Thursday, 9 February 2012

ဖန်ဆင်းခြင်းနှင့်ဒဿနအမြင်

ကမ္ဘာဦးကျမ်း - ၁

သမ္မာကျမ်းစာ၏အဦးဆုံးသောအခန်းကြီးသည်လူတို့၏ဒဿနအမြင်များစွာတို့ကိုလုံးလုံးဆန့်ကျင်လျက် ရပ်တည်ကြောင်းတွေ့ရသည်။ကျော်ကြားသောဤလူ့အတွေးအခေါ်များနှင့်ပတ်သက်၍ယုာံကည်သူတစ်ဦး သည်ရွေ့လျားပြောင်းလဲနေသည့်လူ့ထင်မြင်ယူဆချက်များပေါ်မ၇ပ်ဘဲသမ္မာကျမ်းစာ၏ခိုင်မြဲသောအခြေခံ အချက်ပေါ် ရပ်တည်ရမည်ဖြစ်သည်။

၁။ ဘုရားမဲ့ဝါဒကိုဆန့်ကျင်ခြင်း
“အစအဦး၌ ဘုရားသခင်သည်”

၂။ ဗဟုနာထ၀ါဒ(ဘုရားများစွာရှိသည်ဆိုသည့်ယုံကြည်မှု)ကိုဆန့်ကျင်ခြင်း
“အစအဦး၌ဘုရားသခင်သည်”

၃။ အရာခပ်သိမ်းကိုဘုရားသခင်အဖြစ်ကိုးကွယ်သည့်ဝါဒကိုဆန့်ကျင်ခြင်း
“အစအဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏”
ဘုရားသခင်နှင့်ရုပ်ဝတ္ထုတို့၏သီးခြားစီဖြစ်ခြင်း

၎။ ရုပ်ဝါဒကိုဆန့်ကျင်ခြင်း
“ငါတို့ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်းလူကိုဖန်ဆင်းကြစို့။”
လူသည်ဘုရားသဏ္ဍာန်ရှိ၍ ၀ိညာဉ်ရေးသဘာဝကိုပိုင်ဆိုင်သည်။

၅။ ဆင့်ကဲဖြစ်စဉ်ကိုဆန့်ကျင်ခြင်း
“အမျိုးအလိုက်” “အမျိုးအပေါင်း” “မျိုးတည်းဟူသော”
သတ္တ၀ါတို့တွင်မိမိတို့၏ကိုယ်ပိုင်အမျိုးရှိကြောင်းဖေါ်ပြသည်။

၆။ သဘာဝအခြေပြုဝါဒကိုဆန့်ကျင်ခြင်း
“အစအဦး၌ဘုရားသခင်သည်…ဖန်ဆင်းတော်မူ၏။”
ရုပ်ဝတ္ထုသည်ထာဝရမဟုတ်သကဲ့သို့လူသည်လည်းစက်မဟုတ်။

၇။ နိတ္ထက၀ါဒ(သုည၀ါဒ)ကိုဆန့်ကျင်ခြင်း
“တဖန် ဘုရားသခင်က၊ .. ဖန်ဆင်းတော်မူ၍ .. အမိန့်တော်ရှိသည့်အတိုင်း… ဘုရားသခင်ကလည်း
ကောင်းကြီးပေးတော်မူ၍ ..”
လူသည်အဓိပ္ပါယ်မဲ့၍အလုံပိတ်ထားသည့်စနစ်တစ်ခုတွင်အလုပ်လုပ်နေသည့်စက်မဟုတ်ပါ။

၈။ အတ္တဘ၀မှန်ဝါဒ(ဖြစ်တည်မှုပဓာန၀ါဒ)ကိုဆန့်ကျင်ခြင်း
“တဖန် ဘုရားသခင်…အမိန့်တော်ရှိ”(၁၀ကြိမ်)၊ “ဘုရားသခင်မြင်တော်မူ..”(၇ကြိမ်)၊ “ညဦးနှင့်နံနက်”

(၆ ကြိမ်)၊ “…သည် အတိုင်းဖြစ်လေ၏” (၁း၃၀)
ယုံကြည်ခြင်းအတွက်သမိုင်းကြောင်းဆိုင်ရာအခြေခံအချက်ရှိသည်။ သမ္မာကျမ်းစာသည်ခိုင်မာသောအချက် အလက်များနှင့်ဆိုင်သည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....