Sunday, 18 March 2012

ဆင်းရဲသော်လည်းလူအများကိုချမ်းသာစေသူ


ဟတ်စင်တေလာ(၁၈၃၂ - ၁၉၀၅)
         ဖခင်ပြောပြသောအကြောင်းအရာများစွာ
ကိုဟတ်စင်တေလာလေးကစိတ်၀င်စားစွာအမြဲ
နားထောင်ခဲ့ သည်။ သာအဖ ၂ ယောက်တရုတ်
ပြည်အကြောင်းပြောနေကြသည်။ သာသနာ
ပြုလုပ်ငန်းသစ်များကိုကမ်ဘာအ၀ှမ်းနေရာအနှံ့
အပြား၌စွန့်စွန့်စားစားကြိုးစားလုပ်ဆောင်နေ
ကြသော်လည်းတရုတ်ပြည်၌စီမံကိန်းမရှိသေးသောအချိ်န်ဖြစ်
သည်။ တရုတ်ပြည်၌နောက်ဆုံးသာသနာပြုခဲ့သော ဆရာကြီးသေဆုံးပြီးငါးနှစ်ကြာခဲ့သော်လည်းမည်သည့်သာသနာပြုများကိုမျှမစေလွှတ်နိုင်ခဲ့ကြချေ။ ငါးနှစ်မျှကြာ ရှိသေးသော ဟတ်စင်တေလာသည် ဤအကြောင်းကိုကြားသောအခါ “ကျွန်တော်လူကြီးဖြစ်ရင် သာသနာပြု ဆရာလုပ်ပြီး တရုတ်ပြည်ကိုသွားမယ်” ဟုပြောခဲ့သည်။

ငယ်စဉ်ဘ၀
          ဟတ်စင်တေလာကို (၁၈၃၂) ခု၊ မေလ (၂၁)၇က်နေ့တွင်အင်္ဂလန်ပြည်၌ဖွားမြင်ခဲ့၏။ သူ၏မိဘများ သည် ထူးချွန်ထက်မြက်သော ခရစ်ယာန်ချများဖြစ်ကြသည်။ သူသည်ကျန်းမာရေးအလွန်ချို့တဲ့ချုချာသော ကြောင့်နှစ်နှစ်မျှသာစာသင်ကြားခဲ့ရပြီး အသက်(၁၄)နှစ်တိုင်ကျောင်းမတက်ပဲ နေခဲ့ရ၏။ အိမ်၌သာသင်ကြား လေ့လာခဲ့၏။ သူပအသက်(၄)နှစ်မပြည့်မီဖခင်ဖြစ်ူက ဟေဗြဲအက္ခရာစကားလုံးများကိုသင်ကြားပေးခဲ့သည်။ ကျွန်ုပ်တို့သိခဲ့ကြသည့်အတို်င်းဟတ်စင်တေလာသည် ငယ်စဉ်ကလေးဘ၀ကပင်ကမ်ဘာပေါ်ရှိသာသနာပြုလုပ် ငန်းတိုင်း၌လိုအပ်မှုများကိုလုပ်ဆောင်ပေးရန်စိတ်အလွန်ပြင်းပြခဲ့သည်။

ပြောင်းလဲခြင်းနှင့်ခေါ်တော်မူသံ
          ဟတ်စင်တေလာသည် ကလေးဘ၀မှစတင်၍၀ိညာဉ်ရေးရာအသိုင်းအ၀ိုင်း၌ကြီးပြင်းခဲ့ရသည်။ အသက်(၁၄)နှစ်သားအရွယ်တွင်“အမှုပြီးပြီဟူသောေ၀စာတစ်စောင်ဖတ်ခဲ့ရ၏။ မိမိသည်အပြစ်သားဖြစ်ကြောင်း သိမြင်ပြီး ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်ခဲ့၏။
          ခရီးထွက်ရာမှပြန်လာသောမိခင်ကိုသူ၏အဖြစ်အပျက်များကိုပြောပြခဲ့၏။ မိခင်က သူမသိပြီးသားဖြစ် ကြောင်းပြောရာ၊ဟတ်စင်တေလာသည်အံ့အားသင့်စွာဖြင့်မည်ကဲ့သို့သိနေကြောင်းမေးလို်က်၏။ ဟတ်စင်တေ လာပြောင်းလဲသောနေ့တွင်သူမသည်သားနှင့်မိုင်(၇၀) (သို့မဟုတ်) (၈၀)ေ၀းသောအရပ်၌ရှိနေပြီး စိုးရိမ်မှု၀န် တာဖြစ်ကာဘုရားသခင်ထံမှသားဟတ်စင်အတွက်စိတ်ချမှုရသည့်တိုင်သူမဆုတောင်းခဲ့ပြီး ဘုရားသခင်အား ချီးမွမ်းကြောင်းပြန်ပြောပြခဲ့၏။
