Sunday, 18 March 2012

လမ်းကြောင်းရှာတွေ့သူ


ဒေးဗစ်လစ်ဗင်းစတုန်း (David Livingstone)(၁၈၁၃ - ၁၈၇၃)
          “အမေ ဒါကျွန်တော်တစ်ပါတ်အတွင်းရှာနိုင်ခဲ့တဲ့အရာပဲ” ဟုဒေးဗစ်သည်သူ့မိခင်ပေါင်ပေါ်ငွေအနည်း တင်လျက်စိတ်ထက်သန်စွာပြောခဲ့၏။ မိသားစုဆင်းရဲမှုဒဏ်မှလွတ်ရန်သွေအချို့ကိုသူလုပ်ကိုင်ရှာဖွေနိုင်ခဲ့သည့် အတွက်စိတ်တက်ကြွလျှက်ရှိ၏။ ကြင်နာသောမိခင်က “ဒါနဲ့သားဘာလုပ်ချင်သလဲ”ဟုမေးလိုက်၏။သူက“အမေ ခွင့်ပြုမယ်ဆိုရင်လက်တင်သဒ္ဒါစာအုပ်တစ်အုပ်ကျွန်တော်ဝယ်ချင်ပါတယ်” ဟုမဝံ့မရဲပြန်ပြောခဲ့၏။ ဆင်းရဲမှု ကြောင့်ကျောင်းမနေနိုင်သော်လည်းပညာရှာရန်သူစိတ်အားထက်သန်ခဲ့၏။

ငယ်စဉ်ဘဝ
          ဒေးဗစ်လစ်ဗင်းစတုန်းကို ၁၈၁၃ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင်စကော့တလန်ပြည်၌မွေးဖွားခဲ့၏။ သူ့မိဘများမှာစိတ်အားထက်သန်သောခရစ်ယာန်များဖြစ်ကြ၏။ သူငယ်စဉ်ကပင်မိဘများထံမှခရစ်ယာန်အ သက်ရှင်မှုသင်ခန်းစာများကိုရရှိခဲ့၏။ သူသည်ကျမ်းစာကိုစိတ်ထက်သန်စွာလေ့လာပြီးအသက်(၉)နှစ်အရွယ်၌ ဆာလံကျမ်းအခန်းကြီး(၁၁၉)တစ်ခန်းလုံးကိုအလွတ်ရွတ်ဆိုနိုင်ခဲ့၏။ကျွန်ုပ်တို့သိခဲ့ပြီးဖြစ်တဲ့အတိုင်းဆင်းရဲလွန်း ၍သူကျောင်းမတက်နိုင်ခဲ့ချေ။ အသက်(၁၀)နှစ်အရွယ်တွင်ချည်စက်တစ်ခု၌အလုပ်လုပ်ရန်သွားခဲ့၏။မနက်(၆) နာရီမှ ည(၈)နာရီအထိအလုပ်လုပ်ခဲ့ရ၏။ သူအလုပ်လုပ်စဉ်လက်တင်စာအုပ်ကိုသူ့အနီး၌ဖွင့်ထားပြီးလေ့လာခဲ့ ၏။ ထို့်နောက်အိမ်ပြန်ရောက်၍ပင်ပန်းသော်လည်း ညသန်းခေါင်တိုင်စာကိုလေ့လာခဲ့၏။
          သူ၏ကြိုးစားမှုကြောင့်လက်တင်ဘာသာစကားကောင်းစွာတတ်ကျွမ်းခဲ့ပြီး သိပ္ပံပညာကိုစတင်လေ့လာ ခဲ့၏။ အလုပ်ကိုကောင်းမွန်စွာလုပ်ကာအရည်အချင်းပြည့်ဝသောကြောင့်စက်ရုံ၌ရာထူးတိုးမြှင့်ခံရပြီးလစာလည်း များများရခဲ့၏။ ဤသို့ဖြင့်နွေရာသီ၌အလုပ်လုပ်ပြီး၊ ဆောင်းရာသီ၌ဂရိဘာသာစကားနှင့်ဆေးပညာကိုလေ့လာ နိုင်ခဲ့၏။  နွေရာသီ၌အလုပ်လုပ်လျက်သီသြလော်ဂျီပညာကိုလေ့လာခဲ့၏။ သူ့ပညာရေးအတွက်မည်သူတစ်ဦး တစ်ယောက်ထံမျှအကူအညီမရခဲ့ချေ။ ဤပင်ပန်းခက်ခဲသောအချိန်များကလာမည့်သူပအသက်တာအတွက် ပြင်ဆင်လေ့ကျင့်ပေးခဲ့၏။
          သူ့၌ကစားချိန်မရှိခဲ့ပဲ၊ သူ့အိမ်အနီး၌စီးဆင်းနေသောမြစ်အနီးတွင်လမ်းလျှောက်ရခြင်းကိုသူနှစ်သက်ခဲ့ ၏။ငှက်ကလေးများ၊ ပန်းပွင့်များနှင့်ကျောက်တုံးများစသည့်သဘာဝပတ်ဝန်းကျင်ကိုအနီးကပ်လေ့လာကြည့်ရှု သူတစ်ဦးဖြစ်၏။ခရီးသွားမှတ်တမ်းစာအုပ်များကိုဖတ်ရှုရန်သူနှစ်သက်မြတ်နိုးခဲ့၏။ သို့ရာတွင်သမ္မာကျမ်းစာကို အလွန်ဖတ်ရှုခဲ့၏။ သမ္မာကျမ်းစာကိုချစ်မြတ်နိုးခြင်းစိတ်ကနောင်တွင်သမ္မာကျမ်းစာသာလျှင်သူ့အဖော်မွန်ဖြစ်၍ အသက်တာကိုများစွာအထောက်အကူဖြစ်စေခဲ့၏။
         
အာဖရိကတိုက်သို့ခေါ်တော်မူခြင်း          အသက်(၂၀)တွင်ခရစ်တော်ကိုသူ၏ကယ်တင်ရှင်အဖြစ်လက်ခံပြီးအခြားတိုင်းနိုင်ငံများ၌သာသနာပြု တစ်ဦးဖြစ်လာရန်ဆက်ကပ်အပ်နှံခဲ့၏။ ဂျာမန်သာသနာပြုတစ်ဦးကတရုတ်ပြည်၌ဆေးကုသပေးကာသာသနာ ပြုမည့်သူများလိုအပ်ကြောင်းသူ့ထံစာရေးသားခဲ့သောကြောင့်ဆေးပညာရပ်များလေ့လာခဲ့ပြီးတရုတ်ပြည်သို့ သွားရောက်အမှုတော်ဆောင်ရန်လစ်ဗင်းစတုန်းဆုံးဖြတ်ခဲ့သည်။ ဆေးပညာရပ်များကို(၂)ျနှစ်မျှလေ့လာပြီး တရုတ်ပြည်သို့သွားရန်စီစဉ်ခဲ့သည်။ သို့ရာတွင်ဘုရားသခင်၌သူ့အတွက်အခြားသောအကြံအစည်တော်များရှိခဲ့ ၏။ဘုရားသခင်လက်တော်ထဲသို့အပ်နှံသောမိမိတို့၏အကြံအစည်များကလောကီအရာများအတွက်မဟုတ်လျှင် ဘုရားသခင်၏အလိုတော်ပြည့်စုံလာပေမည်။ တရုတ်ပြည်၌စစ်ဖြစ်ခြင်းကြောင့်လစ်ဗင်းစတုန်းသည် တရုတ်ပြည် သို့မသွားရောက်နိုင်ခဲ့ချေ။
          ဘုရားသခင်၏လမ်းပြပဲ့ပြင်မှုကိုစောင့်စားနေစဉ်အာဖရိကတိုက်၌သာသနာပြုနေသောသူရောဘတ်မို ဖက်သည်အင်္ဂလန်ပြည်သို့ရောက်လာပြီးအာဖရိကတိုက်၏လိုအပ်ချက်များကိုပြောခဲ့၏။လစ်ဗင်းစတုန်းသည်သူ နှင့်စကားပြောခဲ့၏။ မိုဖက်က“လောက၌မျှော်လင့်ချက်မရှိသူ၊ ဘုရားသခင်ကိုမသိသူ၊ ခရစ်တော်ကိုမရရှိသူများ ၏ရွာပေါင်းတစ်ထောင်ကျော်ကိုကျွနု်ပ်မြင်ပ်သည်။” ဟူသောအချက်ကလစ်ဗင်းစတုန်းကိုအာဖရိကတိုက်သို့ သွားရန်ဆုံးဖြတ်စေခဲ့ပါသည်။ ကြယ်များကိုလေ့လာကြည့်ရှုခြင်းအားဖြင့်ခရီးလမ်းကြောင်းကိုရှာဖွေရကြောင်းသူ လေ့လာခဲ့၏။ ဤအရာကနောင်တွင်အလွန်မဲမှောင်သည့်တောအုပ်ကြီးအတွင်းခရီးလမ်းကြောင်းများရှာဖွေရန်အ သုံးဝင်ခဲ့သည်။

မဲမှောင်သောအာဖရိကတိုက်ကြီးပေါ်၌          ကိတ်တောင်းအရပ်မှရောဘတ်မိုဖက်အမှုတော်ဆောင်သည့်ကုဂုမန်အရပ်သို့ရောက်ရန်နွားလှည်းဖြင့် မိုင်(၇၀၀)ခန့်ခရီးပြုခဲ့ရ၏။သူ့အားဘုရားသခင်လုပ်ဆောင်စေလိုသောကြီးမားသည့်အမှုတော်ကိုသူနားလည်သ ဘောပေါက်လာခဲ့၏။ ဧဝံဂေလိတရားအတွက်တံခါးဖွင့်ရန်မည်သူမျှမသွားရောက်ခဲ့ဖူးသည့်အာဖရိကတိုက်အ လယ်ဗဟိုသို့သွားရောက်ရန်သူဆန္ဒရှိခဲ့၏။အခြားမည်သူမျှမလုပ်ဖူးသောအလုပ်ကိုသူ့အားဘုရားသခင်ခိုင်းစေ ကြောင်းယုံကြည်ခဲ့၏။ အာဖရိကတိုက်တောနက်ကြီးအတွင်းပိုင်း၌နေထိုင်ပြီးဧဝံဂေလိတရားမကြားသိရသေး သူများစွာရှိသည့်အတွက်လုပ်ဆောင်ရမည်ဖြစ်သည်။

ခြင်္သေ့များလိုက်ဖမ်းခြင်း
          လစ်ဗင်းစတုန်းသည် လှပသောမက်ဘေ့ာဆာချိုင့်ဝှမ်းအရပ်ကိုတွေ့ပြီးထိုအရပ်၌(၃)နှစ်မျှနေထိုင်ရန် ရွေးချယ်ခဲ့၏။ ရောဘတ်မိုဖက်၏သမီးဖြစ်သူမေရီမိုဖက်နှင့်လက်ထပ်ခဲ့၏။ မက်ဘော့ဆာအရပ်၌လူနှင့်ကျွဲနွား များကိုကိုက်သတ်ကာဒုက္ခပေးနေသော ခြင်္သေ့များစွာရှိသည်။ ခြင်္သေ့များကိုဖယ်ရှားရန်လာရောက်အကူအညီ တောင်းကြသည်။ခြင်္သေ့တစ်ကောင်သတ်နိုင်လျှင်အခြားခြင်္သေ့များလည်းထွက်ပြေးကြမည်ကိုသူသိသော ကြောင့်အာဖရိကလူအချို့ကိုခေါ်ပြီးခြင်္သေ့ဖမ်း(အမဲလိုက်)ထွက်ခဲ့သြ၏။ သူပစ်လိုက်၍ထိသွားသောခြင်္သေ့ကသူ့ အပေါ်ခုန်အုပ်ကာသူ့ပခုံးကိုကုတ်ဖြဲတော့၏။ သူနှင့်အတူပါလာသောသူများကထိုခြင်္သေ့ကိုသေအောင်သတ်ပစ် လိုက်ကြ၏။ ခြင်္သေ့ကုတ်ဖဲ့သည့်ဒဏ်ရာပြင်းထန်ပြီးအနာပျောက်ရန်အချိန်အတော်ကြာခဲ့၏။ သူပလက်မောင်းမ စွမ်းမသန်ဖြစ်ရပြီး အမာရွတ်များမှာသေရာပါခဲ့၏။ သို့ရာတွင်ထိုအမာရွတ်များက နောင်အခါသူ၏ကိုယ်ခန္ဓာဖြစ် ကြောင်းမှတ်မိစေမည့်အမှတ်အသားဖြစ်ခဲ့၏။ ထိုအရပ်မှအာဖရိကလူမျိုးများစွာခရစ်တော်ကိုယုံကြည်လက်ခံခဲ့ ပြီးလစ်ဗင်းစတုန်းလည်းထိုအရပ်၌ကောင်းစွာနေထိုင်နိုင်ခဲ့၏။

မြောက်ပိုင်းသို့ရွှေ့ပြောင်းခြင်း
          ရေရှားပါးသောကြောင့်ထိုအရပ်၌အစာရေစာခေါင်းပါးခြင်းကပ်ကျရောက်ခဲ့၏။
အခြားလူများကဲ့သို့လစ်ဗင်းစတုန်းလည်းတစ်ခါတစ်ရံနှံကောင်နှင့် ဖားများကိုစားသောက်ခဲ့ရ၏။ မြောက်ပိုင်းအ ရပ်ဒေသတစ်ခုသို့ရွှေ့ပြောင်းရန်သူရှာဖွေလျက်ရှိ၏။ ယခင်ကမဖြတ်ကျော်ဖူးသောကြီးမားကျယ်ပြန့်သောသဲ ကန္တာရကိုဖြတ်ကျော်ရန်ရှိကြောင်းသူကြားခဲ့ရ၏။ ကန္တာရသည်မိုင်(၃၀၀)ခန့်ရှိသည်။ ထိုသဲကန္တာရကိုကျော်ဖြတ် ရန်ခရီးအစပြုခဲ့ပြီး မကြာခဏရေဆာငတ်၏။ တစ်ကြိမ်၌ထိုအရပ်နေသည့်“ခြုံထူသောအရပ်သား”ဟုခေါ်သော လူတစ်ဦးကရေးလာပေးခဲ့၏။ ထိုရေသည် ငှက်ကုလားအုပ်ဥထဲ၌သိုထားပြီးသဲထဲ၌နှစ်မြုပ်ကာသိမ်းဆည်းထား သောရေဖြစ်၏။ နောက်ဆုံးငမ်မီရေအိုင်ကြီးရှိရာသို့သူရောက်ခဲ့၏။ ထိုအိုင်ကြီးမှာပထဝီဝင်သဘောအရဥရောပ တိုက်သားများထဲ့မှသူပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။
          တောင်အာဖရှကတိုက်တွင်အခြေစိုက်နေထိုင်ကာကျွန်ကုန်ကူးလျက်ရှိသည့်ဒတ်ချ်လူမျိုးများနှင့် အယူ သည်းသည့်ဒေသခ့လူမျိုးများ၏အန္တရာယ်အသွယ်သွယ်ကြားမှခရီးပြုရွှေ့ပြောင်းခဲ့၏။ဒတ်ချ်ကျွန်ကုန်ကူးခြင်းကို တားဆီးသဖြင့်သူအားမုန်းတီးနေသောဒတ်ချ်လူမျိုးများသူ၏ အဝတ်အစားများ၊ အိမ်ထောင်ပရိဘောဂများကို လုယက်သယ်ဆောင်သွားပြီး စာအုပ်များနှင့်ဆေးများကိုဖျက်ဆီးပစ်ခဲ့ကြသည်။ သို့ရာတွင်ဆက်လက်ခရီးပြုခဲ့ ရာအာဖရိကတိုက်အလယ်ဗဟိုရှိဇမ်ဘက်ဇီမြစ်ကိုတွေ့ရှိခဲ့သည်။ ထိုနေရာ၌အသက်အန္တရာယ်ထိခိုက်စေသော ငှက်ဖျားရောဂါဖြစ်ပွားလျက်ရှိသဖြင့် အခြေချနေထိုင်အလုပ်လုပ်ရန်မတတ်စွမ်းနိုင်ခဲ့ချေ။

တစ်ဦးတည်းခရီးပြုခြင်း
          ဆက်လက်၍ခရီးထွက်လျှင်ဇနီးနှင့်သားသမီးများအတွက်အလွန်အန္တရာယ်ရှိသောကြောင့်သူတို့ကို အင်္ဂလန်ပြည်သို့ပြန်ပို့ပြီး တစ်ဦးတည်းခရီးဆက်ခဲ့၏။ ခရစ်တော်နှင့်အတူကိုယ်တော်အတွက်သာအစေခံဆက် ကပ်လိုသည့်နှိုးဆော်မှုကြောင့်အာဖရိကတိုက်တောနက်ကြီးများထဲသို့သူတစ်ဦးတည်းဆက်လက်တိုးဝင်ခရီးပြု ခဲ့၏။ အာဖရိကတိုက်အလယ်ဗဟိုကိုဖြတ်ကျော်လျက်အရှေ့မှအနောက်ဘက်သို့ခရီးပြုရန်(၁၈၅၅)ခုနှစ်မှ (၁၈၅၆)အတွင်းနယ်မြေရှာဖွေမှုခရီးစဉ်ပြုလုပ်ခဲ့၏။သူ့ခရီးစဉ်အတွင်းလူဖြူတစ်ဦးကိုတစ်ခါမျှမမြင်ဖူးသေးသော အာဖရိကလူမျိုးများစွာကိုတွေ့ဆုံခဲ့ရ၏။ သူ၌ချစ်ခြင်းမေတ္တာနှင့်သနားခြင်းကရုဏာစိတ်သဘောရှိသောကြောင့် အာဖရိကတိုင်းရင်းသားများ ၏ရင်းနှီးချစ်ခင်မှုကိုရရှိခဲ့၏။ သူတို့အကြား၌နေထိုင်စဉ်ကာလ၌ဟောပြောသက် သေခံကာဆေးဝါးကုသအကူအညီပေးခဲ့၏။
          အချို့သောလူမျိုးစုများက သူ့အားရိုင်းပျစွာဆက်ဆံခဲ့ပြီးတစ်ခါတစ်ရံ အသက်အန္တရာယ်ပင်ကြုံတွေ့ခဲ့ ရ၏။

ကျွန်ကုန်ကူးခြင်း         ဤခရီးစဉ်၌ကျွန်ကုန်ကုူးခြင်း၏ကြောက်မက်ဖွယ်ဆိုးကျိုးများကိုလစ်ဗင်းစတုန်းမမျှော်လင့်ပြတွေ့ခဲ့ရ၏။ ရွာများကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးရွာသားများကိုနှိမ်နှင်းကာယောင်္ကျား၊မိန်းမ၊ခလေးသူငယ်များကို ကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ရွာကိုမီးရှို့ခဲ့ပြီးသူတို့၏လယ်ပင်း၌ကြီးမားသည့်သစ်တုံးများဖြင့်ချည် နှောင်ကာတောနက်ကြီးများအတိုင်းလမ်းလျှောက်စေ၏။ လမ်းခရီး၌ဒဏ်ရာရသူ၊ ဖျားနာသူများကိုသေဆုံးစေ ရန်ထားပစ်ခဲ့၏။ တောတွင်းလူ့အရိုးချောင်းများပြန့်ကြဲနေသည်ကိုမကြာခဏတွေ့မြင်ရ၏။စည်ပင်ကြွယ်ဝသော ရွာသူကြီးများလည်းကျူးကျော်တိုက်ခိုက်ခံရပြီးနောက်ပိုင်းခြောက်ခြောက်သွေ့သွေ့ဖြစ်ခဲ့ရ၏။ ဤအချက်ကလစ် ဗင်းစတုန်း၏စိတ်နှလုံးကိုထိခိုက်စေခဲ့၏။ ဤအရာကို“အာဖရိက၏ဟင်းလင်းပြင်အနာ”ဟုခေါ်ခဲ့ပြီးအမြစ်မှုနှုတ် ပစ်ရန်သံဓိဠာန်ချခဲ့၏။ ဆုံးဖြတ်ချက်အောင်မြင်ရန်နှင့်အာဖရိကတောနက်အတွင်းပိုင်းအရပ်များ၌“လမ်းကို ရှာတွေ့သူ”အဖြစ်သူခံယူ၏။တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားကျွန်ကုန်ကူးသူဟုထင်မှတ်ကာ အန္တရာယ်ပြုရန်ပင်ကြိုးစားခဲ့သေး၏။

ခက်ခဲမှုများ 
လစ်ဗင်းစတုန်းအားဖြင့်ခရစ်တော်ကိုပထမဆုံးယုံကြည်လက်ခံပြောင်းလဲလာသည့်အာဖရိကအကြီးအကဲတစ်ဦးကသူ့အားဤသို့မေးဖူးခဲ့၏။ “ဒီအကြောင်းတွေကိုသင့်တိုင်းပြည်မှလူတွေကအရင်ဘာဖြစ်လို့လာမ ပြောတာလဲ။ ကျွန်တော်တို့ဘိုးဘေးတွေလည်းခင်ဗျားပြောပြတာတွေကိုတစ်ယောက်မျှမကြားခဲ့ရပဲသေဆုံးကုန် ခဲ့ပြီ၊ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။”ဤမေးခွန်းကသူ့အသက်တာအားများစွာလွှမ်းမိုးသက်ရောက်ခဲ့ပြီး အာဖရိက တောနက်ပိုင်းရှိရာပေါင်းများစွာသောလူမျိုးစုများဧဝံဂေလိတရားများကြားရမည့်လမ်းကြောင်းပေါ်သို့သူ့အားအမြဲ တစေတွန်းပို့လျက်ရှိ၏။ သို့ရာတွင်ဤကိစ္စသည်မလွယ်ကူချေ။ သူ့အဝတ်အစားများစုတ်ပြတ်သတ်ကာသူ့ခြေ ထောက်များလည်း(အရည်ကြည်ဖုများ) ဖြင့်ဖူးရောင်နေတော့၏။သူ့ခန္ဒာကိုယ်ရှိအနာများကြောင့်နာကျင်စွာေ၀ ဒနာခံစားရ၏။ တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားအစားအစာမရောင်း၍အစာငတ်ခဲ့ရသောအချိန် များလည်းရှိခဲ့၏။ တချို့အချိန်များ၌သစ်ပင်အမြစ်များနှင့်ငှက်စားသောအစေ့လေးများကိုစားသောက်ခဲ့ရပြီး မြေ ကြီးပေါ်အိပ်စက်ခဲ့ရ၏။ (၃၁)ကြိမ်ဖျားနာခဲ့ပြီး အရိုးပေါ်အရေတင်အခြေအနေထိဖြစ်ခဲ့၏။ အဖျားကြီးသောအချိန် များ၌သူ့မိတ်ဆွေများ၏အမည်များနှင့်နေ့ရက်များကိုပင်မမှတ်မိနိုင်ဖြစ်ခဲ့၏။သို့ရာတွင်သူ့အားမည်သည့်အရာကမျှစိတ်ဓါတ်ကျရန်မလုပ်ဆောင်နိုင်ခဲ့ချေ။ခွန်အားရရန်သမ္မာကျမ်းကိုမကြာခဏဖတ်ရှုခဲ့ပြီးသူ၏ကိုယ်ရေးမှတ် တမ်း၌“သခင်ဘုရား၌ကျွနု်ပ်ကိုကျွနု်ပ်ပြန်အားပေးရ၏။”ဟုရေးသားခဲ့၏။(၁ ရာ ၃၀း၆) ရှေ့ဆက်ရန်ပြင်ဆင်ထား သောမည်သည့်နေရာမဆိုသွားဖို့ဆန္ဒရှိသညဟြုသူပြောခဲ့ဖူးသည်။ “ကျွန်ကုန်ကူးသူများအရောက်သွားနိုင်သော နေရာသို့သာသနာပြုများကိုခရစ်တေ်ာ၏မေတ္တာတော်ကခေါ်ဆောင်မသွားနိုင်ဘဲနေမလား”ဟုစိတ်ချစွာမျှော် လင့်သည်။
ဂုဏ်ပြုခံရခြင်း          အာဖရိကတိုက်ရှိမြစ်များ၊အိုင်များကိုလစ်ဗင်းစတုန်းရှာဖွေတွေ့ရှိသဖြင့်သူ့အားလူသိများလာခဲ့၏။ ဒေသခံတိုင်းရင်းသားများက“အသံမြည်သောမီးခိုး”ဟုခေါ်ပြီးသူတို့မချဉ်းကပ်ရဲသည့်ဗစ်တိုးရီးယားရေတံခွန် ကိုသူရှာဖွေတွေ့ရှိခဲ့သည်။ သူသည်အာဖရိကတိုက်၌(၁၆)နှစ်ကြာပြီးခရီးမိုင်(၉၀၀၀)ခန့်ကိုအများအားဖြင့်ခြေ လျင်(သို့မဟုတ်)လှေဖြင့်သွားခဲ့ရ၏။ သူ၏ရှာဖွေတေ့ရှိမှုများကိုအသိအမှတ်ပြုသောအနေဖြင့်ရွှေတံဆိပ်များနှင့် ဂုဏ်ထုူးဆောင်ဘွဲ့များကိုသူ့အားပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့၏။ သူဆစာပြောဝေငှချက်များကိုနားထောင်ရန်နှင့်သူ့ အားတွေ့ဆုံရန်လူပရိတ်သတ်များစွာလာရောက်ကြသည်။ သူကိုယ်တိုင်လည်းသူ့ခရီးမာျးအကြောင်းစာအုပ်တစ် အုပ်ရေးသားခဲ့၏။
အာဖရိကတိုက်သို့နောက်တစ်ကြိမ်
          အစိုးရအရာရှိတစ်ဦးအနေဖြင့်အာဖရိကတိုက်သို့လစ်ဗင်းစတုန်းပြန်သွားခဲ့၏။ သို့သော် သာသနာပြုအ လုပ်နှင့်နယ်မြေသစ်ရှာဖွေေးအလုပ်တို့ကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိ၏။ ယခုအချိန်တွင်သူ့အားကူညီမည့်သူများ စွာရှိခဲ့သည်။ သို့သော်လည်းထိုသူများမှာတစ်ယောက်ပြီးတစ်ယောက်ဖျားနာပြီးသူ့ထံမှခွဲခွာသွားခဲ့၏။ ဤနေရာ သစ်၌(၃)လမျှနေပြီးနောက်သူ့ဇနီးသည်လည်းဖျားနာဝေဒနာဖြင့်အသက်ဆုံးပါးခဲ့၏။ သူမအားသစ်ပင်တစ်ပင် အောက်၌သင်္ဂြိုလ်ခဲ့၏။ ခရီးစဉ်အစပိုင်း၌ပင်အာဖရိကတိုက်၌သူ၏သမီးငယ်လေးတစ်ဦးအားသူကိုယ်တိုင် သင်္ဂြိုလ်ပေးခဲ့ရ၏။ဤအချိန်သည်သူ့အတွက်အလွန်ကြီးမားသည့်ဝန်သဖွယ်ဖြစ်ခဲ့၏။ “ဤလေးလံသောရိုက်ခတ် ချက်ကကျွန်ုပ်ကိုစိတ်ပျက်စေပြီး အရှုံးခံရန်လုပ်ဆောင်နိုင်မည်မဟုတ်၊ ဘုရားသခင်၌ကျွနု်ပ်ကိုယ်ကျွနု်ပ်အား ပေးပြီးရှေ့သို့ဆက်သွားမည်”ဟူ၍ဖြစ်၏။
          သူ့အသက်တာအတွက်အန္တရာယ်များလည်းရှိခဲ့၏။တစ်ကြိမ်တွင်ကြံ့တစ်ကောင်အရှိန်ဖြင့်ပြေးလာပြီး သူ့အနားရောက်သောအခါရုတ်တရက်ရပ်တန့်သွား၏။ ဤအရာကားဘုရားသခင်ကာကွယ်ပေးခြင်းပေတည်း။ နောက်တစ်ကြိမ်တွင် အာဖရိကလူမျိုးတစ်ဦးက (၁၀)ကိုက်ခန့်အကွာမှလှံဖြင့်ပစ်ပေါက်လိုက်ရာသူ့လည်ပင်းနား မှဖြတ်ကာသစ်ပင်တစ်ပင်၌စိုက်သွား၏။ဘုရားသခင်သည်သူနှင့်အတူတစ်ချိန်လုံးရှိတော်မူ၏။ သူပြောသကဲ့သို့ ပင်အလုပ်ပြီးသည့်တိုင်အောင်သူ့အသက်တာသည်အံ့သြဖွယ်ဖြစ်ခဲ့၏။
       သူ့အားအရာရှိအဖြစ်ခန့်အပ်စေလွှတ်ခဲ့သောဗြိတိသျှအစိုးရသည်ကျွန်ကုန်သည်များ၏လွှမ်းမိုးမှုခံရကာ သူ့အားလစာရပ်ဆိုင်းခဲ့၏။သူသည်အင်္ဂလန်ပြည်ပြန်ရန်ရှိခဲ့၏။ သို့သော်မကြာမီပင်ဘုရားသခင်သည်သူ့မိတ်ဆွေ များ၏ထောက်ပံ့ခြင်းအားဖြင့်အခြားလမ်းကြောင်းဖွင့်ပေးလိုက်ခြင်းကြောင့် လစ်ဗစ်စတုန်းအင်္ဂလန်ပြည်သို့ဘယ် တော့မှပြန်မသွားခဲ့တော့ချေ။
နောက်ဆုံးခရီးထွက်ခြင်း
       အာဖရိကတိုက်အလယ်ပိုင်းသို့လစ်ဗင်းစတုန်းထပ်မံသွားရောက်ခဲ့၏။ယခုသူသည်အသက်(၆၀)အရွယ် ရှိပြီ။သူ၏တောတွင်းခရီးပြုခဲ့သည့်နှစ်များကိုကြည့်လျှင်သူ့အစေခံကျွန်များ၏သစ္စာမရှိမှုများဖြင့်ပြည့်လျက်နေ၏။ သူ့ကိုပို့ပေးသောအရာများနှင့်စာများလည်းအခိုးခံရ၏။သူပိုင်စ္စည်းအချို့ကိုအာရပ်ကုန်သည်တစ်ဦးထံအပ်နှံခဲ့ပြီး လစ်ဗင်းစတုန်းသတင်းဘာမျှမကြား၇သောအခါ ထိုသူကအားလုံးကိုရောင်းစားလိုက်၏။ ရင်းနှီးမှုမရှိသောအာဖ ရိကလူမျိုးများအကြားစားစရာနှင့်အဝတ်မရှိဘဲသူတောင်းစားတစ်ယောက်ကဲ့သို့လစ်ဗင်းစတုန်းနေထိုင်ခဲ့ရ၏။ သူရေးသောစာအားလုံးလည်းရိုင်းစိုင်းသောကျွန်ကုန်သည်များ၏ခိုးယူဖျက်ဆီးခြင်းခံခဲ့ရ၏။
          သူ့ဆေးသေတ္တာလေးပင်မကျန်တော့ချေ။ ထို့ကြောင့်သူ့ကိုယ်သူပြန်၍ဆေးမကုနိုင်တော့ချေ။အဆက် သွယ်များအားလုံးပြတ်တောက်ကုန်၏။ သူသေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင်ဘုရားသခင်သည်ဒေးဗစ်လစ် ဗင်းစတုန်းကိုမမေ့ခဲ့ချေ။
          နယူးရော့်ခ်စေတမန်စာစောင်၏အယ်ဒီတာအမေရိကန်သတင်းစာတည်းဖြတ်သူက လစ်ဗင်းစတုန်း သတင်းစုံစမ်းရန်ဟင်နရီစတန်လီအားစေလွှတ်ခဲ့၏။ လပေါင်းများစွာခရီးနှင်ခဲ့ပြီးနောက်စတန်လီသည် လစ်ဗင်း စတုန်းကိုယူဂျီဂျီအရပ်၌တွေ့ခဲ့၏။သူယူခဲ့သောအစားအစာနှင့်ဆေးဝါးများကလစ်ဗင်းစတုန်းကိုပြန်လည်ကျန်းမာ သန်စွမ်းစေခဲ့၏။ စတန်လီသည် လစ်ဗင်းစတုန်းနှင့်အတူလပေါင်းများစွာနေထိုင်ခဲ့၏။ ထိုလများအတွင်းခရစ် တော်နှင့်တူသောလစ်ဗင်းစတုန်း၏ အသက်တာကသူ့အတွက်စိန်ခေါ်ချက်တစ်ရပ်ဖြစ်ခဲ့၏။
          သူပြန်လာသောအခါ ဘုရားမဲ့တစ်ဦးအဖြစ်မှယုံကြည်သူတစ်ဦးဖြစ်လာခဲ့၏။ မိမိတိုင်းပြည်သို့ပြန်၍ ကျော်ကြားမှုနှင့်စည်းစိမ်ခံစားမှုရရှိရန်အတွက် လစ်ဗင်းစတုန်းကိုဖြောင့်ဖြသွေးဆောင်ရန် စတန်လီကြိုးစားခဲ့ သေး၏။ သို့ရာတွင်လစ်ဗင်းစတုန်းကအလုပ်မပြီးသေးသောကြောင့် ပြန်ရန်ငြင်းပယ်ခဲ့၏။
          တစ်နှစ်ခန့်လစ်ဗင်းစတုန်းထပ်၍ခရီးပြုခဲ့၏။ သူသည်ပို၍အားနည်းလာခဲ့၏။ သူ၌သစ္စာရှိသောအာဖရိက လူမျိုးမိတ်ဆွေအချို့ရှိပြီးသူတို့ကထမ်းစင်ဖြင့်သယ်ဆောင်ပေး၏။ မိုးကြီးစွာရွာသွန်းခဲ့ပြီး သူ့အဖျားရောဂါလည်း တိုးပွားခဲ့၏။
          သူကိုယ်ရေးရာဇဝင်မှတ်တမ်းကိုပင်ခဲယဉ်းစွာရေးခဲ့ရ၏။ အာဖရိကလူငယ်များက သူ့ကိုချစ်ခင်လျက် စောင့်ရှောက်ခဲ့ကြ၏။ သူ့အသက်နှင့်ခွန်အားလည်းတဖြည်းဖြည်းဒီရေကဲ့သို့ကျဆင်းခဲ့၏။ တဲအိမ်တစ်ခုအတွင်း ၌ထားပေးပြီးကြည့်ရှုစောင့်ရှောက်ခဲ့ကြ၏။
          (၁၈၇၃)ခုနှစ်၊ မေလ၏တစ်ခုသောနံနက်ခင်း၌သူ၏တဲထဲသို့ဝင်ကြည့်လိုက်သောအခါ အိပ်ယာကုတင် နံဘေး၌ဒူးထောက်လျက်ခေါင်းအုံးပေါ်တွင်လက်ထောက်ကာဆုတောင်းသည့်အနေအထားဖြင့်အသက်ဆုံး လျက်ရှိကြောင်းတွေ့မြင်ခဲ့ရကြရသည်။ ဤဆုတောင်းသည့်အနေအထာဖြင့်သူ့ကိုတွေ့ရသည်မှာ သံသယဖြစ်စ ရာမလိုပေ။သေသည့်တိုင်အောင်အာဖရိကတိုက်ရှိပျောက်ဆုံးဝိညာဉ်မျာအတွက်သူဆုတောင်းနေခဲ့ပေလိမ့်မည်။
          သစ္စာရှိသောအာဖရိကလူမျိုးများက သူ့နှလုံးကိုအာဖရိကတိုက်၌မြှုပ်နှံပြီးအလောင်းကိုမိုင်(၉၀၀)ခန့် ဝေးသောကမ်းခြေသို့သယ်ဆောင်ခဲ့ကြ၏။ အမွှေးရနံ့များလိမ်းကျံပြီးနောက်အင်္ဂလန်ပြည်သို့သယ်ယူခဲ့ကြ၏။ ခြင်္သေ့ကုတ်ဖဲ့သောကြောင့်ရခဲ့သည့်အမာရွတ်အားဖြင့် သူ့အားလစ်ဗင်းစတုန်းဖြစ်ကြောင်းထင်ရှားသိသာစေ ခဲ့၏။အင်္ဂလန်ပြည်ရှိကျော်ကြားသူမျာနှင့်လူဂုဏ်တန်များကိုသင်္ဂြိုသောဝက်မင်စတာဘုရားရှိခိုးကျောင်းဝင်း၌ လစ်ဗင်းစတုန်းကိုသင်္ဂြိုလ်ခဲ့၏။ ထောင်ပေါင်းများစွာသောလူပရိတ်သတ်တို့သည်သူ့ကိုလေးစားသောအားဖြင့် ဘုရားရှိခိုးကျောင်းသို့လာရောက်ခဲ့ကြ၏။
          ပရိတ်သတ်ထဲ့မှဆင်းရဲနွမ်းပါးသာအဝတ်အစားဝတ်ထားသည့်အသက်ကြီးသောအဖိုးအိုတစ်ဦးက ယူကျုံးမရအောင်ငိုကျွေးနေ၏။ အဘယ့်ကြောင့်ငိုနေကြောင်းမေးသောအခါ၊“ဒေးဗစ်နဲ့ငါတရွာထဲသားတွေဖြစ် တယ်၊တနင်္ဂနွေဓမ္မပညာကျောင်းမှာအတူတူကြီးပြင်းခဲ့တယ်။ စက်ရုံတစ်ရုံအတူအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့သူ ကဘုရားသခင်လမ်းကိုရွေးချယ်ခဲ့ပြီး ငါကကိုယ့်လမ်းကိုယ်ရွေးချယ်ပြီးအသက်ရှင်ခဲ့တယ်၊ အခုတော့လစ်လျ ရှုခံရပြီးလူမသိတဲ့လူဖြစ်တယ်။ ဂုဏ်ပြုခြင်းမခံရတဲ့သူဖြစ်တယ်။ငါ့ရှေ့ဆက်ဘာမှရှာစရာမရှိဘူး၊ အရက်သမား ရဲ့လမ်းဆုံးက သချိုၤင်းပဲရှိတော့တယ်။”ဟုပြန်ပြောခဲ့၏။
          ဘုရားသခင်က “င့ါကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်၊ င့ါ ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်”ဖြစ်၏။ (၁ ရာ ၂း၃၀)။
          လစ်ဗင်းစတုန်းသည်ဘုရားသခင်ကိုချီးမြောက်ခဲ့ပြီး ဘုရားသခင်ကလည်းသူ့ကိုချီးမြှောက်ခဲ့၏။ ယနေ့အချိန်တွင်အာဖရိကတိုက်၌ရာပေါင်းများစွာသောသာသနာပြုများအမှုတော်ဆောင်လျက်ရှိကြပြီး အာဖရိကတိုက်၏အလယ်ပိုင်းသို့တိုင်ဧဝံဂေလိတရားရောက်ရှိပြန့်နှံ့နေပြီဖြစ်၏။ ကျွန်ကုန်ကူးခြင်းတို့ကိုလည်း အမြစ်မှဆွဲနှုတ်ပစ်လိုက်ကြ၏။
ဒေးဗစ်လစ်ဗင်းစတုန်း (David Livingstone)(၁၈၁၃ - ၁၈၇၃)
          “အမေ ဒါကျွန်တော်တစ်ပါတ်အတွင်းရှာနိုင်ခဲ့တဲ့အရာပဲ” ဟုဒေးဗစ်သည်သူ့မိခင်ပေါင်ပေါ်ငွေအနည်း တင်လျက်စိတ်ထက်သန်စွာပြောခဲ့၏။ မိသားစုဆင်းရဲမှုဒဏ်မှလွတ်ရန်သွေအချို့ကိုသူလုပ်ကိုင်ရှာဖွေနိုင်ခဲ့သည့် အတွက်စိတ်တက်ကြွလျှက်ရှိ၏။ ကြင်နာသောမိခင်က “ဒါနဲ့သားဘာလုပ်ချင်သလဲ”ဟုမေးလိုက်၏။သူက“အမေ ခွင့်ပြုမယ်ဆိုရင်လက်တင်သဒ္ဒါစာအုပ်တစ်အုပ်ကျွန်တော်ဝယ်ချင်ပါတယ်” ဟုမဝံ့မရဲပြန်ပြောခဲ့၏။ ဆင်းရဲမှု ကြောင့်ကျောင်းမနေနိုင်သော်လည်းပညာရှာရန်သူစိတ်အားထက်သန်ခဲ့၏။

