Sunday, 5 February 2012

စာတန်မာရ်နတ်သည် အဘယ်သူနည်း - အခန်း (၅)



WHO IS SATAN

            စာတန်မာရ်နတ်သည် ကောင်းကင်မှ လျှပ်စစ်ကဲ့သို့ ကျဆင်းလာသူ ဖြစ်ကြောင်း ယေရှုကိုယ်တိုင် ဖော် ပြထာါးသည်ကို တွေ့ရပါသည် (လု၊၁၀း၁၉)။
            စာတန်မာရ်နတ်သည် ကမ္ဘာဦးအစ အာဒံနှင့်ဧဝတို့ ဧဒင်ဥယျာဉ်၌ နေစဉ်ပင်လျှင် ရှိခဲ့ပါပြီ။ ပထမလူဖြစ်သူ အာဒံနှင့်ဧဝတို့ထံ မြွေအသွငိဖြင့် လာပြီး အပြစ်သွေးဆောင်ခဲ့ပေသည် (က၊၃း၁-၅)။ “ဤ လောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီး ကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏”(ဗျာ၊ ၁၂း၉)။
            စာတန်သည် –
- ဉာဏ်ပညာနှင့် ပြည့်စုံ၍ ချောမော၏ (ယေဇ၊၂၈း၁၂)။
- ကျောက်မျက် ရတနာအမျိုးမျိုးနှင့် ဖုံးထားလျက် ရှိ၏ (ယေဇ၊၂၈း၁၃)။
- ဖြန့်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်သည် (ယေဇ၊၂၈း၁၄)။
- ဖွားသောနေ့မှစ၍ အပြစ်ထင်ရှားသောနေ့အထိ စုံလင်လျက်ရှိခဲ့သည် (ယေဇ၊ ၂၈း၁၆)။
- အဓမ္မအမှုနှင့် ပြည့်စုံသူဖြစ်သည် (ယေဇ၊၂၈း၁၆)။
- ကိုယ်၌ တင့်တယ်ခြင်းအသရေကြွားခဲ့သည် (ယေဇ၊၂၈း၁၇-၁၈)။
- “လူစီဖာ” မိုးသောက်ကြယ်ဟု ခေါ်သည် (ဟေ၊၁၄း၁၂)။
- ကောင်းကင်မှကျသော သူဖြစ်၏ (ဟေ၊၁၄း၁၂)။
- စာတန်သွားရာလမ်းကြောင်းသည် ငရဲသို့ဖြစ်၏ (ဟေ၊၁၄း၁၅)။

(က) စာတန်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်သည်
            - ဘုရားသခင်ပြောသမျှကို ဆန့်ကျင်ဘက် ကန့်ကွက်သူဖြစ်၏ (က၊၃း၄-၆)။
            - ရှေးဦးစွာမှ စ၍ ဒုစရိုက်ကို ပြုသူဖြစ်၏ (၁ယော၊၃း၈)။
            - စာတန်သည် မာနနှင့် ယစ်မူးသူဖြစ်၏ (၁တိ၊၃း၆)။
            - စာတန်သည် ယေရှုခရစ်တော်ကို စုံစမ်းသွေးဆောင်လျက်ဆန့်ကျင်ဘက်လုပ်သူဖြစ်၏(မဿဲ၊၄း၂-
               ၁၁)။
           
(ခ) စာတန်သည် လှည့်စားဖြားယောင်းတတ်၍ မုသား၌ ကျင်လည်သူဖြစ်သည်
            - စာတန်သည် လူသားကြားထဲ၌ လှည့်လည်၍ လှည့်ဖြားရန် သွားလာလျက်ရှိလေသည် (ယောဘ၊
          ၁း၇)။
            - စာတန်သည် သစ္စာတရား၌မတည်၊ မုသားစကား၌ ကျင်လည်သူဖြစ်၏ (ယော၊၈း၄၄)။
            - စာတန်သည် ဧဝကို လှည့်စားဖြားယောင်းခဲ့ပေသည် (၂ကော၊၁၁း၃)။
            - စာတန်သည် လောကတစ်နိုင်ငံလုံး လှည့်ဖြားသောသူဖြစ်၏ (ဗျာ၊၁၂း၉)။
            - စာတန်သည် မုသား၏ အဘဖြစ်၏ (ယော၊၈း၄၄)။

(ဂ) စာတန်သည် အယောင်ဆောင်တတ်သောသူဖြစ်သည်
            - စာတန်သည် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏ (၂ကော၊၁၁း၁၄)။
            - စာတန်သည် ဘုရားသခင် ယောင်ဆောင်သူဖြစ်၏ (ယေဇ၊၂၈း၂)။
            - ခရစ်တော်ယောင်ဆောင်သူနှင့် မိစ္ဆာပရောဖက်တို့ ပေါ်လာမည် (မဿဲ၊၂၄း၂၄)။