          ပြောင်းလဲပြီးလအနည်းငယ်အကြာတစ်ရက်သောနေ့လည်ခင်းအချိ်န်တွင်ဟတ်စင်တေလာသည် သမ္မာမကျမ်းစာကိုယူ၍အိပ်ယာကုတင်ဘေး၌ဒူးထောက်ကာစတင်ဆုတောင်းခဲ့သည်။ သူ၏အနာဂတ်အတွက် ဆုတောင်းခဲ့ပေသည်။
          “သခင်၊ ကိုယ်တော်သည်လုပ်စေလိုတဲ့အရာကိုမပြောမချင်းကျွန်တော်ဒီနေ့အခန်းထကြ မထွက်တော့ ဘူး”ဟူ၍ဆုတောင်းရာသခင်ဘုရားက“င့ါအတွက် တရုတ်ပြည်ကိုသွားလော့”ဟုပြောနေသကဲ့သို့သူခံစားမိခဲ့၏။ ထိုအချိန်မှစ၍သူ့စိတ်နှလုံးသည်တရုတ်ပြည်အပေါ်၌သာစွဲလန်းသောအာရုံရှိခဲ့ပြီး ဘုရာသခင်၏ခေါ်တော်မူသံ ကိုသံသယမဖြစ်ခဲ့တော့ချေ။
         
သာသနာပြုတစ်ဦးဖြစ်ရန်ပြင်ဆင်ခြင်း
          တရုတ်ပြည်၌(နည်းလမ်းမျိုးစုံဖြင့်)အမှုတော်ဆောင်ရန်သူ့ကိုယ်ကိုစိတ်အားထက်သန်စွာပြင်ဆင်နေ ခဲ့၏။ တရုတ်ပြည်အကြောင်းတွေ့သိနိုင်သမျှကိုစတင်လေ့လာဖတ်ရှုခဲ့၏။ ၀ိညာဉ်ရေးရာရင့်ကျက်နက်ရှိုင်းသော အသက်တာရှိရန်သူတောင့်တခဲ့ပြီးသန့်ရှင်းသော၀ိညာဉ်တော်နှင့်ပြည့်၀ရန်လည်းစတင်ဆုတောင်းခဲ့သည်။
          “ဘုရားသခင်က ကျွန်တော့်ကိုကယ်တင်ခဲ့ပြီဖြစ်၍မည်သည့်အရာကိုမဆိုဘုရားသခင်လမ်းညွှန်တော် မူသည့်အတိုင်းကိုယ်တော့်အတွက်လုပ်ဆောင်ပါ့မယ်”ဟုဂတိပဋိညာဉ်ပြုခဲ့သည်။ ဘုရားသခင်ကဆုတောင်း ချက်ကိုအဖြေပေးတော်မူပြိး သူသည်ဘုရားသခင်နှင့်ပဋိညာဉ်ပြုခဲ့သည့်အတိုင်းလုပ်ဆောင်ခဲ့သည်။
          ခက်ခဲမှုများရှိသော်လည်းလူဆရာမပါဘဲကျေးဇူးတော်အာဖြင့်ရှင်လုကာခရစ်၀င်ကျမ်းကိုတရုတ်ဘာ သာသို့ပြန်ဆုနို်င်ခဲ့ပေသည်။ သူသည်ခက်ခဲသောအလုပ်နှင့်လေကောင်းလေသန့်ရှူခြင်း၊လေ့ကျင့်ခန်းများအ တွက်မိမိကိုယ်ကိုစည်းကမ်းတကျနေထို်င်ခဲ့၏။ သူသည်ဇိမ်ခံပစ္စည်း အသုံးအဆောင်များကိုစွန့်ပယ်ပြီး အမှု တော်ဆောင်ရန် အခွင့်အလမ်းမှန်သမျှကို အရယူခဲ့သည်။
          ဖခင်၏ကုန်သည်လုပ်ငန်းကိုကူညီဆောင်ရွက်နေစဉ်အမှုတော်အတွက်အထောက်အကူရရန် လက် တင်၊ ဂရိ၊ ဓမ္မပညာနှင့်ဆေးကုသခြင်းပညာရပ်များကိုလေ့လာခဲ့၏။
          ခရစ်တော်နာမအတွက်လုပ်ဆောင်နေသောကမ်ဘာတ၀န်းရှိသာသနာပြုအဖွဲ့များနှင့်လည်းအကျွမ်းတ၀င်ရှိခဲ့သည်။ အထူးသဖြင့်တရုတ်အမျိုးသားအဖွဲ့ချုပ်(နောင်တွင်တရုတ်ပြည်ဧဝံဂေလိအဖွဲ့)နှင့်သိကျွမ်းခဲ့သည်။