ငယ်စဉ်ဘဝ
          ဒေးဗစ်လစ်ဗင်းစတုန်းကို ၁၈၁၃ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင်စကော့တလန်ပြည်၌မွေးဖွားခဲ့၏။ သူ့မိဘများမှာစိတ်အားထက်သန်သောခရစ်ယာန်များဖြစ်ကြ၏။ သူငယ်စဉ်ကပင်မိဘများထံမှခရစ်ယာန်အ သက်ရှင်မှုသင်ခန်းစာများကိုရရှိခဲ့၏။ သူသည်ကျမ်းစာကိုစိတ်ထက်သန်စွာလေ့လာပြီးအသက်(၉)နှစ်အရွယ်၌ ဆာလံကျမ်းအခန်းကြီး(၁၁၉)တစ်ခန်းလုံးကိုအလွတ်ရွတ်ဆိုနိုင်ခဲ့၏။ကျွန်ုပ်တို့သိခဲ့ပြီးဖြစ်တဲ့အတိုင်းဆင်းရဲလွန်း ၍သူကျောင်းမတက်နိုင်ခဲ့ချေ။ အသက်(၁၀)နှစ်အရွယ်တွင်ချည်စက်တစ်ခု၌အလုပ်လုပ်ရန်သွားခဲ့၏။မနက်(၆) နာရီမှ ည(၈)နာရီအထိအလုပ်လုပ်ခဲ့ရ၏။ သူအလုပ်လုပ်စဉ်လက်တင်စာအုပ်ကိုသူ့အနီး၌ဖွင့်ထားပြီးလေ့လာခဲ့ ၏။ ထို့်နောက်အိမ်ပြန်ရောက်၍ပင်ပန်းသော်လည်း ညသန်းခေါင်တိုင်စာကိုလေ့လာခဲ့၏။
          သူ၏ကြိုးစားမှုကြောင့်လက်တင်ဘာသာစကားကောင်းစွာတတ်ကျွမ်းခဲ့ပြီး သိပ္ပံပညာကိုစတင်လေ့လာ ခဲ့၏။ အလုပ်ကိုကောင်းမွန်စွာလုပ်ကာအရည်အချင်းပြည့်ဝသောကြောင့်စက်ရုံ၌ရာထူးတိုးမြှင့်ခံရပြီးလစာလည်း များများရခဲ့၏။ ဤသို့ဖြင့်နွေရာသီ၌အလုပ်လုပ်ပြီး၊ ဆောင်းရာသီ၌ဂရိဘာသာစကားနှင့်ဆေးပညာကိုလေ့လာ နိုင်ခဲ့၏။  နွေရာသီ၌အလုပ်လုပ်လျက်သီသြလော်ဂျီပညာကိုလေ့လာခဲ့၏။ သူ့ပညာရေးအတွက်မည်သူတစ်ဦး တစ်ယောက်ထံမျှအကူအညီမရခဲ့ချေ။ ဤပင်ပန်းခက်ခဲသောအချိန်များကလာမည့်သူပအသက်တာအတွက် ပြင်ဆင်လေ့ကျင့်ပေးခဲ့၏။
          သူ့၌ကစားချိန်မရှိခဲ့ပဲ၊ သူ့အိမ်အနီး၌စီးဆင်းနေသောမြစ်အနီးတွင်လမ်းလျှောက်ရခြင်းကိုသူနှစ်သက်ခဲ့ ၏။ငှက်ကလေးများ၊ ပန်းပွင့်များနှင့်ကျောက်တုံးများစသည့်သဘာဝပတ်ဝန်းကျင်ကိုအနီးကပ်လေ့လာကြည့်ရှု သူတစ်ဦးဖြစ်၏။ခရီးသွားမှတ်တမ်းစာအုပ်များကိုဖတ်ရှုရန်သူနှစ်သက်မြတ်နိုးခဲ့၏။ သို့ရာတွင်သမ္မာကျမ်းစာကို အလွန်ဖတ်ရှုခဲ့၏။ သမ္မာကျမ်းစာကိုချစ်မြတ်နိုးခြင်းစိတ်ကနောင်တွင်သမ္မာကျမ်းစာသာလျှင်သူ့အဖော်မွန်ဖြစ်၍ အသက်တာကိုများစွာအထောက်အကူဖြစ်စေခဲ့၏။
         
အာဖရိကတိုက်သို့ခေါ်တော်မူခြင်း          အသက်(၂၀)တွင်ခရစ်တော်ကိုသူ၏ကယ်တင်ရှင်အဖြစ်လက်ခံပြီးအခြားတိုင်းနိုင်ငံများ၌သာသနာပြု တစ်ဦးဖြစ်လာရန်ဆက်ကပ်အပ်နှံခဲ့၏။ ဂျာမန်သာသနာပြုတစ်ဦးကတရုတ်ပြည်၌ဆေးကုသပေးကာသာသနာ ပြုမည့်သူများလိုအပ်ကြောင်းသူ့ထံစာရေးသားခဲ့သောကြောင့်ဆေးပညာရပ်များလေ့လာခဲ့ပြီးတရုတ်ပြည်သို့ သွားရောက်အမှုတော်ဆောင်ရန်လစ်ဗင်းစတုန်းဆုံးဖြတ်ခဲ့သည်။ ဆေးပညာရပ်များကို(၂)ျနှစ်မျှလေ့လာပြီး တရုတ်ပြည်သို့သွားရန်စီစဉ်ခဲ့သည်။ သို့ရာတွင်ဘုရားသခင်၌သူ့အတွက်အခြားသောအကြံအစည်တော်များရှိခဲ့ ၏။ဘုရားသခင်လက်တော်ထဲသို့အပ်နှံသောမိမိတို့၏အကြံအစည်များကလောကီအရာများအတွက်မဟုတ်လျှင် ဘုရားသခင်၏အလိုတော်ပြည့်စုံလာပေမည်။ တရုတ်ပြည်၌စစ်ဖြစ်ခြင်းကြောင့်လစ်ဗင်းစတုန်းသည် တရုတ်ပြည် သို့မသွားရောက်နိုင်ခဲ့ချေ။
          ဘုရားသခင်၏လမ်းပြပဲ့ပြင်မှုကိုစောင့်စားနေစဉ်အာဖရိကတိုက်၌သာသနာပြုနေသောသူရောဘတ်မို ဖက်သည်အင်္ဂလန်ပြည်သို့ရောက်လာပြီးအာဖရိကတိုက်၏လိုအပ်ချက်များကိုပြောခဲ့၏။လစ်ဗင်းစတုန်းသည်သူ နှင့်စကားပြောခဲ့၏။ မိုဖက်က“လောက၌မျှော်လင့်ချက်မရှိသူ၊ ဘုရားသခင်ကိုမသိသူ၊ ခရစ်တော်ကိုမရရှိသူများ ၏ရွာပေါင်းတစ်ထောင်ကျော်ကိုကျွနု်ပ်မြင်ပ်သည်။” ဟူသောအချက်ကလစ်ဗင်းစတုန်းကိုအာဖရိကတိုက်သို့ သွားရန်ဆုံးဖြတ်စေခဲ့ပါသည်။ ကြယ်များကိုလေ့လာကြည့်ရှုခြင်းအားဖြင့်ခရီးလမ်းကြောင်းကိုရှာဖွေရကြောင်းသူ လေ့လာခဲ့၏။ ဤအရာကနောင်တွင်အလွန်မဲမှောင်သည့်တောအုပ်ကြီးအတွင်းခရီးလမ်းကြောင်းများရှာဖွေရန်အ သုံးဝင်ခဲ့သည်။

မဲမှောင်သောအာဖရိကတိုက်ကြီးပေါ်၌          ကိတ်တောင်းအရပ်မှရောဘတ်မိုဖက်အမှုတော်ဆောင်သည့်ကုဂုမန်အရပ်သို့ရောက်ရန်နွားလှည်းဖြင့် မိုင်(၇၀၀)ခန့်ခရီးပြုခဲ့ရ၏။သူ့အားဘုရားသခင်လုပ်ဆောင်စေလိုသောကြီးမားသည့်အမှုတော်ကိုသူနားလည်သ ဘောပေါက်လာခဲ့၏။ ဧဝံဂေလိတရားအတွက်တံခါးဖွင့်ရန်မည်သူမျှမသွားရောက်ခဲ့ဖူးသည့်အာဖရိကတိုက်အ လယ်ဗဟိုသို့သွားရောက်ရန်သူဆန္ဒရှိခဲ့၏။အခြားမည်သူမျှမလုပ်ဖူးသောအလုပ်ကိုသူ့အားဘုရားသခင်ခိုင်းစေ ကြောင်းယုံကြည်ခဲ့၏။ အာဖရိကတိုက်တောနက်ကြီးအတွင်းပိုင်း၌နေထိုင်ပြီးဧဝံဂေလိတရားမကြားသိရသေး သူများစွာရှိသည့်အတွက်လုပ်ဆောင်ရမည်ဖြစ်သည်။

ခြင်္သေ့များလိုက်ဖမ်းခြင်း
          လစ်ဗင်းစတုန်းသည် လှပသောမက်ဘေ့ာဆာချိုင့်ဝှမ်းအရပ်ကိုတွေ့ပြီးထိုအရပ်၌(၃)နှစ်မျှနေထိုင်ရန် ရွေးချယ်ခဲ့၏။ ရောဘတ်မိုဖက်၏သမီးဖြစ်သူမေရီမိုဖက်နှင့်လက်ထပ်ခဲ့၏။ မက်ဘော့ဆာအရပ်၌လူနှင့်ကျွဲနွား များကိုကိုက်သတ်ကာဒုက္ခပေးနေသော ခြင်္သေ့များစွာရှိသည်။ ခြင်္သေ့များကိုဖယ်ရှားရန်လာရောက်အကူအညီ တောင်းကြသည်။ခြင်္သေ့တစ်ကောင်သတ်နိုင်လျှင်အခြားခြင်္သေ့များလည်းထွက်ပြေးကြမည်ကိုသူသိသော ကြောင့်အာဖရိကလူအချို့ကိုခေါ်ပြီးခြင်္သေ့ဖမ်း(အမဲလိုက်)ထွက်ခဲ့သြ၏။ သူပစ်လိုက်၍ထိသွားသောခြင်္သေ့ကသူ့ အပေါ်ခုန်အုပ်ကာသူ့ပခုံးကိုကုတ်ဖြဲတော့၏။ သူနှင့်အတူပါလာသောသူများကထိုခြင်္သေ့ကိုသေအောင်သတ်ပစ် လိုက်ကြ၏။ ခြင်္သေ့ကုတ်ဖဲ့သည့်ဒဏ်ရာပြင်းထန်ပြီးအနာပျောက်ရန်အချိန်အတော်ကြာခဲ့၏။ သူပလက်မောင်းမ စွမ်းမသန်ဖြစ်ရပြီး အမာရွတ်များမှာသေရာပါခဲ့၏။ သို့ရာတွင်ထိုအမာရွတ်များက နောင်အခါသူ၏ကိုယ်ခန္ဓာဖြစ် ကြောင်းမှတ်မိစေမည့်အမှတ်အသားဖြစ်ခဲ့၏။ ထိုအရပ်မှအာဖရိကလူမျိုးများစွာခရစ်တော်ကိုယုံကြည်လက်ခံခဲ့ ပြီးလစ်ဗင်းစတုန်းလည်းထိုအရပ်၌ကောင်းစွာနေထိုင်နိုင်ခဲ့၏။

မြောက်ပိုင်းသို့ရွှေ့ပြောင်းခြင်း
          ရေရှားပါးသောကြောင့်ထိုအရပ်၌အစာရေစာခေါင်းပါးခြင်းကပ်ကျရောက်ခဲ့၏။
အခြားလူများကဲ့သို့လစ်ဗင်းစတုန်းလည်းတစ်ခါတစ်ရံနှံကောင်နှင့် ဖားများကိုစားသောက်ခဲ့ရ၏။ မြောက်ပိုင်းအ ရပ်ဒေသတစ်ခုသို့ရွှေ့ပြောင်းရန်သူရှာဖွေလျက်ရှိ၏။ ယခင်ကမဖြတ်ကျော်ဖူးသောကြီးမားကျယ်ပြန့်သောသဲ ကန္တာရကိုဖြတ်ကျော်ရန်ရှိကြောင်းသူကြားခဲ့ရ၏။ ကန္တာရသည်မိုင်(၃၀၀)ခန့်ရှိသည်။ ထိုသဲကန္တာရကိုကျော်ဖြတ် ရန်ခရီးအစပြုခဲ့ပြီး မကြာခဏရေဆာငတ်၏။ တစ်ကြိမ်၌ထိုအရပ်နေသည့်“ခြုံထူသောအရပ်သား”ဟုခေါ်သော လူတစ်ဦးကရေးလာပေးခဲ့၏။ ထိုရေသည် ငှက်ကုလားအုပ်ဥထဲ၌သိုထားပြီးသဲထဲ၌နှစ်မြုပ်ကာသိမ်းဆည်းထား သောရေဖြစ်၏။ နောက်ဆုံးငမ်မီရေအိုင်ကြီးရှိရာသို့သူရောက်ခဲ့၏။ ထိုအိုင်ကြီးမှာပထဝီဝင်သဘောအရဥရောပ တိုက်သားများထဲ့မှသူပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။
          တောင်အာဖရှကတိုက်တွင်အခြေစိုက်နေထိုင်ကာကျွန်ကုန်ကူးလျက်ရှိသည့်ဒတ်ချ်လူမျိုးများနှင့် အယူ သည်းသည့်ဒေသခ့လူမျိုးများ၏အန္တရာယ်အသွယ်သွယ်ကြားမှခရီးပြုရွှေ့ပြောင်းခဲ့၏။ဒတ်ချ်ကျွန်ကုန်ကူးခြင်းကို တားဆီးသဖြင့်သူအားမုန်းတီးနေသောဒတ်ချ်လူမျိုးများသူ၏ အဝတ်အစားများ၊ အိမ်ထောင်ပရိဘောဂများကို လုယက်သယ်ဆောင်သွားပြီး စာအုပ်များနှင့်ဆေးများကိုဖျက်ဆီးပစ်ခဲ့ကြသည်။ သို့ရာတွင်ဆက်လက်ခရီးပြုခဲ့ ရာအာဖရိကတိုက်အလယ်ဗဟိုရှိဇမ်ဘက်ဇီမြစ်ကိုတွေ့ရှိခဲ့သည်။ ထိုနေရာ၌အသက်အန္တရာယ်ထိခိုက်စေသော ငှက်ဖျားရောဂါဖြစ်ပွားလျက်ရှိသဖြင့် အခြေချနေထိုင်အလုပ်လုပ်ရန်မတတ်စွမ်းနိုင်ခဲ့ချေ။

တစ်ဦးတည်းခရီးပြုခြင်း
          ဆက်လက်၍ခရီးထွက်လျှင်ဇနီးနှင့်သားသမီးများအတွက်အလွန်အန္တရာယ်ရှိသောကြောင့်သူတို့ကို အင်္ဂလန်ပြည်သို့ပြန်ပို့ပြီး တစ်ဦးတည်းခရီးဆက်ခဲ့၏။ ခရစ်တော်နှင့်အတူကိုယ်တော်အတွက်သာအစေခံဆက် ကပ်လိုသည့်နှိုးဆော်မှုကြောင့်အာဖရိကတိုက်တောနက်ကြီးများထဲသို့သူတစ်ဦးတည်းဆက်လက်တိုးဝင်ခရီးပြု ခဲ့၏။ အာဖရိကတိုက်အလယ်ဗဟိုကိုဖြတ်ကျော်လျက်အရှေ့မှအနောက်ဘက်သို့ခရီးပြုရန်(၁၈၅၅)ခုနှစ်မှ (၁၈၅၆)အတွင်းနယ်မြေရှာဖွေမှုခရီးစဉ်ပြုလုပ်ခဲ့၏။သူ့ခရီးစဉ်အတွင်းလူဖြူတစ်ဦးကိုတစ်ခါမျှမမြင်ဖူးသေးသော အာဖရိကလူမျိုးများစွာကိုတွေ့ဆုံခဲ့ရ၏။ သူ၌ချစ်ခြင်းမေတ္တာနှင့်သနားခြင်းကရုဏာစိတ်သဘောရှိသောကြောင့် အာဖရိကတိုင်းရင်းသားများ ၏ရင်းနှီးချစ်ခင်မှုကိုရရှိခဲ့၏။ သူတို့အကြား၌နေထိုင်စဉ်ကာလ၌ဟောပြောသက် သေခံကာဆေးဝါးကုသအကူအညီပေးခဲ့၏။
          အချို့သောလူမျိုးစုများက သူ့အားရိုင်းပျစွာဆက်ဆံခဲ့ပြီးတစ်ခါတစ်ရံ အသက်အန္တရာယ်ပင်ကြုံတွေ့ခဲ့ ရ၏။

ကျွန်ကုန်ကူးခြင်း         ဤခရီးစဉ်၌ကျွန်ကုန်ကုူးခြင်း၏ကြောက်မက်ဖွယ်ဆိုးကျိုးများကိုလစ်ဗင်းစတုန်းမမျှော်လင့်ပြတွေ့ခဲ့ရ၏။ ရွာများကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးရွာသားများကိုနှိမ်နှင်းကာယောင်္ကျား၊မိန်းမ၊ခလေးသူငယ်များကို ကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ရွာကိုမီးရှို့ခဲ့ပြီးသူတို့၏လယ်ပင်း၌ကြီးမားသည့်သစ်တုံးများဖြင့်ချည် နှောင်ကာတောနက်ကြီးများအတိုင်းလမ်းလျှောက်စေ၏။ လမ်းခရီး၌ဒဏ်ရာရသူ၊ ဖျားနာသူများကိုသေဆုံးစေ ရန်ထားပစ်ခဲ့၏။ တောတွင်းလူ့အရိုးချောင်းများပြန့်ကြဲနေသည်ကိုမကြာခဏတွေ့မြင်ရ၏။စည်ပင်ကြွယ်ဝသော ရွာသူကြီးများလည်းကျူးကျော်တိုက်ခိုက်ခံရပြီးနောက်ပိုင်းခြောက်ခြောက်သွေ့သွေ့ဖြစ်ခဲ့ရ၏။ ဤအချက်ကလစ် ဗင်းစတုန်း၏စိတ်နှလုံးကိုထိခိုက်စေခဲ့၏။ ဤအရာကို“အာဖရိက၏ဟင်းလင်းပြင်အနာ”ဟုခေါ်ခဲ့ပြီးအမြစ်မှုနှုတ် ပစ်ရန်သံဓိဠာန်ချခဲ့၏။ ဆုံးဖြတ်ချက်အောင်မြင်ရန်နှင့်အာဖရိကတောနက်အတွင်းပိုင်းအရပ်များ၌“လမ်းကို ရှာတွေ့သူ”အဖြစ်သူခံယူ၏။တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားကျွန်ကုန်ကူးသူဟုထင်မှတ်ကာ အန္တရာယ်ပြုရန်ပင်ကြိုးစားခဲ့သေး၏။

