Friday, 24 February 2012

ဘိနပ်ချုပ်သမားဘ၀မှ သာသနာပြုဆရာဖြစ်လာသူ

၀ီလီယမ်ကယ်ရီ (William Carey) 
 (၁၇၆၀ - ၁၈၃၄)
တဲအိမ်ကုပ်ကလေးအတွင်း ဖိနပ်ဟောင်းများ
ကို ချုပ်နေသော လူကလေး၀ီလီယမ်ကယ်ရီ
ကိုသင်တွေ့မြင်ခဲ့လျှင်နောင်အခါကျမ်းစာကို 
ကမ်ဘာ့ဘာသာစကားပေါငး်များစွာ၏ ၁/၃ သို့
ဘာသာပြန်ပေးသော သာသနာပြုလုပ်ငန်း၏ 
ဖခင်ကြီးဖြစ်လာမည့်ဟု လုံး၀ထင်မြင်ခဲ့မည်မ
ဟုတ်ချေ။

ကလေးဘ၀
          ကလေးဘ၀၌ပင် ဇွဲလုံ့လရှိသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ စွန့်စားရသောအလုပ်ကို သူအမြဲနှစ်သက် ခဲ့၏။ တစ်ချိန်ကငှက်သိုက်ကိုစူးစမ်းရန်သစ်ပင်ပေါ်တက်ရင်းခြေချော်လိမ့်ကျခဲ့၏။ ကိုယ်ပေါ်၌ ခြစ်ရှရာဒဏ်ချက် များဖြင့်အိမ်ပြန်ခဲ့၏။ သူ၏မိခင်ကဒဏ်ရာများကိုဆေးထည့်၊ ပတ်တီးစည်းေျပးပြီး ကုတင်ပေါ်တွင်လဲလျောင်းစေ ခဲ့သည်။ သို့သော် သူသည်အလွယ်တကူနှင့်အလျော့ပေးတတ်သူမဟုတ်ချေ။ မိခင်အလစ်တွင် အပြင်ထွက်သွား ရာသူမသတိရ၍ ကြည့်လိုက်သောအခါလက်ထဲ၌ငှက်သိုက်ကိုင်လျက်ပြန်လာသော သားကိုတွေ့လိုက်ရသည်။
          ၀ီလီယံသည်အားကစားနှင့်ခရီးသွားခြင်းကိုနှစ်သက်သည်။သူအနှစ်သက်ဆုံးသူရဲကောင်းမှာ ကိုလံဗတ် ဖြစ်ပြီး ထိုသူ၏အကြောင်းကိုမကြာခဏပြောခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်းသူ့အားအခြားသောကလေးများက “ကိုလံဗတ်” ဟုချစ်စနိုးခေါ်ခဲ့ကြခြင်းဖြစ်ပေသည်။ သူသည်ပတ်၀န်းကျင်သဘောသဘာ၀ကိုနှစ်သက်မြတ်နိုးပြီး လယ်ကွင်းပြင်၌တွေ့ခဲ့သောသစ်ပင်များ၊ အင်းဆက်ပိုးများ၊ငှက်ကလေးများကို ရွေးချယ်စုဆောင်းပြီး လေ့လာ သည်။ ထိုအရာများထက် စာပေများကိုသူနှစ်သက်မြတ်နိုးဆုံးဖြစ်၏။ အထူးသဖြင့်ခရီးသွားမှတ်တမ်းနှင့် စွန့်စား ခန်းများအကြောင်းပါသောစာအုပ်များဖြစ်၏။ သူသည်ဘာသာစကားများကိုလေ့လာရန်လည်းစိတ်၀င်စားခဲ့၏။ ကလေးဘ၀၌ပင် လက်တင်ဘာသာစကားကိုစတင်လေ့လာခဲ့၏။