          အသက်(၁၉)နှစ်သားအရွယ်တွင်ဆေးကုသခြင်းပညာကိုပိုမိုလေ့လာရန်လန်ဒန်သို့သွားခဲ့၏။ ထိုဒေသ ၌ပြင်းထန်သော၀ိညာဉ်ရေးပညတ်များကိုဖြတ်ကျော်ခဲ့ရ၏။ဆင်းရဲကျပ်တည်းမှုနှင့်ခက်ခဲမှုပြဿနာကြီးများက သူ့အားခရစ်တော်နှင့်ပိုမိုနီးကပ်စွာအသက်ရှင်စေခဲ့၏။ မိမိကိုယ်ကိုငြင်းပယ်သောအသက်တာဖြင့်ငွေ၏သုံးပုံ နှစ်ပုံ(၂/၃)ကိုခရစ်တော်အတွက်ပေးအပ်ခဲ့သည်။ ထိုအချိန်က လန်ဒန်သူနှင့်သင်ဆုံတွေ့ခဲ့ပါက “သာသနာပြု လုပ်ငန်း၌သူ့အား ဘုရားသခင်ဘယ်လိုအသုံးပြုနို်င်လိမ့်မလဲ”ဟူ၍သံသယ၀င်လိမ့်မည်။ သူ့ပုံသဏ္႑ာန်မှာပန်လှီ သေးသွယ်ခိျနဲ့သောကိုယ်ခန္ဓာနှင့်အငြိမ်းစားယူရသော(အသက်ကြီးသူ)ကဲ့သို့ဖြစ်၍လူ့သဘောအားဖြင့်ပြောရ လျှင်သာသနာပြုတစ်ဦးဖြစ်ရန်ကိုက်ညီ(အံ၀င်ဂွင်ကျ)ဖြစ်သူမဟုတ်ချေ။ သို့ရာတွင်ဘုရားသခင်၏ဂတိတော် မှာ “င့ါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်၏။” (ဖိ ၄း၁၃) ဖြစ်သည်။ ဘုရားသခင်ထံသို့ခပ်သိမ်းသောဘုန်းအသရေရောက်ရှိစိမ့်သောငှာ၊ရံဖန်ရံခါဟတ်စင်တေလာ ကဲ့သို့အာနည်းသောသူများကို အသုံးပြုတော်မူသည်။
           
လန်ဒန်မြို့၌နေစဉ်ကာလ
 ဟတ်စင်တေလာ၏ယုံကြည်ခြင်းကိုမကြာခဏစစ်ဆေးခံခဲ့ရ၏။ နေအိမ်မှသူ အလုပ်လုပ်သောဆေးရုံသို့ဘတ်စ်ကားခပေးရန်မတတ်နိိုင်သောကြောင့် သူသည်(၈)မိုင်ခရီးလမ်းလျှောက်ခဲ့ရဖူး ၏။ သူစားသောအစာမှာလည်းအနည်းငယ်မျှဖြစ်ပြီး မနက်နှင့် ညစာအတွက်ပေါင်မုန့်တစ်လုံးသာဖြစ်၏။တစ်ချိန် ၌အသည်းအသန်ရောဂါတစ်ခုဖြင့်သေဆုံးသောလူနာတစ်ဦးကိုခွဲစိတ်စစ်ဆေးခဲ့ရာမှသူ့လက်၌အဆိပ်တက်ပြီး ရုတ်တရက်ဖျားနာခဲ့၏။ သူသည်သေလုနီးပါးအခြေနေသို့ရောက်ပြီးတရုတ်ြပ်ညသည်သူ့အတွက်အိပ်မက်တစ်ခု များလားဟူ၍စဉ်းစားတွေးတောမိခဲ့၏။ သို့သော်လည်းယုံကြည်ခြင်းခိုင်မြဲခဲ့ပြီး မကြာမီပြန်လည်ကျန်းမာလာ၏။ ဤအတွေ့အကြုံများဖြင့် သူ၏ယုံကြည်ခြင်းမှာပိုမိုသန်စွမ်းလာခဲ့ပေသည်။

တရုတ်ပြည်၌ မိတ်ဆွေသုံးဦးကသူ့အားနှုတ်ဆက်ပွဲပြုလုပ်ပေးပြီးနောက်(၁၈၅၃)ခု၊စက်တင်ဘာလ၌ဟတ်စင်တေလာ သည် ကိုယ်တော်အလိုရှိရာနှင့် ရူပါရုံဖြစ်သည့်ေ၇လမ်းခရီးနှင်ခဲ့သည်။ သူသည်တရုတ်ပြည်ဧဝံဂေလိအသင်း ချုပ်ကြီး၏အုပ်ချုပ်မှုအစီအစဉ်အောက်မှသွားခြင်းဖြစ်သည်။ ရေလမ်းခရီးငါးလခွဲမျှကြာခဲ့ပြီး ဟတ်စင်အသက် (၂၂)နှစ်အရွယ်တွင်တရုတ်ပြည်၊ရှန်ဟိုင်းမြို့သို့ဆိုက်ရောက်ခဲ့၏။ ဘုရားသခင်ဂတိပေးထားတော်မူသောမြေပေါ် ၌ခြေခြခွင့်ရသောအခါ ဖော်မပြနိုင်လောက်အောင်စိတ်လှုပ်ရှားခဲ့၏။ နောက်ပိုင်းတွင်သူသည်တရုတ်ပြည်မကြီး အတွင်းသို့၀င်သည့်ဧဝံဂေလိတံခါးကိုဖွင့်မည့်သူတစ်ဦးဖြစ်ကြောင်းသိလာခဲ့၏။