ခက်ခဲမှုများ 
လစ်ဗင်းစတုန်းအားဖြင့်ခရစ်တော်ကိုပထမဆုံးယုံကြည်လက်ခံပြောင်းလဲလာသည့်အာဖရိကအကြီးအကဲတစ်ဦးကသူ့အားဤသို့မေးဖူးခဲ့၏။ “ဒီအကြောင်းတွေကိုသင့်တိုင်းပြည်မှလူတွေကအရင်ဘာဖြစ်လို့လာမ ပြောတာလဲ။ ကျွန်တော်တို့ဘိုးဘေးတွေလည်းခင်ဗျားပြောပြတာတွေကိုတစ်ယောက်မျှမကြားခဲ့ရပဲသေဆုံးကုန် ခဲ့ပြီ၊ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။”ဤမေးခွန်းကသူ့အသက်တာအားများစွာလွှမ်းမိုးသက်ရောက်ခဲ့ပြီး အာဖရိက တောနက်ပိုင်းရှိရာပေါင်းများစွာသောလူမျိုးစုများဧဝံဂေလိတရားများကြားရမည့်လမ်းကြောင်းပေါ်သို့သူ့အားအမြဲ တစေတွန်းပို့လျက်ရှိ၏။ သို့ရာတွင်ဤကိစ္စသည်မလွယ်ကူချေ။ သူ့အဝတ်အစားများစုတ်ပြတ်သတ်ကာသူ့ခြေ ထောက်များလည်း(အရည်ကြည်ဖုများ) ဖြင့်ဖူးရောင်နေတော့၏။သူ့ခန္ဒာကိုယ်ရှိအနာများကြောင့်နာကျင်စွာေ၀ ဒနာခံစားရ၏။ တစ်ခါတစ်ရံဒေသခံတိုင်းရင်းသားများကသူ့အားအစားအစာမရောင်း၍အစာငတ်ခဲ့ရသောအချိန် များလည်းရှိခဲ့၏။ တချို့အချိန်များ၌သစ်ပင်အမြစ်များနှင့်ငှက်စားသောအစေ့လေးများကိုစားသောက်ခဲ့ရပြီး မြေ ကြီးပေါ်အိပ်စက်ခဲ့ရ၏။ (၃၁)ကြိမ်ဖျားနာခဲ့ပြီး အရိုးပေါ်အရေတင်အခြေအနေထိဖြစ်ခဲ့၏။ အဖျားကြီးသောအချိန် များ၌သူ့မိတ်ဆွေများ၏အမည်များနှင့်နေ့ရက်များကိုပင်မမှတ်မိနိုင်ဖြစ်ခဲ့၏။သို့ရာတွင်သူ့အားမည်သည့်အရာကမျှစိတ်ဓါတ်ကျရန်မလုပ်ဆောင်နိုင်ခဲ့ချေ။ခွန်အားရရန်သမ္မာကျမ်းကိုမကြာခဏဖတ်ရှုခဲ့ပြီးသူ၏ကိုယ်ရေးမှတ် တမ်း၌“သခင်ဘုရား၌ကျွနု်ပ်ကိုကျွနု်ပ်ပြန်အားပေးရ၏။”ဟုရေးသားခဲ့၏။(၁ ရာ ၃၀း၆) ရှေ့ဆက်ရန်ပြင်ဆင်ထား သောမည်သည့်နေရာမဆိုသွားဖို့ဆန္ဒရှိသညဟြုသူပြောခဲ့ဖူးသည်။ “ကျွန်ကုန်ကူးသူများအရောက်သွားနိုင်သော နေရာသို့သာသနာပြုများကိုခရစ်တေ်ာ၏မေတ္တာတော်ကခေါ်ဆောင်မသွားနိုင်ဘဲနေမလား”ဟုစိတ်ချစွာမျှော် လင့်သည်။
ဂုဏ်ပြုခံရခြင်း          အာဖရိကတိုက်ရှိမြစ်များ၊အိုင်များကိုလစ်ဗင်းစတုန်းရှာဖွေတွေ့ရှိသဖြင့်သူ့အားလူသိများလာခဲ့၏။ ဒေသခံတိုင်းရင်းသားများက“အသံမြည်သောမီးခိုး”ဟုခေါ်ပြီးသူတို့မချဉ်းကပ်ရဲသည့်ဗစ်တိုးရီးယားရေတံခွန် ကိုသူရှာဖွေတွေ့ရှိခဲ့သည်။ သူသည်အာဖရိကတိုက်၌(၁၆)နှစ်ကြာပြီးခရီးမိုင်(၉၀၀၀)ခန့်ကိုအများအားဖြင့်ခြေ လျင်(သို့မဟုတ်)လှေဖြင့်သွားခဲ့ရ၏။ သူ၏ရှာဖွေတေ့ရှိမှုများကိုအသိအမှတ်ပြုသောအနေဖြင့်ရွှေတံဆိပ်များနှင့် ဂုဏ်ထုူးဆောင်ဘွဲ့များကိုသူ့အားပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့၏။ သူဆစာပြောဝေငှချက်များကိုနားထောင်ရန်နှင့်သူ့ အားတွေ့ဆုံရန်လူပရိတ်သတ်များစွာလာရောက်ကြသည်။ သူကိုယ်တိုင်လည်းသူ့ခရီးမာျးအကြောင်းစာအုပ်တစ် အုပ်ရေးသားခဲ့၏။
အာဖရိကတိုက်သို့နောက်တစ်ကြိမ်
          အစိုးရအရာရှိတစ်ဦးအနေဖြင့်အာဖရိကတိုက်သို့လစ်ဗင်းစတုန်းပြန်သွားခဲ့၏။ သို့သော် သာသနာပြုအ လုပ်နှင့်နယ်မြေသစ်ရှာဖွေေးအလုပ်တို့ကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိ၏။ ယခုအချိန်တွင်သူ့အားကူညီမည့်သူများ စွာရှိခဲ့သည်။ သို့သော်လည်းထိုသူများမှာတစ်ယောက်ပြီးတစ်ယောက်ဖျားနာပြီးသူ့ထံမှခွဲခွာသွားခဲ့၏။ ဤနေရာ သစ်၌(၃)လမျှနေပြီးနောက်သူ့ဇနီးသည်လည်းဖျားနာဝေဒနာဖြင့်အသက်ဆုံးပါးခဲ့၏။ သူမအားသစ်ပင်တစ်ပင် အောက်၌သင်္ဂြိုလ်ခဲ့၏။ ခရီးစဉ်အစပိုင်း၌ပင်အာဖရိကတိုက်၌သူ၏သမီးငယ်လေးတစ်ဦးအားသူကိုယ်တိုင် သင်္ဂြိုလ်ပေးခဲ့ရ၏။ဤအချိန်သည်သူ့အတွက်အလွန်ကြီးမားသည့်ဝန်သဖွယ်ဖြစ်ခဲ့၏။ “ဤလေးလံသောရိုက်ခတ် ချက်ကကျွန်ုပ်ကိုစိတ်ပျက်စေပြီး အရှုံးခံရန်လုပ်ဆောင်နိုင်မည်မဟုတ်၊ ဘုရားသခင်၌ကျွနု်ပ်ကိုယ်ကျွနု်ပ်အား ပေးပြီးရှေ့သို့ဆက်သွားမည်”ဟူ၍ဖြစ်၏။
          သူ့အသက်တာအတွက်အန္တရာယ်များလည်းရှိခဲ့၏။တစ်ကြိမ်တွင်ကြံ့တစ်ကောင်အရှိန်ဖြင့်ပြေးလာပြီး သူ့အနားရောက်သောအခါရုတ်တရက်ရပ်တန့်သွား၏။ ဤအရာကားဘုရားသခင်ကာကွယ်ပေးခြင်းပေတည်း။ နောက်တစ်ကြိမ်တွင် အာဖရိကလူမျိုးတစ်ဦးက (၁၀)ကိုက်ခန့်အကွာမှလှံဖြင့်ပစ်ပေါက်လိုက်ရာသူ့လည်ပင်းနား မှဖြတ်ကာသစ်ပင်တစ်ပင်၌စိုက်သွား၏။ဘုရားသခင်သည်သူနှင့်အတူတစ်ချိန်လုံးရှိတော်မူ၏။ သူပြောသကဲ့သို့ ပင်အလုပ်ပြီးသည့်တိုင်အောင်သူ့အသက်တာသည်အံ့သြဖွယ်ဖြစ်ခဲ့၏။
       သူ့အားအရာရှိအဖြစ်ခန့်အပ်စေလွှတ်ခဲ့သောဗြိတိသျှအစိုးရသည်ကျွန်ကုန်သည်များ၏လွှမ်းမိုးမှုခံရကာ သူ့အားလစာရပ်ဆိုင်းခဲ့၏။သူသည်အင်္ဂလန်ပြည်ပြန်ရန်ရှိခဲ့၏။ သို့သော်မကြာမီပင်ဘုရားသခင်သည်သူ့မိတ်ဆွေ များ၏ထောက်ပံ့ခြင်းအားဖြင့်အခြားလမ်းကြောင်းဖွင့်ပေးလိုက်ခြင်းကြောင့် လစ်ဗစ်စတုန်းအင်္ဂလန်ပြည်သို့ဘယ် တော့မှပြန်မသွားခဲ့တော့ချေ။
နောက်ဆုံးခရီးထွက်ခြင်း
       အာဖရိကတိုက်အလယ်ပိုင်းသို့လစ်ဗင်းစတုန်းထပ်မံသွားရောက်ခဲ့၏။ယခုသူသည်အသက်(၆၀)အရွယ် ရှိပြီ။သူ၏တောတွင်းခရီးပြုခဲ့သည့်နှစ်များကိုကြည့်လျှင်သူ့အစေခံကျွန်များ၏သစ္စာမရှိမှုများဖြင့်ပြည့်လျက်နေ၏။ သူ့ကိုပို့ပေးသောအရာများနှင့်စာများလည်းအခိုးခံရ၏။သူပိုင်စ္စည်းအချို့ကိုအာရပ်ကုန်သည်တစ်ဦးထံအပ်နှံခဲ့ပြီး လစ်ဗင်းစတုန်းသတင်းဘာမျှမကြား၇သောအခါ ထိုသူကအားလုံးကိုရောင်းစားလိုက်၏။ ရင်းနှီးမှုမရှိသောအာဖ ရိကလူမျိုးများအကြားစားစရာနှင့်အဝတ်မရှိဘဲသူတောင်းစားတစ်ယောက်ကဲ့သို့လစ်ဗင်းစတုန်းနေထိုင်ခဲ့ရ၏။ သူရေးသောစာအားလုံးလည်းရိုင်းစိုင်းသောကျွန်ကုန်သည်များ၏ခိုးယူဖျက်ဆီးခြင်းခံခဲ့ရ၏။
          သူ့ဆေးသေတ္တာလေးပင်မကျန်တော့ချေ။ ထို့ကြောင့်သူ့ကိုယ်သူပြန်၍ဆေးမကုနိုင်တော့ချေ။အဆက် သွယ်များအားလုံးပြတ်တောက်ကုန်၏။ သူသေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင်ဘုရားသခင်သည်ဒေးဗစ်လစ် ဗင်းစတုန်းကိုမမေ့ခဲ့ချေ။
          နယူးရော့်ခ်စေတမန်စာစောင်၏အယ်ဒီတာအမေရိကန်သတင်းစာတည်းဖြတ်သူက လစ်ဗင်းစတုန်း သတင်းစုံစမ်းရန်ဟင်နရီစတန်လီအားစေလွှတ်ခဲ့၏။ လပေါင်းများစွာခရီးနှင်ခဲ့ပြီးနောက်စတန်လီသည် လစ်ဗင်း စတုန်းကိုယူဂျီဂျီအရပ်၌တွေ့ခဲ့၏။သူယူခဲ့သောအစားအစာနှင့်ဆေးဝါးများကလစ်ဗင်းစတုန်းကိုပြန်လည်ကျန်းမာ သန်စွမ်းစေခဲ့၏။ စတန်လီသည် လစ်ဗင်းစတုန်းနှင့်အတူလပေါင်းများစွာနေထိုင်ခဲ့၏။ ထိုလများအတွင်းခရစ် တော်နှင့်တူသောလစ်ဗင်းစတုန်း၏ အသက်တာကသူ့အတွက်စိန်ခေါ်ချက်တစ်ရပ်ဖြစ်ခဲ့၏။
          သူပြန်လာသောအခါ ဘုရားမဲ့တစ်ဦးအဖြစ်မှယုံကြည်သူတစ်ဦးဖြစ်လာခဲ့၏။ မိမိတိုင်းပြည်သို့ပြန်၍ ကျော်ကြားမှုနှင့်စည်းစိမ်ခံစားမှုရရှိရန်အတွက် လစ်ဗင်းစတုန်းကိုဖြောင့်ဖြသွေးဆောင်ရန် စတန်လီကြိုးစားခဲ့ သေး၏။ သို့ရာတွင်လစ်ဗင်းစတုန်းကအလုပ်မပြီးသေးသောကြောင့် ပြန်ရန်ငြင်းပယ်ခဲ့၏။
          တစ်နှစ်ခန့်လစ်ဗင်းစတုန်းထပ်၍ခရီးပြုခဲ့၏။ သူသည်ပို၍အားနည်းလာခဲ့၏။ သူ၌သစ္စာရှိသောအာဖရိက လူမျိုးမိတ်ဆွေအချို့ရှိပြီးသူတို့ကထမ်းစင်ဖြင့်သယ်ဆောင်ပေး၏။ မိုးကြီးစွာရွာသွန်းခဲ့ပြီး သူ့အဖျားရောဂါလည်း တိုးပွားခဲ့၏။
          သူကိုယ်ရေးရာဇဝင်မှတ်တမ်းကိုပင်ခဲယဉ်းစွာရေးခဲ့ရ၏။ အာဖရိကလူငယ်များက သူ့ကိုချစ်ခင်လျက် စောင့်ရှောက်ခဲ့ကြ၏။ သူ့အသက်နှင့်ခွန်အားလည်းတဖြည်းဖြည်းဒီရေကဲ့သို့ကျဆင်းခဲ့၏။ တဲအိမ်တစ်ခုအတွင်း ၌ထားပေးပြီးကြည့်ရှုစောင့်ရှောက်ခဲ့ကြ၏။
          (၁၈၇၃)ခုနှစ်၊ မေလ၏တစ်ခုသောနံနက်ခင်း၌သူ၏တဲထဲသို့ဝင်ကြည့်လိုက်သောအခါ အိပ်ယာကုတင် နံဘေး၌ဒူးထောက်လျက်ခေါင်းအုံးပေါ်တွင်လက်ထောက်ကာဆုတောင်းသည့်အနေအထားဖြင့်အသက်ဆုံး လျက်ရှိကြောင်းတွေ့မြင်ခဲ့ရကြရသည်။ ဤဆုတောင်းသည့်အနေအထာဖြင့်သူ့ကိုတွေ့ရသည်မှာ သံသယဖြစ်စ ရာမလိုပေ။သေသည့်တိုင်အောင်အာဖရိကတိုက်ရှိပျောက်ဆုံးဝိညာဉ်မျာအတွက်သူဆုတောင်းနေခဲ့ပေလိမ့်မည်။
          သစ္စာရှိသောအာဖရိကလူမျိုးများက သူ့နှလုံးကိုအာဖရိကတိုက်၌မြှုပ်နှံပြီးအလောင်းကိုမိုင်(၉၀၀)ခန့် ဝေးသောကမ်းခြေသို့သယ်ဆောင်ခဲ့ကြ၏။ အမွှေးရနံ့များလိမ်းကျံပြီးနောက်အင်္ဂလန်ပြည်သို့သယ်ယူခဲ့ကြ၏။ ခြင်္သေ့ကုတ်ဖဲ့သောကြောင့်ရခဲ့သည့်အမာရွတ်အားဖြင့် သူ့အားလစ်ဗင်းစတုန်းဖြစ်ကြောင်းထင်ရှားသိသာစေ ခဲ့၏။အင်္ဂလန်ပြည်ရှိကျော်ကြားသူမျာနှင့်လူဂုဏ်တန်များကိုသင်္ဂြိုသောဝက်မင်စတာဘုရားရှိခိုးကျောင်းဝင်း၌ လစ်ဗင်းစတုန်းကိုသင်္ဂြိုလ်ခဲ့၏။ ထောင်ပေါင်းများစွာသောလူပရိတ်သတ်တို့သည်သူ့ကိုလေးစားသောအားဖြင့် ဘုရားရှိခိုးကျောင်းသို့လာရောက်ခဲ့ကြ၏။
          ပရိတ်သတ်ထဲ့မှဆင်းရဲနွမ်းပါးသာအဝတ်အစားဝတ်ထားသည့်အသက်ကြီးသောအဖိုးအိုတစ်ဦးက ယူကျုံးမရအောင်ငိုကျွေးနေ၏။ အဘယ့်ကြောင့်ငိုနေကြောင်းမေးသောအခါ၊“ဒေးဗစ်နဲ့ငါတရွာထဲသားတွေဖြစ် တယ်၊တနင်္ဂနွေဓမ္မပညာကျောင်းမှာအတူတူကြီးပြင်းခဲ့တယ်။ စက်ရုံတစ်ရုံအတူအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့သူ ကဘုရားသခင်လမ်းကိုရွေးချယ်ခဲ့ပြီး ငါကကိုယ့်လမ်းကိုယ်ရွေးချယ်ပြီးအသက်ရှင်ခဲ့တယ်၊ အခုတော့လစ်လျ ရှုခံရပြီးလူမသိတဲ့လူဖြစ်တယ်။ ဂုဏ်ပြုခြင်းမခံရတဲ့သူဖြစ်တယ်။ငါ့ရှေ့ဆက်ဘာမှရှာစရာမရှိဘူး၊ အရက်သမား ရဲ့လမ်းဆုံးက သချိုၤင်းပဲရှိတော့တယ်။”ဟုပြန်ပြောခဲ့၏။
          ဘုရားသခင်က “င့ါကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်၊ င့ါ ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်”ဖြစ်၏။ (၁ ရာ ၂း၃၀)။
          လစ်ဗင်းစတုန်းသည်ဘုရားသခင်ကိုချီးမြောက်ခဲ့ပြီး ဘုရားသခင်ကလည်းသူ့ကိုချီးမြှောက်ခဲ့၏။ ယနေ့အချိန်တွင်အာဖရိကတိုက်၌ရာပေါင်းများစွာသောသာသနာပြုများအမှုတော်ဆောင်လျက်ရှိကြပြီး အာဖရိကတိုက်၏အလယ်ပိုင်းသို့တိုင်ဧဝံဂေလိတရားရောက်ရှိပြန့်နှံ့နေပြီဖြစ်၏။ ကျွန်ကုန်ကူးခြင်းတို့ကိုလည်း အမြစ်မှဆွဲနှုတ်ပစ်လိုက်ကြ၏။

ဘဝအပယ်ခံတို့၏မိခင်ကြီး


ပန်ဒီတာ ရာမာဘိုင်(၁၈၅၈ - ၁၉၂၂)
          “ရာမာဘိုင်၊နင့်ပစ္စည်းတွေသိမ်းတော့၊ငါတို့ခရီးသွားတော့မယ်”ဟုလူငယ်တစ်ဦးကပြောလိုက်သည်။
          ဘရာမင်အမျိုးသမီးငယ်သည် သူမ၏အစ်ကိုဖြစ်သူအားဝမ်းနည်းစွာကြည့်လျှက်“ကျွန်မတို့ဘာကြောင့် တနေရာမှတနေရာအမြဲတမ်းခရီးသွားနေရတာလဲ၊ ဒီသာယာလှပတဲ့ရွာကလေးမှာပဲကျွန်မတို့အခြေချနေထိုင်လို့ မရနိုင်ဘူးလား”ဟုမေးလိုက်သည်။

          သူမ၏အစ်ကိုဖြစ်သူက သူ၏ဦးခေါင်းကိုခါပြလိုက်ပြီး “ရာမဘိုင်၊ နင်သိတဲ့အတိုင်းသန့်ရှင်းပြီးဘာသာ ရေးအထွတ်အမြတ်ထားတဲ့နေရာဒေသတွေအနှံ့ငါတို့သွားနေရမယ်။ ဖေဖေကပူရန ကျမ်းတွေကိုနေရာအမျိုးမျိုး မှာဖတ်ရွတ်မှသာငါတို့စားစရာတွေ။ငွေတွေရနိုင်မှာဟဲ့”ဟုပြောလိုက်၏။
          အမျိုုးသမီးငယ်သည်သက်ပြင်းချလျက်သူမ၏အထုပ်သေးလေးကိုကိုင်ဆောင်ကာမိသားစုနှင့်အတူခရီး ထွက်ခဲ့တော့သည်။
         
အမြဲအစဉ်ခရီးထွက်ခြင်း          ပန်ဒိတာရာမာဘိုင်ဟူ၍နောင်တွင်လူသိများခဲ့သောရာမာဘိုင်သည်အိန္ဒိယပြည်တောင်ပိုင်းမန်ဂလိုခရိုင် ရှိဘရာမင်စစ်မစ်မိသားစုတစ်စုမှဖွားမြင်ခဲ့သည်။မိသားစု၌အငယ်ဆုံးဖြစ်သည်။သူမ(၆)နှစ်သမီးအရွယ်ကပင်မိဘများသည်နေအိမ်ကိုထားရစ်ကာခလေးသူငယ်များနှင့်အတူခရီးသွားလာခြင်းအသက်တာကိုအစပြုခဲ့သည်။ ကလေးငယ်ဖြစ်သောရာမာဘိုင်ကိုခြင်းတောင်းတစ်ခုထဲထည့်ကာသယ်ဆောင်သွားကြ၏။
သူတို့သည်အထွတ်အမြတ်ထားသောအရပ်ဒေသတစ်ခုစီ၌လအနည်းငယ်ာကာနေထိုင်ပြီးတနေရာမှတနေရာသို့ခရီးလှည့်လည်သွားခဲ့ကြသည်။ အထွတ်အမြတ်ထားသည့်ဒေသမှမြစ်များအတွင်း၌ရေဆင်းချိုးကြပြီး ဘုရားကျောင်း၌လှည့်လည်ရှိခိုးသွားလာခဲ့ကြ၏။ သူမ၏ဖခင်သည်ပူရန(Puranas)ကျမ်းကိုလူစည်ကားရာအရပ် ၌သင်္သကရိုက်(ရှေးအိန္ဒိယ)ဘာသာစကားဖြင့်ဖတ်ရွတ်သည်။ ဘာသာတရားကိုင်းရှိုင်းကြည်ညိုသောဟိန္ဒူဘာ သာဝင်များကစုရုံးနားထောင်ခြင်းဖြင့်သူတို့မိသားစု၌လိုအပ်မည့်အထောက်အပံ့ငွေကြေးနှင့်စားစရာများကိုရလိမ့်မည်ဟုမျှော်လင့်သည်။ရာမာဘိုင်၏မိခင်သည်လည်းသင်္သကရိုက်ဖခင်ဖြစ်သူ၏သွန်သင်ပေးမှုကြောင့်ပူရနကျမ်းကိုဖတ်ရွတ်လိမ့်မည်ဖြစ်သည်။ “ရာမာဘိုင်”ကလေးလည်းမိခင်အားဖြင့်ပူရနကျမ်းကိုဖတ်ရှုရန်သွန်သင်ခြင်းခံရ ပေသည်။
          ဤသို့အားဖြင့်သူမ၏ဖခင်ကြီးဖျားနာဝေဒနာခံစားရပြီးဆက်လက်ခရီးမထွက်နိုင်၊ အလုပ်မလုပ်နိုင် သည့်တိုင်အောင်ထိုအယူအဆဓလေ့အတိုင်းအသက်ရှင်ခဲ့ကြသည်။

အစာရေငတ်မွတ်ခေါင်းပါးခြင်း          သုံးစရာငွေမရှိတော့ခြင်းနှင့်ဘာသာရေးပိတ်ပင်တားမြစ်မှုများကြောင့်သူတို့ဘာအလုပ်မျှမလုပ်နိုင်တော့ ချေ။တစ်ချိန်တည်းမှာပင်ရာမာဘိုင်တို့မိသားစုနေထိုင်ရာအိန္ဒိယပြည်တောင်ပိုင်း၌ကြီးစွာသောအစာခေါင်းပါး ခြင်းခံစားရပြီးသူတို့လည်းအစားအစာမရှိပဲတစ်နေရာမှတစ်နေရာသို့ရွှေ့ပြောင်းနေထိုင်ကြရသည်။ သူတို့သည် တောင်းရမ်းစားသောက်ရန်လည်းမာန်မာနမချချင်။ စေခံအလုပ်လည်းမလုပ်ချင်ကြသဖြင့်အခြားဘာအလုပ်လုပ် ရမည်ကိုပင်သူတို့မသိကြချေ။ ဤသို့ဖြင့်စားရန်ဆန်တစ်စေ့ပင်မရှိတော့သည့်အချိန်သို့ရောက်ရှိခဲ့သည်။ သူတို့ အားလုံးကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ရန်စဉ်းစားခဲ့ကြသော်လည်းထိုသို့မဖြစ်စေရန်ဘုရားသခင်၏ကရုဏာ တော်ကကာကွယ်ပေးခဲ့၏။ ရွာတစ်ရွာရှိဘုရားကျောင်းတစ်ခု၌ခိုနားရာရှာဖွေခဲ့ကြသော်လည်းဘရာမင်ဘုန်းကြီး များ/ယဇ်ပုရောဟိတ်များကသူတို့အားနှင်ထုတ်ခဲ့ကြ၏။ထို့နောက်ရွာအပြင်ရှိဟောင်းနွမ်းပျက်ဆီးနေသောဘုရား ကျောင်းတစ်ခုသို့ရွှေ့ပြောင်းခဲ့ကြပြီးထိုနေရာ၌ရာမာဘိုင်၏ဖခင်ကြီးသေဆုံးသွားခဲ့သည်။လအနည်းငယ်အတွင်း သူမ၏မိခင်နှင့်ညီမဖြစ်သူလည်းအစာရေစာငတ်မွတ်ခြင်းကြောင့်အသက်ဆုံးပါးခဲ့ရပြန်သည်။ဤကနဦးဒုက္ခဆင်း ရဲရခြင်းများကအခြားသူများ၏ဒုက္ခဆင်းရဲခြင်းများကိုသူမနားလည်စာနာတတ်စေရန်နှင့်အခြားသူများကိုကယ် ဆယ်ရန်အထောက်အကူဖြစ်စေခဲ့သည်။

ကာလကတ္တားမြို့၌
ရာမာဘိုင်နှင့်သူမ၏အစ်ကိုသာလျှင်ဘဝကိုရင်ဆိုင်ရန်ကျန်ရစ်ခဲ့ကြသည်။တစ်ညတွင်အအေးဒဏ်လွန်ကဲသောကြောင့်မြစ်ကမ်းနဖူး၌သွေ့ခြောက်သည့်သဲများအကြားသူတို့လည်ပင်းမြှုပ်သည့်တိုင်ကိုယ်ကိုမြှုပ်နှံ လျက်နေခဲ့ကြရသည်။ မကြာခဏလည်းအစာငတ်မွတ်ခဲ့ကြသည်။ဤသို့ဖြင့်အိန္ဒိယပြည်တစ်ပြည်လုံးနီးပါးရှိဘု ရားကျောင်းများနှင့်နတ်ဘုရားများကိုကိုးကွယ်ရန်သူတို့သည်တနေရာမှတနေရာသို့ပြောင်းရွှေ့လှည့်လည်ခဲ့ကြ ရသည်။ မိုင်ပေါင်း(၄၀၀၀)ကျော်ခြေလျင်လမ်းလျှောက်ခဲ့ကြရပြီးနောက်ဆုံး၌ကာလကတ္တားမြို့သို့ရောက်ရှိခဲ့ကြ ၏။ထိုနေရာ၌ပညာတတ်ဘရာမင်လူမျိုုးများနှင့်ရင်းနှီးသိကျွမ်းခဲ့ကြ၏။ ပူရနကျမ်းဂန်များဖတ်ရွတ်ခြင်းဖြင့်သူတို့ သည်ငွေနှင့်အစာရရှိရန်တတ်စွမ်းနိုင်ခဲ့ကြသည်။ ယခုအချိန်၌ရာမာဘိုင်သည်ဉာဏ်ပညာပြည့်စုံသည့်အမျိုးသမီး တစ်ဦးအရွယ်သို့ကြီးပြင်းခဲ့ပေပြီ။ ပန်ဒိလူများသည်သူမ၏ဉာဏ်ပညာနှင့်အိန္ဒိယအမျိုးသမီးတို့၏အခြေအနေတိုး တက်ရန်သူမ၏ရဲရင့်သောဆုံးဖြတ်ချက်ကြောင့်အံ့အားသင့်ခဲ့ကြ၏။ သူမသည်အမျိုးသမီးများပညာသင်ကြားရေး လိုအပ်ချက်ကိုရဲရင့်စွာကျေညာခဲ့ပြီးလူပရိတ်သတ်များရှေ့၌ဟောပြောရန်မကြာခဏဖိတ်ကြားခြင်းခံခဲ့ရသည်။ ပန်ဒိလူများကသူမအားပန်ဒိတာဘွဲ့ကိုအပ်နှင်းခဲ့ပြီးထိုအချိန်မှစ၍သူမကိုပန်ဒိတာရာမာဘိုင်အနေဖြင့်လူသိများ လာသည်။
          ခရစ်ယာန်များနှင့်သူမစတင်သိကျွမ်းခဲ့သည်မှာကလာကတ္တားမြို့၌ဖြစ်သည်။ ခရစ်ယာန်အစည်းအဝေး တစ်ခုသို့သူမဖိတ်ကြားခံခဲ့ရပြီးခရစ်ယာန်တို့၏အမူအကျင့်နှင့်ဓလေ့ထုံးစံများကိုစူးစမ်းလေ့လာလိုစိတ်ဖြစ်ပေါ် ခဲ့သည်။ သူမဖတ်ရန်သင်္သကရိုက်ဘာသာစကားဖြင့်သမ္မာကျမ်းတစ်အုပ်ရရှိခဲ့ပါသည်။ သူမနားမလည်သည့်အ တွက်ဖတ်ရှုခြင်းမပြုခဲ့ချေ။ သို့ရာတွင်သမ္မာကျမ်းကိုသူမသိမ်းထားခဲ့၏။ဟိန္ဒိူရှစတရပ်စ်(Shastras)ကျမ်းနှင့် အခြားအထွတ်အမြတ်ထားသည့်စာအုပ်များကိုနက်ရှိုင်းစွာလေ့လာရာသူမစိတ်ကျေနပ်မှုမရဖြစ်နေခဲ့သည်။ အကြောင်းမှာမိန်းမတစ်ဦးအတွက်ဘာသာရေးဆိုင်ရာမျှော်လင့်ချက်ပေးထားခြင်းမရှိသောကြောင့်ပေတည်း။ ဘုရားသခင်ကိုတမ်းတဆာငတ်သောစိတ်သူမ၌တစ်ဆတစ်ဆတိုးပွားလာခဲ့သည်။သူမဘိုးဘေးများ၏ယုံကြည် ချက်အားလုံးကိုဆုံးရှုံးခံလျက်သူမအသက်(၂၂)နှစ်အရွယ်ရှုဒရာအမျိုးဘင်္ဂါလီအမျိုးသားတစ်ဦးနှင့်အိမ်ထောင် ပြုခဲ့သည်။

ခရစ်တော်ထံတော်သို့ပြောင်းလဲလာခြင်း
          အက်ဆန်(Assam) မြို့၌ခင်ပွန်းဖြစ်သူနှင့်နေထိုင်စဉ်တနေ့သ၌ဘင်္ဂါလီဘာသာစကာဖြင့်ရေးသားထား သည့်စာအုပ်ငယ်တစ်အုပ်ကိုတွေ့မိပြီးစိတ်ဝင်စားမှုများစွာဖြင့်စတင်ဖတ်ရှုခဲ့၏။ထိုစာအုပ်မှာရှင်လုကာခရစ်ဝင် ကျမ်းဖြစ်၏။သူမထံသို့ခရစ်ယာန်သာသနာဆရာတစ်ဦးမှန်မှန်အလည်အပတ်ရောက်ရှိခဲ့ပြီးကျမ်းစာရှိပုံဝတ္ထု များကိုပြောပြခဲ့၏။ ခရစ်ယာန်ဘာသာကိုသူမလေ့လာခြင်းအတွက်သူမ၏ခင်ပွန်းကကြိုက်နှစ်သက်ခြင်းမရှိချေ။
          သူတို့လက်ထပ်ပြီး(၂)နှစ်အကြာတွင်ခင်ပွန်းဖြစ်သူသည်ဝမ်းရောဂါဖြင့်ကွယ်လွန်ခဲ့ပြီးရာမာဘိုင်ငယ် ငယ်ရွယ်ရွယ်နှင့်မုဆိုးမတစ်ဦးဖြစ်ခဲ့ရရှာသည်။မန်နိုရာမာ(Manorama) ဟူ၍သူမ၏အမည်တွင်သည့်သမီးလေး တစ်ဦးဖွားမြင်ခဲ့သည်။
ခင်ပွန်းကွယ်လွန်ပြီးနောက်ပူးနား(Poona)အရပ်သို့သမီးကလေးနှင့်ရွှေ့ပြောင်းခဲ့ပြီးထိုအရပ်၌ခရစ်ယာန်သာသနာပြုဆရာများထံ၌သူမဆက်လက်လေ့လာနားထောင်ခဲ့သည်။

အင်္ဂလန်ပြည်
အိန္ဒိယပြည်အမျိုးသမီးများ၏အရေးကိစ္စကိုခုခံကာကွယ်ရန်ရာမာဘိုင်သည်မိမိ၌ပညာရေးလေ့ကျင့်မှုပိုမိုလိုအပ်သည်ဟုစဉ်းစားမိသဖြင့်(၁၈၈၃)ခုနှစ်၌သူမ၏သမီးလေးနှင့်အတူအင်္ဂလန်ပြည်သို့ထွက်ခွာသွားခဲ့၏။ အင်္ဂလန်ပြည်အသင်းတော်မှညီအစ်မအားဖြင့်ထိုတိုင်းပြည်သို့ဝင်ရောက်ခွင့်ရခဲ့ပြီးသူမနှင့်ဆက်သွယ်သူများအား ဖြင့်ခရစ်ယာန်ဘာသာ၏သွန်သင်ချက်များနှင့်အကျိုးကျေးဇူးများကိုသူမတွေ့ကြုံခံစားရသည်။ နေရာဒေသအ သီးသီးရှိညီအစ်မများ၏အိမ်များသို့သူမသွားရောက်လည်ပတ်ခဲ့ပြီးသူတို့၏လုပ်ငန်းများကိုလည်းတွေ့မြင်ခဲ့သည်။ အဆင့်အတန်းနိမ့်ကျပျက်စီးနေသောအမျိူးသမီးလုပ်ဆောင်သောလုပ်ငန်းများကိုသူမအလွန်စိတ်ဝင်စားအထင် ကြီးခဲ့သည်။ ထိုသူတို့၏အသက်တာထဲသို့ခရစ်တော်ယူဆောင်လာသည့်ပြောင်းလဲခြင်းကိုသူမတွေ့မြင်ခဲ့ပြီး အိန္ဒိယပြည်ရှိအမျိုးသမီးများကိုလည်းကိုယ်တော်သာလျှင်ပြောင်းလဲပေးနိုင်မည်ဟုသူမနားလည်သဘောပေါက်ခဲ့သည်။

အသက်တာပြောင်းလဲခြင်း          ထိုသို့ဖြင့်သူမ၏စိတ်နှလုံးသည်ခရစ်တော်၏ဖက်သို့စိတ်ဝင်စားခဲ့သည်။ဗတ္တိဇံမင်္ဂလာခံယူကာအင်္ဂလီကန် အသင်းတော်၌ပါဝင်ခဲ့သည်။သို့ရာတွင်ခရစ်တော်ကိုသူမ၏ကိုယ်ပိုင်ကယ်တင်ရှင်အနေဖြင့်မသိရှိသေးသော ကြောင့်စိတ်နှလုံးသား၌ကျေနပ်အားရမှုမရှိသေးချေ။ ထို့နောက်သူမသည်အမေရိကန်ပြည်သို့ခရီးထွက်ခဲ့ပြီးနေ ရာဒေသများစွာ၌သင်တန်းများပို့ချသည်။ အိန္ဒိယပြည်သို့ပြန်လည်ရောက်ရှိချိန်၌သမ္မာကျမ်းစာကိုစိတ်အားထက် သန်စွာစတင်ဖတ်ရှုခဲ့သည်။ “ခရစ်ယာန်ဘာသာတရားကိုသာတွေ့ရှိခဲ့ပြီး ခရစ်ယာန်ဘာသာတရား၏အသက် ဖြစ်တော်မူသောခရစ်တော်ကိုမတွေ့ရှိခဲ့ပါ”ဟုနောင်အချိန်တွင်ပြန်ပြောင်းပြောခဲ့ဖူးသည်။
          သူမ၏ဝိညာဉ်အသက်တာအတွက်ကျေနပ်အားရမှုမရှိခဲ့ချေ။
          နောက်ဆုံးတွင်ဘုရားသခင်၏နှုတ်ကပတ်တော်အာဖြင့်သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှု ကြောင့်ခရစ်တော်ကိုသူမ၏ကယ်တင်ရှင်အနေဖြင့်တွေ့ရှိကာကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့သည်။