ဘိနပ်ချုပ်သမားဘ၀
          အသက်(၁၂) နှစ်အရွယ်တွင်ကျောင်းထွက်ရသည်။ အသက်(၁၄)နှစ်အရွယ်တွင် ဖခင်ဖြစ်သူကဘိနပ် ချုပ်သမားတစ်ဦးထံတွင်အပ်နှံကာဘိနပ်ချုပ်အတတ်ပညာကိုသင်ယူစေခဲ့သည်။ ထိုအချိန်ကသူသည် ဘာသာ ရေး၌စိတ်၀င်စားမှုလုံး၀မရှိသေးချေ။ သူသည်အသင်းတော်တော်သံစုံသီချင်းအဖွဲ့၌ ပါ၀င်သီဆိုခဲ့ပြီး ကောင်းမွန် သောခရစ်ယာန်အိမ်ထောင်၌ကြီးပြင်းခဲ့သော်လည်း တခါတရံအခြားသူငယ်ချင်းများနှင့်ပေါင်းသင်းကာ ဆဲရေး တိုင်းထွာခြင်း၊ မုသာပြောခြင်း၊ ညစ်ညမ်းသောပုံများပြောခြင်းပြုခဲ့၏။

 သို့သော်လည်းသူနှင့်အတူဘိနပ်ချုပ်သင် သူတစ်ဦးဖြစ်သော ဝါး(Warr) ၏ပုံသက်သေကောင်းကြောင့်မကြာခဏသြတ္တပ္ပစိတ်မကြည်မလင်ဖြစ်ကာစတင် ၍ဆုတောင်းတတ်လာ၏။ တစ်နေ့အလုပ်ရှင်၏ငွေတစ်သျှီလင် (shilling) ကိုသုံးမိသောကြောင့်ဖမ်းဆီးပြီးလူပုံ အလယ်၌အရှက်ခွဲခံခဲ့ရ၏။ ဤဖြစ်ရပ်အားဖြင့်နှိမ့်ချစိိတ်ဖြစ်စေခဲ့ပြီးစိတ်နှလုံး၌ ဘုရားသခင်အမှုဆောင် အလုပ် လုပ်ရန်ပိုမိုလွယ်ကူစေခဲ့သည်။ မိမိသည်အပြစ်သားဖြစ်ကြောင်းသိလာသည်။ 
သင်းအုပ်ဆရာက “လူတစ်ဦး သည်ဘုရားရှစ်ခိုးခြင်းဖြင့် ခရစ်ယာန်မဖြစ်နိုင်၊ ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းဖြင့် သာခရစ်ယာန်ဖြစ်ကြောင်း
ရှင်းပြခဲ့၏။ ထိုဖြစ်ရပ်အားလုံးက သူ့အသက်တာကိုဆောက်တည်ရာမရ (နေမထိ၊ ထိုင်မသာ)ဖြစ်စေပြီးနောက်ဆုံးဒူးထောက်လျက် ခရစ်တော်ကိုလက်ခံကာ အသက်
တာပြောင်းလဲသွားခဲ့၏။ 
သူသည်ဘိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန်(MOULTON) ရပ်ကွက်
 အသင်းတော်တစ်ခု၌ သင်းအုပ် ဆရာအဖြစ်လုပ်ဆောင်ခဲ့သည်။ “ကျွန်ုပ်ရဲ့အလုပ်မှာ ခရစ်တော်ရဲ့နို်င်ငံတော်ကျယ်ပြန့်ရေးအတွက်ဖြစ်တယ်။ ဘိနပ်ချုပ်ခြင်း၊ ပြင်ခြင်းသည် စား၀တ်နေရေးအတွက်ဖြစ်ပါတယ်” ဟုသူပြောလေ့ရှိ၏။ သူနံဘေးတွင်စာအုပ် အမြဲထားကာဘိနပ်ချုပ်ရင်းနှင့် ဖတ်နေတတ်၏။ ဤနည်းဖြင့် ဂရိနှင့် လက်တင်ဘာသာစကားကိုလေ့လာခဲ့၏ ဟေဗြဲ၊ ပြင်သစ်၊ အီတလီ၊ ဒတ်ချ်ဘာသာစကားများကိုလည်းလေ့လာ၏။ ဟေဗြဲဘာသာစကားလေ့လာရန်