          တရုတ်ပြည်သို့ခြေချမိသောအခါသူ့အားကြိုဆိုမည့်သူတစ်ဦးမျှမရှိ။ မိတ်ဆွေများလည်းမရှိခဲ့ချေ။ ရှန်ဟိုင်းမြို့သည်သူပုန်များ၏လက်အောက်၌ရှိပြီး ကုန်ဈေးနှုန်းများလည်းအလွန်ကြီးမြင့်ကြောင်းသူသိလာခဲ့၏။ လူငယ်တစ်ဦးဖြစ်သည့်သူ့အတွက်ဤအရာများသည် အားရစရာကောင်းသောအရာများမဟုတ်ချေ။ သို့ရာတွင် ဘုရားသခင်၌သူ၏ယုံကြည်ခြင်းမှာကြီးမားခိုင်ခန့်လှပေသည်။
          သူသည်တရုတ်လူမျိုးများကိုခရစ်တော်ထံပို့ဆောင်ရန်အလွန်စိတ်အားထက်သန်လျက်ရှိသည်။ ထို့ကြောင့်သူသည်အနည်းငယ်မျှသာသိသော်လည်းဧဝံဂေလိတရားဟောရန်ေ၀စာများနှင့်တကွသွားရောက် သက်သေခံခဲ့၏။ သက်သေခံဆောင်ရွက်စဉ်တရုတ်ဘာသာ“စကားလုံးအသစ်”မျာလေ့လာသဖြင့်တရုတ်ဘာ သာစကားကိုပိုမိုကျွမ်းကျင်စွာအသုံးပြုတတ်လာ၏။ သာသနာပြုများတစ်ခါမျှမရောက်သေးသောနေရာဒေသ များသို့သွားရောက်ခဲ့၏။ ထိုအချိန်ကတရုတ်ပြည်၌သူပုန်များရှိသောကြောင့်ခရီးသွားလာရန်အန္တရာယ်ကြီးမား လွန်းလှပါသည်။
          တစ်ချိ်န်၌အရပ်မြင့်ပြီးခွန်အားကြီးသောအရက်မူးသမားတစ်ဦး၏နှောက်ခြင်းခံခဲ့ရ၏။ ဟတ်စင်၏ဆံပင် ကိုဆွဲပြီးကြမ်းတမ်းစွာဆွဲလှည့်ပစ်ခြင်းကြောင့်သူ့ခမြာမေ့မြောလုမတတ်ဖြစ်ခဲ့ရ၏။ သို့ရာတွင်ခရစ်ယာန်စာပေ ဖြန်ပေ၀ခြင်းလုပ်ရန်ထိခိုက်မည်စိုး၍ပြဿနာကိုရှောင်ပြီးေ၀စာဖြန့်ေ၀ခြင်းကိုသာဆက်လက်လုပ်ဆောင်ခဲ့၏။ သူ့ကိုဆန့်ကျင်သူများကပို၍ဒေါသထွက်ကြကာအစိုးရအရာရှိတစ်ဦးထံအတင်းဆွဲခေါ်သွားခဲ့ကြ၏။ထိုအရာရှိ သည်အလွန်ကြင်နာသနားတတ်ပြီး ဟတ်စင်ထံမှဓမ္မသစ်ကျမ်းစာအုပ်ကိုလက်ခံခဲ့၏။
          ဟတ်စင်၏နှလုံးသားဆန္ဒမှာ ပြည်မကြီးရှိသတင်းကောင်းမကြားဖူးသေးသောသူများစွာထံ ဧဝံဂေလိ တရားေ၇ာက်ရှိရန်ဖြစ်၏။ “ခပ်သိမ်းသောသူတို့ကိုကယ်တင်ခြင်းအလို့ငှာ ခပ်သိမ်းသောသူတို့၌ခပ်သိမ်းသော အရာဖြစ်၏”ဟူသောရှင်ပေါလု၏ခံယူချက်အတိုင်းတရုတ်အမျိုးသား၀တ်စုံကို၀တ်ဆင်ပြီး တရုတ်လူမျိုးများနည်း တူအသက်ရှင်ခဲ့၏။အချို့သောဥရောပတိုက်သားများနှင့်သာသနာပြုဆရာများကထိုသို့လုပ်ခြင်းကိုမနှစ်သက်ကြသော်လညး်ဤနည်းဖြင့်တရုတ်ပြည်မကြီးအတွင်းသာသနာရောက်ရှိအောင်သူလုပ်ဆောင်ခဲ့၏။ သူ၏ကြိုးစားမှု ကြောင့်လအနည်းငယ်အတွင်းပထမဆုံးယုံကြည်ပြောင်းလဲလာသူတစ်ဦးအားဖြင့်ဘုရားသခင်ချီးမြှင့်ခြင်းကိုခံခဲ့ ရ၏။