ရှာရဒ - ဆာဒန်
          ခရစ်တော်ကိုသိရှိခြင်းကြောင့်ရာမာဘိုင်၌ဘုရားသခင့်စေကိုခံလိုစိတ်ကြီးမားခဲ့၏။ သာသနာပြုဆရာ ဂျွန်ပက်တန်နှင့်ဟတ်စင်တေလာတို့အသက်တာများကသူမကိုလွှမ်းမိုးခဲ့ပြီးလိုအပ်ချက်များအားလုံးအတွက်ဘု
ရားသခင်အပေါ် ခိုလှုံကိုးစားလျက်အိန္ဒိယပြည်၌“ယုံကြည်ခြင်းသာသနာပြုလုပ်ငန်း”စတင်ခဲ့သည်။
အိန္ဒိယမုဆိုးမများနှင့်ကလေးသူငယ်များကိုအပြစ်နှင့်ရှက်ကြောက်ဖွယ်အသက်တာမှရွေးနှုတ်ရန်/ကယ်ဆယ်ရန်နှင့်ခရစ်တော်ထံသို့ပို့ဆောင်ရန်စိတ်ဆန္ဒရှိခဲ့သည်။ ထို့ကြောင့်ပွန်းနား(Poona)အရပ်၌ကယ်ဆယ်ရေး ရိပ်သာ(အိမ်)တစ်လုံးတည်ဆောက်ခဲ့သည်။ထိုအိမ်ကိုဉာဏ်ပညာစုစးည်ရာအိမ်(Home of Wisdom)ဟူသော အဓိပ္ပာယ်ဖြင့် “ရှာရဒ - ဆာဒန်” ဟုမည့်ခေါ်ခဲ့ကြသည်။
          မတရားညဉ်းပန်းနှိပ်စက်ခံရသူများ၊ အပယ်ခံလူတန်းစားများနှင့်အစာငတမွတ်ခေါင်းပါးနေသူများအား လုံးကိုထိုအိမ်၌ကြိုဆိုလက်ခံခဲ့သည်။ ထိုအိမ်သို့လာရောက်ခဲ့ကြသည့်အမျိုးသမီးများကိုမိမိတို့ခြေပေါ်မိမိတို့ရပ် တည်နိုင်မည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်နှင့်မိမိတို့လက်ဖြင့်အလုပ်လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန်သင် ကြားပေး၏။
          အိမ်ခြေမဲ့အမျိုးသမီးများနှင့်အပယ်ခံလူတန်းစားများစွာတို့ထိုအိမ်သို့လာရောက်ခဲ့ကြပြီးရာမာဘိုင်က သူတို့ကိုသနားကရုဏာမေတ္တာနှင့်ကြိုဆိုလက်ခံခဲ့သည်။ သူတို့အားလုံးသူမကိုချစ်မြတ်နိုးကြသည်။အကြောင်း
မှာသူမသည်သူတို့မိခင်၊မိတ်ဆွေနှင့်ဆရာမသဖွယ်ဖြစ်ခြင်းကြောင့်ပေတည်း။
          ခရစ်တော်ကိုသူတို့လက်ခံရန်သူမအတင်းအဓမ္မမတိုက်တွန်းခဲ့ချေ။သို့ရာတွင်သူမထံမှခရစ်တော်အ ကြောင်းကြားနာရခြင်း၊သူမ၏ချစ်မေတ္တာနှင့်အသက်တာတို့ကိုမြင်တွေ့နေရခြင်းအားဖြင့်သူတို့ထဲမှအများစုသည်
ခရစ်တော်ကိုသူတို့၏ ကယ်တင်ရှင်အဖြစ်တွေ့ရှိခဲ့ကြသည်။
          ဘုရားဝတ်ကျောင်းများတွင်အပြစ်နှင့်ဆင်းရဲဒုက္ခ၏ကျေးကျွန်ဘဝ၌မရုန်းထွက်နိုင်ကြသောအမျိုးသမီး ကြီးငယ်တို့သည်မကြာခဏဆိုသလိုပင်ရာမာဘိုင်အားဖြင့်ရွေးနှုတ်ကယ်ဆယ်မှုခံစားကြရ၏။ များစွာသောသူတို့ သည် “ရှာရဒ - ဆာဒန်”အိမ်သို့လာရောက်ခဲ့ကြသည်။
          တစ်ကြိမ်တွင်သူမသည်ဆင်းရဲသားခရီးသည်အနေဖြင့်ဟန်ဆောင်ရုပ်ဖျက်ကာ ဘရင်ဒါဘန်
(Brindaban)အရပ်သို့သွားခဲ့၏။ထိုအရပ်၌ယဇ်ပုရောဟိတ်မျာကအမျိူးသမီးများစွာကိုအစေခံကျွန်သဖွယ်ထိန်းချုပ်ထား၏။ ထိုအမျိုးသမီးများကိုဆင်းရဲဒုက္ခရောက်နေသည့်အသက်တာမီလွတ်မြောက်ရန်ထွက်ပြေးနိုင်ခဲ့လျှင် “ရှာရဒန် - ဆာဒန်”အရပ်သို့လာရောက်နိုင်ကြောင်းသူမပြောပြခဲ့၏။
          သူမသည်ရွာများသို့နွားလှည်းဖြင့်ခရီါ်ပြုကာတရားဒေသနာဟောပြော၍ဆင်းရဲသူများအားအစားအစာ နှင့်အဝတ်အထည်ဝေမျှရန်လုပ်ဆောင်ခဲ့ပေလိမ့်မည်။ ဤအမှုတော်လုပ်ငန်းအတွက်လိုအပ်သမျှထောက်ပံ့မှုရ ရန်ဘုရားသခင်ထံသူမမှီခိုအားထားခဲ့၏။ ဟိန္ဒူယဇ်ပုရောဟိတ်များက သူမကိုဆန့်ကျင်မုန်းတီးခဲ့ကြသည်။ အကြောင်းမှာဝတ်ကျောင်းတော်ရှိအမျိုးသမီးများစွာကိုကျေးကျွန်ဘဝမှသူမကလွတ်မြောက်စေခဲ့သောကြောင့် ဖြစ်၏။တစ်ကြိမ်တွင်ဂူဂျရတ်(Gujarat)အရပ်မှအမျိုးသမီးငယ်တစ်ဦးသည်ဆိုးညစ်သောယဇ်ပရောဟိတ်များ ထံမှထွက်ပြေးလွတ်မြောက်ရန်ဘုံဘေမြို့ရှိဆေးရုံတစ်ရုံသို့စေလွှတ်ခြင်းခံရသည်။သို့ရာတွင်ယဇ်ပရောဟိတ် များကသူမကိုရှာဖွေတွေ့ရှိခဲ့ပြီးသူတို့ထံပြန်လာစေလိုကြသည်။ ထိုအမျိုးသမီးငယ်သည်သူတို့ထံသွားရန်ငြင်းဆို ခဲ့သည်။ အကြောင်းမှာသူတို့သည်သူမအားကျာပွတ်နှင့်ရိုက်လိမ့်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။သူမထွက် ပြေးလွတ်မြောက်မှုမရှိစေရန်ဆေးရုံကိုနေ့ရောညပါစောင့်ကြည့်နေကြသည်။ သို့ရာတွင်သူမလွတ်မြောက်စေရန် ရာမာဘိုင်ကသူမ၏မိတ်ဆွေတစ်ဦးအားဖြင့်ကူညီခဲ့ပြီး “ရှာရဒ - ဆာဒန်”သို့သွားရောက်စေခဲ့၏။
          ရာမာဘိုင်၏ကျော်ကြားမှုသည် အိန္ဒိယတစ်နိုင်ငံလုံးသာမက အခြားတိုင်းနိုင်ငံများအထိပြန့်နှံ့ခဲ့၏။ “ဆာရိုဂျီနီ”ကဲ့သို့ အိန္ဒိယခေါင်းဆောင်များကသူမအားအိန္ဒိယပြည်၏ကြီးမြတ်သောသမီးတော်တစ်ပါးအနေဖြင့် အသိအမှတ်ပြုခဲ့ကြသည်။ အခြားတိုင်းပြည်မှလူများကလည်းဆုတောင်းပေးခြင်း၊ အလှူငွေလှူခြင်းဖြင့်သူမကို စတင်ကူညီခဲ့ကြသည်။

မုကတီ (Mukti)
          ရာမာဘိုင်၏လုပ်ငန်းသည်ပြန့်နှံ့ခဲ့ပြီးရှာရဒ - ဆာဒန်သို့လာရောက်သည့်အမျိုးသမီးအားလုံးအတွက်အ ခန်းမရှိခဲ့ချေ။ထို့ကြောင့် ပူနား(Poona)အရပ်အနီးရှိ ခက်ဂျူန်(Khedgaon)အရပ်၌မြေကွက်ဝယ်ပြီး ရှာရဒ - ဆာဒန် နှင့်ခပ်ဆင်ဆင်တူသောအိမ်တစ်လုံးတည်ဆောက်ခဲ့၏။ ထိုအိမ်ကို မုကတီ“ကယ်တင်ခြင်း” ဟုမည့် ခေါ်ခဲ့သည်။
          “မုကတီ”တည်ထောင်ခြင်းနှင့်ထိုအမှုတော်လုပ်ငန်းအတွက်ဘုရားသခင်ထံများစွာဆုတောင်းခဲ့ကြ၏။ ဤအိမ်သို့လာရောက်သည့်အမျိူးသမီးငယ်များကိုအသုံးဝင်မည့်လုပ်ငန်းများကိုသင်ကြားပေး၏။ သို့မှသာဤ အိမ်မှထွက်ခွာသွားသည့်အခါအလွယ်တကူအလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်မည်။ အများစုမှာ သူနာပြုများ၊ ရက်ကန်းယက်သူများ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသူများ၊ ကျမ်းစာသင်ဆရာများနှင့် အိမ်ရှင်မများဖြစ်သွားကြ သည်။ အမျိုးသမီးငယ်တစ်ဦးဦးက အသက်တာသစ်ကိုအစပြုရန်“မုကတီ”မှထွက်ခွာသွားတိုင်း၊ သူမနေရာအတွက်အ စားဝင်ရောက်လာသူရှိစမြဲဖြစ်၏။
          အိန္ဒိယပြည်အလယ်ပိုင်း၌အစာငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ်ကျရောက်ပြီးလူများစွာသေဆုံးခဲ့ရ၏။ ရာမာဘိုင်ကိုယ်တိုင်အစာငတ်မွတ်ခေါင်းပါးမှုဒဏ်ခံစားခဲ့ရသောနေ့ရက်များကိုသတိ၇ပြီး ထိုဒုက္ခသည်များအား ကူညီမစရန်တစ်စုံတစ်ရာပြုလုပ်ဖို့်ဆန္ဒရှိခဲ့၏။ အကူအညီလိုအပ်နေသည့်အမျိုးသမီးဦးရေမှာ(၃၀၀)ရှိ၏။ သို့ရာ တွင်သူမဘာလုပ်နိုင်မည်နည်း။မူကတီ၌လူပြည့်လျှံနေပြီးသားဖြစ်၏။ လိုအပ်ချက်များကိုသူမရေးသားပြီး စတင် ဆုတောင်းခဲ့၏။ မကြာမှသူမ၏စာကိုဖတ်ပြီးခရစ်ယာန်များကစတင်ကူညီပေးခဲ့၏။ ထိုအမျိုးသမီးများကိုကူညီရန် လုံလောက်သောငွေကြေးရှိခဲ့၏။

ကောင်းစွာပြုခဲ့ပြီ
          ရာမာဘိုင်သည်ခရစ်တော်အတွက်အမြဲတမ်းမအားမလပ်လုပ်ဆောင်ခဲ့သူဖြစ်၏။ သူမသည်မကြာခဏ ခရီးလှည့်လည်ပြီးသွန်သင်ခြင်း၊ ဟောပြောခြင်းပြုခဲ့၏။ မာရတီ(Marathi)ဘာသာပြန်စကားဖြင့်သီချင်းများ၊ ဓမ္မ တေးများကိုပင်သူမရေးစပ်ခဲ့၏။ နှိမ့်ချစွာအစပြုခဲ့ရာမှခိုကိုးရာမဲ့အိမ်(၂)အိမ်တွင်နေထိုင်သူများပြားလာခဲ့သော ကြောင့် “မုကတီ”တစ်အိမ်တည်းတွင်ပင်အမျိုးသမီးငယ်များနှင့်အမျိုးသမီးဘကီးများ(၂၀၀၀)နီးပါးရှိခဲ့၏။ ရာမာဘိုင်ကိုကူညီထောက်ပံံ့ပေးမည်လက်ထောက်ဆရာ/ဆရာမများတစ်ရာကျော်ခန့်ရှိခဲ့၏။
          နောက်ဆုံး(၁၉၂၂)ခုနှစ်တွင်ပန်ဒီတာရာမာဘိုင်သည်သခင်ဘုရား၏“ကောင်းစွာပြုခဲ့ပြီ”ဟူသောအသံ တော်ကိုကြားကာထာ)ရဆုလာဒ်သရဖူယူရန်သွားခဲ့ပေသည်။သို့ရာတွင်သူမ၏အမှုတော်လုပ်ငန်းမှာဆက်လက်တည်တံ့ခိုင်မြဲခဲ့၏။ယနေ့တိုင်“မူကတီ”သာသနာပြုလုပ်ငန်းသည်အိုးမဲ့အိမ်မဲ့သူများနှင့်အပယ်ခံလူတန်းစားများအတွက်ကယ်ဆယ်ရေးစခန်းတစ်နေရာအဖြစ်ဆက်လက်တည်ရှိကာရာပေါင်းများစွာသောသူတို့သည်ကျေနပ် အားရမှုရှိသောအသုံးဝင်သောအသက်တာကိုထိုနေရာ၌တွေ့ကြသည်။
          ကိုယ်တော်တစ်ဖန်ပြန်ကြွလာတော်မူသောအချိန်၌ခရစ်တော်ကိုယုံကြည်သူတို့သည်ရှင်ပြန်ထမြောက် ကြမည်။ရာမာဘိုင်ကမိမိအသက်တာကိုပေးလှူအနစ်နာခံကာလုပ်ဆောင်ခဲ့သောကြောင့်ဝမ်းမြောက်ပျော်ရွှင်မှု ရခဲ့သည်။ အမျိုးသမီးများနှင့်ခလေးသူငယ်များလည်းရှင်ပြန်ထမြောက်လာကြသောသူမအား“မင်္ဂလာရှိ သောသူ”ဟုခေါ်ကြပေမည်။
          ရာမာဘိုင်၏အောင်မြင်မှုနှင့်သူမ၏အမှုတော်လုပ်ငန်းကလူများစွာကိုအံ့သြစေခဲ့၏။ဤကဲ့သို့ဘယ်လို ဖြစ်နိုင်ခဲ့ပါသနည်း။မိမိလူတို့ကအပယ်ခံဇာတ်နိမ့်လူတန်းစားတစ်ဦးအဖြစ်ပြုမူဆက်ဆံခံရပြီးအားအင်ချည့်နဲ့နေ သော“ဘရာမင်”အမျိုးမုဆိုးမတစ်ဦးကဘုရားသခင်နှင့်လူ့ဘောင်အသိုင်းအဝိုင်းအတွက်ဤမျှဆောက်လုပ်နိုင် ခြင်းမှာအဘယ်သို့လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သနည်း။ လျှို့ဝှက်ချက်မှာသူမ၏အသက်တာကိုခရစ်တော်ဘု ရားလက်တော်ထဲလုံးဝဆက်ကပ်အပ်နှံလိုက်သောအခါကိုယ်တော်ကအသုံးပြုတော်မူခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ကိုယ်တော်၏ခွန်အားဖြင့်စွမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
          ရာမာဘိုင်က “ကျွနု်ပ်အတွက်ဘုရားသခင်လုပ်ဆောင်ပေးသမျှကိုသင့်အတွက်လည်းကိုယ်တော်လုပ် ဆောင်ပေးတော်မူနိုင်ပါတယ်”ဟုပြောလေ့ရှိသည်။
          “အသက်တာဟာတစ်ခုတည်းပါ၊ မကြာမီပျောက်ကွယ်မှာ”
          “ခရစ်တော်အတွက်လုပ်ဆောင်တဲ့အရာသာတည်မြဲဧကန်ပါ”

ဆင်းရဲသော်လည်းလူအများကိုချမ်းသာစေသူ


ဟတ်စင်တေလာ(၁၈၃၂ - ၁၉၀၅)
         ဖခင်ပြောပြသောအကြောင်းအရာများစွာ
ကိုဟတ်စင်တေလာလေးကစိတ်၀င်စားစွာအမြဲ
နားထောင်ခဲ့ သည်။ သာအဖ ၂ ယောက်တရုတ်
ပြည်အကြောင်းပြောနေကြသည်။ သာသနာ
ပြုလုပ်ငန်းသစ်များကိုကမ်ဘာအ၀ှမ်းနေရာအနှံ့
အပြား၌စွန့်စွန့်စားစားကြိုးစားလုပ်ဆောင်နေ
ကြသော်လည်းတရုတ်ပြည်၌စီမံကိန်းမရှိသေးသောအချိ်န်ဖြစ်
သည်။ တရုတ်ပြည်၌နောက်ဆုံးသာသနာပြုခဲ့သော ဆရာကြီးသေဆုံးပြီးငါးနှစ်ကြာခဲ့သော်လည်းမည်သည့်သာသနာပြုများကိုမျှမစေလွှတ်နိုင်ခဲ့ကြချေ။ ငါးနှစ်မျှကြာ ရှိသေးသော ဟတ်စင်တေလာသည် ဤအကြောင်းကိုကြားသောအခါ “ကျွန်တော်လူကြီးဖြစ်ရင် သာသနာပြု ဆရာလုပ်ပြီး တရုတ်ပြည်ကိုသွားမယ်” ဟုပြောခဲ့သည်။

ငယ်စဉ်ဘ၀
          ဟတ်စင်တေလာကို (၁၈၃၂) ခု၊ မေလ (၂၁)၇က်နေ့တွင်အင်္ဂလန်ပြည်၌ဖွားမြင်ခဲ့၏။ သူ၏မိဘများ သည် ထူးချွန်ထက်မြက်သော ခရစ်ယာန်ချများဖြစ်ကြသည်။ သူသည်ကျန်းမာရေးအလွန်ချို့တဲ့ချုချာသော ကြောင့်နှစ်နှစ်မျှသာစာသင်ကြားခဲ့ရပြီး အသက်(၁၄)နှစ်တိုင်ကျောင်းမတက်ပဲ နေခဲ့ရ၏။ အိမ်၌သာသင်ကြား လေ့လာခဲ့၏။ သူပအသက်(၄)နှစ်မပြည့်မီဖခင်ဖြစ်ူက ဟေဗြဲအက္ခရာစကားလုံးများကိုသင်ကြားပေးခဲ့သည်။ ကျွန်ုပ်တို့သိခဲ့ကြသည့်အတို်င်းဟတ်စင်တေလာသည် ငယ်စဉ်ကလေးဘ၀ကပင်ကမ်ဘာပေါ်ရှိသာသနာပြုလုပ် ငန်းတိုင်း၌လိုအပ်မှုများကိုလုပ်ဆောင်ပေးရန်စိတ်အလွန်ပြင်းပြခဲ့သည်။

ပြောင်းလဲခြင်းနှင့်ခေါ်တော်မူသံ
          ဟတ်စင်တေလာသည် ကလေးဘ၀မှစတင်၍၀ိညာဉ်ရေးရာအသိုင်းအ၀ိုင်း၌ကြီးပြင်းခဲ့ရသည်။ အသက်(၁၄)နှစ်သားအရွယ်တွင်“အမှုပြီးပြီဟူသောေ၀စာတစ်စောင်ဖတ်ခဲ့ရ၏။ မိမိသည်အပြစ်သားဖြစ်ကြောင်း သိမြင်ပြီး ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်ခဲ့၏။
          ခရီးထွက်ရာမှပြန်လာသောမိခင်ကိုသူ၏အဖြစ်အပျက်များကိုပြောပြခဲ့၏။ မိခင်က သူမသိပြီးသားဖြစ် ကြောင်းပြောရာ၊ဟတ်စင်တေလာသည်အံ့အားသင့်စွာဖြင့်မည်ကဲ့သို့သိနေကြောင်းမေးလို်က်၏။ ဟတ်စင်တေ လာပြောင်းလဲသောနေ့တွင်သူမသည်သားနှင့်မိုင်(၇၀) (သို့မဟုတ်) (၈၀)ေ၀းသောအရပ်၌ရှိနေပြီး စိုးရိမ်မှု၀န် တာဖြစ်ကာဘုရားသခင်ထံမှသားဟတ်စင်အတွက်စိတ်ချမှုရသည့်တိုင်သူမဆုတောင်းခဲ့ပြီး ဘုရားသခင်အား ချီးမွမ်းကြောင်းပြန်ပြောပြခဲ့၏။
          ပြောင်းလဲပြီးလအနည်းငယ်အကြာတစ်ရက်သောနေ့လည်ခင်းအချိ်န်တွင်ဟတ်စင်တေလာသည် သမ္မာမကျမ်းစာကိုယူ၍အိပ်ယာကုတင်ဘေး၌ဒူးထောက်ကာစတင်ဆုတောင်းခဲ့သည်။ သူ၏အနာဂတ်အတွက် ဆုတောင်းခဲ့ပေသည်။
          “သခင်၊ ကိုယ်တော်သည်လုပ်စေလိုတဲ့အရာကိုမပြောမချင်းကျွန်တော်ဒီနေ့အခန်းထကြ မထွက်တော့ ဘူး”ဟူ၍ဆုတောင်းရာသခင်ဘုရားက“င့ါအတွက် တရုတ်ပြည်ကိုသွားလော့”ဟုပြောနေသကဲ့သို့သူခံစားမိခဲ့၏။ ထိုအချိန်မှစ၍သူ့စိတ်နှလုံးသည်တရုတ်ပြည်အပေါ်၌သာစွဲလန်းသောအာရုံရှိခဲ့ပြီး ဘုရာသခင်၏ခေါ်တော်မူသံ ကိုသံသယမဖြစ်ခဲ့တော့ချေ။
         
သာသနာပြုတစ်ဦးဖြစ်ရန်ပြင်ဆင်ခြင်း
          တရုတ်ပြည်၌(နည်းလမ်းမျိုးစုံဖြင့်)အမှုတော်ဆောင်ရန်သူ့ကိုယ်ကိုစိတ်အားထက်သန်စွာပြင်ဆင်နေ ခဲ့၏။ တရုတ်ပြည်အကြောင်းတွေ့သိနိုင်သမျှကိုစတင်လေ့လာဖတ်ရှုခဲ့၏။ ၀ိညာဉ်ရေးရာရင့်ကျက်နက်ရှိုင်းသော အသက်တာရှိရန်သူတောင့်တခဲ့ပြီးသန့်ရှင်းသော၀ိညာဉ်တော်နှင့်ပြည့်၀ရန်လည်းစတင်ဆုတောင်းခဲ့သည်။
          “ဘုရားသခင်က ကျွန်တော့်ကိုကယ်တင်ခဲ့ပြီဖြစ်၍မည်သည့်အရာကိုမဆိုဘုရားသခင်လမ်းညွှန်တော် မူသည့်အတိုင်းကိုယ်တော့်အတွက်လုပ်ဆောင်ပါ့မယ်”ဟုဂတိပဋိညာဉ်ပြုခဲ့သည်။ ဘုရားသခင်ကဆုတောင်း ချက်ကိုအဖြေပေးတော်မူပြိး သူသည်ဘုရားသခင်နှင့်ပဋိညာဉ်ပြုခဲ့သည့်အတိုင်းလုပ်ဆောင်ခဲ့သည်။
          ခက်ခဲမှုများရှိသော်လည်းလူဆရာမပါဘဲကျေးဇူးတော်အာဖြင့်ရှင်လုကာခရစ်၀င်ကျမ်းကိုတရုတ်ဘာ သာသို့ပြန်ဆုနို်င်ခဲ့ပေသည်။ သူသည်ခက်ခဲသောအလုပ်နှင့်လေကောင်းလေသန့်ရှူခြင်း၊လေ့ကျင့်ခန်းများအ တွက်မိမိကိုယ်ကိုစည်းကမ်းတကျနေထို်င်ခဲ့၏။ သူသည်ဇိမ်ခံပစ္စည်း အသုံးအဆောင်များကိုစွန့်ပယ်ပြီး အမှု တော်ဆောင်ရန် အခွင့်အလမ်းမှန်သမျှကို အရယူခဲ့သည်။
          ဖခင်၏ကုန်သည်လုပ်ငန်းကိုကူညီဆောင်ရွက်နေစဉ်အမှုတော်အတွက်အထောက်အကူရရန် လက် တင်၊ ဂရိ၊ ဓမ္မပညာနှင့်ဆေးကုသခြင်းပညာရပ်များကိုလေ့လာခဲ့၏။
          ခရစ်တော်နာမအတွက်လုပ်ဆောင်နေသောကမ်ဘာတ၀န်းရှိသာသနာပြုအဖွဲ့များနှင့်လည်းအကျွမ်းတ၀င်ရှိခဲ့သည်။ အထူးသဖြင့်တရုတ်အမျိုးသားအဖွဲ့ချုပ်(နောင်တွင်တရုတ်ပြည်ဧဝံဂေလိအဖွဲ့)နှင့်သိကျွမ်းခဲ့သည်။
          အသက်(၁၉)နှစ်သားအရွယ်တွင်ဆေးကုသခြင်းပညာကိုပိုမိုလေ့လာရန်လန်ဒန်သို့သွားခဲ့၏။ ထိုဒေသ ၌ပြင်းထန်သော၀ိညာဉ်ရေးပညတ်များကိုဖြတ်ကျော်ခဲ့ရ၏။ဆင်းရဲကျပ်တည်းမှုနှင့်ခက်ခဲမှုပြဿနာကြီးများက သူ့အားခရစ်တော်နှင့်ပိုမိုနီးကပ်စွာအသက်ရှင်စေခဲ့၏။ မိမိကိုယ်ကိုငြင်းပယ်သောအသက်တာဖြင့်ငွေ၏သုံးပုံ နှစ်ပုံ(၂/၃)ကိုခရစ်တော်အတွက်ပေးအပ်ခဲ့သည်။ ထိုအချိန်က လန်ဒန်သူနှင့်သင်ဆုံတွေ့ခဲ့ပါက “သာသနာပြု လုပ်ငန်း၌သူ့အား ဘုရားသခင်ဘယ်လိုအသုံးပြုနို်င်လိမ့်မလဲ”ဟူ၍သံသယ၀င်လိမ့်မည်။ သူ့ပုံသဏ္႑ာန်မှာပန်လှီ သေးသွယ်ခိျနဲ့သောကိုယ်ခန္ဓာနှင့်အငြိမ်းစားယူရသော(အသက်ကြီးသူ)ကဲ့သို့ဖြစ်၍လူ့သဘောအားဖြင့်ပြောရ လျှင်သာသနာပြုတစ်ဦးဖြစ်ရန်ကိုက်ညီ(အံ၀င်ဂွင်ကျ)ဖြစ်သူမဟုတ်ချေ။ သို့ရာတွင်ဘုရားသခင်၏ဂတိတော် မှာ “င့ါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်၏။” (ဖိ ၄း၁၃) ဖြစ်သည်။ ဘုရားသခင်ထံသို့ခပ်သိမ်းသောဘုန်းအသရေရောက်ရှိစိမ့်သောငှာ၊ရံဖန်ရံခါဟတ်စင်တေလာ ကဲ့သို့အာနည်းသောသူများကို အသုံးပြုတော်မူသည်။
           
လန်ဒန်မြို့၌နေစဉ်ကာလ
 ဟတ်စင်တေလာ၏ယုံကြည်ခြင်းကိုမကြာခဏစစ်ဆေးခံခဲ့ရ၏။ နေအိမ်မှသူ အလုပ်လုပ်သောဆေးရုံသို့ဘတ်စ်ကားခပေးရန်မတတ်နိိုင်သောကြောင့် သူသည်(၈)မိုင်ခရီးလမ်းလျှောက်ခဲ့ရဖူး ၏။ သူစားသောအစာမှာလည်းအနည်းငယ်မျှဖြစ်ပြီး မနက်နှင့် ညစာအတွက်ပေါင်မုန့်တစ်လုံးသာဖြစ်၏။တစ်ချိန် ၌အသည်းအသန်ရောဂါတစ်ခုဖြင့်သေဆုံးသောလူနာတစ်ဦးကိုခွဲစိတ်စစ်ဆေးခဲ့ရာမှသူ့လက်၌အဆိပ်တက်ပြီး ရုတ်တရက်ဖျားနာခဲ့၏။ သူသည်သေလုနီးပါးအခြေနေသို့ရောက်ပြီးတရုတ်ြပ်ညသည်သူ့အတွက်အိပ်မက်တစ်ခု များလားဟူ၍စဉ်းစားတွေးတောမိခဲ့၏။ သို့သော်လည်းယုံကြည်ခြင်းခိုင်မြဲခဲ့ပြီး မကြာမီပြန်လည်ကျန်းမာလာ၏။ ဤအတွေ့အကြုံများဖြင့် သူ၏ယုံကြည်ခြင်းမှာပိုမိုသန်စွမ်းလာခဲ့ပေသည်။

