Monday, 6 February 2012

သခင်ဘုရား၏ ပွဲနေ့ရက်များ - အခန်း (၃၀)

THE FEASTS OF THE LORD

သမ္မာကျမ်းစာဝတ်ပြုရာအခန်း ၂၃ တွင် သခင်ဘု၇ား၏ ပွဲကြီးခုနှစ်ပွဲအကြောင်းကို ရေးသားထား
ကြောင်းတွေ့ရသည်။ ဤပွဲကြီးခုနှစ်ပွဲသည် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် အဖြစ်အပျက်ခုနှစ်မျိုးကိုပုံ
ဆောင်ထားခြင်းဖြစ်သည်။ တချို့သောအဖြစ်အပျက်များသည် ယခုပစ္စုပ္ပန်အချိန်၌ပြည့်စုံခဲ့သော်လည်း တချို့
သည် အနာဂတ်ကာလ၌ရှိသေးသည်။ မပြည့်စုံလာသေးချေ။ ဤပွဲနေ့ရက်များသည် အရိပ်ကဲ့သို့ဖြစ်ပြီး အကောင်အထည်ဖြစ်သော အစစ်အမှန်မှာယေရှုခရစ်တော်သာလျှင်ဖြစ်ပေသည်။ (ကော ၂း၁၆-၁၇) ထို့
ကြောင့် ဤပွဲနေ့ရက်များသည် ဘုရားသခင်၏ကြီးစွာသော စည်းဝေးပွဲကြီးဖြစ်ပေသည်။ ဣသရေလလူမျိုး
များအမျိုးသားတိုင်းသည် အချိန်ကာလစေ့သောအခါ ယေရုဆလင်မြို့တော်သို့ စုဝေးချီတက်ပြီးပွဲခံရလေသည်။
ထိုအခါ ဘုရားသခင်သည်သူတို့ကိုမစ၍ ကောင်းကြီးပေးလေသည်။ သို့သော်လည်း သူတို့သည်ပေါ့ပေါ့ဆဆခံ
ယူ၍စိတ်အားထက်သန်ခြင်းလျှော့နည်းလာသဖြင့် ဘုရားသခင်သည် သူတို့အားဆုံးမ၍ ပြောဆိုလေသည်။
ဘုရားသခင်က -
“ငါ့ဝိညာဉ်သည်သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောက်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့်ငါပင်ပန်း၏”ဟုမိန့်တော်မူခဲ့လေသည်။ (ဟေ ၁း၁၄)
သခင်ယေရှုကလည်း ဤပွဲနေ့ရက်များသည် ထာဝရဘုရား၏ပွဲနေ့ရက်များဖြစ်ပြီး ယုဒလူမျိုးများ၏ပွဲ
နေ့ရက်မဟုတ်ကြောင်းပြောကြားခဲ့လေသည်။ ထာဝရဘုရား၏ပွဲနေ့ရက်များသည် ခုနှစ်ပွဲဖြစ်၍ ဥပုသ်နေ့အပါ
အ၀င်ရေတွက်လျှင် ရှစ်ပွဲရှိပါသည်။ သို့သော်လည်း ဥပုသ်နေ့သည်သီးသန့်သန့်ရှင်းသောနေ့ရက်အဖြစ်သတ်
မှတ်ထားပြီး ၊ တစ်ပတ်ပြီးတစ်ပတ်ဤသန့်ရှင်းသောဥပုသ်နေ့ကိုအလေးထားရိုသေစွာပြုမူထိန်းသိမ်းရလေ
သည်။ ကျန်ပွဲခုနှစ်ပွဲကိုတစ်နှစ်လျှင်တစ်ကြိမ်သာကျင်းပရလေသည်။ ဥပုသ်နေ့ရက်ကိုအိမ်၌လည်းဥပုသ်
စောင့်၍နေခွင့်ရှိသည်။ သို့သော်ကျန်ပွဲနေ့ရက်များတွင် ယေရုဆလင်မြို့သို့သွားရောက်ပြီးပွဲခံရလေသည်။
ဤပွဲခုနှစ်ပွဲကို နှစ်ပိုင်းပိုင်းခြားနိုင်သည်။ ပထမပိုင်းတွင် ပသခါပွဲ၊ အဇုမပွဲ၊ ချီလွှဲရာကောက်လှိုင်းများပူ
ဇော်ပွဲဓ ပင်တေကုတ္တေပွဲစသည်တို့ဖြစ်ပြီး၊ ဒုတိယအပိုင်းတွင် တံပိုးမှုတ်ပွဲ၊ အပြစ်ဖြေရာပွဲနှင့် သကေနေပွဲတို့