ရှုပ်ထွေးသော်လည်းစိတ်မပျက်
          ဟတ်စင်အမှုတော်ဆာင်စဉ်မကြာခဏစိတ်ဓါတ်ကျရန်စုံစမ်းနှောက်ယှက်ခြင်းခံခဲ့ရ၏။ သူ၏ရှေ့အနာ ဂတ်သည်မဲမှောင်လျက်ရှိသဖြင့်“ကျွနု်ပ်၏လမ်းခရီးသည်တစ်ချိန်လျှင်ခြေတစ်လှမ်းလှမ်းရန်အမြဲရှင်းလင်းလျက်ရှိပြီးကျွန်ုပ်သည်ဘုရားသခင်ကိုမျှော်လင့်ရမည်၊ ကိုးစားရမည်၊ သို့မှသာအားလုံးကောင်းမွန်လာမည်”ဟုစာရေး ထားခဲ့၏။သူ၏သာသနာပြုလုပ်ငန်းသည် အလွန်အေးဆေးပြီး သူ့အတွက်ငွေကြေးများလည်းမှန်မှန်ရောက်ရှိ ခြင်းမရှိချေ။
          သူသည် “စန်ဂျင်(န်)”မြို့၌သာသနာပြုဆေးခန်းတစ်ခတည်ထောင်ကာထိုဆေးခန်းအားဖြင့်ထောင် ပေါင်းများစွာသောသူတို့ကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ သို့ရာတွင်ဗြိတိသျှအစိုးရကိုယ်စားလှယ်များက သူ့ အားပြည်မကြီးအတွင်းပိုင်းသို့မသွားရန်၊ အကယ်၍သွားခဲ့လျှင်ကာကွယ်ပေးမည်အဟုတ်ကြောင်းပြောခဲ့၏။ သို့ရာတွင် ဟတ်စင်သည်သူ၏အသက်အန္တရာယ်လုံခြုံရေးထက်ဧဝံဂေလိတရားမကြားသိရသေးသူများထံ ဧဝံဂေလိတရားရောက်ရှိရေးကိုပို၍အလေးထားခဲ့၏။ ခင်မင်ရင်းနှီးသောသူ၏မိတ်ဆွေများ၊သူနှင့်အတူအလုပ် လုပ်ပြီးပျောက်ဆုံး၀ိညာဉ်များအတွက်သူကဲ့သို့ပင်စိုးရိမ်ပူပန်တတ်သောအမှုတော်ဆောင်ဗီလီယန်ဗန်း(စ်)သေ ဆုံးသွားသောသတင်းကြောင့်စိတ်ပျက်စရာတွေ့ကြုံရပြန်၏။ဟတ်စင်သည်ဗီလီယန်ဗန်း(စ်)နှင့်မိတ်သဟာယ ဖွဲ့ခြင်းအားဖြင့်အထောက်အကူအကျိုးဖြစ်ထွန်းခဲ့၏။သို့ရာတွင်ဗန်း(စ်)သည် (၁၈၅၆)ခုနှစ်အတွင်းအဖမ်းဆီးခံရ ပြီးအသတ်ခံခဲ့ရ၏။
          သို့သော်လည်းဟတ်စင်အားဘုရားသခင်က ဦးဆောင်လျက်ဆရာ၀န်လုံး၀မရှိသည့်သငေ်္ဘာဆိပ်မြို့ တစ်မြို့ဖြစ်သောနင်ပိုမြို့၌စတင်အမှုတော်ဆောင်ရန်ထွက်ခဲ့၏။နင်ပိုမြို့အသွားလမ်းခရီး၌သူ့ကျွန်ကသူ၏ ဥစ္စာ ပစ္စည်းများကိုလုယက်ကာသူ့ကိုစွန့်ပစ်ထားခဲ့၏။ အစာငတ်ပြတ်မှု၊ အိပ်ရေးပျက်မှု၊ ခန္ဓာပိုင်းချို့ယွင်းမှုများ ကြောင့်အားအင်ကုန်ခန်းလျက်ရှိခ့ဲ၏။ လမ်းဘေးနား၌မေ့မျောလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းသူစွဲလန်း ခြင်း မှာဆုံးရံှုးသွားသည့်သူ့ပစ္စည်း မဟုတ်ပဲပျောက်ဆုံး၀ိညာဉ်များအတွက်ဖြစ်ပြီးထိုသူတို့အားခရစ်တော်အကြောင်း ဟောပြောခဲ့၏။ နင်ပိုမြို့၌တွေ့ဆုံခဲ့သောမာရီယာဒိုင်ရာ(Maria Dyer)နှင့်လက်ထပ်ခဲ့၏။ ဖျားနာသောသူတို့ကို အတူတကွကြည့်ရှုစောင့်ရှောက်ခဲ့ကြပြီးတရုတ်လူမျိုးများပြုလုပ်ခြင်းကြောင့်သူ့ကျန်းမာရေးထိခိုက်လာသည်။ ထို့ကြောင့်တရုတ်ပြည်၌(၇)နှစ်အမှုတော်ဆောင်ပြီးနောက်ကျန်းမာရေးအရ အင်္ဂလန်သို့ပြန်ခဲ့ရ၏။