တရုတ်ပြည်၌ မိတ်ဆွေသုံးဦးကသူ့အားနှုတ်ဆက်ပွဲပြုလုပ်ပေးပြီးနောက်(၁၈၅၃)ခု၊စက်တင်ဘာလ၌ဟတ်စင်တေလာ သည် ကိုယ်တော်အလိုရှိရာနှင့် ရူပါရုံဖြစ်သည့်ေ၇လမ်းခရီးနှင်ခဲ့သည်။ သူသည်တရုတ်ပြည်ဧဝံဂေလိအသင်း ချုပ်ကြီး၏အုပ်ချုပ်မှုအစီအစဉ်အောက်မှသွားခြင်းဖြစ်သည်။ ရေလမ်းခရီးငါးလခွဲမျှကြာခဲ့ပြီး ဟတ်စင်အသက် (၂၂)နှစ်အရွယ်တွင်တရုတ်ပြည်၊ရှန်ဟိုင်းမြို့သို့ဆိုက်ရောက်ခဲ့၏။ ဘုရားသခင်ဂတိပေးထားတော်မူသောမြေပေါ် ၌ခြေခြခွင့်ရသောအခါ ဖော်မပြနိုင်လောက်အောင်စိတ်လှုပ်ရှားခဲ့၏။ နောက်ပိုင်းတွင်သူသည်တရုတ်ပြည်မကြီး အတွင်းသို့၀င်သည့်ဧဝံဂေလိတံခါးကိုဖွင့်မည့်သူတစ်ဦးဖြစ်ကြောင်းသိလာခဲ့၏။
          တရုတ်ပြည်သို့ခြေချမိသောအခါသူ့အားကြိုဆိုမည့်သူတစ်ဦးမျှမရှိ။ မိတ်ဆွေများလည်းမရှိခဲ့ချေ။ ရှန်ဟိုင်းမြို့သည်သူပုန်များ၏လက်အောက်၌ရှိပြီး ကုန်ဈေးနှုန်းများလည်းအလွန်ကြီးမြင့်ကြောင်းသူသိလာခဲ့၏။ လူငယ်တစ်ဦးဖြစ်သည့်သူ့အတွက်ဤအရာများသည် အားရစရာကောင်းသောအရာများမဟုတ်ချေ။ သို့ရာတွင် ဘုရားသခင်၌သူ၏ယုံကြည်ခြင်းမှာကြီးမားခိုင်ခန့်လှပေသည်။
          သူသည်တရုတ်လူမျိုးများကိုခရစ်တော်ထံပို့ဆောင်ရန်အလွန်စိတ်အားထက်သန်လျက်ရှိသည်။ ထို့ကြောင့်သူသည်အနည်းငယ်မျှသာသိသော်လည်းဧဝံဂေလိတရားဟောရန်ေ၀စာများနှင့်တကွသွားရောက် သက်သေခံခဲ့၏။ သက်သေခံဆောင်ရွက်စဉ်တရုတ်ဘာသာ“စကားလုံးအသစ်”မျာလေ့လာသဖြင့်တရုတ်ဘာ သာစကားကိုပိုမိုကျွမ်းကျင်စွာအသုံးပြုတတ်လာ၏။ သာသနာပြုများတစ်ခါမျှမရောက်သေးသောနေရာဒေသ များသို့သွားရောက်ခဲ့၏။ ထိုအချိန်ကတရုတ်ပြည်၌သူပုန်များရှိသောကြောင့်ခရီးသွားလာရန်အန္တရာယ်ကြီးမား လွန်းလှပါသည်။
          တစ်ချိ်န်၌အရပ်မြင့်ပြီးခွန်အားကြီးသောအရက်မူးသမားတစ်ဦး၏နှောက်ခြင်းခံခဲ့ရ၏။ ဟတ်စင်၏ဆံပင် ကိုဆွဲပြီးကြမ်းတမ်းစွာဆွဲလှည့်ပစ်ခြင်းကြောင့်သူ့ခမြာမေ့မြောလုမတတ်ဖြစ်ခဲ့ရ၏။ သို့ရာတွင်ခရစ်ယာန်စာပေ ဖြန်ပေ၀ခြင်းလုပ်ရန်ထိခိုက်မည်စိုး၍ပြဿနာကိုရှောင်ပြီးေ၀စာဖြန့်ေ၀ခြင်းကိုသာဆက်လက်လုပ်ဆောင်ခဲ့၏။ သူ့ကိုဆန့်ကျင်သူများကပို၍ဒေါသထွက်ကြကာအစိုးရအရာရှိတစ်ဦးထံအတင်းဆွဲခေါ်သွားခဲ့ကြ၏။ထိုအရာရှိ သည်အလွန်ကြင်နာသနားတတ်ပြီး ဟတ်စင်ထံမှဓမ္မသစ်ကျမ်းစာအုပ်ကိုလက်ခံခဲ့၏။
          ဟတ်စင်၏နှလုံးသားဆန္ဒမှာ ပြည်မကြီးရှိသတင်းကောင်းမကြားဖူးသေးသောသူများစွာထံ ဧဝံဂေလိ တရားေ၇ာက်ရှိရန်ဖြစ်၏။ “ခပ်သိမ်းသောသူတို့ကိုကယ်တင်ခြင်းအလို့ငှာ ခပ်သိမ်းသောသူတို့၌ခပ်သိမ်းသော အရာဖြစ်၏”ဟူသောရှင်ပေါလု၏ခံယူချက်အတိုင်းတရုတ်အမျိုးသား၀တ်စုံကို၀တ်ဆင်ပြီး တရုတ်လူမျိုးများနည်း တူအသက်ရှင်ခဲ့၏။အချို့သောဥရောပတိုက်သားများနှင့်သာသနာပြုဆရာများကထိုသို့လုပ်ခြင်းကိုမနှစ်သက်ကြသော်လညး်ဤနည်းဖြင့်တရုတ်ပြည်မကြီးအတွင်းသာသနာရောက်ရှိအောင်သူလုပ်ဆောင်ခဲ့၏။ သူ၏ကြိုးစားမှု ကြောင့်လအနည်းငယ်အတွင်းပထမဆုံးယုံကြည်ပြောင်းလဲလာသူတစ်ဦးအားဖြင့်ဘုရားသခင်ချီးမြှင့်ခြင်းကိုခံခဲ့ ရ၏။

ရှုပ်ထွေးသော်လည်းစိတ်မပျက်
          ဟတ်စင်အမှုတော်ဆာင်စဉ်မကြာခဏစိတ်ဓါတ်ကျရန်စုံစမ်းနှောက်ယှက်ခြင်းခံခဲ့ရ၏။ သူ၏ရှေ့အနာ ဂတ်သည်မဲမှောင်လျက်ရှိသဖြင့်“ကျွနု်ပ်၏လမ်းခရီးသည်တစ်ချိန်လျှင်ခြေတစ်လှမ်းလှမ်းရန်အမြဲရှင်းလင်းလျက်ရှိပြီးကျွန်ုပ်သည်ဘုရားသခင်ကိုမျှော်လင့်ရမည်၊ ကိုးစားရမည်၊ သို့မှသာအားလုံးကောင်းမွန်လာမည်”ဟုစာရေး ထားခဲ့၏။သူ၏သာသနာပြုလုပ်ငန်းသည် အလွန်အေးဆေးပြီး သူ့အတွက်ငွေကြေးများလည်းမှန်မှန်ရောက်ရှိ ခြင်းမရှိချေ။
          သူသည် “စန်ဂျင်(န်)”မြို့၌သာသနာပြုဆေးခန်းတစ်ခတည်ထောင်ကာထိုဆေးခန်းအားဖြင့်ထောင် ပေါင်းများစွာသောသူတို့ကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ သို့ရာတွင်ဗြိတိသျှအစိုးရကိုယ်စားလှယ်များက သူ့ အားပြည်မကြီးအတွင်းပိုင်းသို့မသွားရန်၊ အကယ်၍သွားခဲ့လျှင်ကာကွယ်ပေးမည်အဟုတ်ကြောင်းပြောခဲ့၏။ သို့ရာတွင် ဟတ်စင်သည်သူ၏အသက်အန္တရာယ်လုံခြုံရေးထက်ဧဝံဂေလိတရားမကြားသိရသေးသူများထံ ဧဝံဂေလိတရားရောက်ရှိရေးကိုပို၍အလေးထားခဲ့၏။ ခင်မင်ရင်းနှီးသောသူ၏မိတ်ဆွေများ၊သူနှင့်အတူအလုပ် လုပ်ပြီးပျောက်ဆုံး၀ိညာဉ်များအတွက်သူကဲ့သို့ပင်စိုးရိမ်ပူပန်တတ်သောအမှုတော်ဆောင်ဗီလီယန်ဗန်း(စ်)သေ ဆုံးသွားသောသတင်းကြောင့်စိတ်ပျက်စရာတွေ့ကြုံရပြန်၏။ဟတ်စင်သည်ဗီလီယန်ဗန်း(စ်)နှင့်မိတ်သဟာယ ဖွဲ့ခြင်းအားဖြင့်အထောက်အကူအကျိုးဖြစ်ထွန်းခဲ့၏။သို့ရာတွင်ဗန်း(စ်)သည် (၁၈၅၆)ခုနှစ်အတွင်းအဖမ်းဆီးခံရ ပြီးအသတ်ခံခဲ့ရ၏။
          သို့သော်လည်းဟတ်စင်အားဘုရားသခင်က ဦးဆောင်လျက်ဆရာ၀န်လုံး၀မရှိသည့်သငေ်္ဘာဆိပ်မြို့ တစ်မြို့ဖြစ်သောနင်ပိုမြို့၌စတင်အမှုတော်ဆောင်ရန်ထွက်ခဲ့၏။နင်ပိုမြို့အသွားလမ်းခရီး၌သူ့ကျွန်ကသူ၏ ဥစ္စာ ပစ္စည်းများကိုလုယက်ကာသူ့ကိုစွန့်ပစ်ထားခဲ့၏။ အစာငတ်ပြတ်မှု၊ အိပ်ရေးပျက်မှု၊ ခန္ဓာပိုင်းချို့ယွင်းမှုများ ကြောင့်အားအင်ကုန်ခန်းလျက်ရှိခ့ဲ၏။ လမ်းဘေးနား၌မေ့မျောလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းသူစွဲလန်း ခြင်း မှာဆုံးရံှုးသွားသည့်သူ့ပစ္စည်း မဟုတ်ပဲပျောက်ဆုံး၀ိညာဉ်များအတွက်ဖြစ်ပြီးထိုသူတို့အားခရစ်တော်အကြောင်း ဟောပြောခဲ့၏။ နင်ပိုမြို့၌တွေ့ဆုံခဲ့သောမာရီယာဒိုင်ရာ(Maria Dyer)နှင့်လက်ထပ်ခဲ့၏။ ဖျားနာသောသူတို့ကို အတူတကွကြည့်ရှုစောင့်ရှောက်ခဲ့ကြပြီးတရုတ်လူမျိုးများပြုလုပ်ခြင်းကြောင့်သူ့ကျန်းမာရေးထိခိုက်လာသည်။ ထို့ကြောင့်တရုတ်ပြည်၌(၇)နှစ်အမှုတော်ဆောင်ပြီးနောက်ကျန်းမာရေးအရ အင်္ဂလန်သို့ပြန်ခဲ့ရ၏။

တရုတ်ပြည်တွင်းသာသနာလုပ်ငန်း လန်ဒန်မြို့၌ဆေးပညာသင်ကြားခြင်းကိုလဲအဆုံးသတ်လေ့လာခဲ့၏။ ပြည်နယ်(၁၁)ခုရှိလူသန်း(၃၈၀) အတွက်သာသနာပြုတစ်ယောက်မျှပင်မရှိသောတရုတ်ပြည်ကိုသတိရစေရန်တရုတ်ပြည်မြေပုံကိုသူ့အိမ်နံရံ၌ ချိတ်ဆွဲထား၏။ တရုတ်ပြည်အတွက်လိုအပ်ချက်များကိုဖော်ပြသည့်ဆောင်းပါးများနှင့်လက်ကမ်းစာစောင်များ ကိုရေးသားခဲ့သည်။ ထိုပြည်နယ်(၁၁)ခုသို့သွားေ၇ာက်မည့်သာသနာပြု(၂၄)ဦးရရန်သူဆုတောင်းခဲ့၏။ (၂)၇က်မျှကြာပြီးနောက်“တရုတ်ပြည်တွင်းသာသနာလုပ်ငန်း”သည်ယုံာကည်ခြင်းအားဖြင့်မည်သို့အစ ပြုခဲ့ကြောင်းဖော်ပြခြင်းဖြစ်၏။ ဟတ်စင်က ဤအရာမှာအနည်းငယ်သောငွေကြေးဖြစ်သော်လည်း ဘုရားသခင် ၏ကတိတော်များကြောင့်ရရှိကြောင်းပြောခဲ့၏။
          ဘုရားသခင်သည် ဟတ်စင်၏ဆုတောင်းချက်ကိုအဖြေပေးတော်မူခဲ့ပြီး၊ (၁၁)လခန့်ကြာသောအခါသူ ဆုတောင်းခဲ့သောသာသနာပြု(၂၄)ဦးရရန်သူဆုတောင်းခဲ့၏။ (၂)ရက်မျှကြာပြီးနောက်“တရုတ်ပြည်တွင်းသာသ နာလုပ်ငန်း”သည်ယုံကြည်ခြင်းအားဖြင့်မည်သို့အစပြုခဲ့ကြောင်းဖော်ပြခြင်းဖြစ်၏။ ဟတ်စင်ကဲ့သို့ကျန်သာသနာ ပြုအယောက်တိုင်းသည် အာမခံချက်လစာမရှိဘဲ ဘုရားသခင်၏ကတိတော်အပေါ်၌ရပ်တည်လျက်သွားခဲ့ကြ ခြင်းဖြစ်၏။ သူတို့ဘယ်အရပ်သိို့သွားလိမ့်မည်ကိုမသိပဲလျက်ခရီးထွက်ခဲ့ကြခြင်းဖြစ်၏။ တရုတ်ပြည်၌သူတို့ကို ကြိုဆိုဧည့်ခံမည့်သူတစ်ယောက်မျှမရှိချေ။ နို်င်ငံခြားသားများကို ဆန့်ကျင်သောတိုင်းပြည်၏အတွင်းပိုင်းသို့သွား ရန်သူတို့ဆုံးဖြတ်ချက်ချပြီးသားဖြစ်ကြ၏။ သငေ်္ဘာပေါ်၌ပင်သငေ်္ဘာသား(၃၄)ယောက်အနက်အယောက်(၂၀) ကျော်ကခရစ်တော်ကိုယုံကြည်လက်ခံခဲ့၏။ဟတ်စင်တေလာက“ပင်လယ်ကိုဖြတ်ကျော်ခြင်းကသာသနာပြုဖြစ်လာရန်ဘယ်တော့မှမလုပ်ပေးနိုင်ချေ”ဟုမကြာခဏပြောလေ့ရှိခဲ့၏။ မိမိအိမ်၌ခရစ်တော်အတွက်အသုံးမ၀င်သူ သည်အခြားတိုင်းပြည်၌ကိုယ်တော်အတွက်အသုံး၀င်စေရန်မမျှော်လင့်နိုင်ချေ။

တရုတ်ပြည်သို့နောက်တစ်ကြိမ် ရှန်ဟိုင်းမြို့သို့ရောက်ရှိပြီးနောက်သူတို့၏အသက်တာများကိုစွန့်စားကာတိုင်းပြည်အတွင်းပိုင်းသို့၀င် ရောက်သွားခဲ့ကြ၏။ ငယ်ရွယ်သူဟတ်စင်တေလာသည်အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့၏။မကြာခဏဆိုသလိုပင်သူ တို့ ၌အစားအစာ(သို့)တည်းခိုစရာမရှိခဲ့ကြပေ။ သို့ရာတွင်ဘုရားသခင်အားကိုယ်တော်သည်ဖြည့်ဆည်းပေးတော်မူ ခဲ့၏။ဟတ်စင်တေလာ၏လျှို့၀ှက်ချက်သည်ရိုးသားသောကလေးသူငယ်ကဲ့သို့ယုံကြည်ခြင်းတည်နေသည်။ ယုံ ကြည်ခြင်းအားဖြင့်ကျော်လွှားအောင်မြင်ခဲ့သည့်အခက်အခဲတိုင်းမှာဘုရားသခင်၏သားဖြစ်သူအတွ်ကခွန်အား နှင့်အစာအဟာရဖြစ်၏ဟုသူပြေခဲ့ပေသည်။
          နှစ်ပေါင်း(၂၀)နီးပါးမျှကြာပြီးနောက်တရုတ်ပြည်တွင်းသာသနာလုပ်ငန်းသည်ကြီးထွားလာသဖြင့်သာသနာပြု(၂၂၅)ဦး၊ အသင်းတော်(၅၉)ပါးနှင့်ယုံကြည်သူ(၁၇၀၀)ခန့်ရှိလာခဲ့၏။ သင်တန်းပေးသည့်အိမ်များစတင်ရှိခဲ့ ပြီးထောင်ပေါင်းများစွာသောေ၀စာများနှင့်စာအုပ်များကိုဖြန့်ချိနိုင်ခဲ့သည်။ ဆုံးရှူံးမှုများလည်းရှိခဲ့၏။ ဟတ်စင် တေလာသည်သူ၏ဇနီးနှင့်ကလေး(၃)ဦးဆုံးရှုံးခဲ့သည်။ သူ၏ဇနီးဖြစ်သူသည်သူ့အသက်တာနှင့်အမှုတော်မြတ် အတွက်(၁၂)နှစ်နီးပါးမျှကူညီလုပ်ဆောင်ခဲ့ပြီးနောက်၀မ်းရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သူ့အချစ်ဆုံးသမီး ဖြစ်သူသေဆုံးချိ်န်၌“ကျွန်ုပ်တို့၏နှလုံးသားများသွေးယိုစီးခြင်းဖြစ်ရပေမဲ့ကျွန်ုပ်တို့၏ယေရှုသည်အရာခပ်သိမ်း ကိုကောင်းမွန်စွာလုပ်ဆောင်တော်မူသည်ဟူသောအချက်ကကျန်အရာများထက်ပို၍ပေါ်လွင်ရပေမည်။” ဟု သူရေးသားခဲ့၏။
          သူ၏ဇနီးဖြစ်သူသေဆုံးချိ်န်၌“တစ်ဦးတည်းမဟုတ်ပါ၊ အကြောင်းမှာဘုရားသခင်သည်ခါတိုင်းထက်ပို မို နီးကပ်စွာရှိတော်မူသည်”ဟုသူရေးသားခဲ့၏။ဤသို့အားဖြင့်အသက်တာ၏ဆုံးရှုံးမှုများအားလုံးကိုသူရင်ဆိုင်ခဲ့၏။
          ဟတ်စင်တေလာသည် အရပ်ရပ်ရှိလူတို့အားတရုတ်ပြည်၏လိုအပ်ချက်များကိုပြောပြခဲ့၏။သို့ရာတွင်ငွေ ကြေးကိုဘယ်သောအခါမျှမတောင်းခံခဲ့ချေ။အမှုတော်ဆောင်များ(သို့)ငွေကြေးလိုအပ်သောအခါတိုင်းဘုရားသခင်ထံတော်၌သာအသနားတော်ခံခဲ့ပေသည်။တရုတ်ပြည်တွင်းသာသနာလုပ်ငန်းအတွက်အလှူငွေယူရန်ဘယ် သောအခါမျှခွင့်မပြုခဲ့ချေ။ ဤမချက်သည်အမှုတော်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ရန်နည်းဥပဒေဖြစ်ခဲ့သည်။

တရုတ်ပြည်သာအစဉ်အမြဲ    
 ဟတ်စင်တေလာသည် အင်္ဂလန်ပြည်သို့အကြိမ်များစွာပြန်သွားသော်လည်းတရုတ်ပြည်သို့သာအမြဲ ပြန် ရောက်ခဲ့၏။ ထပ်မံအိမ်ထောင်ပြုပြီးတရုတ်ပြည်ရှိမြို့တိုင်းကိုခရစ်တော်အတွက်တောင်းဆိုရန်စိတ်ပြဋ္ဌာန်းခဲ့၏။
ကျောရိုးထိခိုက်ဒဏ်ရာကြောင့်သူသည်လပေါင်းများစွာအိပ်ယာထဲလဲလျောင်းနေခဲ့ရ၏။ထိုနေ့ရက်ကာလများအတွင်းဘုရားသခင်ကသူ့အားတရုတ်ပြည်၏လိုအပ်ချက်များနှင့်ဆိုင်သည့်သာ၍ကြီးသောရူပါရုံများပေးတော်မူခဲ့၏။သူပြန်လည်ကျန်းမာလာပြီးသူ၏ဇနီးသည်နှင့်အတူအမေရိကန်ပြည်၊ကနေဒါနို်င်ငံ၊သြစတေးလျနှင့်တောင်အမေ ရိကနို်င်ငံများသို့ခရီးထွက်ကာတရုတ်ပြည်၏လိုအပ်ချက်ကြီးများကိုပြောပြခဲ့၏။သို့ရာတွင်ငွေကြေးကိုဘယ်သော အခါမှမတောင်းဆိုခဲ့ချေ။ (၁၉၀၀)ခုနှစ်၊သူအင်္ဂလန်ပြည်၌ရှိစဉ်သူ၏သာသနာလုပ်ငန်းမိသားစုများမှလူ(၇၉)ဦး ရက်စက်စွာအသတ်ခံရကြောင်းကြားခဲ့ရ၏။ ထိုအထဲတွင်သာသာပြုများ၏သားသမီးငယ်(၂၀)ဦးလည်းပါ၀င်ခဲ့ သည်။(၄)နှစ်ကြာပြီးနောက်သူ၏ဒုတိယဇနီးသည်ကိုဆုံးရှုံးးခဲ့ရ၏။
          အင်္ဂလန်ပြည်တွင်ဟတ်စင်တေလာမနေထိုင်နိုင်ခဲ့ချေ။ ထို့ကြောင့်(၁၉၀၅)ခုနှစ်တွင် အင်္ဂလန်ပြည်မှ တရုတ်ပြည်သို့သူ၏တစ်ဆယ့်တစ်ကြိမ်မြောက်နှင့်နောက်ဆုံးအကြိမ်ခရီးစဉ်ကိုအစပြုခဲ့၏။တရုတ်ပြည်၌သူ့ အားခမ်းနားကြီးကျယ်စွာကြိုဆိုခံခဲ့ရပြီးဧဝံဂေလိတရားအတွက်တံခါးဖွင့်ရန်နောက်ဆုံးဖွင့်ရန်နောက်ဆုံးပြည် နယ်တစ်ခု၏မြို့တော်“ချန်ရှာ (Changsha)” သို့သွားရောက်ခဲ့၏။ထိုအရပ်သို့ရောက်ပြီးမကြာမီပင်ဘုရားသခင် ၏လူ(ဟတ်စင်တေလာ) သည်သူ၏ဘုရားသခင်နှင့်အတူရှိရန်သွားရောက်ခဲ့ပါတော့သည်။
          သူသေဆုံးချိ်န်၌တရုတ်ပြည်တွင်းသာသနာလုပ်ငန်း၌သာသနာပြု(၈၄၉)ဦးရှိခဲ့ပြီး၊ ကွန်မြူနစ်များက တရုတ်ပြည်ကိုသိမ်းပိုက်ချိန်တိုင်အောင်သာသနာလုပ်ငန်းကိုတရုတ်ပြည်၌လုပ်ဆောင်နေခဲ့၏။ ဟတ်စင်တေ လာသည်ဤလောကကြီး၏စည်းစိမ်ဥစ္စာများ၌အမှန်တကယ်ဆင်းရဲသော်လည်းလူများစွာကိုချမ်းသာစေခဲ့၏။ လျှို့သှက်ချက်မှာ - အသက်ရှင်သောဘုရားသခင်နှင့်နှုတ်ကပတ်တော်၌သူယုံကြည်ကိုးစားခဲ့ခြင်းဟူသောအ ချက်ပင်ဖြစ်၏။ ဘုရားသခင်သည်နှုတ်ကပတ်တော်၌ကတိထားတော်မူသည့်အတိုင်းလုပ်ဆောင်တော်မူ
လိမ့်မည်ဟုသယုံကြည်ခဲ့၏။“ယုံကြည်ခြင်းက မဖြစ်နို်င်တာတွေကို ၇ယ်မောပြီး နာခံမှုက မေးခွန်းများမထုတ် ချေ” ဟူ၍သူပြောလေ့ရှိခဲ့ပေသည်။
         

အာဖရိကတိုက်မှလူဖြူဘုရင်မ


မေရီဆလက်စာ Mary Slessor 
(၁၈၄၈ - ၁၉၁၅) 
နံနက်မိုးအလင်း 
မိုးသည်ရွာသွန်းလျက်ရှိသောလမ်းအတိုင်း
(၁၆)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလမ်း
လျှောက်သွားစဉ်သူ့နောက်မှဆိုးသွမ်းကြမ်း
တမ်းပုံပေါ်သည့်လူငယ်တစ်အုပ်လို်က်ပါခဲ့၏။
 ခေါင်းဆောင်သည် ထိပ်တွင်ခဲသတ္တုများတပ် ထားသောကြိုးကို
ခေါင်းပေါ်မှေ၀့ှရမ်း ကာသူမအနီး သို့ချဉ်းကပ်လာပြီးမင်းရဲ့ကျမ်းစာ သင်ခန်းစာတွေမေ့သွားပြိ ငါတို့ကိုပစ်ထား ခဲ့အောင်ငါတို့ လုပ်ရ လိမ့်မယ် ဟူ၍ပြောလိုက်၏။
          ပိန်သွယ်သောအမျိုးသမီးမေရီသည် လမ်းလျှောက်ရပ်လိုက်ပြီး မင်းတို့လုပ်ဆောင်ချင်သလိုလုပ်နိုင် တယ် ဟုပြန်ပြောလိုက်၏။ ေ၀့ှရမ်းနေသောကြိုးကြောင့်ခဲသတ္တုများသူမအနီးသို့တဖြည်းဖြညး်နီးကပ်လာသော် လည်းသူမသည်တိမ်းရှောက်လှုပ်ရှားခြင်းမပြုပဲ ရဲ့ရင့်စွာမတ်တတ်ရပ်နေခဲ့၏။ သူမသည် ဘုရားသခင်၏အမှု တော်မြတ်ကိုလုပ်ဆောင်နေသူဖြစ်ပြီး ဘုရားသခင်ကသူမအားကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်ဖြစ်၏။ သူ မသည် ဆင်းရဲသားရပ်ကွက်တစ်ခုရှိ ယောက်ျားလေး၊ မိန်းကလေးများကိုကျမ်းစာများသင်ကြားပေးနေသူဖြစ်၏။ ဆိုးသွမ်းကြမ်းတမ်းသောဤလူငယ်တစ်စုသည်သူမ၏ကျမ်းစာသင်တန်းများကိုဖျက်ဆီးရန်ဆုံးဖြတ်ကြပြီးယခုကဲ့သို့လုပ်ဆောင်နေကြခြင်းဖြစ်၏။

          မေရီသည်ကြောက်ရွံ့တုန်လှုပ်မှုမရှိကြောင်းသူတို့မြင်သောအခါ မကျေမနပ်ပြစ်တင်ရှုံ့ချနေရာမှ ချစ်ခင် မြတ်နိုးလေးစားသွားပြီးထိုလူငယ်တစ်အုပ်လုံး မေရီ၏ကျမ်းစာသင်တန်းသို့တက်ရောက်ခဲ့ကြ၏။ ဤသည်မှာ ခဲ သတ္တုကြိုးကိုေ၀့ရမ်းသောခေါင်းဆောင်၏အသက်တာပြောင်းလဲသွားသောအချက်ပေတည်း။

အမျိုးသမီးငယ်၏တစ်ဦးအနေဖြင့်
          ဖော်ပြခဲ့သောအမျိုးသမီးငယ်ဖြစ်သူမေရီဆလက်စာကို (၁၈၄၈)ခု၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင်စကော့ တလန်ပြည်၌ဖွားမြင်ခဲ့၏။ သူ၏မိဘများသည် ဆင်းရဲသားများဖြစ်ကြ၏။ အသက်(၁၁)နှစ်သမီးအရွယ်တွင်သူ့ မိသားစုစား၀တ်နေရေးအတွက်စက်ရုံတစ်ခုတွင်အလုပ်လုပ်ခဲ့၏။ မနက်(၆)နာရီမွ ညေန(၆)နာရီအထိအလုပ် လုပ်ခဲ့ပြီးညကျောင်းတက်ကာပညာကိုဆည်းပူးခဲ့၏။ စက်ရုံသို့ကျောင်းစာအုပ်ကိုယူသွားကာအလုပ်လုပ်ရင်း ကျောင်းစာကိုလေ့လာခဲ့၏။ 

သူမ၏ကျမ်းစာအုပ်ကိုလညး်ထိုနည်းတူစက်ရုံသို့ယူသွားပြီးဖတ်ရှုခဲ့၏။ ဘုရားသခင် သည်သူမနှင့်နီးကပ်စွာအ တူရှိခဲ့ကာနှုတ် ကပတ်တော်အာဖြင့်ခရစ်တော်ကိုသူမ၏ ကယ်တင်ရှင်အဖြစ်ယုံလက်ခံ ခဲ့ပြီး ခရစ်တော်ကိုချစ်မြတ်နှိုးသောသူတစ်ယောက်လည်းဖြစ်၏။ သူမ၏အနှစ်သက်ဆုံးကျမ်းမှာ ရှင်ယောဟန် ခရစ်၀င်ကျမ်းဖြစ်ပြီး၊ မကြာခဏအိပ်ဖို့ပင်မေ့နေပြီး ညဥ့်နက်သန်းခေါင်တိုင်ကျမ်းစာဖတ်လျက်ရှိသည်။

 သူမ၏ ဖခင်မှာအရက်သမားတစ်ဦးဖြစ်၍အိမ်တွင်းရေးအခြေအနေမလွယ်ကူချေ။ ဖခင်သည်အရက်သောက်ရာမှပြန် လာလျှင်သူမ၏မိခင်ကိုမကြာခဏရိုက်နှက်လေ့ရှိ၏။ တခါတရံမေရီသည် အိမ်အပြင်ဖက်သို့သွားပြီးအမှောင်ထဲ ၌စိတ်မချမ်းမြေ့စွာဖြင့်ရှိုက်ကြီးတငင်ငိုယိုခဲ့၏။ ဤဆင်းရဲဒုက္ခများက သူမ၏အနာဂတ်အသက်တာနှင့် အမှု တော်အတွက်ရင့်ကျက်သန်စွမ်းစေခဲ့၏။

          မေရီ၏မိခင်သည် ခရစ်ယာန်ကောင်းတစ်ဦးဖြစ်၏။ သားသမီးငယ်များကိုမကြာ ခဏမိမိနားသို့ခေါ်ကာ သခင်ယေရှုနှင့်ကိုယ်တော် အကြောင်းတခါမျှမကြားဖူးသေးသောလူ မဲကလေးသူငယ်များအကြောင်းကို ပြောပြ လေ့ရှိ၏။ ထို်စဉ်ကသူမသည် မိခင်အား အေမ၊ ကျွန်မသာသနာပြုဆရာမဖြစ်ချင်တယ်၊ လူမဲကလေးတွေကို သင်ကြားပေးချင်တယ် ဟုစိတ်အားထက််သန်စွာပြောခဲ့ပေလိမ့်မည်။

          ကလေးများခုန်ပေါက်ကစားချိန်တွင် မကြခဏ တရားဟောခြင်းများပြုလုပ်ပေလိမ့်မည်။ လူမဲကေလး များကိုသခင်ယေရှု၏သ တင်းကောင်းပြောကြား ရန်မေရီသွန်သင်ခဲ့ပေသည်။ ထိုကလေးများသည်အာဖရိက တိုက်အကြောင်းအသေးစိတ်သိကျွမ်းနား လည်လာကြပြီးစိတ်အားထက် သန်မှုပြင်းပြလာကြသဖြင့် မေရီ၏အစ် ကိုဖြစ်သူရောဘတ်ကအာဖရိက တိုက်အတွက်သာသနာပြုဆရာဖြစ် လာရန်မိခင်ကလည်းမျှော်လင့်ခဲ့သည်။ သို့သော်မေရီအသက်(၁၄)နှစ်ပြည့်ပြီးမကြာမီပင် သူမ၏ဖခင်နှင့်အစ်ကိုနှစ်ဦး (ရောဘတ်အပါအ၀င်) သေဆုံး သွားသည်။ 

အိမ်ထောင်တစ်ခုလုံးကိုလုပ်ကျေွးပြုစုရန်မေရီ၏တာ၀န်ဖြစ်လာသည်။ ထိုသို့မိသားစုကိုကြည့်ရှုပြု စုရန်သူမ၏အလိုဆန္ဒကိုငြင်းပယ်ကာကိုယ်ကျိုးစွန့်သောအသက်တာဖြင့်ဆက်လက်အသက်ရှင်ခဲ့သည်။ ဤ အခက်အခဲဒုက္ခများက သူမအားယခင်ကထက်ပိုမိုသတိ္တရှိပြီးသည်းခံနိုင်စွမ်းပေးခဲ့၏။

အာဖရိကတိုက်အတွက်ခေါ်တော်မူခြင်း
          မေရီဆလက်စာသည် အာဖရိက တိုက်၌သာသနာမပြုမီသူမ ၏နေရင်းမြို့လေးတွင် ခရစ်တော်ကိုစိတ်နှ လုံးအကြွင်းမဲ့ဆက် ကပ်လျက်အမှုတော်ဆောင်ခဲ့၏။ ကျွနု်ပ်တို့သည်အခြား အရပ်ဒေသမျာ၌သက်သေခံခြင်းမပြု မီ၊ မိမိနေရင်းဇာတိမြို့ရွာ၌ သခင်ဘုရားအတွက်သစ္စာရှိစွာ အမှုတော်ဆောင်ဖို့လိုအပ်သည်။ မေရီသည် စက်ရုံ၌ (၁၀)နာရီကြာမျှပင်ပန်းစွာအလုပ်လုပ်ပြီးကျန်အချိန်နှင့် တနင်္ဂနွေနေ့များတွင် သခင်ဘုရားအ တွက်ဆက်ကပ် လုပ်ဆောင်ခဲ့၏။ ဤသိို့ (၁၄)နှစ်မျှလုပ်ဆောင်ခဲ့၏။ 