ဖြစ်လေသည်။ ပထမပိုင်းလေးပွဲနှင့် ဒုတိယပိုင်းသုံးပိုင်းပွဲကြားကာလသည် လေးလခြားထားလေသည်။ ဤ
ပွဲခုနှစ်ပွဲ၌ အကြီးမားဆုံးသောပွဲမှာ ပသခါပွဲ၊ ပင်တေကုတ္တေပွဲနှင့် အဇုမပွဲတို့ဖြစ်ပေသည်။ ဤပွဲများသည်
ပထမလတစ်ဆယ်လေးရက်နေ့မှစ၍ သတ္တမလနှစ်ဆယ်နေ့ရက်အထိကျင်းပရလေသည်။
ပထမပိုင်း ပွဲတချို့သည်သမ္မာသစ်ခေတ်ကာလရှိ ကောင်းကင်နိုင်ငံသား(အသင်းတော်)နှင့်ပတ်သက်မှု
ရှိပြီး၊ ဒုတိယပိုင်းရှိပွဲသုံးပွဲမှာ လောကနိုင်ငံသား(ယုဒလူမျိုး) နှင့်သက်ဆိုင်သောပွဲများဖြစ်ပေသည်။

၁။ ပသခါပွဲ (Passover Feast)

ဤပွဲ၏မူလအစသည် အဲဂုတ္တု(အီဂျစ်)ပြည်မှ စတင်ခဲ့ပြီး အီဂျစ်၌ ကျွန်ဘ၀ရောက်နေစဉ်ဘုရားသခင်
ကယ်တင်ခဲ့သည့် အထိမ်းအမှတ်အဖြစ်ကျင်းပရသောပွဲဖြစ်သည်။
သခင်ဘုရား၏ပွဲနေ့များ….
ယုဒလူမျိုးများအီဂျစ်အိမ်ထောင်တိုင်းသည် အပြစ်အနာအဆာမရှိသည့်သိုးတစ်ကောင်ယူ၍ ပထမလ၏တစ်
ဆယ်လေးရက်နေ့ညတွင် သတ်၍အသွေးကိုတံခါးတိုင်နှင့်အပေါ်ထုတ်တန်းကိုသုတ်လိမ်းရလေသည်။ ထိုအခါ
ညည့်၌ ထာဝရဘုရား၏ကောင်းကင်တမန်သည်သွေးသုတ်ထားသည့်အိမ်ကိုလွန်သွား၍ ထိုအိမ်၌သားဦးမသေ
ရချေ။ သိုးသားကိုမီး၌ကင်၍ တဆေးမဲ့မုန့်နှင့် တမာရွက်ခါးတို့ကိုအသားနှင့်ရော၍စားရလေသည်။ စားကြွင်းစား
စားကျန်ကို နောက်တစ်နေ့မနက်ထိမရှိစေရ။ သိုးသားကိုစားသောသူတိုင်းသည် ခါး၌ခါးပတ်ကိုစီးလျက်၊ ခြေစုပ်
ဖိနပ်ကိုဝတ်ပြီး လက်၌လည်းတောင်ဝှေးကိုကိုင်လျက် အီဂျစ်နိုင်ငံမှထွက်ခွါသည့်ပုံစံအတိုင်းအဆင်သင့်အနေအ
ထားဖြင့်စားသုံးရလေသည်။
ဤပသခါပွဲသည် ယုဒလူမျိုးအစဉ်အဆက်အတိုင်းလိုက်နာရမည့် ပညတ်တစ်ခုဖြစ်ပေသည်။ (ထွ ၁၂း
၁၄) ပသခါပွဲ၌ယဇ်ကောင်အဖြစ် ပူဇော်ရသောသိုးသူငယ်သည် သားတော်ယေရှုဘုရားကိုပုံဆောင်ထားလေ
သည်။ ကရာနီကုန်းပေါ်လက်ဝါးကပ်တိုင်၌အသေခံခဲ့သော ယေရှုဘုရား၏အသွေးတော်သည်ကျွန်ုပ်တို့၏
နှလုံးသားတံခါး၌သုတ်လိမ်းခဲ့ပေသည်။ သို့ဖြစ်သောကြောင့် ယုံကြည်သူတိုင်းသည်လည်း ဘုရားသခင်၏ အ
မျက်ဒေါသမှလွတ်မြောက်ခြင်းအခွင့်ရရှိလေသည်။ ထိုပသခါပွဲမှစ၍ ဣသရေလလူမျိုး၏ နိုင်ငံသမိုင်းစတင်ခဲ့သ
ကဲ့သို့ အပြစ်ရှိသူတစ်ဦးသည် ယေရှုဘုရားအားမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ဝန်ခံသည့်နေ့မှစ၍ အသစ်တဖန်ပြု
ပြင်ပြောင်းလဲလျက်ဝိညာဉ်၌မွေးဖွားခြင်းခံရလေသည်။ ထိုနေ့မှစ၍ အသစ်သောအသက်ဖြင့် အသက်ရှင်မှုစ