တရုတ်ပြည်တွင်းသာသနာလုပ်ငန်း လန်ဒန်မြို့၌ဆေးပညာသင်ကြားခြင်းကိုလဲအဆုံးသတ်လေ့လာခဲ့၏။ ပြည်နယ်(၁၁)ခုရှိလူသန်း(၃၈၀) အတွက်သာသနာပြုတစ်ယောက်မျှပင်မရှိသောတရုတ်ပြည်ကိုသတိရစေရန်တရုတ်ပြည်မြေပုံကိုသူ့အိမ်နံရံ၌ ချိတ်ဆွဲထား၏။ တရုတ်ပြည်အတွက်လိုအပ်ချက်များကိုဖော်ပြသည့်ဆောင်းပါးများနှင့်လက်ကမ်းစာစောင်များ ကိုရေးသားခဲ့သည်။ ထိုပြည်နယ်(၁၁)ခုသို့သွားေ၇ာက်မည့်သာသနာပြု(၂၄)ဦးရရန်သူဆုတောင်းခဲ့၏။ (၂)၇က်မျှကြာပြီးနောက်“တရုတ်ပြည်တွင်းသာသနာလုပ်ငန်း”သည်ယုံာကည်ခြင်းအားဖြင့်မည်သို့အစ ပြုခဲ့ကြောင်းဖော်ပြခြင်းဖြစ်၏။ ဟတ်စင်က ဤအရာမှာအနည်းငယ်သောငွေကြေးဖြစ်သော်လည်း ဘုရားသခင် ၏ကတိတော်များကြောင့်ရရှိကြောင်းပြောခဲ့၏။
          ဘုရားသခင်သည် ဟတ်စင်၏ဆုတောင်းချက်ကိုအဖြေပေးတော်မူခဲ့ပြီး၊ (၁၁)လခန့်ကြာသောအခါသူ ဆုတောင်းခဲ့သောသာသနာပြု(၂၄)ဦးရရန်သူဆုတောင်းခဲ့၏။ (၂)ရက်မျှကြာပြီးနောက်“တရုတ်ပြည်တွင်းသာသ နာလုပ်ငန်း”သည်ယုံကြည်ခြင်းအားဖြင့်မည်သို့အစပြုခဲ့ကြောင်းဖော်ပြခြင်းဖြစ်၏။ ဟတ်စင်ကဲ့သို့ကျန်သာသနာ ပြုအယောက်တိုင်းသည် အာမခံချက်လစာမရှိဘဲ ဘုရားသခင်၏ကတိတော်အပေါ်၌ရပ်တည်လျက်သွားခဲ့ကြ ခြင်းဖြစ်၏။ သူတို့ဘယ်အရပ်သိို့သွားလိမ့်မည်ကိုမသိပဲလျက်ခရီးထွက်ခဲ့ကြခြင်းဖြစ်၏။ တရုတ်ပြည်၌သူတို့ကို ကြိုဆိုဧည့်ခံမည့်သူတစ်ယောက်မျှမရှိချေ။ နို်င်ငံခြားသားများကို ဆန့်ကျင်သောတိုင်းပြည်၏အတွင်းပိုင်းသို့သွား ရန်သူတို့ဆုံးဖြတ်ချက်ချပြီးသားဖြစ်ကြ၏။ သငေ်္ဘာပေါ်၌ပင်သငေ်္ဘာသား(၃၄)ယောက်အနက်အယောက်(၂၀) ကျော်ကခရစ်တော်ကိုယုံကြည်လက်ခံခဲ့၏။ဟတ်စင်တေလာက“ပင်လယ်ကိုဖြတ်ကျော်ခြင်းကသာသနာပြုဖြစ်လာရန်ဘယ်တော့မှမလုပ်ပေးနိုင်ချေ”ဟုမကြာခဏပြောလေ့ရှိခဲ့၏။ မိမိအိမ်၌ခရစ်တော်အတွက်အသုံးမ၀င်သူ သည်အခြားတိုင်းပြည်၌ကိုယ်တော်အတွက်အသုံး၀င်စေရန်မမျှော်လင့်နိုင်ချေ။