သို့ရာတွင်သူမ၏ရူပါရုံတွင် အာဖရိကတိုက်မှတောအုပ်ကြီး နှင့်တဲကလေးများသာတချိန်လုံးရှိနေခဲ့သည်။
တစ်နေ့အာဖရိကတိုက်မှသာသနာပြုဆရာကြီးဒေးဗစ်လစ်ဗင်းစတုန်းကွယ်လွန်သွားသည့် ၀မ်းနည်းဖွယ်သတင်းသည်စကော့တလန်ပြည်သို့ရောက်ရှိခဲ့၏။ သူ၏နေရာတွင်မည်သူသွားရောက်အမှုတော်ဆောင်မည် နညး် ဟူသောမေးခွန်းဖြစ်ပေါ်ခဲ့၏။ ဤစိန်ခေါ်ချက်ကအာဖရိကတိုက်တွင်သွားရောက်အမှုတော်ဆောင်ဖို့မေရီ ၏ဆုံးဖြတ်ချက်ကိုပိုမိုခု်ိင်မြဲစေခဲ့၏။ 

အာဖရိပကတိုက်တွင်အမှုတော်ဆောင်ဖို့ခေါ်တော်မူသံကိုမေရီကမိခင်အား ပြောကြားရာမိခင် ကလည်းသဘောတူြက်ညဖြူခဲ့ပေသည်။ ထို့ကြောင့်သာသနာပြုဘုတ်အဖွဲ့ကြီးသို့ချက်ချင်း စာရေးခွင့်တောင်းခဲ့ရာအာဖရိကတိုက် ကယ္လဘာ(Calabar) အရပ်တွင် အမှုတော်ဆောင်ရန်လက်ခံလိုက် ကြောင်းပြန်စာရသည်။

          ၁၈၇၆ ခုနှစ်၊ အင်္ဂလန်ပြည်၏တစ်ခုသောနံနက်ခင်းတွင် သငေ်္ဘာတစ်စင်း၏ ကုန်းပတ်ပေါ်မှ မေရီဆလက်စာက သူမ၏မိတ်ဆွေများကိုလက်ေ၀့ှရမ်း ၍နှုတ်ဆက်ပြီး ရေကြောင်းခရီး အစပြုခဲ့သည်။ သငေ်္ဘာပေါ်တွင်အာဖရိက တိုက်သို့ပို့ဆောင်မည့် တိဗက်အရက်ပုလင်းများ စွာပါလာသည်။ မေရီသည် အရက် ပုလင်းများကိုကြည့်ပြီး အရက်ပုလင်းများစွာနှင့် သာသနာပြုတစ်ယောက်ပါလားဟုရေရွတ်ခဲ့၏။ သငေ်္ဘာခရီး စဉ်တွင်သငေ်္ဘာပေါ်ရှိ မိတ်ဆွေတစ်ဦးကသူမအား အာဖရိကတိုက်အကြောင်းများစွာပြောပြခဲ့၏။ 

အာဖရိကတိုက် တွင်ထူထပ်သောခြုံနွယ်ပင်များ၊ တောအုပ်များနှင့်ဖုံးလွှမ်းလျက်ရှိကြောင်း၊ လူဖြူများတခါမျှမမြင်ဖူးသေးသော မြစ်များ သည်တောင်များပေါ်မှအရှိန် လျင်မြန်စွာဖြင့်စီးဆင်း လျက်ရှိကြောင်း၊ ကြမ်းတမ်းပြင်း ထန်သောလေမုန် တိုင်းများရုတ်တရက်ကျရောက်ပြီး သစ်ပင်များကိုအမြစ်မှပြုတ် ထွက်စေကာ တောထဲမှအိမ်များ ကိုလည်းအေ၀း သို့လွင့်စင်ပျက်စီးစေကြောင်း၊ ထိုသူကပြောပြခဲ့၏။ တောသားရဲတိရစာၦများ၊ ကြီးမားသောရေမြင်းကြီးများ၊ မြစ်ချောင်းများထဲမှ မိကျောင်းများ၊ တောဆင်များ က်ားသစ္မ်ား၊ မြွေများအကြောင်းလည်းပြောသည်။

အာဖရိကတိုက်၌
          မေရီသည်ပင်လယ်ကမ်းခြေမြို့တစ်ခုဖြစ်သော ဒု(တ်)မြို့(Duke Town)သို့ရောက်ခဲ့ပြီး၊ ထိုအရပ်ရှိ လူများကိုသိကျွမ်းရန်နှင့်ဘာသာစကားလေ့လာလျက်ထိုအရပ်တွင်(၄)နှစ်မျှအမှေုတော်ဆောင်ခဲ့၏။ အာဖရိက တိုက်ရှိယောက်ျားလေးများ၊ မိ်န်းကလေးများနှင့်သိကျွမ်းရင်းနှီးလာခဲ့၏။ သူမသည်သူတို့နှင့်အတူပါ၀င်က စားခဲ့ ပြီးမကြာမှပင်ခင်မင်ရင်းနှီးမှုရရှိခဲ့၏။ သို့ရာတွင်သူမ၏စိတ်နှလုံး၌ ယခင်ကမည်သူမျှ မသွားခဲ့သောအာဖရိက တိုက်အတွင်းပိုင်းသို့သွား၍ခ ရစ်တော်အကြောင်းပြောရန်တောင့်တခဲ့၏။
         
မှောင်နေသောတိုက်(ဒေသ) အာဖရိကတိုက်ကိုအမှောင်ဒေသဟုအဘယ်ကြောင့်ခေါ်ေဝါ်ကြကြောင်းမကြာမီမေရီ သဘောပေါက်ခဲ့၏။ နေရာတိုင်း၌အပြစ်ဒုစရိုက်၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ညစ်ညမ်းမှုများတွေ့မြင်ရ၏။ ကျွန်ကုန်ကူးခြင်းကိုဆက် လက်လုပ်ဆောင်နေကြ၏။ ယောက်ျား၊မိန်းမနှင့် ကလေးငယ်သူငယ် မ်ားကိုညွာ တာထောက်ထားစာနာမှုလုံး၀မ ရွိပဲ၊ ဖမ်းဆီးပြီးတိရစာၦန်များ ထက်ပိုမိုဆိုးရွားစွာပြုမူ ဆက်ဆံခံရသောကျွန်များ အဖြစ်ရောင်းစားကြ၏။

 ဒေသခံ များသည်သစ်ပင်တိုင်းနှင့်ရေ ကန်တိုင်းတွင်၀ိညာဉ်ဆိုးများနေထိုင်ကြကြောင်းယုံကြည်ပြီး၊ ထို၀ိညာဉ်ဆိုးများကို အစဉ်ကြောက်ရွံ့ခြင်းဖြင့်အသက်ရှင်နေကြရသည်။ ကွဲပြားခြားနားသောလူမျိုး စုများမှာအချင်းချင်းတိုက်ခိုက် ခြင်း၊ ကခုန်ခြင်းဖြင့်အချိန်ကိုကုန်လွန်စေကြ၏။ သူတို့အနက်အချို့မှာလူသား ကိုပင်စားကြ၏။ သူတို့၏နတ်ဘုရားများကျေနပ်စေရန်၊ တိရစာၦန်များ၏ အသွေးကိုမကြာခဏပူဇော်ကြ၏။
          အာဖရိကတိုက်လူမျိုး၏အကြီးအကဲခေါင်းဆောင်တစ်ဦးသေဆုံးလျှင်ကျန်ရစ်သူဇနီးနှင့်ကလေးများ၏ ဦးခေါင်းများကိုဖြတ်ပြီး ၀ိညာဉ်လောက၌သေဆုံးသူအတွက်ပေါင်းအဖော်ရရန်သေ သူနှင့်အတူသဂြိၤုလ်ခံရ၏။ ပြစ်မှုကျူးလွန်သူယောက်ျားမိန်းမများကိုအ ဆိပ်သောက်စေပြီး(သို့) ဆီပူထဲလက်ထည့်စေခြင်းဖြင့်စစ်ဆေးဒဏ် ပေးကြ၏။ အမြွာပူးမွေးလျှင်၀ိညာဉ်ဆိုး ကစေလွှတ်ခြင်းဟုယူဆကြပြီးသတ်ပစ််ကာ၊ ဆာလောင်နေသောကျား သစ်များထံလွှင့်ပစ်ကြ၏။ 

ကလေး၏မိခင်မှာတောကြီးထဲတွင်တစ်ယောက်တည်းနေစေရန် နှင်ထုတ်ခြင်းခံရ၏။ ထိုလူတို့သည်သခင်ယေရှုနှင့်သူ၏မေတ္တာတော်အကြောင်းတခါမျှမကြားဖူးကြပေ။ သခင်ယေရှုသည်သူတို့အား အပြစ်မှကယ်တင်နိုင်ကြောင်းနှင့် သန့်ရှင်းသောအသက် တာဖြင့်၀မ်းမြောက်စွာအသက်ရှင်ကြောင်းသူတို့တခါမျှမ သိကြချေ။

အေမဆလက္စာ
တစ်နေ့တွင်အာဖရိကန်အမျိုးသမီးတစ်ဦးသည်နှစ်မွှာပူး ကလေးမွေးဖွားကြောင်း မေရီကြားသိရာ ထိုတဲရှိရာသို့ပြေးသွားခဲ့၏။ အသက်ကြီးသောမိန်းမတစ်ဦးအား ကလေးများကိုသူတို့ဘာလုပ်မည်နညး်ဟုမေးရာ၊ ကလေးများနောက်ကျောကိုခွဲပြီးပုတ်ထဲ လွှင့်ပစ်ကြလိမ့်မည်ဟုပြောပြ၏။ မေရီသည်ကလေးများကိုသူမအိမ်သို့ ယူသွားပြီးကျေွးမွေးကြည့်ရှုခဲ့၏။ သို့ရာတွင်ကလေးနှစ်ယောက်အနက်ယောက်ျားလေးကိုဆွေမျိုးများကပြန် လည်ခိုးယူသွားပြီးသတ်ပစ်လိုက်ကြ၏။

          ကျန်သောကလေးမလေးကိုမေရီကကာကွယ်စောင့်ရှောက်ခဲ့ပြီး အာဖရိကမိသားစု၌သူမ ၏ပထမဆုံး ကလေးအဖြစ်မွေးစားခဲ့၏။
          မေရီသည်ထန်းပင် အရွက်များဖြင့် အမိုးပြုလုပ်ထားသော တဲလေးတစ်ခုတွင်နေထိုင်ကာ ထိုဒေသအစားအစာဖြစ်သည့်ငါး၊ မျောက်ဥနှင့် ငှက်ပျောသီး(အငယ္စား)တို့ကိုစားသောက်ပြီး သူတို့အတွက်အ၀တ်အထည် လုပ်ပေးခြင်း၊ သူနာပြုကဲ့သို့ပြုစုစောင့်ရှောက်ပေးခြင်းများပြုခဲ့သည်။
          မေရီသည် ခြုံနွယ်များရှိသောဤတိုင်းပြည်၏တောတွင်းပိုင်းသို့သွားချင်စိတ်ပြင်းပြခဲ့ကြောင်း ကျွန်ုပ်တို့သိပြီးဖြစ်၏။ ဒေသခံများသည်အလွန်ဆိုးညစ်ပြီး ကမ်းခြေဒေသမှလူများအ တွက်ရန်သူများဖြစ်ကြ၏။ သို့ရာတွင် တစ်ည၌သူမနှင့်အတူအာဖရိကန်လူငယ်လေးသုံးဦး၊ အမျိုးသမီးလေးတစ်ဦးနှင့်ခလေးငယ်တို့သည် တောထဲသို့ ခရီးအစပြုခဲ့ကြ၏။
          ရွာသို့ရောက်သောအခါဘာမျှပြင်ဆင်မှုမပြုလုပ်ရသေး၍သူမတို့နေထိုင်ရန်အိမ်ကိုကလေးများနှင့်အတူ ဝါးဖြင့်တဲလေးတစ်ခုဆောက်ကာရံွ့ဖြင့်အိုးများပြုလုပ်ခဲ့ကြ၏။ တဲအတွင်း၌အခန်းမရှိသောကြောင့် အသုံးအ ဆောင်များကိုအပြင်၌ချိတ်ဆွဲထားကြ၏။ ဘုရားရှစ်ခိုးကျောင်းတစ်ခုကိုလည်း စတင်ဆောက်လုပ်ခဲ့ကြ၏။ မေရီ သည်လူများကိုအ၀တ် အစားတချို့ပေး၏။ အမျိုးသမီးများကိုချက်ပြုတ် ရန်နှင့် အ၀တ်အထည်ချုပ်တတ်ရန်၊ ခလေးငယ်များကိုစာရေးစာဖတ် တတ်ရန်သင်ပြပေးခဲ့၏။ သခင်ယေရှူအကြောင်း ကိုလည်းသူတို့အားပြောပြခဲ့၏။

လူဖြူဘုရင်မ အချို့တိုင်းရင်းသားလူမျိုးစုပြဿနာများကို ဖြေရှင်းရန်မေရီသည်မကြာခဏမိုင်းပေါင်းများ စြာသြား ရောက်ခဲ့ရ၏။ တစ်နေ့တွင်စစ်ဖြစ်တော့မည့်သတင်းကိုသူမကြားသိခဲ့ရ၏။ မဲမှောင်နေသောတောအုပ်ကြီးထဲ တွင်ညအချိ်န်၌တိရစာၦန်များ၏အန္တရာယ်မှကာကွယ်ရန်ဘုရားသခင်ထံ ဆုတောင်းလျက်သူမတစ်ယောက်တည်း ကျော်ဖြတ်ခဲ့ရ၏။ဤရဲရင့်စိတ်ကိုအဘယ်သို့ရရှိခဲ့သနည်း။ သူမသည်မွေးကတည်းကသတိ္တရှိသူလော။ မဟုတ်ပါ။ 

စကော့တလန်၌နေစဉ်ကလယ် ကွင်းပြင်တွင်နွားမ တစ်ကောင်ရှိနေပါကထိုလယ်ကွင်းကိုသူမဖြတ် သွားရန်ကြောက်ရွံ့လေ့ရှိခဲ့၏။ သူမကိုရဲရင့်စေသူမှာသူမ ၏အထဲ၌ရှိသောသန့်ရှင်းသော ၀ိညာဉ်တော်ပင်ဖြစ် သည်။ မကြာမီသူမအားမျှ တသောတရားသူကြီးတစ်ဦး အဖြစ်အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး အကြီးအကဲများက အကြံဉာဏ်တောင်း ခံရန္သူမ ထံသို့မကြာခဏရောက်လာခဲ့ကြ၏။ တခါတရံပြဿနာတစ်ခုဖြေရှင်းရန်တစ်နေ ကုန်ကြာမြင့်တတ်၏။ မေရီသည်မှန်ကန်စွာ လုပ်ဆောင်ကြောင်းသူတို့သိသောကြောင့်သူမ၏ အကြံဉာဏ်ပေး ချက်များကိုအစဉ်လက်ခံ သဘောတူကြ၏။ ထိုအရပ်ဒေသကိုဗြိတိသျှအ စိုးရအုပ်ချုပ်သောအချိန် တွင်သူမအား ကောင်စစ်၀န် အဖြစ်ခန့်အပ်ခဲ့၏။ မေရီအား လူဖြူဘုရင်မအဖြစ်လူသိများလာခဲ့၏။
          မေရီသည်အာဖရိကတိုက်သားများကဲ့သို့ရိုးရိုးလေးအသက်ရှင်ခဲ့ပြီးရရှိသော လစာအနည်းငယ်မှစု ဆောင်းထားသမျှသောငွေကိုစကော့တလန်ရျိမိခင်နှင့်ညီ မလေးထံသို့ပို့ပေးခဲ့၏။ မကြာမီမိခင်နှင့် ညီမေလး တို့ တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးသွားသောသတင်းကြားရာသူမမှာ အလွန်ကြေကွဲအားငယ်ခဲ့၏။ သို့သော် လညး်ဤအခိျန်တွင်သူမ၏ အာဖရိကမိသားစု၌ ကလေးငယ်များစွာရှိခဲ့ပြီ။ သုတို့သည်အမြွှာကလေးများ၊ မိဘမဲ့ မ်ား၊ ကျွန်ဘ၀မှလွတ်မြောက်ပြီး၊ သူမကြည့်ရှုစောင့်ရှောက် ကာကွယ်ခဲ့သော ကလေးများဖြစ်ကြသည်။ မေရီ သည်သူမ၏ အလုပ်မအားလပ်သောကြောင့်တပတ်တာအ တွင်းမည်သည့်နေဖြစ်ကြောင်းကိုပင်မေ့လျော့ခဲ့၏။ မိတ်ဆွေများ၏ဆုတောင်းချက်များက သူမ၏အလုပ်ကိုကူညိထောက်မမှုဖြစ်စေ၏။

အာဖရိကကိုတောင့်တခြင်း
          ဖျားနာခြင်းကသူမကိုစကော့တလန်ပြည်သို့ပြန်လှည့်စေခဲ့၏။ သို့သော်လည်းကျန်းမာရေးကောင်းလာ သည်နှင့်သူမအားအာဖရိ ကသို့ပြန်လည်စေလွှတ် သင့်ကြောင်းငိုကြွေးတောင်းဆိုခဲ့၏။ ထိုသို့မပြုကသခင်ယေရှူ ကိုလက်မခံ ရပဲသေဆုံးသွားကြသောထို လူမ်ားရွိရာ သို့ရေကူးလျက်ပင်သူ မပြန် သွားသင့်ကြောင်းပြောသည်။

 ထို ဒေသသို့သူမပြန် သွားပြီးသည်နှင့် ကျွန်ရောင်း ၀ယ်ရေးနှင့်လူသား စားခြင်းပွဲတော်ကျင်းပ ရာ၌ကျော်ကြားသောလူ မျိုးစုတစ်စုထံသို့ကြောက်ရွံ့ခြင်းကင်းလျက် သွားရောက်ခဲ့၏။ သူမသည်အသက်ကြီး ရင့်လာပြီးဖြစ်သော်လည်း စိတ်အားထက် သန်စွာအမှုတော်ထမ်းဆောင်ခဲ့၏။ တခါတရံသူမအားကုလား ထိုင်ပေါ်ထိုင်စေပြီးလူများ ကသယ် ဆောင်ခြင်ဖြင့်ခရီးထွက်နိုင်ခဲ့၏။

          ဗြိတိသျှအစိုးရကသူမအား ထိုဒေသအတွက်ရာဇ၀တ်တ ရားသူကြီးအဖြစ်တာ၀န် အပ်နှင်းခဲ့ရသည်။ဤ သို့ဖြင့်သူမသည်ဗြိတိသျှအင်ပါရာ၏ ပထမအမျိုးသမီးတရားသူကြီးဖြစ်ခဲ့သည်။ ဤရာထူးကိုအသုံးပြုလျက်ဗြိတိသျှအရာရှိများနှင့် အာဖရိကတိုက်ရှိတိုင်းရင်းသားများ ခရစ်တော်ကိုလက်ခံစေရန် လုပ်ဆောင်ခဲ့သည်။ မေရီဆလက်စာ၏ လုပ်ငန်းသည်မြို့ပြစည်ပင်တိုး တက်ယဉ်ကျေးရန် လုပ်ဆောင်ခြင်းထက် သာလွန်ထူးခြားစွာ လုပ်ဆောင်နိုင်ခဲ့သည်။

 ပထမတွင်မည်သူမျှသတိမပြုမိခဲ့ချေ။ သို့ရာတွင်မာကြာမီအခြားတိုင်းပြည်များမှသူမ၏ လုပ်ငန်းကိုသိရှိလာကြပြီး ဗြိတိသျှ ဘု၇င်ကသူမ၏ကြီးမြတ်ကောင်း မွန်သောလုပ်ငန်းအတွက် ငွေလက်ဝါးကပ် တိုင်ချီးမြှင့်ခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင်က သူ့ကိုချီးမြှောက်သောတပည့်တော် တိုပအား ဂုဏ်ပြုတော်မူ ခဲ့သည်။
         
ဘုန်းတော်၀င်စားခြင်း
          မေရီသည်နေရင်းတို်င်းပြည်သို့မပြန်ပဲနောက်ဆုံးစက္ကန့် အထိအာဖရိကတိုက်၌အ မှုတော်ဆောင်ရန်ဆန္ဒရှိခဲ့၏။ သူမစိတ်ပျက်ရန်ဖျားနာခြင်းနှင့်အ သက်ကြီးရင့့်ခြင်းကပင် မတတ်စွမ်းနိုင်ခဲ့ပေ။ မလှုပ်မရှားနို်င်လောက်
အောင် အလွန်အမင်းဖျားနာသောအချိ််န်တွင်မူ အိပ်ယာပေါ်လဲလျောင်းလျက်ဆုတောင်းပေးလိမ့်မည်။ သူမ၏အတွေးများသည် ကောင်းကင်ဘုံအကြောင်းပို၍လေး နက်မှုရှိလာကာ၊ (၁၉၁၅)ခု၊ ဇန်နဝါရီလ (၁၃) ၇က်နေ့၌ဆုလဒ်လက်ခံရယူရန်ကြီးမြတ်သော(ဘုရားသခင်)ထံတော်သို့သွားလေသည်။ သူမ၏နံဘေးကုတင် ပေါ်တွင် ၀ိညာဉ်ရေးတိုက်ပွဲအတွက်သူမ၏အဖော်မွန်ဖြစ် သမ္မာကျမ်းအတွင်း၌ခွန်အားရ၍မှတ်သားထားချက် များအပြည့်တွေ့၇သည်။

 အ၀တ်ချုပ်နည်းစာရွက်စာတမ်းဟောင်းတချို့၊ စာအုပ်အနည်းငယ်နှင့် စာထည့်သည့် အိတ်ကြီးတစ်ခုသာသူမပိုင်ဆိုင်သောပစ္စည်းအဖြစ်သာကျန်ရစ်ခဲ့သည်။ သူမသည် ဆင်းရဲသောသူကဲ့သို့ဖြစ် သော်လည်းသူတစ်ပါးကို ရတတ်စေသောသူကဲ့သို့ အသက်ရှင်ခဲ့သည်။
          စကော့တလန်ပြည်မှ ပိန်သွယ်ပြီး ကြောက်လန့်တတ်သောအမျိုးသမီးလေး မေရီသည် အသုံး၀င်သော အသက်တာဖြင့်ကောင်းစွာအသက်ရှင်ခဲ့ပြီး၊ ရမည့်ဆုလဒ်အတွက်အရာရာ၌ဘုရားသခင်စကားနာခံခဲ့သည်။ 

အကယ်၍သခင်ယေရှုနောက်သို့လိုက်လျှောက်လိုလျှင် သင်၌စွမ်းရည်သတ္တိများရှိသည်ဖြစ်စေ၊ အားနည်းချို့တဲ့ သည်ဖြစ်စေ၊ သင့်အသက်တာအားဖြင့် အခြားသူများကောင်းကြီးမင်္ဂလာဖြစ်ပါစေ။
 

လူသားစား လူရိုင်းများထံ သွားသောဘုရားသခင် ၏စေတမန်

ဂျွန်ပက်တန် John Paton (၁၈၂၄ - ၁၉၀၇) 
“သင်တို့ကျွန်ုပ်ကိုပစ်ခတ်နို်င်တယ် (သို့မဟုတ်)
 သတ်ပစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ဟာသင်တို့
ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ ကျွန်တော်
ဟာသေဖို့မကြောက်ပါဘူး။သင်တို့ကျွန်တော့်ကို
သတ်ရင် ကျွန်တော်ချစ်ပြီး အစေခံလျက်ရှိတဲ့ 
ကျွန်တော့်ဘုရား သခင်ထံကျွန်တော့်ကိုအမြန်
ဆုံးစေလွှတ်ခြင်းသာလျှင် ဖြစ်လိမ့်မယ်” ဟူ၍ 
ရွာတစ်ရွာ တွင်သူ့အား၀ိုင်း ရံထားသောကြမ်း တမ်းရက်စက်သည့်
လူရိုင်းများကိုပြောလိုက် သည်။
          ထိုသူတို့သည် လူသားစားလူရိုင်းများဖြစ်ကြပြီး၊ တင်းပုတ်များနှင့်အခြားလက်နက်များကိုလက်တွင် ကိုင်ဆောင်ထားကြ၏။ မည်သည့်ရက်စက်ကြမ်းကြုတ်မှုကိုမဆိုပြုရန်အဆင်သင့်ရှိနေပုံပေါ်သည်။ သူတို့နှင့် လုံး၀ခြားနားလျက်သူတို့အလယ်တွင်ငြိမ်သက်စွာသတိ္တရှိစွာရပ်လျက်နေသော ဂျွန်ပက်တန်ပေါ်တွင်မူချစ်ခြင်း မေတ္တာနှင့် သနားခြင်းကရုဏာပေါ်လွင်နေသည်။ လူအများအား ခရစ်တော်၏မေတ္တာအကြောင်းပြောရန်သာသ နာပြုအနေဖြင့်ရောက်ခဲ့သော်လည်းသူ့ကိုသတ်ပစ်ရန်အသင့်ရှိနေခဲ့ကြသည်။

          ဂျွန်ပက်တန်သည် (၁၈၂၄) ခုနှစ်တွင်စကော့တလန်ပြည်၌ဖွားမြင်ခဲ့ပြီး သူ၏မိဘများမှာ ဘုရားတရာ ကြည်ညိုကိုင်းရှိုင်းသူများဖြစ်ကြသည်။ သူ၏ဖခင်မှာကုန်သည်တစ်ဦးလည်းဖြစ်၏။ သူတို့်အိမ်တွင် “သန့်ရှင်း သောအရပ်”ဟုခေါ်သောအခန်းလေး တစ်ခုရှိပြီးဂျွန်ပက်တန်၏ ဖခင်သည်တစ်နေ့လျှင်(၃)ကြိမ်ထိုအခန်းအတွင်း ၀င်ရောက်ပြီး မိသာစုအတွက်၊ စကော့တလန်ပြည်အတွက်၊ တကမ်ဘာလုံးအတွက်ဆုတောင်းလေ့ရှိ၏။ ဤဘုရား တရားကြည်ညိုသောအသက်တာသည် ဂျွန်အားနှိုးဆော်မှုဖြစ်ခဲ့ပြီး ဂျွန်၏အသက်တာ၌လည်းသူ့ဖခင်ကဲ့သို့ ဘုရားသခင်နှင့်အတူ လိုက်လျှောက်ရန်သစ္စာကတိပြုခဲ့ပေသည်။

          သူ့မိခင်သည် ယုံကြည်ခြင်း ကြီးမားသောသူ၊ ဘုရားတရားကြည်ညို ကိုင်းရှိုင်းသောသူတစ်ဦးဖြစ်၏။ တစ်ချိန်တွင် ဂျွန်၏ဖခင်သည်အလုပ်ကိစ္စဖြင့်အခြားအရပ်ရောက်နေပြီး အိမ်၌စားစရာမရှိတော့ကြောင်း သူ့မိခင် တွေ့ရှိခဲ့၏။ ဆာငတ်နေသောကလေးများကိုသူမအနီးသို့စုေ၀းစေပြီး သူတို့လိုအပ်ချက်များအားလုံး ကိုဘုရား သခင်အားပြောခဲ့၏။ 

ထိုနောက်နံနက်လင်းချိန်၌စားစရာများကြွယ်၀ စွာရှိလိမ့်မည်ဖြစ်ကြောင်း ကလေးများကို ပြောလျက်သူတို့အား အိပ်ယာ၀င်စေခဲ့၏။ နောက်တစ်နေ့ရောက်သောအခါ အမှန်တကယပင််စားစရာများကြွယ် ၀လုံလောက်စွာရရှိခဲ့၏။ ဖခင်ဖြစ်သူသည်သူတို့လိုအပ်ချက်များကိုမသိသော်လည်းဘုရားသခင်၏ တို့ထိပဲ့ပြင်မှု ခံရပြီး ပို့ပေးလိုက်သောကြောင့်ဖြစ်၏။ အံ့အားသင့်နေသောကလေးများကိုမိခင်ဖြစ်သူက “ကလေးတို့ - အဖ ဘုရားသခင်ကိုချစ်ကြနော်။ ယုံကြည်ခြင်းနဲ့မင်းတို့လိုတာတောင်းပါ။ ဘုရားသခင်ကသူ့ဘုန်းထင်ရှားစေဖို့နဲ့
မင်းတို့ကောင်းကျိုးအတွကပေးပါလိ်မ့်မယ်”ဟုပြောခဲ့ပေသည်။ ဤအချက်ကဂျွန်ဘယ်တော့မှမမေ့ချေ။

          အသက်(၁၂)နှစ်အရွယ်၌ဂျွန်သည်ဖခင်ဖြစ်သူ၏အလုပ်၌ကူညီလျက် ဂရိနှင့် လက်တင်ဘာသာစကား များကိုလေ့လာနေခဲ့၏။ စက်ပစ္စည်းကရိယာများ အကြောင်းသင်ယူလေ့လာခဲ့ရာ သာသနာပြုဆရာတစ်ဦးဖြစ်လာ ချိန်၌များစွာအကျိုးကျေးဇူးရှိခဲ့သည်။ သူသည်ခရစ်တော်ကိုကယ် တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးဧဝံဂေလိအမှု တော်ဆောင်တစ်ဦးဖြစ်လာဖို့ မိမိကိုယ်ကိုပြင် ဆင်ရန်ဆန္ဒရှိခဲ့၏။ ဂလပ်(စ်)ဂေါင်(Glasgow) အရပ်ရှိကျမ်းစာ ကျောင်းတွင်သင် တန်းတက်ရောက်ခွင့်ရခဲ့၏။

          ဂလပ်(စ်)ဂေါင်မြို့တွင်နေထိုင်ရသောအခြေအနေမှာ မလွယ်ကူလှချေ။ ဂျွန်သည်ဆေးပညာနှင့်ကျမ်းစာ ကိုလေ့လာခဲ့ပြီး စား၀တ်နေရေးအတွက်ကျောင်းတစ်ခု၌စာသင်ကြားပေးခြင်းပြုခဲ့၏။ မြို့တွင်းရှိအဆင့်အတန်း နိမ့်ကျပြီးအထင်မြင်သေးခံရသောလူများကြား၌အမှုတော်ဆောင်ရန်ဂလပ်(စ်)ဂေါင်မြို့သာသနာပြုအဖွဲ့နှင့်ဆက် သွယ်ခဲ့၏။ 

အမှုတော်ဆောင်ရာ၌အကြိမ်များစွာစိတ်ဓါတ်ကျ ဆင်းစရာများဖြစ်သော်လည်း သစ္စာရှိစွာအမှုတော် ဆောင်ခဲ့၏။ ဘုရားသခင်၏ကျယ်၀န်းသော စပျစ်ဥယျာဉ်ကြီး၌သစ္စာရှိကြောင်းမပြမီ၊ သေးငယ်သောအရပ်၌ သစ္စာရှိကြောင်းပြဖို့လိုသည်။ (၁၀)နှစ်ခန့်သစ္စာရှိစွာအမှုတော်ဆောင်၍လူများစွာ ကိုခရစ်တော်ထံပို့ဆောင် နိုင်ခဲ့ ပေသည်။ ထိုသူများမှာ အရက်သမားများနှင့်ဘုရား တရားကိုမုန်းတီးပြီးသစ္စာပျက်သူများဖြစ်ကြသည်။ ဂျွန်သည် အမှုတော်ဆောင်ခြင်းအပြင် တက္ကသိုလ်စာပညာများကိုလည်းလေ့လာခဲ့၏။
         