တင်သည်။ သခင်ယေရှုခရစ်တော်သည် ပသခါပွဲ၍ ယဇ်ကောင်အဖြစ်အသတ်ခံခဲ့လေသည်။ (၁ကော ၅း၇)
ထာဝရဘုရားသခင်သည် အီဂျစ်ပြည်အပေါ်၌အမျက်ဒေါသထွက်ပြီး ကျိန်ဆိုခဲ့ခြင်းကြောင့် ဣသရေလ
လူမျိုးများပသခါပွဲစတင်ကျင်းပရခြင်းဖြစ်သည်။ သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်းဤပွဲကိုကျင်းပသောအခါ အီဂျစ်ပြည်၌
ကျွန်ဘ၀၏ထမ်းပိုးဖြင့်ညှင်းပန်းမှုဆင်းရဲဒုက္ခမှလွတ်မြောက်လာခြင်းကိုအောက်မေ့သတိရလျက် ၀မ်းမြောက်
ဝမ်းသာစွာဖြင့်ပွဲခံကြလေသည်။ ဒီနေ့ထိသူတို့သည် ပသခါပွဲကိုကျင်းပကြသည်။ ယနေ့အသင်းတော်များသည်
ဤပသခါပွဲကိုမကျင်းပကြပေ။ သခင်ဘုရား၏ပွဲတော်မင်္ဂလာအားဖြင့်သာ ထိုသခင်ကိုအောက်မေ့ဘို့ကျင်းပကြ
သည်။ သခင်ယေရှုခရစ်တော်သည် သိုးသူငယ်ကဲ့သို့ အသတ်ခံခဲ့ရပါသည်။

၂။ အဇုမပွဲ (The Feast Of Unleavened Bread)
ပသခါပွဲလွန်ပြီးနောက် အဇုမပွဲကို ဆက်ခံရပေမည်။ (၀တ် ၂၃း၆-၈) ပသခါပွဲကိုတစ်ဆယ်လေးရက်မ
နက်တွင်သိုးသူငယ်သတ်ခြင်းဖြင့်စတင်သည်။ နောက်တစ်ရက်တစ်ဆယ်ငါးရက်နေ့ရောက်လျှင် အဇုမပွဲကို
ဆက်ကျင်းပရပါသည်။ ပသခါပွဲသည်ခရစ်တော်အသသေခံခြင်းကိုပုံဆောင်ပြီး၊ အဇုမပွဲသည်ယုံကြည်သူများ၏
အကျင့်နှင့် အသက်တာကျင့်ဝတ်ကိုပုံဆောင်လေသည်။ လူတစ်ဦးတစ်ယောက်သည် ခရစ်တော်ကိုယုံကြည်
လက်ခံပြီးနောက်သန့်ရှင်းသောအသက်တာထဲ၌ အသက်ရှင်ကြရပေမည်။
သမ္မာကျမ်းစာ၌ပါသော တဆေးသည် အပြစ်ကိုပုံဆောင်လေသည်။ ထို့ကြောင့်ဤပွဲနေ့ရက်များတွင် တဆေးပါသောမုန့်ကိုမစားရပေ။ (ထွက် ၁၃း၇) ရှင်ပေါလုက အဓမ္မအမှုအရာနှင့် ညစ်ညမ်းသောအရာမှန်သမျှ
သည်တဆေးအဖြစ်သတ်မှတ်ထားလေသည်။ သူကသင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ အသစ်သောမုန့်
စိမ်းဖြစ်မည့်အကြောင်း၊ ဟောင်းသောတဆေးကိုသုတ်သင်ပယ်ရှင်းကြလော့ဟု မိန့်ဆိုခဲ့လေသည်။ (၁ကော ၅း၇-၈) ဟောင်းသောတဆေး၊ ဆိုးညစ်သောတဆေးတို့ကိုပစ်ပယ်၍ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊
သစ္စာစောင့်ခြင်းနှင့်ပွဲခံကြကုန်အံ့ဟုလည်းဆိုခဲ့သည်။
တဆေးထည့်ခြင်း၏ ပုံဆောင်ချက်အားဖြင့် ဤသို့သွန်သင်ထားလေသည်။ ကျွန်ုပ်တို့သည် ခရစ်တော်
၏အသွေးတော်အားဖြင့် ကယ်တင်ခြင်းခံရသူဖြစ်သဖြင့်၊ အသစ်သောထိုလမ်းအတိုင်းလျှောက်လျက်၊ လောကီ