တရုတ်ပြည်သို့နောက်တစ်ကြိမ် ရှန်ဟိုင်းမြို့သို့ရောက်ရှိပြီးနောက်သူတို့၏အသက်တာများကိုစွန့်စားကာတိုင်းပြည်အတွင်းပိုင်းသို့၀င် ရောက်သွားခဲ့ကြ၏။ ငယ်ရွယ်သူဟတ်စင်တေလာသည်အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့၏။မကြာခဏဆိုသလိုပင်သူ တို့ ၌အစားအစာ(သို့)တည်းခိုစရာမရှိခဲ့ကြပေ။ သို့ရာတွင်ဘုရားသခင်အားကိုယ်တော်သည်ဖြည့်ဆည်းပေးတော်မူ ခဲ့၏။ဟတ်စင်တေလာ၏လျှို့၀ှက်ချက်သည်ရိုးသားသောကလေးသူငယ်ကဲ့သို့ယုံကြည်ခြင်းတည်နေသည်။ ယုံ ကြည်ခြင်းအားဖြင့်ကျော်လွှားအောင်မြင်ခဲ့သည့်အခက်အခဲတိုင်းမှာဘုရားသခင်၏သားဖြစ်သူအတွ်ကခွန်အား နှင့်အစာအဟာရဖြစ်၏ဟုသူပြေခဲ့ပေသည်။
          နှစ်ပေါင်း(၂၀)နီးပါးမျှကြာပြီးနောက်တရုတ်ပြည်တွင်းသာသနာလုပ်ငန်းသည်ကြီးထွားလာသဖြင့်သာသနာပြု(၂၂၅)ဦး၊ အသင်းတော်(၅၉)ပါးနှင့်ယုံကြည်သူ(၁၇၀၀)ခန့်ရှိလာခဲ့၏။ သင်တန်းပေးသည့်အိမ်များစတင်ရှိခဲ့ ပြီးထောင်ပေါင်းများစွာသောေ၀စာများနှင့်စာအုပ်များကိုဖြန့်ချိနိုင်ခဲ့သည်။ ဆုံးရှူံးမှုများလည်းရှိခဲ့၏။ ဟတ်စင် တေလာသည်သူ၏ဇနီးနှင့်ကလေး(၃)ဦးဆုံးရှုံးခဲ့သည်။ သူ၏ဇနီးဖြစ်သူသည်သူ့အသက်တာနှင့်အမှုတော်မြတ် အတွက်(၁၂)နှစ်နီးပါးမျှကူညီလုပ်ဆောင်ခဲ့ပြီးနောက်၀မ်းရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သူ့အချစ်ဆုံးသမီး ဖြစ်သူသေဆုံးချိ်န်၌“ကျွန်ုပ်တို့၏နှလုံးသားများသွေးယိုစီးခြင်းဖြစ်ရပေမဲ့ကျွန်ုပ်တို့၏ယေရှုသည်အရာခပ်သိမ်း ကိုကောင်းမွန်စွာလုပ်ဆောင်တော်မူသည်ဟူသောအချက်ကကျန်အရာများထက်ပို၍ပေါ်လွင်ရပေမည်။” ဟု သူရေးသားခဲ့၏။
          သူ၏ဇနီးဖြစ်သူသေဆုံးချိ်န်၌“တစ်ဦးတည်းမဟုတ်ပါ၊ အကြောင်းမှာဘုရားသခင်သည်ခါတိုင်းထက်ပို မို နီးကပ်စွာရှိတော်မူသည်”ဟုသူရေးသားခဲ့၏။ဤသို့အားဖြင့်အသက်တာ၏ဆုံးရှုံးမှုများအားလုံးကိုသူရင်ဆိုင်ခဲ့၏။
          ဟတ်စင်တေလာသည် အရပ်ရပ်ရှိလူတို့အားတရုတ်ပြည်၏လိုအပ်ချက်များကိုပြောပြခဲ့၏။သို့ရာတွင်ငွေ ကြေးကိုဘယ်သောအခါမျှမတောင်းခံခဲ့ချေ။အမှုတော်ဆောင်များ(သို့)ငွေကြေးလိုအပ်သောအခါတိုင်းဘုရားသခင်ထံတော်၌သာအသနားတော်ခံခဲ့ပေသည်။တရုတ်ပြည်တွင်းသာသနာလုပ်ငန်းအတွက်အလှူငွေယူရန်ဘယ် သောအခါမျှခွင့်မပြုခဲ့ချေ။ ဤမချက်သည်အမှုတော်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ရန်နည်းဥပဒေဖြစ်ခဲ့သည်။

တရုတ်ပြည်သာအစဉ်အမြဲ    