ဘုရားသခင်၏ခေါ်တော်မူခြင်း
      ဂျွန်သည်အခြားအရပ်ဒေသများရှိခရစ်တော်ကိုမသိ၍ပျက်စီးခြင်းရောက်တော့မည့်သူများအတွက်စိုးရိမ် ပူပန်ခဲ့သည်။ အခြားအရပ်ဒေသများတွင် သာသနာပြုရန်သူ့အားဘုရား သခင်ခေါ်တော်မူသည်ဟုခံစားခဲ့ရ၏။ ဤအချိန်တွင်နယူးဟက်ဘရစ် (New Hebrides) ဒေသ၌သာသနာပြုများကို ကူညီရန်သာသနာပြုတစ်ဦး လိုအပ်သည့်သတင်းသူကြားခဲ့ရ၏။“ သွားမည့်သူမရှိပဲဖြစ်နေသောကြောင့် သင့်အသက်တာကို ပူဇော်လော့ ” ဟူသောဘုရားသခင်အသံတော်ကို လက်ခံလျက်သူ့အသက်တာကိုဆက်ကပ်အပ်နှံခဲ့၏။ မြို့တော်သာသနာပြု အဖွဲ့သည်သူ့ အားစေလွှတ်ရန်စိ်တ် မပါ့တပါဖြစ်ခဲ့ရ၏။“သူသည်လက်ရှိ လုပ်နေသောအမှုတော်ဆောင်လုပ်ငန်းကို ထားရစ်ကာလူသားစားလိုရိုင်းများရှိရာ အရပ်သို့သွားရောက်မည်ကိုသူ့မိတ်ဆွေနှင့် အသိအကျွမ်းများကနားမ လည်နိုင်။

 အဖိုးကြီးတစ်ယောက်က “လူကလေးမသွားနဲ့၊ အန္တရာယ် သိပ်များတယ်၊ မင်းကိုလူရိုင်းတွေသတ်စား လိမ့်မယ်” ဟုပြောရာ၊ ဂျွန်ပက်တန်က ပြုံးလျက်“အဖိုးက အသက်ကြီးပြီ၊မကြာမီသေ လျှင်ပိုးရွများစားသောက် ခြင်းခံရမယ်၊ သခင်ယေရှှု“အမှုတော်ဆောင်ရင်း၊ လူရိုင်းများကြောင့်သေ ပြီးပိုးရွများကိုက်စားခံရခြင်းဟာ ကျွန်တော့်အတွက်ခြားနားမှုမရှိ်ပါဘူး”ဟုပြန်ပြောခဲ့သည်။ မိဘများကလည်းဘုရားသခင်၏လမ်းပြဦးဆောင်မှု အတိုင်းလိုက်နာရန် ဂျွန်ကိုခွင့်ပြုခဲ့သည်။ ဤသို့ဖြင့်(၁၈၅၈)ခုနှစ်၊ ဂျွန်အသက်(၃၄)နှစ်တွင်လက်ထပ်ပြီးစဇနီး ဖြစ်သူနှင့်အတူ နယူးဟက်ဘရစ်သို့ရေကြောင်းခရီးပြုခဲ့၏။

နယူးဟတ်ဘရစ်(လူသားစားလူရိုင်းများအလယ်၌)
          နယူးဟတ်ဘရစ်အရပ်သည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကျွန်းများစုေ၀းရာဒေသတစ်ခုဖြစ်၏။ သြစတြေးလျနိုင်ငံအရှေ့မြောက်ဖက်မိုင်(၁၄၀၀)အကွာတွင်တည်ရှိ၏။ ထိုဒေသရှိလူများမှာအလွန်ခေတ်နောက် ကျပြီး အဆင့်အတန်းနိမ့်သူများလည်းဖြစ်၏။ သူတို့သည်လူသားစားလေ့ရှိကြပြီးအခြားကြော်မက်ဖွယ်ညှင်းပန်း နှိပ်စက်မှုများလည်းပြုလေ့ရှြိက၏။ လူတစ်ယောက်ကိုသတ်ရန်မှာသူ တို့အတွက်အထူးအဆန်းအဟုတ်ချေ။ လူ
တစ်ယောက်သတ်ဖြတ်ခြင်းကြောင့်သူ တို့သည်ရဲရင့်သူများဖြစ်ကြပါသလား။ မဟုတ်ပါ။ ၀ိညာဉ်ဆိုးများက လူ သတ်ရန်သူတို့အားနှိုးဆော် သဖြင့်၀ိညာဉ်ဆိုးများကိုကြောက်ခြင်းကြောင့်လုပ်ဆောင်ခြင်းသာဖြစ်၏။

          ၀ိညာဉ်ဆိုးများအန္တရာယ်မှကင်းေ၀းရန်သူတို့၌ရုပ်တုများ၊ အဆောင်အယောင်များ(လက်ဖွဲ့များ)၊ နတ် ဆရာ၊ မှော်ဆရာများစွာရှိကြ၏။ ဤနတ်ဆရာများသည် ထူးခြားသောအစွမ်းတန်ခိုးရှိပြီးလူတို့အပေါ်၌သြဇာ လွမ်းမိုးမှုများစွာရှိ၏။ သူတို့၌သာမန်သေခြင်းဟူသောအယူအဆမရှိချေ။ သေခြင်းမှန်သမျှကို စုန်းကေ၀ပြုစား ခြင်းကြောင့်ဟုယုံကြည်ကြပြီး ချက်ခြင်းဆိုသလိုပင်မည်သူ့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းဆုံးဖြတ်ရန်အစည်း အေ၀းပြုလုပ်ကြသည်။

ရွာအကြီးအကဲအမိန့်ဖြင့်သေဆုံးသူနှင့်မရင်းနှီးဆုံးသူတစ်ယောက် ကိုဖမ်းဆီးကာ လှဲလျောင်းစေလျက် စောင့်နေသောလူငယ်တစ်ဦးအားသေနတ်ပေး၍ပစ်သတ်စေ၏။ (ကျွန်းပေါ်သို့မကြာခဏလာသော ကုန်သည် များထံမှရသောသေနတ်)။
ပစ်သတ်ခံရသူ၏မိတ်ဆွေများက ပစ်သတ်သူကိုပြန်သတ်ရန်ကြိုးစားကြ၏။
ဤသို့ဖြင့်သာမန်သေသောလူတစ်ဦးကြောင့်လူမျိူးစုအားလုံးပျောက်ကွယ်သွားသည်အထိသတ်ဖြတ်မှု ကြီးဆက်လက်ဖြစ်ပေါ်နေတော့၏။

ခင်ပွန်းသည်သေဆုံးသောအချိန်၌ဇနီးဖြစ်သူကလည်းလည်ပင်းညစ်လျက်အသတ်ခံရပြီး ခင်ပွန်း၏ အုတ်ဂူအတွင်းမြှုပ်နှံခံရ၏။ အသက်ကြီးသောသူများကိုလည်း၀န်ထုတ်၀န်ပိုးကြီးသဖွယ်မြင်သောကြောင့်သတ် ပစ်ကြ၏။ ၀ိညာဉ်ဆိုးများကိုဘိုးဘေးများအဖြစ်ကိုးကွယ်ကြ၏။ ဤလူများသည် ခရစ်တော်အကြောင်းတစ်ခါမျှ မကြားဘူးကြချေ။

ထိုသူများထံသို့ခရစ်ယာန်သာသနာပြုများသည် ဧဝံဂေလိတရား(၀မ်းမြောက်ဖွယ်သတင်းကောင်း)ကို ယူဆောင်သွားခဲ့ကြ၏။ ရှေးဦးသာသနာပြုများသည် ထိုအရပ်များသို့ရောက်ရှိခဲ့ကြပြီးချက်ချင်းဆိုသလိုပင် အသတ်ခံရပြိး လူသားစားလူရိုင်းများက စားသောက်ပစ်လိုက်ကြ၏။ အခြားသောသာသနာပြုများလည်း အသတ်ခံရခြင်း၊ ထွက်ပြေးရခြင်းများတွေ့ကြုံရ၏။ သို့သော်လည်း ဂျွန်ပက်တန်ရောက်ရှိသောအချိန်၌ဆန့်ကျင် မှုများကြားမှပင် သာသနာပြုဇနီးမောင်နှံ(၂)တွဲ ထိုအရပ်တွင်နေထိုင်လျက်အမှုတော်ဆောင်နေကြ၏။

တန်နာကျွန်း၌ (In Tanna) 
          တန်နာကျွန်းသည်နယူးဟတ်ဘရစ်ရှိကျွန်း တစ်ကျွန်းဖြစ်ပြီးဧဝံဂေလိတရားမျိုးစေ့ အပင်ပေါက်ရန်ဆန့် ကျင်သောဒေသဖြစ်၏။ (မှော်ဆရာ)နတ်ဆရာများသည်ဧဝံဂေ လိတရားအတွက် အကြီးအကျယ် ဆုံးသောအဆီး အတားများဖြစ်ကြ၏။ အကြောင်းမှာဧဝံဂေလိတရားကို လူများယုံကြည်လျှင်လူတို့၏တန်ခိုး၊သြဇာလွမ်းမိုးမှုရှိနိုင် တော့မည်မဟုတ်ကြောင်းသူတို့ သိသောကြောင့်ကြီးမားစွာ အဆီးအတားပြုကြခြင်းဖြစ်၏။ထို့ကြောင့် သဘာ၀ ဘေးအန္တရာယ်များဖြစ်သောမုန် တိုင်းကျခြင်း၊မိုးခေါင်ခြင်းဖြစ်လျှင် သာသနာပြုများကြောင့်ဖြစ်ရကြောင်းနှင့် သူတို့ကိုသတ်ပစ်ရန်လူများကိုနှိုးဆော်ကြ၏။ အဆီးအတားများသည်မျက်နှာဖြူကျွန်ကုန်သည်များထံမှလည်း လာကြ၏။ အကြောင်းမှာသာသနာပြုများသည်ကျွန်ကုန်သည်များ၏ဆိုးရွားသောခေါင်းပုံဖြတ်မှုများကိုဆီးတား အဟန့်အတားပြုသောကြောင့်ပေတည်း။

         ဤကဲ့သို့သောကျွန်းပေါ်သို့ဂျွန်ပက်တန်နှင့်ဇနီးသည်တို့ရောက်ရှိခဲ့ကြခြင်းဖြစ်၏။ တန်နာကျွန်းပေါ်သို့ ဆိုက်ရောက်သောအခါမျက်နှာ၌ဆေးချယ်ထားသောလူသားစားလူရိုင်းများကို သိမ်မွေ့သောအသွင်ဖြင့် ဂျွန်ပက်တန် တွေ့မြင်ခဲ့၏။ သူနှင့်သူ၌ပါလာသောပစ္စည်းများကိုစူး စမ််းတွေ့မြင်ချင်သောကြောင့်လာကြည့်ကြခြင်း ဖြစ်နိုင်၏။ တန်နာကျွန်း၌ရေးသားနိုင်သောစာပေမရှိသဖြင့် လက်ဟန်ခြေဟန်ဖြင့်သူတို့စကားပြော၏။ တစ်နေ့ တွင်“ဤအရာဘာ” “သင့်နာမည်ဘယ်သူလဲ” ဟူသောစကားလုံးများကိုထိုသူတို့ဘာ သာစကားများမှ ဂျွန်ပက်တန် ရှာဖွေတွေ့ရှိခဲ့၏။ ဤမေးခွန်း နှစ်ခုကိုအဆက် မပြတ်မေးလျက်အဖြေကိုရေးမှတ်ထားခြင်းဖြင့်လူနှင့် အရာ၀တၳုများ၏နာမည်များကို သူလေ့လာမှတ်သားခဲ့၏။ ထို့နောက်အခြားစကားလုံးများကို နားထောင်ခြင်းဖြင့် သူတို့၏ စကားကိုတဖြည်းဖြည်းလေ့လာသင်ယူခဲ့၏။

အခက်အခဲများ
          တန်နာကျွန်း၌ဂျွန်ပက်တန်ဇနီးမောင်နှံသည် သားလေးတစ်ဦးမွေးဖွားခဲ့ပြီးအ လွန်၀မ်းမြောက်ခဲ့ကြ၏။ သို့ရာတွင်(၃)ပတ်မျှအကြာ၌မိခင်ဖြစ်သူသည် အကြီးအကျယ်ဖျား နာလျက်အသက်ဆုံးပါးခဲ့ပြီး နောက်တစ်ပါတ် အကြာတွင်သားလေးလည်းသေဆုံးသွားခဲ့၏။ ဂျွန်ပက်တန်ကိုယ်တိုင်လည်းဖျားနာနေခဲ့၏။ သို့သော်လည်း ဇနီးနှင့်ကလေးအ တွက်မြှုပ်နှံရန်တွင်းကိုသူကိုယ်တိုင်တူးခဲ့ပေသည်။ သူ၌၀မ်းနည်းခြင်းအလွန်ကြီးမားခဲ့ပြီး “သခင်ယေရှှုနှင့်ဘုရား သခင်၏မိတ်သဟာယဖွဲ့ခြင်းအတွက် ငါသူရုူးဖြစ်သွားရလိမ့်မယ်”ဟူ၍သူပြောခဲ့၏။ တန်နာကျွန်း၌အ မှုတော်ဆောင်စဉ်ဘေးန္တရာယ် အဆက်မပြတ်ကြုံတွေ့ခဲ့ရ၏။ မိုးမရွာလျှင်ဖြစ်စေ၊ မကြာခဏ ဖျားနာလျှင်ဖြစ်စေ၊ ထိုအရပ်ရှိလူရိုင်းများသည် ဂျွန်ပက်တန်ကိုအပြစ်တင်ခဲ့ပြီးသူ့အား သတ်ပစ်ရန်ကြိုးစားကြ သည်။ 

သို့ရာတွင်ဘုရားသခင်၏စောင်မခြင်း လက်တော်သည်သူ့အပေါ်၌ အစဉ်မပြတ်ရှိခဲ့ပြီးအန္တရာယ် အားလုံးမှ ကင်းေ၀းစေခဲ့၏။ ထိုသူများသည် သစ္စာဖောက်ခြင်း၊ လုယက်ခြင်းများလည်းပြုခဲ့ကြ၏။ တစ်ချိန်တွင်သူ၏ပျဉ် ပြားများနှင့်စောင်များကိုခိုးယူသွားကြ၏။ နောက်တစ်ကြိမ်တွင်ထမင်းဟင်းချက်ပြုတ်သော အိုးခွက်ပန်းကန်များ ကိုခိုးယူသွားခဲ့ကြ၏။ 

တစ်ကြိမ်တွင်ရွာ(သူကြီး)အကြီးအကဲကိုအသနားခံတောင်းလျှောက်ပြီးမှသာလျှင်သူ့အ တွက်အလွန်လိုအပ်နေသောရေနွေးခရားငယ်လေးကိုအဖုံးမပါဘဲပြန်လည်ရရှိခဲ့၏။တစ်နေ့တွင်သူတို့သည် ဗြိတိသျှစစ်သငေ်္ဘာတစ်စင်းကိုတွေ့ခဲ့ကြပြီး ကြောက်ရွံ့ခဲ့ကြ၏။ အကြောင်းမှာထိုသငေ်္ဘာသည် တန်နာကျွန်းသို့ ဆိုက်ကပ်လာပြီးသူတို့အားပြစ်ပေးမည်ဟုထင်သောကြောင့်ဖြစ်၏။ သူတို့သည် ဂျွန်ပက်တန်ထံပြေးသွားပြီး “ကျွန်တော်တို့ခင်ဗျားရဲ့ပစ္စည်းတွေကို ခိုးသလားလို့သငေ်္ဘာ မာလိန်မှူးကမေးလိမ့်မလား”ဟူ၍ငိုယိုလျက်မေးကြ၏။

         “သူမေးလိမ့်မည်လို့ ငါမျှော်လင့်တယ်၊ ငါကတော့သူ့ကိုအမှန်အတိုင်းပြောရမှာပဲ” ဟုဂျွန်ပက်တန်ကပြန် ဖြေလိုက်၏။ အခိျန်အနည်းငယ်အတွင်းမှာပင်ခိုးခံ ရသောသူ့ပစ္စည်းများတစ်ခုပြီး တစ်ခုပြန်လည်ရရှိခဲ့၏။ တစ်စုံ တစ်ယောက်ကိုသေစေရန်ထို ကျွန်း၌နာဟတ်(Nahak)ဟုခေါ်သောပွဲ တစ်မျိုးကျင်းပလေ့ရှိကြ၏။ ထိုသို့လုပ်နိုင် ရန်သူတို့သေစေချင်သောသူ၏စားသောအစာကိုလိုအပ်၏။ ဂျွန်ပက်တန်သည် သူစားပြီးသောသစ်သီးအချို့ ကို သူတို့အားပေးခဲ့၏။ ဂျွန်ပက်တန်အားပြုစားရန်ကြိုး စားသော်လည်းဂျွန် ဘာမှအန္တရာယ်ဖြစ်ခြင်း မရှိသဖြင့် မှော်ဆ ရာ(၂)ဦးစိတ်၀င်စားမှုဖြစ်လာကာ သခင်ယေရှုအကြောင်းနားထောင်ခဲ့ကြ၏။
  
        လူဖြူကုန်သည်များ၏သေနတ်၊ဆေးလိပ်နှင့်အရက်ရေင်းခြင်းကိုတားမြစ်သောကြောင့် ဂျွန်ပက်တန်ကို သတ်ပစ််ရန်လူဖြူကုန်သည်များက လူရိုင်းမျာကို နိုးဆော်အားပေးခဲ့ကြ၏။သို့သော်လည်းဘုရားသခင်သည် ဤသာသနာကိုအစဉ်ကွယ်ကာစောင့်ထိန်းတော်မူခဲ့၏။ ကုန်သည်များသည်၀က် သက်ရောဂါရှိသူအချို့ကိုကျွန်း ပေါ်၌လွှတ်ထားခဲ့ကြပြီးကျွန်းပေါ်ရှိလူဦးရေ ၁/၃ ခန့်မှာထိုကူးစက် တတ်သောရောဂါဖြင့်သေဆုံးသွားကြ၏။ ဤ ကိစ္စအတွက်ဂျွန်ပက်တန် ကိုအပြစ်တင်ကြပြီးသတ် ပစ်ရန်ကြိုးစားခဲ့ကြ၏။ 

တစ်နေ့တွင်ဂျွန်ပက်တန်သည်သူ့အိမ် ကိုပြင်နေစဉ်ရွာအကြီးအကဲနှင့် လက်နက်ကိုင်ထားသောသူများ ကသူ့အား၀ိုင်းရံထားကြ၏။ သူ့အားခေတ္တမျှငြိမ် သက်စွာကြည့်နေပြီးသေ နတ်များဖြင့်သူဦးခေါင်း ကိုချိန်ရွယ်လိုက်ကြ၏။ လွတ်မြောက်နိုင် ဖွယ်မရှိတော့ချေ။ ဂျွန်ပက်တန်အနေဖြင့် ဆုတောင်းရန်သာတတ်နိုင်တော့၏။ 

“ငါ၏နာမကိုအမှီပြု၍တစ်စုံတစ်ခုသောဆုကို တောင်းလျှင်ငါပြုမည်။”ဟူသောဂတိတော်သူ့ထံရောက်ရှိခဲ့၏။ အန္တရာယ်ကင်းကြောင်းသူသိခဲ့ပြီးအလုပ်ဆက် လုပ်ခဲ့၏။ လူရိုင်းများသည်တစ်ယောက်ကစတင်ပစ်ခတ်ရန်တစ်ဦးကိုတစ်ဦးနှိုးဆော်ခဲ့ကြ၏။သို့ရာတွင်မည်သူမျှ မပစ်ခတ်နိုင်ပဲပြန်ဆုတ်သွားကြ၏။ဤသို့ဖြင့်ဘုရားသခင်သည်သူ၏ အစေခံကျွန်(ဂျွန်ပက်တန်)ကိုစောင့်ထိန်း တော်မူခဲ့၏။

တနင်္ဂနွေဓမ္မပညာကျောင်းမှပေးလှူသောသာသနာပြု သငေ်္ဘာ
          ဆန့်ကျင်နှောင့်ယှက်မှုများတိုးပွားများပြားလာသဖြင့် ဂျွန်ပက်တန်သည် တန်နာကျွန်းကိုစွန့်ခွာဖို့အခြေ အနေဖြစ်ခဲ့၏။ အလွန်လိုအပ်သော သာသနာပြုသငေ်္ဘာအတွက်ရံပုံငွေရရှိရန်ဂျွန်ပက်တန်သည် သြစတြေးလျ သို့ခရီးပြုခဲ့၏။ တနင်္ဂနွေဓမ္မပညာသင်ကျောင်းများ(Sunday School) ၌သူ့လိုအပ်ချက်များကိုပြောခွင့်ရခဲ့ပြီး ၊ ကလေးသူငယ်များ၏(အလှူငွေ)များအားဖြင့် နောက်ဆုံးတွင် နယူးဟက်ဘရစ်၌သာသနာပြုရန်သငေ်္ဘာ “အာရုံဦး”ကိုရရှိနိုင်ခဲ့၏။ ကလေးငယ်များ၊ လူငယ်များ၏မေတ္တာလက်ဆောင်များနှင့်ဆုတောင်းချက်များဖြင့် လည်း သာသနာပြုလုပ်ငန်းများကိုထောင်ပံ့နိုင်ကြောင်းကျွန်ုပ်တို့နားလည်ရပေသည်။

အန်နိဝါကျွန်း၌
          ဂျွန်ပက်တန်သည်အိမ်ထောင်သစ်ထပ်မံပြုပြီးနယူးဟက်ဘရစ်သို့ပြန်သွားခဲ့၏။ တစ်ကြိမ်တွင်သူသည် အန်နိဝါကျွန်းသို့ရောက်ခဲ့၏။ ဤ၏ကျွန်း၌သူ့ အားကောင်းစွာ လက်ခံခဲ့သဖြင့်အမှုတော်လုပ်ငန်းတိုးတက်မှုရှိခဲ့၏။ ရွာအကြီးအကဲဟောင်းဖြစ် သူယုံကြည်ပြောင်းလဲလာခဲ့၏။ အ၀တ်အစား၀တ်ရန်လည်းသူတို့အားသွန်သင်ပေးခဲ့ ၏။ တစ်ချိန်တွင်ဂျွန်ပက် တန်သည် ပျဉ်ပြားတစ်ခုပေါ်တွင်စာအနညး်ငယ်ရေးပြီးရွာ်ကြီးအကဲတစ်ဦးဖြင့်သူ့ဇနီး သည်ထံပို့ပေးလိုက်၏။ သူ့ဇနီးသည်က ထိုသူအားဖြင့်ဂျွန်ပက်တန်မှာသောအရာကိုပို့ပေးလိုက်၏။ စာမတတ် သောထိုအကြီးအကဲမှာ “ဤလူဖြူဆရာသည်သူလိုချင် တာရရန်ပျဉ်ပြားကိုစကားပြောအောင် ပြုလုပ်နိုင်ပါတ ကား” ဟုအံ့အားသင့်သွားခဲ့၏။ ဂျွန်ပက်တန်ကပျဉ်ပြားပေါ်ရှိသူရေးသော စာကိုသူ့ဇနီးသည်ဖတ်ပြီး ပို့ပေးလိုက် ခြင်းဖြစ်ကြောင်းထိုသူအား စိတ်ရှည်စွာရှင်းပြခဲ့၏။ ဤနည်းဖြင့်ထိုသူတို့အား စာဖတ်တတ်ရနန်၊ ရေးတတ်ရန် သွန်သင်ပေးခဲ့၏။

          အန်နိဝါကျွန်းသည်(၇)မိုင်ရှည်ပြီး အကျယ် (၂)မိုင်ခန့်ရှိပါသည်။ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး ကျွန်းပေါ် ရှိလူသားအားလုံးကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာ ရေတွင်းတစ်တွင်းကိုအောင်မြင်စွာတူးနိုင် ခဲ့ခြင်းကြောင့်ဖြစ်၏။ အင်နိဝါကျွန်း၌သန့်ရှင်းလတ်ဆတ်သောရေအလွန်ရှားပါး၏။ ထို့ကြောင့်ဂျွန်ပက်တန်သည် ဆုတောင်းပြီးရေတွင်းစတင်တူးခဲ့။ “အောက်၌မိုးရေဘယ်လိုရှိနိုင်ပါ့မလဲ”ဟူ၍ ကျွန်းသားများနားမလည်နိုင်ဖြစ်ခဲ့ ၏။ တွင်းအနီးသို့လာရန်ကြောက်ရွံ့ခဲ့ကြပြီးသူ တို့အချင်းချင်းလက်များကိုင်ဆုတ် ထားလျက်တွင်းထဲသို့ခပ်မြန် မြန်လှည့်ကြည့်ကြ၏။

 ဂျွန်ပက်တန်ကရေကိုအရ သာမြည်းစမ်းကြည့်ရန်သူတို့အားပြော၏။ ထိုကျွန်းရှိအကြီးအ ကဲဖြစ်သူက ရေကိုယူ၍ကြည့်၏။ စမ်းသပ်ကြည့်၏။ နောက်ဆုံးမြည်းစမ်းကြည့်ပြီး ယေဟောဝါ (ထာ၀ရဘုရား) သည်ဘုရားအစစ်ဖြစ်၏” ဟုအော်ဟစ်ပြောဆိုလေ၏။ အကြောင်းမှာ ဂျွန်ပက်တန်က ထာ၀ရဘုရားသည် သူတို့ကိုရေပေးကြောင်းပြောပြခဲ့ဖူး၏။ ထိို့နောက်အကြီးအကဲက သူတို့၏ရုပ်တုများကိုသာသနာပြုဆရာ (ဂျွန်ပက်တန်)ထ့ယူဆောင် လာစေလျက်မီးရှိူ့(သို့)မြေမြှုပ်ပစ်ရန် အမိန့်ပေးခဲ့၏။ ဤသို့အားဖြင့်တကျွန်းလုံး ခရစ်တော်ထံ ယုံကြည်ပြောင်းလဲ လာခဲ့၏။ (၁၈၉၉)ခုနှစ်တွင်ဂျွန်ပက်တန်သည် အန်နိဝါကျွန်းရှိဘာသာစကား ဖြင့်ဓမ္မသစ် ကျမ်းကိုပုံနှိပ်ထုတ်ေ၀နိုင်ခဲ၏။ ထိုအချိန်တွင်နယူးဟက်ဘရစ်ရှိကျွန်း(၃၀)အနက်(၂၅)ကျွန်းပေါ်တွင် သာသနာပြုများသည် လူသားစားလူရိုင်းများ ကိုခရစ်တော်အကြောင်းသက်သေခံလျှက်ရှိကြ၏။

          အသက်ကြီးရင်ချိန်တွင်ပင် ဘုရားသခင်၏စေတမန်(ဂျွန်ပက်တန်) သည်“ဘုရားသခင််အမှုကိုနောက် ဆုံးစက္ကန့်ထိဆောင်မယ်”ဟုပြောလျက်နယူးစက် ဘရစ်အတွက်မှုတော်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ခဲ့ပေသည်။ သူသည် သြစတြေးလျမှ အခြားသူများအားသာသနာပြုလုပ်ငန်းအတွက်ဆုတောင်းပေးရန်နှင့်ငွေကြေး ထောက်ပံ့ရန်နှိုးဆော်ခြင်း၊ ကျွန်းများပေါ်၌သူကိုယ်တိုင်အမှုတော်ဆောင်ခြင်းပြုနေခဲ့သည်။ သူ၏သားဖြစ်သူ သည်တန်နာကျွန်း၌အခြေစိုက်နေထိုင်ခဲ့ပြီး သာသနာပြုရာဂျွန်ပက်တန်ကိုနှင်ထုတ်ခဲ့သောကျွန်းသားလူရိုင်းများ ပင်ယခုအခါခရစ်တော်ထံယုံကြည်ပြောင်းလဲလာကြ၏။ ဂျွန်ပက်တန်သည် ကျွန်းပေါ်ရှိလူသားစားလူရိုင်းများရာ နှင့်ချီ၍ခရစ်တော်ထံပြောင်း လဲလာခြင်းကိုမြင်ခဲ့ရပြီးနောက် အသက်(၈၃)နှစ်အရွယ်(၁၉၀၇)ခု၊ ဇန်နဝါရီလ (၂၀) ရက်တွင်ဘုန်းတော်၀င်စားခဲ့၏။

         ယခုအချိန်တွင် နယူးဟက်ဘရစ် (တန်နာကျွန်းများအပါအ၀င်)၌ပရိုတက်စတင့်သာသနာပြုအဖွဲ့ (၅)ဖွဲ့ ကသာသနာလုပ်ငန်းလုပ်ဆောင်နေကြပြီး ကျွန်းများပေါ်၌ယုံကြည်သူများစွာရှိနေပါသည်။

အိန္ဒိယပြည်၏ တမန်တော် (ဆန္ဒာဆင်း)


 (Sundar Singh) (၁၈၈၉ - ၁၉၂၉)

အအေးဓါတ်ကသူ၏ ပါးလွှွာသောအဝတ်ကိုဖြတ်ကျော်စူးဝင်လာသည်။ ဆူးညှောက်ခလုတ်များနှင့် ကျောက်ခဲ တုံးများကဖိနပ်မပါသော သူ၏ခြေထောက်ကိုပွန်းပဲ့ထိခိုက်စေသည်။ သို့သော်လည်းသူသည်ဆီးနှင်းများဖုံးလွမ်း လျက်ရှိသောတောင်တန်းများကိုဖြတ်ကျော်လျှောက်လှမ်းခဲ့သည်။ ဖြူဖွေးနေသောဆီးနှင်းများပေါ်တွင်သူ၏ခြေ ထောက်မှထွက်ကျခဲ့သော သွေးများကျကျန်ရစ်ခဲ့သည်။ ပတ်တီးစည်းရန်သူထိုင်ချလိုက်သည်။ သူ့အနောက်မှ လိုက်လာခဲ့သောအခြားလူတစ်ယောက်က သူ့အနားချဉ်းကပ်လာပြီးစကားစမြည်ပြောလိုက်သည်။ “ခင်ဗျား ဘယ်လိုခံစားရလဲ။” “ကျွန်တော့်ရဲ့အံ့သြဘွယ်ကယ်တင်ရှင်ခရစ်တော်၌ကျွန်တော်ဝမ်းမြောက်လျက်ရှိပါတယ်” ဟူ၍ဆန္ဒာဆင်းကပြန်ဖြေလိုက်သည်။
          “ဘာကြောင့်ဖိနပ်မပါပဲ သွေးယိုစီးနေတဲ့ခြေထောက်နဲ့ဒီတောင်တန်းများကို ဖြတ်ကျော်ပြီးခရီးသွားနေ သလဲ”
          “ကရာနီကုန်းပေါ်မှာခြေထောက်ကသွေးယိုစီးခဲ့ရတဲ့သူကိုလူတွေသိမြင်စေရန် ညွှန်ပြချင်လို့ပဲ” လက်ဝါး ကပ်တိုင်၌အသေသတ်ခြင်းခံသော ကယ်တင်ရှင်ကတန်ခိုးတော်ဖြင့်ခေါ်တော်မူခဲ့ခြင်းမှာကယ်တင်ရှင်အတွက် ဒုက္ခဆင်းရဲခံရန်နှင့် တိဗက်ပြည်ကဲ့သို့ ခရစ်တော်အကြောင်းမကြားဘူးသေးသော တိုင်းပြည်များသို့ဧဝံဂေလိ တရားတော်ကိုပို့ဆောင်ရန်ဖြစ်ကြောင်းဆန္ဒာဆင်းယုံကြည်ခဲ့ပေသည်။ (ထိုအချိန်ကတိဗက်ပြည်သည် ဧဝံဂေလိ တရားတစ်ခါမျှမကြားဘူးသေးချေ။)
         