(ဃ) စာတန်သည် တန်ခိုးပြနိုင်သောသူဖြစ်သည်
            - စာတန်သည် ယောဘ၏ အသက်တာ၌ တန်ခိုးပြခြင်း (ယောဘ၊၁း၆-၁၉)။
            - စာတန်သည် ထူးဆန်းသော တန်ခိုးနိမိတ်လက္ခဏာ၊ အံ့ဩဖွယ်အမျိုုးမျိုးကို ပြခြင်း (၂သက်၊၂း၁၀)။
            - စာတန်သည် လှည့်ဖြားလောက်အောင်ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်သောအမှု အမျိုးမျိုးကို
          ပြကြလိမ့်မည် (မဿဲ၊၂၄း၂၄)။

(င) စာတန်သည် လူ၏အရာကို စွဲလမ်းသောသူဖြစ်သည်
            - လူ၏အရာကို စွဲလမ်းသောသူဖြစ်၏ (မဿဲ၊၁၆း၂၃)။
            - အစားအသောက်၌ စွဲလမ်းခြင်းရှိသူဖြစ်၏ (က၊၃း၅-၆)။
            - လောကစည်းစိမ်၌ ဝါကြွားခြင်း၊ ွျှပ်မက်ခြင်း ရှိ၏ (၁ယော၊၂း၁၄-၁၆)။

(စ) စာတန်သည် နောက်လိုက်များစွာ ရှိသူဖြစ်သည်
            - မာရ်နတ်နှင့်သူ၏တမန်တို့ (မဿဲ၊၁၆း၂၃)။
            - ပြစ်မှားသော ကောင်းကင်တမန်တို့ (၂ပေ၊၂း၄)။
            - စွန့်ပစ်သော ကောင်းကင်တမန်တို့ကို ထာဝရချည်နှောင်ထားတော်မူ၏ (ယုဒ၊၁း၆၊၁၃)။
            - စာတန်နှင့်အတူ သူ၏ တမန်တို့ကို မြေကြီးသို့ ချလိုက်ကြ၏ (ဗျာ၊၁၂း၉)။

(ဆ) စာတန်သည် လောကကို အုပ်စိုးသူ ဖြစ်သည်
            - လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်ထဲ၌ ရှိခြင်း (၁ယော၊၅း၁၉)။
            - ဉာဏ်မျက်စိကို ကွယ်စေခြင်း (၂ကော၊၄း၄)။
            - ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားရသောသူများ၏ စိတ်ထဲမှ ခိုးယူခြင်း (မဿဲ၊၁၃း၁၉)။
            - မယုံကြည်သူ သူတို့၏ စိတ်အာရုံပိတ်ပင်ခြင်း (၂ကော၊၄း၄)။

(ဈ) စာတန်သည် လူသတ်သမားဖြစ်သည်
            - လူ့အသက်ကို သတ်သောသူဖြစ်သည် (ယော၊ ၈း၄၄)။
            - စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မြိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ
          (၂ပေ၊၅း၈)။

(ည) စာတန်မာရ်နတ်၏ သွားရာလမ်း (THE WAY OF SATAN)
- စာတန်မာရ်သည် မိမိအချိန်ကုန်ခါနီးကြောင်းကို သိ၍ လောကီသားတို့ကို ကြီးစွာသော ဒေါသနှင့်
               အနှောင့်အယှက် ပေးလိမ့်မည် (ဗျာ၊၁၂း၁၂)။
- ကောင်းကင်းတမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် စာတန်
               မာရ်နတ်ကို ချည်နှောင်၍ အနှစ်တစ်ထောင် တွင်းနက်ကြီးထဲသို့ ချထားလိမ့်မည် (ဗျာ၊၂၀း၃)။
- အနှစ်(၁၀ဝဝ)ကုန်ပြီးမှ ခဏလွှတ်ခြင်း ခံရဦးမည် (ဗျာ၊ ၂၀း၇)။
            - ပြန်လွှတ်လာပြီးနောက် မြေကြီးလေးမျက်နှာမှာ နေသောလူ အမျိုးမျိုးတို့ကို လှည့်ဖြားလိမ့်မည်
              (ဗျာ၊၂၀း၈)။
- သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ချပစ်၍ နေ့ညမပြတ်ကမ္ဘာ
              အဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့ (ဗျာ၊၂၀း၈)။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....