နှင့် ဆိုင်သောဇာတိတဆေးအားလုံးကို ပယ်ရှားရလိမ့်မည်။ ဤသို့ပြုသဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင်ထံမှ ကောင်းကြီးဆုကျေးဇူးခံစားရသူဖြစ်သည်ဟုသိရှိနားလည်ပေသည်။

၃။ ကောက်လှိုင်းချီလွှဲရာပူဇော်ပွဲ (The Feast of First Fruit)
ပသခါပွဲသည်ဆယ်လေးရက်နေ့၌ကျင်းပရပြီး၊ အဇုမပွဲကိုဆယ်ငါးရက်နေ့တင်ကျင်းပရလေသည်။ ထိုနေ့ရက်သည်ဥပုသ်နေ့သတ္တမနေ့ရက်ဖြစ်ပြီးနောက်တစ်နေ့တွင် ကောက်လှိုင်းများချီလွှဲရာပူဇော်ပွဲနေ့အဖြစ်
ကျင်းပရလေသည်။ ဤပွဲကိုတောအရပ်၌မကျင်းပနိုင်ချေ။ ထို့ကြောင့်ခါနန်ပြည်ကိုရောက်ပြီးမှသာလျှင်ဤပွဲကို
ကျင်းပကြသည်။ ဤပွဲတင်အသီးမှည့်လာသောကောက်လှိုင်းတစ်စည်းကိုထာဝရဘုရားရှေ့၌ ပူဇော်ရလေ
သည်။ ချီလွှဲ၍ပူဇော်ရလေသည်။ ဤကဲ့သို့ပူဇော်ရခြင်းသည် ဣသရေလလူမျိုးများကောင်းကြီးခံစားဘို့ရန်ဖြစ်
ပြီး၊ ဤပွဲနေ့တွင် မီးရှို့ရာယဇ်ဘောဇဉ်ပူဇော်သက္ကာ၊ မုန့်ညက်နှစ်သြမဲပူဇော်ခြင်း၊ တစ်နှစ်ရှိအခါမလည်သည့်
သိုးပူဇော်ခြင်းစသည်တို့ပြုလုပ်ရလေသည်။
ဤအဦးသီးသောအသီးပူဇော်ပွဲသည်ခ၇စ်တော်ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်၍ ခ၇စ်တော်သည
ဥပုသ်နေ့လွန်ရှစ်ရက်မြောက်နေ့၌ ရှင်ပြန်ထမြောက်ခဲ့လေသည်။ ထို့ကြောင့်ရှင်ပေါလုကခရစ်တော်ကို အဦးသီး
သောအသီးဖြစ်သည်ဟုဆိုခဲ့လေသည်။ ခရစ်တော်သည် ယောသပ်သင်္ချိုင်း၌မြုပ်နှံခြင်းသည် မျိုးစေ့တစေ့မြေ၌
စိုက်ပျိုးခြင်းဖြစ်သည်။ (ယော ၁၂း၂၄) သူသည်သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး အိပ်ပျော်သူတို့အထဲမှ အဦးသီး
သောအသီးဖြစ်ရလေသည်။ (၁ကော ၁၅း၂၀)
ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနေ့တွင် ယဇ်ပုရောဟိတ်သည်အသန့်ရှင်းဆုံးအခန်း၌ ၀င်၍အထက်မှ
အောက်သို့စုတ်ကွဲသွားသည့်ကန့်လန့်ကာရှေ့၌ကောက်လှိုင်းကိုချီလွှဲ၍ ပူဇော်နေသေးသည်။ရှေ့ပြေးပုံသက်
သေဖြစ်သော အရာသည်၎င်းနောက်အမှန်တကယ်ဖြစ်ပျက်ခဲ့ရသည်ကိုသူတို့မသိသေး။ ယောသပ်သင်္ချိုင်းထဲမှ
အဦးသီးသောအသီးသည် ထာဝရအတွက်ပူဇော်ခံခဲ့ပြီးဖြစ်သည်။ ၎င်းနောက်နှစ်တစ်ထောင်၌ ပသခါပွဲကျင်းပစ
ရာမလိုတော့ချေ။ အဘယ့်ကြောင့်ဆိုသော်ခရစ်တော်၏ကိုယ်ခန္ဓာ၌ပြည့်စုံခဲ့ပြီးဖြစ်သည်။

၎။ ပင်တေကုတ္တေပွဲ (The Feast of Pentecost)
ဤအဦးသီးသောကောက်လှိုင်းပူဇော်ပွဲပြီးနောက် ရက်ပေါင်းငါးဆယ်ပြည့်လျှင် ပင်တေကုတ္တေပွဲကျင်းပ