 (၉)မိုင်ခန့်လမ်းလျှောက်၍ ဆရာဖြစ်သူထံသွားရ၏။

အမှုတော်ဆောင်ဘ၀
          ထိုအချိန်က ကယ်ရီသည်ကပ္ပတိ်န်ကုတ်(ခ) (CAPTAIN COOK) ရေးသားသောပင်လယ်ခရီးစာအုပ်ကို ဖတ်ပြီးတောင်ဘက်ပင်လယ်ကျွန်းများရှိထောင်ပေါင်းများစွာသောလူများထံသို့ဧဝံဂေလိ
တရားဟောရန်စိတ်ဖြစ်ပေါ်ခဲ့၏။ သူအလုပ်ရုံနံရံမှသံမှိုနှင့်ချိတ်ဆွဲထားသောအိမ်လုပ်ကမ်ဘာ့မြေပုံပေါ်၌သူဖတ်ရှုခဲ့ရသော
တိုင်းပြည်များ၏ အကြောင်းနှင့် လူဦးရေကိုရေးမှတ်ထားခဲ့၏။ နံနက်တိုင်းသူ၏ခုံတန်းလျား(ခုံရှေ)နားတွင်ဒူးထောက်၍ ကမ္ကာ့မြေ ပုံကိုကြည့်ကာ ခရစ်တော်မရသေးသောတိုင်းနို်င်ငံများအတွက်ဆုတောင်းလေ့ရှိ၏။ ဤသို့ဖြင့်ဧ၀့ဂေလိ
တရားကို တစ်ခါမျှမကြားဖူးသေးသူများထံ သတင်းကောင်းရောက်ရန် စိတ်နှလုံးတွင်အမြဲတစေစိုးရိမ်ခဲ့ပေသည်။
          သူသည်အခြားသောအမှုတော်ဆောင်များအားသာသနာပြုများ၏လိုအပ်ချက်များပြောခ့ဲပြီး ခရစ်တော် အကြောင်းတစ်ခါမျှမကြားဖူးသေးသူများအတွက် ဆုတောင်းရန် ဆုတောင်းအဖွဲ့ဖွဲ့စည်းခဲ့၏။ ထို့ပြင် “သာသနာ ပြုများ၏လိုအပ်ချက်များ” ကိုလည်းရေးသားခဲ့၏။ အမှုတော်ဆောင်များ အစည်းအေ၀းတစ်ခု၌ အယူလွဲကာ ကိုး ကွယ်မှုမှားယွင်းနေသူများနှင့်ပတ်သက်၍စိုးရိမ်ပူပန်ကြောင့်ကြကြောင်း ေ၀ငှပြောဆိုခဲ့ပြီး၊ အမှုတော်ဆောင်များ ၌လည်းတာ၀န်ရှိကြောင်းတိုက်တွန်းနှိုးဆော်ခဲ့၏။ ထိုအချိန်၌အသက်ကြီးသောအမှုတော်ဆောင်တစ်ဦးက “လူကလေး” ငြိမ်ငြိမ်နေစမ်း၊ ဘုရားသခင်ကလူတွေပြောင်းလဲစေချင်ရင် ငါတို့အကူအညီမပါပဲ သူ့ဖာသာ သူလုပ်လိမ့်မယ်” ဟုအော်ဟစ်ပြောဆိုခဲ့၏။ အခြားသောအမှုတော်ဆောင်မျာအားလုံးရှေ့၌ကယ်ရီသည်
 နှိမ့်ချ ခြင်းခံခဲ့ရ၏။ 