 ဟတ်စင်တေလာသည် အင်္ဂလန်ပြည်သို့အကြိမ်များစွာပြန်သွားသော်လည်းတရုတ်ပြည်သို့သာအမြဲ ပြန် ရောက်ခဲ့၏။ ထပ်မံအိမ်ထောင်ပြုပြီးတရုတ်ပြည်ရှိမြို့တိုင်းကိုခရစ်တော်အတွက်တောင်းဆိုရန်စိတ်ပြဋ္ဌာန်းခဲ့၏။
ကျောရိုးထိခိုက်ဒဏ်ရာကြောင့်သူသည်လပေါင်းများစွာအိပ်ယာထဲလဲလျောင်းနေခဲ့ရ၏။ထိုနေ့ရက်ကာလများအတွင်းဘုရားသခင်ကသူ့အားတရုတ်ပြည်၏လိုအပ်ချက်များနှင့်ဆိုင်သည့်သာ၍ကြီးသောရူပါရုံများပေးတော်မူခဲ့၏။သူပြန်လည်ကျန်းမာလာပြီးသူ၏ဇနီးသည်နှင့်အတူအမေရိကန်ပြည်၊ကနေဒါနို်င်ငံ၊သြစတေးလျနှင့်တောင်အမေ ရိကနို်င်ငံများသို့ခရီးထွက်ကာတရုတ်ပြည်၏လိုအပ်ချက်ကြီးများကိုပြောပြခဲ့၏။သို့ရာတွင်ငွေကြေးကိုဘယ်သော အခါမှမတောင်းဆိုခဲ့ချေ။ (၁၉၀၀)ခုနှစ်၊သူအင်္ဂလန်ပြည်၌ရှိစဉ်သူ၏သာသနာလုပ်ငန်းမိသားစုများမှလူ(၇၉)ဦး ရက်စက်စွာအသတ်ခံရကြောင်းကြားခဲ့ရ၏။ ထိုအထဲတွင်သာသာပြုများ၏သားသမီးငယ်(၂၀)ဦးလည်းပါ၀င်ခဲ့ သည်။(၄)နှစ်ကြာပြီးနောက်သူ၏ဒုတိယဇနီးသည်ကိုဆုံးရှုံးးခဲ့ရ၏။
          အင်္ဂလန်ပြည်တွင်ဟတ်စင်တေလာမနေထိုင်နိုင်ခဲ့ချေ။ ထို့ကြောင့်(၁၉၀၅)ခုနှစ်တွင် အင်္ဂလန်ပြည်မှ တရုတ်ပြည်သို့သူ၏တစ်ဆယ့်တစ်ကြိမ်မြောက်နှင့်နောက်ဆုံးအကြိမ်ခရီးစဉ်ကိုအစပြုခဲ့၏။တရုတ်ပြည်၌သူ့ အားခမ်းနားကြီးကျယ်စွာကြိုဆိုခံခဲ့ရပြီးဧဝံဂေလိတရားအတွက်တံခါးဖွင့်ရန်နောက်ဆုံးဖွင့်ရန်နောက်ဆုံးပြည် နယ်တစ်ခု၏မြို့တော်“ချန်ရှာ (Changsha)” သို့သွားရောက်ခဲ့၏။ထိုအရပ်သို့ရောက်ပြီးမကြာမီပင်ဘုရားသခင် ၏လူ(ဟတ်စင်တေလာ) သည်သူ၏ဘုရားသခင်နှင့်အတူရှိရန်သွားရောက်ခဲ့ပါတော့သည်။
          သူသေဆုံးချိ်န်၌တရုတ်ပြည်တွင်းသာသနာလုပ်ငန်း၌သာသနာပြု(၈၄၉)ဦးရှိခဲ့ပြီး၊ ကွန်မြူနစ်များက တရုတ်ပြည်ကိုသိမ်းပိုက်ချိန်တိုင်အောင်သာသနာလုပ်ငန်းကိုတရုတ်ပြည်၌လုပ်ဆောင်နေခဲ့၏။ ဟတ်စင်တေ လာသည်ဤလောကကြီး၏စည်းစိမ်ဥစ္စာများ၌အမှန်တကယ်ဆင်းရဲသော်လည်းလူများစွာကိုချမ်းသာစေခဲ့၏။ လျှို့သှက်ချက်မှာ - အသက်ရှင်သောဘုရားသခင်နှင့်နှုတ်ကပတ်တော်၌သူယုံကြည်ကိုးစားခဲ့ခြင်းဟူသောအ ချက်ပင်ဖြစ်၏။ ဘုရားသခင်သည်နှုတ်ကပတ်တော်၌ကတိထားတော်မူသည့်အတိုင်းလုပ်ဆောင်တော်မူ
လိမ့်မည်ဟုသယုံကြည်ခဲ့၏။“ယုံကြည်ခြင်းက မဖြစ်နို်င်တာတွေကို ၇ယ်မောပြီး နာခံမှုက မေးခွန်းများမထုတ် ချေ” ဟူ၍သူပြောလေ့ရှိခဲ့ပေသည်။
         

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....