ရလေသည်။ ဤပွဲနှစ်ခုကြားတွင် ရက်သတ္တပတ်ခုနှစ်ပတ်ကြာလေသည်။ ထို့ကြောင့်ခုနှစ်ပတ်ပွဲတော်ဟူ၍လည်း
ခေါ်သည်။ ပင်တေကုတ္တေပွဲစသည့်အချိန်သည် ဂျုံစတင်ရိတ်သိမ်းချိန်ဖြစ်သဖြင့် ဘောဇဉ်ပူဇော်သက္ကာဆက်သ
ပွဲဖြစ်၍ အလွန်အရေးကြီးသည်။
ပင်တေကုတ္တေပွဲနေ့တွင် ဂျုံအသစ်ကိုပူဇော်ရသည်။ အဦးရိတ်သိမ်းထားသောဂျုံစေ့အားဖြင့်ထုတ်လုပ်
သည့်ဂျုံကိုပူဇော်ရပြီး၊ ကောက်လှိုင်းချီပူဇော်ပွဲတွင် အသီးအရွက်နှင့် အကိုင်းပါပူဇော်ရလေသည်။ ပင်တေကု
တ္တေပွဲတွင် နူးညံ့သောတဆေးဖြင့်ဖောင်းကြွသည့်မုန့်ညက်နှစ်လုံးကိုလည်းပူဇော်ရလေသည်။ ဤအရာသည် အသင်းတော်ထဲ၌လူနှစ်မျိုးဖြစ်သော ဣသရေလလူမျိုးနှင့်တပါးအမျိုးသားပါဝင်ပြီး လုံးဝပြည့်စုံခြင်းမရှိသော
ကြောင့်တဆေးထည့်ရခြင်းဖြစ်သည်။ မီးကင်ထားသော နှစ်လုံးနှင့်အတူ အပြစ်အနာဆာကင်းသော သိုးခု
နှစ်ကောင်နှင့်နွားပျိုတစ်ကောင်အပြင် သွန်းလောင်းရာပူဇော်သက္ကာတို့ဖြင့် ထာဝရဘုရားသခင်ထံ မီးဖြင့်ပူ
ဇော်ရလေသည်။
၎င်းအပြင်အပြစ်ဖြေလွတ်ဘို့ရန်ဆိတ်ထီးတစ်ကောင်ကိုလည်းပူဇော်ရလေသည်။ ဤအရာများသည်
ထာဝရဘုရားသခင်အတွက် မွှေးကြိုင်ရနံ့ပူဇော်ခြင်းဖြစ်လေသည်။
ပင်တေကုတ္တေပွဲ၏ပုံသက်သေမှာတမန်တော်များအချိန်၌ပြည့်စုံခဲ့လေပြီ။ ရှင်ပေါလုက ကျွန်ုပ်တို့သည်
ဝိညာဉ်တော်တပါးထဲ၌နှစ်ခြင်းခံရသဖြင့် တကိုယ်တည်းဖြစ်လာခဲ့ရလေပြီဟုမိန့်ဆိုခဲ့သည်။ (၁ကော ၁၂း၁၃)
ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် တမန်တော်များအပေါ်ကြွဆင်းလာခဲ့၍ အသင်း
တော်စတင်ဖြစ်ပေါ်လာခဲ့လေသည်။ ပင်တေကုတ္တေပွဲနှင့် တံပိုးမှုတ်ပွဲသည် လေးလခြားနေသည်။ ဤလေး
လသည် ဣသရေလလူမျိုးများစပျစ်သီးရိတ်သိမ်းသည့်ကာလဖြစ်သဖြင့် ဓမ္မသဘင်များမရှိချေ။ မအားလပ်
သည့်အချိန်အခါဖြစ်သည်။ ဤမျှလောက်အချိန်ကြာညောင်းခြင်း၊ အချိန်ဆွဲခြင်းသည် ၀ိညာဉ်တော်ဘုရားက
အသင်းတော်တည်ထောင်ဘို့အတွက် ဖြစ်လေသည်။ ၎င်းအပြင်ဣသရေလ(ဂျုး)လူမျိုးများပျံ့နှံ့သွားခြင်းကို
ပုံဆောင်ပေသည်။ ကျေးဇူးတော်အားဖြင့်ရွေးကောက်ခြင်းခံလျက်၊ ကျန်ကြွင်းသောသူတို့လည်းရှိသေးသည်။ (ရော ၁၁း၂၅) ကျေးဇူးတော်ကာလကုန်ဆုံးလျှင် ဣသရေလလူမျိုးများ အရပ်လေးမျက်နှာစုစည်းလာပြီး ပါလက်စတိုင်းတွင် တံပိုးမှုတ်ပွဲကျင်းပလာကြလိမ့်မည်။ (မ ၂၄း၃၁)

၅။ တံပိုးမှုတ်ပွဲ (The Feast of Trumpet)