သို့သော်လည်းငယ်စဉ်အခါကရခဲ့သောအတွေ့အကြုံကြောင့်စိတ်ဓါတ်မကျဘဲရပ်တည်နိုင်ခဲ့သည်။
          (၁၇၉၁) ခုနှစ်၌ကယ်ရီသည်သိက္ခာတော်ရဆရာဖြစ်လာခဲ့သည်။ (အခြားသော) ဘုရားသခင်၏လူများ ကြား၌ထင်ရှားကျော်ကြားလာခဲ့၏။ (၁၇၉၂) ခုနှစ် နှစ်ခြင်းအမှုတော်ဆောင်များနှစ်ပတ်လည်အစည်းအေ၀း၌ သူ့အားတရားဟောခွင့်ပေးခဲ့၏။ ထိုအချိန်က သူဟောပြောခဲ့သောတရား၏အဓိကအကြောင်းမှာ “ဘုရားသခင်” ထံမှကြီးမားသောအရာများ၊ မြှော်လင့်ပါ။ ဘုရားသခင်အတွက်ကြီးမားစွာလုပ်ဆောင်ရန်
 ကြိုးပမ်းပါ” ဖြစ်၏။ 
ဤအချက်သည် သူ၏အဓိကဆောင်ပုဒ်ဖြစ်ခဲ့၏။
          ဤအစည်းအေ၀း၏ရလဒ်မှာ “နှစ်ခြင်းသာသနာပြုအသင်းကြီး” စတင်တည်ထောင်
ခဲ့ခြင်းပေတည်း။ သူတို့သည်ပထမဆုံးသာသနာပြုဆရာကို စေလွှတ်ရန်ဆန္ဒပြင်း ထန်ခဲ့ကြပေသည်။

အိနိ္ဒယပြည်၌ကယ်ရီအသက်တာ
          ကယ်ရီအတွက်သာသနာပြုသွားရန်လမ်းပွင့်ခဲ့ပြီ။ သို့သော်သူဘယ်ကိုသွားသင့်သလဲ။ တောင်ပင်လယ် ကျွန်းများနှင့်အနောက်အာဖရိကတိုက် သို့သွားရန် သူစဉ်းစားခဲ့၏။ သို့သော်ကယ်ရိအားအိန္ဒိယသို့သွားရန်ဘုရား သခင်အကြံအစည်ရှိတော်မူခဲ့၏။ ထို့ကြောင့်အိန္ဒိယ၌နေခဲ့ဖူးသော ဒေါက်တာသောမတ်(စ်)ကိုသူ့ထံသို့စေလွှတ် တော်မူခဲ့၏။

 ကယ်ရီသည် ဒေါက်တာသောမတ်(စ်)အားဖြင့်အိနိ္ဒယသို့သာသနာပြုသွားရန်ဆုံးဖြတ်ခဲ့၏။ အသစ်် ဖွဲ့စည်းထားသော သာသနာပြုအသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူနှင့်အခြား ညီအစ်ကိုမောင်နှမ အနည်းစုက ကယ်ရီ အတွက်ဆုတောင်းခြင်းအား၎င်း၊ ငွေကြေးအားဖြင့်၎င်းကူညီရန်ဂတိပြုခဲ့ကြ၏။ သာသနာပြုအနေဖြင့်အိနိ္ဒယသို့ သွားရန်ဆုံးဖြတ်စဉ်ကကယ်ရီ၏အသက်မှာ (၃၃) နှစ်မျှသာရှိသေး၏။ အိနိ္ဒယသွားရန်ပြင်ဆင်ခြင်းနှင့် အခြားအ ကြောင်းများကြောင့် အနည်းငယ်ကြန့်ကြာခဲ့ပြီးမှ(၁၇၉၃)ခု၊ ဇွန်(၁၃)၇က်နေ့တွင်ကယ်ရီနှင့် သူ၏မိသားစု၊ ဒေါက်တာသောမတ်(စ်)တို့အိနိ္ဒယပြည်သို့ရေလမ်းခရီးဖြင့်သွားခဲ့ကြသည်။ 