ကလေးဘဝ
          ဆာဒူးဆန္ဒာဆင်းဟု သာမန်အားဖြင့်သိသောဆန္ဒာဆင်းသည် (၁၈၈၉)ခု၊ စက်တင်ဘာလ(၃)ရက်နေ့ တွင်ပန်ဂျပ်ပြည်နယ် ရမ်ပူ(Rampur)အရပ်တွင်ဖွားမြင်ခဲ့သည်။ သူ၏မိဘများသည် ဆစ်(ခ်)ဘာသာဝင်များဖြစ် ကြပြီး မိခင်ဖြစ်သူမှာဘာသာတရားကိုကြည်ညိုလေးစားသက်ဝင်ယုံကြည်သူဖြစ်သည်။ အိပ်ယာမှနိုးလျှင်နိုးချင်း ပထမဆန္ဒားအားဝိညာဉ်ရေးရာအစာနှင့် ကောင်းကြီးများအတွက်ဆုတောင်းရန်မိခင်ဖြစ်သူကတိုက်တွန်းနှိုဆော် ခဲ့ပြီး ထို့နောက်မှသာလျှင်နံနက်စာကိုစားသောက်ခဲ့၏။သူမသည် ဆန္ဒာဆင်းကိုအလွန်ချစ်မြတ်နိုးခဲ့ပြီး၊ သူသည် ဘာသာတရားကိုချစ်ရန်နှင့် သန့်ရှင်းသောဆဒူး(ဘာသာရေးခေါင်းဆောင်)တစ်ဦးဖြစ်လာရန်အလိုရှိခဲ့သည်။ အသက်အလွန်ပျိုစဉ်ကပင်ဆန္ဒာဆင်းသည် ဟိန္ဒူဘာသာတရား၏သန့်ရှင်းသောကျမ်းဖြစ်သည့်ဘာဂဗက်ဂီတာ (Bhagavadgita) ကိုစတင်ဖတ်ခဲ့ပြီးအသက်(၇)နှစ်သားအရွယ်၌ထိုကျမ်းကိုအလွတ်အာဂုံဆောင်ကျက်မှတ်ခဲ့ သည်။အခြားသူများအိပ်နေသောအချိန်တွင်သူသည်ဆစ်(ခ်)ဘာသာကျမ်း ဂရန့်သ်(Granth)၊ ဟိန္ဒူဘာသာရေး ကျမ်းဗေဒါ(စ်) (Vedas) သို့မဟုတ် မူစလင်ဘာသာရေးကျမ်း ကိုရမ်(Koran) တို့ကိုစိတ်အားထက်သန်စွာလေ့ လာနေသည်ကိုမကြာခဏတွေ့ရပေသည်။

အသက်ရှင်သောခရစ်တော်နှင့်တွေ့ဆုံခြင်း
          ခရစ်ယာန်ဘာသာနှင့်ပထမဆုံးတွေ့ဆုံမှုမှာ ဆန္ဒာဆင်း၏ရွာရှိသူတက်ခဲ့သောသာသနာစာသင်ကျောင်း တွင်ဖြစ်၏။ ကျောင်း၌သမ္မာကျမ်းကိုလေ့လာရန်ပြောဆိုခံရသောအခါသူ့နှလုံး၌မကျေမနပ်ဖြစ်ပေါ်ခဲ့သည်။ သူ သည်ဓမ္မသစ်ကျမ်းစာမျက်နှများကိုထင်ရှားစွာဆုတ်ဖြဲခဲ့ပြီး ခရစ်ယာန်ဘာသာကိုဆန့်ကျင်သောကျောင်းသား များ၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ သာသနာစာသင်ကျောင်းမှထွက်ပြီး အစိုးရစာသင်ကျောင်းတစ်ခုသို့ပြောင်းကာ ခရစ်ယာန်ယုံကြည်ချက်ကိုပြောင်လှောင်သရော်ခဲ့၏။ လူအုပ်ကြီးအားတရားဟောပြောသောသာသနာပြုဆရာ များကိုကျောက်ခဲ၊ ရွှံ့တုံးများဖြင့်ပစ်ရန်လူဆိုးလူေတေများကိုမကြာခဏအားပေးအားမြှောက်တိုက်တွန်းခဲ့၏။ လူပရိပ်သတ်ရှေ့တွင်ဓမ္မသစ်ကျမ်းတစ်အုပ်လုံးကိုပင်မီးရှို့ခဲ့၏။ သို့သော်လည်းခရစ်တော်ကိုပြင်းထန်စွာဆန့် ကျင်လေ သူ့စိတ်နှလုံးထဲ၌ပို၍မချမ်းမြေ့လေဖြစ်ကာနောက်ဆုံး၌ကျမ်းစာကိုစတင်လေံလာဖတ်ရှုခဲ့၏။
တစ်နေ့သောနံနက်(၃)နာရီခန့်တွင်ငြိမ်သက်ခြင်းရရန်မိမိအိမ်အနာ၌ရှိသောရထားလမ်းပေါ်တွင်အသေခံရန်ဆုံးဖြတ်ချက်ဖြင့်အိပ်ရာမှထ၏။ ရေချိုးပြီးနောက် “အို-ဘုရားသခင်၊ အကာ်၍ဘုရားသခင်ရှိလျှင်ကျွနု်ပ်ကို ထင်ရှားပြတော်မူပါ။ ကယ်တင်ရာလမ်းကိုပြညွန်၍ငြိမ်သက်ြခ်ငးကိုပေးတော်မူပါ”ဟုဆုတောင်း၏။ အခန်းတွင်း ၌အလင်းတန်းတစ်ခုရုတ်တရက်မြင်လိုက်ပြီး အလင်းရောင်ထဲ၌သူမုန်းတီးသည့် အသက်ရှင်သော ခရစ်တော် ဘုရားကိုတွေ့ခဲ့၏။ ခရစ်တော်ဘုရားကလက်ဝါးကပ်တိုင်ပေါ်တွင်သံမှိုဖြင့်ရိုက်နှက်ခံခဲ့သောလက်ဖဝါးများကိုပြ လျက် “ငါ့ကို သင်အဘယ်ကြောင့်နှိပ်စက်ညှင်းပန်းသနည်း။ သါသည်သင်၏ကယ်တင်ရှင်ဖြစ်သည်။” ဟုမိန့် တော်မူ၏။ ဆန္ဒာဆင်း၏စိတ်နှလုံးတွင်ဝမ်းမြောက်စိတ်ဖြင့်ပြည့်လျှံသွားပြီး ဝိညာဉ်ရေးရာဆာငတ်မှုလည်းကျေ နပ်အားရမှုရှိခဲ့ကြောင်းသူသိခဲ့၏။ သူ၏အသက်တာတစ်ခုလုံးပြောင်းလဲသွားခဲ့ပြီး ဤဘုန်းအသရေကြီးမြတ် သောအတွေ့အကြုံကိုသံသယဖြစ်အောင်မည်သူကမျှမပြုလုပ်နိုင်ခဲ့ချေ။

ဒုက္ခဆင်းရဲခံရန်ခေါ်တော်မူခြင်း
          ခရစ်တော်နှင့်တွေ့ဆုံပြီးနောက်ဖခင်ကြီးထံတော်သို့ချက်ခြင်းသွားရောက်ကာ၊သူသည်ခရစ်ယာန်တစ်ဦး ဖြစ်ကြောင်းဝန်ခံခဲ့၏။အစပထမတွင် သူ၏ဖခင်ကမယုံကြည်ခဲ့ချေ။ သို့သော်လည်းမကြာမီပင်သူ၏မိသားစုအား လုံးကခရစ်ယာန်အဖြစ်ခံယူသောသူ၏ဆုံးဖြတ်ချက်အပေါ်ထိတ်လန့်တုန်လှုပ်ခဲ့၏။ မိခင်ကသူ၏ဘာသာတရား တရားကိုမစွန့်ပယ်ရန်နှင့် မိသားစုအားလုံးအရှက်တကွဲဖြစ်ရန်မပြုမူဖို့ဖခင်ကတောင်းပန်ခဲ့၏။ အလွန်ချမ်းသာ ကြွယ်ဝသောသူ၏ဦးလေးက ကြီးကျယ်ခန်းနားသောသူ၏အိမ်သို့ခေါ်ဆောင်သွားပြီးအလွန်များပြားသောအဘိုး ထိုက်တန်သည့် ကျောက်မြတ်ရတနာများနှင့်ရွှေငွေအပုံလိုက်ပြလျှက်ဆန္ဒာဆင်းအားယုံကြည်ချက်အသစ်ကို စွန့်ပယ်လျှင် ဤအရာအားလုံးပေးမည်မည်ဟုပြောခဲ့၏။ သို့သော် ခရစ်တော်ကိုချစ်သောစိတ်ကြီးမားသော ကြောင့် ခရစ်တော်ကိုငြင်းပယ်ခြင်းမပြုခဲ့ချေ။ သူ့အားအိမ်မှနှင်ထုတ်ခဲ့၏။ စားစရာ၊ နေစရာမရှိပဲအေးချမ်းသော ညတွင်သစ်ပင်တစ်ပင်အောက်၌သူအိပ်ခဲ့ရ၏။ သို့သော်လည်းအဆင့်အတန်းနိမ့်သောအစေခံများကဲ့သို့အိမ်အ ပြင်တွင် အစာစားစေပြီး အစေခံများနှင့်အိပ်စေခဲ့၏။ဤကဲ့သောဒုက္ခဆင်းရဲခြင်းများကိုသခင်ခရစ်တော်အတွက် ဝမ်းမြောက်စွာခံယူခဲ့၏။ ဤအရာမှာ သူ၏သခင်အတွက်သူအဆက်မပြတ်ထမ်းရွက်မည့်လက်ဝါးကပ်တိုင်၏အ စဦးပင်ဖြစ်အေသည်။ နောက်ဆုံးအစာတွင်အဆိပ်ခတ်ကျွေးကာသူ့အားအိမ်နှင်ထုတ်ခဲ့၏။ သူသည်အကြီးအ ကျယ်ဖျားနာကာ သေလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းဘုရာသခင်သည်သူ၏မဟာအကြံအစည်ပြည့်စုံစေရန် ဆန္ဒာဆင်းအားအသက်သေခြင်းဘေးမှကယ်နှုတ်ခဲ့ပေသည်။
          ဖျားနာရာမှပြန်လည်ကျန်းမာလာသောအခါ သာသနာပြုဆရာအချို့နှင့်အတူနေကာ ကျမ်းစာလေ့လာခဲ့ ဘူးသောအရပ်ဖြစ်သည့် လူဒီရာနာ (Ludhians) အရပ်သို့သွားခဲ့၏။ ထို့နောက်ဆင်မလာ (Simla) အရပ်၌အ သက်(၁၆)နှစ်မြောက်သူ၏မွေးနေ့တွင်ဗတ္တိဇံမင်္ဂလာခံယူခဲ့သည်။ များစွာစဉ်းစားဆုတောင်းခဲ့ပြီးနော်ခရစ်တော်
အားနာခံသောအသက်တာအဖြစ်မိမိကိုယ်ကိုလုံးဝဆက်ကပ်အပ်နှံကာ ခရစ်ယာန်ဆာဒူး(ဘာသာရေးကိုင်းရှိုင်း ကြည်ညိုသည့်သူတော်စဉ်) တစ်ဦးဖြစ်ခဲ့ပေသည်။ သူ၏စာအုပ်များနှင့်ပိုင်ဆိုင်သောပစ္စည်းများကိုအခြားသူများ အားပေးကမ်းလိုက်ပြီး သင်္ကန်းဝတ်ရုံတစ်ထည်ကိုသာဝတ်ဆင်ခဲ့၏။ ဖိနပ်မပါ၊ မည်သူ၏အထောက်အပံ့မရှိဘဲ လက်ထဲတွင်ဓမ္မသစ်ကျမ်းကိုကိုင်လျက်သူ၏သခင်အတွက်အစေခံရန်ခရီးထွက်ခဲ့၏။သူ၏ဆောင်ပုဒ်မှာ “ငါဖြစ် လျှင်ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါးအဘယ်အရာမျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။” (ဂလ၊ ၆: ၁၄)“ခရစ်တော်သည်ငါ့ ကိုချစ်၍မိမိကိုယ်ကိုဆက်ကပ်ပူဇော်ခဲ့သလိုငါသည်လည်း ခရစ်တော်ကိုချစ်လျက်ငါ့အသက်တာကို ခရစ်တော် အတွက်ဆက်ကပ်ပူဇော်ရမယ်” ဟူ၍ပြောလေ့ရှိ၏။

သူတော်စင်တစ်ဦးဘဝ
          သူသည်ကလေးငယ်တစ်ဦးသာသာဖြစ်လင့်ကစား၊ သူ၏သခင်အတွက်ငတ်မွတ်ခြင်း အအေးဒဏ်များ၊ ဖျားနာဒုက္ခဝေဒနာများသာမက ထောင်ချခြင်းကိုပင်ခံစားခဲ့ရ၏။ တစ်နှစ်ပြီးတစ်နှစ် ပန်ဂျပ်၊ ကက်ရှမီးယား၊ အာဖဂန်နစ်စတန်၊ နီပေါ နှင့်တိဗက်ပြည်ရှိတောင်ကုန်းတောင်တန်းများကိုဖြတ်ကျော်ကာ သခင်၏မေတ္တာတော် ကိုမကြားသိသေးသူများကိုကြားပြောရန်ခရီးထွက်ခဲ့၏။ မကြာခဏဆိုသလိုပင် နှောင့်ယှက်ဆီးတားမှု၊မုန်းတီးမှု များကိုကြုံတွေ့ခံစားခဲ့ရ၏။ မကြာခဏဆိုသလို နှင်ထုတ်ခံခဲ့ရပြီးတောထဲ၌ဆာလောင်ငတ်မွတ်လျက်ညတာ အချိန်ကုန်လွန်ခဲ့ရ၏။ အေးချမ်းသောလေနှင့်မိုးဒဏ်မှအကာအကွယ်ရစေရန်လိုဏ်ဂူများ၊မြေတွင်းများ၌ခိုလှုံခဲ့ရ ၏။ တခါတရံတောသားရဲကောင်များနှင့်ဂူတွင်း၌အတူအိပ်ခဲ့ရ၏။ တစ်ခုသောနံနက်ခင်၌ကျားသစ်တစ်ကောင် အိပ်ပျော်နေသည်ကိုသူတွေ့ခဲ့ရ၏။ တစ်ချိန်တွင်သူ့အနားတွင်ကျားသစ်နက်တစ်ကောင်တွေ့ခဲ့၏။ တစ်နေ့နံနက် စောစောတွင်သူ၏စောင်ထဲ၌တစ်စုံတစ်ခုရှိကြောင်းခံစားမိပြီးကြည့်လိုက်ရာမြွေဟောက်တစ်ကောင်သည်ခိုလှုံ ရာနှင့်နွေးထွေးမှုရရန်သူ၏နံဘေးတွင်နေခဲ့ကြောင်းတွေ့ခဲ့ရ၏။ ဟိမဝန္တာတောင်တန်းလမ်းခရီးများကိုဖြတ်ကျော် ရာ၌ပင်သူသည်ဖိနပ်မပါဘဲ သွားလာခဲ့ရာမကြာခဏဆိုသလိုပင်ကျောက်ခဲများ၊ ရေခဲတုံးများနှင့်ထိခိုက်ပွန်းရိ ကာသူ၏ခြေမှသွေးများယိုစီးကျဆင်းခဲ့ပေ၏။ ဤသို့ဖြင့်သူ့အား“ခြေထောက်၌သွေးယိုစီးသောတမန်တော် ” အဖြစ်သိရှိလာခဲ့ကြ၏။ မကြာခဏနှိပ်စက်ညှင်းပန်းခံရသည့်ကြားမှပင်သူ၏သည်းခံခြင်းနှင့်ဝမ်းမြောက်ခြင်းကို တွေ့ရသောကြောင့်လူတို့သည်သူ၏သတင်းစကားကိုလက်ခံချင်စိတ်ဖြစ်လာ၏။ သူသည်ရွာတစ်ရွာသိုသွား ရောက်ကာသစ်တုံးတစ်တုံးပေါ်၌ထိုင်ပြီးသီချင်းစတင်သီဆိုကျူးဧတော့၏။ မကြာမီပင်လူအများစုဝေးရောက် လာပြီးသခင်ယေရှုအါကြောင်းသူစတင်ပြောသောအခါဒေါသအမျက်ထွက်ခဲ့ကြ၏။ ကရုပီရမ်(Krupe Ram) ဆို သူကဆန္ဒာဆင်းကိုရုတ်တရက်ပြင်းထန်စွာထိုးကြိတ်လိုက်ရာဆန္ဒာဆင်းသည်မြေသို့လဲခွေကျသွား၏။ သူ့လက် ဖျားနှင့်မျက်နှာကိုကျောက်တုံးများနှင့်ဆွဲခြစ်ခဲ့၏။ ဆန္ဒာဆင်းသည်မျက်နှာမှသွေးယိုစီးကျနေသည့်ကြားမှပင် ငြိမ်သက်စွာမတ်တတ်ရပ်ကာသူ၏ရန်သူများအတွက်ဆုတောင်းပေးပြီးခရစ်တော်၏မေတ္တာတော်အကြောင်းကိုသူတို့အားပြောဆိုခဲ့၏။ နောင်အခါ ကရူပီရမ်လည်းစိတ်နှလုံးပြောင်းလဲပြီးယုံကြည်သူတစ်ဦးဖြစ်လာ၏။
          တစ်ချိန်တွင်ဓားပြများတိုက်ခိုက်လုယက်ခြင်းကြောင့်နာမည်ကြီးသောတောအုပ်တစ်ခုအတွင်း ဆန္ဒာဆင်းဖြတ်ကျော်သွားစဉ်ဓားပြ(၄)ဦးရုတ်တရက်ပေါ်လာပြီးတစ်ယောက်ကဓားတစ်လက်ဖြင့်သူ့အားသတ် ရန်ပြေးလာ၏။ဆန္ဒာဆင်းလည်းမကြာမီအသက်ဆုံးတော့မည်ကိုတွေးမိပြီးစတင်ဆုတောင်းတော့၏။ ထိုဓားပြ လည်းရုတ်တရက်အံ့အားသင့်သွားပြီးသင်ဘယ်သူလဲဟုမေးမြန်းစုံစမ်းတော့၏။ ဆန္ဒာဆင်းကသူသည် ခရစ်ယာန်ဆာဒူး(ဘုရားတရားကိုင်းရှိုင်းသူ)ဖြစ်ကြောင်းပြောကာဓမ္မသစ်ကျမ်းမှ“သူဌေးကြီးနှင့် ဆင်းရဲစား လာဇရု”အကြောင်းဖတ်ပြလိုက်ရာထိုသူသည်သူ့အပြစ်ကိုသူပြန်မြင်လာ၏။ သူသည်ဆန္ဒာဆင်းကိုဂူတစ်ဂူသို့ ခေါ်ဆောင်သါားပြီးလူ့အရိုးပုံကြီးကိုညွှန်ပြလျက်ထိုအသတ်ခံရသူးများအားလုံးအတွက်သူ၌အပြစ်ရှိကြောင်းပြောပြ၏။ ဆန္ဒာဆင်းလည်းသူ့အားခရစ်တော်ထံမှအပြစ်လွှတ်ငြိမ်းချမ်းသာခြင်းခွင့်ကိုလက်ခံရန်လမ်းပြပို့ဆောင်ခဲ့ ၏။

တိဗက်ပြည်၌
          ဆန္ဒာဆင်းသည် ခရစ်တော်အကြောင်းတစ်ခါမျှမကြားဘူးသေးသည့်ခက်ခဲကြမ်းတမ်း၍ အန္တရာယ်များ သောအရပ်ဒေသများကိုတမင်သက်သက်ရွေးချယ်ကာ ခရီးသွားခဲ့၏။သူ့စိတ်နှလုံး၌အထူးသဖြင့် တိဗက်ပြည်အ တွက်တမ်းတပူပန်ခဲ့၏။ တိဗက်ပြည်သည်အယူသည်းခြင်း၊ စုန်းကဝေအတတ်နှင့်နတ်ဆိုးကိုကြောက်ရွံ့ခြင်း၌ နစ်မြှုပ်နေခဲ့၏။ လားမားခေါ် ဘာသာရေးခေါင်းဆောင်များ၏ဖိနှိပ်ခြင်းကိုဆင်းရဲသားများခံစားခဲ့ရ၏။ ထိုပြည်ရှိ လူများမှာအခြားဘာသာဝင်များဖြစ်ပြီး ဘီးများကိုလည်စေပြီးဘီးပေါ်တွင်ရေးထားသောဆုတောင်းချက်များအ တိုင်းဆုတောင်းရန်(သို့)အလံများပေါ်တွင်ဆုတောင်းချက်များရေးထားပြီးလေထဲတွင်မြောက်နေသောအလံများ ပေါ်ရှိဆုတောင်းချက်အတိုင်းသာဆုတောင်းရန်ယုံကြည်လျက်ပြုလုပ်ကြ၏။ ထိုသူများသည် ခရစ်တော်အ ကြောင်းတစ်ခါမျှမကြားဘူးခဲ့ချေ။ ဆန္ဒာဆင်းသည်တိဗက်ပြည်သို့ကြိမ်ဖန်များစွာသွားရောက်ခဲ့၏။ တစ်ချိန်တွင် (၁၆၀၀၀)ပေမြင့်ပြီးအအေးဓါတ်လွန်ကဲနေသောအရပ်၌မြေကြီးပေါ်၌သာဆန္ဒာဆင်းအိပ်စက်ခဲ့ရဖူး၏။
          မြို့တစ်မြို့၌သူတရားဟောနေစဉ်သူ့အားနိုင်ငံခြားဘာသာဟောပြောခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခဲ့ ၏။သူ့အဝတ်အင်္ကျီများကိုဆုတ်ဖြဲပစ်ပြီး နက်ရှိုင်းခြောက်သွေ့သောရေတွင်းတစ်ခုထဲသို့သူ့အားပစ်ချလိုက်၏။ အခြားလူများစွာကိုပစ်ချခဲ့သောရေတွင်းဖြစ်သောကြောင့် လူသေကောင်အရိုးခွံများစုပုံနေပြီးပုပ်သိုးဆွေးမြေ့နံ စော်နေသောအသားများပေါ်သို့ကျသွားခဲ့၏။ အနံ့အသက်အလွန်ပုပ်သိုးနံစော်နေပြီးပစ်ချခံရခြင်းကြောင့်လက် မောင်းဒဏ်ရာရခဲ့ပြီးပြင်းထန်စွာနာကျင်ဝေဒနာလည်းခံစားခဲ့ရ၏။ အစာမရှိ၊ ရေမရှိ၊အိပ်၍မရဘဲ ထိုမှောင်မိုက် နေသောတွင်းနက်ကြီးထဲတွင် (၃)ရက်မျှဒုက္ခဝေဒနာခံစားခဲ့ရ၏။ တတိယညတွင်ဘုရားသခင်ထံသူဆုတောင်း နေစဉ်သူ့ခေါင်းပေါ်မှ စူးရှသောအသံတစ်သံကြားလိုက်ရပြီးရေတွင်းအဖုံးတံခါးပွင့်ကာအောက်သို့လျော့ကျထား သောကြိုးကိုကိုင်တွယ်ရန်ပြောသံကြားလိုက်ရ၏။ သူသည်ကြားရသောအသံအတိုင်းပြုခဲ့ပြီးမကြာမီရေတွင်းပြင် သို့ရောက်ရှိခဲ့၏။ သူ့အားကူညီသောလူစိမ်းသည်ရေတွင်းအဖုံးကိုပိတ်လိုက်ပြီးနောက်အမှောင်ထဲဝင်ရောက် ပျောက်ကွယ်သွား၏။ သူ့အားဘုရားသခင်ကယ်တင်လိုက်ကြောင်းသိလိုက်၏။ သူ၌လုံလောက်သောခွန်အားရှိ လျှင်ရှိချင်း၊ ဆက်လက်၍တရားဟောပြောခဲ့ရာဝိညာဉ်ရေးရာဆာငတ်နေသည့်များစွာသောလူများကယ်တင် ခြင်းကျေးဇူးခံစားခဲ့ရ၏။


နီပေါပြည်၌
          နီပေ ါပြည်သည်အိန္ဒိယပြည်၏မြောက်ဖက်တွင်ရှိပြီးဆန္ဒာဆင်းခေတ်အချိန်ကာလတွင် ဧဝံဂေလိတရား တစ်ခါမျှဟောပြောခဲ့ဖူးခြင်းမရှိသေးချေ။ ဧဝံဂေလိတရားဟောပြောခြင်းကိုထိုပြည်၌တားမြစ်ပိတ်ပင်ခဲ့၏။ ဆန္ဒာဆင်းသည်နီပေါပြည်သို့သွားရောက်ကာဧဝံဂေလိတရားဟောပြောခဲ့၏။သူသည်ဖမ်းဆီးထောင်ချခံခဲ့ရ၏။ ထောင်အတွင်း၌အခြားအကျဥ်းခံနေရသောထောင်သားများကိုခရစ်တော်အကြာင်းပြောပြခဲ့၏။ ထို့ကြောင့်သူ့ အားမြေတိုက်ခန်းထဲ၌ပိတ်လှောင်ထားခဲ့၏။ ထိုအခန်း၌သူ့အင်္ကျီအဝတ်အစားများကိုချွတ်ပြီးတိုင်တစ်တိုင်တွင် သူ့ခြေလက်များကိုချည်နှောင်ထား၏။ အလွန်ဆိုးရွားသောအနံ့အသက်များရှိသောနေရာဖြစ်၏။ စုထားသော ကျွတ်ကောင်များသည်သူ့သွေးများကိုစတင်စုပ်ယူတော့၏။ ဤကဲ့သို့ဒုက္ခဝေဒနာပြင်းထန်စွာခံစားရသည့်ကြား မှဆန္ဒာဆင်းသည်ဘုရားသခင်ထံဆုတောင်းခဲ့ပြီးချီးမွမ်းသီချင်းများကိုသီဆိုခဲ့၏။ အာဏာပိုင်များကရူးသွားပြီဟု ထင်ကာသူ့ကိုလွှတ်လိုက်၏။ ကျွတ်ကောင်များ၏သွေးစုပ်ခြင်ဒဏ်ကြောင့်သူအားနည်းသွားသော်လည်း မြို့ထဲ သို့ချက်ခြင်းသွားကာ စတင်တရားဟောခဲ့၏။
          ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းများကြားမှပင်“ကျွန်တော့်ကယ်တင်ရှင်အတွက်ဒုက္ခခံရတာကျွန်တော်ဝမ်း မိပါတယ်” ဟုဆန္ဒာဆင်းပြောခဲ့၏။ ဝမ်းမြောက်ခြင်းရဲ့လျှိုဝှက်ချက်ဟာဘာလဲ။“ကျွန်ုပ်တွေ့ကြုံရသောဒုက္ခဆင်း ရဲမှုများနှင့်ပျောက်ဆုံးဝိညာဉ်များအတွက်လုပ်ဆောင်မှုများကြား၌ခရစ်တော်၏လက်ဝါးကပ်တိုင်သည်ကျွနု်ပ်၏ နှစ်သိမ့်စရာအကြောင်း၊ မြှော်လင့်စရာအကြောင်း၊ ဝိညာဉ်ရေးရာအားသစ်လောင်းရာအကြောင်းဖြစ်၏။” ခရစ်တော်သည် ကျွနု်ပ်အတွက်ကောင်းကင်ဘုံကိုစွန့်လွှတ်ပြီးလက်ဝါးကပ်တိုင်၏ဝန်ထုပ်ကိုယူဆောင်ခဲ့လျှင် ကျွနု်ပ်သည် ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းကာကိုယ်တော့်အတွက်ပျောက်ဆုံးသောဝိညာဉ်များရရှိစေရန်လုပ် ဆောင်ခြင်းမှတပါးသာ၍ကြီးမြတ်သောအလုပ်မရှိတော့ပြီ”ဟုသူပြောခဲ့၏။ နီပေါပြည်၌ထောင်ချခံရသောအတွေ့ အကြုံကိုသူပြောရာ “ခရစ်တော်နှင့်အတူမျက်မှောက်တော်၌အတူရှိနေခြင်းကကျွန်ုပ်၏ထောင်ကိုမင်္ဂလာရှိသော ကောင်းကင်အဖြစ်သို့ပြောင်းလဲစေခဲ့၏” ဟုဝန်ခံခဲ့၏။

လောကကိုစိမ်ခေါ်ခြင်း
          မကြာမီအချိန်အတွင်းသူ၏ဒုက္ခဆင်းရဲခြင်းများနှင့်ထူးခြားသောအတွေ့အကြုံများနေရာအနှံ့ပြန့်နှံ့သွား ကာတစ်ကမ္ဘာလုံးရှိခရစ်ယာန်များကအိန္ဒိယပြည်၏တမန်တော်ကိုစတင်ဂရုစိုက်စိတ်ဝင်းစားခဲ့ကြ၏။ အိန္ဒိယ ပြည်အရပ်ရပ်မှခရစ်ယာန်များနှင့်ပြည်သူပြည်သားများကလူထုကြီးအားတရားဟောပြောရန်သူ့အားဖိတ်ခေါ် ခဲ့ကြ၏။သူသွားခဲ့လေရာရာတိုင်း၌ခရစ်ယာ်များအားမိမိအလိုဆန္ဒကိုငြင်းပယ်ကာလက်ဝါးကပ်တိုင်ထမ်း၍သခင် ခရစ်တော်နောက်လိုက်ကြရန်စိမ်ခေါ်ခဲ့၏။ သူ၏သာသနာပြုစိမ်ခေါ်ချက်များကမြောက်မြားစွာသောသူများအား ဆုတောင်းခြင်းနှင့်ဆက်ကပ်လုပ်ဆောင်ခြင်းပြုရန် နိုးဆော်နိုင်ခဲ့၏။သူသည်သီရိလင်္ကာနိုင်ငံ၊ မြန်မာပြည်၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့သာသနာခရီးပြုခဲ့၏။ အနောက်ဥရောပနိုင်ငံများနှင့် အင်္ဂလန် နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံများသို့လည်းသွားရောက်ခဲ့။
          သူသွားလေရာရာ၌ခရစ်တော်ကဲ့သို့သောအသက်တာဖြင့်ပုံသက်သေပြရာလူတို့ကအသိအမှတ်ပြုခဲ့ကြ ၏။အစည်းဝေးတစ်ခု၌ ဆန္ဒာဆင်းအားရည်ညွန်းလျက် သမီးငယ်လေးတစ်ဦးက“သူဟာခရစ်တော်လား”ဟူ၍ မေးမြန်းခဲ့ဖူး၏။ပျောက်ဆုံးဝိညာဉ်များကိုချစ်သောမေတ္တာနှင့်သန့်ရှင်းသောအသက်တာကြောင့်ဆန္ဒာဆင်းသည် အမှန်တကယ်သူ၏သခင်နှင့်တူခဲ့ခြင်းဖြစ်ပေသည်။


နောက်ဆုံးစကား
          (၁၉၂၉)ခု၊ ဧပြီလ (၁၈)ရက်နေ့တွင်“ကျွန်တော်တိဗက်ပြည်ဒီနေ့သွားတော့မယ်။ ဘေးအန္တရာယ်
နဲ့ခက်ခဲမှုများစွာရှိတဲ့ခရီးစဉ်ဖြစ်ပေမဲ့၊ ကျွန်တော့်တာဝန်ကိုကျေပြွန်ရန်ကျွန်တော်အကောင်းဆုံး လုပ်ဆောင်ရ မယ်”ဟူ၍မိတ်ဆွေတစ်ဦးထံစာရေးခဲ့၏။နေ့ရက်များစွာကြာညောင်းသွားပြီးသူပြန်လာသင့်သောအချိန်ဖြစ်သော်လည်းသူပြန်လာခြင်းမရှိချေ။ သူ့ထံမှသတင်းစကားတစ်ခုမျှမရခဲ့ချေ။ တိဗက်ပြည်၌မာတုရ(အာဇာနည်)အဖြစ် အသက်ဆုံးခဲ့ခြင်းဖြစ်သော်လည်းကောင်း၊တောင်တန်းများဖြတ်ကျော်စဉ်ချောက်ကမ်းပါးပေးပြုတ်ကျသေဆုံး ခြင်းသော်လည်းကောင်း၊ သူ့ကိုယ်ခန္ဓာကိုကျွဲသားရေအစိုဖြင့်ပတ်ကာနေပူထဲတွင်ထားပြီးသားရေတွန့်လိမ်ကာ အရိုးကြေမွစေသောနည်းဖြင့်အသတ်ခံရခြင်းသော်လည်းကောင်း ဖြစ်ခဲ့ပေမည်။  သူ၏နိဂုံးသည်မည်သို့ပင်ဖြစ် စေကာမူ၊ အိန္ဒိယပြည်၏တမန်တော်ဖြစ်သောဆာဒူးဆန္ဒာဆင်းသည်သူ၏ သရဖူကိုရရှိခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ် တို့ယုံကြည်စိတ်ချလျက်ရှိပေသည်။