ဤပွဲသည် သတ္တမလ၏တစ်ရက်နေ့ဖြစ်သည်။ ဤနေ့ရက်သည်ဥပုသ်နေ့ဖြစ်ပြီး ဣသရေလလူမျိုးများ
သည်ကြီးသောတံပိုးမှုတ်လျက် ဘုရားသခင်ကိုချီးမွမ်းထောပနာပြုလေသည်။ တံပိုးမှုတ်ပွဲနောက်တစ်နေ့သည်
အပြစ်ဖြေရာပွဲနေ့ဖြစ်ပြီင်္း ထိုလ၏တစ်ဆယ့်ငါးရက်နေ့သည် သကေနေပွဲနေ့လည်းဖြစ်လေသည်။ သကေနေပွဲ
နေ့သည်လည်း ဥပုသ်နေ့သတ္တမနေ့ရက်ဖြစ်သည်။ ထိုလ၏နှစ်ဆယ်နှစ်ရက်နေ့အထိကျင်းပရလေသည်။
ဣသရေလလူမျိုးများတော၌လှည့်လည်စဉ် အပြစ်ဖြေဘို့စည်းဝေးခေါ်သောအခါ ရွှေဖြင့်ပြီးသောတံပိုး
နှစ်ချောင်းကိုအသုံးပြုရလေသည်။ တံပိုးသည် စစ်တပ်များစုစည်းသည့်အခါဖြစ်စေ၊ အသုံးပြုမှုတ်ရလေသည်။
(တော ၁၀း၁-၁၀) ပင်တေကုတ္တေနှင့်တံပိုးမှုတ်ပွဲကြားကာလသည်ကျေးဇူးတော်ကာလကိုပုံဆောင်လေသည်။
ကျေးဇူးတော်ကာလကုန်လျှင် အသင်းတော်သည်ချီဆောင်ခြင်းခံလျက် ဂျူးလူမျိုးများသည် မိမိတိုင်းပြည်သို့
ပြန်လာရလိမ့်မည်။
ခရစ်တော်သည်ကောင်းကင်ဘုံမှ ဆင်းကြွလာ၍ သူကိုယ်တိုင်ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း
အသံပေးခြင်း၊ ဘုရားသခင်၏တံပိုးမှုတ်ခြင်းတို့ဖြင့် သူ့အသင်းတော်ကိုသူခေါ်ဆောင်သွားလိမ့်မည်။ (၁သက်
၎း၁၆) ငါတို့ရှိသမျှသည်အိပ်ပျော်ကြရသည်မဟုတ်။ သို့သော်လည်းနောက်ဆုံးသောတံပိုးမှုတ်သောအခါ တခဏချင်းတွင် မျက်စိတစ်မှိတ်၌ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ သေလွန်သောသူတို့သည်ထမြောက်၍ငါ
တို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ (၁ကော ၁၅း၅၁-၅၂)

နောက်ဆုံးသောတံပိုးဟုဆိုရာတွင် ဗျာဒိတ်ကျမ်း၌တံပိုးခရာခုနှစ်လုံးကိုဆိုလိုခြင်းမဟုတ်။ ဗျာဒိတ်ကျမ်း
ရှိတံပိုးသည်ဘေးဒဏ်ကြီးကာလသုံးနှစ်ခွဲလွန်မှမှုတ်လိမ့်မည်။ အသင်းတော်သည်ဤဘေးဒဏ်ကြီးကာလမ
ရောက်မှီ ချီဆောင်ခြင်းခံရလိမ့်မည်။ နောက်ဆုံးတံပိုးသည် ဣသရေလစစ်တပ်စတင်ချီဆောင်သည့်အခါမှုတ်
လျက်ရှိပြီး၊ ပထမတံပိုးသည် စစ်သားများစုဆောင်းသည့်အခါ မှုတ်လေ့ရှိသည်။ သို့ဖြစ်သောကြောင့် ဘုရား
သခင်သည် ဘေးဒဏ်ကာလမရောက်မှီ အစ၌တံပိုးတစ်ခါမှုတ်၍ သေသူများကိုရှင်ပြန်ထမြောက်စေလေ
သည်။ ဒုတိယအကြိမ်မှုတ်သောအခါ အသက်ရှင်နေသူအားလုံးကိုချီဆောင်သွားရလိမ့်မည်။
ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၄း၃၀တွင်လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်တ်ေကိုဆောင်