ခရီးစဉ်၌အခက်အခဲအမျိုးမျိူးတွေ့ ကြုံခဲ့ပြီး၊ နို၀င်ဘာလတွင်အိနိ္ဒယပြည်ကာလကတ္တားမြို့သို့ဆိုက်ရောက်ခဲ့သည်။ကယ်ရီနှင့် အတူသူ၏ဇနီး၊ ကလေး(၄)ယောက်၊ခယ်မ/မရီးနှင့်အတူပါလာကြသော်လည်းအိနိ္ဒယလူမျိုးများ၏၀ိညာဉ် အတွက်တစ်ယောက် တစ်လေမျှစိတ်မ၀င်စားကြချေ။ ကယ်ရီ၏မိတ်ဆွေများနှင့်ဆွေမျိုးများကငေါအနည်းငယ်နှင့်အခြားတိုင်းနိုင်ငံ တွင်သွားရောက်နေထိုင်ခြင်းကြောင့်သူအားရူးနေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့သော်ကယ်ရိသည်အလွန်စိတ်အား ထက်သန်ပြီးမြှော်လင့်ချက်လည်းရှိခဲ့၏။ 

အိနိ္ဒယပြည်လာစဉ်ပင်လယ်ခရီး၌သငေ်္ဘာပေါ်တွင် ဘင်္ဂါလီဘာသာ စကားကိုစတင်လေ့လာခဲ့၏။ နောင်အခါဟိန္ဒူစတန်နီ၊ မာရတီ နှင့်ပါဋ္ဌိဘာသာစကားကို သင်ယူသည်။ အိနိ္ဒယ ပြည်သို့ရောက်ပြီးမကြာမှီပင် အိန္ဒိယလူမျိုးများကိုစတင်တရားဟောခဲ့ကာ၊ သမ္မာကျမ်းကို ဘင်္ဂါလီဘာသာဖြင့် ပြန်ဆိုခဲ့၏။ ဘုရားသခင်သည်ဤအမှုတော်မြတ်ကြီးအတွက်သူ့အားဘာသာစကားများကိုနှစ် သက်မြတ်နိုးစိတ်ရှိ စေရန်ပြင်ဆင်တော်မူခဲ့သည်။
အိန္ဒိယပြည်၌ရောက်ပြီးတစ်နှစ်အတွင်းမိသားစုအားလုံးတစ်ယောက်ပြီး တစ်ယောက်ဖျားနာခဲ့ကြသည်။ အသက်(၅)နှစ်အရွယ်ဖြစ်သူ ပီတာသည်ဖျားနာရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သင်္ချိုင်းတွင်းတူးရန်အဘယ် သူမျှဆန္ဒမရှိသောကြောင့်ဖျားနာနေသည့်ကြားမှ ကယ်ရီကိုယ်တိုင်တူးခဲ့သည်။နောက်မှအစေခံနှစ်ဦးရောက်လာ ပြီးကူညီသောကြောင့်ကယ်ရီခမြာကျေးဇူးတင်ကာငိုလုနီးပါးဖြစ်ခဲ့၏။
ကယ်ရီသည်စား၀တ်နေရေးအတွက်မဲနယ်စက်ရုံမန်နေဂျာအလုပ်လုပ်ခဲ့၏။ သမ္မာကျမ်းစာပုံနှိပ်ရန်စက် တစ်လုံးရှိခဲ့၏။ နောင်တွင်မဲနယ်လုပ်ငန်းမအောင်မြင်သဖြင့်ထို်အလုပ်ကိုလက် လွှတ်ခဲ့ပြီးပုံနှိပ်စက်မှာလည်းမီး လောင်ပျက်စီးဆုံးရှုံးခဲ့၏။သို့သော်လည်းဤအရာများက သူ့အားစိတ်ဓါတ်ကျစေရန်မတတ်စွမ်းနိုင်ခဲ့ချေ။သူ့ကိုယ် သူမေးသောမေးခွန်းမှာ “အိနိ္ဒယပြည်ကို ငါဘယ်လိုကူညီရမလဲ” ဖြစ်၏။


