၏အမှုတော်လုပ်ငန်းမှာဆက်လက်တည်တံ့ခိုင်မြဲခဲ့၏။ယနေ့တိုင်“မူကတီ”သာသနာပြုလုပ်ငန်းသည်အိုးမဲ့အိမ်မဲ့သူများနှင့်အပယ်ခံလူတန်းစားများအတွက်ကယ်ဆယ်ရေးစခန်းတစ်နေရာအဖြစ်ဆက်လက်တည်ရှိကာရာပေါင်းများစွာသောသူတို့သည်ကျေနပ် အားရမှုရှိသောအသုံးဝင်သောအသက်တာကိုထိုနေရာ၌တွေ့ကြသည်။
          ကိုယ်တော်တစ်ဖန်ပြန်ကြွလာတော်မူသောအချိန်၌ခရစ်တော်ကိုယုံကြည်သူတို့သည်ရှင်ပြန်ထမြောက် ကြမည်။ရာမာဘိုင်ကမိမိအသက်တာကိုပေးလှူအနစ်နာခံကာလုပ်ဆောင်ခဲ့သောကြောင့်ဝမ်းမြောက်ပျော်ရွှင်မှု ရခဲ့သည်။ အမျိုးသမီးများနှင့်ခလေးသူငယ်များလည်းရှင်ပြန်ထမြောက်လာကြသောသူမအား“မင်္ဂလာရှိ သောသူ”ဟုခေါ်ကြပေမည်။
          ရာမာဘိုင်၏အောင်မြင်မှုနှင့်သူမ၏အမှုတော်လုပ်ငန်းကလူများစွာကိုအံ့သြစေခဲ့၏။ဤကဲ့သို့ဘယ်လို ဖြစ်နိုင်ခဲ့ပါသနည်း။မိမိလူတို့ကအပယ်ခံဇာတ်နိမ့်လူတန်းစားတစ်ဦးအဖြစ်ပြုမူဆက်ဆံခံရပြီးအားအင်ချည့်နဲ့နေ သော“ဘရာမင်”အမျိုးမုဆိုးမတစ်ဦးကဘုရားသခင်နှင့်လူ့ဘောင်အသိုင်းအဝိုင်းအတွက်ဤမျှဆောက်လုပ်နိုင် ခြင်းမှာအဘယ်သို့လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သနည်း။ လျှို့ဝှက်ချက်မှာသူမ၏အသက်တာကိုခရစ်တော်ဘု ရားလက်တော်ထဲလုံးဝဆက်ကပ်အပ်နှံလိုက်သောအခါကိုယ်တော်ကအသုံးပြုတော်မူခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ကိုယ်တော်၏ခွန်အားဖြင့်စွမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
          ရာမာဘိုင်က “ကျွနု်ပ်အတွက်ဘုရားသခင်လုပ်ဆောင်ပေးသမျှကိုသင့်အတွက်လည်းကိုယ်တော်လုပ် ဆောင်ပေးတော်မူနိုင်ပါတယ်”ဟုပြောလေ့ရှိသည်။
          “အသက်တာဟာတစ်ခုတည်းပါ၊ မကြာမီပျောက်ကွယ်မှာ”
          “ခရစ်တော်အတွက်လုပ်ဆောင်တဲ့အရာသာတည်မြဲဧကန်ပါ”

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....