လျက်မိုဃ်းတိမ်ကိုစီးလျက် ကြွလာတော်မူမည်။ တံပိုးမှုတ်ပွဲသည် အသင်းတော်ချီဆောင်ခြင်းနှင့် ဂျူးလူမျိုး
များမိမိတိုင်းပြည်သို့ပြန်လာပြီး ဂျူးနိုင်ငံရှင်သန်လာခြင်းကိုပုံဆောင်လေသည်။ ထို့ကြောင့် ခရစ်တော်သည် ပသခါပွဲနေ့၌ အသေခံကာ ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်စေလွတ်ခဲ့လေသည်။ တစ်ချို့
ခရစ်ယာန်များသည် ဒုတိယအကြိမ်ကြွလာသောအခါ ပျော်ရွှင်ချိန်(Rapture) နှင့်ဖေါ်ပြချိန် (Revelation)
ကြားကာလ၌ယုံကြည်သူများသည်ခရစ်တော်နှင့်အတူ သကေနေပွဲကျင်းပကြလိမ့်မည်ဟုယူဆထားကြသည်။
ဤယုံကြည်ချက်သည်ထိုနေ့ရက်ရောက်မှသိရကြလိမ့်မည်။

၆။ အပြစ်ဖြေရာပွဲ (The Feast Of Atonement)
ဤပွဲနေ့ကို အပြစ်ဖုံးလွှမ်းပေးသောနေ့ရက်ဟူ၍လည်းခေါ်သည်။ ဣသရေလလမျိုးများနှစ်စဉ်နှစ်တိုင်း
ကျင်းပရသောအပြစ်လွတ်သည့်ပွဲဖြစ်ပေသည်။ (၀တ် ၁၆း၁-၃၄) သန့်ရှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သောပညတ်
တရားသည်ခရစ်တော်၏ခန္ဒာကိုယ်၌ပြည့်စုံခဲ့ပြီးဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်အကြီးဖြစ်ပြီး၊ သူအပြစ်ကြောင့်မဟုတ်ပဲ ကျွန်ုပ်တို့၏အပြစ်ကြောင့်ကိုယ်စားအသေခံခဲ့လေသည်။ (ဟေဗြဲ ၉း၁၁-၁၄) အပြစ်
ဖြေရာပွဲနေ့သည် တံပိုးမှုတ်ပွဲနှင့် သကေနေပွဲကြားကာလ၌ဖြစ်သည်။ တံပိုးမှုတ်ပွဲသည်အသင်းတော်ချီဆောင်
ခြင်းနှင့် ဂျူးနိုင်ငံဘုန်းတန်ခိုးကြီးလာခြင်းကိုပုံဆောင်လေသည်။ သကေနေပွဲသည် ဂျူးလူမျိုးများအနှစ်တစ်
ထောင်အနားယူခြင်းကိုပုံဆောင်လေသည်။ သို့ဖြစ်လျှင် အပြစ်ဖြေရာနေ့သည် ဘာကိုပုံဆောင်သနည်း။
ပရောဖက်ဇာခရိကလည်း -
“ထိုကာလ၌ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကိုဆေးကြောစ
ရာဘို့စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်”ဟုမိန့်ဆိုခဲ့လေသည်။ (ဇာ ၁၃း၁)
ဤအရာသည် ဣသရေလလူမျိုးများမိမိတိုင်းပြည်သို့ပြန်လာပြီးနောက်တွင်အမှန်တကယ်ဖြစ်လာရ
လိမ့်မည်။ ထိုအခါသူတို့သည် ဘုရားသခင်ထံသို့နောင်တသံဝေဂရလျက်ပြန်လာပြီး သူတို့အပြစ်များကိုလည်း
သန့်ရှင်းစေလိမ့်မည်။ (ဇာ ၁၂း၉း၁၄)

၇။ သကေနေပွဲ (The Feast Of Tabernacles)
ဤပွဲသည်နောက်ဆုံးပွဲဖြစ်ပြီး ဣသရေလလူမျိုးများကောက်ရိတ်သိမ်းပြီးနောက်ကျင်းပရသောပွဲဖြစ်ပေ
သည်။ သူတို့သည် တဲတော်ထဲ၌ခုနှစ်ရက်ဥပုသ်စောင့်ပြီး ကျင်းပရသောပွဲဖြစ်သည်။ (တရားဟော ၁၆း၁၃) တဲ