ကယ်ရီအား ဘုရားသခင်အသုံးပြုပုံ
          ခုနှစ်နှစ်မျှပင်ပန်းစွာလုပ်ဆောင်ခဲ့ရပြီးနောက်၊ ပထမဦးဆုံးယုံကြည်လာသော လက်သမားတစ်ဦးဖြစ် သူခရစ်ရှနူးပါ(လ်)အားဗတိ္တဇံမင်္ဂလာပေးခဲ့၏။ ထိုသူသည်လည်းခရစ်ယာန်ဖြစ်လာခြင်းကြောင့်များစွာဒုက္ခဆင်း ရဲခံရသော်လည်းသစ္စာရှိရှိအသက်ရှင်ပြီးလူများစွာကိုခရစ်တော်ထံသို့ပိုရဆောင်ခဲ့သည်။
          ၁၇၈၉ ခုနှစ်တွင်ကယ်ရီနှင့်အတူပါ၀င်ရန်အင်္ဂလန်ပြည်မှလူ(၄)ဦးရောက်လာ၏။ သူတို့သည် ဆေရမ်ပို (Serampore) အရပ်၌သာသနာပြုဗဟိုတည်ထောင်ခဲ့ပြီးအိနိ္ဒယပြည်အရပ်ရပ်သို့သွားကာခရစ်တော် အကြောင်း ဟောကာစာသင်ကျောင်းများလည်းဆောင်လုပ်ပေးကြ၏။ သူတို့၌ကျမ်းစာ၊ နှုတ်ကပတ်တော်ဆိုင်ရာစာအုပ် လေးများပုံနှိပ်ရန် ပုံနှိပ်စက်ကြီးတစ်ခု လည်းရှိခဲ့၏။
          ၁၈၀၀ ပြည့်နှစ်၌ကယ်ရီသည် ဆေရမ်ပိုကောလိပ်ကိုတည်ထောင်ခဲ့သည်။ မိဘမဲ့ဂေဟာတစ်ခုနှင့်အနာ
ကြီးရောဂါသည်(နူနာ)ဆေးရုံတစ်ဆောင်လည်းတည်ထောင်ခဲ့၏။ အိနိ္ဒပြည်၌(၂၂)နှစ်နီးပါးနေခဲ့ပြီး(၁၈၁၅) ခုနှစ် ၌ကယ်ရီအားဖြင့်ယုံကြည်သူ(၇၆၅)ဦးရှိခဲ့၏။သူမသေဆုံးခင်၊အိနိ္ဒယ၌အသင်းတော်(၂၆) ပါးတည်ထောင်ခဲ့သည်။
ကယ်ရီအားကာလကတ္တားရှိအစိုးရကောလိပ်ကျောင်း၌ဘင်္ဂါလီပါမောက္ခအဖြစ်ခန့်အပ်ခဲ့၏ ။နောင်အခါသူသည်ထိုကောလိပ်ကျောင်း၌မာရတိနှင့်ပါဋ္ဌိဘာသာစကားတို့ကိုပါသင်သင်ကြားပေးခဲ့သည်။ ပါမောက္ခအနေဖြင့် နှစ်ပေါင်း(၃၀)တာ၀န်ထမ်းဆောင်ခဲ့ပြီးရရှိသောလစာအများစုကိုဘုရားသခင်၏အမှုတော်မြတ်ကြီး အတွက်ပါ၀င်ခဲ့ပြီးမိမိအတွက်အနည်းငယ်မျှသာအသုံးပြုခဲ့သည်။
            (၁၈၀၀) ပြည့်နှစ်တွင်ဓမ္မသစ်ကျမ်းကိုဘင်္ဂါလီဘာသာသို့ပြန်ဆိုပြီးခဲ့၏။ မသေဆုံးမီ သမ္မာကျမ်းတစ်အုပ်လုံးကို ဘာသာစကား(၂၀)နီးပါးမျှပြန်ဆိုခဲ့ပြီး အရှေ့တိုင်းဘာသာစကားဖြင့်ဓမ္မသစ်ကျမ်းကိုဘာသားစကား(၄၀) ကျော်ဘာသာ
ပြန်ဆိုခဲ့သည်။ ထို့ကြောင်သူ့အားကမ ္ကာတစ်ခုံးလုံး၏ ၁/၃ အတွက်သမ္မာကျမ်းကိုဘာသာပြန်ပေးခဲ့သူဟု ပြောစမှတ်ပြုခဲ့ကြ ပေသည်။
            ကယ်ရီအားဖြင့်အစိုးရကပြန်လည်ပြုပြင်သော ဥပဒေတစ်၇ပ်မှာသေဆုံးသူခင်ပွန်းသည်အလောင်းကိုမီးရှို့စဉ်ထင်း ပုံထဲသို့အသက်ရှင်နေသောဇနီးကိုပါထည့်မီးရှို့ခြင်းကိုတားမြစ်သောဥပဒေဖြစ်သည်။ဂင်္ဂါမြစ်ထဲသို့ကလေးသူငယ်များပူဇော် ဆက်သခြင်းကိုရပ်ဆိုင်းရန်လည်းသူ၌တာ၀န်ရှိခဲ့ပေသည်။
ဤမျှလောက်မြောက်မြားစွာစွမ်းေဆောင်ခဲ့သော်လည်းသူသည်တာ၀န်ကျေရုံသာပြုသော အစေခံတစ်ဦးကဲ့သို့မိမိကိုယ်ကို အမြဲမှတ်ယူပြီးအနည်းငယ်မျှသာအသုံး၀င်သောသူဖြစ်သည်ဟုပြောခဲ့သည်။ သူ၏နောက်ဆုံးနေ့ရက်များအတွင်းသူ့ထံရောက်ခဲ့သောမိတ်ဆွေတစ်ယောက်အား “ငါသေတဲ့အခါ ဒေါက်တာကယ်ရီအကြောင်းဘာမျှမပြောပါနဲ့။ ဒေါက်တာ ကယ်ရီရဲ့ ကယ်တင်ရှင်အကြောင်းကို သာပြောကြပါ” ဟုမှာခဲ့ပေသည်။
            ဘင်္ဂါလီဘာသာဖြင့်သဘာသာပြန်ထားသောဘင်္ဂါလီဓမ္မသစ်ကျမ်းကို(၈)ကြိမ်မြောက်တည်းဖြတ်ပြီး၊ အသက်(၇၂) နှစ်တွင် “ငါ့အလုပ်ပြီးပြီ၊ လုပ်စရာမရှိတော့ဘူး၊ ဘုရားသခင်အလိုတော်ကိုစောင့်ရန်သာရှိတော့တယ်”ဟုတပြာသည်။ (၂) နှစ်ကြာပြီးနောက်(၁၈၃၄)ခု၊ ဇွန်လတွင်သူကွယ်လွန်ခဲ့ပြီးခန္မာကို သူချစ်မြတ်နိုးသောအိနိ္ဒယပြည်၌ပင်မြှုပ်နှံခဲ့ပေသည်။ သူသည်သူ၏မိခင်တိုင်းပြည်သို့တစ်ခါမျှမပြန်ပဲ အိနိ္ဒယပြည်၌(၄၁)နှစ်အမှုတော်မြတ်ကိုဆောင်ရွက်ခဲ့ရာ အသီးအပွင့်များ သည်ယနေ့တိုင်ကျန်ရစ်လျက်ရှိပြီးသူ့အား “ခေတ်သစ်သာသနာပြုလုပ်ငန်းများ၏ ဖခင်ကြီး”ဟုခေါ်ဆိုထိုက်ပေသည်။
ဆရာဦးအုန်းမြင့် ဘာသာပြန်ဆိုသည့် လက်ဝါးကပ်တို်င်တော်၏အစေခံများ စာအုပ်မှပြန်လည်ဖော်ပြပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....