တော်ကိုဗာဗုလုန်ပြည်၌ အမှတ်ရစေရန် အာရဇ်သစ်နှင့်စွန်ပလွန်အကိုင်းတို့ဖြင့်တည်ဆောက်ထားလေသည်။
(ဆာလံ ၁၃၇း၁-၉)
ဤပွဲသည်မည်သည့်အရာ၏ ပုံသက်သေဖြစ်သည်ကို ယခုကျွန်ုပ်တို့မသိရသေး။
တောင်ပေါ်၌ခရစ်တော်ကိုယ်ရောင်ပြောင်းလဲခြင်းဖြစ်သောအခါ ပေတရုကဤနေရာသည်နေချင့်စဘွယ်ကောင်း
ပါ၏။ ကိုယ်တော်ဘို့်တဲတစ်ဆောင်၊ မောရှေဘို့တစ်ဆောင်၊ ဧလိယအဘို့တစ်ဆောင်ကိုယ်တော်အလိုရှိလျှင်
ကျွန်ုပ်ဆောက်ပါမည်ဟုပြောဆိုခဲ့လေသည်။ (မ ၁၇း၎) ပေတရုဤသို့ဆိုခြင်းသည် ကောင်းကင်နိုင်ငံသားနှင့် လောကလူသားအတူတူနေထိုင်ချင်၍ ပြောခြင်းဖြစ်သည်။ သို့သော်ခ၇စ်တော်ဘုရားအဖြေမပေး။ ထိုအချိန်
အခါသည်အချိန်ကာလမရောက်သေးချေ။ အနာဂတ်အနှစ်တစ်ထောင်ခေတ်ကာလတွင် အတူတကွနေထိုင်ခွင့်
ရမည်ကို ပုံဆောင်ထားခြင်းဖြစ်ပေသည်။ ထို့ကြောင့်သကေနေပွဲသည်သာယာချမ်းမြေ့သောအနှစ်တစ်ထောင်
ခေတ်ကာလကိုဖေါ်ပြနေခြင်းဖြစ်သည်။
သတ္တမနေ့ရက်သည် တစ်ပတ်တာ၏အနားယူသည့်နေ့ရက်ဖြစ်သကဲ့သို့ သတ္တမလသည်လည်းအနှစ်
တစ်ထောင်၏ပုံသက်သေတစ်ခုဖြစ်လေသည်။ အနားယူသည့်နေ့သည် လောကအချိန်ကာလဖြစ်သော
ခြောက်ထောင်နှစ်နှင့်ဆက်၍အနားယူသည့်နှစ်တစ်ထောင်၏ပုံသက်သေဖြစ်လေသည်။ ခရစ်တော်ညစာစားပွဲ
၌ပုံဆောင်ချက်ပထမတစ်ခုမှာ ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းကိုအောက်မေ့သတိရဘို့်ရန်ဖြစ်
ပြီး၊ နောက်တစ်ခုသည် ခရစ်တော်ကြွလာခြင်းကိုသတိရဘို့ဖြစ်သကဲ့သို့ ဣသရေလလူမျိုးများအီဂျစ်ပြည်၌
ကျွန်ခံခြင်းကိုသတိရစေရန်နှင့် အနှစ်တစ်ထောင်ကာလတွင် အနားယူခြင်းကို သတိရဘို့ရန်ယခုအချိန်အခါ
၌လည်းဤပွဲကိုကျင်းပကြသည်။
သကေနေပွဲသည်ရှစ်ရက်မြောက်နေ့၌ကျင်းပလေသည်။ ဤပွဲစတင်ကျင်းပသည့်နေ့သည် ဥပုသ်နေ့ဖြစ်
ပြီး နောက်တစ်ပတ်ဥပုသ်နေ့အဆုံးသတ်လေသည်။ (၀တ် ၂၃း၃၉) ရှစ်ရက်နေ့သည် အနှစ်တစ်ထောင်ခေတ်
ကာလကုန်ပြီးနောက်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ပြည့်စုံသည့်ကာလကိုရည်ညွှန်းလျက်၊ ခေတ်ကာလ
ရှစ်ခုမြောက်သောခေတ်ကာလကိုဆိုလိုခြင်းဖြစ်သည်။ ဤအကြောင်းအရာသည် အလွန်လေးနက်ပြီး အရေး
ကြီးသဖြင့် ကျွန်ုပ်တို့မမေ့အပ်ပေ။ (အပိုင်း (၁)ရှိသမ္မာတရားကိုမှန်ကန်စွာပိုင်းခြားခြင်းပုံ၌ လေ့လာပါ။)

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....